အပိုင်း ၃၅၉
Viewers 53k

အခန်း ၃၅၉

ဝှိုက်...ဝှိုက်တီက အသွင်းပြောင်းသွားပြီ.....


အင်ပါရီယာမြို့တော်၏ အပြင်ဘက် မိုင် ၃၀၀ ခန့် အကွာအဝေး၌ ရဲရဲတောက်နီရဲနေသည့် မီးတောက်နဂါးက သူ၏ တောင်ပံများကို ဖြန့်ကားထားလေရာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေပေသည်။


ထိုမီးတောက်နဂါး၏ ကြီးမားလှသော ခေါင်းလောင်းတစ်လုံး အရွယ်အစား ခန့်ရှိသော မျက်ဝန်းထဲ၌လည်း သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။


တစ်ခါတစ်ရံ သူပါးစပ်ဖွင့်လိုက်သည့် အခါတိုင်း၌ နီရဲရဒမီးလျှံများကိုပင် တွေ့ရှိနေရသည်။ထိုမီးတောက်နဂါးက တောင်ပံတစ်ချက် ခတ်လိုက်ရာ လေပြင်းများ ဖြစ်ပေါ်လာပြီး အရှိန်ပိုမြန်သွားသည်။မီးတောက်နဂါးက အင်ပါရီယူ မြို့တော်ဆီသို့ တောင်ပံ တဖြတ်ဖြတ်ခတ်ရင်း ပျံသန်းသွားလေသည်။


ဂျိချန်းရွဲ့၏ခြေထောက်များက အားမရှိတော့သလို ပျော့ခွေနေပြီး မတ်မတ်ပင် မရပ်နိုင်တော့ပေ။သူက ကြီးမားလှသော ခြေရာကြီးများဖြင့် ပြည့်နေသည့် အပျက်အယွင်းပုံကြီးကို ငေးကြည့်နေမိသည်။ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်၌ သူ့နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင် ထွက်လာသလိုပင် ခံစားလိုက်ရသည်။


သူသွေးအန်မတက်ပင် ဖြစ်သွားသည်။အဆင့်မြင့် သားရဲကြီးများ၏ ဖျက်စီးနိုင်စွမ်းက အဆင့် ၉ တန်ခိုးရှင်အဆင့်များထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။


သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ရုံဖြင့်ပင် အဆောက်အဦးများကို ဖြိုချ ဖျက်စီး ပစ်နိုင်သည်။ထိုကဲ့သို့ ကြောက်စရာကောင်းလှသည့် တည်ရှိမှုမျိုး အင်ပါရီယာ မြို့တော်သို့ ရောက်လာခဲ့ခြင်းက လူတိုင်းအတွင် အိမ်မက်ဆိုးပင် ဖြစ်သည်။


"အ....အရှင်မင်းကြီး.....ဟို... ဟိုမှာ နောက်ထပ် သားရဲတစ်ကောင်...."


"အာ...."


မြို့တော်ရှိရာဆီသို့ ခုန်ခုန်ပြီးလာနေသော ခြေတစ်ချောင်း ဖားပြုတ်ကြီးက သူတို့ရှိရာဆီသို့ တည့်တည့်ပင် ခုန်ဝင်လာခဲ့သည်။ထိုအဖြစ်ကို နှိပ်စက်သည်ဟုပင် မခံစားရပဲ သူတို့အသက်လေး ရှင်ကျန်နေရစ်သောကြောင့် စိတ်သက်သာရာ ရသွားကြသည်။


သို့သော်လည်း အင်ပါရီယာ မြို့တော်ကို ကာကွယ်ရန် တာဝန်ကျနေသော စစ်သူကြီးက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီးနောက် သူ့၏ ခြေထောက်များ မတ်မတ်မရပ်နိုင်တော့ပဲ ပျော့ခွေသွားသည်။


သူမြင်လိုက်ရသော အရာက သူ့၏ နှလုံးသားကို ခုန်ထွက်မတက်ပင် တုန်လှုပ်သွားစေသည်။ခပ်ဝေးဝေးနေရာ၌ နေရှိရာလမ်းကြောင်း တည့်တည့်မှ တောင်ပံဖြန့်၍ ပျံသန်းလာနေသော ကြီးမားလှသည့် အရိပ်တစ်ခု ရှိနေသည်။ထိုအရိပ်က သားရဲတစ်ကောင်၏ အရိပ်ဖြစ်ကြောင်း ထင်ရှားလှပေသည်။


