အပိုင်း ၃၅၁
Viewers 61k

အခန်း ၃၅၁ "အဲ့ငကြောင်က တစ်ကယ်ဘဲ မီးတောက်ကို စားခဲ့တာလား"


သွမ့်လင်းက ဒေါသထွက်လွန်းသဖြင့် ခေါင်းမွှေးများပင်‌ထောင်နေတော့သည်။ သွေးနီရောင်မဟာဓါးလှိုင်းသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေလျက် ပြီး သူ၏မှော်အစီအရင်ပျက်ပြားမှုအတွက် မျက်နှာကြီးရှုံ့မဲ့နေလေသည်။


ဝိညာဉ်နှုတ်မှော်ဖန်လုံးသည်လည်း ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် အပေါ်တွင် ဝဲပျံလျက်ရှိ၏။


သွမ့်လင်းသည် ဝိညာဉ်နှုတ်မှော်ဖန်လုံးတွင်ရှိသော စိတ်ဝိညာဉ်ဆိုင်ရာ စွမ်းအင်အနှစ်သာရများကို ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ဖြင့် အပူပေးပြုပြင်မည်ဟု ကြံရွယ်ထားလေသည်။


သူသည် ရရှိလာသော စိတ်ဝိညာဉ်အဆီအနှစ်များကို ကုန်ဆုံးသွားသည့် သူ့ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဖြည့်တင်မည်ဖြစ်သည်။ ဤစွမ်းအင်များက သူ့ကို တန်ခိုးရှင်များထိန်းချုပ်ခံရသည့်အဆင့်မှ နောက်တစ်ဆင့်သို့ ပြည့်ပြည့်၀၀ရောက်ရှိစေရန်ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။


အရာရာသည် အစီအစဉ်အတိုင်း သွားနေခဲ့ပြီး သူသည်လည်း ကျေနပ်စွာ ပျော်ရွှင်နေခဲ့သည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအားလှိုင်းကြီးသည် ကောင်းကင်ယံမှ ရုတ်တရက်ပျောက်ကွယ် သွားသည့်အခါတွင်မူ သူသည် တော်တော်ကြီးကို ဒေါသထွက်ခဲ့သည်။ ထို့နောက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ပေါ်မှ ဝိညာဉ်နှုတ်မှော်ဖန်လုံးကို ဆွဲယူလိုက်သည့် ပိန်ပိန်ပါးပါးခန္ဓာကိုယ်နဲ့ လူအပေါ်သို့ အကြည်များရောက်သွားသည်။


"ချထားလိုက်စမ်း....... မင်းက မှော်ဖန်လုံးကို သံအမှိုက်လိုမျိုး အရုပ်ထဲကို ပစ်ထည့်လိုက်တယ်ပေါ့လေ..... အဲ့တာဝိညာဉ်နှုတ်မှော်ဖန်လုံးကွ....... နယ်နယ်ရရမဟုတ်ဘူး..... "


သွမ့်လင်းအကြည့်သည် မီးတောက်များကဲ့သို့ ဒေါသများဖြင့် တောက်ပနေလေ၏။


ဤသည်မှာ သူ့ကို မတူသလို မတန်သလိုဆက်ဆံခံရတာမျိူး၊သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် စိတ်တိုစေလေ၏။


တစ်ကယ်တော့ ဝိညာဉ်နှုတ်မှော်ဖန်လုံးကို သံရုပ်သေးဗိုက်ထဲသို့ ပစ်ထည့်လိုက်သည်နှင့် ကောင်းကင်ယံမှ ကျဆင်းလာသည့် ဝိညာဉ်စွမ်းအားလှိုင်းများလည်း ပျောက်ကွယ်သွားသည်။ ထို့ကဲ့သို့အဖြစ်အပျက်သည် သူ့ကိုစိတ်တိုဒေါသထွက်စေချင်းမျိုးကိုသာ ပေါက်ဖွားစေ၏။


"ဒီအမှိုက်စုတ်လိုမျိုး သံရုပ်သေးက ဘာလဲကွ..... ဟင်း...... ငါ့ရဲ့စိတ်ကူးယာဉ်အိမ်မက်ကို ဖျက်ဆီးဝါးမျိုတဲ့ကောင်....... "


ပုဖန်က မီးခိုးရောင်မှော်ဖန်လုံးကို ဝှိုက်တီဗိုက်ထဲ ထည့်ခဲ့ပြီးသည့်နောက်တွင်မူ ထိုကိစ္စအား ခေါင်းထဲမရှိတော့ပေ။ သူက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်နှင့် ကောင်းကင်ကမ္ဘာမြေမီးတောင်‌ကျောက် ကိုသာ အာရုံစိုက်နေလေ၏။


