အပိုင်း ၃၅၃
Viewers 62k

အခန်း ၃၅၃ 

"‌ဒီခွေးက ဆက်အိပ်နိုင်သေးတာလား"


မီးတောက်တွင်းကြီးတစ်ခုအတွင်း၌...

မီးညွှန့်များက ကောင်းကင်သို့ တလွန့်လွန့်တက်လျက် ဆူညံစွာ လာင်ကျွမ်းလျက်ရှိသည်။


သို့သော် ထိုမီးတောက်မျိုးသည် စိတ်ဝ်ညာဉ်စွမ်းအင်မပါ၀င်ကြောင်း လူတိုင်းကသတိထားမိသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကဲ့သို့သော ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်မပါ၀င်သော ဤမီးတောက်မျိုးသည် သာမာန်မနေအထားမျှသာရှိလေ၏။ထို့ပြင် မီးတောက်များက သူတို့ကိုစိတ်၀င်တစားဖြစ်စေသည်။


လမ်းက အက်ကြောင်းရာကြီးများဖြင့်ပြည့်နှက်နေကာ လူတစ်ယောက်သဏာန်တွင်းကြီးလဲရှိနေ၏။


သို့သော် သံရုပ်သေးရုပ်ကိုတော့ အစရှာမရတော့ပေ။


လူတိုင်းက အခုမှ သူတို့ခံစားရသမျှစိတ်ခံစားချက်များကို သက်ပြင်းချနိုင်တော့သည်။


သူတို့က... ပုဖန် မီး မြိုသည်ဖြစ်စေ....သံရုပ်သေးက တန်ခိုးရှင်အဆင့် ငါးဦးကို တိုက်ခိုက်သည်ဖြစ်စေ ... ကြောက်လန့်တကြ ားဖြစ်နေသည်။ ယခုမှပင် သူတို့ အသက်ရှူချောင်သွား၏။


သူတို့အားလုံးက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်အတွက် တိုက်ခိုက်နေကြသော်လည်း... သူတို့အလစ်တွင် သူတော်စင်အဆင့်ကောင်လေးက မီးတောက်ကို အငမ်းမရပင်စားသောက်လိုက်သည်။


ထိုအပြုအမူသည် တန်ခိုးရှင်များ၏ မျက်နှာကိုဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


ယဲ့ဇီလင်းက အတော်ပင်စိတ်လှုပ်ရှားနေလေသည်။သူမက စိတ်လှုပ်ရှားစွာဖြင့် က်သီးဆုပ်၍ ရေရွတ်လိုက်သည်။ 


 "ပိုင်ရှင်ပုက သိပ်ကိုမှထူးခြားတာဘဲ.....မဟုတ်ဘူး... သူကပိုပိုပြီးသန်မာလာတာဘဲဖြစ်ရမယ်......ဟုတ်တယ်....."


ယဲ့ဇီလင်းက သူအင်အားချိနဲ့ချိန်တွင် ပုဖန်နှင့် ပထမဆုံးတွေဆုံခဲ့သည်ကို သတိရလိုက်သည်။


ဝှိုက်တီသည်လည်း ချစ်ခင်စရာကောင်းသောအမူအကျင့်ရှိ၏။သို့သော် သဘောတော့သိပ်မကောင်းပေ။


သူမ ဟန်မဆောင်နိုင်တော့ပဲ လေအလင်းအင်ပါရာမြို့တော်သို့သွားကာ ပုဖန်နှင့်ပြေးတွေ့ချင်‌တော့သည်။


ယဲ့ဇီလင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် မျက်မှောင်ကြုံကာ နီယန့်ကို ဖြစ်သမျှ ပြောသင့်မပြောသင့် စဉ်းစားနေလေသည်။


ယဲ့ယီချင်းက ထိတ်လန့် နေမိသည်။ သူက သိုလှောင်နေရာမှ နဂါးအသည်းရေခဲချောင်းကိုထုတ်ယူ၍ တစ်ကိုက် ကိုက်လိုက်သည်။


"ဒီကောင်လေးက မီးကိုတောင်အလွတ်မပေးဘဲစားသောက်ခဲ့တာ.....သူ့ဆီမှာ စားလို့မရတဲ့ဟာကော ရှိသေးရဲ့လား........."


