အပိုင်း ၃၄၄
Viewers 53k

အခန်း ၃၄၄ “ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက် ထွက်ပေါ်လာခြင်း"


ပြင်းထန်သော ပေါက်ကွဲမှု၏ အရှိန်ကို ကြည်လင်ကောင်းကင်ဘုရားကျောင်းက ခံနေရသည်။ ကြည်လင်ကောင်းကင်ဘုရားကျောင်း၏ အခြေတွင်ရှိသော မြို့ငယ်လေးတွင်လည်း လူများက အုတ်အော်သောင်းတင်းဖြစ်လျက်ရှိသည်။


လူတိုင်းက ရုတ်တရက်ပြင်းထန်သည့်ပေါက်ကွဲမှုကြောင့် တုန်လှုပ်ခြောက်ခြားနေကြသည်။ ဤကဲ့သို့ ပေါက်ကွဲမှုမျိုး မဖြစ်သည်မှာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်သောကြောင့် လူတိုင်း ထိတ်လန့်နေသည်။


“ဘာတွေဖြစ်ကုန်ကြတာလဲ...”


ကြည်လင်ကောင်းကင်ဘုရားကျောင်းတည်ရှိရာ တောင်စဉ်တစ်ထောင်တောင်တန်းသည် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ထိန်းသိမ်းကာကွယ်ခဲ့သည်မှာနှစ်ပေါင်းကြာချီခဲ့ပြီ။


ဤပေါက်ကွဲမှုအမျိုးအစားသည် အတန်အသင့်ပင် ကြည်လင်ကောင်းကင်ကို ခြောက်လှန့်နိုင်ခဲ့သည်။ အကယ်၍သာ တောင်စဉ်တစ်ထောင်တောင်တန်းနှင့် ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ မှော်အစီအရင်များဖြင့် နဂါးစွမ်းအင်ကို မထိန်းချုပ်နိုင်ခဲ့ပါက ဤမြို့ငယ်လေးသည် ပြာပုံအတိပင် ဖြစ်ဖွယ်နိုင်ရာရှိသည်။


ထို့အတွက်ကြောင့် ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ တန်ခိုးရှင်အဆင့်လူများသည် အေးဆေးမနေနိုင်ပဲ ထိတ်ပြာစွာဖြင့် ပေါက်ကွဲမှု့ရှိရာဆီသို့သာ ကြည့်နေကြသည်။ ပေါက်ကွဲမှု့မှ မီးတောက်ကြီးသည် တဟုန်ထိုး ကောင်းကင်ပေါ်သို့တက်လာကာ ကြောက်မက်ဖွယ်ရာ တောက်ပ၀င်းလက်နေ၏။


ယဲ့ယွင်ချင်းက မီးတောက်ဆီသို့ အချိန်အတန်ကြာသည့်အထိ လှမ်းကြည့်ပြီး သက်ပြင်းရှည် တစ်ချက်ချလိုက်သည်။ ရီဇီလင်းနှင့် ရီဖန်းတို့ကို တခြားနေရာလျှောက်မသွားဖို့ သတိပေးရင်း... နေပြင်းငှက်ဘီလူးအားစီးနင်းကာ ပေါက်ကွဲရာနေရာဆီသို့ ဦးတည်လိုက်လေသည်။ ကြည်လင်လင်ကောင်းကင်ဘုရားကျောင်းမှ အတော်ဆုံး စစ်သည်များလည်း အလျှိလျှိထွက်ပေါ်လာကြသည်။


.......................


တောင်စဉ်တစ်ထောင်တောင်တန်းတစ်နေရာ၌ လူတန်းရှည်တစ်ကြောင်းသည် ဖြေးညှင်းစွာ ရွှေ့လျားလာ‌နေသည်။သူတို့အားလုံးသည် တူညီသော၀တ်ရုံရှည်ကြီးများ၀တ်ဆင်ထားကြသည်။


"စီနီယာတပည့်ရေ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကျောက်က ထွက်ပေါ်လာတော့မှာလား......"


