အပိုင်း ၃၄၀
Viewers 62k

အခန်း ၃၄၀ “မိစ္ဆာအာလူးကို ညာဏ်ရှိစွာဖုတ်ခြင်း…”


မီးသွေးခဲတုံးကြီးမှ ရွေရောင် အလင်းတန်းများ စီးဖြာကျနေလေ၏။သာမာန်အရောင်အဝါထက် ပိုမို၀င်းပြောင်ကာ မျက်စိကျိန်းသည်အထိ တစ်လက်လက်၀င်းပ‌တောက်ပြောင်၍ အကြည့်အရုံများကို ဖမ်းစားထားသည်။


မျက်စိရှေ့၌ပင် မီးသွေးအချပ်လိုက်ကွာကျကာ ရွှေဝါရောင် ထိန်လင်းသော အရောင် အလင်းတန်းများ ထွန်းလင်းပေါ်ထွက်လာလေသည်။ ရွှေရောင်အလင်းတန်းကြား၌ မြူမှုန်များ ကခုန်နေသည်။မွှေးကြိုင်လွန်းသော သင်းရနံ့များသည်လည်း လှစ်ခနဲထွက်ပြူလာလေ၏။


မိစ္ဆာအာလူးကို ကျက်သည်အထိဖုတ်ပြီးသည့်နောက်တွင်တော့ ဖော်မပြနိုင်လောက်သည်အထိမွှေးကြိုင်လွန်းသော ရနံ့များလှိုင်ထွက်လာ၏။

ကြွပ်ရွနေသော အနားသားလေးများနှင့် မွှေးကြိုင်လှသည့်ရနံ့များကို လှစ်ဟပြနေ၏။


မီးသွေးဖတ်များ ကွာကျသွားချိန်တွင် နီညိုရောင် မိစ္ဆာအာလူး၏အသားလွှာသည် ထွက်ပေါ်လာသည်။

အဖိုးတန်လှသော ပယင်းရောင်ကဲ့သို့ မိစ္ဆာအာလုံးတစ်ခုလုံး ၀င်းပနေကာ ဘုရားသခင်၏ အထူးထူးသော ဖန်ဆင်းခြင်းကိုခံစားရသကဲ့သို့ပင်ဖြစ်လေသည်။


ပယင်းရောင် အသားလွှာလေးများမှ အငွေ့လေးများတန်းနေပြီး ကြည့်ရှု့နေသူ၏ စိတ်အာရုံကိုနှိူးဆွ စွဲဆောင်ကာ စားချင်စိတ်ကို အပြင်းအထန် ဖြစ်ပေါ်စေသည်။


"ဒါက သိပ်ကိုမှ မလှဘူးလား......." 


မိစ္ဆာခြင်္သေ့ခောင်းအာလူးကို ကိုင်ရင်း စိတ်ကျေနပ်စွာ ပုဖန်ပြောလိုက်သည်။ချိုမြိန်သောမွှေးရနံ့များက ပုဖန်၏မျက်နှာကိုကျီစယ်နေလေ၏။

သွမ့်ယွင်က ပူပူနွေး‌နွေးအာလူး၏ အခိုးအငွေ့များအား မျက်နှာသေကြီးဖြင့် ငေးကြည့်နေရငိး အငွေ့မျှင်များကို တရစပ်ရှူရှိုက်နေသည်။


မွှေးရနံ့များကမှော်အစွမ်းများပါ၀င်နေသလို မက်မက်မောမောပင် ရှူရှိုက်‌နေလေ၏။ ရှူရှိုက်လိုက်သည့် အချက်တိုင်း၌ မွှေးရနံ့များကိုလေနှင့်ရော၍ ရင်၀အထိရောက်အောင် ရှူနေပြီး ပုဖန်ပြောသမျှစကားတိုင်းကို အသိစိတ်မရှိပါဘဲ ခေါင်းငြိတ်နေ၏။