မီးတောက်များ၏ အလျံငြီးငြီးမီစွယ်မီးညွန့်များသည် နေကြာပန်းပွင့်ဖတ်များကဲ့သို့ ရွှေရောင်တောက် ၀င်းပနေလေ၏။ ပုဖန်၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအင်များသည် သူ၏ခြေလက်များအထိ ပြန့်နှံ့ကာ သူ့ခန္ဓာကိုယ်အတွင်းတွင် မထိန်းချုပ်နိုင်သည့်အထိ အပူများရုန်းကြွလာသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုကြည့်ရင်း ပုဖန် နွမိးနယ်လာသည်။ ထို့နောက် လျှာကိုထုတ်ကာနှုတ်ခမ်းကိုသပ်လိုက်ပြီး သက်ပြန်လေကို မှုတ်ထုတ်သည်။သူ့မျက်လုံးများသည် ရဲရဲတောက်နေချေသည်။ မီးတောက်လုံးကြီးကို ဖြေးဖြေးချင်း ပါးစပ်နားသို့ မ လိုက်လေသည်။


ထိုအချိန်တွင် တိုက်ပွဲမှ တိုက်ခိုက်နေသည့်စစ်သည်များက ရပ်တန့်ကာ မျက်လုံးများစွာ ငေးကြည့်နေကြသည်။သူတို့အားလုံးသည် ပုဖန်၏လုပ်ရပ်ကြောင့် စိတ်ညစ်ကုန်ကြ၏။


ပေကုန်းမင်သည် အံ့ဩတုန်လှုပ်ကာ စိတ်မငြိမ်တော့ပေ။


သူတော်စင်အဆင့် သာသာကောင်လေးသည် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်နားသို့ ကပ်နိုင်ခဲရုံသာမက သူ၏လက်ဗလာဖြင့်လည်း ကိုင်တွယ်နေသေးသည်။


"တန်ခိုးရှင်အဆင့်ကလူတွေတောင် မလုပ်ရဲတဲ့ဟာကို ဒီကောင်လေးက ဘာကြောင့်ဒီလောက် သတ္တိရှိနေရတာလဲ.....ဒီကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က အတုမို့လို့ ဒီကောင်လေး အခုထိလောင်ကျွမ်းပြာမကျသေးတာလား........"


ရှုပ်ထွေးသော စိတ်ခံစားချက်များသည် ယဲ့ဇီလင်းမျက်နှာပေါ်၌ အထင်းသားပေါ်နေ၏။ပိုင်ရှင်ပု၏ အပြုအမူတိုင်းသည် သူ့ကိုအံ့သားသင့်စေသည်။


"ပိုင်ရှင်ပု.......မီးတောက်ကို စားဖို့တော့ အကြံမရှိဘူးမလား......."


ယဲ့ယွင်ချင်း၏ ၀ဖီးဖီးအသားစိုင်များသည် စတင်လှုပ်ရှားလာပြီးဇောချွေးပြန်လာ၏။


"မင်းကို ထိန်းမရတော့ဘူး......မင်းဟာ ဘာသားနဲ့ထုထားလို့ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို စားဖို့ပြင်ရတာလဲ......."


..........


လူစုလူဝေးကြီးသည် ပုဖန်၏အပြုအမူတိုင်းကို စိတ်၀င်တစား ငေးကြည့်နေလေသည်။ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်သည် ပုဖန်မျက်နှာအနားသို့ ကပ်လာလေ သူတို့နှလုံးခုန်သံများ ပိုမိုပုင်းထန်လာလေဖြစ်နေသည်။


သူစားဖို့ကြံနေသည်မှာ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်မဟုတ်တော့ဘဲ လူများစွာ၏ နှလုံးသားဖြစ်လာသည်။


အာကာသအာနမ်ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲသည် စိတ်ရှုပ်ထွေးစွာ သူ့မျက်နှာမှ မုတ်ဆိတ်မွှေးဖြူဖြူကြီးကို ပွတ်သပ်နေသည်။သူက ပုဖန်ကို ပေါက်ထွက်မတက် စူးစိုက်ကြည့်နေ၏။


ရှုရဂိုဏ်မှအဆင့်မြင့်နတ်ဆရာမ၏ နက်မှောင်သောဆံကေသာတို့သည် လေတွင်ဝဲပျံနေလေ၏။သူမ၏ မျက်နှာဖုံးအောက် မျက်လုံးစုံတွင်မူ ဒေါသများ ဆူဝေနေသည်။


