အပိုင်း ၃၄၃
Viewers 53k

အခန်း ၃၄၃ "ကိုယ့်ကိုယုံကြည်မှု့ရှိပါစေ"


သွမ့်ယွင်က အင်တိုက်အားတိုက် တိုက်ခိုက်ခဲ့ပါသော်လည်း အနိုင်မယူနိင်သော မြေကမ္ဘာနဂါးကြီးကို ပုဖန်က အလွယ်တကူပင် အနိုင်ရလိုက်လေ၏။ဘာကြောင့်များ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေရတာလဲ။


သွမ့်ယွင်သည် စဉ်းစားရင်း စိတ်ရှုပ်လာသောကြောင့် အတွေးများကို ‌အဆက်ဖြတ်လိုက်လေသည်။

ပုဖန်ကတော့ သွမ့်ယွင်ဘာဖြစ်နေသည်ကို ဂရုမစိုက်ပါ။ 


မြေကမ္ဘာနဂါး အသေကောင်ကြီးဘေးမှ ဖြတ်၍ တိမ်ခရမ်းသစ်သီးအပင်ဆီသို့ သွား‌သည်။

အပင်သည် မှိန်ဖျော့ဖျော့လင်းနေသည်။ သစ်သီး၏ စိတ်ဝိညည်‌မွှေးရနံ့သည်လည်း လွင့်ပျံ့လျက်ရှိသောကြောင် ပုဖန်က သစ်သီးတစ်လုံးကို ချက်ခြင်းပင်ခူးဆွတ်လိုက်သည်။


အသီးသည် အဆင့်ခုနှစ်တိမ်ခရမ်းသစ်သီးဖြစ်ပြီးစိတ်ဝိညည်စွမ်းအင် အပြည့်ပါ၀င်လေ၏။

သူက အလွယ်တကူပင် အခွံ့ခွာလိုက်သည်။အခွံသည် အတွင်းသားထက် ကြမ်းတမ်းကာ ခါးဖန်ဖန်အရသာရှိကာ စားမကောင်းပေ။ အတွင်းသားသည် သစ်သီးတစ်ခုလုံး၏ အနှစ်အရသာဖြစ်လေ၏။အသားသည် လိုင်ချီးသီးကဲ့‌သို့ ခပ်ကြည်ကြည်လေးဖြစ်ကာ တစ်ကိုက်ကိုက်ရုံဖြင့် အရည်ရွမ်းကာ ပါးစပ်မှ စီးကျလေတော့သည်။ထူးခြားမွှေးပျံ့သော ရနံ့လေး ပျံ့လာရင်း ချိုမြိန်သည့် အရသာ ဖြစ်လာစေ၏။


အလောတကြီးပင် ကိုက်စားပြီးနောက် ပုဖန်က အပြာရောင်ကြွေပန်းကန်လုံးကိုထုတ်လိုက်လေသည်။

လက်ကိုလှုပ်ခါပြီး မီးခိုးငွေ့များနှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးသည် လက်ထဲတွင်ပေါ်လာ၏။

ပုဖန်က တိမ်ခရမ်းသစ်သီးပင်မှ အရွယ်တော် ကိုင်းတစ်ကိုင်းကို သူ့ဓါးဖြင့် ခုတ်လိုက်သည်။ခဏအကြာတွင် သန့်စင်သော တိမ်ခရမ်း၀တ်ရည်များ စီးထွက် ယိုစိမ့်လာတော့သည်။


တိမ်ခရမ်း၀တ်ရည်များသည် ရိုးရိုးရေထက်တော့ ပိုမိုပျစ်လေသည်။စီးထွက်လာသည့် တိမ်ခရမ်း၀တ်ရည်များကို အပြာရောင်ကြွေပန်းကန်လုံးဖြင့် အောက်ကခံလိုက်၏။ အပြာရောင်ကြွေပန်းကန်လုံးပြည့်သည်နှင့် ဖြတ်ထားသည့် သစ်ကိုင်းကို လက်မလေးဖြင့် အသာအယာပိတ်လိုက်၏။ခဏအကြာတွင်တော့ ဆက်လက်ယိုစိမ့်ခြင်းမရှိတော့ပေ။