"ဘယ်လိုလုပ် ကောင်းကင်ကမ္ဘာမြေမီးတောက်က လေ့ကျင့်ရေးကွင်းပြင်မှာ‌ပေါ်လာတာလဲ.... ငါကြောက်တာက တခြားအကြီးအကဲတွေ ဒီအချက်ကိုသတိမပြုမိဖို့ဘဲ... အဓိက ကတော့ ငါတို့တွေက ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို လက်ဦးမှုရယူဖို့ဘဲ......အဲ့ဒါသာ ငါတို့လက်ထဲရောက်လို့ကတော့... ပေကုန်မင်က တခြားသောဂိုဏ်းတွေထက် ပိုနာမည်ကြီးပြီး လူတိုင်းလေးစားတာ ခံရတော့မှာကွ...ဟား........ ဟား.......ဟား....."


အားလုံးထဲမှ ရုပ်ရည်သန့်‌ပြန့်သော လူတစ်ယောက်က မီးလောင်ကျွမ်းရာ နေရာဆီသို့ကြည့်ရင်း စိတ်လှုပ်ရှား နေလေသည်။ တောင်ပိုင်းဒေသသည် သူတို့ဂိုဏ်း၏ တပည့်များ စွမ်းအင် လေ့ကျင့်ရာကွင်းပြင်ဖြစ်သည်။သို့သော် တခြားသောဂိုဏ်များ၏ စိတ်၀င်စားခြင်းကိုတော့ မခံရပေ။ မည်သူမှ ဒီလိုနေရာမျိုးမှာ ကောင်းကင်မီးတောက်ကျောက် ထွက်ပေါ်လာမည်ဟု ထင်မိမည်မဟုတ်ချေ။


ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက် က တစ်ကယ့်အဖိုးတန်ရတနာဖြစ်လေသည်။တစ်ကြိမ်တစ်ခါ ပိုင်ဆိုင်ခဲ့ပါက ပိုင်ဆိုင်သူ၏ စွမ်းအင်အဆင့်ကို မြင့်တင်တိုးတက်စေကာ ဂိုဏ်းကို လွှမ်းမိုးနိုင်သူ ဖြစ်ပေလိမ့်မည်။


"လာကြဟေ့......ငါတို့ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ယူကြမယ်......ငါတို့လမ်းကို ပိတ်ဆို့တားဆီးတဲ့လူတိုင်းကို ရှင်းထုတ်ပစ်မယ်......" ပေကုန်းမင်၏ မျက်လုံးထဲတွင် လောဘအခိုးများ ဝေ့လျက်ရှိသည်။သူ့ ၏ အကြံစည် အထမြောက်ဖို့ မည်သူကိုမျှ သနားစိတ်၀င်မည်မဟုတ်ချေ။


...............


"ဟုတ်တယ်....ငရဲမီးတောက်ကို ဒီလိုမျိုးလေး အဆုံးသတ်ရမှာ........"


ငရဲမီးတောက်ဖြင့် အသားကင်နိုင်ခဲ့သည့်အတွက် သွမ့်ယွင်၏ မျက်နှာက ၀င်းပပျော်ရွှင်နေသည်။ အကင်ရနံ့သည် အချိန်နှင့်အမျှ ပိုမို မွှေးပျံ့လာကာ သူ၏ငတ်မွတ်စိတ်ကို နှိုးစွနေလေသည်။


မီးတောက်ကြီးများသည် ဆက်လက် လောင်ကျွမ်းနေခြင်းက.... ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် ထွက်ပေါ်လာဖို့ အခြေအ‌နေရှိကြောင်းကို ပုဖန်နှင့် သွမ့်ယွင်က သိလိုက်သည်။


သွမ့်ယွင်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို လိုချင်တက်မက်စိတ်ဖြင့် စိုးရိမ်ကာ ဖင်တကြွကြွဖြစ်နေလေသည်။ သို့ပါသော်လည်း ပုဖန်က စိတ်အေးလက်အေးဖြင့် အသားနှပ်ကိုသာ စိတ်၀င်စားနေ၏။ ပုဖန်အတွက်မူ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်သည် အသားနှပ်လောက်ပင် အရေးမကြီးချေ။


