အပိုင်း ၃၅၈
Viewers 62k

အခန်း ၃၅၈ 

"နတ်မင်းစွေ့‌စွေ့ခုန်ထဲ အသားလေးများများထည့်ရင်တော့ သိပ်ကိုကောင်းသွားမှာ.. "


"ဝုန်း........"


ခြေကြီးဖားပြုတ်၏အနံ့အသက်က ဆိုးဆိုးရွားရွား စူးရှလှသည်။သူ အလှမ်းကျယ်ကြီး ခုန်လိုက်တိုင်း မြို့တော်နှင့်တစ်စ တစ်စနီးကပ်လာလေသည်။


သူ့၏အနံ့ဆိုးကြီးကလဲ မြို့တော်တစ်ခွင် ဖုံးလွှမ်းမတတ်ရှိနေလေ၏။


ခြေကြီးဖားပြုတ်တစ်ချက်အော်လိုက်တိုင်း မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်ကာ မြို့သူမြို့သားများ နားကွဲမတတ်ဆူညံသွားသည်။


မြို့နံရံ၏အပေါ်တွင် ဂျိချန်းရွဲ့က မြိ့တော်ကာကွယ်ရေးအတွက် ရောက်ရှိနေသည်။သူတို့သည် မြို့နံရံထက်မှ သိပ်ဝေးဝေးပင်လှမ်းကြည့်စရာမလိုပဲ.... ဧရာမ ခြေထောက်ကြီးဖားပြုပ်၏ ခန္ဓာကိုယ်ကြီးကိုလှမ်းမြင်နေရသည်။


သူ့ခန္ဓာကိုယ်ကြီးသည် တောင်ထွတ်တစ်ခုကဲ့သို့မြင့်မားကာ မိုးတိမ်များဖြင့် ထိလုမတတ်ဖြစ်နေ၏။


ခြေကြီးဖားပြုတ်၏အရှိန်ဖြင့် ဂျိချန်းရွဲ့ အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ချေ။


ဤသည်မှာ ပေတစ်ရာနီးပါးမြင့်မားသော ခန္ဓာကိုယ်ဖြင့် သားရဲတစ်ကောင်ဖြစ်ကာ သူ့နဘေးတွင် တိမ်စိုင်ခဲများကိုပင်တွေ့ရ၏။


ဘာကြောင့်များ ဒီသားရဲက မြို့ဆီကို ဦးတည်နေရတာလဲ...


"လေးသည်တော်တွေကို အသင့်ပြင်ခိုင်းထား....မြန်မြန်လုပ်စမ်း.."


ဂျိချန်းရွဲ့က ဒေါသသံစွက်၍ စစ်သည်တော်များကို အမိန့်ပေးလိုက်သည်။


ခြေကြီး ဖားပြုတ်ကိုမြင်ရုံမျှဖြင့် မည်သို့ရင်ဆိုင်ရမည်ကိုမတွေးနိုင်ကာ ဂျိခန်းရွဲ့သတ္တိများ ယုတ်လျော့ကုန်သည်။


အရင်တစ်ခေါက်က အဆင့်ကိုးဆင့်ရှိသော ရှူရဂိုဏ်းမှတန်ခိုးရှင်တစ်ယောက်သည် အင်ပါရီယာမြို့တော်ကိုအကြီးအကျယ် ဖျက်ဆီးရန် ရောက်လာခဲ့သေးသည်။


ယခုအချိန်တွင်မူ ထိတ်လန့်စရာ သားရဲကြီးက မည်သို့သော ကံကြမ္မာဆိုးများကို မြို့တော်ကြီးဆီသို့ ယူဆောင်လာကြောင်း မသိရှိရသေးပေ။


သူ့ခမည်းတော် နန်းမြင့်ပုလ္လင်ပေါ်သို့ထိုင်လိုက်ချိန်တွင်မူ ကြုံတွေ့ရသမျှ ပြဿနာများသည် သေးငယ်ပျောက်ကွယ်သွားသည်။ သို့သော် သူ ပလ္လင်ပိုင်သည့်အချိန်၌မူ ပြသနာများက ရောက်ရှိလာသည်။


ဂျိချန်းရွဲ့သည် သားရဲကို မြင်သည်နှင့် စိတ်ဓါတ်ကျကာ ခေါင်းကိုက်နေ၍ ရေခဲတမျှအေးစက်သည့် မြို့တော်နံရံကျောက်တုံးပေါ်သို့ မှီထားလိုက်သည်။


"ဝုန်း......."