မျက်စိကောင်းသည့် မည်သူမဆို ထိုအရာက နဂါးတစ်ကောင် ဖြစ်ကြောင်း ပြောနိုင်ပေသည်။စစ်သူကြီး၏ ပြောစကားကြောင့် ဂျိချန်းရွဲ့က ပြန်၍ သတိဝင်လာသည်။သူအလျှင်အမြန်ပင် သားရဲရှိရာနေရာဆီသို့ လှည့်ကြည့်လိုက်၏။


အလွန်လျှင်မြန်စွာဖြင့် အင်ပါရီယာ မြို့တော်ဆီသို့ ဦးတည်ပျံသန်းလာနေသည့် ကြီးမားလှသော နဂါးကြီးတစ်ကောင်ကို မြင်လိုက်ရလေသည်။


သူတို့နှင့် တော်တော်လေးလှမ်းသေးသော်လည်း အဆင့်မြင့် သားရဲကြီးတစ်ကောင်၏ ထူးခြားလှသော အော်ရာများက ဂျိချန်းရွဲ့၏ စိတ်ကို တုန်လှုပ်သးကြောက်ရွံ့သွားစေသည်။


"ဒီမှာ နောက်ထပ် သားရဲတစ်ကောင်......အဲ့ဒီသားရဲတွေ အားလုံးက ပိုင်ရှင်ပုကို လာရှာကြတာလား......"


ဂျိချန်းရွဲ့က နောက်ထပ် အဆင့်မြင့် သားရဲတစ်ကောင်ကို မြင်လိုက်ရသောအခါတွင် နှလုံးထွက်ကြမတက် ငိုကြွေးချင်စိတ်ပေါက်သွားသည်။


ခြေထောက်ကြီး ဖားပြုပ်က သူကိုယ်သူ အားပေးအားမြှောက် ပြုသကဲ့သို့ တဂွမ်ဂွမ် အော်မြည်နေသည်။သူက ရက်စက် ကြမ်းကြုတ်မှု အပြည့်ဖြင့် ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။အဆင့်မြင့်သားရဲကြီးဖြစ်သည့် အလျှောက် အသိဉာဏ်လည်း အလုံအလောက် ရှိနေပေသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က သူလို အဆင့်မြင့် သားရဲများအတွက် အလွန်ပင် အရေးကြီးလှသည်။ပိုမိုမြင့်မားသည့် နယ်ပယ်သို့ တက်ရောက်လိုလျှင် ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ အကူအညီကို လိုအပ်ပေလိမ့်မည်။


တန်ခိုးရှင် အဆင့်များသာလျှင် အဆင့်တက်ရန် အတွက် ကြမ်းတမ်းခြင်း မီးတောက်ကို လိုအပ်ခြင်း မဟုတ်ပဲ သူတို့လို အဆင့်မြင့် သားရဲကြီးများအတွက်လည်း ထိုအရာက ကောင်းမွန်လှသည့် အခွင့်အရေး တစ်ရပ်ပင်ဖြစ်သည်။


လူသားများနှင့် နှိုင်းယှဉ်လျှင် အဆင့်မြင့်သားရဲများ၏ အဆင့်ချိုးဖောက်တက်ရောက်မှုက ပိုမိုခက်ခဲလေသည်။


ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ပေါ်လာရန်ကလည်း အလွန့်အလွန်ပင် ရှားပါးလှသည်။ထိုကြောင့်ပင် ခြေထောက်ကြီး ဖားပြုပ်က တစ်ခြားသော တန်ခိုးရှင်အဆင့်များထက်ပင် ပို၍ ထိုကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လိုအပ်နေခြင်း ဖြစ်သည်။ထိုအကြောင်းကြောင့် သူ အင်ပါရီယာမြို့တော်သို့ လာရောက်ပြီး ပုဖန်ကို လာရှာခြင်းဖြစ်သည်။


