အပိုင်း ၃၅၂
Viewers 53k

အခန်း ၃၅၂

ကြွားလုံးထုတ်၍ထွက်ပြေးခြင်း


ပုဖန်၏ ပတ်ပတ်လည်၌ လေပြင်းများတိုက်ခတ်နေသည် ။ 

သူ၏ ဆံပင်များက တဖျတ်ဖျတ်လွှင့်ခါနေသည် ။ သူ့မျက်နှာကလည်း အပူရှိန်ကြောင့်နီရဲနေပြီး မျက်ဝန်းထဲ၌ 

အံ့အားသင့်မှုများ ပြည့်နှက်နေသည် ။ 


သူက ဝှိုက်တီ၏ ဖြန့်ကားထားသော

တောင်ပံ များကိုကြည့်၍ ကြောင်အ မှင်သက်နေမိသည် ။ 


" ဝှိုက်တီ မှာတောင်ပံတွေပေါက်လာတာလား... သူက ပုံစံပြောင်းသွားပြီလား.. " 


ဝှိုက်တီ၏ ပြောင်းလဲမှုများက 

သူ့ကိုကျွေးလိုက်သော ဝိညာဉ်နုတ်

မှော်ဖန်လုံးနှင့် ဆက်စပ်နေမည်ဟု 

ထင်နေမိသည် ။ 


ကျယ်လောင်လှသော အသံများက

ကောင်းကင်ယံအထိ တိုင်အောင်

ပဲ့တင်ထပ် ရိုက်ခတ်သွားသည် ။

အဝေးမှနေ၍ တဖြည်းဖြည်း နီးကပ်လာသော တန်ခိုးရှင် အဆင့် ၅ ဦး ၏ ဖုံးလွှမ်းနိုင်စွမ်းသော 

စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာသည် ။ ထိုလူများက ပုဖန်ကို

လောဘတကြီးဖြင့် စိတ်လှုပ်ရှားစွာ

စိုက်ကြည့်နေကြသည် ။


ထိုသူက သူတို့၏ မျက်စိရှေ့မှောက်မှာပင် ကြမ်းတမ်းခြင်း

တစ်သောင်းမီးတောက်ကို မြိုချပစ်ခဲ့သည် ။ သို့သော်လည်း အားနည်းလှသော သူတော်စင် အဆင့်တစ်ယောက် က အချိန်အနည်းငယ်အတွင်း ကောင်းကင်ကမ္ဘာမြေ မီးလျှံကိုချေဖျက် စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်သည်က သူ့၏ ခန္ဓာကိုယ်ထဲ၌ ကျန်ရှိကောင်း ကျန်ရှိနေနိုင်ပေလိမ့်မည်။ 


အကယ်၍ သူတို့သာ ထို သူတော်စင် အဆင့် ကို ဖမ်းယူနိုင်ခဲ့မည်ဆိုလျှင် ကောင်းကင် ကမ္ဘာမြေ မီးတောက်ကျောက်ကို ရရှိနိုင်ဖို့ အခွင့်အရေးရှိနေပေလိမ့်မည် ။ 


ထို့အပြင် သူတို့က ပုဖန် ကြမ်းတမ်းခြင်း မီးတောက်ကို မည်ကဲ့သို့ မျိုချနိုင်သည်ကို

အလွန်စိတ်ဝင်စားနေမိကြသည် ။

သူတို့၏ ရှု့ထောင့်မှ ကြည့်လျှင်...

သူတို့ ရှေ့၌ ရှိသော သာမန် အညတရလေးက ကျင့်ကြံမှု အဆင့်မထူးခြားသော်လည်း

လျှို့ဝှက်ချက် များစွာရှိနေပေသည်။ ထိုဆန်းကြယ်သည့် လျှို့ဝှက်ချက် များကိုလည်း သူတို့ အလွန်တရာစိတ်ဝင်စားပေသည် ။


" သူက ပြောင်းရွှေ့ရေး အစီအရင်ကို သုံးချင်နေတာလား...ဟင့် ....... ဟာသပဲ "


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရား

ကျောင်းတော်မှ သန်မာသော

စစ်သည်တော် တစ်ဦးက ပုဖန်၏

ဦးခေါင်းထက်၌ ဖြစ်ပေါ်လာသော 

မှော်အစီအရင်ကို ကြည့်၍ 

နှာခေါင်းရှုံ့ လိုက်သည် ။ 


" ဒီကောင်စုတ် က ကြွားလုံးထုတ်ပြီး ထွက်ပြေးချင်နေတာလား...

