အပိုင်း ၃၄၅
Viewers 62k

အခန်း ၃၄၅ "အဆင့်မြင့်သားရဲများ စုဝေးကြခြင်း"


ပေကုန်းမင်က ထိန်ဝါစွာ လောင်ကျွမ်းနေသည့် မီးတောက်ပြင်းများကို ငေးကြည့်နေသည်။ သူရပ်ကြည့်နေသည့် နေရာသည် မီးတောက်ကြီးများဖြင့် အနည်းငယ်လှမ်းသော်လည်း စိတ်ဝိညဉ်စွမ်းအားများလည်း ပါ၀င်နေသည့်.. မီးပြင်းမှုအရှိန်ကို အဝေးမှပင် ခံစားမိနေသည်။


မီးတောက်က ရိုးရိုးသာမာန်မဟုတ်ဘဲ စိတ်ဝိညဉ်စွမ်းအားများပါ စီးကူးပေါင်းစပ်နေသည့် "ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်"ပင်ဖြစ်သည်။


ပေကုန်းမင် စိတ်လှုပ်ရှားမှုဖြင့်တုန်လှုပ်နေသည်။အကယ်၍သူသာ ဤမီးတောက်ကျောက်ဖြင့် တစ်သားတည်းစီးမျောနိုင်ခဲ့ပါက သေချာပေါက်အလယ်အလတ်တန်ခိုးရှင်အဆင့်ကိုပင် ကျော်လွန်တော့မည်ဖြစ်သည်။ သူက ဂိုဏ်များကြားထဲတွင် နာမည်တစ်လုံးရအောင် ယူထားခဲ့သည်။လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက် ကိုအသုံးပြု၍ သူ၏ စွမ်းအင်အဆင့်ကိုမြှင့်တင်၍ တခြားသော တန်ခိုးရှင်များထက် ပိုမိုအင်အားကြီးအောင် စီမံထားသည်။


ထို့ကြောင့်ပင် တခြားသော စစ်သည်များ၏ ခေါင်းဆောင်ဖြစ်ကာ တမူထူးခြားသော ကြန်အင်လက္ခာကို ပိုင်ဆိုင်ထားလေ၏။ ယခုအခါတွင် စိတ်၏လိုချင်တိပ်မက်စိတ်များဖြင့် မီးပြင်းတောက်များဆီသို့ တဟုန်ထိုးပြေးမတတ် အော်ဟစ်သွားသော်လည်း ရောက်လုရောက်ခင်တွင်အခြားသော မီးတောက်ကြီးနှင့်ငှက်တစ်ကောင်သည် သူ့အရှေ့မှ ကြားဖြတ်လိုက်သည်။


ဤသည်မှာယဲ့ယွင်ချင်း စီးနင်းသော နေပြင်းငှက်ဘီလူးပင်ဖြစ်ပြီး အဆင့်မြင့်သားရဲတစ်ကောင်ဖြစ်လေသည်။


ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ကြည်လင်ကောင်းကင်ဘုရားကျောင်းအကြီးအကဲ ယဲ့ယွင်ချင်း မှ ချုပ်ကိုင်ချယ်လှယ်ထားသည်။


"အဆင့်မြင့်သားရဲတွေ.......ဘယ်လိုအရာကဘဲဖြစ်ဖြစ် ငါ့ရဲ့မျှော်လင့်ချက်ပန်းတိုင်ကို ကြား၀င်လာတဲ့ကောင်မှန်သမျှ သုတ်သင်ပစ်မယ် ကွ......."


ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကိုသာ မျက်လုံးထဲမြင်တော့သော ပေကုန်မင်းက ယဲ့ယွင်ချင်းကို လှမ်းကြည့်ရင် သရော်ပြုံး ပြုံးလိုက်သည်။ ပေကုန်းမင်တွင် အထင်ကြီးလောက်သည့် စွမ်းအင်အဆင့်ပိုင်ဆိုင်ထားပြီး ကြံရည်ဖန်ရည်နှင့်ဂုဏ်သတင်း မွှေးပျံ့သူဖြစ်သည်။ ယုံကြည်စိတ်လွန်ကဲသူဖြစ်သော ကြောင့် ယဲ့ယွင်ချင်းကို မမှု့ပေ။ မည်သူက မည်မျှအစွမ်းထက်ကြောင်းကို သက်သေပြရမည့် ပွဲကြီးပွဲကောင်းဖြစ်သည်။


"ဝုန်း......အုန်း..."


