အပိုင်း ၃၃၉
Viewers 62k

အခန်း ၃၃၉ "ငရဲမီးတောက်ဖြင့်ဖုတ်သော မိစ္ဆာအာလူး"


"ဘာ.....ငါ့ဆီက မီးတောက်ကို အာလူးဖုတ်ဖို့ငှားချင်တယ် ဟုတ်လား"


"မင်း နောက်နေတာတော့မဟုတ်ပါဘူးနော်....... ငါ့မီးတောက်က ငရဲမီးကွ....... ဒီလိုအဖိုးတန်တဲ့ငရဲမီးက သက်စောင့်ဆေးရည်ကို ကျိုချက်သန့်စင်ဖို့ဘဲသုံးတာ၊ဒါကို မင်းက အာလူးဖုတ်မယ်တဲ့......"


သွမ့်ယွင်က ပုဖန်ကို ပြူးကြည့်လိုက်တော့ သူ၏စိတ်ထဲတွင် ခွေးနက်ကြီးများ ကဆုန်ပေါက်ပြေးလွှားနေသကဲ့သို့ခံစားရသည်။


"မလန့်ပါနဲ့...မင်းဆီကနေ အသာစီးမယူပါဘူး.....ငါမင်းဆီက ငှားမယ်လို့ကြံကတည်းက အာလူးကိုပါ တစ်ခြမ်းပေးမယ်လို့ ရည်ရွယ်ထားတာ......" ပုဖန်က သွမ့်ယွင် သူ့ကို ထူးဆန်းသလိုကြည့်နေသည်ကို သတိပြုမိသည်။


ပုဖန်ကမ်းလှမ်းချက်ကိုကြား‌တော့ အနည်းငယ်အံ့အားသင့်သွားပြီး သွေအန်ချင်သလိုပင် ဖြစ်သွား၏။


"လူတွေကိုဒယ်အိုးနဲ့ရိုက်နှက်ခဲ့တဲ့ ဒီလူရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ .... ကိုယ့်ရဲ့ဂုဏ်သိက္ခာကို အာလူးတစ်လုံးနဲ့ လဲလှယ်တတ်တဲ့လူမျိူးကိုလည်း တစ်ခါမှမတွေ့ဖူးပါဘူး....."


ဤငရဲမီးတောက်မျိုးက မီးစွမ်းအားရှင်များအတွက်တော့ ရတနာတစ်ပါးပင်။သူတို့ရဲ့ ဂုဏ်သိက္ခာလည်းဖြစ်သလို တန်ခိုးပါဝါဟု သတ်မှတ်ပါကလည်း မှန်၏။ဘယ်လိုလူမျိုးက ဤကဲ့သို့‌သော အာလူးလေးအတွက်နဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို လဲလှယ်မှာလဲ။


"ငရဲမီးတောက်ဆိုတာ သက်စောင့်ဆေးအတွက်ဘဲ အသုံးပြုရတာမျိုး... အာလူးဖုတ်ရတာမျိူးမဟုတ်ဘူး......ငါ့ရဲ့ ငရဲမီးတောက်ကို မင်းအတွက် မငှားနိုင်ဘူး....."

ဟု ရှူးရှူးရှဲရှဲ အံကြိတ်ရင်းပြောလိုက်လေသည်။


ဒါက ငါ့အသက်သာ အသေခံမယ် ဒါကိုတော့မပေးနိုင်ဘူး လို့ပြောတာနှင့်အတူတူပင်ဖြစ်သည်။


ပုဖန်က သွမ့်ယွင့် သူ့ဆန္ဒကို လိုက်လျောမည်ဟု သတ်မှတ်ထားသော်လည်း ယခုလိုအပြုအမူကြောင့် အံအားသင့်သွားသည်။ ပုဖန်းက စိတ်မရှည်ဘဲ မိစ္ဆာခြင်္သေ့အာလူးကို ကိုင်မြှောက်ဆော့ကစားရာမှ မွှေးရနံ့များ ဝေ့ခနဲ လွင့်လွင့်လာလေသည်။


သွမ့်ယွင်က ပုဖန် ‌မိစ္ဆာအာလူးအား ဘောလုံးတစ်လုံးကဲ့သို့ကစားနေသည်ကိုကြည့်ပြီး အကြံတခုရကာ ပုဖန်ကိုပြောလိုက်သည်။


"မင်းပြောနေပုံအရ... ဒီအာလူးက မိစ္ဆာခြင်္သေ့ခောင်းအာလူးမဖြစ်နိုင်ဘူး... ရိုးရိုးအာလူးဘဲဖြစ်လိမ့်မယ်......ဟုတ်တယ်မလား..."