ပုဖန်က သူ့၏ ဆိုင်ရှေ့၌ ပိတ်ဆို့ထားသော ကြီးမားလှသည့် ခြေထောက်ကြီး ဖားပြုပ်ကို မြင်လိုက်ရသည်။ထိုပုံရိပ်က ကောင်းကင်ကို ထောက်ကန်ထားသည့် ကျောက်တိုင်ကြီးအလားပင် ထင်မှတ်ရပြီး ကြောက်စရာကောင်းလှသည့် အော်ရာများကို ထုတ်လွင့်နေသည်။ထိုဖားပြုပ်ကြီး၏ ခေါင်းအထက်မှ ပုံရိပ်နှစ်ရိပ် ခုန်ဆင်းလာပြီး ပုဖန်၏ ရှေ့သို့ ရောက်လာသည်။


ထိုပုံရိပ်နှစ်ခုကို မမြင်ရသော လေလှိုင်းများက ဝန်းရံထားသလိုပင် ထင်ရသည်။သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီးနောက်မှသာ ထိုလှိုင်းများက ပျောက်ကွယ်သွားသည်။ထိုသူများ ပုဖန်ကိုကြည့်သော အကြည့်၌ လောဘတရားများဖြင့် တောက်လောင်နေသည်။


"နောက်ဆုံးတော့ ငါတို့ မင်းကို ရှာတွေ့ပြီ.....မင်းက မဆင်မခြင် အလုပ်တွေ လုပ်ပြီးမှ ထွက်ပြေး လွတ်မြောက်ချင်သေးတာလား.....မင်း ငါတို့လို တန်ခိုးရှင်အဆင့်တွေကို အထင်အမြင်သေးနေတာလား...."


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ ကျွမ်းကျင်ပညာရှင်က ပြောလိုက်သည်။


"ငါတို့ ထင်ထားတဲ့အတိုင်း သူရဲ့ကျင့်ကြံစဉ်က တူနေသေးတယ် .....ဒီကောင်စုတ်လေးက အဆင့် ၇ သူတော်စင်အဆင့်ပဲ ရှိသေးတယ်....."


သူတို့က ထိုကောင်စုတ်လေးကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်ကို အောင်အောင်မြင်မြင်ဖြင့် မျိုချခဲ့သည့် အကြောင်းအရာနှင့်ပတ်သတ်၍ မေးခွန်းများစွာမေးလိုသော်လည်း အခုလောလောဆယ် ထိုကိစ္စက အရေးမကြီးသေးပေ။


အခုအရေးကြီးသည်မှာ သူတို့က ထိုကောင်စုတ်လေးကို ပထမဦးဆုံး ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။မကြာခင်မှာပင် ထို ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က သူတို့အပိုင် ဖြစ်လာပေတော့မည်။


ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်နှင့်ဆိုလျှင် အဆင့် ၉ တန်ခိုးရှင်အဆင့်များ၏ အတားအဆီးများကို ချိုးဖျက်ရန် နည်းလမ်းများကို တွေ့နိုင်ပေလိမ့်မည်။


"ကောင်စုတ်လေး ငါတို့ကို ကြမ်းတမးခြင်းတစ်သောင်း မီးတောက်မြန်မြန်ပဲ လွှဲပေးလိုက်......ဒီလိုမှမဟုတ်ဘူးဆိုရင် အင်ပါရီယာ မြို့တော်က မင်းကြောင့် ပျက်စီးသွားလိမ့်မယ်......"


မြေရိုင်းလွင်ပြင် နတ်ဘုရားကျောင်းတော်မှ နောက်ထပ် တန်ခိုးရှင် အဆင့်တစ်ယောက်က ခြိမ်းခြောက် ပြောဆိုလိုက်သည်။သူ့၏ မျက်ဝန်းထဲမှ လောဘတရားက ပို၍ ပြင်းထန်ပေသည်။


ပုဖန်က ထိုသူနှစ်ယောက်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။


"ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို ငါစားပြီးပြီလေ....."