သူက ဒီမှာ ရှိနေတဲ့ တန်ခိုးရှင် အဆင့်တိုင်းကို အရူးတွေများ မှတ်နေတာလား... "


ထိုသူ၏ လက်ထဲ၌ ကြီးမားလှသော

ပုဆိန် တစ်လက်ပေါ်လာသည်။

ထိုလက်နက်က နတ်ဘုရားကျောင်းတော်မှ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ဖြစ်သည် ။ ကီလိုဂရမ် ထောင်ပေါင်းများစွာ

လေးပြီး ကြီးမားလှသော အဖျက်အစီး စွမ်းအင်လည်း ရှိပေ၏ ။ 


သူက ပုဖန်ကို အလွယ်တကူလွတ်မြောက်ခွင့် မပြုနိုင်ပေ။ 


ထို့ကြောင့်ပင် ပုဖန်၏ ဦးခေါင်းအထက်မှ သိပ်သည်းလှသော

မှော်အစီအရင်ကို ဖျက်ဆီးရန်ဆုံးဖြတ်လိုက်သည် ။

သူ၏ ခန္ဓာကိုယ် မှ အစစ်အမှန်စွမ်းအင်များ ပေါက်ကွဲထွက် လာပြီး ကောင်းကင်အထိ တိုင်အောင်ပျံ့နှံ့သွားသည် ။ 


ထို့နောက် တန်ခိုးရှင် အဆင့် တစ်ယောက် ၏ ကြီးမားလှသော စွမ်းအင်များကို သုံးလိုက်ပြီး ပုဆိန်ကို ပုဖန်ဆီသို့ လွှဲပစ်လိုက်သည် ။


ပုဆိန်က လေထုကို ဖြတ်သန်း၍ ပုဖန်ဆီသို့ တည့်တည့်ဝင်လာသည်။


သို့သော်လည်း လမ်းတဝက်မှ နေ၍ မြောက်များစွာလှသော ဓားပျံများက ဖြတ်တိုက်လိုက်သောကြောင့် လမ်းကြောင်းပြောင်းသွားလေ၏။ 


ဝှိုက်တီ၏ မီးခိုးရောင် မျက်ဝန်းများက ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်။ 


သူ့နောက်ကြောင်းမှ ရှိနေသော သံမဏိတောင်ပံ တစ်စုံကို လည်း အပြည့်အဝ ဖြန့်ကားထား၏ ။ထိုတောင်ပံ၏ တောက်ပနေမှုကပင် တုန်လှုပ်စရာကောင်းလှပေသည်။


ဝှိုက်တီက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဓားပျံများက

သူ့လက်ထဲ ပြန်ရောက်သွားသည် ။

ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက လှုပ်ခတ်သွားပြီး နတ်ဘုရားကျောင်းတော်မှ သူကို စိုက်ကြည့်လိုက်၏ ။ 


"သေစမ်း... မင်းက ဘယ်လိုများဝင်နှောင့်ယှက်ရဲတာလဲ?.. " 


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ စစ်သည်တော် က ဒေါသတကြီး ကျုံးဝါးလိုက်သည် ။

သူ၏ မျက်နှာပေါ်မှ ကြွက်သားများကလှုပ်ရှားသွားပြီး ဝင်းလက်တောက်ပ လာလေ၏ ။ 


" ဘုန်း.... ဘုန်း..... ဘန်း..... "


တွင်းထဲ၌ ရှိနေသော မီးတောက်

နဂါးကတည်း ဒေါသတကြီး အော်ဟစ် လိုက်ပြီး တောင်ပံ များကို ဖြန့်ကားလိုက်သည် ။ သူ၏

ပါးစပ်ကို အစွမ်းကုန်ဖွင့်ဟ၍ ထက်မြက်လှသော သွားစွယ်များကို လှစ်ဟလိုက်သည် ။ 

ထို့နောက် ရက်စက်ကြမ်းကြုတ်မှု

အပြည့်ဖြင့် ပုဖန်ဆီသို့ ဝင်ရောက်

တိုက်ခိုက်လိုက်သည် ။ ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်ကို

ယူသည့် မည်သူမဆို အမြစ်ဖြတ်

သုတ်သင်ရပေမည် ။ 


လေတိုးသံ တစ်ချက်နှင့်အတူ ပုံရိပ်တစ်ခု မျှောလွှင့်လာပြီး...နဂါး၏ ရှေ့မှောက်သို့ ဆင်းသက်လာသည် ။ ဝဝ ဖိုင့်ဖိုင့် စက်ရုပ်၏ 