သွမ့်ယွင်က ပုဖန်မီးတောက်အား ကိုက်ဝါးမျိုချသည်ကို တုန်လှုပ်စွာ အဝေးမှကြည့်နေလေသည်။


သွမ့်ယွင်စတင် တွေးဆနေလေတော့သည်။ပုဖန်က ငရဲမီးတောက်ဖြင့် အာလူးဖုတ်ခဲ့သည့်အပြင် သူ့ကိုလဲ ဒယ်အိုးဖြင့် ရိုက်ခဲ့သည်ကိုလည်း ပြန်သတိရလာသည်။


 "ဒီကောင်သာ ငါ့ရဲ့ ငရဲမီးတောက်ကို အငမ်းမရစားခဲ့ရင်တော့......သွားပါပြီ......."


သွမ့်ယွင်က တွေးလိုက်ပြီးနောက် သူ့ အတွေးကို သူပြန်ရယ်ချင်လာသည်။ထို့အပြင် အရှက်တကွဲဖြစ်နေသည့် တန်ခိုးရှင်များကိုကြည့်ရင် စိတ်ရွှင်လာ၏။


ဘယ်လောက်တောင်မှ စိတ်၀င်စားဖို့ကောင်းလိုက်သလဲ...


ဝူမူက တိမ်မြူဓါးကိုကိုင်ကာ အရယ်မရပ်ဘဲ နောက်ဆုံးတွင် ချောင်းဆိုးလေရာ သွေးများပင်ပါလာ၏။


သူသည် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်သည် ရှုရဂိုဏ်းချုပ်၏လက်ထဲရောက်ပါက ဆိုးကျိူးများအား စိတ်ကူးကြည့်၍ပင် မရနိုင်ကြောင်း သူကောင်းစွာသိပေသည်။


 ရှုရဂိုဏ်းချုပ်၏ လက်ထဲသို့ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် မရောက်သည်ကပင် သူ့ကို စိတ်ချမ်းသာစေ၏။


သွမ့်လင်းက ကောင်းကင်ထက်တွင် ရပ်တန့်နေရင်းသွေးနီရောင် ရှုရဓါးကို ဆွဲကိုင်ထားသည်။မျက်နှာက မှုန်သုန်နေလျက် သွေးကြောများတင်းထောင်လာသည်အထိ လက်သီကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။


ဝူမူ၏ ရယ်သံသည် နားထဲသို့ပျံ့လွင့်လာပြီး ထိုခနဲ့ရယ်သံက သူ့ရှိုက်ကိုထိုးနှက်သလို နာကျင်ရသည်။


ခေါင်းကိုမော့လိုက်ကာ ဝူမူကို လှည့်ပတ်ရှာဖွေနေတော့သည်။


"ငါ့ကို ရယ်တယ်ပေါ့.....မင်းနဲ့ငါ တွေ့ကြပြီပော့ကွာ......"


သွမ့်လင်းက မျက်နှာသေဖြင့် တိမ်မြူဓါးကို တင်းနေအောင် ကိုင်ထားရင်း ခြေတစ်ဖက်ကို ခတ်လိုက်သည်။


သွမ့်လင်းက ဝူမူကို သတ်ရန် မယုံနိုင်လောက်သော အမြန်ရှိန်ဖြင့် သွားနေသည်။လူသတ်ချင်စိတ်က သူ့‌သွေးထဲတွင် ပွက်ပွက်ဆူနေ၏။ဤလူကသာ ကားဆီးကာဆီးလုပ်မနေခဲ့ပါက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်အား ဟို‌လက်တောက်လောက်ကောင်လေးက ရယူနိုင်လိမ့်မည်မဟုတ်ချေ။


ထိုအရာအားလုံးက ဝူမူကြောင့်ပင်ဖြစ်သည်။


"သေစမ်းကွာ......."


"ဘမ်း......." 


ဝူမူမျက်လုံးပြူးရလောက်သည်အထိ မယုံနိုင်စရာအဖြစ်အပျက်များ သွမ့်လင်းထံတွင် ဖြစ်ပျက်ခဲ့ချေသည်။


ကောင်းကင်နှင့်ကမ္ဘာ‌မြေကြားက ဖိအား...