ဝိညာဉ်နှုတ်မှော်ဖန်လုံးလည်းမရှိတော့ချေ။ရှုရဂိုဏ်းသားများအားလုံးသည်လည်း ဒေါသဖြင့်မကျေမချမ်းဖြစ်‌နေသည်။


"ဒီကောင်စုတ်လေး...." မကျေမနပ် သူမက ရေရွတ်၏။


ရှိရှိသမျှ မျက်လုံးအစုံသည် ပုဖန်ရှိရာဆီသို့သာ လာနေပြီး အဆင့်ရှစ် နတ်ဘုရားအဆင့်ရှိသူကပင် သူ့တစ်ကိုယ်လုံး ချိနဲ့ပျော့ခွေချင်သလိုပင်ဖြစ်နေတော့သည်။


ပုဖန်သည် စိတ်ကိုငြိမ်အောင်ထိန်းလျက် တန်ခိုးရှင်များ၏ အသံဗလံများကို အာရုံမစိုက်မိအောင် ကြိုးစားနေသည်။ သူသည် တောက်ပလောင်ကြွမ်းနေသည့်ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုသာ စူးစိုက်စွာ ကြည့်နေလေသည်။


ဤမီးတောက်တွင် စိတ်ဝ်ညာဉ်အနှစ်သာရများပေါင်းစုနေသည်။


အန္တရာယ်ရှိသော အနေအထားသို့ရောက်ရှိလာပြီဖြစ်သည်။မီးတောက်ကို ဆက်ခနဲဖမ်းယူကာ ရုန်းကုန်မှမရှိ‌စေရန် သေချာဖမ်းဆုပ်လိုက်သည်။ ဤကဲ့သို့ တစ်စုံတစ်ယောက်က မီးတောက်ကိုစားသုံးမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ တွေးထင်ထားမည်မဟုတ်ပေ။ထို့အပြင် စားသည်မှာ မီးတောက်မီးခဲဖြစ်ပြီး ပန်ကိတ်တစ်ချပ်မဟုတ်ခြင်းပင်ဖြစ်၏။


လူတိုင်း၏အကြည့်စူးစူးအောက်တွင် ပုဖန်၏မျက်နှာသည် တည်ငြိမ်ကာ ခဏရပ်ထားလိုက်သည်။


လူတိုင်းသည် အသက်ပင် ပြင်းပြင်းမရှူရဲချေ။


ရုန်းကန်နေသော မီးတောက်သည်လည်း ငြိမ်သက်သွား၏။


အလုံးစုံသော အစစ်အမှန်စွမ်းအင်သည် ပုဖန်၏မျက်နှာတွင် ထင်ဟပ်နေလေ၏။ ပါးစပ်ကိုဖြေးညှင်းစွာဟရင်း မီးတောက်ကို ကိုက်ချလိုက်သည်။


"ဂျွမ်း.. ကျလိ"


မီးတောက်ခဲအပိုင်းအစများ ကိုဝါးရင်း သူက အတင်းမျိုချလိုက်သည်။


"ဂလု......" 


လူစုလူဝေးကြီးသည် အပ်ကျသံပင် ကြားရသည်အထိ ငြိမ်သက်ကုန်ကြ၏။


"ဘာတွေလဲ......ဒီလူက မီးတောက်ကိုစားလိုက်တာလား....စားလို့ကောရရဲ့လား......."


သွမ့်လင်းသည် ဒေါသများပြည့်နှက်နေ၏။သို့သော အဖြစ်အပျက်ကို အံ့အားသင့်စွာ ပါးစပ်အဟောင်းသာ ငေးကြည့်နေလေသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်သည် ပုဖန်၏ လည်မျိုမှစ၍ အူသိမ်အထိ လျောကျရောက်ရှိသည့် ခံစားချက်ကြောင့် ပုဖန်မျက်လုံးပြူးမတတ်ဖြစ်နေသည်။ အရသာကအရမ်းပူလောင်လွန်းသဖြင့် သိပ်တော့မကောင်းပေ။ သို့သော် ပုဖန်သည် နှုတ်ခမ်းကိုသပ်လိုက်ရင်း အမျိုးအမည်မသိသောစိတ်ကျေနပ်မှုကိုခံစားလိုက်ရသည်။


သူသည် ရသာအသစ်ကိုရှာဖွေတွေ့ရှိသကဲ့သို့ဖြစ်နေသည်။ပုဖန်သည် မျက်လုံးပြူးကာ မီးတောက်အပိုင်းအစများကို ထပ်မံမျိုချလိုက်သည်။ ခဏအကြာတွင်မူ မီးတောက်လုံးကြီးတစ်ခုလုံး မျိုချစားသောက်လိုက်ပြီဖြစ်သည်။ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်သည် သူ့အစာအိမ်အထိရောက်သည်အခါ လေချဉ်အကျယ်ကြီးတက်သေးသည်။


