အပိုင်း ၃၄၉
Viewers 54k

အခန်း ၃၄၉ “ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဖမ်းဆုပ်ခြင်း.....”


ခြေထောက်ကြီး ဖားပြုပ်က မြေရိုင်းလွင်ပြင်ဒေသမှ အဆင့်မြင့် သားရဲကြီး ဖြစ်သည်။သူ့၏ စွမ်းရည်က အလွန်ကြောက်စရာကောင်းလှပြီး သူနေထိုင်ရာနယ်မြေတစ်ခုလုံးကို လွှမ်းမိုး ထားနိုင်စွမ်းရှိသည်။ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ သူများပင်လျှင် ခြေထောက်ကြီး ဖားပြုပ်ကို အမျက်ထွက်အောင် မလုပ်ရဲကြပေ။


သူတို့က တောင်စဉ်တစ်ထောင်တောင်တန်းတွင် ပေါ်ထွက်လာမည့်ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်ကို ရယူရန်အတွက် ကြိုတင်၍ သဘောတူညီမှု ယူခဲ့ကြခြင်း ဖြစ်သည်။


ခြေထောက်ကြီး ဖားပြုပ်၏ တိုက်ခိုက်နိုင်မှု စွမ်းရည်က အလွန် ကြောက်စရာကောင်းလှသည်။ သူတစ်ချက် အော်မြည်လိုက်တိုင်းတွင် အနားပတ်ဝန်းကျင်ရှိ သူများအားလုံး၏ နှလုံးအိမ်က ပြင်းထန်စွာ တုန်ခါသွားကြရပြီး သူ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းတွင်လည်း မြေပြင်ကို သိမ့်သိမ့်တုန်သွားစေလေသည်။ 


မြွေလူသား အာဏာပိုင်က သူမ၏ အမြီးကို လွှဲယမ်းလိုက်သည်။ သူမ၏ အမြှီးက ပုံရိပ်ယောင် စိတ်ဝိညာဉ်နယ်မြေတွင် နေထိုင်ကြသော သာမန်မြွေလူသား မျိုးနွယ်များနှင့် ကွဲပြားခြားနားနေသည်။ သူမ၏ အမြှီးက အစိမ်းရောင်ရှိပြီး အစိမ်းရင့်ရောင် ကျောက်မျက်ရတနာကဲ့သို့သော အကြေးခွံများ ဖုံးလွှမ်းနေသည်။ သူမ၏ မျက်ဝန်းများက လင်းလက်တောက်ပနေကာ သူမ၏ ခန္ဓာကိုယ်ကလည်း အလွန်ဆွဲဆောင်မှု ရှိလှသည်။ သူမ၏ ခန္ဓာကိုယ်က သေးသွယ်လှပြီး မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရွေ့လျားနိုင်လေသည်။ ထို မြွေမျိုးနွယ်အာဏာပိုင်က လျှင်မြန်စွာပင် အလွယ်တကူ လှည့်ပတ်သွားလာနိုင်သောကြောင့် ခြေထောက်ကြီး ဖားပြုပ်အနေဖြင့် သူမကို ရင်ဆိုင်ရန် အခတ်တွေ့နေရသည်။


ခြေထောက်ကြီး ဖားပြုပ်က သူ့၏ ခြေထောက်ကို အမြင့်ကြီး မြှောက်လိုက်ပြီးနောက် အားပါးတရ နင်းခြေလိုက်သော်လည်း မြွေလူသား အာဏာပိုင်ကို နင်းခြေနိုင်စွမ်းမရှိပေ။


မြွေမျိုးနွယ် အာဏာပိုင်က ထိုနေရာ၌ ဝဲလှည့်နေ၏။သူမ၏ လှပသော မျက်နှာလေးတွင် အေးစက်မှုနှင့် စိတ်အားထက်သန်မှုတို့ ရောနှောနေသည်။ ရုတ်တရက် သူမက ပါးစပ်ဖွင့်ဟလိုက်ပြီး လည်ချောင်းရိုးကို ဆန့်ထုတ်လိုက်သကဲ့သို့ သူမ၏ လျှာနီလေးကို ထုတ်လိုက်သည်။


မြွေမျိုးနွယ်အာဏာပိုင်၏ အစိမ်းရောင်ဆံပင်များကလည်း လေတွင်မျောလွင့်နေပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးက တွန့်ကွေးသွားသည်။ထို့နောက် သူမက လျှာဖြင့် ခြေထောက်ကြီး ဖားပြုပ်ကို ဆက်ခနဲ လှမ်းရိုက်လိုက်ရာ သွေးများ ဖြာထွက်သွာစလေ၏။


ဒဏ်ရာရသွားသော ခြေထောက်ကြီး ဖားပြုပ်ကပို၍ ဒေါသထွက်လာသည်။


ချလွင်..... ချလွမ်......


