အပိုင်း ၃၃၄
Viewers 53k

အခန်း ၃၃၄

မြွေသားလုံး နဂါးသွေးဆန်ပြုတ်

တောင်စဉ်တစ်ထောင်တောင်တန်း၌ ညက မှောင်မိုက်အေးစက် တိတ်ဆိတ်နေသည်။တောင်ပေါ်လမ်းပေါ် လျှောက်လမ်းလာသော လူတစ်ယောက်ထံသို့ အေးစိမ့်မှုကို သယ်ဆောင်ထားသော တောင်လေက ဖြတ်သန်း တိုက်ခတ်သွားသည်။

သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ထုံကျင်အေးစိမ့်မှုကို ခံစားလိုက်ရသည်။ကြီးမားကျယ်ပြန့်လှသော တောင်တန်းပေါ်သို့ ခြေချလိုက်သည်နှင့် လေထုက လုံးဝပြောင်းလဲသွားသည်။

ရွက်ကြွေများဖြင့် ပြည့်နေသော တောင်ပေါ်လမ်းကျဉ်းလေး၌ ထူးဆန်းသည့်အနံ့အသက်များကို ခံစားမိသည်။ထိုရနံ့က ဝိုင်၏ မွှေးပျံ့လှသော ရနံ့ကိုပင် သတိရမိစေသည်။

ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်မှု၏ အလယ်၌ ပိုးကောင်များ၏ အော်မြည်သံ တိုးဖြော့ဖြော့က သီးချင်းတစ်ပုဒ်အလား အလား စီးချက်ညီနေပေသည်။

ချွတ်......ချွတ်......

ပုဖန် ရွက်ကြွေများပေါ်သို့ တက်နင်းလိုက်သည်နှင့် မြေပြင်အနေအထားက ကြမ်းတမ်းမှုမရှိပဲ ဂွမ်းပုံစံအပ်ါသို့ တက်နင်းလိုက်သလိုမျိုး အိဝင်သွားသည်။

ကောင်းကင်ယံထက်ဆီမှ ဖြာကျနေသော တောက်ပလှသည့် ငွေလရောင်က သစ်တောများအပေါ် လွှမ်းခြုံထားသည်။စိမ်းလန်းလှသော သစ်တောများနှင့် များပြားလှသော တောင်တန်းများက တောင်စဉ်တစ်ထောင် တောင်တန်း၏ ကြီးမား ကျယ်ပြန့်မှုကို ဖော်ပြနေသကဲ့သို့ပင် သစ်ပင်များ၏ အကိုင်းအခတ်များက မိုးကုတ်စက်ဝိုင်း အဆုံးအစွန်ထိ ဖြန့်ကျဲ့ထားသလိုပင် ထင်ရသည်။

ညအချိန်၌ လေတိုက်ခတ်လာသော လေပြေလေညှင်းလေးများကလည်း နတ်သမီး တစ်ပါး စည်းချက်ညီစွာ ကခုန်သည်နှင့်ပင် ဆင်တူလှသည်။

ထိုကဲ့သို့ ရင်သက်ရှူမောဖွယ် ပတ်ဝန်းကျင်ကို ဖြတ်ကျော်နေသောသူသည် လူတစ်ယောက်ဖြစ်နေမည်ဆိုပါက ရင်ထိတ်စရာ အခြေအနေကို သိရှိနားလည်ပေးလိမ့်မည်။

သို့သော်လည်း ပုဖန်အတွက်တော့ မဟုတ်ပေ။သူ့၏ နောက်တွင် ဝှိုက်တီပါလာသည့်အတွက် သူ့အတွက်ခိုင်မာသည့် အာမခံချက်ရှိနေပေသည်။ပုဖန်က ဝှိုက်တီ၏ ဝမ်းဗိုက်ကို ခပ်သာသာ ပုပ်လိုက်ပြီးနောက် ရဲစွမ်းသတ္တိများ ရရှိလာသကဲ့သို့ အရှေ့သို့ ဆက်သွားလိုက်သည်။

