အပိုင်း ၃၅၆
Viewers 62k

အခန်း ၃၅၆

"ဧက္ကရာဇ်လုပ်ရတာ ဘာကြောင့် အဲ့လောက်ခက်ခဲရတာလဲ"


ဒိနေ...့ရှောင်ရှောင်လုံကိုကြည့်ရသည်မှာအလွန်စိတ်မသက်မသာဖြစ်နေပုံပေါ်သည်။


ရှောင်ရှောင်လုံက ပုဖန်ညွှန်ကြားချက်အတိုင်းချက်ပြုတ်၍ ဆိုင်၏ စီးပွားရေးကိုလည်းထိန်းသိမ်းစောင့်ရှောက်ထားရသော်လည်း စိတ်လက်မချမ်းမသာဖြစ်နေသည်။


အဘယ့်ကြောင့်ဆိုသော် သူ ဖခင်က အဆိပ်များစိမ့်၀င်ပျံ့နှံပြီး အားနည်းလာပြီဖြစ်သည်။သူက သေမင်းတံခါး၀သို့ရောက်နေပုံပေါ်သည်။


ဧကရာဇ်က ရှောင်မန်၏အဆိပ်ကို ကုသရန် အင်ပါရာသမားတော်များကိုနေ့တိုင်းစေလွှတ်သော်လည်း အရာမထင်ပေ။

ထိုသမားတော်များလဲတို့ သက်ပြင်းချရုံသာတတ်နိုင်၏။ 


အဖေက သေမင်းနှင့်စစ်ခင်းနေလေရာ သားဖြစ်သူက မည်ကဲ့သို့စိတ်ချမ်းသာမည်နည်း...


ထို့ကြောင့်ပင် သူကစိတ်လွတ်နေသကဲ့သို့ဖြစ်နေသည်။သို့သော် မျှော်လင်ချက်ကိုတော့မလွှတ်ချသေးပေ။


ပုဖန်ထွက်ခွာမသွားခင်က သူပြန်လာလျှင်ရှောင်မန်၏အဆိပ်ကိုကုသပေးနိုင်စွမ်းရှိသည်ဟုပြောခဲ့ရာ ထိုမျှော်လင့်ချက်ဖြင့် ပုဖန်စောစောပြန်လာရန်စောင့်မျှော်နေခဲ့သည်။


သို့သော် ပုဖန်သွားသည်မှာ လ၀က်မျှပင်ကြာခဲ့သည်။ထိုကာလများအတွက် အလွန်ပင်ရှည်ကြာသည်ဟုခံစားမိခဲ့သည်။


"ပိုင်ရှင်ပု နောက်ဆုံးတော့မင်းပြန်လာပြီပေါ့....... "


ရှောင်ရှောင်လုံကအလွန် စိတ်လှုပ်ရှားစွာ ‌အော်ဟစ်နှတ်ဆက်လိုက်သည်။


ထိုင်ခုံပေါ်၌ သက်တောင့်သက်သာမှီထိုင်နေ‌သောပုဖန်က သူဆီသို့လှမ်းလာသော ရှောင်ရှောင်လုံကိုကြည့်လိုက်သည်။


 သူ့ကိုပြန်လည် နှတ်ဆက်လိုက်ချင်သော်လည်းသူ၏ အလွန်အမင်း၀မ်းသာအယ်လယ်ဖြစ်နေသည့်ပုံစံကြောင့် လန့်သွား၏။


 သူက ရှောင်ရှောင်လုံ၏နှုတ်ဆက်စကားကိုကြားလိုက်သောအခါ မည်သည့်အတွက် ၀မ်းသာအယ်လဲဖြစ်နေရသည်ကို သတိပြုမိသွားသည်။


 ရှောင်မန်သည် ရှုရဂိုဏ်မှ အဆိပ်မိထားကြောင်း သတိရမိ၍ စိတ်မောစွာ သက်ပြင်းချလိုက်မိသည်။