နောက်ကျောမှသံမဏိ တောင်ပံများကလည်း တဖျတ်ဖျတ် လှုပ်ခါနေ၏ ။ 


ဝှိုက်တီက မီးတောက် နဂါးကို ထိရောက်စွာ ပိတ်ဆို့ထားလိုက်သည်။ 

ထို့နောက် သူ၏ လက်သီးကို 

ပင့်မြှောက်လိုက်၏ ။ ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်း တစ်စုံက

အလင်းရောင်တစ်ချက်လက်သွားပြီးနောက် အားပါးတရ ထိုးချလိုက်လေသည် ။ 


သွေးများက နေရာအနှံ့သို့ လွှင့်စင်သွားပြီး.. မီးတောက်နဂါး၏ နှာမှုတ်သံ နှင့်အတူ ချော်ရည်ကဲ့သို့သော သွေးများလည်း ထွက်ကာ စီးကျလာသည် ။ 


ဝှိုက်တီ၏ ပထမဦးဆုံး ထိုးနှက်ချက် က မီးတောက်နဂါး၏ ခေါင်းပေါ်၌ ဒဏ်ရာ

တစ်ခုကျန်ရစ် စေခဲ့သည် ။ ထို့အပြင် ဝှိုက်တီ၏ ထိုးနှက်သော လက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ် က မြှောက်တက်သွားပြီး ချော်ရည်ပူထဲသို့ ပြန်ပြုတ်ကျသွားသည် ။ 


ကြည့်ရသည်မှာ ဝှိုက်တီ၏ တောင်ပံများပေါ်ထွက်လာခြင်းက သူ့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုတိုးမြင့်လိုက်သလိုပင်ဖြစ်သည် ။ 


ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သော ဖားအော်သံ ထွက်ပေါ်လာသည် ။ 


ထို့နောက် ကြီးမားလှသော ဖားပြုပ်၏ လက်က ကျဆင်းလာပြီး နေရောင်ခြည်ကိုပင် 

ကွယ်သွားစေသည် ။ ထိုဖားပြုတ်ကြီးကသူ လှုပ်ရှားမှု တစ်ခုဖြင့်ပင် 

ပုဖန်ကို အသားပြားဖြစ်သွားစေချင်ပုံရသည် ။  


ပုဖန်က အံ့အားသင့် ထိတ်လန့်သွားသည်။ 


" ဒီသေသင့်တဲ့ ဖားပြုပ် ... ဘယ်လိုတောင် ရက်စက်တာလဲ " 


ထိုအချိန်၌ 

မှော်အခင်းအကျင်းအောက်မှ 

လေတိုက်ခတ်မှုက ပို၍ ပြင်းထန်လာသည် ။ ပုဖန် က စုပ်ယူသည့်အားကို စတင်၍ ခံစားလာရသည်။သူ၏ မျက်စိရှေ့က မြင်ကွင်းများကလဲ မှုန်ဝါးလာ၏ ။

 သယ်ယူပို့ဆောင်ရေး အစီအရင်က 

စတင်အသက်ဝင်လာပြီး...အချိန်မရွေးသူ ထွက်ခွာသွားရတော့မည်ကို သူသိနေသည် ။

.............


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်း ကရက်စက်မှု ကြမ်းကြုတ်မှုတို့ဖြင့် အလင်းရောင်တစ်ချက်လက်သွားသည် ။

ထို့နောက် ဝှိုက်တီ၏ ပုံရိပ်က 

ဖားပြုပ်၏ ခြေထောက်အောက်၌ ရုတ်တရက် ထွက်လာသည် ။


ဝှိုက်တီက သူ့လက်ကို ဆန့်ထုတ်လိုက်သည် ။ ရုတ်တရက် လက်ဖဝါးပေါ်၌ အပေါက်ငယ်လေးများ ပေါ်လာသည် ။ ထိုမှ သံမဏိ တိုင်ငယ်လေးများ

ထွက်ပေါ်လာပြီး ခြေထောက်ကြီး ဖားပြုပ်ဆီသို့ပစ်ခတ်လိုက်၏ ။ 

ဝှိုက်တီ၏ လက်ကလဲ ထိုဖားပြုပ်၏ခြေထောက်နါးတွင် လိမ်ယှက်နေ၏ ။


ခြေထောက်ကြီး ဖားပြုတ် က သူ၏ ခြေထောက် နား၌ များပြားလှသော စွမ်းအင်များ ပြန့်ကားလာသည် ကို ခံစားလိုက်ရသည် ။