တောင်စဉ်တစ်ထောင် တောင်တန်း၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း ရတနာများနှင့် အရင်းအမြစ်များလည်း များစွာရှိနေပေသည်။ထိုအရာက မငြင်းနိုင်သော အမှန်တရားပင် ဖြစ်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် နှာခေါင်းရှူံ့လိုက်မိပြီး မျက်ခုံးများ မြင့်တက်သွသည်။သူ၏ အရှေ့၌ ရှေးကျလှသော သစ်ပင်ကြီး နှစ်ပင်အကြား အသားညှပ်ပေါင်မုန့်တစ်ခုသဖွယ် ရှိနေသော တောင်ပုစလေး အပေါ်၌ ဆေးပင်များ ပေါက်ရောက်နေလေသည်။

ထိုဆေးပင်က စူးရှသော မွှေးရနံ့နှင့် ဆေးဆိုးထားသကဲ့သို့ အနီရောင် အရောင်အဆင်းရှိသည့် ဆေးဖက်ဝင် ဆေးပင်တစ်မျိုးပင် ဖြစ်သည်။ရနံ့ကို ရှူရှိုက်လိုက်မိရုံဖြင့်ပင် လူတစ်ဦး စိတ်ကို တွေဝေသွားစေပြီး အတိတ်မှတ်ဉာဏ်များကို ပြန်ပြောင်းစီးဆင်းသွားစေသည်။

"နှလုံးသွေးမြက်....... အဆင့် ၅ ဆေးဖက်ဝင်ဝင်"

ပုဖန်၏ မျက်ဝန်းများ တောက်ပသွားပြီး ဆေးပင်ရှိရာဆီသို့ လျှောက်လှမ်းလိုက်သည်။နှလုံးသွေးမြက်က သူ့၏ နာမည်နှင့် တူညီစွာပင် သွေးရောင်လွှမ်းနေသော်လည်း တစ်ခြားအရာများ ထက်သာလွန်သည့် အချက်များရှိနေပေသည်။

ပြိုင်ဘက်ကင်းလှသော အရောင်အဆင်းနှင့် စွဲယူညှို့ငင်နိုင်သော သိမ်မွေ့လှသည့် အစက်အပြောက်လေးများလည်း ရှိနေသည်။

ညအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော အလှလေးတစ်ပါးကဲ့သို့ပင် တည်ရှိနေ၏။

ရွှီး.......ရွှီး.........

ထိုကဲ့သို့သော အလှလေးများ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ရာ အန္တရာယ်များလည်း ရှိနေပေသည်။ထိုဆေးပင်၏ နောက်ကွယ်မှ တူညီလှသော အနီရောင်နှင့် မြွေတစ်ကောင် ထွက်ပေါ်လာသည်။

သူ့၏ အကြေးခွံများက ညအမှောင်ယံတွင် သွေးနီရောက်ကျောက်မြတ်ကဲ့သို့ လင်းလက်တောက်ပနေသည်။ အနက်ရောင် လျှာသေးသေးက လေထဲတွင် ငြင်သာစွာ လှုပ်ရမ်းနေ၏။ထိုမြွေ၏ အကြည့်များက သူ့၏ရှေ့တွင် ရှိနေသော လူသားပေါ်သို့ စူစိုက်ကျရောက်နေသည်။

"အဆင့် ၅ သားရဲ......"

ပုဖန်က ပင့်သက်တစ်ချက်ရှိူက်လိုက်မိသော်လည်း အဖြစ်အပျက်များကို လျှင်မြန်စွာပင် တွေးတော နားလည်သွားသည်။ထိုအပင်က အဆင့်၅ စိတ်ဝိညာဉ်ဆေးပင်ဖြစ်သည်။

အဆင့် ၅ အဆင့်မျှသာရဗိသော်လည်း ရှားပါးသည့် ရတနာတမျိုးပင် ဖြစ်နေသောကြောင့် သဘာဝ အားဖြင့် သူ့၏ ကိုယ်ပိုင် အစောင့်အရှောက်ရှိနေမှာပင် ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် တောင်စဉ်တစ်ထောင်တောင်တန်းက အန္တရာယ်အများဆုံး ဖြစ်နေရခြင်းပဲ ဖြစ်သည်။တောင်တန်းတွင်း၌ ရှိနေကြသော အရာအားလုံး၌ အများစုက ရတနာပစ္စည်းများပင် ဖြစ်သည်။