ထို့နောက်ရှောင်ရှောင်လုံ၏မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားတက်ကြွနေသည့်အကြည့်များကိုမြင်ပြီးနောက် သူအေးဆေးစွာပြောလိုက်သည်။


"သိပ်ပြီးစိတ်မပူပါနဲ့... ဒီနေ့ဆိုင်ပိတ်ချိန်ရောက်ရင်ငါ မင်းနဲ့လိုက်ပြီး ရှောင်မန်ကို ကြည့်ကြည့်မယ်..... ကယ်နိုင်မကယ်နိုင် အဲ့ကျမှ ပြောတာပေါ့... "


ရှောင်မန်နှင့်ပုဖန်ကို မိတ်‌ဆွေဟောင်းများဟုပင်သတ်မှတ်နိုင်သည်။


ထို့ကြောင့် ပုဖန်က အနည်းငယ်မျှမကြိုးစားကြည့်ဘဲ ရှောင်မန်သေဆုံးသွားသည်ကို လက်ပိုက်ကြည့်နေလိမ့်မည်မဟုတ်ပေ။


ရှောင်ရှောင်လုံကပုဖန်၏စကားကိုကြားသောအခါ စိတ်သက်သာရာ ရသွား၏။‌သူ..အသက်သေရာမှ ပြန်လည်ရှင်သန်လာသလိုပင် ဖြစ်နေသည်။


ထို့နောက် သူလေ့ကျင့်ရေးလုပ်ရန်အတွက် မီးဖိုချောင်ဘက်သို၀င်သွားလိုက်သည်။


ပုဖန်က ထိုင်ခုံတွင်အနားယူရင်းကျန်နေခဲ့သည်။သူက ကောင်းကင်ရထက်မျောလွင့်နေသော တိမ်ဖြူများကိုကြည့်၍အေးချမ်းနေသော အခိုက်အတန့်ကိုပျော်ရွှင်စွာ ခံစားနေလေ၏။


မြို့တော်က စစ်တပ်ဖြင့် အဝိုင်းခံရ‌သော အတိတ်ဆိုးကြီးသည် ကုန်လွန်သွားပြီဖြစ်သောကြောင့် စားသုံးသူများက ပြန်လည်ရောက်ရှိလာသည်။ 


စားသောက်ရန်လာကြသော စားသုံးသူများက ခုံပေါ်တွင်ရှိသော ပုဖန်အား နှတ်ဆက်သွားကြသည်။ပုဖန်ကလည်း အသိအမှတ်ပြုခေါင်းငြိမ့်ပြလိုက်သည်။


"ပိုင်ရှင်ပု မတွေ့ရတာတောင်ကြာပြီ ဘယ်လိုဟင်းပွဲ အသစ်အဆန်းတွေ လေ့လာထားလဲဗျ.... "


ဖက်တီး ဂျင်ကသူ့သူငယ်ချင်းများကို လမ်းကြားလေးထဲဦးဆောင်ခေါ်လာပြီးနောက် ပုဖန်ကိုနှုတ်ဆက်လိုက်သည်။


သူက ဤဆိုင်ငယ်၏ ဖောက်သည်အဟောင်းပင်ဖြစ်သည်။


ဆိုင်ငယ်လေး၏ ဂုဏ်သတင်းသည်ကျော်ကြားလာခဲ့သလို ပုဖန်၏အတိုက်အခိုက်စွမ်းရည်ကလည်း သတင်းထွက်လာသည်။သို့သော် ဖက်တီးဂျင်က ထိုအခြင်းအရာများကို ဂရုမစိုက်ဘဲ ဤဆိုင်ငယ်လေးသို့ လာရောက်စားသုံးသည့် စားသုံးသူ သပ်သပ်သာဖြစ်သည်။


ဆိုင်ရှိရာသို့ပျော်ရွှင်စွာလာသော ကွမ်းရှောင်ယီက ပုဖန်ကိုကြည့်၍ စူးရှစွာအော်လိုက်သည်။