ထို့နောက် အော်သံ တစ်ချက်နှင့်အတူ အဝေးသို့ လွှတ်ပစ်ခြင်းခံလိုက်ရသည် ။ 


ဝှိုက်တီ၏ အင်အားက မယုံနိုင်စရာ

ကောင်းလှပေသည် ။ သူ၏ အရွယ်အစားက ဖားပြုပ်နင့် ယှဉ်လိုက်လျှင် သေးငယ်နေသော်လည်း သူက အလွန်တရာ ကြီးမားလှသော ဖားပြုပ်ကိုအလွယ်တကူပင် လွှင့်ပစ်နိုင်လေသည် ။


 အနားတွင် ရပ်ကြည့်နေကြသော သူများအားလုံးက လေအေးများ ရှူရှိုက်လိုက်မိကြသည် ။ 


ယဲ့ဇီလင်း ၏ မျက်ဝန်းများက အံ့အားသင့် မှု ဖြင့် ကျွတ်ထွက်မတတ် ပြူးကျယ်သွားသည် ။


" ဝှိုက်တီက တကယ့်ကို အံ့အားသင့်စရာကောင်းတယ် ဒီအခြားသူရဲ့ အဝတ်အစားကို 

ချွတ်ပစ်ရတာ ကြိုက်တဲ့ နတ်ဆိုးက ဖားပြုပ် ရဲ့ အရေခွံကိုလည်း ချွတ်ပစ်လိုက်နိုင်တယ် "


အနည်းငယ် တုန်ရင်နေသော 

ယဲ့ယွင်ချင်း က သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်သည် ။

သူက ယဲ့ဇီလင်း ဆိုလိုသည့် အဓိပ္ပာယ်ကို အတိအကျ နားမလည်သော်လည်း

သူ့ဘာသာသူ သဘောပေါက်ထားသည်တော့ ရှိလေသည် ။


အရင်က....

 ဝှိုက်တီ၏ တိုက်ခိုက်မှုစွမ်းရည်က ကောင်းလှသော်လည်း တန်ခိုးရှင် အဆင့် နှင့် 

ယှဉ်ပြိုင်နိုင်ရုံသာရှိသည် ။ 


" ဝှိုက်တီက လျှို့ဝှက်သက်စောင့်ဆေး တစ်ခုခုကိုများ စားသုံးလိုက်လို့ တန်ခိုးရှင် အဆင့်တွေထက် ပိုပြီး ကြောက်စရာကောင်းလာတာလား? "


ဝှိုက်တီက ခြေထောက်ကြီး ဖားပြုပ်ကို လွှင့်ပစ်လိုက်သည့်အချိန်၌ တခြား တန်ခိုးရှင် ၃ ဦးကလည်း အလျင်စလို လှုပ်ရှားလာကြသည် ။ 


သွယ်လျသော ခါးရှိသည့် 

မြွေမျိုးနွယ် အာဏာပိုင် က သူမ ၏ ချယ်ရီရောင် နှုတ်ခမ်းပါးလေးကို ဖွင့်ဟပြီး သူမ ပါးစပ်ထဲမှ ဓားရှည် တစ်လက်ကို ထုတ်ယူလိုက်သည် ။ ထိုဓားရှည်က တောက်ပလှပြီး အေးစက်လှသည့် အလင်းတန်းများ ထုတ်လွှင့်နေသည် ။ 


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှစစ်သည်တော် နှစ်ယောက် ကလည်း သူတို့၏ အစစ်အမှန်စွမ်းအင်များကို ဆင့်ခေါ်လိုက်ပြီး စွမ်းအင်လှိုင်းများကို

ပစ်ထုတ်လိုက်သည် ။


 ဂရား.....


