အပိုင်း ၃၄၁
Viewers 53k

အခန်း ၃၄၁ “ဒါက ပိုင်ရှင်ပုများဖြစ်နေမလား...”


တောင်စဉ်တစ်ထောင် တောင်တန်း... ကြည်လင်ကောင်းကင် ဘုရားကျောင်း၌...


တောင်တန်းပေါ်ရှိ တောအုပ်ထဲတွင် မြင့်မြတ်မျှော်စင်က တည့်မတ်စွာ တည်ရှိနေလေ၏။သံ‌မျှော်စင်ကို အရွယ်စုံ ပုံစံစုံလှသည့်အိမ်ပေါင်းများစွာက ၀န်းရံဆောက်လုပ်ထားလေ၏။အဆောက်အဦးများသည် တစ်ခုနှစ်တစ်ခု ချိတ်ဆက်နေပြီး မျှော်စင်အနီး၌ မြို့ငယ်လေးသဖွယ် အုပ်စုဖွဲ့လျက် တည်ရှိနေသည်။


အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကြည်လင်ကောင့းကင်ဘုရားကျောင့းမှလတပည်များ မြို့ထဲဖြတ်လျောက်လာကြသည်။မြို့၀င်ဂိတ်တံခါးကြီး ပွင့်လာပြီး လူများစီတန်းလျက် မြို့ထဲသို့၀င်လာကြသည်။ စူးစူးဝါးဝါးအော်သံတစ်ခု လေထဲတွင် ပြန့်နှံ့ပဲ့တင်လာလေ၏။


နေပြင်းငှက်ဘီလူးက အတောင်ကိုဖြန့်လျက် ဆင်းသက်လာသောကြောင့် ပြင်းထန်သောအပူလှိုင့းများရိုက်ခတ်လာသည်။ ၀၀ဖိုင့်ဖိုင့်အကြီးအကဲက နေပြင်းငှက်ဘီလူး၏ ကျောပေါ်မှဆင်း လိုက်သည်။ ထိုလူက တန်ခိုးရှင်အဆင့်... ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ ယဲ့ယွင်ချင်း ပင်ဖြစ်၏။


"ငါတို့မှာ ဒါဏ်ရာရတဲ့လူတွေ ရှိလာသေးလားဟေ့......"


ယဲ့ယွင်ချင်းက မျက်မှောင်ကြုံကာ ငေးကြည့်ရင်းမေးလိုက်သည်။ တောင်စဉ်တစ်ထောင်တောင်တန်းသည် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကြောင့် မတည်ငြိမ်သော ‌နယ်မြေဖြစ်နေလေသည်။ ယခင်က သူတို့သည် ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကို ပေါက်ကွဲစေရန် ဖြိုဖျက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဖိအားများလာသည်နှင့်အမျှ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းသည် ပေါက်ကွဲရန် တာဆူလာလေသည်။


နောက်ဆုံးတွင် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ပေါက်ကွဲလာလေ၏။ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ဆီသို့ ၀င်ရောက်ရန် အားထုတ်နေသည့် မရေမတွက်နိုင်သော တောင်စဉ်တစ်ထောင်တောင်တန်းမှ စစ်သည်များကို တွေ့မြင်ရလေသည်။

ကောင်းကင်ကမ္ဘာမြေ‌မီးတောက်ကျာက်သည် တောင်စဉ်တစ်ထောင်တောင်တန်းထဲတွင် တည်ရှိလေနေ၏။


" အား.....နာတယ် အဖိုး......." 


ရီဇီလင်းက လေးကိုကျောမှာလွယ်ကာ နားရွက်ဆွဲခံရင်း လူအုပ်ထဲမှထွက်လာသည်။

ရီဇီလင်းနှင့် ရီဖန်း အန္တရယ်ကင်းနေသည်ကို တွေ့မှ ယဲ့ယွင်ချင်း သက်ပြင်းချရလေသည်။


"မင်းဟာ စကားနားမထောင်တဲ့ ကောင်လေးဘဲ.......ဒီရက်ပိုင်းအတွင်း တောင်စဉ်တစ်ထောင်တောင်တန်းမှာ အန္တရယ်ရှိ‌‌နေတယ်ဆိုတာ မသိဘူးလား....ကြည်လင်ကောင်းကင်ဘုရားကျောင်းမှာဘဲ၊ဘယ်ကိုမှ ငါ့ခွင့်ပြုချက်မရဘဲ သွားရမယ် မမှတ်နဲ့...."ယဲ့ယွင်ချင်းက ထူးထူးခြားခြား မျက်နှာထားတင်းက ဆူလေ၏။