ပုဖန်က ပျင်းရိစွာတစ်ချက်လှမ်းကြည့်လိုက်သည်။ ကွမ်းရှောင်ယီက ပို၍သွယ်လျလာပြီး ပို၍ချောမောလာသည်။သူမက အရပ်ရှည်လာပြီးအနည်းငယ်လည်း ဖွံ့ဖြိုးလာသည်။


သူက ကွမ်းရှောင်ယီနှင့်ခဏကြာ စကားပြောပြီးနောက် ပျင်းရိစွာထရပ်ကာ အကြောအချဉ်ဆန့်၍မီးဖိုချောင်ဘက်ဆီသို့၀င်လိုက်သည်။


တစ်နေတာ စီးပွားရေးလုပ်ငန်းစတင်နေလေပြီ။


ကွမ်းရှောင်ယီသည်လည်း ဟင်းအမှာစာများကို ပြတင်းတံခါးလေးမှဖြတ်၍ ပြဖန်ဆီသို့သတင်းပေးလိုက်သည်။


ပုဖန်က အမှာစာကိုကြားသည်နှင့် ရှောင်ရှောင်လုံနှင့်အတူစတင်ချက်ပြုတ်လိုက်သည်။ 


သူကမဟူရာလိပ်ခုံးဒယ်အိုးကိုမသုံးသလို ကောင်းကင်းနှင့်ကမ္ဘာမြေမီးတောက်ကျောက်ကိုလည်းမသုံးဘဲ ပုံမှန်သာချက်၏။ 


ပုံမှန်သာချက်ပြုတ်နေသောလည်း ဟင်းပွဲများ၏ သိပ်သည်းလှသော ရနံများက မီးဖိုချောင်ထဲ၌ပြည့်သိပ်နေပေသည်။ မွေးရနံ့များကတရစ်ဝဲဝဲဖြင့် ဆိုင်တစ်ခုလုံးဖုံးလွှမ်းသွားလေတော့သည်။


စားသုံးသူများကလည်း ပုဖန်ကိုယ်တိုင်ချက်ပြုတ်နေခြင်းကြောင့် စိတ်လှုပ်ရှားနေကြသည်။


အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ အချိန်များ၌ပုဖန်၏လက်ရာကိုမြည်းစမ်းကြည့်ရရန်ကာ အလွန်ပင်ခက်ခဲသည်။


ဆိုင်ငယ်လေး၏ဂုဏ်သတင်းက အဖက်ဖက်သို့ပြန့်နှံ့ကျော်ကြားနေပြီဖြစ်သောကြောင့် စာသုံးသူများလည်းပိုပိုများလာသည်တခြားမြို့မှလူများလည်း ဆိုင်ငယ်လေး၏ ဟင်းပွဲအရသာကိုမြည်းစမ်းကြည့်ရန်မိုင်ပေါင်များစွာကိုဖြတ်ကျော်လာခဲ့ရသည်။


သူတို့က ရှောင်ရှောင်လုံ၏လက်ရာကိုသာအများဆုံးစားရသော်လည်း စိတ်ပျက်ခြင်းမရှိပေ။ရှောင်ရှောင်လုံ၏လက်ရာသည်လည်း ပုဖန်၏စနစ်တကျလေ့ကျင့်ပေးမှုကြောင့် တိုးတက်နေပြီဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ လူအများစုကအင်ပါရာတစ်ခွင်အကျော်ကြားဆုံးလက်ရာနှင့်ပုဖန်ကိုယ်တိုင်ချက်ပြုတ်သည့်ဟင်းပွဲကို မြည်းစမ်းချင်၍ရောက်လာခြင်းဖြစ်သည်။


အကယ်၍သူတို့သာပုဖန်၏ဟင်းပွဲကို စားခွင့်ကြုံခဲ့ရပါက တစ်နှစ်ပတ်လုံး ကြွားဝါမဆုံးဖြစ်ပေလိမ့်မည်။


