အခန်း ၃၅၇
"စားဖိုမှုးတစ်ယောက်က လူနာကိုကုသတာ အဓိပ္ပါယ်မရှိဘူး...
ရှောင်ယန်ယုက ပုဖန်ကို စိတ်သက်သာစွာ ပြုံး၍ကြည့်လိုက်သည်။ပုဖန် နောက်ဆုံးတော့ရောက်လာပြီဖြစ်သည်။
ရှောင်ရှောင်လုံက ရှောင်ယန်ယုကို ပုဖန် သူမအဖေ၏အဆိပ်ကို ကုသမည့်အကြောင်း ပြောထားခဲ့ပြီးဖြစ်သည်။
ပုဖန် ထွက်သွားချိန်က လ၀က်ခန့်ကြာမြင့်ခဲ့သည်။သူမ သူ့ကိုစောင့်ရလေလေ...စိုးရိမ်လေလေဖြစ်လာ၏။
သူမအဖေသေသည့်အချိန်မှသာ ပုဖန်ပြန်ရောက်လာမည်ကို ကြောက်နေမိသည်။
ပုဖန်က သူ့ကိုစိုက်ကြည့်နေသည့် ရှောင်ယန်ယုကို ခေါင်းငြိမ့်ပြလိုက်သည်။
ပုဖန်၏အမူအရာကိုကြည့်ကာ ရှောင်ယန်ယုစိတ်သက်သာရာ ရသွားလေသည်။ပုဖန်၏ ခေါင်းငြိမ့်လိုက်ခြင်းသည် သူမ၏အကြောက်တရားနှင့် စိတ်ရှုပ်ထွေးမှု့များကိုလျော့နည်းစေခဲ့သည်။
"ရှောင်သခင်လေး.... သူက ဘယ်သူများလဲ....."
အသက်ကြီးကြီးလူများက ရှောင်ယန်ယုနှင့်အတူ လူငယ်လေးပါလာသည်ကို မြင်လိုက်သည်နှင့် စိတ်မသက်မသာဖြင့် သံသယဖြစ်သွား၏။
ထိုလူများသည် ဂျီချန်းရွဲ့ စေလွှတ်လိုက်သော သမားတော်များဖြစ်ကြသည်။
သူတို့အားလုံးသည် အင်ပါရီယာနန်းတော်မှ အတော်ဆုံးသော သမားတော်များဖြစ်ကြ၏။
သူတို့က ဆေးပညာတွင်သာစိတ်နှစ်ထားကြပြီး ပြင်ပကိစ္စများကိုမှု အာရုံမစိုက်နိုင်ကြချေ။
သူတို့က ပုဖန်၏ဆိုင်ငယ်အကြောင်း သတင်းအပိုင်းအစအနေဖြင့်သာကြားထားပြီး ထဲထဲ၀င်၀င်သိရှိခြင်းတော့ မရှိကြပေ။
ထို့ကြောင့် သူတို့ရှေ့မှလူသည် ပိုင်ရှင်ပုဖြစ်ကြောင်းကို မသိကြပေ။
ရှောင်ယန်ယုက သတိ၀င်လာပြီး ပုဖန်အကြောင်း တည်ငြိမ်စွာဖြင့် မိတ်ဆက်ပြောကြားသည်။
သမားတော်များသည် ပုဖန်မရောက်ခင်အချိန်တွင် သူမ၏အသက်ကိုကယ်ဆယ်ထားသော ကျေးဇူးကြောင့် လေးလေးစားစားပြောလေ၏။
အကယ်၍သမားတော်များသာ မကူညီခဲ့ပါက သူမအဆိပ်သင့်၍သေခဲ့ပြီဖြစ်သည်။
ထို့ကြောင့်သူမက သမားတော်များကို အထူးကျေးဇူးတင်ရှိလေ၏။
"သူကတော့ ဖန်ဖန်ဆိုတဲ့ ဆိုင်လေးရဲ့ပိုင်ရှင်ပါ......ဒီနေ့ သူက ကျွန်မအဖေကိုလာကုသတာပါ........."
ရှောင်ယန်ယုက ပုဖန်အကြောင်း လေးစားစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
ထိုအချိန်တွင် သမားတော်များသည် ပုဖန်ကို ခေါင်းအစ ခြေအဆုံးကြည့်ကြသည်။
"ရှောင်ယု..ဖန်ဖန်ဆိုတဲ့ ဆေးခန်းက ဘယ်နားမှာတုန်း....ကျုပ်တို့တော့မကြားဖူးပါလား...."