သူတို့နှစ်ယောက်ကြားပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာလေ၏။


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ စစ်သည်တော်များနှင့် ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ စစ်သည်တော်များက ဆက်လက်၍ တိုက်ခိုက်နေကြသည်။ နှစ်ဖက်စလုံးမှ တန်ခိုးရှင်အဆင့်များနှင့် စစ်နတ်ဘုရားများက အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။


အစစ်အမှန် စွမ်းအင်လှိုင်းများကလည်း အဆက်မပြတ် ပေါ်ထွက်နေသည်။သူတို့ အားလုံးက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်အတွက် တိုက်ခိုက်နေကြခြင်းပင် ဖြစ်သည်။ အမှန်တကယ်တမ်းတွင် သူတို့ အားလုံးက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို မတွေ့မီအချိန်က ရှုရဂိုဏ်းက မကောင်းဆိုးဝါးများကို တားဆီးရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။


သို့ရာတွင် ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်ကို တွေ့မြင်ပြီးသည့်နောက် သူတို့၏ နှလုံးသားများက အလိုလောဘများဖြင့် လောင်ကျွမ်းသွားသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက ထိုအရာကို သူတို့၏ ကိုယ်ပိုင် ပြုလုပ်လိုကြသည်။


ရှုရဂိုဏ်းချုပ် သွမ့်လင်းက ထိုအဖြစ်အပျက်များကို ကြိုတင်မျှော်လင့်ထားခဲ့ကြောင်း ထင်ရှားလှပေသည်။ သူက တိုက်ခိုက်နေကြသော လူအုပ်ကို ကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။ သူက သန့်စင်လှသော စိတိဝိညာဉ်စွမ်းအားများ ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲသို့ ပြန်လည် ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။ ထိုစိတ်ဝိညာဉ်စွမ်းအားများကို သူ့၏ ခန္ဓာကိုယ်ထဲ လှည့်လည်စေလိုက်ပြီး ရှုရဂိုဏ်း၏ အစစ်အမှန်စွမ်းအား အဖြစ်သို့ ပြောင်းလဲလိုက်သည်။


မြောက်များလှစွာသော စွမ်းအင်များက သူ့၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် တိုးပွားလာနေသည်ကို ခံစားလိုက်ရသည်။


တိမ်ဖြူစံအိမ်၏ အရှင်သခင် ဝူမူက မြင့်တက်လာသော ဖိအားများကို ခံစားလိုက်မိသည်။ ပြင်းထန်းလှသောဟဖိနှိမ့်အားကြောင့် သူ့၏ မျက်နှာအမူအရာက ရုပ်ဆိုး အကျည်းတန်သွားသည်။ သူက လက်ထဲမှ တိမ်ဖြူဓားကို လွှဲယမ်းလိုက်၏။ စီးဆင်းနေသော မြစ်ပြင်ကျယ်ကဲ့သို့ ဓားတစ်သောင်း အလင်းရောင်များက ဖြာထွက်လာလေသည်။


ဘန်း....ဘန်း......


မတူညီသော ဓားချက်နှစ်ချက်က ထိပ်တိုက်တွေ့ဆုံသွားသည်။ဝူမူ၏ ဓားချက်က တည်ငြိမ်ခိုင်မာလှပြီး သွမ့်လင်း၏ ဓားချက်က ရိုင်းစိုင်းကြမ်းတမ်းလာသည်။ တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံပြီးနောက် ဝူမူ၏ဓားချက်က တည်ငြိမ်မှု ပျောက်ဆုံးသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ သွမ့်လင်း၏ ဓားချက်များက ပို၍ မြန်ဆန်လာပြီး ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။