ဆိုင်ငယ်လေး၏ပတ်၀န်းကျင်အခြေအနေကနွေးထွေးပြီးဖော်ရွေမှုရှိလှသည်။ဆိုင်ပိတ်ချိန်ရောက်လာသည့်အချိန်၌ပင်စားသောက်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် စားသုံးသူများရှိနေသေးသည်။


ယနေ့အတွက်ဆိုင်ပိတ်ကြောင်း ကြေညာချိန်တွင် သူတို့အားလုံးစိတ်ပျက်လက်ပျက်ဖြစ်ကြသည်။


သို့သော် မည်သူမျှ ဆူပူပြဿနာမရှာကြဘဲ အေးဆေးစွာ လှည့်ပြန်သွားကြသည်။


ပုဖန်က သူ၏ရေစိုနေသောလက်ကို အ၀တ်ဖြင့်သုတ်လိုက်ရင်း မီးဖိုချောင်ထဲမှထွက်လာ၏။


လက်ထဲတွင်လည်း ကမာနှလုံးသားပန်ကိတ်ကိုကိုင်ထား၏။ရှောင်ရှောင်လုံက သူ့အနောက်မှ တက်ကြွစွာလိုက်ပါလာသည်။


သူက ကမာနှလုံးသားပန်ကိတ်ကို ကွမ်းရှောင်ယီထံပေးလိုက်ပြီး ခုံတစ်လုံးဆွဲကာထိုင်လိုက်သည်။ထို့နောက် ပန်ကိတ်ကို ကိုက်ယူစားသုံးလိုက်၏။


ကောင်းမွန်လှသောအရသာက သူ့ပါးစပ်ဖျားတွင်ပျော်၀င်သွားသလို ပြင်းထန်သည့်အပူငွေ့နှင့် ပန်ကိတ်နံမွှေးမွှေးလေးက သူ့လည်ချောင်းတစ်လျှောက်ပြည့်နက်သွားလေသည်။


ကွမ်းရှောင်ယီက စိတ်မရှည်စွာထိုင်ချလိုက်ပြီး ပိန်ကိတ်ကို စားလိုက်သည်။ ရှောင်ရှောင်လုံကလည်း တခြားသို့ စိတ်ရောက်ကာ စိတ်မရှည်လက်မရှည်စိုးရိမ်ပူပန်နေသည်။


သို့သော်ပုဖန်၏အေးဆေးတည်ငြိမ်သည့်အမူအရာကိုမြင်မိ၍ သူလည်းထိုင်ချကာ ပန်ကိတ်ကိုစတင်စားသုံးလိုက်သည်။


ထိုကမာနှလုံးသားပန်ကိတ်ကို ပုဖန်ကိုယ်တိုင်ပြုလုပ်ထားပြီး သူ၏ပန်ကိတ်အတွင်း၌ စိတ်ဝိညာဦစွမ်းအင်များက သိပ်သည်းစွာ ပါ၀င်နေလေရာ ကွမ်းရှောင်ယီနှင့်ရှောင်လုံတို့နှစ်ယောက်စားသုံးလိုက်သည်နှင့် တစ်နေ့တာ အမောများပြေပျောက်သွား၏။


ပုဖန်က သူပန်ကိတ်ကိုစားပြီးသည်နှင့်စိတ်မသက်မသာဖြစ်နေသည့်ရှောင်ရှောင်လုံကိုတစ်ချက်ကြည့်လိုက်ပြီး ဖြေးညှင်းစွာ ထရပ်လိုက်၏။ထို့နောက်အ၀တ်အစားလဲလိုက်ပြီး ဆိုင်ပိတ်လိုက်သည်။


ပုဖန်က ကွမ်းရှောင်ယီနှင့်ရှောင်ရှောင်လုံတို့အနောက်မှလိုက်ပါ၍ စစ်သူကြီးစံအိမ်သို့သွားလိုက်သည်။