မီးတွင်းထဲမှ ဟိန်းဟောက်သံ တစ်ချက် ထွက်လာပြီး မီးတောက်နဂါးက ပူပြင်းလှသော နဂါးမီးတောက်များကို ဝှိုက်တီ ဆီသို့ မှုတ်ထုတ်လိုက်လေ၏ ။ 


မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော 

ခြေထောက်ကြီး ဖားပြုပ်ကလည်း 

ဒေါသတကြီး ဖြင့် သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည် ။ 


ကောင်းကင် ထိ တိုင်အောင် မြင့်မားလှသော စွမ်းအင်လှိုင်းများ တလိပ်လိပ်တိုးတက်လာ၏ ။ 


ကြောက်စရာကောင်းလှသော တိုက်ခိုက်မှု ၅ ခုက ဝှိုက်တီ ဆီသို့ တပြိုင်တည်း ကျရောက်လာသည် ။


ဝှိုက်တီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သံမဏိတောင်ပံ များကို ဖြန့်ကားလိုက်သည် ။ 


ကြောက်စရာကောင်းလှသော စွမ်းအင်များက မြောက်များစွာလှသော ဓားများအဖြစ် ပုံစံပြောင်းသွားပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားကြသည် ။ 


ထိုပြင်းထန်လှသောဓားမြှောင်များက

လေထုကို ဖြတ်သန်း၍ တန်ခိုးရှင် အဆင့် ၅ ယောက် ဆီသို့ အသီးသီး ပျံသန်းသွားကြသည် ။


" ဘမ်း.... ဘမ်း... "


နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာမှ နားကွဲလောက်စရာအသံများ ပျံ့နှံ့ထွက်ပေါ်လာသည် ။ 

တန်ခိုးရှင်အဆင့် ၅ဦးက သေးငယ်သော ဓားပျံများကို ဆက်လက်၍ ချိုးဖဲ့ဖျက်ဆီးနေကြသော်လည်း သူတို့၏ အင်အားက တဖြည်းဖြည်း ဆုတ်လျော့လာနေသည် ။ 


ဖျက်ဆီးခံလိုက်ရသော ဓားမြှောင်များ က ဝှိုက်တီ၏ တောင်ပံဆီသို့ ပြန်လည်ရောက်ရှိ သွားသည်။ထို့နောက်.. တဖန်ပြန်လည် ပြင်ဆင်ပြီးသည်နှင့်ထပ်မံ၍ ထွက်ခွာသွားကြသည် ။ 


ကောင်းကင်ယံထက်ဆီမှ ဓားလှိုင်းတစ်လှိုင်းကျဆင်းလာသည် ။

 

ဝူမူက အဆက်မပြတ်ချောင်းဆိုးလိုက်ပြီး သွေးတစ်လုံးအန်ထုတ်လိုက်သည် ။ သူ၏ ရင်ဘတ်၌လည်း သွေးများ

စွန်းထင်းနေပေသည် ။ 


အဆင့်မြင့်အကြီးအကဲ၏ မျက်နှာအရောင်ကလည်း ပြောင်းလဲသွားသည် ။

ကောင်းကင်ယံ၌ သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွား၏ ။ သူ၏ ရင်ဘတ်ကိုလက်ဖြင့်ဆုပ်ကိုင်ထား၍ သူ၏ နှလုံး ကလည်း မငြိမ်မသက်ဖြစ်လာသည် ။


ရှုရဂိုဏ်းချုပ် သွမ့်လင်း ကိုချုပ်နှောင်ရန်အတွက် အသုံးပြုခဲ့သော

မှော်အစီအရင်ကလည်း ပြိုကွဲသွားပေပြီ။


သူက သွဲ့လင်းကို အံ့အားထိတ်လန့်စွာ ဖြင့်ကြည့်လိုက်သည် ။ 

ထိုသူက ထူးခြားဆန်းကြယ်စွာဖြင့် လေထဲတွင် မျောလွှင့်နေပြီး

သူ၏ ခန္ဓာကိုယ် မှ အနက်ရောင် 

စွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်နေသည် ။


ရှုရဓားကို ဆွဲကိုင်ထားသော သွဲ့လင်းက ခေါင်းမော့လိုက်၍ သူ၏

မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည် ။ သူ၏ နှလုံးသား ထဲ၌လည်း ဒေါသမီးလျှံများ တောက်လောင်လျက်ရှိသည်။ 

ထို့နောက် သူ၏ ခန္ဓာကိုယ် မှ ကြီးမားလှသောစွမ်းအင် လှိုင်းများ ပြန့်ကား ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားသည်။ 


ကြောက်စရာကောင်းလှသော

စွမ်းအင်လှိုင်းများ က သူ့ကို စတင်

လှည့်ပတ်လာသည် ။ သူက ကြာကြာထပ်၍ မစောင့်ဆိုင်းနိုင်တော့သောကြောင့် လက်ရှိ ကျင့်ကြံ စဉ်ကို အတင်းချိုးဖျက်ရန်ပြုလုပ်လိုက်သည်။ 