ထိုရတနာပစ္စည်းများက သဘာဝအားဖြင့် ကိုယ်ပိုင်စိတ်ဝိညာဉ်သားရဲကို မွေးဖွားပေးကြပြီး ထိုသားရဲများက ရတနာများကို ပြန်လည် စောင့်ရှောက်ကြသည်။

သူတို့နှစ်ဦးနှစ်ဖက်ကြား၌ ဆက်သွယ်ချက် တစ်ခုရှိနေပြီး ရှင်သန်ရန်အတွက် တစ်ဦးကိုတစ်ဦး မှီခိုအားထား ပြုနေကြသည်။အလွန်းသေးငယ်လှသော သွေးနီရောင်မြွေက ပုဖန်ကို အချိန်ကြာမြင့်စွာ ကြည့်ရှူနေခဲ့သည်။

ရုတ်တရက်သူ့၏ မြွေမျက်လုံးများက ကျဉ်းမြောင်းသွားပြီး လျှာကိုထုတ်၍ တရွှီရွှီ လုပ်လိုက်ကာ လျှပ်စီးကဲ့သို့ လျှင်မြန်လှသော အရှိန်ဖြင့် ပုဖန်ဆီသို့ ပစ်ဝင်လာခဲ့သည်။

ရတနာပစ္စည်းကို တပ်မက်မက်မောကျရဲသော သူများအတွက် သေခြင်းတရားသာ တစ်ခုတည်းသော အဖြေဖြစ်သည်။

ထို မြွေသေးသေးလေးက အဆိပ်ပြင်းလှသည်။သူ့၏ အမြန်နှုန်းကလည်း အဆင့်တူ သားရဲများကြား၌ ထူးခြားလှ၏။

ထိုမြွေက အဆင့် ၅ မျှသာရှိသေးသော်လည်း အဆင့် ၆ အင်ပါယာ တစ်ယောက်အတွက်ပင် ခက်ခဲသော ပြိုင်ဘက် ဖြစ်နိုင်သည်။

သို့သော်လည်း ပုဖန်အတွက်မူ ကွဲပြားခြားနားလှသည်။သူ့၏ ပုံရိပ်က ယခုအချိန်ထိအောင်ပင် အေးဆေး တည်ငြိမ်နေ၏ ပုဖန်က သူတော်စင် အဆင့်တစ်ယောက် ဖြစ်နေပေပြီ။

သူတော်စင်အဆင့်တစ်ယောက်အနေဖြင့် သူ့၌ သန်မာလှသော ခွန်အားရှိသည်။သူ့၏ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများကို ထုတ်ယူရန်ပင် မလိုအပ်ချေ။ပုဖန်က သူ့ဆီသို့ တဟုန်ထိုးပျံသန်းလာသော မြွေကလေးရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အစစ်အမှန် စွမ်းအားများကို အသက်သွင်းပြီး လက်ဖြင့် ညှပ်ဖမ်းယူလိုက်သည်။

ပုဖန်က ထိုမြွေ၏ အရောင်ကို ကြည့်လိုက်ရုံမျြှဖင့် အဆိပ်ပြင်းလှကြောင်း ပြောနိုင်ပေသည်။ထို့ကြောင့်ပင် မြွေကို ဖမ်းယူလိုက်တဲ့အခါ၌ ပို၍ အားစိုက်ထုတ်ထားလိုက်သည်။

သူ့၏ ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်လှိုင်းများ ထွက်ပေါ်ရိုက်ခတ်လာပြီးနောက် သူ့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ပုဖန်က သူ့၏ ကိုယ်ပိုင်ထူးဆန်းလှသော နည်းစနစ်ကိုအသုံးပြုပြီး မြွေ၏ ခန္ဓာကိုယ်ပေါ်မှ အားနည်းသည့် နေရာကို ဖိချေလိုက်သည်။ထိုမြွေက အချန်ခဏမျှ ရုန်းကန်လှုပ်ရှားနေပြီးနောက် သူ့၏ လက်ဖဝါး ပေါ်၌ ငြိမ်သက်သွားလေသည်။