ရီဇီလင်းက နှုတ်ခမ်းဆူနေပြီး ရီဖန်းက နှုတ်ပိတ်နေသည်။


"အဖိုး...ကျွန်တော်တို့ ဒီတစ်ခေါက်မှာ အကိုကြီးတစ်ယောက်ကိုတွေ့ခဲ့တယ် သိလား....သူက ဟင်းချက်သိပ်ကောင်းတာဘဲ...."


ရီဖန်းက ယဲ့ယွင်ချင်း စိတ်လျော့ကာ သူ့အနားမလာမချင်းစောင့်နေသည်။


"စားဖိုမှူး ဟုတ်လား........ ဒီလောက် စာဖိုမှူးတွေအများကြီးရှိနေတာဂို ဘယ်သူက သိပ်တော်လို့တုန်း......."ယဲ့ယွင်ချင်းက ပိုင်ရှင်ပု၏ ဟင်းချက်လက်ရာကို သိသော်လည်း ယခုလိုမေးလိုက်၏။


သူ့စိတ်ထဲတွင်လည်း နဂါးအသည်းရေခဲချောင်းကို ပြန်သတိရလာသည်။


ရီဖန်း၏ ပြောစကားကို မတုန်လှုပ်ဘဲ နားထောင်ကာ ပိုင်ရှင်ပုထက် ဘယ်သူကများ တော်တာ ရှိသေးလို့လဲ ဟုစဉ်းစားနေလေ၏။ ရီဖန်းကလက်မလျော့ဘဲ ပုဖန်၏ အသားလုံးနဂါးသွေးဆန်ပြုတ်အကြောင်းကို အသေးစိတ်ပြန်ပြောရင်း သူ၏ပထမဆုံးသော စွန်းစားခန်းအကြောင်းကို ပြောလေသည်။ပြန်ပြောရင်းပင် အသားလုံးနဂါးသွေးဆန်ပြုတ်ကို တမ်းတလာကာ သွားရည်ပင်ယိုလာ၏။


ရီဇီလင်းက ခပ်တည်တည်ပင်ရပ်နေလေသည်။


"ကဲပါ ကိုယ့်ဖာသာကိုယ်သာ သွားရည် ထိန်းဦး....." 


"ဘာ လူလေးဘာပြောလိုက်တယ်"ယဲ့ယွင်ချင်က သူပြောသည်ကိုအာရုံမစိုက်ထားသော်လည်း တစ်ခုခုကိုသတိပြုမိလိုက်သည်။


"သံရုပ်သေး တစ်ခုခုက အဲ့ဒီစာဖိုမှူးနားမှာ ရှိနေသေးလား...."


" ဟုတ်တယ် ခပ်ကြီးကြီးသံ‌ရုပ်သေးတစ်ကောင်တော့ ရှိတယ်၊ဒါပေမယ့် သိပ်ကို ထူးခြားတာဘဲ အဖိုးရာ.....ကျွန်တော်ကတော့ သိပ်ကြိုက်တာဘဲ......"ဟု ရီဖန်းက အေးအေးဆေးဆေးပြောလိုက်သည်။

ခပ်အေးအေးမျက်နှာ၊ပိန်ပိန်ပါးပါး စားဖိုမှုး၊ ဘေးမှာကလည်း ရုပ်သေးရုပ်ရှိ၍ ဟင်းချက်ကလည်းတော်သေး၏။


"ဖြစ်နိုင်တာကတော့......."


တခြားနေရာ‌တွင် ရပ်နေသော ရီဇီလင်းလည်း အံ့ေဩာသွားချေ၏။သူမ ရုတ်တရက်ဆိုသလို ဖြတ်ခနဲတစ်ယောက်ယောက်ကို သတိရသွားသည်။


"အနီးစပ်ဆုံး ဖြစ်နိုင်တာကတော့...."


