အခန်း ၃၄၂ "သွမ့်ယွင်၏ စိတ်အံ့အားသင့်မှု့"
စမ်းမြမြသွေးကြောလေးများယှက်သွယ်ထားသည့် ခြေလှမ်းတစ်စုံနှင့် ယောကျာ်းကြီးတစ်ယောက်၏ ခြေလှမ်းတို့သည် တောအုပ်အတွင်းသို့ ဖြတ်သန်းနေလေ၏။
ခြေလှမ်းတိုင်းသည် သစ်ရွက်ကြွေများအတွင်းသို့ နစ်မြှပ်စွာ သွားလာရပါသော်လည်း ခြေဖမိုးများသည် ညစ်ပေခြင်းမရှိပေ။
"အကြီးအကဲ.....ကျွန်မတို့က ကြည်လင်ကောင်းကင်ဘုရားကျောင်းရှိတဲ့နေရာကို သွားနေတာလား.......... "နူးညံ့လှသည့် မိန်းမပျိုတစ်ယော၏အသံသည် တောအုပ်အတွင်း၌ ထွက်ပြူလာလေ၏။
"ကြည်လင်ကောင်းကင်ဘုရားကျောင်းမှာ ဘာလုပ်မလို့လဲ........ "
"ငါတို့က ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်း ထွက်လာမည့်အချိန်ကိုသွားစောင့်မှာ......... လူတိုင်းနီးပါးလည်းအဲ့ဒီကိုလာကျလိမ့်မယ့်......ဒါကြောင့် ငါတို့က သူတို့ထက်အရင်ရောက်အောင်သွားရမှာ......."ရှူရဂိုဏ်းချုပ်က လေးနက်တည်ကြည်စွာပြန်ပြောလေ၏။
မင်းသမီးလေး၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် လက် သွားလေ၏။ သူတို့နှစ်ယောက်စလုံးသည် ခပ်သုတ်သုတ်ပင် တောထဲသို့ ဖြတ်လေသည်။တောအုပ်က နေပျောက်ပင်မထိုးနိုင်အောင် ထူထပ်လေနေတော့ သည်။
..............
တောင်စဉ်တစ်ထောင်တောင်တန်း အပြင်ဘက်၌
ဖြူလွသောဆံပင် နှင့်လူတစ်ယောက် သည် ငှက်ဖြူကြီးတစ်ကောင်ကို စီးနှင်လျက် ကောင်းကင်ထက်၌ ဝဲပျံနေလေ၏။ကြီးကျယ်မြင့်မြတ်သော ပုံရိပ်နှင့်အတူ ဆွတ်ဆွတ်ဖြူသော မျက်ခုံးမွှေး၊မုတ်ဆိတ်မွှေးလည်း ပိုင်ဆိုင်ထား၏။
ငှက်ဖြုကြီး၏ ကိုယ်ပေါ်တွင်ထိုင်ရင်း အရိပ်တစ်ခုနှယ် ဝဲပျံရင်း တချိန်တုန်းက တောင်စဉ်တစ်ထောင်တောင်တန်းကို တိုက်ခိုက်သကဲ့သို့မြန်ဆန်စွာ ခုန်ဆင်းလိုက်သည်။
ငှက်ဖြူကြီးခေါင်းပုတ်ကို လူကြီးက ပုတ်လိုက်သောကြောင့် ပျော်ရွှင်စွာ ကျည်ကျည်ကျာကျာမည်လေ၏။ငှက်ကြီးလည်း တောင်ပျံခတ်ကာ လေဟုန်စီးရင် ပြန်လည်ထွက်ခွာသွားသည်။
လူကြီးကလက်နောက်ပစ်ရင်း နွေဦးစမ်းရေအိုင် ဆီသို့ ငေးနေလေ၏။