မိစ္ဆာအာလူးက ယခုလောက်အထိ ဆွဲဆောင်ညို့ငင်နိုင်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဤအာလူးသည် အဆင့်ရှစ်ရှ်ိသော စိတ်ဝိညဉ်ဆေးပင်တစ်မျိူးဖြစ်လေ၏။လူအများစုကတော့ မီးစွမ်းအားအတွက်နှင့် သက်စောင့်ဆေးစိမ်ဖို့အတွက်သာ သုံးတတ်ကြသည်။မည်သူမျှ ဤလူငကြောင်ကဲ့သို့ ဆန်းဆန်းပြားပြားနည်းလမ်းများသုံးကာ မချက်ကြပေ။


" နည်းနည်းလောက်မြည်းပါရစေ အရသာက သိပ်ကိုကောင်းမှာဘဲ......"


မီးခိုးငွေများ ပုဖန်လက်နားတစ်ဝှိုက်တွင် ဝေ့သီလာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါး ပေါ်လာသည်။

ဓါးသွားတစ်ချက်လက်ပြီးနောက် မိစ္ဆာအာလူး နှစ်ခြမ်းပိုင်းသွားက တစ်ခြမ်းကို သွမ့်ယွင်အား လှမ်းပေးလိုက်သည်။


" ဒါ... စားလို့ကော ရရဲ့လား......." 


မေးခွန်းမဆုံးသေးခင်ပင် သွမ့်ယွင်က ခေါင်းမဖော်စတမ်း စားသောက်နေသည့် ပုဖန်းကိုလည်းတစ်ချက်ကြည့်ကာ သက်မရှိုက်လိုက်သည်။


မိစ္ဆာအာလူးကိုကိုင်‌ထားသောကြောင့် သွမ်ယွင့်၏ လက်တစ်ဝှိုက်တွင် အစစ်အမှန်စွမ်းအင်လှိုင်းများ ပတ်ရံနေလေသည်။ အာလူးအသားများသည် ပူလောင်နေ‌သေး ပါ‌သော်လည်း သူ့ချောင်းများကို အစစ်အမှန်စွမ်းအင်ဖြင့် ကာရံထားသောကြောင့် ပူလောင်မှုကိုသိပ်မခံစားရပေ။


ပုဖန်က အာလူးအသားများမှ အခိုးငွေ့လေးများကို ဖြေးဖြေးသာသာမှုတ်ထုတ်လိုက်ရင်း အာလူးခြမ်းကို ဂရုတစိုက် လက်နှစ်ဖက်ဖြင့်ကိုင်ထားလေသည်။ ပုဖန်က သွမ့်ယွင်ကို သိပ်အာရုံမစိုက်တော့ပေ။သူက လက်ထဲရှိ အာလူးခြမ်းကိုသာ ငေးစိုက်ကြည့်နေသည်။

အားလူးမီးဖုတ်သည်မှာ တစ်ကယ် လွယ်ကူလှသည်။ 


တွင်းလေးတစ်ခုတူး...အောက်က ကျောက်ခဲလေးခံ...ပြီးတော့မှ အာလူးကိုထည့်လိုက်...နာက်ဆုံးမှာ သစ်ရွက်ခြောက်လေးတွေကိုပုံပြီး မီးရှို့လိုက်ပြီး... အဲ့မီးတောက်နဲ့ အာလူးဖုတ်လိုက်ရင် ရပြီ။ပုဖန်က ချက်ခဲ့သည်ကိုတွေး လိုက်သည်။


တစ်ကယ်တမ်း တခြားချက်ဖို့နည်းလမ်းများရှိသေးသည်။မီးသွေးမီးဖိုလေးပြင်ပြီး အာလုံးထည့်ဖုတ်လျှင်လည်း ရသည်။အာလူးက ခပ်မာမာနှင့် အပြင်အသားလေး ကြွပ်ရွကာ ရနံ့များ မွှေးပျံ့လာနိုင်သည်။အရသာလည်း စိတ်ကျေနပ်လောက်မည်ဖြစ်သည်။