သွမ့်ယွင်က တိမ်ခရမ်း၀တ်ရည်ပြည့်နေသည့် ပန်းကန်လုံးကိုကြည့်ရင်း အံ့ေဩာနေလေသည်။

တိမ်ခရမ်း၀တ်ရည်သည် စိတ်လှုပ်ရှားလောက်အောင် ဒါဏ်ရာကို ကုသနိုင်စွမ်းရှိလေသည်။ထို့ပြင် ဖော်မပြနိုင်လောက်အောင်ပင် ထူးခြားသည့်အရသာလည်းရှိ၏။ 


ပုဖန်က သွမ့်ယွင်၏ မနာလိုသည့်မကြည့်ကို ဂရုမစိုက်ဘဲ တိမ်ခရမ်း၀တ်ရည်တစ်ခွက်လုံး တစ်ကျိုက်တည်းမော့ချလိုက်၏။


"ဂလု......ဂလု.......ဂလု" 


တမူထူးခြားသော အရသာကို မျက်စိလေးစင်းကာ ခံစားလိုက်သည်။ တိမ်ခရမ်း၀တ်ရည်သည် ချိုမြအေးမွှေးကာ လည်ချောင်းတစ်လျှောက် စီးဆင်းပွတ်သပ်သွားလေသည်။


ပုဖန် သောက်ခဲ့ဖူးသည် ကြံရည်လိုအရသားမျိူးနှင့်တော့ အနည်းငယ်ဆင်တူသည်။ပုဖန်၏ လျှာဖျားတစ်လျှောက် အရသာလှည့်ပတ်စီးဆင်းပြီးနောက် ပုဖန်ကို မိန်မူးစေတော့သည်။

တိမ်ခရမ်း၀တ်ရည်သည် တိမ်ခရမ်းသစ်သီးကဲ့သို့ပင် စိတ်ဝိညဉ်စွမ်းအင်အပြည့်ရှိလေသည်။


"အေ့......ဂေ့"


ခွက်တစ်ခုလုံး တစ်ကျိုက်မော့ပြီးနောက် ပုဖန်သည် အသံကျယ်ကျယ်ဖြင့်ပင် လေချဉ်တက်တော့သည်။ခန္ဓာကိုယ်လည်း ပေါ့ပါးလာသည်။


"သိပ်ကိုကောင်း......" 


ပုဖန်က ကျေနပ်တင်းတိမ်စွာ ရေရွတ်သည်။နောက်တစ်ကြိမ် ခွက်နှင့်အပြည့်ခံကာ မော့ပြန်လေ၏။

ပုဖန်က ထိုမျှမကသေး သူ့စနစ်၏တောအုပ်လေးထဲတွင် စိုက်ပျိုးရန် ကြံ့ရွယ်လျက်တိမ်ခရမ်းသစ်သီးပင်မှ အမြစ်ကိုနှုတ်ကာ စနစ်၏ သို့လှောင်ခန်းထဲသို့သိမ်းလိုက်သေးသည်။ သာသာယာယာရှိသော နေ့ရက်များတွင် ထိုင်ခုံလေးပေါ် ခွေခေါက်ထိုင်ရင်း လိုအပ်ပါက တိမ်ခရမ်း၀တ်ရည်ကို သောက်သုံးလိုက်ဦးမည်ဟု ကြံစည်လျက် ပျော်ရွှင်နေသည်။


သွမ့်ယွင်သည် တိမ်ခရမ်း၀တ်ရည်တစ်ခွက်လောက် သောက်ချင်ပါသော်လည်း ပုဖန်က သူ့ကိုအဖတ်မလုပ်သောကြောင့် စိတ်မကောင်းဖြစ်နေသည်။