သွမ့်လင်းက ရှုရဓားစိတ်ဆန္ဒကို လေ့ကျင့်ထားခဲ့သည်။ ထို နဂါးမှိုင် သွေးပင်လယ်အလောင်းတောင်တွင် ကျင့်ကြံထားခဲ့သည့် စွမ်းအားများ ပါဝင်သည်။ လွန်ခဲ့သော နှစ်များစွာကပင် သွမ့်လင်းက ရှုရဓားစိတ်ဆန္ဒကို ကျင့်ကြံခဲ့သောကြောင့် ရှုရဂိုဏ်းက တောင်ပိုင်းဒေသတခွင်၌ ရက်ရက်စက်စက် သွေးလွှမ်းစေခဲ့သည်။


ထိုစဉ်ကတည်းကပင် သွမ့်လင်းက တောင်ပိုင်းဒေသတစ်ခွင်ကို လွှမ်းမိုးနိုင်စွမ်းရှိခဲ့သည်။ အခြေခံအားဖြင့် တောင်ပိုင်းဒေသမှ လူများ၏ စိတ်ထဲတွင် အိမ်မက်ဆိုးတစ်ခုအဖြစ် လွှမ်းမိုးထားခဲ့သည်။ ထိုအချိန်က အာကာသအာနမ်ဂိုဏ်းနှင့် အခြားအဓိက ဂိုဏ်းကြီးများမှ စစ်သည်တော်များအားလုံးပူပေါင်း၍ ရှုရဂိုဏ်းကို အဆုံးသတ်ပေးခဲ့သည်။


ယခု ရှုရဂိုဏ်းက ပြန်လည်ရှင်သန်ထမြောက်ရန် ကြိုးစားသည့် အချိန်၌ သွမ့်လင်း၏ ရှုရဓားစိတ်ဆန္ဒက ပို၍ပင် ထက်မြက်လာခဲ့သည်။ သူ့၏ ကျင့်ကြံမှုအဆင့်ကလည်း မြင့်မားလာခဲ့ပြီ ဖြစ်သောကြောင့် အဆင့် ၉ အထွဋ်အထိပ်မှနေ၍ အဆင့် ချိုးဖောက် တက်ရောက်ရန်အတွက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လိုအပ်နေပေသည်။ ထို အကူပစ္စည်း တစ်ခုတည်းကသာလျှင် အဆင့် ၉ အဆင့်နိမ့် နယ်ပယ်မှနေ၍ နတ်ဘုရားအဆင့် နယ်ပယ် အဆင့် ၁၀ သို့ တက်ရောက်နိုင်ဖို့ ကူညီနိုင်စွမ်း ရှိပေလိမ့်မည်။


"ရှုရဂိုဏ်းက မကောင်းဆိုးဝါး......ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ယူဖို့ မစဉ်းစားနဲ့......"


ဝူမူ၏ ပါးစပ်မှ သွေးများ စီးကျနေသည် ။သူက များပြားလှစွာသော ဓားအရိပ်များကို ဆင့်ခေါ်လိုက်ပြီး ကြီးမားလှသည့် ဓားကြီးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။ထိုဓားအလင်းရောင်က ကောင်းကင်ကိုပင် ထက်ခြမ်း ခွဲတော့မတက် တောက်ပလင်းလက်နေသည်။


သွမ့်လင်း၏ မျက်ဝန်းများက အေးစက်သွားပြီး တင်းမာခတ်ထန်သွား၏။ဝူမူက သူ့၏ အသက်စွမ်းအင်များကို လောင်ကျွမ်းစေပြီး ဆက်လက်တိုက်ခိုက်ရန်အတွက် စွမ်းအင်များကို မြှင့်တင်နေပေသည်။


ပုဖန်က ညာဘက်လက်ဖြင့် မဟူရာလိပ်ခုံးဒယ်အိုးကို ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။သူက မီးတောက်များ တောက်လောင်နေသည့် မီးတောက်နဂါးကို ကြည့်ရှူလိုက်သည်။


ထိုနဂါးက အဆင့်မြင့်သားရဲကြီး ဖြစ်ပြီး မည်သူမဆို သူ့၏ ပြင်းထန်လှသော ဖိအားကို ခံစားရပေလိမ့်မည်။ ပုဖန်က သူ့၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားမိလေသည်။


ဂရား......


