အပိုင်း ၃၅၀
Viewers 52k

အခန်း ၃၅၀ “ပိုင်ရှင်ပု မီး‌တောက်ကို စားသုံးခြင်း"


စနစ်၏အသံကို ပုဖန်ခေါင်းထဲတွင် ကြားနေရသည်။


ပုဖန်က သူ၏ ကိုယ်တွင်းမှ အစစ်အမှန်စွမ်းအင်များ မည်ကဲ့သို့ လှည့်ပတ်စီးဆင်းရမည်ကို သိရှိနားလည်လိုက်သည်။ အစစ်အမှန် စွမ်းအင်လှိုင်းများက သူ၏ သွေးကြောများအထိ စီးကူးနေလေသည်။ ဤသည်မှာ စနစ်မှ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ရယူနိုင်ရန် ပေးပို့ထားသော ကျင့်စဉ်နည်းလမ်းဖြစ်ကြောင်း ပုဖန်က သိနေလေသည်။ 


ကောင်းကင်ကမ္ဘမြေမီးတောက်ကျောက် သည် ရှားပါးလှသည့် ရတနာဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြားရှိ လွင့်မျောနေသည့် စိတ်ဝိညဉ်စွမ်းအင်များ ကိန်းဝပ်နေ၏။

မည်သို့သော် လည့်ကွက်မျှမပါဘဲ ဒီလိုကျောက်မျိုးကို ရရှိနိုင်ပါမည်နည်း။


စနစ်မှ ထောက်ပံ့ပေးသည့် နည်းလမ်းများကိုလေ့လာပြီးနောက် ပုဖန်သည် မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်ကာ ကောင်းကင်ကမ္ဘမြေမီးတောက်ကျောက်ကိုကြည်လိုက်လေသည်။ ကျောက်သည် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရသည်။ တစ်စုံတစ်ယောက်ကများ ပုဖန်၏ မျက်လုံးကို သေချာစွာ ကြည့်မိပါက စိတ်ဓါတ်ပျက်ပြားပြီး ရူးသွပ်သွားပါလိမ့်မည်။


ပုဖန်သာလျှင် စနစ်မှ ထောက်ပံ့ပေးသည့် နည်းလမ်းသည် သူနှင့် အံ၀င်ခွင်ကျဖြစ်ကာ သူ့စိတ်မလွတ်သေးကြောင်း သိလေသည်။


"ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို စားလိုက်ပါ....."


"စားရမယ်.....ဟုတ်လား........ "


ကို့ရို့ကားယား နည်းလမ်းကြောင့် ပုဖန် မျက်နှာကြီး ရှုံ့မဲ့သွားသည်။သို့သော် ရှောင်လွဲမရသောကြောင့် စိတ်ကို ငြိမ်လိုက်သည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ဘယ်လောက်တောင်မှ နူးညံ့နေလို့ မျိုချစားသောက်ခိုင်းတာလဲ...


စနစ်မှထောက်ပံ့ပေးသည့် နည်းလမ်းသည် ပုဖန်အတွက် အကောင်းဆုံးကိုသာ လမ်းညွှန်တတ်သည်။


သူ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို စူးစိုက်ကြည့်နေလေရာ ပုဖန်ကိုလူများက အသည်းတယားယား ဖြစ်နေလေသည်။

သူက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏ အရသာသည် မည်ကဲ့သို့ပေးစွမ်းနိုင်ကြောင်းကို သူသိရှိလိုလှသည်။


"ဒါက မီးလုံးကြီးတစ်လုံးပါဘဲ...... အရသာကတော့ ကောင်းမယ်မထင်ဘူး ဒါပေမယ့် သူ့အရသာက သာမာန်ထက်တော့ ထူးခြားနေမှာဘဲ....... " ပုဖန်က မျက်စိများ မှိတ်ကာ တွေးနေသည်။


ဤအကြိမ်သည် သူ့အတွက် ပထမဆုံးသော မီးတောက်ကို စမ်းသပ်စားသုံးကြည့်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် စိတ်ထဲတွင် တထင့်ထင့်ဖြစ်နေလေ၏။ သူ့ကို အစစ်အမှန်စွမ်းအင်လှိုင်းများ၊စနစ်မှ ပေးပို့သည့် စွမ်းအင်အဆင့်များ စသည်တို့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံနေလေသည်။


ပုဖန်တစ်ကိုယ်လုံး နီရဲလာ၏။ပါးစပ်ဟကာ သက်ပြင်းပူများ မှုတ်ထုတ်လိုက်သည်။တောက်ပသော ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို စူးစိုက်ကြည့်သဖြင့် သူမျက်လုံးများကလည်း တောက်ပစူးလဲ့လာ၏။


............


ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။


ရှုရဂိုဏ်း၏ သွေးနီရောင် မဟာဓါးလှိုင်း ဓါးစွမ်းအင်သည် တိမ်ဖြူစံအိမ်အကြီးအကဲ၏ ဓါးစွမ်းအင်ကို ဖြိုဖျက်လိုက်သည်။


ဝူမူ၏ ပါးစပ်မှ သွေးများကျဆင်းလာပြီး အနောက်သို့ ဆုတ် လိုက်ရသည်။


သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုဒဏ်ကြောင့် နဘေးမှ သစ်ပင်များ မခံနိုင်ဘဲ အပိုင်းပိုင်း ဖြစ်ကုန်သည်။ ဓါးချက်တိုင်းက မြေစိုင်မြေခဲများကို ကြေမွစေလေ၏။ အဆင့်မြင့် အကြီးအကဲနှင့် ရှူရဂိုဏ်း၏အဆင့်မြင့်နတ်ဆရာမကြားမှ တိုက်ပွဲက အတော်ပြင်းထန်လေသည်။ ထို မှေါ်အစီအရင် မာစတာနှစ်ယောက်က ပိုမိုအမြင်ကျယ်ကာ အားနည်းချက်ကိုမြင်လာကြသည်။နှစ်ယောက်စလုံးက ဟန်မပျက်နေသော်လည်း နှစ်ယောက်စလုံး အထိနာနေကြပြီဖြစ်သည်။


တစ်ယောက်ယောက်က လက်လျော့အရှုံးပေးခဲ့ပါက အလောင်းတစ်လောင်းအနေဖြင့်သာ ပြီးဆုံးသွားလေမည်ဖြစ်သည်။ ထို့ကြောင့် မော်အစီအရင်မာစတာနှစ်ယောက်ကြားမှ တိုက်ပွဲသည်း အခြား‌သော တန်ခိုးရှင်နှစ်ယောက်၏ တိုက်ပွဲထက်ပိုမိုပြင်းထန်ကာ အန္တာရယ်လည်းများလေသည်။


အဆင့်မြင့်နတ်ဆရာမသည် အတွင်း၀တ်စုံမျှသာ ၀တ်ဆင်ထားပြီး ခန္ဓာကိုယ် ကောက်ကြောင်းအလှကို လှစ်ဟာထား၏။ မျက်နှာဖုံး၏အောက် ကြော့ရှင်းလှပသော မျက်နှာထားသည် တင်းမာရက်စက်မှုများဖြင့် ပြည့်နှက်နေလေ၏။ ချိတ်ခွေထားသည့် ခြေသလုံးသားလေးမှ စိမ်းမြရောင်သန်းနေသည့် သွေးကြောစမ်းများက သူမခန္ဓာကိုယ်ကို ရစ်ပတ်ကာ မှင်တက်လောက်စရာ မှော်အစီအရင်ကို ဖြစ်တည်စေသည်။


အာကာသအာနမ်ဂိုဏ်း၏အဆင့်မြင့် အကြီးအကဲ သည် လွယ်ကူသယောင် ထင်မှတ်ရ၏။ နှစ်ပေါင်းများစွာ မှော်အစီအရင်များကို လေ့လာပြီးနောက် သူ့ထံတွင် အတွေ့အကြုံကောင်းများစွာ ရှိလာသည်။ နောက်ဆုံးတွင် အဆင့်မြင့်နတ်ဆရာမထက် ပိုမိုသည့် မှော်အစီအရင်များကို ရင်းနှီးကျွမ်း၀င်နေလေပြီး သူမကို အောင်မြင်ဖို့ သိပ်မခက်ခဲတော့ပေ။


သွမ့်ယွင်က ပါးစပ်အဟောင်းသားငေးကြည့်နေလေသည်။ သူ၏ပြူးကျယ်သောမျက်လုံးများသည် သစ်ကိုင်းများဆီမှ အသားကင်းကို မခွာနိုင်ဘဲ ကြည့်နေလေသည်။ သူ၏ မီးခိုးရောင် ဆံပင်မွှေးများက စွမ်းအင်လှိုင်းများဖြင့် လွင့်ပျံနေလေသည်။


"ဒီလူက ကောင်းကင်ကမ္ဘမြေမီးတောက်ကျောက်နဲ့ နီးကပ်နေတာတောင် လောင်ကျွမ်းပြီး မသေဘူးလား...." တွေးကာ ပုဖန်က သူ့စိတ်ထဲတွင် ကျလိကျလိဖြစ်အောင် လုပ်နေသည်။


