အပိုင်း ၃၃၈
Viewers 62k

အခန်း ၃၃၈ "ငါ အာလူးလေးမီးဖုတ်ဖို့...မင်းဆီကမီးတောက်လေး ငှားပါဦး"


သွမ့်ယွင်က ပုဖန်ကို နည်းနည်းလေးမှဂရုမစိုက်ချေ။ သူအမှန်တစ်ကယ်ယှဉ်ပြိုင်ရမည့် တန်ခိုးရှင်အဆင့် ပြိုင်ဖက်အနေဖြင့် မည်သူကိုမျှမမြင်မိပါ။ ဒီလိုလေ့ကျင့်ရေးကွင်း‌လေး ထဲမှာ သူက အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးအနေဖြင့် ယုံကြည်မှုပြည့်ဝနေပြီး အနိုင်မခံတဲ့စိတ်နှင့်တက်ကြွနေ‌လေ သည်။သူသည် တန်ခိုးရှင်အဆင့်အောက်မှ မည်သူကိုမဆို အလွယ်တကူပင် ချေမှုန်းနိုင်လေသည်။


သူ၏ပလွှားသော ယုံကြည်မှုက သူ့၏ပြည့်၀လှသည့် အင်အားနှင့် လျှို့ဝှက်စွမ်းအင်များကို သုံးမရအောင် ပိတ်ဆိုစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အနက်ရောင်ဒယ်အိုးဝိုင်းက သူ၏ယုံကြည်ချက်များကို နင်းချေလိုက်ပြီး သူ့ကို‌မူးဝေစေတော့သည်။


ဒါက ဒယ်အိုးဝိုင်းသက်သက်ပါဘဲ... ဟု ယူဆခဲ့သလို အလွယ်တစ်ကူပင် ခြေမွပစ်နိုင်သည် ဟု သူက သတ်မှတ်ခဲ့သည်။


...အမှန်တရားက ခါးလှပေသည်။


သွမ်ယွင့်က အနက်ရောင်ဒယ်အိုးကိုအားဖြင့် ရိုက်ချလိုက်သောအခါ ပိန်လိမ်သွားရမည့်အစား ဒယ်အိုးမှ ပြန်ကန်အားက သူ့လက်တစ်ချောင်းလုံးကို ထုံကျင်သွား‌စေ တော့သည်။သူ အလွန်အံအားသင့်သွားလွန်းသောကြောင့် နာကျင်ရကောင်းမှန်းပင် မသိတော့ချေ။ဒယ်အိုးက သူ့ခေါင်းကို နောက်တစ်ကြိမ်ထိမှန်လေသည်။


ဗုန်း..........


ရလဒ်အနေဖြင့် သွမ့်ယွင် လုံး၀ကိုမူးခါသွားသည်။နားအူ၍ မျက်စိများပါ ဝေ့ဝါးသွားတော့သည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ရင်း သွမ်ယွင့်အနားသို့ ရောက်လာသည်။


သွမ်ယွင့်က ဒယ်အိုးထိမှန်မှုကြောင့် မူးဝေနေပါသော်လည်း သတိမလွတ်သေးပေ။တစ်ကယ်တမ်းလည်း အဆင့်ရှစ်ရှိသော သွေးမျိုးနွ ၏ယ် အစောင့်အရှောက်များထက် အဆင့်မြင့်နေသေးသည်။ သွမ်ယွင့်က မူး‌ဝေနေသေးသောကြောင့် သူ့ရှေ့ရောက်မှသာ ပုဖန်း၏ပုံသဏာန်ကို သဲကွဲစွာမြင်ရတော့သည်။ ပုဖန်းကတော့ ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့်ပင် လှမ်းလာသည်။


"မင်း ဒီတစ်ခါ လွတ်လိမ့်မယ် မမျှော်လင့်နဲ့တော့..."