မီးတောက်နဂါးက မီးတွင်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဟိန်းဟောက်လိုက်သည်။ ပြင်းထန်လှသော အကူလှိုင်းများကလည်း အဘက်ဘက်သို့ ပြန့်နှံ့သွားပြီး ပုဖန်၏ ဆံပင်များကိုပင် တိုက်ခတ်သွားလေသည်။ သူ့၏ ဆံပင်များကို စည်းနှောင်ထားသော သိုးမွှေးလေးက ပြင်းထန်လှသော လေအားကြောင့် တဖြတ်ဖြတ် လွင့်ခါနေသည်။


ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို မဟူရာလိပ်ခုံး ဒယ်အိုးထဲသို့ ထိုးသွင်းလိုက်သည်။ဒယ်အိုး အရွယ်အစားက ပြန့်ကားလာပြီး အပေါ်ယံ အလွှာ၌ ရွှေရောင်လွှာအသစ် အစားထိုးပေါ်လာသည်။ ထိုဒယ်အိုးပေါ်ရှိ ပုံစံများကလည်း ထူးခြားဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုမီးတောက်နဂါးက သူ့၏ ပါးစပ်ကို ဖွင့်ဟ၍ ထက်မြေ့လှသော သွားစွယ်များကို လစ်ဟလိုက်သည်။


သူက ပုဖန်ကို တည့်တည့်ကြည့်၍ ထပ်မံ ဟိန်းဟောက်လိုက်သည်။မကြာခင်မှာပင် ထိုပုရွတ်ဆိတ်ကဲ့သို့ လူသားကို အရသာ ခံနိုင်ပေတော့မည်။ ထို့နောက် သူက အသံတစ်ချက်ရှူရှိုက်လိုက်ပြီး သူ့လက်ဖဝါးက မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ ကျရောက်သွားသည်။ အသံ ခပ်အုပ်အုပ် တစ်ချက်ထွက်ပေါ်လာလေ၏။မဟူရာလိပ်ခုံးဒယ်အိုးမှ အလင်းရောင်တန်းများ ဖြာထွက်လာပြီးနောက် မီးတောက်နဂါးဆီသို့ ဦးတည်ပျံသန်းသွားလေသည်။


မီးတောက်နဂါးက ပါးစပ်ကို ဖွင့်ဟ၍ မီးလုံးများ မှုတ်ထုတ်လိုက်သည်။ပူပြင်းလှသော မီးတောက်များက မဟူလိပ်ခုံး ဒယ်အိုးပေါ်သို့ ကျရောက်သွားသည်။


ဘန်း.....ဘန်း.....ဘန်း......


ရုတ်တရက် ခရမ်းရောင်အလင်းတန်း တစ်ခု လင်းလက်သွားသည်။ဝှိုက်တီ၏ ပုံရိပ်က ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူ့၏ မျက်ဝန်းများက ခရမ်းရောင်အလင်းများ တောက်ပနေပြီး မြေပြင်ကို ထောက်ကန်နင်းလိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်ဆီသို့ ကျည်ဆံတစ်တောင့်အလား လျှင်မြန်စွာ ပျံတက်သွားလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုး၏ ရှေ့၌ ပေါ်လာသည် 


ထို့နောက် သူ့၏ လက်သီးကို လွှဲယမ်းလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ ပစ်သွင်းလိုက်သည်။ နဂါးမီးတောက်များ၏ အတားအဆီးကြောင့် တန့်သွားသော မဟူရာလိပ်ခုံးဒယ်အိုးက အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး မီးတောက်နဂါး၏ ခေါင်းကို ထုချေချလိုက်လေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက မယုံနိုင်စရာကောင်းလိုက်အောင် လေးလံလှပြီး ဖွဲ့စည်းပုံကလည်း ကျစ်လစ်ခိုင်ခံ့လှသည်။ ထိုရိုက်ချက် တစ်ချက်တည်းကပင် အဆင့်မြင်းသားရဲကို မူးဝေထွက်သွားစေသည်။


မီးတောက်နဂါးက အနောက်သို့ အနည်းငယ် လွင့်ထွက်သွားပြီးနောက် ချော်ရည်ပူထဲသို့ ပြန်လည် ပြုတ်ကျသွားလေ၏။ မဟူရာလိပ်ခုံးဒယ်အိုးဖြင့် တိုက်ခတ်ခဲ့သော ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောက် တောက်ပနေဆဲပင် ဖြစ်သည်။