အသက်ကြီးကြီး သမားတော်က ထမေးလိုက်သည်။
ကျန်သူများက ဤမေးခွန်းကြားသည်ဖြင့် ခေါင်းတငြိမ့်ငြိမ်လုပ်ကာ ရှောင်ယန်ယုအဖြေကို စောင့်ဆိုင်းနေကြသည်။
ရှောင်ယန်ယုသည် ဖန်ဖန်ဆိုင်အကြောင်းမေးသံကြားရသည့်အခါတွင် အနည်းငယ်တုံ့ဆိုင်းသွားလေသည်။
"ဖန်ဖန်ဆိုင်ဆိုတာ ဆေးခန်းမဟုတ်ပါဘူးရှင့်.....ကျွန်မတို့မြို့တော်က နာမည်ကြီးစားသောက်ဆိုင်တစ်ခုပါ........"
"စားသောက်ဆိုင်......ဟုတ်လား......"
"ကျုပ်တို့ကိုနောက်နေတာလား......ကျုပ်တို့က ပြုစုကုသနေတာ......ဟင်းချက်နေတာမဟုတ်ဘူးဗျ......"
" လူနာကိုပြုစုက ဆော့ကစားစရာမဟုတ်ဘူး.......ဘယ်လိုများ အရူးတစ်ယောက်ကိုခေါ်လာပါရဲ့ဗျာ အံ့ပါရဲ့...."
"ဟုတ်တယ် ရှောင်ယန်ယု စားဖိုမှုးက လူနာကို ပြုစုတယ်ဆိုတာ မြင်ဖူးလို့လား......"
ဆူညံဆူညံအသံများထွက်ပေါ်လာကြသည်။သူတို့ ပုဖန်ကို အပေါ်ယံအမြင်ဖြင့်ပင်ဆုံးဖြတ်ကာ အထင်သေးလျက်ရှိနေကြသည်။
ပုဖန်သည် စိတ်ထိန်းကာ စကားများနေကြသည့်လူကြီးကိုစိုက်ကြည့်လိုက်သည်။ထို့နောက် သူ့အကြည့် ကို ရှောင်ယန်ယုထံသို့လွှဲလိုက်ရင်း မေးခွန်းတစ်ခုမေးလိုက်သည်။
"မင်းငါ့ အကူအညီလိုသေးလား...မလိုရင် ငါပြန်ပြီးအိပ်တော့မယ်......"
ရှောင်ယန်ယုသည် စိတ်ရှုပ်ထွေးလာကာ သမားတော်များကို မည်သည်မျှရှင်းပြခြင်းမပြုဘဲ ပုဖန်လက်ကိုဆွဲကာ အခန်းထဲခေါ်သွားတော့သည်။
သမားတော်များက သူတို့ကို ရှောင်ယန်ယု အဖတ်မလုပ်ဘဲ စားဖိုမှုတစ်ယောက်ကို လက်ဆွဲထွက်သွားသောကြောင့် သူတို့အားလုံးမျက်နှာကြီးမဲပုပ်ကာ ဒေါသထွက်သွားကြ၏။
သူတို့အထဲမှတစ်ယောက်က အင်္ကျီလက်အစကိုခတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သမားတော်များဖြစ်ကြသော်လည်း ရှောင်ယန်ယုက သူတို့အား အထင်သေးနေကြောင်းကို သူတို့သတိထားမိလေသည်။
ပုဖန်အတွက် စိတ်ကြီး၀င်ဖို့ပင်ကောင်းလှသည်။
ရှောင်ယန်ယုက သမားတော်အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ငြိမ်အောင်ထားလိုက်သည်။ သူ မည်သည်မျှ ထပ်မံမရှင်းပြတော့ရန် ဆုံးဖြတ်လိုက်သည်။
ပိုင်ရှင်ပုက ဆေးဝါးအကြောင်းနားမလည်ပေ။သို့သော် အစာသည် ဆေး ဆေးသည် အစာဖြစ်ကြောင်း သဘောတရားကို သိလေ၏။
ပုဖန်၏ဟင်းပွဲသည် ရောဂါများအတွက် မည်မျှအစွမ်းထက်ကြောင်း ရှောင်ယန်ယု မျက်မြင်သိရှိထားသည်။
ထို့သို့သော် သူမျိုးကိုမှ သူမအားကိုးတကြီးမျှော်လင့်ချက်မထားပါလျှင်.... သူမအဖေအဆိပ်သင့်ကာသေပါတော့မည် မှတ်ချက်ချထားသည့် သမားတော်များအပေါ် အားကိုးမျှော်လင့်ရမည်လား...