ပုဖန်၏ မယုံနိုင်ဖွယ်ရာ ဟင်းချက်စွမ်းရည်၊သူ၏ အဆင့်ခုနှစ်ရှိပြီဖြစ်သော သူတော်စင်အဆင့် ကျင့်ကြံစွမ်းနှင့် တခြားလူတွေများအား သတိလစ်သည်အထိ မှောက်လဲကျအောင် ဒယ်အိုးဖြင့်ရိုက်နိုင်စွမ်း စသည်တို့က သွမ့်ယွင်၏စိတ်ကို ရှုပ်ထွေးနောက်ကျိစေလေတော့သည်။


သူက ပုဖန်တောင်ပိုင်းဒေသအပြင်မှ လာသည်ကို မသင်္ကာဖြစ်သည်။နဂါးမြို့ဟောင်းနယ်မြေသည် ကျယ်ပြောသော နေရာဖြစ်၏ ထိုအထဲမှ တစ်မူထူးခြားစွမ်းရည်ရှိသူများ ပေါက်ထွက်လာခြင်းသည် အံအားသင့်စရာတော့မဟုတ်ပေ။


"ဒီလူက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဖမ်းဆုပ်နိုင်ခဲ့ရင် ဘာဖြစ်မှာလဲ......." စိတ်လှုပ်ရှားမှုများက သွမ့်ယွင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေ၏။


"တန်ခိုးရှင်များစွာက ကောင်းကင်ကမ္ဘမြေမီးတောက်ကျောက်ကိုရရှိဖို့ တိုက်ခိုက်‌သေကြေခဲ့ပြီးမှ အဆင့်ခုနှစ်သာ ရှိတဲ့ သူတော်စင်အဆင့် အညာတရလူတစ်ယောက်က ပိုင်ဆိုင်ခဲ့ရင်တော့ဖြင့် သိပ်ရယ်စရာကောင်းတာဘဲ....." အတွေးဖြင့်ပင်သွမ့်ယွင် မြူးနေသည်။


ပုဖန်နှင့် သိကျွမ်းသော ယဲ့ဇီလင်းသာမက ယဲ့ဖန်းကပါ သူတို့ ပုဖန်းကို ဒီလိုဖြစ်နိုင်မည်ဟု မထင်မှတ်ထားသောကြောင့် စိတ်ရှုပ်ထွေးနေသည်။


သွမ့်လင်းက သူ၏ ကျင့်ကြံစင့်များ အချိန်နှင့်အမျှ ပိုမိုအားကောင်းလည်သည်ကို ခံစားမိသည်။ ကုန်ဆုံးသွားသည့် စွမ်းအင်ကို ဖြည့်တင်းစေသလိုမျိုး ကောင်းကင်မှစိတ်ဝိညဉ်စွမ်းအင်သည် သူ့ထံသို့ စီး၀င်လျက်ရှိ၏။ သူ၏ခန္ဓာကိုယ်သည် ပြောင်းလဲလာကာ အဆင့်တစ်ဆယ် နတ်ဘုရားနယ်ပယ်အဆင့်သို့ကူး ပြောင်းသွားတော့သည်။


ရှုရဂိုဏ်သည် တောင်ပိုင်းဒေသအပြင်မှ လာခဲ့ပြီး နတ်ဘုရားနယ်ပယ်၏ စွမ်းရည်သည် မည်မျှအားကောင်းကြောင်း သိပြီဖြစ်သည်။


အဆင့်ကိုးဆင့်ရှိသော တန်ခိုးရှင်အဆင့်နှင့် အောက်မှအဆင့်များသည် သေဆုံးနိုင်သေးသည်။ နတ်ဘုရားနယ်ပယ်အဆင့်မတိုင်ခင်အထိ တန်ခိုးရှင်များသည် အရာမရောက် တန်းမ၀င်ပေ။


သူ့လက်မှ ရုတ်တရက်စီးထွက်လာသည့် ဓါးစွမ်းအင်ဖြင့် ရူရဂိုဏ်ချုပ်၏ ဓါးချက်ကို တားဆီးလိုက်၏။ ဟက်တက်ကွဲ ဒဏ်ရာနှင့်အတူ အစစ်အမှန်စွမ်းအင်သည်ကောင်းကင်ယံသို့ ပြန့်နှံ့သွားသည်။ ဤဓါးချက်က ဝူးမူကို လွင့်ထွက်စေပြီး သွေးပင်အန်စေတော့၏။