အာလူးခွံပေါ်မှ မီးသွေးချပ်များ ခွာပြီးသည်နောက် လေ၀၀ရှူရင်း အာလူးအသားအေးအောင်

မှုတ်ခလိုက်သည်။ထို့နောက် ရှေ့သွားကလေးဖြင့် ကိုက်ချလိုက်လေ၏။


"အား...... "အာလူးသည် ပူလွန်းသောကြောင့် သူ့သွားများ ကျင်ခနဲ ဖြစ်သွား၏။တစ်ချက်ထပ်ကိုက်လိုက်ရင်း ပါးစပ်ထဲမှ အပူငွေ့များ မှုတ်ထုတ်လိုက်ကာ မွှေးပျံ့လွန်းသည့် အနံ့ကို ခံစားလိုက်သည


အာလူးအသား ချိုမွှေးမွှေးလေးက လျှာရင်းအထိအရသာ စိမ့်သွားလေ၏။တစ်ကယ်ကိုဘဲ အရသာကထူးခြားကောင်းမွန်လေ၏။စိတ်ဝိညဉ်အစွမ်းများဖြင့် ထိန်းသိမ်းထားမှုကြောင့် အနံ့အရာသာများကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်လေသည်။


ပြင်းအားကောင်းသော ဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ စိတ်ဝိညဉ်စွမ်းအားများသည် လှိုင်းလုံးကြီးများကဲ့သို့ အရသာကို မိစ္ဆာအာလူးတစ်ပိုင်းတည်းမှပင် ပေးစွမ်းနိုင်၏။


အဓိက အရေးအကြီးဆုံးသောအချက်မှာ ခြင်္သေ့မိစ္ဆာအာလူးဖုတ်၏အရသာသည် တခြားသော ဟင်းလျာများထက်ပို၍ သာလွန်သော စိတ်ကျေနပ်မှု အရသာကိုပေးစွမ်းလေ၏။ခံစားချက်ကို မည်သို့ပင်ဖော်‌ပြရမည်ကိုပင် မသိချေ။


ပုဖန်က ဤအရာသည် စိတ်ဝိညဉ်ဆေးတစ်မျိုးပင်ဖြစ်သည်ဟု သတ်မှတ်လိုက်၏။မိစ္ဆာအာလူးကို အလွယ်တကူပင် ချက်ပြုတ်ပြင်ဆင်နိုင်သော်လည်း ပုဖန်၏ ချက်ခဲ့ဖူးသော ဟင်းလျာများထက် ထူးခြားလေ၏။ တစ်ကယ်တမ်း ဤအာလူးဖုတ်က စိတ်ဝိညဉ်ဓါတ် နည်းပါးသော်လည်း ပုဖန်၏ မြင့်မားသောစွမ်းအင်အဆင့်က အားပြုပေးကာ စိတ်ဝိညဉ်ဓါတ်ကို တိုးတက်‌စေ၏။


ပုဖန်အတွက် ယခုလို စိတ်ဝိညဉ်အစွမ်းကို အသုံးပြု၍ချက်ပြုတ်ခြင်းသည် သူ့အတွက် ‌ရှာဖွေတွေ့ရှိမှုအသစ်ပင်ဖြစ်၏။ သူ တဖြည်းဖြည်းချင်းပင် အလယ်အလတ်သော စားဖိုမှုးအဆင့်သို့ပင် ရောက်ရှိလာလေ၏။ပုဖန်၏ အချက်အပြုတ်စွမ်းအင်သည်လည်း ပိုမိုမြင့်မားလေချေသည်။ သို့သော်သူ၏ စွမ်းရည်တိုးတက်ခြင်းအတွက် တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုခက်လာသည်။