စားဖိုမှူး တစ်ဦးအနေဖြင့် ဟင်းအမယ်များကို ကိုင်တွယ်ရာ၌ သူ့၏ ကိုယ်ပိုင် နည်းစနစ်များ ရှိနေပေသည်။ပုဖန်က မြွေ၏ ခေါင်းနှင့် အမြီးအစွန်းနှစ်ခုကို ကိုင်၍ ပတ်ခွေလိုက်ပြီး သူ့၏ သိုလှောင်နယ်မြေထဲ သိမ်းထားလိုက်သည်။

အစောင့်အရှောက်သားရဲ၏ နှောင့်ယှက်မှု မရှိတော့သောကြောင့် ပုဖန်က စိတ်ဝိညာဉ်ဆေးပင်များကို အေးဆေးစွာပင် ရိတ်သိမ်းနိုင်ပေပြီ။သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းလုံးကြီးက သူ့ဆီသို့ ရိုက်ခတ်လာသောကြောင့် ခဏမျှ ကြောင်အသွားမိသည်။

ထိုနှလုံးသွေးမြက်များက သက်တမ်း အတော်ရင့်နေပြီ ဖြစ်ပြီး အရည်အသွေးက မြင့်မားနေပေပြီ။

တောထဲ၌ ညအချိန် ခရီးသွားရခြင်းက မလွယ်ကူလှပေ။ထို့ကြောင့် ပုဖန်သည်လည်း ပင်ပန်းနွမ်းနယ်နေသည့် အချိန်၌ ဤမျှလောက် ခရီးသွားရန် မရည်ရွယ်ထားပေ။သူက အနားယူရန်နေရာတစ်နေရာရှာပြီး နံနက် အာရုဏ်တက်ချိန်ထိ စောင့်ရန်သာ စီစဉ်ထားခဲ့သည်။

သို့သော်လည်း သူ့၏ လမ်းတစ်လျှောက်တွင် ပေါ်လာသော စိတ်ဝိညာဉ်ဆေးပင်များနှင့် ဖြစ်ပေါ်လာသမျှ အရာအားလုံးကို လျစ်လျူရှူမည်ဟု မဆိုလိုပေ။

ပုဖန်လက်ရှိ ရောက်နေသော နေရာကို တောင်စဉ်တစ်ထောင်တောင်တန်းဟုပင် ခေါ်ဆို၍ ရနိုင်သော်လည်း အတွင်းပိုင်းနေရာအတွင်းသို့ မရောက်ရှိသေးပေ။ထိုကြောင့် အဆင့် ၈ အဆင့် ၇ စိတ်ဝိညာဉ်ဆေးပင်များလည်း ပေါ်မလာသေးပေ။

ပုဖန်က သစ်ကိုင်းခြောက်အချို့ကို စုစည်းလိုက်ပြီး မီးမွှေး၍ မီးခိုးငွေ့ထွက်စေလိုက်သည်။သူ မြေပြင်ပေါ် ခြေချိတ်၍ ထိုင်လိုက်ပြီးနောက် ကခုန်နေသော အလင်းတန်းလေးကို စူးစိုက် ကြည့်နေလိုက်သည်။

ဝှိုက်တီက ခပ်လှမ်းလှမ်း၌ ထိုင်လိုက်သည်။သူ့၏ စက်ရုပ်မျက်ဝန်းများက ညအမှောင်၌ လင်းလက်တောက်ပနေဆဲပင်ဖြစ်၏။ရံဖန်ရံခါ၌ သူ့၏ စက်ရုပ်လက်က ခေါင်းပေါ်သို့ ရောက်သွားပြီး ကုတ်နေသည်ကိုလည်း တွေ့ရပေလိမ့်မည်။

တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်အလယ်၌ အော်မြည်နေသော ပိုးကောင်မွှားကောင်လေးများ၏ အသံနှင့် တစ်ခါတစ်ရံတွင် ထွက်ပေါ်လာသည့် သားကောင်ရှည်များ၏ ဟိန်းဟောက်သံက ကြောက်မက်ဖွယ်ရာ လေထုကို အတော်အတန် လျော့ကျပြီး စိတ်သက်သာရာ ရစေသည်။

ပုဖန်က အချိန်ခဏမျှ ထိုင်၍ ငေးမောနေပြီးနောက် သူ အလွန်ပျင်းရိလာသည်။ထို့နောက် ရှာဖွေရေး ထွက်သွားလိုက်ပြီး အချိန်ခဏအတွင်း သစ်ကိုင်းခြောက်များကို သယ်၍ ပြန်လာလေသည်။