"တောင်စဉ်တစ်ထောင်တောင်တန်းက အရင်လိုလှပတုန်းဘဲ.......ကပ်ဆိုက်တဲ့အချိန်အခါမို့ ဒီလိုအလှအပတွေဟာ ခံစားသူမရှိတာ နှမျောစရာဘဲ......." အကြီးအကဲက သက်ပြင်းဖြေးညှင်းစွာချ၏။
သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကျုတ်သော နဂါးကြီး၏အရိပ်သည် တောင်စဉ်တစ်ထောင်တောင်တန်းမှ ထွက်ပေါ်လာသည်။နဂါးကြီးအရိပ်သည် လိမ်လိုက်ရင်း စူးစူးဝါးဝါးအော်လေသည်။ မျက်စိကျိန်းမတတ် ၀င်းလက်သောအလင်းတန်းကလည်း သူ့ဗိုက်နားတွင် ရစ်ပတ်နေလေသည်။
အကြီးအကဲက သက်ပြင်းရှည်ကြီးချလိုက်သည်။ အာကာသအာနမ်ဂိုဏ်း၏ နဂါးစွမ်းအင်သည် တောင်စဉ်တစ်ခုစီတွင်ရှိသော စွမ်းအင်များကို ခံစားသိမြင်စေသည်။ တောင်စဉ်တစ်ထောင်တောင်တန်း၏ နဂါးစွမ်းအင်သည် စွမ်းအင်များစွာကို လှိုင်းထစေလေ၏။ ၀မ်းဗိုက်ပေါ်မှ ထွန်းတောက်၀င်းပြောင်သောအလင်းတန်းသည် နဂါးစွမ်းအင်အားလုံးတို့ကို စုပ်ယူနိုင်သည့် အရင်းအမြစ်ပင်ဖြစ်လေ၏။
ဤနေရာသည် ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်း ဖြစ်တည်ရာပင် ဖြစ်နေ၏။ ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက်ဖြစ်ရန် တောင်တန်းတစ်ခုလုံး၏စွမ်းအင်စုစည်းရာလည်းဖြစ်သည်။
သို့သော် နဂါးစွမ်းအင်တစ်ခုတည်းဖြင့်လည်း ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက် မဖြစ်နိုင်ပေ။ ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက်ဖြစ်ပေါ်လာရန် အခြားသော အချက်အလက်များလည်း လိုအပ်၏။
အကြီးအကဲသည် နဂါးစွမ်းအင်ကို ဖွင့်ရန်မှလွဲ၍ အလုံးစုံသော အသေးစိတ်ကို စိတ်မ၀င်စားပေ။
ရုတ်တရက်ပင် တောင်စဉ်တစ်ထောင်တောင်တန်း၏အပြင်ဘက်၌ ဓါးစွမ်းအင်တစ်ခုသည် လေကိုခွဲကာ လာနေလေသည်။ အကြီးအကဲက လှစ်ခနဲပြုံးလိုက်လေသည်။ ပြက် ခနဲ့ ဓါးသွားတစ်ချက် ကဲ့သို့ ကျလာပြီး ချိတ်ပန်းပွင့်များ ၀တ်ဆင်ထားသည့် လူတစ်ယောက် ရောက်လာ၏။သူသည် ကြမ်းတမ်းသောမျက်နှာထား ရှိပြီး မျက်လုံးများသည် တောက်ပနေချေသည်။ဓါးတစ်ချက်၀င့်လိုက်၏။
ဓါးရောင် လက်ခနဲ ဖြစ်လိုက်ပြီး မကြာခင်ပင် အကြီးအကဲဘေးနားသို့ အရိပ်တစ်ခု ကပ်သွား၏
"တိမ်ဖြူစံအိမ်မှ ဝူးမူက အာကာသအာနန်ဂိုဏ်းချုပ်သခင် သို့ ဂါ၀ရပြုပါသည်......”
လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ဦးညွတ်ဂါ၀ရပြုလေ၏။အကြီးအကဲမှ ပြုံးလိုက်ရင်း လက်ဝှေ့ကာ နှုတ်ဆက်လိုက်သည်။ ဝူးမူသည်တိမ်ဖြူစံအိမ်၏ အရှင်သခင်ဖြစ်ပြီး အဆင့်ရှစ်ရှိသော တန်ခိုးရှင်အဆင့် ဓါးသမားပင်ဖြစ်လေသည်။သူ၏ဓားမှာ တိမ်ဖြူစံအိမ်၏ နတ်ဘုရားတစ်ပိုင်းအဆင့် တိမ်မြူဓါးဖြစ်လေတော့သည်။
"တိမ်ဖြူစံအိမ်သခင် မူ ရဲ့ ဓါးချက်တွေက သိပ်ကိုမှ ကောင်းမွန်တာဘဲ၊ တစ်ကယ်ဘဲ ဂုဏ်ပြုထိုက်ပါတယ်........" အကြီးအကဲက ပြောသည်။
အကြီးအကဲစကားကြောင့် ဝူးမူ၏မျက်နှာ၌ အပြုံတစ်ချက်သမ်းသွားသည်။ နှစ်ယောက်စလုံးသည် ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းရရှိရန် သို့မဟုတ် ရှူရဂိုဏ်အကြီးအကဲထံ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းမရောက်ရှိစေရန် ရည်ရွယ်ချက်တူညီရှိကျသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် အော်သံတစ်ခုကို ကောင်းကင်ထက်မှကြားရ၏။
ခြေကြီးဖားပြုတ်သည် ကောင်းကင်ကြီးကို ဖုံးအုပ်မတတ် ကျယ်ပြန့် ကြီးမားလေ၏။ခြေလှမ်း အချက်တိုင်းက ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားသည်။ ဤသည်မှာ အဆင့်မြင့်သားရဲပင်ဖြစ်သည်။
အဆင့်မြင့်သားရဲ၏ ခေါင်းအထက်နားတွင် ပုံရိပ်အနည်းငယ်သည်လည်း ရှိလေသည်။ထိုအထဲမှတစ်ခုသည် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို ထိန်းချုပ်သည့်အရာဖြစ်သည်။လူတစ်ယောက်၏ အစစ်အမှန်စွမ်းအင်ကဲ့သို့ပင် အသုံးပြုနိုင်လေသည်။
သို့သော် ခန္ဓာကိုယ်အနေအထားကြောင့် စွမ်းအင်အပြည့်အဝတော့ သုံးနိုင်စွမ်းမရှိပေ။
နောက်ဆုံးတွင်တော့ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ စစ်သည်များလည်း ရောက်ရှိလာတော့သည်။
................
ပုဖန်က သွမ့်ယွင်ကို ဟန်ဆောင်ပြုံးပြလိုက်သည်။ တိမ်ခရမ်းသစ်သီးအပင်နားတွေ အရိုးစုများ ပြန့်ကြဲနေသည်။အရိုးစုများက အန္တရယ်၏ အရိပ်အယောင်ကို ဖော်ပြနေ၏။
သွမ့်ယွင်က အရည်အချင်းလည်းရှိသလို ရဲရင်မှုလည်းရှိသည်။သူသည် တောင်ပိုင်းဒေသနှင့် ကျွမ်း၀င်မှုမရှိသော်လည်း ကြောက်ရွံ့စိတ်မဖြစ်ပေါ်မိပေ။သူသည် စွမ်းအင်အဆင်လည်းမြင့်သလို ငရဲမီးတောက်ကိုလည်း ပိုင်ဆိုင်သောကြောင့် တက်ကြွနေသည်။
ခြေလှမ်း အနည်းငယ်ရှေ့တိုးပြီးနောက် စိတ်ထဲတွင် ပေါ့ပါးသွားလေသည်။
သူ့အရှေ့မှ မြေကြီးသည် ကွဲအက်လာကာ သွေတရဲရဲ ပါးစပ်ကြီးပေါ်လာ၏။
"ဒီမှာ အဆင့်ရှစ်သတ္တဝါကြီးရှိနေတတ်တာလား......." သွမ့်ယွင်က ငရဲမီးတောက်လုံးကြီး ဖန်တီးကာ နဂါးကြီးဆီသို့ ပစ်သွင်းလိုက်၏။