ဝူးမူသည်မည်မှပင် ဓါးစွမ်းထက်ပါသော်လည်း သူ့ထက်အင်အားကြီးမားသည် ရန်သူကို ယှဉ်ပြိုင်ရာတွင်မူ သူကျရှုံးလေတော့သည်။


"ဟား ဟား ဟား သွားစမ်းပါ....ငါက ငါ့ရဲ့ဂုဏ်သိက္ခာအတွက် ရယူမယ်......." သွမ့်လင်းက ခေါင်းမော့ကာ အော်ဟစ်ရယ်မောရာ ကောင်းကင်တစ်လျောက် ပဲ့တင်နေလေတော့သည်။


ပုဖန်၏ ဒယ်အိုးရိုက်ချက်ကြောင့် သတိလစ်နေသော ပေကုန်းမင်သည် သတိပြန်ရလာတော့သည်။ သူ့ခေါင်းတစ်ခုလုံး ကြေမွသလိုနာကျင်နေသည်။နှာနုရိုးသည်လည်း ကျိမ်းစပ်နေ၏။ပေကုန်းမင်သည် နာကျင်လွန်းသောကြောင့် ငိုချင်သလိုပင်ဖြစ်နေသည်။ သူက ဤသို့တွေးနေရင်း ပုဖန်အပေါ်ဒေါသကြီး စိတ်ဆိုးနေသည်။သူက ပုဖန်ရှိရာဆီသို့လှမ်းကြည့်နေစဉ် သူ့အကြည့်သည် တစ်နေရာတွင် ရပ်တန့်သွားလေ၏။


ကြည့်နေရင်းပင် ကြောက်စိတ်မွန်ထူလာကာ နှလုံးရပ်မတတ်ဖြစ်နေ၏။


"ဒီလူက ရူးနေတာလား......" 


တန်ခိုးရှင်အဆင့် လူများကပင် ကောင်းကင်ကမ္ဘမြေမီးတောက်ကျောက် လက်ဗလာဖြင့် မကိုင်နိုင်သည်ကို အဆင့်ခုနှစ် သူတော်စင်ကောင်လေးက လှမ်းနေသည်ကို တွေ့လိုက်ရသည်။


ပုဖန်တစ်ကိုယ်လုံး ပူလောင်နေပြီး မျက်‌မှောင်ကြုံ့နေသည်။လက်ဖဝါးကို ဖြန့်ကာ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။


"ဝုန်း..........."


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်အနီးသို့ ပုဖန်ချဉ်းကပ်လာပါက ပြင်းထန်သော ပေါက်ပွဲမှုဖြစ်ပေါ်ကာ မမြင်ရသော အင်အားပြင်းထန်သည့်လှိုင်းများ ထွက်ပေါ်လာမည်ဖြစ်လေသည်။ ဤသို့ မတည်မငြိမ်ဖြင့် တောက်ပနေမှုက ပုဖန်ကို အနားမကပ်လာစေရန် သတိပေးနေသလိုဖြစ်နေသည်။


ပုဖန်သည် တပါးသူ၏ခံစားချက်များကို ဂရုမစိုက်တတ်သူဖြစ်သည်အမျှ ဤမီးတောက်လုံးကိုသာ အာရုံစိုက်နေသည်။ သူ့မျက်စိထဲတွင် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ဟု မမြင်ဘဲ ကမာနှလုံးသားပန်ကိတ်မှ မီးလျှံများဖြာထွက်နေသည်ဟုသာ‌မြင်နေသည်။ သူကလျှာဖြင့် နှတ်ခမ်းသပ်လိုက်ရင်း ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်အနားသို့ကပ်လာသည်။အင်အားတစ်မျိုးသည် သူ့လက်ဖဝါးမှ ရုန်းကန်ထွက်နေသည်။ပုဖန်က မျက်မှောင်ပိုကြုံ့လိုက်ရင်း.......


"ဝုန်း......"