သွမ်ယွင့်က ပုဖန်နှင့်မျက်နှာခြင်းဆိုင်ရပ်နေသောကြောင့် ပုဖန်တိုးတိုးလေးရေရွတ်သည်ကို ကြားမိသည်။

သွမ်ယွင့်က စကားပြောဖို့...ပါးစပ်ဟလိုက်သည့်အချိန်မှာပင်.. ပုဖန်က မဟူရာလိပ်ခုံးဒယ်ကိုကိုင်မြှောက်ကာ ရိုက်ချလိုက်ပြန်သည်။


နောက်တစ်ကြိမ်ပင် ကျယ်လောင်သောမြည်ဟိန်းသံကြီး ဖြစ်ပေါ်လာလျက် သွမ်ယွင့် သတိလစ်သွားသည်။


မည်ကဲ့သို့ပင် အဆင့်ရှစ် စစ်နတ်ဘုရားအဆင့် ဖြစ်နေစေကာမူ... ဒယ်အိုးဖြင့်အရိုက်ခံရမှုကြောင့် သတိလစ်သွားတော့သည်။ ပုဖန်က နေရာမရွှေ့ဘဲ လက်တစ်ဖက်က မဟုရာလိပ်ခုံးဒယ်အိုးကို ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့် သတိလစ်နေသော သွမ်ယွင့်ကို ဆုပ်ကိုင်လိုက်သည်။


‌သွမ့်ယွင် သတိလစ်သွားချိန်၌ မီးတောက်ကလေးများက တစ်ဖြည်းဖြည်း ငြိမ်းကုန်ကြသည်။


ရွှီး........


ထိုစဉ်...

 လေခွင်းသံ တစ်သံနှင့်အတူ တောထဲမှ မြှားတစင်းဝဲပျံလာသည်။


မြှားတံက အစစ်အမှန်စွမ်းအင်အပြည့်ဖြင့် လေကိုခွင်းရင်း ပုဖန်ဆီသို့ ဦးတည်လာသည်။ထိုမြှားတံအရှိန်က ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ တပည့်များပစ်တာထက် ပိုအားပြင်းသလို အလွန်လျှင်မြန်ွှသည်။


မြှားတံက သူ့ကိုမထိမှန်ဘဲ ဘေးနားမှ လေသံပြင်းပြင်း ဖြတ်သန်းသွားသည်ကို ပုဖန်းခံစားမိသည်။

ချက်ခြင်းပင် မဟူရာလိပ်ခုံးဒယ်အိုးဖြင့် လှမ်းကာလိုက်သည်။


"ဒိန်း........" 


ဒယ်အိုးဖြင့် မြှားတံတို့ ရိုက်ခတ်မိကြပြီး မီးပွင့်သွားသလို စူးရှကျယ်လောင်သော မြည်ဟည်းသံထွက်ပေါ်လာသည်။ ဒယ်အိုးနှင့်တိုက်မိကြသည့်အားကြောင့် မြှားတံက အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။


အစိမ်းရောင်မီးခိုးမျှင်လေး ပုဖန်၏လက်မှာ ရစ်ဝဲပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုး ကွယ်ပျောက်သွသည်။

ပုဖန်ကအမောဖြေရင်း လက်ကိုအကြောလျော့လိုက်သည်။မိစ္ဆာခြင်္သေ့ခောင်းအာလူးနှင့် သွမ်ယွင့်ကို ဆုပ်ကိုင်ရင်း လှည့်ထွက်သွားသည်။


ဝှိုက်တီက သူ့စက်ရုပ်လက်တစ်ဖက်ဖြင့် မျက်နှာကိုပွတ်သပ်လိုက်သည်။ထို့နောက် ခရမ်းနုရောင်မျက်ဆံများက အနီရောင်သို့ပြောင်းလဲသွားတော့သည်။ သူတို့အားလုံးက စကားမဆိုရဲဘဲ ပုဖန်ထွက်သွားသည်အထိ တိတ်တိတ်လေး စောင့်ကြည့်နေကြသည်။


ဒယ်အိုးတစ်လုံး တည်းဖြင့် အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးကို သတိလစ်သည်အထိ ထိထိရောက်ရောက် ရိုက်နှက်နိုင်သော သူ့ကို အားလုံးက အံ့အားသင့်စွာငေးကြည့်နေကြသည်။


ဘယ်လိုလူမျိူးက ဒီလို ဒယ်အိုးတွေ ပျံလွှားနေသည့် နေရာမှာ သွားလာရဲမှာလဲ...