"မြေကမ္ဘာနဂါးအသားတုံးကို သယ်ခဲ့ဦး၊ဒါ ငါတို့အတွက်ညစာဘဲ"လို့ ပုဖန်က အ‌မိန့်ပေးလိုက်ရင်း လက်နောက်ပစ်ကာ အရှေ့မှ ကြိုထွက်သွားသည်။


သွမ့်ယွင်က မျက်နှာရှုံ့မဲ့သွားလေသည်။


မြေကမ္ဘာနဂါးအသားတုံးသည် ကြီးမားသော်လည်း သွမ့်ယွင်၏ အဆင့်ရှစ်စွမ်းအင်ရှိသော နတ်ဘုရားတစ်ပါး၏ စွမ်းအင်အနေဖြင့် သိပ်မခက်ခဲပေ။ လူနှစ်ယောက်၊စက်ရုပ်သေးရုပ်နှင့် မြေကမ္ဘာနဂါးသား အသားပိုင်းတစ်ပိုင်းသည် တောအုပ်ကိုစတင်ဖြတ်ကျော်လေတော့သည်။


ညသည်မှောင်လာပြီး နေရောင်ခြည်လျော့နည်းလာသည်။လခြမ်း‌‌ကွေး နှစ်ခုက လိမ်ယှက်က စန်းယှဉ်လျှက် ကောင်းကင်တွင်ပေါ်ထွက်လာတော့လေသည်။


မီးပုံကြီးသည် တဟုန်းဟုန်း တောက်လောင်နေ၏။ကြီးမားသည့် ဒယ်အိုးကြီးထဲတွင် ရေများ ပွက်ပွက်ဆူလျှက်ရှိ၏။သွမ့်ယွင်က ဒယ်အိုး ‌နဘေးတွင် ထိုင်ရင်း သစ်ကိုင်းများ ပစ်ပစ်ထည့်လေသည်။

သူက ယခုထက်တိုင် မကျေနပ်နိုင်သေးပေ။ပုဖန်က ဘာကြောင့် ဒီလောက်တိုက်ခိုက်နိုင်ရတာလဲ။

ပုဖန်ကတော့ မနားမနေ မြေကမ္ဘာနဂါးအသားပိုင်းကြီးကို လှီးလိုက်ဖြတ်လိုက်သည်မှာ အရိုးချည်ကျန်သည့်အထိပင်ဖြစ်သည်။


ပုဖန်က အဖိုးတန်သည့် မြေကမ္ဘာနဂါးကြီး၏ အရေခွံကိုတော့ လွှင့်မပစ်ပေ။မြေအောက်တွင် နှစ်ပေါင်းများစွာနေထိုင်သောကြောင့် အရေပြားသည် ကြမ်းတမ်းကာ မာကြောလေသည်။

ယနေ့စာကို ပုဖန်က မြေကမ္ဘာနဂါးသားနှပ်ဟင်း ချက်ပြုတ်ရန် စီစဉ်ထားသည်။


ပုဖန်၏ ချက်ပြုတ်စွမ်းရည်ကိုကြည့်ရင်း သူသည် လေ့ကျင့်ရေးကွင်းပြင်ရောက်နေသည်ဟုပင် မထင်ရပေ။

သွမ့်ယွင်က ပုဖန်လိုမျိုး လေ့ကျင့်ရေးကွင်းပြင်ကို စိတ်အေးလက်အေးဟင်းချက်နိုင်သည့် မီးဖိုချောင်သကဲ့သို့သတ်မှတ်နိုင်သော လူမျိုးကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။