"ဟုတ်ပြီ...အသားနှပ်ကတော့ လုံးဝြပည့်စုံသွားပြီ........." ပုဖန်က ပြောလိုက်ပြီး သွမ့်ယွင်၏ ငရဲမီးတောက်ကို ပြန်သိမ်းခိုင်းလိုက်သည်။


ငရဲမီးတောက်ဖြင့် ကင်ထားသည့် အသားမြှောင်းများသည် ပတ္တမြားအသားကဲ့သို့ ရဲရဲနီလျက် အဆီများဖြင့် ၀င်းပနေလေသည်။ အငွေ့တထောင်းထောင်းဖြင့် မွှေးကြိုင်နေသည့် မြေကမ္ဘာနဂါးအသားမြှောင်းသည် စားချင်စိတ်ကို အထူးနှိုးဆွနေကြောင်း ထည့်ပြောစရာလိုမည်မထင်ပေ။ ဤအသားမြှောင်းသည် မြင့်မားသော စွမ်းအင်အဆင့်ပါ၀င်လာနိုင်စေရန် သူ၏ အစစ်အမှန်စွမ်းအင်ကို အသုံးပြု၍စီမံထားခဲ့သည်။ထိုကြောင့် အားလုံးပြီးသည်နှင့်ပုဖန်က မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။


သူက အသားတစ်ဖက်ဖဲ့ရင်း သွမ့်ယွင်ဆီပစ်ပေးလိုက်သည်။သွမ့်ယွင်က အချိန်ကြာမြင့်စွာ ငရဲမီးတောက်ကို အသုံးပြုထားသောကြောင့် စားကောင်းသည့်အသားကို တမင်ပေးလိုက်သည်။


သွမ့်ယွင်က အသားနှပ်ကို ကျေနပ်စွာ ဖမ်းယူလိုက်ကာ အသားမွှေးရနံ့က သူတစ်ကိုယ်လုံးကို လွှမ်းခြုံလေတော့သည်။အသားကင်ရနံ့ဖြင့် ကောင်ကင်လုံးပြည့် မီးတောက်လုံးကြီးများကို မေ့ပစ်လိုက်တော့သည်။


"အနံ့က သိပ်ကိုမွှေးတာဘဲ......" သွမ့်ယွင်က မျိုချရင်းပြောလိုက်သည်။


ပုဖန်က အသားတုံးကြီးကိုကိုင်ရင်းသွမ့်ယွင်ကို ကြည့်လိုက်သည်။ပြီ‌တော့ မီးလုံးကြီးကို ငေးနေသည်။ ခဏအကြာတွင် စားသောက်ပြီးစီးကာ ခရီးဆက်ဖို့ပြင်လိုက်သည်။ သွမ့်ယွင်က ပေကျံနေသော အသားစနှင့် အဆီများကို လျှာနဲ့လျက် လိုက်ရင်း ခပ်သုတ်သုတ်ပင် ပုဖန်အ‌နောက်လိုက်ဖို့ပြင်သည်။


"အူးးးးးဝူးးးးး......"


ကျယ်လောင်သော ဝံပုလွေအူသံကြီးသည် တောင်တန်းကြားရှိ သစ်ပင်များဆီမှ ထွက်ပြုလာသည်။ တောင်ပေါ်ရှိသစ်ပင်များကို ချနင်းသွားသော ခြေရာကြီးကိုတွေ့ရသည်။


ပုဖန်တို့နှစ်ယောက်က အသားမြှောင်းများကို ဆုပ်ကိုင်ကာ မျက်မှောင်ကြုံကာ ခြေထောက်ကြီးဖားပြုတ်ကို စောင့်ကြည့်နေသည်။


"ဝုန်း.......ဝုန်း........ဝုန်း"


ခြေတစ်ချောင်းတည်းဖြင့် ခုန်သံကြီးကို ကြားရလေသည်။


"ဒါက အဆင့်မြင့်သားရဲဘဲ....." သွမ့်ယွင်က အော်ရင်း သတိလစ်သွားဟည်။သူသည် တောင်ပိုင်းဒေသကို ထွက်လာခဲ့သောလည်း အဆင့်မြင့်သားရဲအကြောင်း သိပ်မသိသေးပေ။


"ငါကတော့ သူ့အရသာ ဘယ်လိုရှိမလဲ သိချင်လိုက်တာ........"