ကွမ်းရှောင်ယီက ရှောင်မန်ကို ကုသပေးမည်ကိုသိလိုက်သောကြောင့် ပျော်ရွှင်နေမိသည်။


ကွမ်းမိသားစုနှင့်ရှောင်မိသားစုတို့က အလွန်ရင်းနှီးကြသည်။ထို့ကြောင့်ပင် ရှောင်မန်အသက်ရှည်ရှည်မနေရတော့ဟု သိရသဖြင့် သူမအလွန်၀မ်းနည်းခဲ့ရသည်။


ယခုပုဖန်က ရှောင်မန်ကိုကုသပေးနိုင်သဘ်ဟု သိရသဖြင့်အလွန်စိတ်လှုပ်ရှားနေမိသည်။ကွမ်းရှောင်ယီကပုဖန်ကို မျက်လုံးတောက်တောက်လေးများ ဖြင့် လှမ်းကြည့်လိုက်ပြီး တွေးလိုက်သည်။


"စိတ်ပုပ်သူဌေးက တစ်နေ့တစ်ခြား ပိုပြီးအံ့ေဩာဖို့ကောင်းလာတယ်...... "သူတို့သုံးဦး ရှောင်အိမ်တော်သို့ရောက်လာခဲ့သည်။


ပုဖန်က ပထမဆုံးအကြိမ်ရောက်ဖူးသည်ဖြစ်ရာ စပ်စပ်စုစုကြည့်လိုက်သည်။ အဆောက်အဦးများကရှုပ်ထွေးလှပြီး ၀င်္ကပါကဲ့သို့ပင်ထင်မှတ်မှားစေသည်။


ပုဖန်လည်းမူးဝေသွားပြီး လမ်းစပင်ပျောက်သွားသည်။သို့သော် ရှောင်ရှောင်လုံကလမ်းပြ၍ ရှောင်မန့်အခန်းသို့ အလျင်အမြန်ပင်ရောက်ရှိလာကြသည်။


ရှောင်မန်၏ အခန်းရှေ့၌လူတစ်စုက စုဝေးနေသည်။ပုဖန်နှင့် မဆုံသည်မှာ ကြာပြီဖြစ်သောရှောင်ယန်ယုလည်း ထိုနေရာ၌ရှိနေသည်။


သူမ၏အသားအရေက ဖျော့တေ့နေပြီးလှပသောမျက်နှာလေးကလည်း ချောင်ကျနေ၏။


ပုဖန်သူမကိုမြင်လိုက်သည့်အချိန်၌ သူမကလည်း သတိပြုမိသွားသည်။ ရှောင်ယန်ယုသည်အံ့အားသင့်သွားပြီးနှတ်ခမ်းလေးများပင် ပွင့်ဟသွား၏။ 


ထို့နောက်သူမမျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားသည် အရိပ်အယောင်လေးများပေါ်လာ၏။


..........


အင်ပါရီယာမြို့တော်၏ အဓိကခန်းမကြီး၌


လွန်ခဲ့သောလ၀က်ခန့်က ဂျိခန်းရွဲ့သည် သက်တောင့်သက်သာဖြင့်စိတ်ချမ်းသာစွာရှိနေသည်။


ဂျိချန်းရွဲ့၏တပ်များဆုတ်ခွာသွားစဉ်က အင်ပါယာ၏တပ်များက နယ်နမိတ်အစပ်ထိရောက်အောင်ပင်လိုက်လံတိုက်ထုတ်ခဲ့ကြသည်။


ထို့နောက်သူတို့က အနိုင်ရ၍ပြန်လာခဲ့သည်။အင်ပါရာက ပုံမှန်ကဲ့သို့တိတ်ဆိတ်တည်ငြိမ်သွားသည့်အခါ၌ ဂိုဏ်းအသီးသီးမှကျွမ်းကျင်သူများကလည်း အင်ပါရာမှ ပြန်လည်ထွက်ခွာသွားကြသည်။


ဂျိခန်းရွဲ့ကနဂါးပုလ္လင်ပေါ်၌သက်တောင့်သက်သာမှီထိုင်နေသည်။လှပပြီးနူးညံ့သည့်အမျိုးသမီးငယ်တစ်ယောက်က ဂျိချန်းရွဲ့၏ပင်ပန်းနွမ်းနည်မှုများ ပြေပျောက်စေရန်အတွက် ပုခုံးများကို အသာအယာနှိပ်နယ်ပေးနေသည်။