မြေကမ္ဘာနဂါးသားသည် တခြားသော ဟင်းခတ်အမွှေးအကြိုင်များ မပါ၀င်သော်လည်း အမြင်လှသော အနေအထားရှိသည်။နူးညံ့လွန်းသော မြေကမ္ဘနဂါးအသားစိမ်းသည် ပန်းကန်ထဲတွင် အိစက်နေသည်မှာ ဂျယ်လီတုံးကလေးများကဲ့သို့ပင်ဖြစ်နေသည်။


ဤအသားနှပ်ကိုချက်ပြုတ်ဖို့ သိပ်မခက်ခဲပေ။သို့သော် အခု မြေကမ္ဘာနဂါးနှပ်ဟင်းလျာသည် ပုဖန်၏ အစွမ်းအစကို သက်သေပြနေသည်။ချက်ပြုတ်နေစဉ်အတွင်း နူးညံ့ပျော့ပြောင်းကာ လှုပ်ရှားမှု့များသည် စည်းချက်ကျကျပြု‌မူနေသည်။


"ပုဖန်က သိပ်တော်တဲ့ အချက်အပြုတ်ပညာရှင်တစ်ယောက်လား........"


မီးစွမ်းအားရှင်ဂိုဏ်း၏ ဂိုဏ်းတော်သားတစ်ယောက်အနေဖြင့် စာဖိုမှုးသာသာ လူတစ်ယောက်၏ တိုက်ခိုက်မှု့ကိုခံရသောကြောင့် မခံချိမခံသာဖြစ်ရသည်။ မည်သို့ပင်ဆိုစေကာမှု သွမ့်ယွင်အနေဖြင့် ပုဖန်၏ဟင်းလျာများကို ဆွဲဆောင်မှုကို မတွန်လှန်နိုင်ရှာပေ။ သေချာတာကတော့ ပုဖန်က သွမ့်ယွင်၏ ငရဲမီးတောက်ကို ချော့မော့ပြီး အသုံးပြုနိုင်လေတော့သည်။


ပုဖန်က သူ၏ ငရဲမီးတောက်ကိုအသုံးပြုပြီး အသားနှပ်ဖို့ စစချင်းပြောတုန်းက သူငြင်းဆန်ခဲ့သေးသည်။သူက မီးစွမ်းအင်ရှင်၏ ဂုဏ်သိက္ခာကို ထိန်းချင်သေးသည်။ သို့သော် သွားရည်ယိုစရာ မြေကမ္ဘာနဂါးအသားက သူ့ကိုဆွဲဆောင်ခဲ့ပြီး မီးစွမ်းအင်၏ ဂုဏ်သိက္ခာကို ခဏဘေးချိတ်ထားလိုက်တော့သည်။


အာလူးကိုဖုတ်ခဲ့သလို ဤ အသားကိုလည်း ကင်ချင်လေတော့သည်။


မြေကမ္ဘာနဂါးအသားကို ငရဲမီးတောက်ဖြင့်ကင်နေလေသည်။မကြာခင် အသားတုံးကို မီးမြိုက်သဖြင့် အဆီများတစ်စက်စက်ယိုစိမ့်လာခဲ့တော့သည်။


အဆီနံ့နှင့်တစ်ကွ အသားကင်ရနံ့များသည် သွမ့်ယွင်ကို မရိုးမရွဖြစ်လာစေသည်။ အသားမကျက်သေးခင်ကပင် သွမ့်ယွင်က သွားရည်ယိုနေသည်။ ငရဲမီးတောက်ဖြင့်ကင်သည့် အသားရနံ့သည် အလွန်ပင်မွှေးပျံ့နေသည်။မွှေးရနံ့က သွမ့်ယွင့်ကို တယွယွဖြစ်ကာ ငရဲမီးတောက်ကိုပင် သိပ်မထိန်းချုပ်‌နိုင်တော့ချေ။


ပုဖန်က"မီးတောက်ကို ဆက်ထိန်းထား၊မင်းဟာ ပညာရှင်ဘဲ........ကိုယ့်ရဲ့ပညာကို ကိုယ်ယုံကြည်ပါ...."ဟု ဘေးမှပြောလေသည်။