ပုဖန်က ခြေထောက်ကြီးဖားပြုတ်ကိုကြည့်ရင်း တိုးတိုးလေးရေရွတ်သည်။ ပုဖန်က ပြောရင်း အသားမြှောင်းကို တစ်ချက်ကိုက်လိုက်ရာ အသားမြှောင်း၏ မွှေးရနံ့သည် လေထုထဲပြန့်နှံ့သွားလေသည်။သူက တစ်ခုခုကို ကြံစည်ဖို့ တွေးနေသည်။


သွမ့်ယွင်က သတိရလာကာ ပုဖန်ကိုကြည့်ရင်း


"ဘာလို့ တစ်ချိန်လုံးစားနေရတာလဲ....."ဟုစဉ်းစားနေမိသည်။


ဒီအဆင့်မြင့်သားရဲကောင်ကို မဟာဂိုဏ်း၏ တပည့်များ ဝိုင်း၀န်းတိုက်ခိုက်သောလည်း အလွယ်တကူ အောင်မြင်မည်မဟုတ်ပေ။


"ကောင်းကင်မီးတောင်ကျောက်ပေါက်ကွဲခဲ့ရင် သေချာပေါက်ကို စစ်သည်တွေအများကြီး ဝိုင်းအုံလာမှာ.....ဒီ‌ခြေထောက်ကြီးဖားပြုတ် ကိုဘဲကြည့်....ဒီနေရာရောက်ဖို့ မိုင်တစ်သောင်းလောက် ခုန်ခုန် လာခဲ့ရတာ၊ကြည့်စမ်း....."သွမ့်ယွင်က တစ်ခုခုကို လက်ညှိုးထိုးပြသည်။


အဆင့်မြင့်သားရဲကောင်ကြီး၏ ကျောပေါ်တွင် ခြေထောက်ချိတ်ထိုင်နေသည့် ပုံရိပ် များကိုတွေ့ရသည်။ ဓါးသွား၏ အရောင်များသည် ကြယ်ကြွေသလို ပြက်ခနဲ ပြက်ခနဲဖြစ်လေနေ၏။ဤသည်မှာ တခြားသော စစ်သည်များ၏ ဓါးပျံများဖြစ်လေသည်။ ဤသည်မှာကောင်းကင်မီးတောင်ကျောက်ကို လိုချင်ကြသည့် အဆင့်မြင့်သားရဲစစ်သည်များဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။


"သိပ်ကို အံ့အားစရာကောင်းတာဘဲ၊ဒီလိုလေ့ကျင့်ရေးကွင်းပြင်မှာ ဒီလောက် အဆင့်မြင့်သားရဲတွေများလိမ့်မယ်လို့ မထင်ခဲ့မိဘူး........" သွမ့်ယွင်က ပုဖန်အသားတုံးကိုဆွဲယူကာ ဝါးရင်းပြောလေသည်။


ပုဖန်က သွမ့်ယွင်ကို အာရုံမစိုက်ဘဲ သူသွားချင်ရာသို့ သွားရာ သွမ့်ယွင်က အလျင်စလို ပြေးလိုက်ရသည်။ လူနှစ်ယောက်နှင့် စက်ရုပ်သေးရုပ်တစ်ရုပ်တို့သည် ယခုအခါတွင် သွားရမည့်နေရာကို သိလေပြီဖြစ်သည်။


ပြန့်ကျဲနေသည့် တိုက်ပွဲများကို ကြည့်ရန် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် ဆီသို့ ရောက်ရှိလာခဲ့သည်။