နီကျင်သော မျက်လုံးနှင့်ကြောက်မက်ဖွယ်ဆူးတောင်များသည် သတ္တဝါကြီး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ ချွန်မြနေသည့် သွားများဖြင့် သတ္တဝါကြီးသည် ဖွတ်အကြီးစားကဲ့သို့ဖြစ်ပြီး လျှင်လျှင်မြန်မြန်လှုပ်ရှားနိုင်လေသည်။သတ္တဝါကြီးသည် အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးပင်ဖြစ်သည်။
သတ္တဝါကြီးသည် သွမ့်ယွင်ဆီသို့ အမြှီးတရမ်းရမ်းဖြင့် ပြေးလာသည်။
သွမ့်ယွင်က ဒီလိုသတ္တဝါကောင်က သူ့ကို ရန်မူသောကြောင့် ဒေါသထွက်သွားသည်။ သူ့လက်ထဲတွင် ငရဲမီးတောက်ကို ဆုပ်ကိုင်လျက် အဆင့်ရှစ်မြေနဂါးကြီးအား ရင်ဆိုင်လေသည်။ ဘေးပတ်၀န်းကျင်မှ ကြီးမားပြင်းထန်သော လေပြင်းများနှင့် မီးတောက်မီးလျှံများ အပြင် အရိုးစုများ လွင့်ပျံလာသည်။ တိမ်ခရမ်းသစ်သီးအပင်မှ ပြင်းထန်သော ရောင်ခြည်များနှင့် ရနံ့များလည်း လေဖြင့်အတူ ထုတ်လွှတ်လိုက်သည်။
ပုဖန်က အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးသည် တိမ်ခရမ်းသစ်သီးပင်ဖြင့်ဆွဲဆောင်ကာ ရောက်လာသူတိုင်းကို တိုက်ခိုက်စားသောက်ပစ်သည်ဟု သိလာသည်။ သို့မဟုတ် အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးသည် တိမ်ခရမ်းသစ်သီးပင်ကို စောင့်ရှောက်သူလည်းဖြစ်နိုင်၏။
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီး၏ အဆင့်အရ လွယ်လွယ်ကူကူတိုက်ခိုက်ရမည်မဟုတ်မှန် သိသာလေသည်။ထိုကြောင့် အဆင့်ရှစ်မြေနဂါးကြီးနှင့် လုံးထွေးသတ်ပုတ်ရန်မဖြစ်နိုင်ပေ။
ပုဖန်သည် စဉ်းစားရင်း ဇောချွေးပြန်လာ၏။
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးသည် ကြမ်းတမ်းမာကြောသော အရေခွံရှိ၍ မီးဒါဏ်ကို ခံနိုင်သည်။
ထို့ကြောင့် ငရဲမီးတောက်ကိုပင် မကြောက်မလန့် ခုခံနိုင်သည်။ သွမ့်ယွင်သည် အဆင့်ရှစ်စစ်နတ်ဘုရားဖြစ်သောလည်း ငရဲမီးမရှိပါက အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးနှင့် မယှဉ်ပြိုင်နိုင်ပေ။
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီး၏ စွမ်းအင်အဆင့်သည် အလွန်ပင်မြင့်မားက အင်အားလည်းကြီးသည်။
"ဖြန်း......."
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီး၏အမြှီးရိုက်ခတ်မှု့ကြောင့် သွမ့်ယွင် လွင့်ထွက်သွားသည်။
သွမ့်ယွင်နှင့်ပုဖန် နှစ်ယောက်စလုံးကို သွေးတရဲရဲ ပါးစပ်ကြီးကို ဖြဲရင်းမာန်ဖီလေရာ မသတ္တီစရာ အပုပ်နံ့ကြီး လှိုင်ခနဲထွက်လာလေ၏။
ပုဖန်က အဆင့်ရှစ်ကမ္ဘာမြေနဂါးကြီးကို အေးဆေးစွာကြည့်ရင်း စိမ်ပြေနပြေ ရှေ့တစ်လှမ်းတိုးလိုက်သည်။