တန်ခိုးရှင်အဆင့် အတားအဆီးကို ချိုးဖျက်နိုင်သွားသည်နှင့် အဆင့်နိမ့်နယ်ပယ်ထဲမှ လွတ်မြောက်သွားပြီး နတ်ဘုရားအဆင့် နယ်ပယ်ထဲ၌ ခြေချနိုင်ပေလိမ့်မည် ။


အဆင့်မြင့် အကြီးအကဲက ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း ပါးစပ်ဟ၍ အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်သည် ။


" ရူးနေတာ ... ဘယ်လိုလုပ်ပြီး အဆင့် ၁၀ နတ်ဘုရား နယ်ပယ်ကို လွယ်လွယ်ရောက်နိုင်မှာလဲ...ဒာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ " 


မှန်ပေသည်။

 အကယ်၍ သွဲ့လင်းကသာ ဝိညာဉ်နုတ် မှော်ဖန်လုံးထဲမှာ ရှိနေသော စီးဝင်နေသည့်အနှစ်သာရ အားလုံးကို စုပ်ယူခဲ့လျှင် အဆင့်မြင့် အကြီးအကဲက ထိုကဲ့သို့ တွေးမိလိုက်မည် မဟုတ်ပေ ။ 


သို့သော်လည်း သွဲ့လင်း၏ ကောင်းမွန်လှသော ကံကြမ္မာကိုပုဖန်က ကြားဖြတ်လုယူသွားခဲ့ပြီဖြစ်သည်။ 


အကယ်၍ သူက အတင်းဖိအားပေး၍ နောက်တဆင့်သို့တက်လှမ်းလျှင် သူ ပြာပုံ အဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည် ။ 


အဆင့် ၁၀ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိရန်အတွက် သေမျိုးများ အနေဖြင့် ကောင်းကင်ဘုံ နှင့် ကမ္ဘာမြေကြီး ၏ ပိတ်ဆို့ထားမှုများအားလုံးကို ချိုးဖောက်ဖျက်ဆီးပစ်ရန်လိုအပ်သည် ။ ထိုအချင်းအရာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ဆန့်ကျင် တိုက်ခိုက်ခြင်းပင်ဖြစ်သည် ။ 


ကျယ်လောင်လှသော အသံ များ လေထုထဲ၌ ပဲ့တင်ရိုက်ခတ်လာသည် ။ ထိုမြည်တမ်းနေသည့် အသံများထဲတွင် ဝမ်းနည်းနာကျင်ခြင်းနှင့် စိတ်သောကဖြစ်သည့် 

စိတ်အခြေအနေ အရိပ်အယောင်များပါဝင်နေသည် ။

 

သွဲ့လင်း၏ ခန္ဓာကိုယ် မှ ထုတ်ဖော်လိုက်သော ပြင်းထန်လှသည့် ဖိအားကြောင့် အနားတွင် ရှိနေကြသော သူများအားလုံးက ထိတ်လန့်တုန်လှုပ်နေကြသည် ။ 


သူတို့က သွဲ့လင်း၏ ခန္ဓာကိုယ် ပေါ်တွင် ပေါ်လာသော ရေခဲတမျှ အေးစက်နေသည့် အလွှာကို ထက်ထင်ရှားရှားတွေ့မြင်နေရသည်။ ကောင်းကင်နှင့် အဆက်အသွယ် ထားသကဲ့သို့ 

ထူးခြားဆန်းကြယ်လှပြီး လွှမ်းမိုးနိုင်စွမ်းများပါဝင်နေသည့် ကြိုးက

သူ၏ ခန္ဓာကိုယ် ကို ရစ်ပတ်ထားလေသည် ။ သွဲ့လင်းက သူ၏အစစ်အမှန်စွမ်းအင်များဖြင့် ထိုအတားအဆီးကိုချိုးဖျက်နိုင်ရန်မျှော်လင့်ထားသည် ။


ပေကုန်းမင်က ဖင်ထိုင်လျက် လဲကျသွားသည် ။ 


" ဘာကြီးလဲ...ဒါက လေ့ကျင့်ရေးကွင်းပြင်ကော ဟုတ်ရဲ့လား...ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ တန်ခိုးရှင် အဆင့် အတားအဆီးကို ကျော်ဖြတ်ပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းချင်တဲ့သူ ရှိနေရတာလဲ... ဘယ်လိုဖြစ်ပြီး လေ့ကျင့်ရေးကွင်းထဲမှာ ဒီလို အဆင့်မျိုး တစ်ယောက် ရှိနေရတာလဲ..."