ပေကုန်းမင်က သူ၏ စွမ်းရည်များကို နှိူးဆွလိုက်ရာ ဖြုလွသော အတောင်ပံတစ်စုံ သူ့ကျောမှ ဖြန့်ကားထွက်လာသည်။ စိတ်ဝိညဉ်စွမ်းအားငှက်မွှေးများသည် အမှောင်ထဲတွင် တောက်ပြောင်နေ၏။


"ဂီး........."


အသံကျယ်ကြီးပေါ်ထွက်ပြီးနောက် ပေကုန်းမင်သည် ယဲ့ယွင်ချင်းထံ တစ်ဟုန်ထိုး ပြေးသွားရန် ဦးတည်လိုက်သည်။ သူတို့နှစ်ယောက်စလုံးသည် တန်ခိုးချင်း ညီမျှကျသည်။သို့သော် ယဲ့ယွင်ချင်းက ပထမဆုံး တစ်ခိုးရှင်အဆင့်ကိုရောက်ခဲ့သည်။ ပေကုန်းမင်ဖြင့် ပထမအကြိုက်တိုက်ခိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးသည်ဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ ပြင်းထန်စွာ နာကျင်သွားသည်။


လူသွားလမ်းသို့ လွင့်စင်ကာ မြေကြီးကျွံ၀င်ကာ ချိုင့်ငယ်လေးပင် ဖြစ်သွားသည်။ ပေကုန်းမင်က မနာကျင်သလို ဟန်ဆောင်ပြုံးကြီးဖြင့် အော်ပြောလိုက်သည်။


" ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ဆိုတာ ငါ့အတွက်ဘဲကွ...."


ပေကုန်းမင်က တောင်ပျံခတ်ကာ လေထဲတွင် ရစ်ဝဲရင်း အသံနက်ကြီးဖြင့်ရယ်ပြန်သည်။ ထို့နောက် အခြားအသံ တစ်သံသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ 


ကြည်လင်ကောင်းကင်ဘုရားကျောင်း၏တပည့်များ ရောက်ရှိလာပြီဖြစ်ပြီး အခြားသော စွမ်းအားမြင့်စစ်သည်များလည်း ပါ၀င်လာခဲ့သည်။ တချို့သော လေးစွမ်းအားရှင် ကြည်လင်ကောင်းကင်ဘုရား‌ကျောင်း မှတပည့်များသည် ပြင်းထန်သော အလျှင်အဟုန်များများဖြင့် မြှားတံများကို ပေကုန်းမင်ထံသို့ ရည်စူးပစ်လွှတ်လိုက်သည်။


ပေကုန်းမင်သည်လည်း ခေသူမဟုတ်ပေ။သူ၏ တောင်ပံတစ်စုံက သူ့အား အုပ်မိုးကာရံလိုက်၏။ ကြည်လင်ကောင်းကင်ဘုရားကျောင်း တပည့်များ၏ မြှားတံများသည် အတောင်ပံနှင့် ထိတွေ့ကာ လွင့်စင်ကုန်၏။ ထို့နောက် ကြည်လင်ကောင်းကင်ဘုရားကျောင်း၏ တပည့်များနှင့် ပေကုန်းမင်၏ တပည့်တို့သည် မုန်တိုင်းကြီးတစ်ခုနှယ် ကြီးမားပြင်းထန်သည့် တိုက်ပွဲများဖြစ်ကုန်ကြသည်။


ပေကုန်းမင်၏လူများက တောင်းပိုင်းဒေသမှ မဟုတ်ကြ၍ သူတို့သုံးပြုသည့် စွမ်းအင်အဆင့်သည် သာလွန်အဆင့်ဖြစ်သည်။သို့သော် သူတို့သီးခြားစွမ်းအင်များသည် မတူညီရုံသာမက အတန်ငယ်လည်း ပြင်းထန်ပေသည်။ ထို့ကြောင့် ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ လူအများအပြား အထိနာကြလေ၏။