ရှောင်ယန်ယုတို့ အခန်းထဲရောက်သည်နှင့် ဆေးနံ့များက စီးကြိုဆိုနှတ်ဆက်လေသည်။
ကုတင်နဘေးတွင်ပိန်ပိန်ပါးပါးအမျိုးသမီးကြီးတစ်ဦး တင်ပါးလွှဲထိုင်နေသည်။
မျက်ဝန်းအိမ်၌ မျက်ရည်များဖြင့်ပြည့်နက်ကာ ကုတင်ပေါ်မှ ရှောင်မန်ကိုသာ ငေးကြည့်နေသည်။
ဂျိရုအာ၏မျက်၀န်းများသည် နာကျင်မှု့ဖြင့်ပြည့်နှက်နေလေ၏။၀မ်းနည်းစိတ်များက သူမကိုအင်အားချနဲ့စေလေ၏။သူမက ငြိမ်သက်လျက် ပုဖန်ကိုတစ်ချက်သာ ငဲ့ကြည့်၍ ရှောင်မန်ဆီသို့သာ ပြန်ငေးကြည့်နေလေသည်။
ရှောင်ယုယန်သည် ဂျိရုအာ မည်မျှ၀မ်းနည်းနေကြောင်းမြင်မိ၍ တိတ်တခိုးသက်ပြင်းချမိသည်။
ပုဖန် ကုတင်ခေါင်းရင်းဆီလျှောက်ကာ ရှောင်မန်ကိုကြည့်ရှုလိုက်သည်။
ရှောင်မန်လက်ရှိအခြေအနေသည် အတော်ပင်ဆိုးရွားနေ၏။မျက်နှာသည်လည်းအဆိပ်ဖြင့် မည်းနက်နေလေသည်။ဤသည်မှာ အဆိပ်သည် သူ့နှလုံးအထိရောက်ကြောင်းကိုဖော်ပြလျက်ရှိသည်။သူသေဖို့သိပ်မလိုတော့ပေ။
ပုဖန် ကုသရန်မနှောင့်နှေးသင့်ကြောင်းသတိပြုမိသည်။ရှောင်မန်၏လက်ရှိအခြေအနေသည် အချိန်မရွေးအသက်ဆုံးရှုံးနိုင်သည်။
ပုဖန်မျက်မှောင်ကျုံ့သည်ကို ရှောင်ယန်ယုမြင်သောအခါ သူမစိုးရိမ်လာတော့သည်။ပုဖန်မည်သို့မှတ်ချက်ချမည်ကိုမသိသဖြင့် စိုးရိမ်စိတ်များအုံကြွလာသည်။
"ပိုင်ရှင်ပု......"
"ဘာမှမပြောဘဲငြိမ်နေ....ငာ..ဘာလုပ်ရမယ်ဆိုတာတွေးနေတယ်...."
စနစ်၏အကြံပေးချက်အရ ရှောင်မန်၏အဆိပ်ကိုဖြေချင်ပါက ထိရောက်သော နည်းလမ်းကိုသာအသုံးပြုရမည်။
ဤသည်မှာ မဟူရာလိပ်ခုံးဒယ်အိုးဖြင့် နတ်မင်းစွေ့စွေ့ခုန် ချက်ရန်မှ လွဲ၍ တခြားမရှိပေ။
စနစ်မှပေးသောနတ်မင်းစွေ့စွေ့ခုန်မှ ပါ၀င်ပစ္စည်းများသည် အပိုင်းနှစ်ပိုင်းခွဲရပေမည်။
လက်ရှိတွင် သူ့ထံတွင် မဟူရာလိပ်ခုံးဒယ်အိုးရှိပြီး ပြင်ဆင်စရာ ဟင်အမယ်များသာလိုအပ်သည်။
နတ်မင်းစွေ့စွေ့ခုန်၏အရေးပါသောအချက်မှာ ပါ၀င်ပစ္စည်းအမယ်များကို မည်သည့်အချိန်တွင် မည်သို့ရောနှောထည့်ရမည် ပင်ဖြစ်သည်။
နတ်မင်းစွေ့စွေ့ခုန်အတွက်လိုအပ်သည့်ပါ၀င်ပစ္စည်းများကို ပုဖန်စတင်မှတ်သားထားလိုက်သည်။
လိုအပ်သည်များကိုမှတ်သားထားပြီးနောက် စနစ်၏သိုလှောင်ခန်းကိုကြည့်ကာ မရှိသည့်ပါ၀င်ပစ္စည်းများကိုရှာသည်။
ပုဖန်က လက်မြှောက်လိုက်ရင်း ရှောင်ယန်ယုကို ညွှန်ကြါးလိုက်သည်။
"ပါ၀င်ပစ္စည်းတွေကိုလိုက်မှတ်...လူတွေကို ရှာခိုင်း....မြန်မြန်ရလေ မင်းအဖေ မြန်မြန်သက်သာလေဘဲ.....မြန်မြန်လုပ်..."