"ဒါက အစစ်ကွ...ဘာမှ ရှက်မနေနဲ့.....ငါမင်းကိုတစ်ကယ် အာလူးတစ်ခြမ်းပေးမှာ......" ပုဖန်က အလေးအနက်ထပ်ပြောလိုက်သည်။


"ဒါ အဆင့်ရှစ်ရှိတဲ့ စိတ်ဝိညဉ်ဆေးဘဲ...ပြီးတော့ ဒါက သိပ်ကိုထူးခြားတဲ့ဟင်းချက်အမယ်တစ်မျိုးဘဲ..."


ထိုအာလူးက အတွင်းဒါဏ်ရာတွေကို ကုသပေးနိုင်သလို အစစ်အမှန်စွမ်းအင်ကိုလည်း မြင့်မားလာအောင် လုပ်ပေးနိုင်သည်။ အကယ်၍များ သက်စောင့်ဆေးရည်ထဲမှာသာ စိမ်ပြီးသုံးဆောင်ပါက အတွင်းအားကို ပိုမိုကောင်းမွန်စေပြီး စွမ်းအင်အဆင့်ကိုလည်း မြင့်မားလာစေနိုင်သည်။တစ်ကယ့်ကိုမှ သူမတူတဲ့ ရတနာတစ်ပါးပင်ဖြစ်သည်။


"အဲ့လိုရတနာကို ဒီလူက ဖုတ်ပြီးစားမယ်တဲ့ အံ့ပါရဲ့........တခြားဟင်းအမယ်လိုမျိုး ဖုတ်စားရတဲ့ အရာမျိုးလို့ ထင်နေလို့လား......."


တစ်ယောက်ယောက်က မိစ္ဆာအာလူးကို ဖုတ်မည်ဆိုလျှင် ဆေး၏ မူလဂုဏ်သတ္တိကိုပင်မလျော့အောင် မည်သို့ပြု လုပ်မည်နည်း။ မီးဖုတ်တာက ရတနာတစ်ပါးကို ဖျက်ဆီးဖြုန်းတီပစ်တာနဲ့တူတူပင်ဖြစ်သည်။


သွမ့်ယွင်က နှုတ်ခမ်းကိုမဲ့ရွဲ့ကာ မေးလိုက်သည်။


" မင်း ဘယ်လိုကြောင့်များ ဒီအာလူးကိုဖုတ်ပစ်မယ်လို့ ကြံစည်ရတာလဲ......"


ဗြုတ်...


သွမ့်ယွင်က ပုဖန် မိစ္ဆာအာလူး၏ အမြစ်မွှာများကို ဆွဲနှတ်လိုက်သောကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။ရုတ်ချည်းဆိုသလို မွှေးပျံ့လွန်းသည့် သင်းရနံ့များ ဘေးပတ်၀န်းကျင်သို့ ကြိုင်လှိုင်သွားလေတော့သည်။


ပုဖန်က ဝေ့ခနဲ သင်းပြန့်သောရနံ့ ရှုရှိုက်မိသောကြောင့် စိတ်ရွှင်သွားသလို မျက်လုံးလည်းအရောင်တောက်လာ၏။ ခရမ်းရောင်အခွံရှိသော မိစ္ဆာခြင်္သေ့ခောင်းအာလူးသည် မထင်ရက်စရာ ဆွဲဆောင်နိုင်လွန်းသည့် ရွှေဝါရောင်လေးသမ်းနေလေ၏