ခြေကြီးဖားပြုတ်ကြီးသည် နောက်တစ်ကြိမ် ခုန်ပြန်လေသည်။မြို့တော်နှင့်ပိုမိုနီးစပ်လာကာ မြို့သူမြို့သားများ ပိုမိုကြောက်ရွံ့လာ၏။


မြေကြီးများတုန်ခါနေ၍ ပြတင်းပေါက်များမှချောင်းကြည့်ကြသောအခါ မိုးထိမတတ်ကြီးမားသည့် ခြေကြီးဖားပြုတ်ကြီးကိုတွေ့လိုက်ကြသည်။


ဖားပြုပ်ကြီး၏ ကြောက်စရာအသွင်အပြင်က မြို့သူမြို့သားများကို အကြီးအကျယ်တုန်လှုပ်စေသည်။သူတို့၏ သာယာပျော်ရွှင်စရာနေ့ရက်များကို ဖျက်ဆီးခံရတော့မည်ဖြစ်၏။


ဂျိချန်းရွဲ့က မြို့သားများ၏ ကြောက်ရွံစိုးရိမ်စိတ်ကိုမြင်မိသောအခါ သူ့ခံစားချက်ပြောင်းသွားပြီး လေးနက်တည်ကြည်ကာ ရန်မူလိုသော ခံစားချက်များဖြစ်ကုန်သည်။


"လေးသည်တော်တွေ......ဒီမိစ္ဆာသားရဲကို ပစ်လိုက်ကြစမ်း......"


ဂျိချန်းရွဲ့က မြို့တံတိုင်းကို လက်သီးဖြင့်စောင့်ထုချကာ အမိန့်ကို ဟစ်လိုက်သည်။


အမြစ်ပြတ်ချေမှုန်းလိုသည့် ခံစားချက်များပါ၀င်သဖြင့် သူ့အော်သံသည် မြို့တစ်ခုလုံး မြည်ဟိန်းနေလေသည်။


"ဝှစ်........ဝှစ်........ဝှစ်........"


အသင့်စောင့်ဆိုင်းလျက်ရှိသည့် လေးသည်တော်များသည် သူတို့ လေးကြိုးကို ဆွဲတင် ပစ်လွှတ်လိုက်သည်။


လေးကြိုးကိုပြိုင်တူလွှတ်လိုက်ကြပြီး တစ်ခုတည်းသော ပစ်မှတ်ဆီသို့ မြှားမိုးရွာလိုက်ကြတော့သည်။


သို့ပါသော်လည်း အဆင့်မြင့်သားရဲ၏ အရေခွံကို ဤကဲ့သို့ သာမန်မြှားတံများက ထိုးမဖောက်နိုင်ကြချေ။


လေးသည်တော်များသည် သာမာန်ညောင်းညမဟုတ်ဘဲ အဆင့်သုံး သို့မဟုတ် အဆင့်လေး ကျင့်ကြံဆင့် ရှိကြသည်။အနည်းဆုံးသာမာန်လူများထက်တော့ အဆင့်မြင့်ကြသေးသည်။သို့သော် ခြေကြီးဖားပြုတ်နှင့်စာရင် သူတို့သည် ပုရွက်ဆိတ်သာသာ သာဖြစ်နေလေသည်။


"ဘုန်း....." 