ဧက္ကရာဇ်တစ်ယောက်ဖြစ်သည့်အလျောက်သူ၏မောင်းမဆောင်တွင် လှပသောမိန်းမပျိုများ သုံးထောင်အထိရှိသည်။သူက အင်ပါရာ၏ စီမံခန့်ခွဲမှုများနှင့် တခြားသောကြောင့် အလုပ်ရှုပ်နေလေရာ မိန်းမလှတို့ကို လှစ်လျုရှုခဲ့ရသည်။


သို့သော်လည်း ရန်ဖန်ရန်ခါ၌ သူ၏ပင်ပန်းနွမ်းနည်မှုများကိုလျော့ချရန်အတွက် အခစား၀င်ခိုင်းလေ့ရှိသည်။


"သတင်းပို့ပါတယ်အရှင်မင်းကြီး..... "


ဂျိချန်းရွဲ့၏ရှားရှားပါးပါး အနားယူချိန်ကို ခန်းမအပြင်မှ ကျယ်လောက်စူးရှသော အသံတစ်သံက နှောက်ယှက်ဖျက်ဆီးလိုက်သည်။


သူမျက်စိဖွင့်ကြည့်လိုက်သောအခါတွင် ခန်းမထဲသို့ရေးကြီးသုတ်ပြာဖြင့်၀င်လာသော စစ်သူကြီးကိုတွေ့လိုက်ရသည်။


ထိုသူ၏အမူအရာက သေမတတ်ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ်ကလည်း တုန်ရီနေသည်။


"ဘယ်လိုလုပ် ထိပ်ထိပ်ပြာပြာဖြစ်နေရတာလဲ စစ်သူကြီးရဲ့...." မျက်မှောင်ကြုံကာ စိတ်မကျေမနပ်ဖြင့်မေးလိုက်သည်။


"အ..အ..အရှင်မင်းကြီး...သားရဲတစ်ကောင် မြို့တော်ဆီကို ဦးတည်လာနေပါတယ်... "


"ကျွန်တော်မျိုးက သူ၏အဆင့်ကိုမခန့်မှန်းနိုင်ပေမယ်........ ကျွန်တော်ထင်တာက‌တော့ အဲ့ဒါ အဆင့်မြင့်သားရဲကြီးဖြစ်လိမ့်မယ်.... "


" အဆင့်မြင့်သားရဲ..... ဟုတ်သလား.... " 


ဂျိချန်းရွဲက ကြက်သေသေသွားပြီး အမူအရာက ဖြူဖျော့သွားလေသည်။


...........


အင်ပါရီယာမြို့တော်၏ မိုင်ပေါင်းများစွာ အကွာအဝေး၌.........


ကောင်းကင်ပြင်တစ်ခုလုံးကိုပင်ဖုံးလွှမ်းထားနိုင်သော ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာ၏။ 


ထိုကြီးမားလှသော အရိပ်သည် လှုပ်ရှားလိုက်တိုင်း ကမ္ဘာ‌မြေပြင်ကြီး သိမ့်သိမ့်ခါသွားသလို ခံစားလိုက်ရသည်။


ကြီးမားလှသောခြေထောက်၏ ပြင်းထန်အားကြောင့် ဆိုးရွားလှသောပျက်ဆီးမှုများဖြစ်ပေါ်စေသည်။


အင်ပါရီယာမြို့တော်ရှိ အဓိကလမ်းမများ အက်ကွဲကုန်သည်။


ခြေထောက်ကြီးဖားပြုတ်က အင်ပါရီယာမြို့တော်ရှိရာဆီသို ခေါင်းမော့လိုက်ကာ နာစည်ကွဲလောက်သော အသံဖြင့် အော်မြည်လိုက်သည်။


"အုံး........ ဂွမ်...."