သွမ့်ယွင်က စိတ်မထိန်းနိုင်ဘဲ" မဟုတ်ဘူး.....ငါကပညာရှင်မဟုတ်ဘူး၊ငါက အသုံးမကျတဲ့မီးစွမ်းအားရှင်......"ဟု စိတ်ထဲမှပြန်ပြောသည်။


အသားကျက်ခါနီးတွင် တောင်စဉ်တစ်ထောင်တောင်တန်းမှ ပေါက်ကွဲမှု့ကြီးကိုမြင်လိုက်ရသည်။ပေါက်ကွဲမှု့သည်ကြီးမားလွန်းသောကြောင့် မီးတောက်ကြီးများ တောက်ပစွာ လောင်ကျွမ်းလေသည်။လောင်ကျွမ်းသည် များပြားသောကြောင့် ညဖြစ်ပါလျက် နေ့ဘက်ကဲ့သို့ လင်းထိန်သွား၏။


ပုဖန်းက ကြည့်လိုက်ရင်း"ဒါ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်း ထွက်ပေါ်လာတာလား....."ဟုပြောလိုက်သည်။


ပုဖန်က မီးတောက်ကြီးကို ခဏသာကြည့်ပြီး နီရဲကြွပ်ရွနေသည့် မြေကမ္ဘာနဂါးအသားနှပ်တွင်သာ အာရုံရောက်နေတော့သည်။


"ငရဲမီးတောက်ကိုဘဲ အာရုံစိုက်ပါ......တစ်ကယ်လို့ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်း ပေါ်ထွက်လာရင်တောင် ငါတို့ကတော့ အသားကိုဆက်ပြီးကင်ရမယ်....."


မြေကမ္ဘာနဂါးအသားတုံးသည် မီးရောင်ကြောင့် အဆီများဖြင့် အရောင်လက်နေပြီး စားချင်စိတ်ကို နှိုးဆွနေသည်။


ပုဖန်က သွားရည်ယိုနေသော သွမ့်ယွင်ကို ကြည့်လိုက်ရင်း ပန်းကန်တစ်လုံးနှင့် တူတစ်စုံ ပစ်ပေးလိုက်သည်။


သွမ့်ယွင်ကဖမ်းလိုက်ရင်း အံ့အားသင့်စွာပြန်ကြည့်လိုက်သည်"ဒီလူ့မှာ မီးဖိုချောင် ပစ္စည်းအစုံရှိနေတာဘဲ......"


သို့သော် ဆက်မတွေးတော့ဘဲ ပုဖန်လိုမျိူး တစ်လက်လက်တောက်ပနေသော အငွေ့တစ်ထောင်းထောင်းထနေသည့် မြေကမ္ဘာနဂါးစားနှပ် တစ်ဖက်ကို ကောက်ထည့်လိုက်သည်။

ဂျယ်လီလိုအိအိကလေး‌ဖြစ်နေသော အသားနှပ်ကို လျှာပေါ်တွင်တင်ကာ စိတ်ကျေနပ်စွာ ဝါးလိုက်သည်။

အရသာသည် ပါးစပ်အတွင်းသာမက နှာရင်းအထိ ပြန့်နှံ့သွားလေပြီး ပိုမိုမွှေးပျံ့လာကာ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။


"ဘာကြောင့်များ ဒီလောက် အရသာရှိနေရတာလဲ....." သွမ့်ယွင်က ဝါးရင်းပြောလိုက်သည်။အသားနှပ်မှ စိမ့်ထွက်လာသည့် အဆီများသည်လည်း ပါးစပ်တွင်ပေကျံကုန်လေ၏။


ကြာကြာဝါးလေ ပိုမိုကြိုက်နှစ်သက်လေဖြစ်သည်။


မိစ္ဆာအာလူးဖုတ်ထက်ပင်ပိုမို သဘောကျနေလေ၏။