ပေကုန်းမင်က သူ၏တောင်ပံများကို ဖြန်လိုက်ရင်း အလင်းတန်းများ လွှင့်လိုက်သည်။


အင်အားကြီးမားသူနှစ်ယောက်တို့သည် သူတို့၏စွမ်းအင်များကို ပြည့်ပြည့်၀၀တိုက်ခိုက်တော့မည်ဖြစ်သည်။


"အဖိုး......ကျွန်တော်၀င်ကူမယ်....."


ရုတ်တရက် မိုးကြိုးခြိမ်းသလို တောအုပ်အတွင်းမှ ထွက်ပေါ်လာသည်။ မိုးကြိုးမုန်တိုင်းများ ပြိုးပျက်လက်သကဲ့သို့၊ကြယ်တံခွန်များ ခုန်ဆင်းကြွေသက် သကဲ့သို့ မြှားတစ်စင်းသည် ပေကုန်းမင်ထံသို့ ဦးတည်လျက်ရှိ၏။


ပေကုန်းမင်က အတွင်းအားများနှင့်အတူ ညာလက်တစ်ဖက်ဖြင့် မိုးကြိုးမြှားတံကို ပုတ်ထုတ်လိုက်သည်။ ပြင်းထန်လှသည့်မြှားချက်ကို တွန်းလှန်ရသဖြင့် လက်တစ်ဖက်လုံး ကျင်တက်သွားလေ၏။


"နတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်များလား....." ပေကုန်းမင်၏တပည့်များက ထိတ်လန့်စွာ ရေရွတ်လိုက်ကြသည်။


မိုးကြိုးမြှားတံများနှင့်အတူ အပြာရောင်လေးကိုင်းကို ဆုပ်ကိုင်လျှက် တောအုပ်အတွင်းမှ ပုံရိပ်တစ်ခု တိုးထွက်လာသည်။ သတ္တိရှိရှိပင် ရီဇီလင်းက မိုးကြိုးမြှားတံများကို ပစ်လွှတ်လိုက်သည်။ ဤသည်မှာ ကြည်လင်ကောင်းကင် ဘုရားကျောင်း၏နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ မိုးကြိုးလေးပင်ဖြစ်သည်။


ပေကုန်းမင်က ကြောက်ရွံ့ဟန်မပြဘဲ တခြားတန်ခိုးရှင်များနှင့် ဆက်လက်တိုက်ခိုက်လိုက်သည်


မီးတောက်များကလဲ ဆက်လက် လောင်ကြွမ်းတောက်ပနေတုန်းပင်ရှိသည်။


တောင်စဉ်တစ်ထောင် တောင်တန်းတွင် အော်သံကြီးများ ဖုံးလွှမ်းသွားသည်။သားရဲတွင်းမှ မျက်လုံးအနီရောင် အဆင့်မြင့်သားရဲများသည် တွယ်တက်လာကြသည်ကို တိုက်ခိုက်နေကြသည့် လူများက ကြောက်လန့်စွာ ငေးကြည့်နေကြသည်။


ဤအဆင့်မြင့်သားရဲများသည် မီးတောက်စွမ်းအင်မှ ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။


ထို့နောက်တိုက်ပွဲသည် လူသားချင်း မဟုတ်တော့ဘဲ လူသားနှင့် အဆင့်မြင့်သားရဲတို့ တိုက်ခိုက်ကြလေတော့သည်။ မရေမတွက်နိုင်သော အဆင့်မြင့်သားရဲများသည် မြင်ကွင်းထဲ၌ပင် ပြည့်နှက်နေလေ၏။ များသောအားဖြင့် အဆင့်ခြောက်၊အဆင့်ခုနှစ်သားရဲများသာ ရှိကြပြီး အဆင့်ရှစ်သားရဲများကိုမှု ခေါင်းဆောင်များအဖြစ်အနည်းငယ်သာတွေ့ရသည်။


တိုက်ပွဲသည် ပိုမိုဆူညံ့စွာ ဖြစ်ပွားနေ၏။ နေပြင်းငှက်ဘီလူး နှစ်ကောင်၏အော်သံများသည် ကောင်းကင်ယံတွင်ညံလျက် ကြားရသူတိုင်း၏ စိတ်ကို တုန်လှုပ်ခြောက်ခြားစေ‌လေ သည်။


...........