သူကအလေးအနက် ပြောဆိုလိုက်သည်။


"မင်းစားလိုက်ပြီ......မင်းက ငါတို့ကို ညံနုံနည်းတယ်များ ထင်နေတာလား....အဲ့ဒီကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်က ကောင်းကင်ကမ္ဘာမြေ မီးလျှံအမျိုးအစားပဲ ......အဲ့ ဒါကို မင်းက ဂေါ်ဖီထုပ်လိုများ မှတ်နေတာလား ....ပြီးတော့ဒါကို မင်းစားချင်တိုင်းလို့ရတဲ့ အရာလို့ မှတ်နေတာလား....မင်းက အဲ့ဒါကို အစာချေဖျက်နိုင်တယ်လား......"


ပုဖန်၏ အပြောကို ကြားလိုက်ရသောအခါ ထို နတ်ဘုရားကျောင်းတော်မှ ကျွမ်းကျင် ပညာရှင်က အေးစက်စွာ ရယ်မောလိုက်သည်။ထို့နောက် သူက ပုဖန်ကို စူးစူးရဲရဲကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။


ထိုခြေတစ်လှမ်း ကြောင့်ပင် မမြင်နိုင်သော ခွန်အားတစ်ရပ် ဖိနှိပ်လာသလိုမျိုး မြေပြင်က အက်ကြောင်း ထင်သွားသည်။သူက ပုဖန်ကို သူ့၏ အင်အားကို ပြသပြီး ခြိမ်းခြောက်လိုခြင်း ဖြစ်သည်။သို့မှသာ သူက ပုဖန်ကို ဖိနှိပ်ပြီး သူ၏ရှေ့၌ ဒူးထောက်ကျလာစေလိုလှသည်။


"ငါစားလိုက်ပြီလို့ ငါပြောပြီးပြီလေ.......ငါအခု အဲ့ဒါကို ပြန်မထုတ်ယူနိုင်တော့ဘူး.....ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါအခုလုပ်စရာအလုပ်ရှိနေသေးတယ် .....မင်းတို့ထွက်သွားတော့......"


ပုဖန်က ထိုကျွမ်းကျင်ပညာရှင်များနှင့် စကားဆက်ပြောရန် စိတ်မပါတော့သောကြောင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်လိုက်သည်။သူက မီးဖိုချောင်ဘက်သို့ ပြန်ဝင်ရန် ပြင်ဆင်လိုက်သည်။


"အတင့်ရဲလိုက်တာ ...."


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်များက ထိုကဲ့သို့ အရှက်ကွဲမှုမျိုးကို မကြုံဖူးသောကြောင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။


သူ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများပင် ဖောင်းကားလာသလို ထင်ရသည်။မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်လေရာ မြေပြင်က ပေါက်ကွဲသံတစ်ချက်နှင့်အတူ ကွဲအက်သွားသည်။ထို့နောက်သူက လက်သီးကို ဝှေ့ယမ်းလိုက်ပြီး ပုဖန်ဆီသို့ ထိုးနှက်လိုက်သည်။


သူ့၏ အင်အားကြောင့် ကွဲကြေသွားသော မြေစိုင်မြေခဲများနှင့် ကျောက်ခဲများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် ဖိအားကြောင့် အပေါ်သို့ လွင့်ပျံတက်လာသည်။


ပုဖန်က မျက်မှောင်ကြုတ်လိုက်သည်။သူ့၏လက်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။ဒယ်အိုးက သူရှေ့တွင် ပေါ်လာလာချင်းပင် လျှင်မြန်စွာ ကြီးထွားလာသည်။


ထိုကျွမ်းကျင်ပညာရှင် ထိုးနှက်လိုက်သည့် လက်သီးနှင့် ဒယ်အိုးက ပြင်းထန်စွာဖြင့် တိုက်ခိုက်မိသွားပြီး ပတ်ဝန်းကျင် နေရာတစ်ခုလုံးကို ပြင်းထန်လှသည့် လေလှိုင်းများ ရိုက်ခတ်သွားသည်။


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်က သူ တောင်ကြီးတစ်တောင်ကို ထိုးနှက်လိုက်သလိုပင် ခံစားလိုက်ရသည်။မမျှော်လင့်ထားစွာပင် သူအနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ထိုမဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်၏ ခေါင်းအထက် လေထဲ၌ ဝဲလှည့်နေလေ၏။


"ဒါက နတ်ဘုရားတစ်ပိုင်း အဆင့် လက်နက်လား....."


