အခန်း ၃၄၈ "ပုဖန်၏ တိုးတက်မှု...."
ပါးစပ်ထဲက အသားကင်ပြုတ်ကျသွားပြီး ခါင်းနပန်းကြီးသွားသည်။
ပုဖန်က သူ့ကိုစိတ်ရှုပ်ထွေးစေသည်။
"ဒီလူက ဘာကြောင့်များ အဆင့်မြင့်သားရဲတွေရဲ့ တိုက်ပွဲကို အေးအေးဆေးဆေး သွားနေရတာလဲ....... သူက သူတော်စင်အဆင့် ပဲရှိသေးတာလေ......"
သွမ့်ယွင်က ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကို မရနိုင်ဟု တွေးမှတ်ထားသောလည်း သဘာ၀မကျသော အချက်များကြောင့် မတင်မကျဖြစ်နေမိသည်။ အဆင့်မြင့်သားရဲများ၏ စွမ်းအင်လှိုင်းများ ပျံ့နှံနေသောကြောင့် သူခြေလှမ်းတစ်ချက် လှမ်းရုံဖြင့် မှုန့်မှုန့်ညှက်ညှက်ကြေစေလိမ့်မည်။
သူက ဘာမှတွေဝေမနေဘဲ ပုဖန်ကို ရပ်ဖို့ လှမ်းအော်ပြောသည်။သို့သော် သားရဲများ၏ မာန်ဖီဟိန်းဟောက်နေမှုများက သူ့၏ အော်သံကို အချင်းအနှီးဖြးစေခဲ့သည်။
သွမ့်ယွင်က မြေကြီးပေါ် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ရင်း စိတ်မကောင်းခြင်းကြီးစွာဖြင့် အသားပိုင်းကို ကိုက်ဝါးလိုက်သေးသည်။ မည်သူမျှ ဤကဲ့သို့ကောင်းမွန်သည့် အသားကင်ကို ထပ်မံပြုလုပ်နိုင်မည်မဟုတ်ပေ။
....,..
ဝှိုက်တီက ပုဖန်အနောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။သူတို့နှစ်ယောက်က ဖြေးဖြေးချင်း မီးတောက်လောင်နေသည့် သားရဲတွင်းဆီသို့ ချည်းကပ်နေလေသည်။
ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကို သေချာတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
စိတ်ဝိညဉ်သားရဲများက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါး၏ အရှိန်အဝါကို ကြောက်သဖြင် သူ့ကို ဒုက္ခမပေးချေ။ ရူးကြောင်ကြောင်အဆင့်မြင့်သားရဲတစ်ကောင်က ပုဖန်အား ဒုက္ခပေးရန် ရှေ့တိုးလာပါသောလည်း ဝှိုက်တီ၏ လက်သီးတစ်ချက်ဖြင့် အဝေးသို့လွင့်သွားသည်။
ပုဖန်က အဆင့်၇ ဖြစ်ပြီး ဝှိုက်တီက အဆင့် ၉ အထွတ်အထိပ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ပုဖန်အတွက်မူ အဆင့်ကိုးသို့ေ ရာက်ရှိရန် ကြားအဆင့်ပေါင်းများစွာကျန်ရှိနေသေးသည်။ ဥပမာ အနေဖြင့် ဝှိုက်တီသည် ရှုရဂိုဏ်းအကြီးအကဲအား တိုက်ခိုက်ခဲ့ပြီးမှသာ အဆင့်ကိုးဆင့်ရှိသည့် စစ်သည်၏ တိုက်ခိုက်နိုင်စွမ်းရရှိသည်။
ပုဖန်၏ နဂို စွမ်းအင်အဆင့်ကို စွမ်းအင်ထပ်ပောင်းထားသော ဝှိုက်တီ အနေဖြင့် အဆင့်ကိုးမှ အထွတ်အထိပ်သို့ရောက်ရှိနေပြီမှန်း ပုဖန်သိသည် သို့ပါသော်လည်း သားရဲများအကြား၌ ဝှိုက်တီကိုသာမှီခို၍ ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းကို ရယူမည်ဟု ကြံစည်ပါက ရှူးနှမ်းခြင်းသာဖြစ်ပေမည်။