ပါးလွှာပြီး ရွှေရောင်သန်းသည့် အခိုးအငွေ့များက လေချဉ်နှင့်အတူထွက်သွားသည်။


"သူက ကောင်းကင်နှင့်မြေပြင်ကြားက အလုံးစုံသော စိတ်ဝိညာဉ်စွမ်းအားအဆီအနှစ်ဖြစ်တဲ့ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို တစ်ကိုက်ချင်းစီ စားပစ်လိုက်တာလား......"


လူတိုင်းက ပုဖန်ကို မကောင်းဆိုးဝါးတစ်ကောင်လိုစိုက်ကြည့်နေကြသည်။သူတို့မျက်နှာတွင်လည်း မြတ်နိုးတန်ဖိုးထားသည့် အရာကြေပျက်မှု့ကြောင့် ၀မ်းနည်းနေလေ၏။


"သေစမ်းပါကွာ........လူတိုင်းက ဒီကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို လိုချင်လို့ သတ်ဖြတ်တိုက်ခိုက်နေရတာ...........ဒါကို သူတော်စင်အဆင့်ရှိတဲ့ကောင်လေးက စားသောက်ပစ်လိုက်တယ်တဲ့ကွာ......."


"အား.........."


ရှုရဂိုဏ်ချုပ်ဖြစ်သော သွမ့်လင်းက ရှုံးနှိမ့်ခဲ့ချေပြီ။သူ့ဒေါသများက အခိုးဆူဝေလျက် သူ့နှလုံးသားသည် ပေါက်ထွက်မတတ်ဖြစ်နေသည်။


"ဝိညာဉ်နှုတ်မှော်ဖန်လုံးကို သံရုပ်သေး အစုတ်ပလုပ်က သူ့ဗိုက်ထဲထည့်လိုက်တယ်.....ကြမ်းတစ်ခြင်းတစ်သောင်း မီးတောက်ကိုတော့ ဟိုမလောက်လေးမလောက်စားကောင်လေးက မျိုချစားသောက်လိုက်တယ်......."


သွမ့်လင်း မကျေမချမ်း ဒေါသထွက်နေသည်ကိုကြည့်ရင်း အဆင့်မြင့်အကြီးအကဲသည် မရယ်ဘဲမနေနိုင်ကာ ခေါင်းကိုလှန်၍ပင် အော်ဟစ်ရယ်မောလိုက်သည်။


"ဟား.....ဟား......... ဟား........."


သူသည်သိပ်ကိုပျော်ရွှင်နေသည်။စစချင်း သူ့လူသည် သွမ့်လင်းအား ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မရရှိနိုင်အောင် တားဆီးနိုင်ခြင်းကပင်ပျော်ရွှင်နေခဲ့သည်။


ဝူးမူသည်လည်း ဓါးကိုချကာ "မှန်တယ်.....ငါကမင်းကိုနိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ပေမယ့် 

ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကျောက်မင်းမရနိုင်တာကို သိပ်၀မ်းသာတာဘဲကွ ........"


သွမ့်လင်း ရှုရဂိုဏ်း၏ဓါးဖြင့် ပုဖန်ရှိရာသို့ ညွှန်လိုက်ရင်း"ဘယ်လိုကောင်ဘဲဖြစ်နေပါစေ ငါ့ရည်မှန်းချက်ကို ဖျက်ဆီးတဲ့ကောင်မှန်သမျှ အရှင်မထားဘူးကွ......"


အဆင့်မြင့်အကြီးအကဲ၏ မှော်အစီအရင်သည် ပုဖန်ကို ပတ်လည်ရံထားလေသည်။ဝူးမူသည်လည်း ဓါးဆန္ဒဖြင့် ၀န်းရံလေသည်။


သူတို့က ပုဖန်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ကြသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မျိုချပြီးနောက် ပုဖန်တစ်ကိုယ်လုံး အပူများ ရုန်းကြွလာသည်။အခိုးအငွေ့များက ပုဖန်၏မျက်လုံးများကို မီးတောက်တစ်ခုကဲ့သို့ ဖြစ်စေလေသည်။


"ဒီမီးတောက်က အဆိပ်များလား......" ပုဖန်က တွေးလိုက်သည်။


"ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ရရှိခြင်းကြောင့် ဂုဏ်ယူပါတယ်...ခဏတာ တာ၀န်ပြီးဆုံး ပါပြီ......ရလဒ်ကလည်းပြီးဆုံးပါပြီ.....ပြန်လည်ပို့ဆောင်တော့မှဖြစ်၍ ပြင်ဆင်ထားပါ...."