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်က အံ့သြထိတ်လန့်စွာဖြင့် တီးတိုး ရေရွတ်လိုက်သည်။သူက ဒယ်အိုး ပုံသဏ္ဍာန်ရှိသော နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်များကို တစ်ခါမှမမြင်ဖူးခဲ့ပေ။


"ဒီအဆင့် ၇ သူတော်စင်အဆင့်လေးရဲ့ မူလအဆင့်က ဘာလဲ.....သူက ဒီလို စွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ကိုတောင် ပိုင်ဆိုင်ထားတာလား..... "


ထိုပစ္စည်းက အလွန်တရာ ထူးခြားလှသည်။တန်ခိုးရှင်အဆင့်တစ်ယောက်၏ လက်သီးချက်ကပင် လှုပ်ခါသွားအောင် မစွမ်းနိုင်ခဲ့ချေ။


ခပ်လှမ်းလှမ်းနေရာ၌ ရှောင်ယန်ယုနှင့် တစ်ခြားသူများက ရှောင်မန်ကို ပုဖန်၏ ဆိုင်သို့ ခေါ်ဆောင်လာခဲ့ကြသည်။သူတို့က ထိုတန်ခိုးရှင် အဆင့်၏ ကြောက်စရာစွမ်းအားများ ထုတ်လွင့်နေသည့် လက်သီးချက်ကို မျက်မြင်ကြုံတွေ့လိုက်ရသည်။


ထို့အပြင် မလှမ်းမကမ်းနေရာ၌ ကြောက်စရာကောင်းလှသည့် ဖိအားများ ထုတ်လွင့်နေသော အဆင့်မြင့်သားရဲကြီး ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။


သူတို့က ထိုကဲ့သို့ ကျွမကျင်ပညာရှင်များ၏ ရှေ့မှောက်၌ လုံးဝ ကြောက်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။


"သူတို့က ပိုင်ရှင်ပုဆီမှာ ဘာလာလုပ်ကြတာလဲ.....သူတို့က ဒီမှာ ပြဿနာလာရှာကြတာလား......"


ရှောင်ယန်ယုနှင့် တစ်ခြားသူများက ထိတ်လန့် အံ့အားသင့်သွားပြီးနောက် စတင်စိုးရိမ် ပူပန် လာကြသည်။သူတို့က သက်စောင့်ဟင်းပွဲချက်ပြုတ်သည့်အချိန်တွင်သက်ရောက်မှု ရှိနေမည်ကို စိုးရိမ်နေကြသည်။သူတို့အားလုံးက ရှောင်မန်၏ လက်ရှ်ိအခြေအနေကို စဉ်းစားမိလိုက်သောအခါတွင် သူတို့၏ အမူအရာများက ရုပ်ဆိုးသွားကြသည်။


"အာ....မင်းလိုမျိုး အဆင့် ၇ ပုရွတ်ဆိတ်လေးတစ်ကောင်က နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ပေါ်မှာ မှီခိုအားထားပြီးတော့ ငါ့ကိုစိန်ခေါ်တာလား....တော်တော်လေးစိတ်ဝင်စားစရာပဲ......"


ပုဖန်က ထိုတန်ခိုးရှင်အဆင့် ကျွမ်းကျင်ပညာရှင်ကို မတုန်မလှုပ်အမူအရာဖြင့် အေးအေးသာပင် ကြည့်လိုက်သည်။


"မင်းတို့ငါကို ဆိုင်ထဲဝင်ပြီး စောင့်နေကြ..... ငါဒီလူတွေကို ရှင်းလိုက်ဦးမယ်... ပြီးတော့မှ ငါ သက်စောင့်ဟင်းပွဲထဲကို ပါဝင်ပစ္စည်းတစ်ချို့ ပေါင်းစပ်ပေးဦးမယ်......"