မီးခိုးငွေ့များ လွင့်ပျံလာပြီး ဓါးကြီးတစ်ချောင်းလက်ထဲတွင်ပေါ်လာသည်။ ဤသည်မှာ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးပင် ဖြစ်ပြီး နဂါးမျိုးနွယ်စု စိတ်ဝိညဉ်စွမ်းအားလည်း ပါ၀င်ပေ၏။
ပုဖန်၏ လက်ရှိစွမ်းအင်ကျင့်ကျန်အဆင့်အရ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးဖြင့် တိုက်ခိုက်ပါက
နဂါးမျိုးနွယ်သတ္တဝါကောင်ကို ကောင်းကောင်းကြီးပင်ရင်ဆိုင်နိုင်၏။
သွမ့်ယွင်သည် အဝေးမှ ပါးစပ်အဟောင်းသားဖြင့် ရှေ့တိုးလာသည့် ပုဖန်ကို ကြောင်ကြည့်နေသည်။ငရဲမီးတောက်သည် သူ့လက်ထဲတွင် ယုတ်လျော့နေပြီး ပုဖန်က ဘယ်လိုအနိုင်ယူလိမ့်မည်နည်းဟူ၍ သိလိုစိတ်ပြင်းပြနေသည်။
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးသည် အတော်ပင် ရက်စက်ကြမ်းကြုတ်၏။သူ၏ အရေပြားသည် ကြမ်းတမ်းသလို မာကြောမှုလည်းရှိသည်။ဤသည်ကို မည်သို့ဆိုက်ခိုက်မည်နည်းဟုလည်း တွေးတောနေသည်။ ထို့ကြောင့် မြင်ကွင်းကို ရှင်းနေအောင် သေသေချာချာကြည့်လေ၏။
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးသည် မာန်ဖီပြီးနောက်တွင်တော့
"ရွှီး........."
"ရွှမ်း........."
သိပ်အားပင်မစိုက်ရဘဲ ပုဖန်၏ ဓါးချက်အောက်တွင် အဆင့်ရှစ်မြေကမ္ဘာနဂါးကြီး နှစ်ပိုင်းပြတ်မတတ် ဖြစ်နေလေတော့သည်။ ပုဖန်က ခပ်တည်တည်ပင် ဓါးကြီးကို ပုခုံးပေါ်ထမ်းထားလေသည်။
ပုဖန်က အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးခေါင်းပေါ်တွင် ခြေထောက်တင်ထားရင်း တစ်ချိန်က အင်အားကြီးမားခဲ့သော်လည်း ယခုမူ အသားတုံးအစများသာ ဖြစ်ကုန်သည်ဟု တွေးနေလေသည်။
အဆင့်ရှစ်မြေကမ္ဘာနဂါးကြီး၏ အပိုင်းပြတ်ဆီမှ သွေးများသည် ချောင်းငယ်တစ်ခုသဖွယ် အိုင်ထွန်းနေပြီး တောအုပ်အတွင်း ငြှီနံ့များပျံ့လွင့်နေလေတော့သည်။
သွမ့်ယွင်က လျှပ်တစ်ပြက်ပင် ဖြစ်ပျက်ခဲ့သော ကိစ္စများအပေိါ၌ ပါးစပ်ဟောင်းလောင်းဖြစ်ကာ အံ့အားသင့်နေသည်။
ပုဖန်သည် အဆင့်ခုနှစ်သူတောင်စင်အဆင့်ဖြစ်သော်လည်း သွမ့်ယွင်ကို သိမ်ငယ်စေတော့သည်။သူက အဆင့်ရှစ်မြေကမ္ဘာနဂါးကြီးကို အင်တိုက်အားတိုက် ခြေမှုန်းခဲ့ပါသောလည်း ပုဖန်အတွက်မူ အေးအေးဆေးဆေးပင် တိုက်ခိုက်နိုင်လိုက်၏။
သွမ့်ယွင်ကဘဲ ညံ့ဖျင်းသလား ပုဖန်ကဘဲ တော်လွန်းနေသလားပင် မသိတော့ချေ။
ပုဖန်က မျက်စိနောက်စရာ သူ့ဓါးကြီးကိုပြန်သိမ်းလိုက်ရင်း သွမ့်ယွင်ကိုတစ်ချက်ကြည့်လိုက်သည်။
သူက မြေကမ္ဘာနဂါးအသားတုံးကြီးကို ထုပ်ပိုးလိုက်ရင်း" မင်း ဒီအသားတုံးကို သယ်ခဲ့ရမယ်......ဒီညတော့ မြေနဂါးသားဟင်းလေး ချက်စားကြတာတော့....."ဟု ပေါ့ပါးစွာပြောလိုက်သည်။