ခြေကြီးဖားပြုတ်နောက်တစ်ကြိမ်ထပ်ခုန်ပြန်ရာ မြို့တော်အရှေ့၀င်ပေါက်အထိသို့ပင် ရောက်ရှိနေပြီဖြစ်သည်။


ပြင်းထန်သောလေပြင်းသည် မြို့‌တံတိုင်းပေါ်ရှိလူတိုင်းကို တွန်းတိုက် သွားလေ၏။ဟာရီကိန်းမုန်တိုင်းကဲ့သို့ မြို့တံတိုင်းပေါ်မှ စစ်သည်တော်များနှင့် လူတိုင်းကို ရိုက်ခတ်သွားရာ ပြုတ်ကျမတတ်ပင်ဖြစ်လေတော့သည်။


ဂျိချန်းရွဲ့သည် မျက်နှာကဖြူဆွတ်သွားသည်။သူက မြို့‌တံတိုင်းပေါ်တွင် ကြံ့ကြံ့ရပ်ရင်း လေပြင်းဒဏ်ကိုခုခံနေသည်။သူ့ဆံပင်နှင့် အင်္ကျီစများသည် လေတွင် ဝဲပျံနေသည်။


သူက ကြောက်စိတ်၀င်နေပါသော်လည်း ဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းထားသည်။သူ့၏ရှေ့တွင် မိုးပင်ပြိုကျပါစေ သူထွက်ပြေးမည်မဟုတ်ပေ။


ခြေတစ်ချောင်းဖားပြုတ်ကြီးက မြို့အ၀င်ရှေ့ပေါက်မှရပ်ရင်း မျက်လုံးကြီး ပြူကာ လည်၍ကြည့်နေသည်။


နောက်ဆုံးမြို့တံတိုင်းထိပ်မှ ရပ်နေ‌သော ဂျိချန်းရွဲ့ကိုမြင်သွားသည်။


"အုမ်း........ဂွမ်....."


ကြောက်စရာ ဖားအော်သံက လေထဲတွင် နောက်တစ်ကြိမ်ပြန့်နှံ့သွားသည်။


ယခုအချိန်မှပင်မြို့သူမြို့သားများသည် ဖားတစ်ကိုယ်လုံးကို အနီးကပ်သေချာစွာ ကြည့်ရှုနိုင်လေတော့သည်။သိပ်ကိုကြီးမားပြီးကြောက်စရာကောင်းသော ဖားပြုတ်ကြီးကို မည်သူမျှ မြင်ဖူးခြင်းမရှိခဲ့ပေ။


ဖားပြုတ်ကြီးက တောင်တစ်လုံးကဲ့သို့ မြို့တံခါးရှေ့တွင် ပိတ်ကာနေသည်။ဤသည်ကပင် မြို့သားများကို မွန်းကျပ်ကြောက်ရွံ့စေလေ၏။ကြောက်ရွံ့စိတ်ဖြင့် ဒူးပင်ညွတ်လာသည်။


"မင်းက လေအလင်းအင်ပါယာရဲ့ ဇက္ကရာဇ်လား........."


ဂျိချန်းရွဲ့ သေဖို့အသင့်ပြင်ထားချိန်တွင် အသံဩဩ မေးသံကိုကြားရသည်။လူများစွာသည် ဖားပြုတ်ကြီး၏ခေါင်းထက်တွင် ပျံဝဲနေသည်။


ဂျိချန်းရွဲ့က သူ၏ ကံကြမ္မာရုတ်တရက်ပြောင်းလဲမှုအတွက် အံ့အားသင့်နေ၏။ခေါင်းကိုတဖြည်းဖြည်းမော့က သူတို့ကိုကြည့်လိုက်သည်။သူတို့အားလုံးထဲမှ ဗလတောင့်တောင့်ဖြင့် အစွမ်းထက်သော တန်ခိုးရှင်တစ်ယောက်ကိုတွေ့မိသည်။


"ငာကိုယ်တော်က လေအလင်းအင်ပါယာရဲ့ဧက္ကရာဇ် ဂျိချန်းရွဲ့ပါ.......ငာ့ရဲ့ မြို့တော်က မင်းတို့ကို ဘာများ စိတ်မကျေမနပ်ဖြစ်စေခဲ့ပါသလဲ......ဘာကြောင့်များ ငာ့ရဲ့ မြို့တော် ကို အင်အားအပြည့်နဲ့ ဝိုင်းရံထားရပါသလဲ...."