သွမ့်လင်ထံမှ မယုံကြည်နိုင်စရာကောင်းလှသောဖိအားတရပ် ထွက်ပေါ်လာသည်။နတ်ဘုရားနယ်ပယ်အဆင့်ရှိသူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြားရှိ အင်အားများကိုစုစည်းကာ ကောင်းကင်နှင့်ကမ္ဘာမြေဖိအားကို ဖန်တီးဆင့်ခေါ်နိုင်၏။


ဤသည်ကပင် နတ်ဘုရားနယ်ပင်အဆင့်နှင့် တန်ခိုးရှင်အဆင့်ကြား၏ မတူညီမှုပင်ဖြစ်၏။


သွမ့်လင်းက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မရရှိခဲ့သောလည်း နတ်ဘုရားနယ်ပင်အဆင့်၏ စွမ်းအင်ကျန်ရှိနေသေးသည်။


ဤသည်ကပင် ဝူမူကို သတ်နိုင်စွမ်းရှိ၏။


ဝူမူက ထိုအခြင်းအရာကြောင့် စိတ်လေးသွားသည်။


သူသေရတော့မှာလား...


သွေးနီရောင်ကျောက်စိမ်းအဆောင်ပြားဖြင့် သူ့ကိုယ်သူ ကာရံလိုက်သည်။ကျောက်စိမ်းအဆောင်ပြားမှ မှော်အစီအရင်များ ထွက်ပေါ်လာကာ သွမ့်လင်းကို တားဆီးလိုက်၏။


ဤမှော်အစီအရင်များက သွမ့်လင်း တိုက်ခိုက်ခဲ့ပါက ပြင်းထန်စွာ ပေါက်ကွဲပေလိမ့်မည်။


အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ၏မျက်နှာကလဲ တုန်လှုပ်နေသည်။


နောက်ဆုံးသော မှော်အစီအရင်ဖြင့် သွမ်လင်း၏ဓါးချက်ကို ကာဆီးပြီးနောက် အဆင့်မြင့်အကြီးအကဲ သွေးတလုတ် အန်လိုက်ရသည်။


ဝူမူ၏ ကိုယ်ပိုင်စွမ်းအင်မျ မတည်ငြိမ်ဖြစ်သွားပြီး ဒါဏ်ရာ ရရှိခဲ့သည်။ထို့တွက်ကြောင့် ဤဓါးချက်ကို ခုခံဖို့ ခဲယင်းပြီး သေတော့မလိုပင် ဖြစ်နေသည်။


ရုတ်တစ်ရက်မြွေမြှီးကဲ့သို့ ဓါးသွားပေါ်လာပြီး ရှုရ ဓါးသွားကို ကာလိုက်သည်။


"ချွမ်......." 


ရှူရဓါးချက်ဖြင့် မြွေမြှီးဓါးသွားက ကျိုးပျက်သွားခဲ့သည်။


မြေမျိုးနွယ်အာဏာပိုင်၏ အမြှီးကရမ်းခာ သွားပြီး ..သူမ မျက်နှာကလည်းဖြူဖျော့နေသည်။


နောက်က်ဆုံး အကြွင်းအကျန်အင်အားဖြင့် စုစည်းထားသည့် ဓါးချက်ကလဲ ပျက်ပြယ်သွားလေပြီ။


သူ့အမြင်အာရုံများလဲ ဝေ့ဝါးမှောင်မိုက်သွားသည်။


ဝူမူက အံ့ဩလျက်ရှိ၏။သူက မြွေမျိုးနွယ်အာဏာပိုင်ကို ခံစားချက်မျိုးစုံရောထွေးသော အကြည့်ဖြင့်ငေးကြည့်လိုက်သည်။


သွေးနီရောင်ကျောက်စိမ်းအဆောင်ပြား လေထဲလွင့်နေ၏။


အဆင့်မြင်နတ်ဆရာမက သွမ့်လင်းနဘေးတွင် ရောက်လာကာကျောက်စိမ်းအဆောင်များကို လှမ်းယူလိုက်သည်။


 မျက်နှာဖုံးအောက်၌ ကွယ်ဝှက်ထားကာ သူမ မျက်လုံးများက မည်သည့် ခံစားချက်မှ ထင်ဟပ်မနေပေ။