“ရောက်ဖို့သိပ်မလိုတော့ဘူး....."


ရှုရဂိုဏ်းမှ အဆင့်မြင့်နတ်ဆရါမက အနက်ရောင်၀တ်စုံဆင်မြန်းထားသည် ရှုရဂိုဏ်း ဂိုဏ်းချုပ်ကိုပြောလိုက်သည်။ သူတို့လက်ထဲမှ ဝိညာဉ်နှုတ်မှော်ဖန်လုံးက တောက်ပနေပြီး စိတ်ဝိညဉ်စွမ်းအင်များ ရစ်ဝဲလျက်ရှိသည်။


..........


တိမ်မည်းလှိုင်းများသည် ကောင်းကင်ကိုဖုံးလုမတတ် အုပ်မိုးနေသည်။


မီးတောက်များအနီး၌ ခြေသံပြင်းပြင်းဖြင့်တစ်လှမ်းစီသွားနေသည့် အသံကိုကြားနေရသည်။


ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းကြီး အဘက်ဘက်သို့ပြန့်နှံ့သွားပြီးနောက် အဆင့်မြင့်သားရဲများကို သတ်ဖြတ်လိုက်တော့သည်။ အဆင့်ကိုး ဝိညဉ်သားရဲခြေထောက်ကြီးဖားပြုတ်ပေါ်ထွက်လာခဲ့လေပြီ။ ခြေထောက်ကြီးဖားပြုတ်က ကြီးမား၀ဖိုင့်သည့် ခန္ဓာကိုယ်နှင့် ပြူးထွက်နေသည့် မျက်လုံးများရှိ၏။


"အုံးးးးဂွမ်....." 


မိုးခြိမ်းသံကဲ့သိုဖားအော်သံ...အသံလှိုင်းကပင် ကြီးမားလွန်း၍ အဆင့်မြင့်သားရဲများကို ပေါက်ကွဲပိုင်းပြတ်‌စေလေသည်။ အဆင့်မြင့်စွမ်းအားရှင် အချို့သည်ပင် လိပ်ပြာလွင့်မတတ်ဖြစ်ကာ သွေးတလုတ်အန်လိုက်ရသည်။


ပေကုန်းမင်က အကြင်နာကင်းသော မျက်နှာထားဖြစ်သွားကာ သူ၏အတောင်ပံများကိုခတ်၍ ကောင်းကင်ယံသို့ တစ်ဟုန်ထိုးပျံတက်သွားသည်။


ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ တန်ခိုးရှင်နှစ်ယောက်လဲ ထိုအပြုအမူကြောင့် ထိတ်လန့်သွားသည်။ ထို့အပြင် ခြေထောက်ကြီးဖားပြုတ်ကလည်း ခြိမ်းခြောက်လျက်ရှိနေရာ သူ့ကို လွယ်လွယ်ကူကူရှင်းပစ်နိုင်မည်မဟုတ်မှန်း ထင်ရှားနေပေသည်။ ထိုခြေထောက်ကြီးဖားပြုတ်ကပင် အတော်ကြီးကြီးမားမားဖျက်ဆီးနေလေ၏။


မီးတောက်နဂါးက သားရဲတွင်းမှ တွားညွက်လာသည်။သူ၏တစ်ကိုယ်လုံး မီးလျှံများတောက်ပလျက်ရှိသည်။ မီးတောက်နဂါးက ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို စောင့်ရှောက်သူဖြစ်သည်။