သူက သစ်ကိုင်းခြောက်များကို စုပုံချထားလိုက်ပြီးနောက် စနစ်၏ ပစ္စည်းစာရင်းများထဲမှ အနက်ရောင် အိုးတစ်လုံးကို ယူလိုက်သည်။ထိုအိုးက အရွယ်အစားမကြီးမားသော်လည်း ချက်ပြုတ်ရန်နှင့် ပေါင်းခံရန်အတွက် အဆင်ပြေသည့် အရွယ်အစားဖြစ်သည်။

ယခုကဲ့သို့ ခရီးသွားသည့်အခါ အထူးသဖြင့် တောင်စဉ်တစ်ထောင် တောင်တန်းသို့ ခရီးထွက်လာရသည့် အခါ၌ သံဒယ်အိုးက မပါမဖြစ် လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် တောင်စဉ်တစ်ထောင်တောင်တန်း၌ အမဲလိုက်ရန် စောင့်စားနေသော စားကောင်းသောက်ဖွယ် ဖြစ်သည်။ပုဖန်က ထိုအချက်ကို လုံးဝ သတိမမေ့ပေ။

သိပ်မကြာခင်မှာပင်ဒယ်အိုးထဲမှ နွေဦးစွမ်းရည်များက ပွက်ပွက်ဆူလာပြီး အခိုးအငွေ့လေးများ ထွက်ပေါ်လာသည်။လေထုထဲ၌လည်း လန်းဆန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်သွားသည်။

ပုဖန်က ဆူပွက်နေသော ရေကို ဇွန်းဖြင့် ခပ်၍ ပန်းကန်လုံးနှစ်လုံးထဲသို့ ထည့်လိုက်သည်။ထို့နောက် သူ တစ်ငုံသောက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးမှုက ပြန့်နှံ့သွားပြီး အားအင် ပြည့်ဝလာ၏။

ဟာ.......

သူ စိတ်ကျေနပ်စွာဖြင့် အသက်ရှူထုတ်လိုက်သည်။ထို့နောက် သူ့၏ လက်ကောက်ဝတ်၌ အစိမ်းရောင်မီးခိုးငွေ့လေးများ ထွက်ပေါ်လာပြီးနောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားပေါ်လာသည်။

ပုဖန်က အစောပိုင်းက သူသတ်ခဲ့သော မြွေကို စနစ်၏ သိုလှောင်နယ်မြေထဲမှ ပြန်လည်ထုတ်ယူလိုက်သည်။

သူ့လက်ထဲမှ ဓားက လှုပ်ရှားသွားပြီး မြွေ၏ ဝမ်းဗိုက်သားကို လှီးဖြတ်လိုက်သည်။လက်ချောင်းလေးများက ကကြိုးကကွက်များ ပုံဖော်နေသကဲ့သို့ လျှင်မြန်လှသော အရှိန်ဖြင့် လှုပ်ရှားနေပြီးနောက် မြွေ၏ အရေခွံကို ကျွမ်းကျင်စွာဖြင့် ချွတ်လိုက်။ထို့နောက် ကလီစာများကို ဆွဲထုတ်လိုက်ကာ မြွေကို ရေဆေး သန့်စင်လိုက်သည်။

ထိုမြွေအသေးလေးက အဆိပ်အတောက်များဖြင့်သာ ပြည့်နှက်နေသောကြောင့် အသုံးမပြုခင် သေချာစွာ သန့်ရှင်းဖို့ လိုအပ်လေ၏။ခေါင်းမှ အမြီးထိ ထိုမြွေ၏ လက်မတိုင်းက ရတနာဟုပင် ဆိုနိုင်သော်လည်း ပုဖန်က ထိုအရာကို များစွာ ဂရုစ်ိုက်ခြင်း မရှိပေ။

သူက မြွေ၏ သည်းခြေနှင့် အခြားအရာများအားလုံးကိုပင် ဒုတိယတစ်ကြိမ်ပင် ထက်တွေးမနေပဲ စွန့်ပစ် ပစ်လိုက်သည်။သူလိုအပ်သည်က မြွေ၏ အသားက လွဲ၍ တခြားဘာမှ မရှိပေ။

မြွေသည်းခြေနှင့် ကလီစာများတွင် ပါဝင်နေသော စွမ်းအင်နှင့် နှိုင်းယှဉ်လိုက်ပါက သူက မြွေအသားကိုသာ ပို၍ ဂရုစိုက်လေသည်။

ဝှစ်.......