ပုဖန်ကလည်း မျက်ဝန်းများစုကျုံ့၍ ကြည့်နေခဲ့သည် ။ ထိုလူအဆင့်ချိုးဖောက်ရမှ ထွက်ပေါ်လာသော စွမ်းအားများက သူ့ကို တပ်လှန့်လိုက်သလိုပင် ခံစားလိုက်ရသည် ။ ထိုစွမ်းအားများက ကောင်းကင်နှင့် ကမ္ဘာမြေကြီးဆီမှ 

လာကြောင်း သူ ရှင်းရှင်းလင်းလင်း သိနေပေသည် ။


" ဒါက... တန်ခိုးရှင်အဆင့် ထက်မြင့်တဲ့ အခြေအနေလား..."


 ဝှစ် .... ဝှစ် ... ။


ပျံသန်းနေသော ဓားပျံလေးများက ဝှိုက်တီဆီသို့ပြန်ရောက်လာပြီး တောင်ပံတစ်စုံအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။


 တန်ခိုးရှင် ၅ ဦး၏ စုပေါင်းတိုက်ခိုက်လိုက်သော အင်အားက ဝှိုက်တီ ကြောင့်

လွှင့်ပါး ပျောက်ကွယ်သွားပေပြီ။ 


........


ပုဖန် ၏ မြင်ကွင်းက မှုန်ဝါးလာပြီး

သူ့ဘေးနားရှိလေထုက ပြင်းထန်လာပြီး ကြမ်းတမ်းလာသည်။သူမြင်နေရသည့် မြင်ကွင်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ရုတ်တရက် ပုဖန် ၏ မျက်ဝန်းများအေးခဲသွား၏ ။


သွဲ့လင်းက ကောင်းကင်နှင့် ဆက်သွယ်ထားသော ကြိုးများ၏ ချည်နှောင်မှုကို ခံနေရတုန်းပဲ ဖြစ်သည်။ သူ၏ မျက်ဝန်းများက လည်းသွေးရောင် ရဲရဲနီနေသည်။


 သူက....သူ့ကိုချည်နှောင်ထားသော စွမ်းအင်ကိုးကို နောက်သို့ ဆွဲယူလိုက်ပြီးနောက် ပုဖန်ဆီသို့ ဦးတည်လိုက်သည်။ ထို့နောက်... သွေးနီရောင်ဓားဖြင့် သူ၏လမ်းကြောင်းရှိ အရာရာကို ပိုင်းဖြတ်လိုက်သကဲ့သို့ ပုဖန်ဆီသို့ တည့်တည့် လွှဲခုတ်လိုက်သည် ။ 


ကောင်းကင် နှင့် ကမ္ဘာမြေကြီး ထက်မှ ကြောက်စရာကောင်းလှသော ဖိအားများက ကျဆင်းလာသည်။  


ဝှိုက်တီ၏ ခဲရောင်မျက်ဝန်းများက 

ဆတ်ခနဲ လှုပ်ရှားသွားပြီး သူ့နောက်ကျောမှ တောင်ပံတစ်စုံကလည်း ပြန်ကားထွပြန်ကားထွက်လာပြန်သည်။


ဓားပျံများက လှည့်ပတ် သွားပြီး ကြီးမားသည့် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည် ။ထို့နောက် ရှုရဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည် ။


" ဒီရူးနေတဲ့ ရှုရဂိုဏ်းချုပ် ကို ပိတ်ဆို့ထားရမယ် .... " 


............


နောက်ဆုံ ၌ ပြင်းထန်လှသော

လေမုန်တိုင်းများက ပုဖန်၏ မြင်ကွင်းအားလုံးကို ပိတ်ဆို့သွားပေသည်။ သူနောက်ဆုံးမြင်လိုက်ရသည့် က ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်နေသည့် ရှုရဂိုဏ်းချုပ် ၏ မျက်ဝန်းတစ်စုံပင်ဖြစ်သည်။


............