အစာကွင်းဆက်၏ထိပ်မှာရပ်တည်နိုင်ပြီး ဤဆန်းကြယ်သည့်ကမ္ဘာအတွင်း ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါးအဖြစ်ကို အာသာဆန္ဒပြင်းပြသူ ပုဖန်းက ဤကဲ့သို့ တိုးတက်မှုနှေးကွေးလွန်းသည်ကို သဘောမကျပေ။သူ့က သူ၏ရည်မှန်းချက်ဖြင့်ဝေးအောင်လုပ်ထားသည် ဟုပင်ထင်နေလေ၏။


စစချင်းအဆင့်တွင် တစ်ဆင့်မှ နောက်တစ်ဆင့်သို့ တက်ရန်လွယ်ကူသော်လည်း သူ၏ စွမ်းအင်အဆင့်မြင့်တက်သည်နှင့်အမျှ သူ၏သဘောထားလည်း ကျယ်ပြောလာ၏၊သူ၏ ချက်ပြုတ်ချင်းစွမ်းရည်လည်း ထက်မြက်လာသည်။ထို့ကြောင့်ပင် နောက်တစ်ဆင့်သို့တက်ရန် ခက်ခဲလာသည်။ နောက်တစ်ချက်မှာ သူ၏ နက်ရှိုင်းလှသော ပြင်းထန်သည့် စွမ်းအင်အဆင့် လိုအပ်နေသောကြောင့်လည်းဖြစ်နိုင်လေသည်။


ပုဖန်းက အာလူးဖုတ်ကို စားရင်း အတွေးနယ်ချဲ့‌နေ လေ၏။


"ပလွတ်....ပလွတ် ပလွတ်"


ဘေးမှ ပလုတ်ကလောင်းစားသံက သူ၏အတွေးမျှင်ကို ပြတ်‌စေခဲ့သည် ။ပုဖန်က တစ်ခုခုခံစားမိသောကြောင့် မျက်မှောင်ကြုံ့လိုက်၏။


သွမ့်ယွင်က သူ့ကို မတ်တပ်လျက်ရင်း အာလူးခြမ်းအခွံကိုကိုင်ကာ ကြောင်စီစီကြည့်နေသည်။


"ဘာဖြစ်တာလဲ" ပုဖန်က အံ့အားသင့်ပြီးမေးလိုက်သည်။


အာလူးခွံကိုအာသာငမ်းငမ်းမျိုချပြီးသည့်တိုင်အောင် သွမ့်ယွင်က ဆက်ဝါးနေလေသည်။

ထို့နောက် သက်ပြင်းရှည်ကြီးကိုချလိုက်သည်။ သွမ့်ယွင်က စိတ်ဂဏာမငြိမ်သူသကဲ့သို့ပင် ဖြစ်နေ၏။ဒါဟာ သူ့အတွက် ပထမဆုံးသော အရသာရှိလွန်းသည့် အစာကို အရသာခံဖူးခြင်းပင်ဖြစ်လေသည်။ စားအသောက်ကောင်းကြိုက်သူ သူ့အတွက် ဤအစားအသောက်က အဆင့်ရှစ် သက်စောင့်ဆေးကို အငမ်းမရ သောက်သုံးသကဲ့ပင် စိတ်ကျေနပ်မှုကိုရ‌စေ၏။


"သိပ်ကိုစိတ်ရှုပ်ဖို့ကောင်းတာဘဲ......"