ဝှိုက်တီ၏ ပုံရိပ်က ကောင်းကင်ထက်မှနေ၍ အရှိန်ဖြင့် လည်ပတ်၍ မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာသောကြောင့် မြေပြင်က လှုပ်ခါသွား၏။


တိုက်ခိုက်မှုပြီးဆုံးသွားပြီ ဖြစ်သော မဟူရာလိပ်ခုံးဒယ်အိုးကလည်း အနက်ရောင်အရိပ်အဖြစ် ပြန်လည် ပြောင်းလဲသွားပြီး ပုဖန်၏ လက်အတွင်းသိူ့ ပြန်ရောက်လာသည်။ ထို့နောက် အစိမ်းရောင် မီးခိုးငွေ့လေးများ အဖြစ်သို့ ပြန်လည်ပြောင်းလာပြီး တဖြေးဖြေး လွင့်ပါး ပျောက်ကွယ်သွားလေသည်။


ရွှတ်......ရွှတ်......ရွှတ်.....


ချော်ရည်ပူထဲမှ မီးတောက်နဂါး၏ ပုံရိပ်က ပြန်လည် ပေါ်ထွက်လာသည်။သူက ပုဖန်၏ ပုံရိပ်ကို သေစေနိုင်လောက်သော အကြည့်များဖြင့် စူးစူးရဲရဲကြည့်နေ၏။


ဝှိုက်တီက သူ့ကြောင့် ပျက်စီးသွားသော မြေပြင်ကို ထောက်ကန်လိုက်ပြီး ခုန်ထွက်လိုက်သည်။ ကျည်ဆံတစ်ခုကဲ့သို့ ချှင်မြန်လှသော ဝှိုက်တီ၏ ပုံရိပ်က မီးတောက်နဂါး၏ အာရုံကို အပြည့်အဝ ဆွဲဆောင်သွားလေသည်။


သူတို့နှစ်ယောက်က ဒေါသတကြီးဖြင့် တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေကြသည်။ပုဖန်က တိုက်ခိုက်တော့မည့် မီးတောက်နဂါးနှင့် ဝှိုက်တီ၏ ပုံရိပ်ကို တစ်ချက်သာ လှမ်းးကြည့်လိုက်ပြီးနောက် ခေါင်းလှည့်လိုက်သည်။ ထို့နောက်သူ့၏ အကြည့်များက ရွှေရောင်တောက်ပနေသော မီးလုံးလေးပေါ်သို့ ကျရောက်သွားလေသည်။


ထိုမီးတောက်၏ အပေါ်ဘက်တွင် အဆုံးအစမဲ့သော စိတ်ဝိညာဉ်အနှစ်သာရများ လည်ပတ်နေသည့် မီးခိုးဖြူရောင် မှော်ဖန်လုံး တစ်လုံးရှိနေသည်။ ပုဖန်က ခြေဖျားလက်များဖြင့် မြေပြင်ကို ထောက်ကန်လိုက်ရာ သူ့၏ ခန္ဓာကိုယ်က လေထဲမျောလွင့်သွားသည်။


အဆင့် ၇ သူတော်စင်အဆင့်သို့ ရောက်ရှိလာပြီးသည့်နောက် သူ့၌ ယာယီပျံသန်းနိုင်သည့် စွမ်းအင် ရရှိလာခဲ့သည်။ ထို အချက်က ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်နားသို့ မည်ကဲ့သို ချဉ်းကပ်ရမည် မသိ ဖြစ်နေသော ပုဖန်ကို အနည်းငယ် အကူအညီပေးနိုင်သည်။ ပုဖန်အတွက် ပထမဦးဆုံး လေထဲ၌ လမ်းလျှောက်ခြင်း ဖြစ်နေသောကြောင့် သူ့၏ ပုံရိပ်က မတည်မငြိမ်ဖြစ်နေပြီး ကို့ယို့ကားယား နိုင်နေသည်။ သို့သော်လည်း သူ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်နားသို့ ချောချောမွေ့မွေ့ချဉ်းကပ်နိုင်ခဲ့သည်။


ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ အကူအညီက မခံမရပ်နိုင်လောက်အောင် မြင့်မားလာသည်။ ပုဖန်အနားသို့ နီးကပ်လာသည်နှင့် သူ့၏ ခန္ဓာကိုယ်က ပြာများ အဖြစ်သို့ လောင်ကျွမ်းသွားတော့မလိုပင် ခံစားလိုက်ရသည်။ အပူချိန်ကြောင့် သူ နဖူးကျောများ တွန့်ရှူံ့သည်အထိ မျက်မှောင်ကြုတ်ထားမိသည်။ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက် အမျိုးအစားဖြစ်သော ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ထူးခြားသည့် ဂုဏ်သတ္တိများ ရှိနေပေသည်။