အဆင့်မြင့်သားရဲနှစ်ကောင် တိုက်ခိုက်ပေတော့မည်။


ဓားသွားရောင်တချက် ပြက်ခနဲဖြစ်သွားသည်။


ပုံရိပ်တစ်ခုက ခန့်ညားထည်ဝါစွာ ဓါးကိုင်လျက် ရပ်နေလေသည်။အဖြူရောင်ဝတ်စုံ ဆင်မြန်းထားပြီး ဆံပင်ဖြူများကလည်း လေထဲတွင် ဝဲပျံ့လျက်ရှိချေသည်။


"ရှူး......ရှူး........ရှူး"


ခပ်လှမ်းလှမ်းမှ ပုံရိပ်တစ်ခုသည် နန်းမြင့်သစ်ပင်ကို လိမ်ပတ်ရစ်ခွေနေလေ၏။ ထိုသူက မြွေလူသား၏ ဘက်တော်သား ဖြစ်သည်။ သူမ၏ ဆံနွယ်များသည် စိမ်းမြနေကာ လေတွင်ဝဲနေသည်။ ချစ်ခင်နှစ်သက်ဖွယ် မျက်နှာလေးက လူတိုင်း၏ စိတ်ကို ခုန်ွှုပ်စေသည်။


"ဒီလို မြေမျိုးနွယ်အာဏာပိုင်ကတောင်... မိုင်ထောင်ချီခရီးနှင်ပြီး ဒီနေရာကို ရောက်လာခဲ့တယ်ပေါ့...."

 တိမ်ဖြုစံအိမ်အကြီးအကဲ ဝူးမူကတိမ်မြူဓါးကိုင်လျက် ပြုံးရင်း မှတ်ချက်ချလိုက်သည်။


မြေမျိုးနွယ်အာဏာပိုင်သည် ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်နေသည့်ပုံပေါ်နေသည်


............


"မိုးနတ်မင်းရေ.......ဘာလို့များ တန်ခိုးရှင်အဆင့်လူတွေ အများကြီးနဲ့ အဆင့်မြင့်သါးရဲနှစ်ကောင်တောင် ရှိနေရတာလဲ...အဲ့တော့ ငာက ဘယ်လိုသွားပြီး ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို သွားယူရမှာလဲ......"


သွမ့်ယွင်က တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည့် စစ်သည်များကိုကြည့်ရင်း ညည်းညူလိုက်သည်။ သူတို့၏စွမ်းအားများက ပြင်းထန်သလို အင်အားလည်းကြီးမားလေသည်။


သူကစိတ်ဓါတ်ကျပြီး အသားနှပ်ကိုစားရန်ပင် စိတ်မပါတော့ချေ။ သူက ဤကဲ့သို့ များပြားလှသော တန်ခိုးရှင်အဆင့် စစ်သည်များကို တစ်ခုတစ်ဝေးတည်း တွေ့မြင်ရမည်ဟု မမျှော်လင့်ထားပေ။ ဤကဲ့သို့ လူအုပ်စုများဖြင့် တိုက်ခိုက်ရမည် ဆိုရင်ဖြင့် သူ၏ငရဲမီးတောက်ကို သုံးရန်ပင် အချိန်ရမည်မဟုတ်။


"ဘယ်လောက်တောင်မှ ကြီးကျယ်ခမ်းနားလိုက်သလဲ...."


ပုဖန်က သူကြိုတင်တွေးသလိုပင် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ရယူရန် တန်ခိုးရှင်အစုအဝေးကြီးကို တွေ့ရသည့်အတွက် အံ့အားသင့်ခြင်းမရှိပေ။ နန်းမြင့်သစ်ပင်ကိုလေ့လာပြီးနောက် အနွေးဓါတ်ရရှိစေရန် အေးအေးဆေးဆေးပင် အသားနှပ်ကို ဝါးနေသည်။ 


အချိန်နှင့်အမျှ တင်းမာမှုများ ဖြစ်ပေါ်လာနေသည်။


သားရဲတွင်းမှ တောက်လောင်နေသည့်မီးတောက်သည်အပူရှိန်လျော့ကျခြင်းမရှိဘဲ ပိုမိုပူပြင်းလာလေသည်။