ပုဖန်ကထိုသို့လုပ်မည်မဟုတ်ပေ။
ဝှိုက်တီက ဒူပေနာပေခံသော်လည်း ပုဖန်က မြောက်များလှစွာသော တန်ခိုးရှင်များအတွင်းသို့ စေလွှတ်ရန် မသင့်တော်ပေ။ ထို့ကြောင့်ပုဖန်က ဝှိုက်တီအတွက် အစီအစဉ်ရေးဆွဲထားသည်။ပုဖန် တန်ခိုးရှင်များကြားမှ အသံတိတ်ကူးဖြတ်နေစဉ် တန်ခိုရှင်များ၏ အာရုံကိုလွှဲထားရန် ဝှိုက်တီကို တာ၀န်ပေးထားသည်။
ဝှိုက်တီနှင့်ပုဖန်၏ တိုက်ရည်ခိုက်ရည်အစွမ်းကြောင့် တန်ခိုးရှင်အဆင့်များ၏ အာရုံစူးစိုက်မှုကို အလွယ်တကူပင်ခံရမည်ဖြစ်သည်။ ပုဖန်ချည်းသာဆိုလျှင်ဖြင့် သူ၏ အဆင့်ခုနှစ်ရှိသော သူတော်စင်အဆင့် စွမ်းအင်ဖြင့် ကိုယ်ရောင်ဖျောက် မသိအောင်သွားနိုင်လေသည်။
နောက်ဆုံး သူ ကြမ်းတမ်းခြင်းမီးတောက် တစ်သောင်း အနားသို့ရောက်မှသာ တန်ခိုးရှင်များ သတိပြုမိကြပေလိမ့်မည်။ပုဖန် အချိန်ကိုစောင့်ရန်လိုအပ်သည်။
"ငါက အနားကပ်လို့မရရင် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဘယ်လိုရအောင်ယူရပါ့မလဲ....." ပုဖန်က စဉ်းစား အကြံထုတ်နေသည်။
"ချောင်တစ်ခုမှ စောင့်ရင်း ငါပြောတဲ့အတိုင်းလှုပ်ရှား........ " ဝှိုက်တီကို ဖြေးဖြေးချင်း ညွှန်ကြားလိုက်၏။
ပုဖန်က ခေါင်းငြိတ်ကာ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ကိုင်ဆွဲလျက် သားရဲတွင်းဆီသို့ဦးတည်သွားလေတော့သည်။
ကျောက်တုံးကြီးများ ပြိုကျသံကိုကြားရသည်။သွေးပေနေသော ရုပ်ပုံလွှာတစ်ခုသည် ကျောက်တုံးအကျိုးအပဲ့စများမှ တိုးထွက်ရန် ကြိုးစားနေသည်။အသက်ကိုပင် ဝအောင်ရှုနိုင်သည့်ပုံမပေါ်ပေ။
ပုဖန်က လျှောက်နေရာမှ ခဏရပ်လိုက်ရင်း သူ့ကိုယ်သူ အတင်းထူထနေသည့် ပုံရိပ်ကိုငေးလိုက်သည်။ ပေကုန်းမင်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။သနားစရာကောင်းလောက်အောင် ညစ်ပတ်ပေရေနေကာ ဒါဏ်ရာအနှံ့အပြားကိုလည်း တွေ့ရသည်။
ရှုရဂိုဏ်းချုပ်၏ အစစ်အမှန်စွမ်းအင်က သူ့ကို ဒုက္ခိတ နီးပါးဖြစ်စေခဲ့သည်။ ကံကောင်းသည်မှာ သူ၏ ထူးခြားသော စွမ်းအင်အဆင့်က ရှုရဂိုဏ်အကြီးအကဲ၏ အစစ်အမှန်စွမ်းအင်ကို အနည်းငယ်ဟန့်တားနိုင်ခဲ့သည်။
ပေကုန်းမင်က ပုဖန်ကို တွေ့သည်နှင့် အံ့အားသင့်သွားသည်။ဘယ်အဘယ့်ကြောင့်ဆိုသော် ပုဖန်က သူ၏အစစ်အမှန်စွမ်းအင်ကို မလွှမ်းခြုံထားသောကြောင့်ဖြစ်လေ၏။
ဤသည်ကိုကြည့်ရင်း ပေကုန်းမင် စိတ်နှောက်ကျိလာသည်။
"အဆင့်ခုနှစ် သူတော်စင်အဆင့် ကြောင်တောင်တောင်လူက တန်ခိုးရှင်တွေ တိုက်ခိုက်နေတဲ့ကြားထဲကို ခိုးကြောင်ခိုးဝှက်၀င်မှာလား........ဒီလူကရူးနေတာဘဲ ဖြစ်ရမယ်......"