" ထွက်ပြေးချင်တာလား... မင်း ကမ္ဘာမြေကြီး အဆုံးထိပဲ ထွက်ပြေးလွတ်မြောက်ပါစေ ကိစ္စမရှိဘူး...ငါ.. သွဲ့လင်းက

မင်းကို မတွေ့ တွေအောင်လိုက်ရှာပြီး တစ်စစီ ဆုတ်ဖြဲပစ်မယ်...မင်းက ငါ့ရဲ့ ကောင်းမွန်တဲ့ကံကြမ္မာကို ခိုးယူလုယက်ပြီးတော့

ငါ့ရဲ့ အဆင့်ချိုးဖောက်သက်ရောက်မှုကို နှောင့်ယှက်ဖျက်ဆီးလိုက်တယ်... အဲ့ဒီအတွက်ကြောင့် ငါ.. သွဲ့လင်းက ငါသေတဲ့အထိ မင်းကို လိုက်ရှာပြီးတော့ လက်စားချေမယ် "


" ဘုန်း...... "


ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ သွဲ့လင်း၏ လက်ပတ်ပတ်လည်မှအချုပ်အနှောင်များ အက်ကြောင်းများထသွားသည် ။ 

သွဲ့လင်းက ရေခဲတမျှ အေးစက်လှသော သံကြိုးကို တင်းတင်းဆုပ်ကိုင်ထားရင်း သွေးတစ်လုတ် အန်ထုတ်လိုက်သည် ။ 

သူ၏ မျက်နှာ ကလည်း အခါတိုင်းထက် ဖြူဖျော့နေပေသည် ။ 


ဝှိုက်တီ၏ ဧရာမ ဓားကြီးကလည်း 

ရှုရဓားကြောင့် လုံးဝ ပြိုကွဲသွားသည် ။ ထိုဓားကြီးက ထောင်ပေါင်းများစွာသောဓားပျံလေးများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည် ။

ရှုရဓားက ဝှိုက်တီ၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်လက်ကျဆင်းလာပြီး

ဝှိုက်တီကို မြေပော်သို့ ပြုတ်ကျ၍

မြေကြီးထဲနစ်ဝင်သွားစေသည် ။ 


မြေကြီးများဖွာထက် လွှင့်စင်သွားကာ

ကျောက်တုန်းများကလည်း အပိုင်းပိုင်းအစစဖြစ်သွားပြီး အဖက်ဖက်သို့ လွှင့်စင်သွားသည် ။


သို့သော် ဝှိုက်တီ၏ ပုံရိပ်ကို 

မည်သည့်နေရာ၌မှ ရှာ၍မတွေ့တော့ပေ ။


သွဲ့လင်း၏ မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။


သူက ရခဲတမျှ အေးစက်လှသော

အချုပ်အနှောင်များကို ဆွဲလိုက်ပြိး သူ၏ ဘယ်ဖက်လက်၌ ရစ်ပတ်လိုက်သည် ။ သို့သော်လည်း ထိုအချုပ်အနှောင်ကြိုးများက တဖြည်းဖြည်း ကြည်လင်လာပြီး နောက်ဆုံး.... လုံးဝပျောက်ကွယ်သွားလေသည် ။


အချုပ်အနှောင်ကို ချိုးဖျက်၍ အဆင့် ၁၀ သို့ တက်ရောက်မှုက ကျဆုံး ခဲ့လေသည် ။ 

 

အဆင့်မြင့်အကြီးအကဲက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည် ။ သူ့မျက်နှာ ၌လည်း ပျော်ရွှင်မှု နှင့်ကြောက်ရွံမှု က အထင်းသားပေါ်လွင်နေသည် ။


တန်ခိုးရှင်အဆင့် အတားအဆီး

အချုပ်အနှောင်ကို မဖျက်ဆီးနိုင်သေးပင်မဲ့.

... နတ်ဘုရားနယ်ပယ် အဆင့်ကို

ရောက်ခါနီးပြီ ဟု ပြောလို့ရပေသည်။


"သူ့ရဲ့ ပစ်မှတ်ထားခြင်းခံလိုက်ရတဲ့...

ဟို လူငယ်လေးက တော်တော်သနားစရာကောင်းတယ်.. အဲ့ဒီလူငယ်လေးက ဒီမကောင်းဆိုးဝါးရဲ့ လက်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့တော့ မျှော်လင့်ရတာပဲ.. သူက ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်ကို မျိုချလိုက်တယ်ဆိုတော့ သူ့ရဲ့ အနာဂတ်ကလည်း အတိုင်းအဆ မဲ့နေပြီ...."