သူကကော ဘာကြောင့် ဒီလောက်များ ကြောက်စရာစွမ်းရည်တွေရှ်ိနေရတာလဲ...


သူတို့က အသိဉာဏ်နိမ့်ပါး၍ စွမ်းအင်မြင့်မားသည့်စားဖိုမှုးကို အထင်လွဲမိခြင်းဖြစ်သည်။


ပုဖန်ကို သူတို့ ပေးလိုက်မိသောအကြံကြောင့် အမျိုးသမီးနှင့် မျက်နှာခက်ထန်သောသူက ရှက်နေကြသည်။သူတို့က ပုဖန်ကို ဝံပုလွေတွေ၏ရန်မှ ကယ်ဆယ်နိုင်ခဲ့သည်ဟု ထင်ထားသော်လည်း.... တစ်ကယ်တမ်း ဝံပုလွေများကသာ ပုဖန်ဆီမှာ သတ်ဖြတ်ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။


သူတို့က စွမ်းအားရှင်ကဲ့သို့... ဒီလိုတန်ခိုးရှင်အစစ်ဆီမှာ မာန်တက်ခဲ့ကြသော်လည်း တစ်ကယ်တမ်း၌ သူတို့ကသာ စပ်စပ်စုစုဝင်ပါမိခြင်းဖြစ်နေသည်။


ဒါ သိပ်ကိုရှက်စရာကောင်းတာဘဲ...


ကံကောင်းထောက်မစွာ ပုဖန်က သူတို့ကိုအာရုံမစိုက်ခဲ့သလို သူတို့မျက်နှာ မည်သို့ဖြစ်နေမှန်းတောင် သတိမထားပေ။


ရွှမ်း........


လူတိုင်းက တောအုပ်ထဲက ထွက်လာသည့် မိန်းမလှလေးကို ဝိုင်းကြည့်ကြသည်။


"အစ်မကြီး"


ရီဖန်းက မိန်းမလှလေးကို မြင်သည်နှင့်တစ်ပြိုင်နက် မျက်လုံးအရောင်တောက်သွားပြီး လက်ကိုဝှေ့ရမ်းပြီး အော်ခေါ်လိုက်သည်။ ရီဇီလင်းက သူတို့၏သနားစရာ ပုံပန်းသဏာန်ကိုမြင်သောအခါ ရင်ထဲမှာ နင့်ခနဲဖြစ်သွားသည်။သူလာသည်မှာ နောက်ကျခဲ့ပြီ။

ရီဖန်းကို ကျောပေးထားသော လူတစ်ယောက်ကိုတွေ့သောကြောင့် သူအနည်းငယ် အံ့အားသင့်သွားသည်။မြင်ရသော ပုံစံက စိတ်ထဲတွင်လည်း ရင်းနှီးသလို ခံစားရသည်။


သို့သော် သူရီဖန်းနားရောက်တော့ သူစိမ်းကလည်းပျောက်ကွယ်သွားသည်။


"ဒီလူ့ကို သိသလိုဘဲ" ပြေပြစ်သော မျက်ခုံးနှစ်ခု တွန့်သည်အထိ အချိန်အတော်ကြာအောင် တစိမ့်စိမ့်စဉ်းစားပါသော်လည်း မည်သူနှင့်တူမှန်း မသိသေးပေ။


ခဏကြာတော့ သူခေါင်းရှုပ်လာသဖြင့် ဆက်မစဉ်းစားတော့ချေ။သူမသည် လူအသေအပျောက်အနည်းငယ်ရှိသော်လည်း ကြည်လင်ကောင်းကင်ဘုရားကျောင်း၏ တပည့်အများစုမှာ ဒဏ်ရာအနည်းသာရခဲ့သဖြင့် စိတ်အေးသွားသည်။


"ကောင်လေး...ငါ့နောက်ကနေသာ လိုက်ခဲ့‌ပေ ဒီဒီတစ်ကြိမ် မင်းသေမှာကို ငါကစိုးရိမ်နေတာ..."