ဂျိချန်းရွဲ့က ရိုသေကျိုးနွံခြင်းလည်းမရှိသလို မာနထောင်လွှားခြင်းလည်း မရှိဘဲ ပြောလိုက်သည်။


"မင်းရဲ့မြို့ကို အင်အားအပြည့်နဲ့ ဝိုင်းရံတယ် ဟုတ်လား......မင်းရဲ့ပိစိညှောက်တောက် မြို့ကို ဝန်းရံချင်ရင် ဒီလောက်တောင် လူအင်အားမလိုဘူး......ငါသိချင်တာက ပုဖန်က အခု ဒီမြို့ထဲမှာ ရှိလား မရှိဘူးလား.....ဒါဘဲဖြေ....."


ထို မေးခွန်းကို ဂျိချန်းရွဲ့ကြားရသောအခါအံ့အားသင့်သွားသည်။


 ဒီလူတွေက ပုဖန်ကို လိုက်ရှာနေတာလား...


"ပုဖန်မြို့ထဲမှာ ရှိတယ်ဆိုတာ ငါသိတယ်.....မြန်မြန်ငါ့လက်ထဲအပ်လိုက်စမ်း.......သူ့ရဲ့ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုမြန်မြန်ထုတ်ပေးလို့ပြောလိုက်........ပြီးရင် ငါတို့ဒီနေရာက ထွက်သွားမယ်....."


" မဟုတ်ရင်တော့ ခြေတစ်ချောင်းဖားပြုတ်ကို မင်းမြို့ထဲလှည့်ခုန်ခိုင်းပြီး တစ်မြို့လုံးပြားပြား၀ပ်စေမယ်......."


မြေရိုင်းလွင်ပြင်ဒေသနတ်ဘုရားကျောင်းမှ တန်ခိုးရှင်သည် တစ်ခွန်းခြင်းစီပြောလိုက်သည်။

ဂျိချန်းရွဲ့သည် တစ်ကိုယ်လုံး အေးခဲမတတ်ဖြစ်သွားသည်။


ဂျိချန်းရွဲ့သည် တစ်ချိန်တည်းပင် အံ့အားသင့်သွားသလို စိတ်ရှုပ်ထွေးသွားသည်။


ဘယ်လိုမျိုးလူတွေက ပုဖန်ကို ထပ်ပြီးလာရှာနေကြတာလဲ...


အရင်တစ်ခေါက်ကလည်း စစ်တပ်တစ်တပ်စာလောက်လူတွေက သူ့ကိုရှာဖို့မြို့ကို လာဝိုင်းကြသေးတယ်...အခုလည်းအတူတူဘဲ...ပိုင်ရှင်ပုက ဘယ်လိုတွေပြဿနာရှာခဲ့လဲမသိပြန်ဘူး...


..............


ရှောင်အိမ်တော်မှ ပုဖန်ကလဲ ငလျင်လှုပ်သလို တုန်လှုပ်မှုကြီးနှင့်အတူ ဆူညံလွန်းသောဖားအော်သံကြီးကိုကြားရသည်။သူက သာမာန်ပင် ရှောင်မန်အခန်းမှ အေးဆေးပင်ထွက်၍ မြို့တံတိုင်းဆီသို့သွားလေသည်။


သမားတော်များသည် မြေကြီးပေါ်တွင်ဒူးထောက်လျက် ကြောက်လန့်နေကြသည်ကိုတွေ့မိသည်။


ရှောင်ရှောင်လုံ၏မျက်လုံးသည်လည်း ကြောက်ရွံ့မှုဖြင့်ပြည့်နေ၏။


ပုဖန်က မျက်မှောင်ကြုံ့ရင်း ကောင်းကင်ကိုခေါင်းမော့ကြည့်ရာ မိုးထိမတတ် ကိုယ်ခန္ဓာကြီးနှင့် ကြောက်စရာ စိတ်ဝိညာဉ်သားရဲကိုတွေ့လိုက်သည်။