" မင်း ဘာလုပ်မလို့လဲ......"ပေကုန်းမင်က ရုပ်ပျက်ဆင်းပျက် ဒါဏ်ရာ ရနေပါသောလည်း မျက်စိများက တောက်ပနေပြီး သူ၏မျက်နှာထားသည် အဆင့်ကိုးဆင့်ရှိသော တန်ခိုးရှင်တစ်ယောက်ကဲ့သို့ ခက်ထန်နေလေသည်။
ပုဖန်က ပေကုန်းမင်ကိုကြည့်ရင်း လှစ်ခနဲပြုံးလိုက်သည်။သူက စုတ်ပြတ်ပေရေနေသည့် ပေကုန်မင်းကို ဂရုမစိုက်ဘဲ သားရဲတွင်းသို့ ရှေ့ဆက်လှမ်းသွားသည်။
"ငါလို ပေကုန်းမင်ကို ဒီကောင်က ပမာမခန့်လုပ်သွားတာလား........."ပေကုန်းမင်က ဒေါသပုန်ထကာ ပြောလိုက်သည်။
"ဒီကောင်ရဲ့ ရည်ရွယ်ချက်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ရယူမှာတဲ့လားကွာ....... ဟား......ဟား.....ဟာ......မင်းလုံး၀မရစေရဘူး....." ပုဖန်ကို ကြည့်ရင်း အထင်သေးစွာ လှောင်ရယ်လိုက်သည်။
ရှူရဂိုဏ်းချုပ်က တန်ခိုးရှင်အဆင့် အထွတ်အထိပ်ဖြစ်ပြီး ပေကုန်းမင်မှာတော့ ဤတောင်ပိုင်းဒေသမှ အပြင်ဘက်သို့ ခြေတစ်လှမ်းပင် မရွေ့ဖူးပါ။ထို့ကြောင့် သူ့ထံတွင် အထူးလှည့်ကွက်များ ရှိလေ၏။
ပုဖန်က မျက်မှောင်ကြုံ့ကာ အထင်သေးလျက်ရှိနေသည့် ပေကုန်းမင်ကိုပြန်လည့်ကြည့်သည်။
"အဓိပ္ပါယ်မရှိပြောနေတာတွေရပ်လိုက်စမ်းပါ........ဘုရားသခင်ကောင်းချီးပေးခံရတဲ့လူဟာ နောက်ဆုံးတော့ ရတနာကိုပိုင်ဆိုင်မှဘဲ......."ပုဖန်က အေးဆေးစွာပြောသည်။
ပေကုန်းမင်း၏မျက်နှာသည် လောဘနှင့် အလိုမကျမှုတို့ပေါင်းစပ်ကာ ရှုံမဲ့နေလေသည်။
"ဟုတ်တယ် ကံကောင်းတဲ့လူကတော့ ရမှာဘဲ.....ဒါပေမယ့် မင်းလိုကောင်က ရမှာတဲ့လား...... သေချာတာကတော့ မင်းက ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်အနားတောင် ရောက်မှာမဟုတ်ဘူး........"
အကယ်၍အဆင့်ခုနှစ် သူတော်စင်တစ်ယောက်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ထိကိုင်လိုက်ရုံဖြင့် ထိကိုင်မိချိန်မှာဘဲ လောင်းကြွမ်းပြာကျသွားပေလိမ့်မည်။ဤသည်မှာ ကိုယ့်ကို သေကြောင်းကြံစည်သကဲ့သို့ပင်ဖြစ်သည်။
ပေကုန်းမင်က မြေပြင်ကိုထောက်ကန်ရင်းထကာ ပုဖန်းအနားသို့ ကပ်သွားလိုက်သည်။ ပုဖန်၏ပုခုံးကို ဆုပ်ကိုင်ကာ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်
"ငါပြောသလို နောက်ဆုတ်လိုက်ပါ အချိန်ကုန်မခံနဲ့တော့......မဟုတ်ရင် ငါမင်းကိုသတ်မိလိမ့်......"