ရီဇီလင်းက ကြောက်နေသော်လည်း အစ်မကြီးတစ်ယောက်အနေဖြင့် မကြောက်သလိုဟန်ဆောင်ကာ မကျေမနပ်ဆူပူလိုက်သည်။ နီယန့်အပါးမှာ နေခဲ့တုန်းကလည်း သူမသည် နီယန့်စကားကိုနားမထောင်ခဲ့ပေ။ ရီဖန်းကပြုံးဖြဲဖြဲလုပ်ရင်း တိုက်ပွဲအစပိုင်းကို ပြန်ပြောသည်။ သူက စားဖိုမှူးဟာ ဘယ်လို အသိရခက်ပြီး ဘယ်လောက်ထူးဆန်းတယ်ဆိုတာကွက်ကွက်ကွင်းကွင်းမြင်အောင်လို့ ပြောပြလိုက်သေးသည်။


.............


သွမ့်ယွင်က သူခေါင်းနေရာအနှံ့မှပေါက်ထွက်သကဲ့သို့ နာကျင်မှုကြောင့် ဆတ်ခနဲ သတိရလာသည်။

သူကသက်ပြင်းအရှည်ကြီးမှုတ်ထုတ်ရင်း ဘေးပတ်၀န်းကျင်ကို ကြည့်သည်။သို့သော် ဘယ်နေရာကြည့်ကြည့် တိမ်များဖြင့် ကောင်းကင်ကြီး တောက်ပနေသည်ကိုသာ မြင်ရသည်။


ဖတ် ဖတ် ဖတ်


သူ့ကို မြေကြီးပော်တရွတ်တိုက်ဆွဲလာသောကြောင့် ခေါင်းတစ်ခုလုံးကျိန်းစပ်နေသည်။ မူးဝေနေသောခေါင်းကိုငြိမ်အောင်ထိန်းရင်း ပြာနေသည့်မျက်လုံးကို ကြည်လာအောင် ကြိုးစားကြည့်သည်။မျက်လုံးများကြည်လာတော့ စစချင်းမြင်သည်မှာ...သူ့ခြေထောက်များ.....။

တစ်ယောက်ယောက်က သူ့ကို ခြေထောက်မှကိုင်ကာတရွတ်တိုက်ဆွဲ‌ခေါ်သွားသည်ကို သိလိုက်ရသည်။

ဒီလို ဇောက်ထိုးကြီးဖြစ်နေတာက ရှက်ဖို့ကောင်းလှသည်။


သွမ်ယွင့်ကထူးထူးဆန်းဆန်း ရှက်သလိုဖြစ်လာပြီး ရုန်းကန်တော့သည်။


"မင်းကဘယ်သူလဲ...ငါ့ကိုလွှတ်စမ်းပါ..."


"မင်းငါ့ကို မသိဘူးလား..."


ပုဖန် သူ့ကိုဆွဲ၍သွားနေတုန်း သွမ်ယွင့်သတိ၀င်လာပြီး အဆင်မပြတ် ရုန်းကန်နေလေသည်။

ပုဖန်ကမျက်မှောင်ကြုံ့၍ သွမ့်ယွင်ကို ကြည့်လိုက်သည်။ထိုသူကလည်း သူ့ကိုပြုံးမဲ့မဲ့ကြီး ပြန်စိုက်ကြည့်နေ‌လေသည်။


အစိမ်းရောင်မီးခိုးမျှင်တန်းများ ဝေ့သီလာပြီး မဟူရာလိပ်ခိုးဒယ်အိုးက သူ့လက်ထဲမှာပေါ်လာသည်။

သွမ်ယွင့်ကပုဖန်း၏ ခပ်တင်းတင်းမျက်နှာကိုမကြည့်မိခင်မှာပင်...ပုဖန်၏ဒယ်အိုး သူ့အနားကို တိုးလာသည်ကိုအထိတ်အလန့် ကြည့်ရင်း သူ့မျက်လုံးများပြူးကျယ်လာသည်။


ဒေါင်...... 