မိစ္ဆာအာလူးက ယခုလိုမီးဖုတ်ပြီးသည့်တိုင်အောင် အနံ့နှင့်အရသာ သည်ကြာရှည်ခံကာ မလျော့ပါးသွားပေ။တစ်ကိုက်စာလေးလေးကပင် စိတ်ဝိညဉ်အရသာနှင့် စွမ်းအင်များသည် သူ့ပါးစပ်အတွင်း ပြန့်၀င်သွားကာ သူ့ကိုပင်လယ်လှိုင်းလုံးကြီးများလို ခံစားစေရ၏။

 ဤကဲ့သို့ သစ်ဆန်းလှသည့်အရသာထူးက သူ့ကိုယစ်မူးစေလေ၏။


"ဘယ်လိုအရာတွေကများ ဒီလောက်ထိအရသာရှိစေတာပါလိမ့်...." သွမ့်ယွင်၏ စိတ်ထဲ၌ ဆန်းစစ်နေမိသည်။


ငရဲမီးတောက်ဖြင့်ဖုတ်‌ထားသော အာလူးတစ်လုံးက ဤမျှလောက် အရသာဆန်းကို ပေးစွမ်းနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ သွမ့်ယွင်က စိတ်လှုပ်ရှားမှုးကြောင့် ရူးချင်သလိုဖြစ်လာ၏။ရုတ်တရက်ပင် ငရဲမီးဖြင့် အာလူးဖုတ်များကို ရောင်းစား‌တော့မည်ဟုပင် တွေးလေ၏။


တစ်ကယ်တမ်း ဒါက ရူးကြောင်ကြောင်အတွေးပါပင် ။ ငရဲမီးတောက်ဖြင့် အာလူးဖုတ်ရောင်းစားနေသည်ဟု သူ့ဆရာတွေ့ပါက သူ့ကိုလည်ပင်းထညှစ်မလားပင် မသိနိုင်ပေ။

ပုဖန်က ရုပ်တည်တည်ဖြင့်ပင် သူလက်ထဲမှ အာလူးအကျန်ကို ပါးစပ်ထဲ သွတ်ထည့်လိုက်သည်ကို သွမ့်ယွင်က လောဘတကြီးကြည့်နေလေသည်။


"ပလွတ်....ပလွတ်"


စည်းချက်ကျကျထွက်ပေါ်လာသည့် အာလူးဝါးသံက သွမ့်ယွင်ကို စိတ်ပျက်လက်ပျက်ဖြစ်စေ၏။

မျိုချသည့်အသံသည်လည်း မှန်မှန်ထွက်လာလေသည်။


"အေ့...ဂေ့......."


လေချဉ်တက်ရာမှပင် စိတ်ဝိညဉ်စွမ်းအားနှင့် ရနံ့များ ပြန့်ဝဲလာ၏။


ရုတ်တရက် ပုဖန်က မျက်လုံးပြူးကာ ရင်ကိုနှိပ်လေ၏။လက်ကိုချက်ခြင်းပင်ဝှေ့ရမ်းလိုက်ပြီး စနစ်၏ သိုလှောင်နယ်မြေမှ ကရားတစ်ခုကိုနှိုက်ထုတ်လေ၏။ အားရပါးရ ဝိုင်တစ်ကျိုက်စာ သောက်ပြီးနောက် စိတ်ကျေနပ်စွာ သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်လေ၏။


မိစ္ဆာအာလူးဖုတ်နှင့် နှင်းခါးမီးတောက်သိမြင်မှုဝိုင်သည် အလွန်ကိုလိုက်ဖက်သောတွဲစပ်မှုပင်ဖြစ်လေ၏။

လေထဲတွင် သင်းပျံ့လာသော ဝိုင်၏သင်းရနံ့ကို ရရှိချိန်မှာတော့ သွမ့်ယွင်က မျက်လုံးပြူးမတတ်ဖြစ်လာ၏။ 


"ဝိုင်ရနံက သိပ်ကိုမှ နှစ်လိုဖွယ်ကောင်းတာပဲ.."


ပုဖန်က နောက်တစ်ကြိမ် ပါးစပ်ထဲမှ လျှံကျသည်အထိ မော့သောက်ကာ လျှာဖြင့် နှတ်ခမ်းကိုပင် လျက်လိုက်သေး၏။ ပုဖန်က သွမ့်ယွင်ကို ယခုမှပင် သတိရလာပြီး နှင်းခါးသိမြင်မှုမီးတောက်ဝိုင်ကိုကိုင်မြှောက်ရင်း မေးလိုက်သည်။


"တစ်ခွက်လောက်သောက်ဦးမလား..."