"သေစမ်းကွာ......."ယဲ့ယွင်ချန်းက တုန်ရီသွားသည်။ 


"ဒါဟာ ပိုင်ရှင်ပု.....ဘဲဖြစ်ရမယ်......ပိုင်ရှင်ပုကလည်း တောင်စဉ်တစ်ထောင် တောင်တန်းဆီကို လာနေတယ်..... သူဘာလာလုပ်တာလဲ........ သူကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်အတွက် လာတာဘဲဖြစ်ရမယ်.. .ဟုတ်တယ်.....ဒါပေမယ့် စားဖိုမှူးတစ်ယောက်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဘာလုပ်ဖို့လဲ......."


၀၀ဖိုင့်ဖိုင့် အကြီးအကဲ၏မျက်နှာသည် တစ်မဟုတ်ခြင်း ပြောင်းလဲသွား၏။သူ တစ်စုံတစ်ခုကို သတိရသွားသည်


"ဒါ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောင်ကို သုံးပြီး ဟင်းလျာအသစ် ချက်ဖို့ဘဲဖြစ်ရမယ်......"


သေသေချာချာတွေးလေလေ ပိုမှန်ကန်လေဖြစ်နေသည်။ပိုင်ရှင်ပုရဲ့ အကျင့်အရ နဂါးအသည်းရေခဲချောင်းကိုပင် ချက်ပြုတ်နိုင်လျှင် ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကိုအသုံးပြုပြီး ဟင်းချက်မည်ဆိုလျှင် အံ့အားသင့်စရာမရှိပေ။

၀၀ဖိုင့်ဖိုင့် အကြီးအကဲက အတွေးများဖြင့် စိတ်လှုပ်ရှားနေလေ၏။


…..


သွမ့်ယွင်က ပုဖန်၏အနောက်သို့လိုက်ခဲ့သည်။သူက ပုဖန်ကိုကြည့်လိုက် သံစက်ရုပ်ကိုကြည့်လိုက်ဖြင့် စိတ်ရှုပ်ထွေးကာ ချွေးပြန်လာ၏။ ပုဖန်တွင် မြင့်မားသော စွမ်းအင်အဆင့်မရှိသော်လည်း သူ၏ နည်းပညာသည် အထင်ကြီးစရာပင်။အထူးသဖြင့် သူ၏ ဒယ်အိုးက သွမ့်ယွင်ကို တုန်ရီကြောက်ရွံ့စေ၏။


သူက ဒယ်အိုးအကြောင်းမတွေးဘဲ မနေနိုင်ပေ။သေချာတာက ဒါဟာ သာမာန်ပစ္စည်းမဖြစ်နိုင်‌ဘဲ နတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းလောက်ပင်ဖြစ်နိုင်သည်။မည်ကဲ့သို့သော ပန်းပဲပညာရှင်က ဤလောက်အစွမ်းထက်သည့် လက်နက်ကို ထုလုပ်နိုင်မှာလဲ။


လက်နက်တစ်ခု ဓါး သို့မဟုတ် လှံတစ်ချောင်း ဖန်တီးဖို့ ရှားပါးသတ္တုတွေလိုသေးတယ်။ဒါပေမယ့် ယခုလို ဒယ်အိုးအတွက် ဘယ်လိုမျိုး ကြိုးစားရမည်ပင် မသိနိုင်တော့ချေ။


အားလုံးခြုံကြည်လျှင် ပုဖန်သည် အညတရမဟုတ်နိုင်ပေ။ ပုဖန်သည် ‌တောင်ပိုင်းဒေသနှင့်လည်း ရင်းနှီးကျွမ်း၀င်မှုမရှိပေ။ သွမ့်ယွင်က ည်းသူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ငရဲမီးတောက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သောကြောင့် တောင်စဉ်တစ်ထောင်တောင်တန်းကို ဖြတ်သန်းရာအတွက် ခက်ခဲမည်ဟုမထင်ပါ။


"ပုဖန်ကလည်းတောင်ပိုင်းဒေသအပြင်မှ လာခဲ့တာမျိုးလား....."