ရံဖန်ရံခါ၌ တောက်လာင်နေသောမီးတောက်၏ ဘေးပတ်လည်တွင်ရှိနေသော အပူလှိုင်းများက သက်ရှိ သားရဲတစ်ကောင် ပုံစံကဲ့သို့ပင် ဟိန်းဟောက်သံများ ထုတ်လွင့်ပြီး ပုဖန်ဆီသို့ တိုးဝင်လာကြသည်။ ထိုပုံသဏ္ဍာန်များက ရိုင်းစိုင်းကြမ်းတမ်းလှသော ကျားတစ်ကောင်အဖြစ် လည်းကောင်း ခြင်္သေ့ကြီး တစ်ကောင် အဖြစ်လည်းကောင်း ရက်စက်ကြမ်းကြုတ်လှသော မီးနဂါးပုံစံအဖြစ်သို့ လည်းကောင်း ပြောင်းလဲနေလေသည်။


ပုံရိပ်များက အဆက်မပြတ်ပြောင်းလဲနေပြီး ပြင်းထန်သော ဖိအားကြောင့် လေထုက ပိုမို၍ သိပ်သည်းလာခဲ့သည်။


"စနစ်.....ငါ အဲ့ဒီကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဘယ်လိုမျိုးရနိုင်မလဲ...."


ပုဖန်က မေးလိုက်သည်။ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်နှင့် နီးကပ်လာသည်နှင့်မျှ အပူချိန်ကြောင့် သူ့၏ ခန္ဓာကိုယ်မှ ချွေးများစိုရွှဲလာခဲ့သည်။လေအရှိန်ဖြင့် တဖြတ်ဖြတ် လွင့်ခါနေသော သူ့၏ ဆံနွယ်များပင် မျက်နှာနှင့် ခန္ဓာကိုယ်၌ ကပ်နေကြပေသည်။


ပုဖန်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မည်ကဲ့သို့ သိမ်းဆည်းရမည်ကို မသိသောကြောင့် စနစ်ကို မေးမြန်းလိုက်သည်။


"ဒီ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက် အမျိုးအစား ဖြစ်ပါတယ်.....ဒီမီးတောက်ထဲမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး ကြားမှာ ရှိနေတဲ့ စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေပြီး ရှားပါးသည့် ရတနာပစ္စည်း တစ်ခု ဖြစ်တယ်.......စနစ်က ဒီကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်ကို ရရှိဖို့ အတွက်ကူညီမပေးနိုင်သော်လည်း ဘယ်လိုရရှိရမယ်ဆိုတဲ့ နည်းလမ်းများကိုတော့ ပြောပြပေးနိုင်ပါတယ်....." စနစ်၏ တည်ငြိမ်လှသော တုံ့ပြန်သံက ထွက်ပေါ်လာသည်။


ထိုအသံ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့၏ ခေါင်းထဲ၌ အချက်ပေးသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ထိုအသံက စနစ်မှ ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်ကို ရယူနိုင်မည့် နည်းလမ်းများအား သူ့ထံသို့ လွှဲပြောင်း ပေးအပ်နေခြင်းပင် ဖြစ်သည်။


ခပ်လှမ်းလှမ်း၌ ရှုရဂိုဏ်းဂိုဏ်းချုပ် သွမ့်လင်းနှင့် ဝူမူတို့က တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်နေကြတုန်းပင် ဖြစ်သည်။ ရုတ်တရက် သူတို့၏ နှလုံးသားထဲ၌ ခံစားချက်တစ်ခုကို ခံစားလိုက်ရသောကြောင့် သူတို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ ဘေးနား၌ မျောလွင့်နေသော သွယ်လျသည့် ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရလေ၏။


"တစ်စုံတစ်ယောက်က ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်နားကို တိုးသွားနိုင်ပြီလား....."