"ကဲ အခုဘာဆက်လုပ်မလဲ.......ဒီအာလူးလေးကို မဖုတ်ချင်ဘူးလား...... ဘာမှစိုးရိမ်စရာမရှိဘူးနော်.... တစ်ခုခုနဲ့များသာ ချက်လိုက်ရင်ဖြင့် ဆွေမျိုးပါ မေ့သွားလိမ့်မယ် ကိုယ့်လူရေ.....ဘာဘဲဖြစ်ဖြစ်ပါ မင်းရဲ့ငရဲမီးကို ငါ့ဆီပေးပေတော့..." ပုဖန်ကပြောလိုက်သည်။


သူ အခုလိုမျိုး သတိလစ်အောင် ရိုက်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာခဲ့ခြင်းက မီးတောက်ကို လိုချင်လို့ပင်ဖြစ်သည်။ ပုဖန်အတွက် ဒီလိုမျိူးငရဲမီးတောက်ကို ပထမဆုံးမြင်ဖူးခြင်းပင် မီးအပူရှိန်ကလည်း ပြင်းထန်သောကြောင့် ယခုလိုမီးတောက်နဲ့သာ ဟင်းချက်ပါက သိပ်ကိုအရသာရှိမှာပင်ဖြစ်သည်။


ပုဖန်၏ ပြောဆိုသံကြားသောအခါ သွမ့်ယွင်က စိတ်တိုသွားလေ၏။


"ဒီလူ့ခောင်းထဲမှာ အစားအသောက်ပဲ ရှိနေတာလား......တစ်ကယ်လို့ သက်စောင့်ဆေးနဲ့ အာလူး...နှစ်ခုထဲက တစ်ခု ရွေးရမယ်ဆိုရင်တောင်မှ အာလူးဘဲ ရွေးမယ့်လူစားဘဲ......"


"ကဲ... မင်းရဲ့ ငရဲမီးကို ငှားမှာလား...မငှားဖူးလား......"


သွမ့်ယွင်ကအလျော့မပေးဘဲ ပြောလိုက်သည်။


"လုံး၀ကိုမပေးနိုင်ဘူး........ဒါက ငါတိုလို့မီးစွမ်းအားရှင်တွေအတွက် ရတနာတစ်ပါးဘဲ.....ဒါကြောင့် ငါလုံး၀မငှားနိုင်ဘူး...."


ပုဖန်က မတ်တပ်ရပ်ကာ သွမ့်ယွင်ကို မတုန်မလှုပ် ကြည့်လိုက်သည်။ 


သွမ့်ယွင်က ပုဖန်လှုပ်ရှားသွားသည်ကိုစောင်းငဲ့ကြည့်ရင်း တိုက်ခိုက်တော့မှာလားဟု သတိရမိသွားသည်။


ဟမ်......


ပုဖန်း၏လက်သည် ဝှေ့ရမ်းသွားပြီနောက် အစိမ်းရောင် မီးခိုးငွေ့များဝေ့သီလာကာ ရိုးရိုးမီးဖို‌ချောင်သုံး ဓါးကို ကိုင်မိပြီးသားဖြစ်သွားသည်။


"မီးဖိုချောင်သုံးဓါး......" 


"ဒီလူက ဘာလုပ်မလို့လဲ.......မကျေနပ်ရင်လည်း ပြေပြေလည်လည်ပြောပါ...... ဒီမီးဖိုချောင်သုံးဓါးကြီနဲ့ ဘာလုပ်မလို့လဲ.........."


ဓါးသွားကိုနေရောင်မှပြက်သောကြောင့် လင်းခနဲ လက်ခနဲဖြစ်သွားပြီး သွမ့်ယွင်တစ်ကိုယ်လုံးလည်း တောင့်တင်းသွားပြီး ငိုချင်သလိုပါဖြစ်သွားလေသည်။


ဘာကြောင့်များ ဒီလိုလူထူးဆန်းနဲ့လာတွေ့နေရတာလဲ။ဒီအတိုင်းဆိုရင်ဖြင့် မကြာခင်မှာသူက ရူးကြောင်ကြောင်စားဖိုမူးတစ်ယောက်ရဲ့ ဓါးသွားအောက်မှာသေရတဲ့ ပထမဆုံးသောမီးစွမ်းအားရှင်တစ်ယောက်အဖြစ် သမိုင်းတွင်တော့မှာဘဲ။


"အာ....တောင်းပန်ပါတယ်ဗျာ...ပစ္စည်းမှားထုတ်မိလို့ပါ......"