ဤသည်မှာ ခြေကြီးဖားပြုတ်ပင်ဖြစ်သည်။


ပုဖန်က သူ့အနောက်သို့...သူတို့တွေလိုက်လာခဲ့ကြမည်ဟု မမျှော်လင့်ခဲ့မိပေ။


"သူတို့အခုထိ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို အခုထိလိုချင်နေတုန်းလား..."


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုသူစားသုံးခဲ့ပြီး သူ့ခန္ဓာကိုယ်နှင့်တစ်သားတည်းကျခဲ့ပြီးဖြစ်သည်။သူတို့ပြန်မရနိုင်တော့ပေ။


လူတိုင်းက ဖားပြုပ်ကြီး မြို့ရှေ့တွင်ရှိနေသောကြောင့် ကြောက်စိတ်များပြည့်နှက်နေကြသည်။


ပုဖန် ကောင်းကင်သို့မော့ကြည့်နေစဉ်အတွင်း...ရှောင်ယန်ယုက အိတ်ကြီးတစ်လုံးဖြင့် သူ့နောက်သို့ရောက်လာသည်။


ချောမွေ့သော မျက်နှာနုနုလေးသည် ချွေးများစွက်၍ ပြောင်တင်းနေလေ၏။


"ပိုင်ရှင်ပု လိုအပ်တဲ့ပာဝင်ပစ္စည်းတွေ ဒီမှာပါ...."


ရှောင်ယန်ယုက အိတ်ကို လှမ်းပေးလိုက်သည်။ဟင်းချက်ပါ၀င်ပစ္စည်းများက တန်ဖိုးရှိကာ ရှားပါသောပစ္စည်းများဖြစ်ကြသည်။ရှောင်ယန်ယုအတွက်အချိန်တိုအတွင်း ရရှိဖို့မလွယ်ကူပေ။


ဤသည်မှာ ငွေတော်တော်များများကို သုံး၍ရှာထားကြောင်း သိနိုင်သည်။


"မင်းကအရူးဘဲ......ဒီဆေးဝါးတွေကလူနာတစ်ယောက်အတွက် သိပ်ကိုမှပြင်းထန်လွန်းတယ်....တစ်ငုံလောက် သောက်လိုက်တာနဲ့ သူချက်ခြင်းသေမှာဘဲ......"


သမားတော်များသည် ခြေကြီးဖားပြုတ်ကိုကြောက်ရွံ့ကာ တုန်လှုပ်ခြောက်ခြားနေသော်လည်း ရှောင်ယန်ယုက ပုဖန်ကိုဟင်းချက်ပါ၀င်ပစ္စည်းအိတ်ပေးသည်ကို မြင်ရာ ဒေါသထွက်နေကြသေးသည်။


သူတို့သည် သမားတော်များဖြစ်သည်နှင့်အညီ ဆေးဝါးတို့ကိုလည်းကျွမ်းကျင်နားလည်ကြသည်။နာမကျန်းသောလူနာတစ်ယောက်အတွက် ကောင်းမွန်သည့်ခုခံအားမရှိကြောင်းကိုလည်း သူတို့သိရှိကြသည်။


ပုဖန်က သမားတော်များကိုကြည့်လိုက်ကာ လှစ်ခနဲပြုံးလိုက်ရင်း အေးစက်စွာပြောလိုက်သည်။


"ခင်ဗျားတို့ကိုယ့်ကို အထင်ကြီးဘဝြမင့်နေရင် အစကတည်းက ရှောင်မန်ကိုဘာလို့မကယ်ခဲ့လဲ...."