စနစ်၏တည်ငြိမ်အေးဆေးသောအသံသည် ပေါ်လာ၏။


ပုဖန်က မျက်လုံးကိုဖွင့်လိုက်ရင်း အလင်းဖျော့လေးတစ်ခု သူ့ခေါင်းပေါ်တွင် ဖြစ်တည်ရင်း သယ်ယူပို့ဆောင်ရေးအစီအရင်ဖြစ်နေသည်။


"ဖျတ်...ဖျတ်...." 


ပုဖန်၏ဘေးတွင် ဝှိုက်တီက ပျံသန်းနေလေ၏။


"ဟင်.....ဝှိုက်တီ မင်းက ပျံနိုင်တာလား...."


ပုဖန်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။


ဝှိုက်တီက လေတွင် တန့်ကာနေရင်း အရက်မူးသမား လဲမကျဖို့ ထိန်းသလို ယိမ်းယိုင်နေသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးသည် နီလာလိုက် ခရမ်းရောင်သမ်းလာလိုက်ဖြင့် ပြောင်းနေ၏။


"ဘမ်း........"


ပုဖန်၏ခေါင်းအထက်မှ မှော်အစီအရင်သည် ကြီးမားလာပြီး တန်ခိုးရှင်များ ရုတ်တရက်ပေါ်ပေါက်လာသည်။


သူတို့သည် သယ်ယူပို့ဆောင်ရေးအစီအရင်၏ စွမ်းအင်လှိုင်းကိုအလွယ်တကူပင် ခံစားနိုင်နေသည်။


"ဒီကောင်က ထွက်ပြေးချင်နေတာကွ....." တန်ခိုးရှင်များက အော်ဟစ်လိုက်၏။


သားရဲတွင်းမှလည်း မီးနဂါးသည် အတောင်ဖြင့်ပျံတက်လာရင်း ပုဖန်အနားသို့ မီးလုံးကြီးပစ်သွင်းလိုက်သည်။


ခြေကြီးဖားပြုတ်သည်လည်း အသံကျယ်ကြီးဖြင့်အော်လိုက်သည်။ခုန် ခုန်ကာဖြင့် ပုဖန်ဆီသို့လာနေသည်။


မြေရိုင်းလွင်ပြင်ဒေသနတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်များကလည်း ပုဖန်ကို ပေါက်ကွဲမတတ် ကြည့်နေကြသည်။


မြွေမျိုးနွယ်အာဏာပိုင် သည် သူ့၏အမြှီးကိုလှုပ်ရမ်းကာ ပုဖန်ဆီသို့လာနေတော့သည်။


တန်ခိုးရှင်အဆင့်ငါးဦးသည် ပုဖန်ကို ဝိုင်းအုံလာတော့သည်။


ပုဖန်က မျက်မှောင်ကြုံလိုက်ရင်း ခေါင်မော့ကာ မှော်အစီအရင်တစ်ခုလုံးကိုကြည့်နေသည်။နောက်ဆုံးမှာ သူက သက်ပြင်းတစ်ခုရှိုက်ထုတ်လိုက်၏။


ခဏအကြာတွင် လေပြင်းများက လေဆင်နှာမောင်းသဖွယ် ပုဖန်ကို စုပ်ယူဖို့ပြင်နေသည်။


တန်ခိုးရှင်များက သူတို့ရှိသမျှစွမ်းအင်များဖြင့် ကာဆီးကျသောလည်း လေဆင်နှာမောင်းမှာ လှုပ်ပင်မလှုပ်ပေ။


"ဘမ်း......." 


ဝှိုက်တီသည်ရပ်လိုက်ရင်း မျက်လုံးအစုံသည် ဝိညာဉ်နှုတ်မှော်ဖန်လုံးကဲ့သို့ မီးခိုးရောင်ပြောင်းသွားသည်။ မျက်လုံးများသည် တောက်ပြောင်လျက်ရှိ၏။


ဝှိုက်တီ၏ကျောတွင် သတ္တုစများ ပြုတ်ထွက်သံကို ကြားရပြီးနောက် အတောင်ပံတစ်စုံထွက်လာ၏။

ထိုတောင်ပံများက ပုဖန်ကို တန်ခိုးရှင်များလက်မှ ကာကွယ်ပေးလေတော့သည်။