ကျောက်စိမ်းအဆောင်ပြားက လှုပ်ခါ၍ သူတို့ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ပျောက်ကွယ်သွားတော့သည်။


လူများက သက်ပြင်းထပ်ချလိုက်မိသည်။


ပေကုန်းမင် မြေကြီးပေါ်ဖင်ထိုင်ကျပြီး တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေသည်။သူသည်ယခုအချိန်မှသာ ခေါင်းမေ့ာ့၍ဘေးပတ်၀န်းကျင်ကို လည့်ကြည့်နိုင်တော့သည်။


သူ့တပည့်တော်တော်များများက တိုက်ပွဲတွင် ထိခိုက်ဒါဏ်ရာရနေကြသည်။


တိုက်ပွဲသည် အတော်ပင်ပြင်းထန်ခဲ့ချေသည်။


မည်သူတစ်ဦးတစ်ယောက်မျှ သေကျေခြင်းမရှိသောလည်း လူတိုင်းကိုယ်စီ ဒါဏ်ရာရကြသည်။


ပေကုန်းမင်က ၀မ်းနည်းကြေကွဲနေလေသည်။


ရုတ်တရက် မျက်မှောင်ကြုံကာ တွေးလိုက်သည်။


"ဒီကောင်က... ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လျှို့ဝှက်နည်းစနစ်တွမှာ ပြန်ပြီးအသုံးပြုမှာဘဲ......ငါသာ ဒီအကြောင်းကို ဂိုဏ်းတော်ဆီပြန်ပြီး သတင်းပေးလိုက်ရင်..... ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်မရခဲ့ပေမယ့် ဆုလာဘ်တွေတော့ရမှာဘဲ......သိပ်တော်တဲ့ငါပါလား..."


မဟာဂိုဏ်းတော်သားတစ်ယောက်အနေဖြင့် သူက နတ်ဘုရားနယ်ပယ်အဆင့်၏ အစွမ်းထက်မြက်မှု့ကို ရှင်းရှင်းလင်းလင်းနားလည်ထားပေသည်။


...........

လေအလင်းအင်ပါယါ အင်ပါရီယါမြို့တော်...


ညက တိတ်ဆိတ်ငြိမ်သက်နေသည်။တောက်ပထွန်းလင်းသော လမင်းကြီးက ကောင်းကင်၌ ငိုက်မြည်းနေလေ၏။


လေဟာနယ်ထဲတွင် မီးပွင့်လေးများ ဖြစ်ပေါ်လာရင်း သိသာထင်ရှားသည့် လေပြင်းများဖြစ်လာသည်။


 ဆိုင်၀င်ပေါက်တွင် အိပ်စက်နေသော ဘလက်ကီဆီမှ ဟောက်သံများ ဆူညံစွာထွက်ပော်နေသည်။သို့သော် လေပြင်းများကြောင့် နိုးလာပြီး လေးတိလေကန် မျက်လုံးဖွင့်ကြည့်လိုက်သည်။


သူ့မျက်စိရှေ့တွင်ပင် မှော်အစီအရင် ပုံစံတခု စတင်ဖွဲ့တည်လာသည်။


"ဘုန်း....."


ပုံရိပ်တစ်ခုက ဘလက်ကီရှေ့သို့ ပြုတ်ကျလာသည်။


ပုဖန်က ဖင်ထိုင်လျက်ပြုတ်ကျသော်လည်း နာကျင်မှု့မရှိပေ။သူခံစားရသည့် တစ်ခုတည်းသော ခံစားချက်မှာ ပြင်းထန်သည့်အပူလှိုင်းပင်ဖြစ်သည်။


စနစ်ကသူ့ကို အထူးနည်းလမ်းဖြင့် ပြုပြင်ပေးထားသော်လည်း အပူဒါဏ်ခံရတုန်းပင်ဖြစ်သည်။

အစာအိမ်မှ အစပြုသော အပူဒါဏ်သည် သူ့တစ်ကိုယ်လုံး ပြာကျမတတ်ပူလောင်နေသည်။


သူ ဘေးပတ်၀န်းကျင်ကိုကြည့်လိုက်ပြီးနောက်... သူ့အခန်းမဟုတ်သည်ကို သိလိုက်သည်။ စနစ်က သူ့ကိုနေရာတခြားပို့လိုက်ခြင်းဖြစ်သည်။


သူရပ်ဖို့ကြိုးစားလိုက်သော်လည်း ခြေထောက်များနှုန်းချိနေ၍ ပြန်လဲကျသွားသည်။


ဘလက်ကီက ပိုင်ရှင်ပုကို စိုက်ကြည့်နေရင်း...