နောက်တစ်ကြိမ်ရိုက်ခံလိုက်ရပြီး သွမ်ယွင့်သတိလစ်သွားလေသည်။ သို့သော် သူ့အတွင်းအားကောင်းမွန်မှုကြောင့် မကြာခင်မှာ သတိရလာသည်။ တတိယအကြိမ်မြောက် သတိရလာချိန်မှာတော့ သိပ်မရုန်းကန်တော့ဘဲ ပုဖန်ဆွဲခေါ်ရာသို့သာ ငြိမ်နေလိုက်ပါတော့သည်။


ပုဖန်က သွမ့်ယွင်ထံမှ အသံထပ်မံ ထွက်မလာသောအခါ သတိလစ်အောင် ထပ်မရိုက်တော့‌ပေ ။

ခဏအကြာ‌တွင် သူတို့ ချိုင့်ဝှမ်းကိုကျော်ဖြတ်လာသည်။သွမ်ယွင့်ကို ချထားရင်းပုဖန်က မြင်ကွင်းကောင်း သောနေရာတွင်ရပ်လိုက်သည်။


မကြာခင်မှဘဲ ‌နေလုံးကြီး ပေါ်ထွက်လာပြီး နေခြည်ဖြာထွက်လာတော့သည်။ မြေပေါ်တွင်ပြန့်ကျဲနေသော သစ်ရွက်ဝါများသည် နေရောင်ခြည်ကြောင့် ပိုမို၀င်းဝါလာတော့သည်။

သွမ့်ယွင်က ပုဖန်၏လက်ထဲမှ မဟူရာလိပ်ဒယ်ခုံးပျောက်ကွယ်သွားသည်ကိုမြင်မှ အလူးအလဲထကာ ကျိန်းစပ်နေသည့်ခေါင်းဒါဏ်ရာများကို ပွတ်ချေလိုက်ရင်း သူ့ကိုဆွဲခေါ်လာသောသူကို သေချာကြည့်လိုက်သည်။


သေသေချာချာကြည့်လေလေ ဒေါသတွေ တစ်လိပ်လိပ်တက်လာလေလေ ဖြစ်နေတော့သည်။

သူက ကြည်လင်ကောင်းကင်ဘုရား၏တပည့်များထံမှ လုယူထားသော မိစ္ဆာခြင်္သေ့ခောင်းအာလူးကိုလဲ ဒယ်အိုးနှင့်နတ်ဆိုးထံ၌ တွေ့လိုက်ရသည်။ ဒယ်အိုးနှင့်နတ်ဆိုးကောင်က ခပ်တည်တည်ဖြင့် မိစ္ဆာခြင်္သေ့ခောင်းအာလူးကို သေချာဂရုတစိုက်ကိုင်ရင်း 

သူ့မျက်နှာအနားမှာ လာပြသည်။


နတ်ဆိုးက သူ့ကို


"မင်း မြည်းစမ်းကြည်ချင်လား..."ဟုမေးလေသည်။


သွမ်ယွင့်က ထိုမေးခွန်းကြောင့်ထူးဆန်းအံေဩာသွား၏


"မကြောက်ပါနဲ့... ငါ မင်းဆီကမီးတောက်လေး ငှားချင်လို့ပါ... ဒီအာလူးလေးကို မီးဖုတ်ချင်လို့ .....ဒီ မိစ္ဆာအာလူးလေးကိုပေါ့..."