သေချာတာကတော့ သူကလည်း ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းအတွက် 

တောင်စဉ်တစ်ထောင်တောင်တန်းကို လာခဲ့ခြင်းဖြစ်မည်။ သွမ့်ယွင်က တွေးလေလေ သူ့အတွေး မှန်ကန်လာ လေလေဖြစ်လေသည်။


ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းသည် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်အမျိုးအစားပင်ဖြစ်လေပြီး ဖော်မပြနိုင်လောက်အောင် တန်ဖိုးကြီးသည်။သူက မလာခင်ကတည်းမှပင် ကောင်းကင်ကမ္ဘာမြေမီးတောက်၏ နေရာကိုစုံစမ်းလာခဲ့ပြီဖြစ်သည်။


သူတစ်ယောက်တည်းပင်မဟုတ် တခြားသော မရေမတွက်နိုင်သည့် စစ်သည်များလည်း ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက် အတွက် တစ်ဖွဲဖွဲလာနေကြသည် နဂါးမြို့ဟောင်းနယ်မြေ၏ အစွန်ဘက်တွင်ရှိသော တောင်ပိုင်းဒေသသည် ပျော်စရာကောင်း၏။


မဟာဂိုဏ်း၏တပည့်များ အတွက် စွမ်းအင်လေ့ကျင့်ရန်နေရာရှိသည်။သွမ့်ယွင်ကိုယ်တိုင်က ဤဂိုဏ်ထဲသို့မ၀င်ချင်ပေ။ထို့ကြောင့်ခိုးကြောင်ခိုးဝှက် နေနေရ၏။တောင်စဉ်တစ်ထောင်တောင်တန်းသည်ကျယ်ပြောလှသောကြောင့် ခိုးကြောင်ခိုးဝှက်နေရခြင်းသည် သူ့အတွက်သိပ်မခက်လှပါ။


"ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ဘယ်နားမှာလဲဆိုတာ မင်းသိလား......"


ခပ်သုတ်သုတ်ပင် သူတို့နှစ်ယောက် တောထဲသို့၀င်သွားသည်။ထင်းရှူးပင်စိမ်းများနှင့် သစ်ပင်အိုကြီးတို့သည် နေရာအနှံ့တွင် ပေါက်ရောက်နေ၏။ ဤနေရာများ၌ တချို့သော အဆင့်နိမ့် ခြေလေးချောင်း သတ္တဝါများနေထိုင်တတ်သည်။


"ငါလည်း မသိဘူး၊ငါကလည်း ကြမ်းတမ်းခြင်းမီးတောက်‌တစ်သောင်းအတွက်လာခဲ့တာ.....ငါနဲ့ ကြည်လင်ကောင်းကင်ဘုရားကျောင်းက လူ‌ကြီးတောင်မှ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းရဲ့ အနီးစပ်ဆုံး တည်နေရာကို မေးရင်း ရန်ဖြစ်ကြသေးတယ်ကွ......နောက်ဆုံး သူဆီက ဘာသတင်းမှ မရတာနဲ့ ငါဘာသာဘဲ လာခဲ့တော့တာဘဲ......"


ကံကလည်းဆိုးလိုက်တာဟု ထင်နေမိသည်။ပုဖန်၏ ဒယ်အိုး အရိုက်ချခံရသောကြောင့် ကြောက်ရွံ့စဲပင်ဖြစ်လေ၏။


"သိပ်တော့မစိုးရိမ်ပါနဲ့.......ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ဆိုတာ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကနေ ရတာဘဲ.........အဲ့အကြောင်း သတင်းက ပြန့်နေတော့ ငါတို့သတင်းစကို လိုက်ရှာလို့လွယ်တယ်........ပြီး‌တော့မဟာဂိုဏ်နဲ့ မတွေ့အောင်ရှောင်ဖို့ကလည်း ကြံရဦးမယ်........."


သွမ့်ယွင်က ဂဏာမငြိမ်ဖြစ်နေလေသည်။သူ၏ခေါင်းကို ဒါဏ်ရာတစ်ခုခုများ ရှိနေသလားဟု ပွတ်သပ်ရင်း တွေးနေသေးသည်။


ပုဖန်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကြောင့် လူအများစု သေကြေပျက်ဆီးနိုင်သည်ဟု သတိပြုမိသည်။


"ဟမ်း......." 