ပုဖန်၏စကားကြောင့် ကြောက်စိတ်ဖြင့် မွှန်ထူသွားသလို ပုဖန်၏ လက်ထဲမှ ရွှေနဂါးရိုး မီးဖိုချောင်သုံးဓါးကို မြင်မိချိန်မှာတော့ တစ်ကိုယ်လုံးတောင့်တင်းလေတော့သည်။နောက် အစိမ်းရောင် မီးခိုးငွေများပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးလည်းပျောက်ကွယ်သွားလေသည်။


မီးခိုးငွေ့များတစ်ဖန်ထွက်ပေါ်လာပြီးချိန်တွင်တော့ အလွန်ကြီးမားသော မဟူရာလိပ်ခုံးဒယ်အိုးကြီးကို ကိုင်မိလျက်သားဖြစ်သွားလေသည်။သူက ဒယ်အိုးကြီးကို ကိုင်မြှောက်ရင်း သွမ့်ယွင်၏ခေါင်းအပေါ်မှမိုးထားလိုက်သည်။ သွမ့်ယွင်က ဒယ်အိုးကြီးကို ကြည့်ရင်းစိတ်ဓါတ်ကျသွားလေသည်။


"ခုနက ရိုးရိုးမီးဖိုချောင်သုံး ဓါးလောက်ဆိုရင်တောင် အဆင်ပြေသေးတယ်....." 


"ကဲ... အခုမင်းစိတ်ကိုငြိမ်အောင်ထားလိုက်... စိုးရိမ်လွန်ပြီးဆုံးဖြတ်ချက်ကိုမြန်မြန်မချနဲ့..... အချိန်ယူပြီးတော့သာ စဉ်းစားပေတော့....." ပုဖန်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။


ခဏအကြာ၌... တောအုပ်အတွင်း... တောက်လောင်နေသော မီးတောက်လေးကိုတွေ့မြင်ရသည်။

သွမ့်ယွင်က ဘုထနေသောခေါင်းလေးကို အုပ်ကိုင်ရင်း အာလူးဖုတ်နေသည့် တွင်းအနားတွင်ထိုင်နေသည်။ သူ့နံဘး၌ အလျှံငြီးငြီးတောက်လောင်နေသော မီးပုံကလေးရှိနေလေသည်။


ပုဖန်က မိစ္ဆာအာလူးဖုတ်နေသည်ကိုကြည့်ရင်း အနားလာထိုင်ကာပုခုံးကိုကိုင်လိုက်သည်။

ငရဲမီးတောက်အတွင်း၌ မိစ္ဆာအာလူး၏ အနံ့က ပိုမိုကြိုင်သင်းနေပြီး ပိုကျက်လာတော့သည်။


"ဒီလို ဖုတ်ထားတဲ့ အားလူးကို တစ်ခြားဘယ်နေရာမှအသုံးပြုသေးလဲ.....မင်းက တစ်ကယ်တော့ ဒီလိုထူးခြားတဲ့နတ်ဆေးပင်ကို သက်သက်ဖြုန်းတီးနေတာ.....မင်းသာငါ့ရဲ့ဂိုဏ်သားဖြစ်လို့ကတော့ ဖမ်းပြီး၀က်လှောင်အိမ်ထဲကို ထည့်ပစ်မှာ...."သွမ့်ယွင်က ပုဖန်ကို ကြည့်ပြီးစိတ်ပျက်လက်ပျက် ပြောလေသည်။


"ဒီ မိစ္ဆာခြင်္သေ့ခောင်းအာလူးက သိပ်ကိုအဖိုးတန်တဲ့အရာ.....ဒီအာလူးက သိပ်ကိုမှစားကောင်းသလို အရသာလည်းသိပ်ရှိတယ်.....အဲ့တော့ မင်းရဲ့ငရဲမီးတောက်ကိုသာ ငြိမ်အောင်ထိန်းထား...." ပုဖန်က တည်ငြိမ်စွာပြောလိုက်သည်။