သူစကားမဆုံးခင် ပေကုန်းမင်၏ ခေါင်းတစ်ခုလုံး နာကျင်သွား၏။
သူကပုဖန်းပုခုံးကို ဆုပ်ကိုင်ထားသော်လည်း အဆင့်ခုနှစ်ရှိသော သူတော်စင်အဆင့်ရှိသည့် လူတစ်ယောက်ကို ထိန်ချုပ်ရန်မဖြစ်နိုင်ပေ။
ပေကုန်းမင်၏ မျက်နှာသည် ဖြူဆွတ်သွားပြီးပုဖန်ကို ကြည့်လိုက်သည်။
မီးခိုးငွေ့များဝေ့ဝဲနေပြီး မဟူရာလိပ်ခုံးဒယ်အိုးကို ပုဖန်ညာလက်တွင်တွေ့ရသည်။လက်ကိုလွှဲလိုက်ပြီး လူတစ်ယောက်အရွယ်ရှိသည့် အနေအထားရောက်အောင် မဟူရာလိပ်ခုံးဒယ်အိုးကို ကြီးမားလိုက်သည်။
"ဘာကြီးလဲဟ......"
ပေကုန်းမင် လေပြင်းတိုက်ခံရသလိုဖြစ်သွားသည်။သူအနားသို့ မဟူရာလိပ်ခုံးဒယ်အိုး နီးကပ်လာသည်နှင့်အမျှ သူမျက်လုံးများလည်း ပြူးကျယ်လာသည်။ အံ့အားသင့်သောခံစားချက်များ ရောပြွန်းကာ အသက်မရှုနိုင်မကယ်နိုင်ဖြစ်နေသည်။ တစ်ခုခုကျိုးသံကိုကြားရပြီး သူနှာနုရိုးတစ်ဝှိုက်တွင် အသည်းခိုက်မတတ်နာကျင်မှု့ကိုစခံစားရသည်။
"မျက်နှာကိုတိုက်ခိုက်တာ မတရားတာဘဲ၊ဒီလိုတော့ မတရားမနှိပ်စက်သင့်ဘူး....."ပေကုန်းမင်းက ရှုံ့တွကာ ရေရွတ်လိုက်သည်။
သူ လွင့်ထွက်သွားပြီး မြေကြီးပေါ်ပြုတ်ကျသွားသည်။နောက်တစ်ကြိမ် မဟူရာလိပ်ခုံးဒယ်အိုးက သူ့နှတ်ခမ်းတစ်ဝိုက်ကို ထပ်ရိုက်မိလေရာ လဲကျပြီး သတိလစ်သွားလေတော့သည်။သူနှာခေါင်းမှ သွေးများလည်း ယိုကျလျက်ရှိသည်။
ပုဖန်က ပေကုန်းမင်ကို ယခုလိုရိုက်လိုက်နိုင်သည့်အတွက် ပြုံးလိုက်မိသည်။
"ငာပြောခဲ့သားပဲ ကံကောင်းတဲ့လူက ပိုင်ဆိုင်ပါမယ်လို့.....ကိုယ့်လမ်းကိုယ်လျောက်ရင်ရတာကိုမှ လာဒုက္ခပေးသကိုး.......ဒီလူက ညာဏ်မရှိဘူးဘဲ......."
ပေကုန်းမင်းထံတွင် အချိန်ထပ်ဖြုန်းမနေဘဲ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ဘက်ကို ကြည့်လိုက်တော့သည်။ နောက်ထပ်အနည်းငယ် လျှောက်လှမ်းပြီးသော် သူသည် သားရဲတွင်းထိပ်၀သို့ ရောက်ပြီဖြစ်သည်။
တွင်းထဲ၌ ကျောက်ရေပူများ ပွက်ပွက်ထနေပြီး အငွေဆူလျက်ရှိသည်။
"ဂါးရားးးးး"
ပုဖန်၏အပေါ်ဘက်မှ နဂါးတစ်ကောင် ဆင်းလာသည်။ကြီးမားသောခေါင်းကြီးက နိမ့်ဆင်းလာပြီး မီးတောက်သဖွယ် ရဲရဲနီနေသည့် မျက်လုံးများဖြင့် ပုဖန်ကိုစိုက်ကြည့်နေလေသည်။
အခြားသော မာန်ဖီသံကြီးလည်းထွက်ပေါ်လာကာ ရှေးမနှောင်းခင်ပင် မီးတောက်နဂါးသည် သားရဲတွင်းမှ တွားသွားထွက်လာလေ၏။.