ပုဖန်က ရုတ်တရက်ပင် ခပ်ပျော့ပျော့မွှေးရနံ့သင်းရာဆီသို့ နှာခေါင်းဖြင့်အနံ့ခံလိုက်သည်။


"ဒီအနားမှာ တစ်ခုခုရှိရမယ်......" မျက်စိမှိတ်ကာ ရနံ့ရရာဆီသို့ အနံ့ခံရင်း ရေရွတ်လိုက်သည်။

သွမ့်ယွင်သည်လည်း အဖြစ်အပျက်ကြောင့် အံ့ေဩာသွားလေသည်။သူကလည်း ပုဖန်ကဲ့သို့ အနံ့ခံပါသော်လည်း မည်သည့်အနံ့မျှ မရရှိပေ။


သူကပုဖန်အနောက်မှ အနံ့ခံရင်း နေရာအနှံ့ရှာကြည့်ပါသော်လည်း နဘေးမှ ခြုံပုတ်နှင့် ပန်းရနံ့သာရလေ၏။နောက်ဆုံး သူတို့ ရင်သပ်ရှု့မောဖွယ်နေရာဆီသို့ရောက်လေသည်။

သူတို့၏ မျက်လုံးများက ၀င်းပတောက်ပြောင်နေလေ၏။


ပုဖန် မျက်လုံးများ လင်းလက်၍ တစ်နေရာဆီသို့ ငေးနေလေသည်။နေရာသည် ကျယ်သောလည်း သစ်ပင်ကြီးကြီးမားမားတစ်ခုမျှမရှိပေ။နေရာလေးတွင် ခရမ်းရောင်အပင်ငယ်လေးကမြေဆီလွှာမှ ထိုးထွက်ကာရှင်သန်နေလေ၏။


ကိုင်းအဖျားလေးမှအဖူး‌ငယ်လေးများပွင့်ဝေကာအတန်ငယ်ကြီးသည့် ခရမ်းရောင်အသီးများလည်း သီးနေလေ၏။ ပုဖန်တို့ရရှိနေသည့် မွှေးရနံ့လေးသည် ထိုအပင်ငယ်လေးမှ လာခြင်းပင်ဖြစ်သည်။


"ဒါ ဒါက..... တိမ်ခရမ်းသစ်သီးပင်ဘဲ......တစ်ကယ်ဘဲ ဒီအပင်ကပေါက်နေတာလား......"သွမ့်ယွင်က ပါးစပ်အဟောင်းသားဖြင့် စိတ်လှုပ်ရှားစွာမေးလိုက်သည်။


တိမ်ခရမ်းသစ်သီးအပင်က အဆင့်ရှစ်ရှိသော စိတ်ဝိညဉ်ဆေးဖက်၀င်အပင်ဖြစ်၏။ တိမ်ခရမ်းသီးကပင် အဆင့်ခုနှစ်ရှိသော အဖိုးတန်အရာဖြစ်လေသည်။တစ်လုံးသီး ရန်အတွက်ပင် သိပ်ကိုရှားပါးလေသည်။

တစ်ကယ်အဖိုးအတန်ဆုံးကတော့တိမ်ခရမ်းသစ်သီးပင်၏ အသီးလည်းမဟုတ်သလို အရွက်လည်းမဟုတ်ပေ။တစ်ကယ့်တစ်ကယ်အရေးကြီးအဖိုးတန်သည်မှာ အကိုင်း‌တစ်လျှောက်ရှိ ၀တ်ရည်ပင် ဖြစ်ချေတော့၏။


တိမ်ခရမ်းသစ်သီးအပင်၏ကိုင်းရှိ အချပ်ဆီမှ ခရမ်းဖျော့အရိပ်ရည် ထွက်သည်။ဤသည်မှာ တိမ်ခရမ်းသစ်သီး၏ ၀တ်ရည်ပင်ဖြစ်ချေ၏။အလွန်တရာပင်အရသာရှိပြီး အင်အားပြန်လည်တည်ဆောက်ရာ၌ အလွန်အရေးပါသည်။ 


သွမ့်ယွင်သည် ရင်ခုန်နေလေ၏။သူက တိမ်ခရမ်းသစ်သီးပင်မှ ခူးဆွတ်ရင် ဟန်ပြင်၍ ခြေလှမ်းလိုက်သည်။

တစ်ဖက်မှာ ပုဖန်ကတော့ စိတ်ကိုငြိမ်အောင်ထိန်းရင်း သူ့ကိုတစ်ချက်ကြည့်လိုက်၏။ထို့နောက် တောင်ပုံရာပုံချီသော အရိုးစုများကို ကြည့်လိုက်လိုက်သည်။