သူကတွင်း အနားကပ်ပြီး မီးတောက်များကိုသေချာစွာကြည့်ရှုနေသည်။ငရဲမီးတောက်က ပြိုင်ဖက်ကင်းပူလောင်လွန်းသောကြောင့် အပူရှိန်ကသူ့ကို ဟပ်လေသည်။ အကယ်၍များ စာဖိုမှုးတစ်ယောက်ယောက်က ဒီလိုငရဲမီးတောက်နှင့်သာ ဟင်းချက်ခဲ့ပါက မမျှော်လင့်ထားနိုင်သည့်အကျိုးကျေးဇူးများ ရနိုင်လေသည်။


ပုဖန်က သူ့လက်ကို တွင်းပေါ်မှာ ဖြန့်လိုက်သည်။ သူ၏အစစ်မှန်စွမ်းအင်များကို ဖြန်ကားထားသော လက်များမှတစ်ဆင့် ငရဲမီးတောက်ဆီသို့ စွမ်းအင်လှိုင်းများ ပို့လွှတ်လေသည်။

မီးတောက်အလယ်မှ မိစ္စာအာလူးလုံး၏ အနားသားလေးများသည် ကျက်လာသလို 

ရွှေရောင်၀င်းပလာလေတော့သည်။


"ဒီမှာကြည့်ဦး....အာလူးကိုဆက်ဖုတ်နေရင်‌တော့သူ့ရဲ့အနံ့အရသာတွေ ပျောက်ပြီး တူးခြစ်ကုန်တော့မယ်....."သွမ့်ယွင်က စိတ်ပျက်စွာပြောလိုက်သည်။


"ပါးစပ်ပိတ်ပြီး ဆက်သာဖုတ်........" ပုဖန်က စောင်း၌ပင်မကြည့်ဘဲ ပြောလိုက်သည်။

သွမ်ယွင့်ကစိတ်ပျက်သွားသည်။သူက မီးစွမ်းအားရှင်ဖြစ်သည် အာလူးကင်သည် မဟုတ်ချေ။


အစစ်အမှန်စွမ်းအင်ဖြင့် ချက်ပြုတ်ခြင်းကပုဖန်အတွက် ကျွမ်းကျင်ပြီးသားဖြစ်နေသည်။သူ၏ အစစ်မှန်စွမ်းအင်ကိုသုံး၍ ဟင်းအမယ်၏အနံ့အရသာ ပိုမိုကောင်းမွန်စေရန် စီမံထားသည်။ ယခုလိုစွမ်းအင်များဖြင့် ချက်ပြုတ်ခြင်းသည် အလွန်ခက်ခဲကာ ရှုပ်ထွေးလေသည်။ဤကဲ့သို့ ချက်ပြုတ်နိုင်ရင် အားကောင်းသောစိတ်ဝိညဉ်နှင့်အစစ်အမှန်စွမ်းအင်ကို ကောင်းစွာ ထိန်းချုပ်တတ်ရန်လိုအပ်ပေသည်။


သွမ့်ယွင်သည် သူ့ငရဲမီးတော့များကြား၌ ပုဖန်အစစ်အမှန်စွမ်းအင်စီးကြောင်းကို တွေ့မြင်ရသောအခါ အလွန်အံ့ဩသွားလေသည်။ ဤကဲ့သို့ အစစ်အမှန်စွမ်းအင်ကို ထိန်းချုပ်နိုင်မည်ဟု သူမမျှော်လင့်ထားပေ။ဤကောင်လေး၏ စိတ်စွမ်းအင် ကြံခိုင်ခြင်းနှင့် အစစ်အမှန်စွမ်းအင်ကိုထိန်းချုပ်နိုင်ခြင်း သည်အတော်ကြောက်ဖို့ကောင်းတာဘဲ။