သွမ့်လင်း၏ နှလုံးသားထဲ၌ တုန်လှုပ်သွားသည်။သို့သော်လည်း သူက အနီးကပ် စစ်ဆေးကြည့်ရှူလိုက်သော အခါတွင် ထိုပုံရိပ်က အဆင့် ၇သူတော်စင်အဆင့်မျှသာ ရှိသေးကြောင်း တွေ့ရှိလိုက်သည်။


"ဟမ်း.....ယုံကြည်မှု လွန်ကဲနေတဲ့ အရူးပဲ....ကောင်းကင်ကမ္ဘာမြေမီးလျှံက အရမ်းကို ပူပြင်းလွန်းတယ် ....တန်ခိုးရှင် အဆင့်ကလွဲပြီးဘယ်သူမှ အဲ့ဒီနားကို ကပ်နိုင်မှာ မဟုတ်ဘူး.....ဘယ်လိုလောင်ကျွမ်းမယ်ဆိုတာ ကြည့်ရသေးတာပေါ့....."


သွမ့်လင်းက ပျက်ရယ်ပြု ရယ်မောလိုက်ပြီး ထိုပုံရိပ်ကို အာရံမစိုက်တော့ပေ။ကောင်ူကင်ကမ္ဘာမြေ မီးလျှံကို ရယူရန်ကြိုးပမ်းရဲသော လောဘကြီးလှသည့် ငမိုက်သားက သေသည်အထိ ရက်ရက်စက်စက် လောင်ကျွမ်းခြင်းကို ခံရပေလိမ့်မည်။


သွမ့်လင်းသာမက တစ်ခြားသူများအားလုံးကလည်း ထိုပုံရိပ်ကို မြင်လိုက်ကြသည်။သူတို့က ဦးနှောက်မရှိ အဆင်အခြင်မဲ့ ပြုလုပ်ပုံကို ကဲ့ရဲ့ရှူံ့ချလိုက်ကြသည်။သို့သော်လည်း ချွင်းချက် တစ်ချို့တော့ရှိနေပေသေးသည်။


ကြည်လင် ကောင်းကင် ဘုရားကျောင်းမှ တန်ခိုးရှင် ယဲ့ယွင်ချင်း၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားသည်။ သူက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက် ဘေးနား၌ မျောလွင့်နေသော ပုံရိပ်ကို သေချာစွာ အကဲခတ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သင့် ဖြစ်သွား၏။


"ဒါက ပိုင်ရှင်ပု မဟုတ်လား......"


ယဲ့ဇီလင်း၏ မျက်နာပေါ်၌လည်း စိတ်ရှူပ်ထွေးမှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်သွားသည်။ထို့နောက် သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါးလေးများက အံ့အားသင့်မှုဖြင့် ပွင့်ဟသွားလေသည်။


"ဒါ တကယ်ပဲ ပိုင်ရှင်ပု.....ဒါပေမယ့် ဒီလူက အင်ပါရီယာ မြို့တော်မှာ ဆိုင်ဖွင့်နေရမှာ မဟုတ်ဘူးလား......ဘယ်လိုဖြစ်ပြီး တောင်စဉ်တစ်ထောင် တောင်တန်းကို ရောက်လာတာလဲ.....ပြီးတော့ ဒီလောက် တန်ခိုးရှင်အဆင့်တွေ အများကြီး ကြားထဲမှာမှ သူက ဘယ်လိုဖြစ်ပြီး ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်နားမှာ ပေါ်လာရတာလဲ.....ပိုပြီးအရေးကြီးတာက ဒီကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို သူ ဆုပ်ကိုင်ထားနိုင်မှာ မဟုတ်ဘူးလေ.....ဒီမီးတောက်က သူကို သေသည်ထိ လောင်ကျွမ်းပစ်လိုက်မယ် မဟုတ်ဘူးလား......" ယဲ့ဇီလင်းက သူမပါသာ တွန့်ဆုတ်တွေဝေစွာဖြင့် ရေရွတ်လိုက်မိသည်။


တစ်ခြား တစ်ဖက်တွင်မူ ပုဖန်က မျက်ဝန်းများကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။သူက တစ်ခြားသူများ၏ အတွေးများကို လုံးဝ ဂရုမစိုက်ပေ။မူလက အလွန်တောက်ပနေပြီး အရှိန်ပြင်းပြင်း ပူလောင်နေသည့် မီးတောက်က ရုတ်တရက် အားပျော့သွားပြီး တောက်ပမှုက များစွာ လျော့ကျသွားလေသည်။