ဘာကြောင့် ဒီနေရာကို ပြန်လာရဲသလဲ ဟုတွေးနေမိသည်။


ပုဖန်မျက်နှာက တည်သွားကာ မျက်လုံးပြုးပြီး သူ့ရှေ့မှ ဘလက်ကီကိုပြန်စိုက်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်၌ သူ့ နှာ၀တွင် တလိပ်လိပ်ယားတက်လာကာ ပါးစပ်ဟပြီ နှာချေ လိုက်သည်။


"ဟပ်......ချိုး......."


ဘလက်ကီက ပုဖန် သူ့ဆီသို့ နှာချေ လိမ့်မည်ဟုမတွေးမိပေ။


"သူကဘာကြောင့်များ ခွေးသခင်အပေါ် နှာချေရဲတာလဲ....ဒီလူက ဟာသလုပ်နေတာလား...ဟင်......မီးတောက်တွေ... သေစမ်း....မီးလောင်နေပြီ...."


ခွေးသခင်က သည်းသည်းမဲမဲဟောင်ကာ ခုန်လိုက်သည်။သူ့၏ ၀၀ဖီးဖီးခန္ဓာကိုယ်က လှုပ်ခါနေလေသည်။


ကောင်းကင်နှင့်ကမ္ဘာမြေကြားရှိ မရေမတွက်နိုင်သော စိတ်၀ညာဉ်စွမ်းအားများစုထားသော ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်က အလွန်ပူပြင်းလှသည်။


"တော်သေးတာပော့ ငါ ခွေးဘုရင်ရဲ့ ခမ်းနားကြီးကျယ်တဲ့အဖိုးတန် ‌အမွှေးတွေလောင်ကုန်တော့မလို့....."


ပါးစပ်အပြည့် မီးတောက်များဖြင့် နှာချေပြီးနောက် ပုဖန် သက်တောင့်သက်သာဖြစ်သွားသည်။ပုဖန်က အသက်ရှုရင်း ကိုယ့ကို မတ်ထူကာ ထလိုက်သည်။


ပုဖန်က ဘလက်ကီခေါင်းကိုပွအောင် ပွတ်လိုက်ရင်း သူ့ဗိုက်ကိုနှိပ်ကာ ဆိုင်အတွင်းသို့ ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်။


ဘလက်ကီက ပုဖန်ကို ကြက်သေသေကာ ကြည့်နေရင်း ညီးညူလိုက်မိသည်။

ထို့နောက် အစောပိုင်းကကဲ့သို့ ခွေကာ လှဲလျောင်းလိုက်သည်။


သူလှဲလျောင်းပြီးနောက် ကောင်းကင်ထက်မှ သံရုပ်သေးပြုတ်ကျလာပြီး ပေါက်ကွဲမှု့ထပ်မံဖြစ်ပေါ်လာပြန်သည်။


ထိုအားက လူသွားလမ်းကို ချိုင့့်ဖြစ်သွားစေပြီး ကျောက်‌တုံး‌သေး များပင်လွင့်ထွက်စေသည်။


ဝှိုက်တီက သူ့ခေါင်းကိုပွတ်လိုက်ရင်း နေရာမှထလိုက်သည်။သူ့စက်ရုပ်မျက်လုံးများက အနီရောင်...ခရမ်းရောင်.....မီးခိုးရောင်...စသည်ဖြင့် အမျိုးမျိုးပြောင်းလဲနေသည်။


ဘလက်ကီ၏ ဝဝဖြိုးဖြိုး ခန္ဓာကိုယ်က ကျောက်တုံးစများထိ၍ လှုပ်သွားသည်။


ဘလက်ကီက ဒေါသထွက်သွားသည်။ထို့နောက် အံကြိတ်ရင်းဖြင့်ပင် ပြန်လှဲအိပ်နေလိုက်သည်။


ဒီခွေးက ဆက်အိပ်နိုင်သေးတာလား...