ဝှိုက်တီက ခြေစောင့်လိုက်ရင်း ပျံတက်ကာ ပုဖန်အနားသို့ရောက်လာ၏။ခရမ်းရောင်မျက်ဆံလေးသည် လင်းလက်နေသည်။


ပုဖန်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဆတ်ခနဲကိုင်လိုက်ရာ အလွန်တရာပူလောင်မှု့ကိုခံစားရသည်။ ဤမီးတောက်လုံးကြီးသည် အလွန်ပင် ပူပြင်းကာ အစစ်အမှန်စွမ်းအင်သည် ပုဖန်၏တစ်ကိုယ်လုံးကိုလွှမ်းခြုံနေလေသည်။


ကံကောင်းစွာပင် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်သည် ယခုမှပင် စတင်ဖွဲ့စည်းသည်။ အကယ်၍များ ယခုထက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်သည် ပိုမိုပြင်းထန်ပါက ပုဖန်ကို အလွယ်တကူပင် ပြာအဖြစ်ရောက်အောင် လုပ်နိုင်သည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် ကို ကိုင်ထားရင်း စွမ်းအင်၏အစစ်အမှန်သဘောတရားကို ပိုမိုနားလည်လာသည်။


"ဟမ်း.....ဒါဘာလဲ"


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်အလုံးထဲမှပြင်းထန်သော စွမ်းအင်လှိုင်းများနှင့်အတူ စိတ်မချမ်း‌မြေ့စရာ မြည်ဟီးသံကြီး ထွက်ပြူလာသည်။


ပုဖန်က အလျံငြီးငြီးတောက်ပနေသည့် မီးတောက်လုံးကြီးကို ကိုင်မလိုက်သည်။


"ဒါ တစ်ခုခုနဲ့တူသလိုဘဲ......" ပုဖန်က မျက်မှောင်ကြုံ့ကာတွေးလိုက်သည်။ဒါသည် ဝိညာဉ်နှုတ် မှော်ဖန်လုံးနှင့်တူသည်ဟု တဖြေးဖြေးစဉ်းစားမိလာသည်။


"ဝှိုက်တီ ဗိုက်ကို ဖွင့်လိုက်........"


ဝှိုက်တီသည် မီးနဂါးကြီးကိုပြန်ထုတ်ကာ ပုဖန်၏အမိန့်ကိုနာခံရင်း ဗိုက်ကို ဖွင့်ဟပေးလိုက်သည်။


ပုဖန်က မီးတောက်လုံးကြီးကို ဝှိုက်တီ၏ ဗိုက် မဟူရာတွင်းနက်ကြီးထဲသို့ပစ်သွင်းလိုက်တော့သည်။


......


သွမ့်လင်းသည် ကောင်းကင်ယံတွင် စိတ်ဝိညဉ်စွမ်းအင်ဖြင့် ဖြတ်လတ်နေကာ မျက်နှာသည်လည်း တက်ကြွနေလေ၏။ သူ့၏ခန္ဓာကိုယ်သည် ကြွတက်နေသလိုခံစားနေရသည်။သူ၏ခန္ဓာကိုယ်သည် သန့်စင်သော စိတ်ဝိညဉ်စွမ်းများကိုစုပ်ယူထားသောကြောင့် ဖြတ်လတ်နေလေတော့သည်။


ဝိညဉ်နှုတ်မှော်ဖန်လုံးမှ စုပ်ယူထားသမျှစွမ်းအားများက တန်ခိုးရှင်အဆင့်ကိုကျော်လွန်ကာ အဆင့်တစ်ဆယ်သို့ပင်ရောက်ရှိနေလေသည်။ သူသည် စွမ်းအင်များမှတဆင့် အဆိပ်သင့်နေသည်။ သူစိတ်ကျေနပ်ခဲ့သမျှအခိုက်အတန့်သည် ကြာရှည်မခံပေ။တဖြည်းဖြည်းရပ်နားသွားတော့သည်။


ကောင်းကင်ပေါ်မှ ရုတ်တရက်ဖြာကျလာသည့် စိတ်ဝိညဉ်စွမ်းအင်သည် ပြန်လည်ပျောက်ကွယ်သွားသည်။ သူသည်မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကာ ဘယ်ဖြစ်ပျက်နေမှန်း နားမလည်တော့ပေ။


"ဝိညာဉ်နှုတ်မှော်ဖန်လုံးက ထွက်လာတဲ့ စိတ်ဝိညဉ်စွမ်းအင်တွေက ဘာကြောင့် ပျောက်ကွယ်သွားရတာလဲ…ဘယ်သူက ငါ့ဝိဥာဉ်နှုတ်မှော်ဖန်လုံးကို ဖျက်စီးလိုက်တာလဲ…. ဘယ်ကောင်က ငါ့အနာဂါတ်ကိုဖျက်ဆီးတာလဲ........."


သူရင်ထဲတွင် မီးတောက်နေသည်။ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လည်ပြန်ကြည့်လိုက်သည်။ပြီးတော့ သူ့ဒေါသကို ပိုမိုတောက်လောင်စေသည့် အဖြစ်အပျက်ကိုတွေ့ရှိလိုက်ရတော့သည်။