ရှောင်ယန်ယုက ခေါင်းငြိတ်ကာ မှတ်ဖို့ပြင်လေသည်။
"မဟူရာပင်လယ်ခရု၊ကျားငမန်းဆူးတောင်၊နက်ရှိုင်းပင်လယ်ဆူးဂျင်ဆင်း........"ပုဖန် တစ်ခုချင်းစီရွတ်လိုက်သည်။
ထိုပါဝင်ပစ္စည်းများက သမုဒ္ဒရာထွက်ပစ္စည်းများဖြစ်ပြီး စနစ်၏သို့လှောင်ခန်းတွင်မရှိပေ။
စိတ်ဝိညာဉ်သားရဲအသားအတွက်ကိုမှု သူ့တွင်ရှိသောမီးနဂါးသားနှင့်အခြားသော စိတ်ဝိညာဉ်သားရဲအသားများကို အသုံးပြုနိုင်သည်။
ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ရှာပုံတော်ခရီးစဉ်တွင် စိတ်ဝိညာဉ်သားရဲအသား တော်တော်များများကို စုဆောင်းနိုင်ခဲ့သည်။စိတ်ဝိညာဉ်သားရဲအသားများ စိတ်စွမ်းအားအဆင့်မြှင့်ရာ၌ အရေးကြီးသော အခန်းကဏ္ဏမှပါ၀င်သည်။
ရှောင်ယန်ယုက အိမ်တော်ရှိလူများကို လိုအပ်သည်များ မှာကြားကာ ချက်ခြင်းပင်စေလွှတ်တော့သည်။
................
တောင်တန်းတစ်နေရာ၌ ရေခဲတမျှအေးစက်လှသော အနက်ရောင်သံမျှော်စင်တစ်ခု ...
နန်မြင့်ဆောင်တွင် ရှုရဂိုဏ်းချုပ်သွမ့်လင်းက ခန့်ညားစွာထိုင်နေသည်။
မျက်လုံးများသည် တောက်ပကာ သွေးနီရောက်အစစ်အမှန်စွမ်းအင်က သူခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်းကြောင်းကို သိသာစွာမြင်ရသည်။
ဘယ်ဘက်လက်မောင်းမှ ဂျွတ်ခနဲ ဂျွတ်ခနဲ အသံများကိုမှု အတိုင်းသားကြားနေရသည်။၄င်းအသံများသည် ခြေကျင်းများ ပွတ်တိုက်ထိတွေသော အသံနှင့်ဆင်တူလှသည်။
ဤသည်မှာသူ၏စွမ်းအင်အဆင့်နှင့်ပြင်းအားများကို ကန့်သတ်ထားခြင်းဖြစ်ပေသည်။
နတ်ဘုရားနယ်ပယ်အဆင့်ကျော်လွန်လာသောအခါ တန်ခိုးရှင်အဆင့်ကိုဖောက်ထွက်ချင်လာသည်။သူသည် နတ်ဘုရားနယ်ပယ်အဆင့်သို့ရောက်လုရောက်ခင် ဖြစ်သည်။
သို့သော် သူ့မျှော်လင့်ချက်နှင့်အိမ်မက်များကိုမူ ပုရွတ်ဆိတ်သာသာ သူတော်စင်အဆင့်ကောင်လေးက နင်းခြေချသွားသည်။
ယခုအချိန်အထိပင် သေးနုတ်သောသူတော်စင်အဆင့်သာသာကောင်လေးက ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက် ကိုရယူသွားသည်ကို မယုံကြည်နိုင်သေးပေ။အဖြစ်အပျက်များသည် ပဟေဌိပုစ္ဆာကဲ့သို့ဖြစ်နေ၏။
ရုတ်တရက်သူ့ကိုယ်မှ ကြောက်စရာဖိအားပြင်းထွက်လာသည်။
နတ်ဘုရားနယ်ပယ်အဆင့်သည် အခြားသောတန်ခိုးရှင်များထက် စွမ်းအားသာလွန်ပြင်းရှသည်။
အဆင့်ကိုးရှိသော တန်းခိုးရှင်တစ်ယောက်ကို သူ၏အစစ်အမှန်စွမ်းအင်၏ ဖိအားဖြင့်ပင်တွန်းလှန်နိုင်သည်။
နတ်ဘုရားနယ်ပယ်ကျွမ်းကျင်အဆင့်ရှိသူသည်ကမ္ဘာ့စွမ်းအင်ကိုထိန်းချုပ်နိုင်ကာ ရန်သူကိုတွန်းလှန်တိုက်ခိုက်နိုင်သည်။
"ဖြစ်ရပ်ကို သေချာသုံးသပ်ပြီးပြီလား.....ဘယ်အမျိုးယုတ်က ငါ့ရဲ့ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုခိုးယူခဲ့တာလဲ......"