ပုဖန်စကားကြားပြီးနောက် သမားတော်များ၏မျက်နှာက ပြောင်းလဲသွားကြသည်။သူတို့က ပုဖန်ကိုအပြစ်ရှာချင်ကြသည်။သို့သော် ပုဖန်စကားကြားပြီး ပြောချင်သမျှစကားလုံးတို့သည် လည်ချောင်း၀တွင်ပင် တစ်ဆို့သွား‌လေသည်။သူတို့က ရှောင်မန်၏အဆိပ်ကို မည်သို့ဖြေရမှန်း မသိကြပေ။


ပုဖန်စကားကိုပြန်လည်မချေပနိုင်သဖြင့် ဒေါသစိတ်ဖြင့်သာ မျက်စောင်းထိုးနိုင်ကြသည်။


သူတို့က အင်္ကျီလက်စကို ခတ်လိုက်ရင်း ...


"ငါတို့လို သမားတော်တွေတောင် မသိတာ မင်းလိုစားဖိုမှုးတစ်ယောက်က သိမှာတဲ့လား...ဟမ့်....."


" သေမင်းခံတွင်းဝရောက်နေတဲ့ လူနာကို ဓါတ်စာနဲ့ကုမယ်တဲ့လား....ဒီကောင်က ဘယ်လောက်သိနေ တတ်နေလို့လဲ....."


ပုဖန်က သူတို့ကိုဝှေ့ကြည့်လိုက်ရင်း ဒီလိုလူအိုအဖိုးကြီးများနှင့် စကားဆက်ပြောချင်စိတ်မရှိတော့၍ စကားစဖြတ်လိုက်သည်။


ဟင်းချက်ပါ၀င်ပစ္စည်းအိတ်ကိုသိမ်းကာ လက်နောက်ပစ်၍ရှောင်အိမ်တော်မှထွက်ခွာလိုက်သည်။


"ရှောင်မန်ကို ငါ့ဆိုင် ခေါ်လာခဲ့......."


ရှောင်ရှောင်လုံနှင် ရှောင်ယန်ယုသည် ခဏတာအံ့အားသင့်သွားသည်။သို့သော် ကြာကြာမစောင့်ဘဲချက်ခြင်းပင် ရှောင်မန်ကိုတွဲထူလိုက်ကြသည်။


ရှောင်အိမ်တော်မှထွက်လာသော ပုဖန်က သူ့ဆိုင်သို့သာ တန်းသွားလိုက်သည်။လမ်းလျောက်ရင်း နတ်မင်းစွေ့စွေ့ခုန်ချက်ဖို့ စဉ်းစားလာသည်။


သူ့တွင် ဟင်းတစ်ခါချက်စာ‌သာလျှင် ရှိသေး၍ အထူးဂရုစိုက်ရမည်ဖြစ်သည်။ထိုကြောင့် အမှားအယွင်း မရှိစေရန် ပုဖန် အတော်ပင်သတိထားနေ၏။


မြို့၀င်တံခါးအနားတွင်မူ ဒေါသနတ်ဆိုးခန်းမမှ တန်ခိုးရှင်သည် ဂျချန်းရွဲ့နှင့် ဆက်လက်ရန်ဖြစ်လိုစိတ်မရှိ‌တော့ပေ။


ခြေကြီးဖားပြုတ်က တစ်ချက်ကြည့်လိုက်ရင်း မြို့တော်ဆီသို့ခုန်တက်သွားသည်။သူက ပုဖန်ထွက်လာသည့်အထိ မြို့ကိုဖျက်စီးချင်နေသည်။


မြို့ထဲရောက်ရှိချိန်‌တွင်တော့ လူအုပ်ကြီးထဲသို့ခုန် ချလိုက်သည်။လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲဖြစ်ကာ ပြေးကုန်ကြ၏။


ဂျိချန်းရွဲ့က မြို့သူမြို့သားများကို ဘေးကင်းရာဆီသို့ခိုနားရန်အမိန့်ပေးလိုက်သည်။သို့မဟုတ်ပါက အနင်းခြေခံရ၍ ပြားပိနေသည့်အလောင်းများကိုအများအပြားတွေ့ရမည်ဖြစ်သည်။