ပုဖန်က နဂါးသွေးဆန်အနည်းငယ် ထုတ်ယူလိုက်ပြီး ဒယ်အိုးထဲမှ ဆူပွက်နေသော နွေဦးစွမ်းရည်ထဲသို့ လောင်းထည့်လိုက်သည်။လတ်ဆတ်ပြီး အနီရောင်သွေးက မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်ထားလေ၏။

ထိုဆန်စေ့လေးများက ရေနွေးငွေ့များထဲတွင် ကခုန်နေသော လှပလှသည့် ပတ္တမြားကဲ့သို့ ပုံသဏ္ဍာန် ပြောင်းလဲသွားသည်ဟုပင် ထင်ရသည်။

ဆန်များ ဆူပွက်နေစဉ်အချိန်၌ ပုဖန်က မြွေသားကို စ၍ ပြင်ဆင်လိုက်သည်။ပထမဦးစွာ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို သုံး၍ မြွေအသားကို အလွှာသေးသေးလေးများ ဖြစ်အောင် လှီးဖြတ်လိုက်သည်။

ထို့နောက် အဆက်မပြတ် ခုတ်ထစ်လိုက်လေရာ နောက်ဆုံး၌ မြွေအနီရောင်အသားက မှုန့်ညက်နေသော အသားစအဖြစ်သို့ ပြောင်းလဲသွားလေသည်။

အချိန်အတော်ကြာ ခုတ်ထသ်လိုက်သောကြောင့် မြွေသားက သူပြုလုပ်ထားသော သစ်သားတုံးပေါ်၌ တွယ်ကပ်နေသည့် အလုံးလေးကဲ့သို့ ဖြစ်နေပေပြီ။ထိုအချိန်၌ နဂါးသွေးဆန်ကလည်း ကောင်းမွန်စွာ ဆူပွက်နေပြီဖြစ်သည်။

အိုးဆီမှ အပူငွေ့များနှင့် သိပ်သည်းလှသော မွှေးရနံ့များ ထွက်ပေါ်လာသကဲ့သို့ လေထုထဲ၌လည်း စိတ်ဝိညာဉ်စွမ်းရည်များ ပြည့်နှက်သွားပြီး လန်းဆန်းမှုကို ခံစားရလေသည်။

ဆန်ထဲတွင် ပါဝင်သော စွမ်းအင်များက အလွန် သိပ်သည်းလှသောကြောင့် ထိုစွမ်းရည်များက နဂါးငယ်တစ်ကောင် ပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး အိုးအပေါ်၌ ရစ်ခွေလှည့်ပတ်နေလေ၏။

ပုဖန်က မီးဖိုချောင်သုံးဓားကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး မြွေအသားလုံး ကပ်နေသည့် သစ်သားစဉ်းနှီးတုံးကို ကောက်ယူလိုက်သည်။ထို့နောက် ဓားဖြင့် အသားလုံးကို အလွှာများဖြစ်အောင် ပြုလုပ်လိုက်ပြီး အိုးထဲသို့ ထည့်လိုက်သည်။

အသားများက ဆူပွက်နေသော နွေဦးစွမ်းရည်ကို ဖုံးအုပ်သွားပြီး တစ်စက္ကန့် နှစ်စက္ကန့်မျှ လှည့်လည်နေပြီးမှ အောက်ခြေသို့ နစ်မြှုပ်သွားသည်။ထိုအချင်းအရာက နဂါးကို အစာကျွေးသည်နှင့်ပင် တူနေသည်။

မြွေအသားများအားလုံး ထည့်ပြီးသွားပြီး မကြာခင်မှာပင် အိုးထဲမှ ထူထဲလှသော ရေနွေးငွေ့များနှင့် သိပ်သည်းလှသော မွှေးရနံ့များက လွင့်ပျယ် ထွက်လာသည်။ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော နဂါးသွေးဆန်၏ လန်းဆန်းမှုကိုလည်း ခံစားလိုက်ရသည်။ပါဝင်ပစ္စည်း နှစ်ခု ပေါင်းစပ်သွားခြင်းက ပို၍ ထူးခြားသည့် စိတ်အာရုံ ခံစားမှုကိုပင် ဖြစ်ပေါ်စေသည်။