"ငါ သောက်လို့ရမလား...." 


သွမ့်ယွင် မျက်လုံးများ အရောင်တောက်လာကာ ရှက်ရှက်နှင့်ပင်မေးလေပြီး.. ချက်ခြင်းပင် ပုဖန်အနားသို့ရောက်သွားလေ၏။


"မရဘူး......" 


ပုဖန်က လက်ကိုဝှေ့ရမ်းလိုက်ပြီး စနစ်၏သိုလှောင်နယ်မြေသို့ ပြန်သိမ်းလိုက်သည်။


“ဒီဝိုင်က အရမ်းစျေးကြီးတယ်....."


သွမ့်ယွင်က ကို့ရိုးကားရားဖြစ်သွားကာ... 


"လူနှစ်ယောက်ကြားမှာ ယုံကြည်ဖို့ အဓိကကျတာဘာလဲ.......မျှဝေလို့မှမရဘူးလား.....ငါတို့က မိတ်ဆွေစစ်တွေ မဟုတ်ဘူးလား....."


မိစ္ဆာအာလူးကို ငရဲမီးတောက်ဖြင့် ဖုတ်စားပြီးခဲ့ချိန်မှာတော့ ပုဖန်ဟာ ငရဲမီးတောက်၏ အစွမ်းသတ္တိအတွက် အကြံတစ်ခုကို ကြံစည်ခဲ့သည်။ သူသည် ဤငရဲမီးတောက်အစွမ်းဖြင့် သူ၏ဟင်းချက်စွမ်းရည်ကို ပိုမိုမြင့်မားစေရန်အတွက် ကူညီနိုင်မည်ဟု သေချာသလောက်ရှိနေသောကြောင့် အခုချိန်မှာ အဖျားတက်နေသလိုမျိုး.လိုချင်စိတ်ဖြစ်နေသည်။

ငရဲမီးတောက်က မိစ္ဆာအာလူးကို စိတ်ဝိညဉ်စွမ်းအားများ ပျံ့နှံ့စိမ့်၀င်ရုံသာ သုံးနိုင်သေးသည်။

ကောင်းကင်ကမ္ဘမြေမီးတောက်ကျောက် သို့မဟုတ် ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းဖြင့်သာ ဟင်းချက်ခဲ့ပါက ဘယ်လိုမျိုးဖြစ်မှာလဲ။


ဒါတွေက ပုဖန်၏ စိတ်ကူးထဲ၌ အဆင့်ကျော်၍တွေးနေခြင်းဖြစ်သည်။ သူက... နဂိုမူလက တောင်စဉ်တစ်ထောင်တောင်တန်းသို့သွားကာ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကို ရှာဖွေပြီးမဟူရာလိပ်ခုံးဒယ်အိုးကို အသက်၀င်လာအောင် ပြုလုပ်ရမည်ဖြစ်သည်။ သို့သော်လည်း ယခုချိန်၌ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ရရှိရန်သာ ပိုမိုစိတ်အားထက်သန်နေလေတော့သည်။

ဤသည်မှာ သူ၏ ချက်ပြုတ်ခြင်းအခက်အခဲအတွင် အောင်မြင်ကျော်လွန်နိုင်သည့် လမ်းစပင်ဖြစ်ပေတော့သည်။


သွမ့်ယွင်က ပုဖန်၏ပုံစံကိုကြည့်ရင်း နှုတ်ခမ်းသပ်လိုက်၊မျက်စိကလေး တောက်ပလာလိုက်နှင့် 

ပုဖန်၏ ခွေးလိမ်မာလေးကဲ့သို့ပင် ပြုမူနေလေ၏။