ပြိုလဲသံများနှင့်အတူ အဆောက်အဦးများပြိုကျကုန်၏။တစ်ချက်ခုန်လိုက်တိုင်းအဆောက်အဦးများကို ပြိုကွဲစေပြီး မြေသားများပင် ချိုင့်၀င်ကုန်ကြသည်။


ဂျိချန်းရွဲ့သည် သူ့မျက်စိရှေ့မှ အဖြစ်အပျက်များကိုကြည့်ရင်း ဒေါသများ တလိမ့်လိမ့်ထွက်လာတော့သည်။သူမျက်စိရှေ့မှ အဖြစ်အပျက်များကိုကြည့်ရင်း သူကိုယ်သူ မချင့်မရဲဖြစ်နေသည်။


သူသည် ဧက္ကရာဇ်ဖြစ်သောလည်း စိတ်ရှိသလောက် စွမ်းအင်များမပိုင်ဆိုင်ပေ။အကယ်၍သာ သာမန်တန်ခိုးရှင် သို့မဟုတ် သားရဲတစ်ကောင်သာဆိုလျှင် ချေမှုန်းပြီးသား‌ဖြစ်နေပြီ ဖြစ်သည်။


ပုဖန်ရှောင်အိမ်တော်မှ ထွက်လာလာခြင်းတွင်ပင် ခြေကြီးဖားပြုတ်၏ အငွေ့အသက်ကိုရလိုက်သည်။မျက်စိရှေ့တွင် အလဲလဲအပြိုပြိုသော အဆောက်အဦးများတွေ့ရကာ လူတိုင်းက အိမ်မက်ဆိုးမက်သကဲ့သို့ခံစားနေရသည်။


သူတို့ရှေ့တွင်ပင် သူတို့အိမ်များသည် စက္ကူတစ်ချပ်လို ပြားကပ်သွားလေတော့သည်။


ပုဖန်သည် သူ့ဆိုင်အရှေ့တွင်ရှိနေပြီး ဆိုင်ထဲ၀င်ရန်ပြင်နေသည်။


သို့သော် ခြေကြီးဖားပြုတ်၏ခြေထောက်ကျလာပြီး ဆိုင်ဘေးမှအဆောက်အအုံများကို နင်းချေချလေတော့သည်။ဤအဆောက်အအုံများသည် မကြာခင်မှပင် ဆောက်လုပ်ထားသော အသစ်ကြပ်ကြွတ်အဆောက်အအုံများဖြစ်၏။


ပြိုကျမှုကြောင့် အုတ်ခဲအချို့ပင် ပုဖန်အနားသို့လွင့်စင်လာသည်။သို့သော်အဝေးမှလွင့်လာ၍အရှိန်တော့သိပ်မပြင်းချေ။


ပုဖန်က ဧရာမခြေကြီးဖားပြုတ်ကိုစိုက်ကြည့်‌လိုက်သည်။အရွယ်အစားကိုကြည့်ပြီး ကြော်က်ရွံတုန်လှုပ်ခြင်းမဖြစ်မိသော်လဲ

 မျက်ခုံးတစ်ချက်တွန့်လိုက်မိ၏။


"အင်း......ငါသာနတ်မင်းစွေ့စွေ့ခုန်ဟင်းလျာထဲ ဖားပြုတ်သားထည့်ချက်ရင် ပိုကောင်းပြီး အဆိပ်ကိုမြန်မြန်ပြေမှာဘဲ......"


ပုဖန်၏ နှတ်ခမ်းတစ်စုံသည် ကွေးညွတ်သွားလေတော့၏။


‌ခြေကြီးဖားပြုတ်က ပုဖန်ကိုစိုက်ကြည့်ရင်း တစ်ချက်အော်လိုက်လေ၏။


"အုမ်း........ဂွမ်........."