ပုဖန်က လက်ဖဝါး၌ အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ပြီး ဒယ်အိုးပေါ်တင်လိုက်သည်။ထို့နောက် မျက်စိကို အသာအယာ မှိတ်လိုက်၏။ဒယ်အိုးထဲတွင် ဆူပွက်နေသော ပါဝင်ပစ္စည်းများ ကြားထဲ၌ လှည့်ပတ်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ခံစားမိလေသည်။

နဂါးသွေးဆန် နွေဦးစွမ်းရည်နှင့် မြွေအသားလုံးတို့၏ ပေါင်းစပ်မှုကြောင့် ကြွယ်ဝလှသော မွှေးရနံ့များ ပို၍ ကြိုင်လှိုင်စွာ ထွက်ပေါ်လာသည်။ထိုအချိန်၌ ဒယ်အိုးက မီးပုံးတစ်ခုကဲ့သို့ပင် ထွန်းလင်းနေကာ မှောင်မဲနေသော တောအုပ်အတွင်း၌ အလင်းတန်းများ ပြန့်ကားသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပုဖန် အလွန်အမင်း စိတ်ကျေနပ်သွားမိသည်။ထိုကဲ့သို့ သရေယိုလောက်အောင် လှပလှသော မြင်ကွင်းက သူ့၏ ဟင်းချက်စွမ်းရည်ကြောင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် သူမသာလျှင် ရိုင်းစိုင်းကြမ်းတမ်းသော တောင်စဉ်တစ်ထောင် တောင်တန်း တောအုပ်ထဲ၌ အရသာ ရှိသော စားကောင်းသောက်ဖွယ်များကို စားသုံးနိုင်ပေလိမ့်မည်။

သစ်တေဲာပတ်ဝန်းကျင်၌ တိုက်ခတ်နေသော လေပြေလေညှင်းလေးက ဆွဲဆောင်မှုရှိစွာ ကခုန်နေသော မိန်းမပျိုလေး တစ်ယောက်ကဲ့သို့ မွှေးကြိုင်လှသော မွှေးရနံ့များကို သစ်တော၏ နေရာအနှံ့ဆီသို့ သယ်ဆောင်သွားလေသည်။

မကြာခင်မှာပင် တိတ်ဆိတ်ငြိမ်သက်နေသော သစ်တောအလယ်၌ သစ်တော၏ အတွင်းပိုင်းထဲမှ နေ၍ ကုတ်ခြစ်အော်သံများ ထွက်ပေါ်လာသည်။သစ်တော၏အလယ်၌ လောဘတောက်လောင်နေသော မျက်လုံးတစ်စုံလည်း ပေါ်ထွက်လာ၏။

ဟိန်းဟောက်မြည်ကြွေးသံများက ကောင်းကင်ယံထိတိုင်အောင် လွင့်ပျံနေသည်။စိတ်ဝိညာဉ် သားရဲများက ပုဖန်ရှိရာဆီသို့ တစ်ကောင်ပြီးတစ်ကောင် စုရုံးရောက်ရှိလာကြ၏။

ကြွယ်ဝလှသော မွှေးရနံ့များနှင့် သိပ်သည်းများပြားလှသော အစစ်အမှန် စိတ်ဝိညာဉ်စွမ်းအင်များ၏ ဆွဲဆောင်မှု ဒဏ်ကို သူတို့ မည်သို့မှ တွန်းလှန်နိုင်ခြင်းမရှိကြချေ။

ပုဖန်က ဒယ်အိုးပေါ်တွင်တင်ထားသော သူ့၏လက်ကို ပြန်ဖယ်လိုက်ပြီး သူ ငြင်သာစွာ အသက်တစ်ချက်ရှူလိုက်သည်။ချက်ပြုတ်ပြီးစီးသွားပြီ ဖြစ်သောကြောင့် သူ့စိတ်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။