သွမ့်လင်းကမျက်လုံကိုဖြေးညှင်းစွာဖွင့်ရင်း ကြောက်စရာအကြည့်ဖြင့် အလင်းတန်းများလွှတ်လိုက်သည်။အလင်းတန်းသည် တခဏသာကြာပြီးနောက်ပျောက်ကွယ်သွားသည်။
အဆင့်မြင့်နတ်ဆရာမသည် သွေးနီရောင်ကျောက်စိမ်းအဆောင်ပြားများကို လက်ဖြင့်ကိုင်ကာ ထူးဆန်းသော မှော်အစီအရင်တစ်ခု ဖွဲ့စည်းလိုက်သည်။
ခဏအကြာ ပုံစံဖျက်ကာ ကျောက်စိမ်းအဆောင်ပြားများကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ထူးဆန်းသောစွမ်းအင်လှိုင်းများသည် သူမမျက်နှာဖုံးပေါ်မှ ဖြတ်သန်းသွားခဲ့သည်။
သူမက သွမ့်လင်းကို ပြောလိုက်သည်
"ငါ အဖြေထွက်ပြီ....အဲ့ကောင်လေးက လေအလင်းမြို့တော်ကဘဲ ပြီးတော့ အကြီးအကဲကိုသတ်ခဲ့တဲ့ ဆိုင်ရဲ့ပိုင်ရှင်ဘဲ......"
"သူက အကြီးအကဲကိုသတ်တဲ့ဆိုင်ပိုင်ရှင်....ကံကြမ္မာက သိပ်ကိုထူးဆန်းတာဘဲ...ရန်သူတွေနောက်တစ်ကြိမ်ထပ်တွေ့ပြီပေါ့...ရန်ကြွေးကိုအပြတ်ရှင်းရမယ်....."
သတ်ဖြတ်ချင်သော စိတ်များသည် သွမ့်လင်း၏မျက်၀န်းထဲ၌ ပြည့်နှက်နေ၏။ချက်ခြင်းပင်ထကာ အင်ပါရီရယ်မြို့သို့သို့သွားရန်ပြင်ဆင်လိုက်သည်။အဆင့်မြင့်နဆ်ဆရာမလည်း သူ့အနောက်မှလိုက်သွားသည်။
သွမ့်လင်းက လေအလင်းအင်ပါရာမြို့တော်ဆီသို့လှမ်းမျှော်ရင်း...
"လေအလင်း အင်ပါရာမြို့တော်ဆီကိုသွားရအောင် ပြီးရင် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုပြန်ယူရင်း အကြီးအကဲအတွက် လက်စားချေရမယ်...."
သွမ့်လင်းကလက်နောက်ပစ်ကာ အမိန့်ပေးသည်။လက်စားချေလိုသည့်စိတ်ဖြင့် တစ်ကိုယ်လုံးမှသွေးများ ဆူပွက်နေလေ၏။ခြေလှမ်းလိုက်ရင်း သူ့တစ်ကိုယ်လုံးသည် သွေးနီရောင်အလင်းတန်းဖြစ်ကာ လေအလင်းအင်ပါရာမြို့တော်ဆီသို့ ဦးတည်လိုက်သည်။
"အခု လေအလင်းအင်ပါရာမြို့တော်ကို အကြီးအကဲအတွက်သွေးကြွေးဆပ်မယ်.....ငါ့ရဲ့ရှူရဂိုဏ်အမည်နာမဟာ တောင်ပိုင်းဒေသတခွင်မှာ ကျော်ကြားသိရှိစေရမယ်ကွ....ဟား....ဟား....ဟား..."
သူ၏ဟစ်ကြွေးသံသည်လေထဲတွင် ပဲ့တင်ထပ် ပြန့်နှံလျက်ရှိသည်။