ဝေါင်းးးးးး


ခြင်္သေ့တစ်ကောင်၏ မြည်ဟိန်းသံကိုကြားရပြီး မိစ္ဆာခြင်္သေ့ခောင်းအာလူးက ငရဲမီးတောက်ကြားထဲ၌ ရုန်းကန်လေသည်။သို့သော် ပုဖန်၏အစစ်အမှန်စွမ်းအင်က ရုန်းကန်၍ပင်မရအောင် ချုပ်ကိုင်ထားလေသည်။


"မင်းရဲ့ငရဲမီးတောက်ကို အရှိန်မြှင့်လိုက်....." ပုဖန်က အော်ပြောလိုက်သည်။ 


သွမ့်ယွင်သည် ပုဖန်စကားအတိုင်း မီးတောက်ကိုမြင့်ပြီးနောက် မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းက တွင်းထဲမှ ပေါက်ကွဲထွက်ပော်လာသည်။ ပေါက်ကွဲရာမှ မီးခိုးလုံးများအလုံးလိုက်အခဲလိုက် ထွက်လာ‌သည်။


"အဟွတ်... ဟွတ်..."


သွမ့်ယွင်က မီးခိုးမှိုင်းများကြောင့် မီးခိုးသီးကာ အဆက်မပြတ် ချောင်းဆိုးလိုက်သည်။ သွမ့်ယွင်က လူတစ်ယောက် သူ့ဆီဖြည်းဖြည်းချင်းလှမ်းလာသည်ကို ငေးကြည့်နေသည်။


ပုဖန်က ဖုန်များကပ်ငြိခြင်းမရှိပေ။သူ့လက်ထဲ၌ အစစ်အမှန်စွမ်းအင်ဖြင့် ဖုံးလွှမ်းထားသည့် မီးသွေးတုံးကြီးကို ကိုင်ထားလေသည်။ မည်သို့ပင်ဆိုစေကာမူ မီးသွေးတုံးပုံစံကြည့်ရုံဖြင့် တစ်ချိန်က အလွန်မွှေးကြိုက်သော ရွှေဝါရောင်မိစ္ဆာခြင်္သေ့ခောင်းအာလူးဟု အလွယ်တကူပင်ပြောနိုင်လေသည်။


"ကဲ.....ငာပြောသားဘဲ.....သွားမဖုတ်ပါနဲ့ဆိုတာကို....အခုတော့ ဘယ်လိုဖြစ်သွားပြီလဲ ကြည့်ပါဦး......"


" ခင်ဗျားက ဒါကြီးကို မီးသွေးတုံးအဖြစ် လုပ်လိုက်တယ်......အဆင့်ရှစ်အဆင့်ရှိတဲ့ စိတ်ဝိညဉ်ဆေးကို ဒီလိုသုံးမရတဲ့ အမှိုက်ခဲ ဖြစ်အောင် လုပ်ပစ်လိုက်တယ်.....ကွာ"

သွမ့်ယွင်က ယခုလိုအဖိုးတန်သော ရတနာတစ်ပါးကို ငကြောင်စားဖိုမှုးက ဖြုန်းတီးပစ်လိုက်သောကြောင့် နာကျင်နေလေသည်။


သွမ့်ယွင် စူးစူးဝါး‌ဝါးအော်နေသည့် မျက်နှာကို ပုဖန်က အေးဆေးစွာကြည့်နေသည်။ထို့‌နောက် နှုတ်ခမ်ပေါ် လက်ညှိုးလေးတင်ကာ တိုးတိုးလေး‌နေဟု လုပ်ပြလိုက်သည်။


"ပါးစပ်လေးပိတ်ပြီး ငါပြောတာ ခဏလေးနားထောင်ပါဦး..."


သွမ့်ယွင်က စိတ်လှုပ်ရှားကာ အလွန်အံ့အားသင့်သွားသည်။ခဏအကြာတွင် ပုဖန်းက မီးသွေးဖတ်များကပ်နေသည်ကို ဖြေးညှင်းစွာ ခွာချလေသည်။မီးသွေးခဲများ ကွာကျသွားပြီးနောက် အထဲတွင် ရွှေရောင်၀င်းလက်နေပြီး...

ခြင်္သေ့မြည်ဟိန်းသံကို ကြားလိုက်ရလေသည်။