သူကိုယ်တိုင် တီထွင်ဖန်တီးထားသော မြွေအသားလုံး နဂါးသွေးဆန်ပြုတ်........ပုဖန်က ထိုဟင်းပွဲ၏ ပုံသဏ္ဍာန်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်မှုဖြင့် တွေးတောနေမိသည်။

ပုဖန်က စနစ်၏ ပစ္စည်းစာရင်းထဲမှ ကြွေပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်။သူ ခရီးသွားမည့်အခါတိုင်းတွင် စနစ်က သူ့အတွက် လိုအပ်သည့်ပစ္စည်းအမျိုးမျိုးကို ထုတ်ပိုးထားပေးသည်။ခရီးစဉ်တိုင်းက သူ့အတွက် ချက်ပြုတ်ရေး စမ်းသပ်မှု ခရီးစဉ်များပင် ဖြစ်သည်။

ထို့ကြောင့်ပင် ချက်ပြုတ်ရေးကိရိယာ အမျိုးမျိုးကို သူ လိုအပ်ပေသည်။ဒယ်အိုး ၊ ပန်းကန်လုံး ၊ ပန်းကန်ပြား ၊ ယောက်ချိုဇွန်း စသည်ဖြင့် သူလိုအပ်သမျှ အရာရာတိုင်းကို ထုတ်ပိုးပေးထားလေသည်။

လတ်ဆတ်လှသော အနီရောင်အသားများဖြင့် ပြည့်နှက်နေသည့် ဆန်ပြုတ်ကိုခပ်ယူ၍ ပန်းကန်လုံးထဲ ထည့်လိုက်သည်။ထို့နောက် ခေါင်းအနည်းငယ် ငုံ့ကာ ဆန်ပြုတ်ပန်းကန်မှ မွှေးရနံ့များကို အားရပါးရ ရှူရှိုက်လိုက်သည်။ချက်ချင်းပင် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကျေနပ်နှစ်သိမ့်မှုဖြင့် ကော့တက်သွားလေသည်။

ဆန်ပြုတ်ထဲတွင် မျောပါနေသော မြွေသားလုံးလေးများကလည်း နူးညံ့နူးအိနေပုံပေါ်သည်။တငွေ့ငွေ့ထွက်နေသော အပူငွေ့လေးများက ထိုအသားလုံးလေးများကို ပို၍ နှစ်သစ်ဖွယ်ကောင်းအောင် ပံ့ပိုးနေပေသည်။

ပုဖန်က ဆန်ပြုတ်ကို ခပ်ယူတော့မည့် အချိန်မှာပင် သူ့၏ လက်က ရုတ်တရက်ရပ်တန့်သွားသည်။သူ့၏ ပတ်ဝန်းကျင်မှ သားရဲများ၏ အော်ဟစ်မာန်ဖီသံကို ကြားနေရ၏။

"ဘာကြောင့် သားရဲတွေက မာန်ဖီနေကြတာလဲ....."

ပုဖန်က အနည်းငယ် အံ့အားသင့်သွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

အာ.....ဝူး......

ပုဖန်က ဇွန်းကို ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။သူ သူ့၏ ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် စူးစမ်းကြည့်လိုက်သည်။သူမတ်တပ်ထရပ်လိုက်သည့် အချိန်ခဏမှာပင် ပတ်ဝန်းကျင်က ကုတ်ခြစ်သံ ခပ်ဖြော့ဖြော့ကိုပါ ကြားလိုက်ရသည်။

အမှောင်ထုထဲမှနေ၍ သားရဲများ၏ ပုံရိပ်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။သူတို့၏ အေးစက်ပြီး လောဘများဖြင့် တောက်လောင်နေသော မျက်ဝန်းများက ပုဖန်ရှိရာဆီသို့ စူးစိုက်ကြည့်နေကြသည်။

နောက်ဆုံး၌ တောင်စဉ်တစ်ထောင်တောင်တန်း၏ ကြောက်စရာကောင်းမှုကြီးက ပုဖန်ဆီ၌ ဖြစ်ပွားလာပေသည်။ထိုသားရဲက တောင်စဉ်တစ်ထောင်တောင်တန်း၏ ကြောက်စရာအကောင်းဆုံးသော စိတ်ဝိညာဉ် နတ်ဆိုးဝံပုလြွေဖစ်သည်။