ရှောင်ယန်ယုတို့က ပုဖန်၏ စကားကိုကြားသောအခါမှ သတိပြန်ဝင်လာကြသည်။သူတို့က အလျှင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ရှောင်မန်ကို သယ်၍ ဆိုင်ထဲသို့ လျှင်မြန်စွာ ဝင်လာကြသည်။


သူတို့ဆိုင်ထဲ ဝင်လိုက်သည့်ခဏ၌ အံ့သြကြောင်အသွားကြသည်။ဆိုင်အပြင်ဘက်၌ တန်ခိုးရှင်အဆင့်၏ ဖိအားများက ဆိုင်ထဲသို့ ဝင်လိုက်ငည်နှင့် တစ်ပြိုင်နက် ကွယ်ပျောက်သွားကြသည်။သူတို့တွေးထားသည့်အတိုင်း ဒီဆိုင်ငယ်လေးက အလွန်တရာ ထူးခြားလှပေသည်။


ရှောင်ယန်ယုတို့က ပုဖန်၏ စကားကို ကြားသောအခါမှ သတိပြန်ဝင်လာကြသည်။သူတို့က အလျှင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ရှောင်မန်ကို သယ်၍ ဆိုင်ထဲသို့ လျှင်မြန်စွာ ဝင်သွားကြသည်။သူတို့ဆိုင်ထဲ ဝင်လိုက်သည့်ခဏ၌ အံ့သြကြောင်အသွားကြသည်။


ဆိုင်အပြင်ဘက်၌ တန်ခိုးရှင်အဆင့်၏ ဖိအားများက ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကွယ်ပျောက်သွားကြသည်။သူတို့တွေးထားသည့်အတိုင်း ဒီဆိုင်ငယ်လေးက အလွန်တရာ ထူးခြားလှပေသည်။


ဝီ......


ဝီခနဲ မြည်သံတစ်ချက်နှင့်အတူ သူတို့ကို အလင်းတန်းတစ်ခုက ဖြတ်ကျော်သွားသည်ကို တွေ့လိုက်ရသည်။ထိုအလင်း၏ အရှိန်က အလွန်လျှင်မြန်သောကြောင့် သဲကွဲစွာပင် မမြင်လိုက်ရပေ။


"အဲ့ဒါအဲ့ဒါ ဝှိုက်တီ......အဝတ်ချွတ်ရတာကြိုက်တဲ့ နတ်ဆိုးက ဒီမှာပဲ...."


ကွမ်ရှောင်ယီက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည် သူမ၏ ပုပ်ခတ်ပုပ်ခတ်လုပ်နေသော မျက်ဝန်းများက အလင်းများ ဖြာထွက်နေသကဲ့သို့ပင် ထင်ရသည်။


မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်များက ရှောင်ယန်ယုနှင့် တစ်ခြားသူများကို ဂရုမစိုက်ကြပေ။သူတို့က ပုဖန်တစ်ယောက်တည်းကိုလျှင် မျက်စိထဲထည့်ထားပေသည်။


အဘယ်ကြောင့်ဆိုသော် ပုဖန်၌ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ရှိနေခြင်းကြောင့် ဖြစ်သည်။ထိုသို့မဟုတ်လျှင် သူတော်စင် အဆင့်တစ်ယောက်မျှကို သူတို့ ဂရုစိုက်ကြမည် မဟုတ်ပေ။ရုတ်တရက် တန်ခိုးရှင်များက သူတို့၏ ခန္ဓာကိုယ် တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။


ရင်းနီးကျွမ်းဝင်နေသည့် ပုံရိပ်တစ်ခုက ဆိုင်ထဲမှ တဟုန်ထိုး ပြေးထွက်လာသည်။ပုဖန်၏ နောက်၌ ရပ်နေသော တောက်ပြောင်လှသည့် သံမဏိတုံးကြီး၏ စက်ရုပ်မျက်ဝန်းများက အနီရောင် ခရမ်းရောင်နှင့် ငွေရောင်များ တဖြတ်ဖြတ်လက်ခါနေသည်။


ထိုရုပ်သေး၏ ပုံရိပ်ကိုသိလိုက်သည်နှင့် တစ်ပြိုင်နက် တန်ခိုးရှင်အဆင့်များ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားကြသည်။သူတို့ လေအေးများ ရှူရှိုက်လိုက်မိကြ၏။


သူတို့က အဆင့် ၇ သူတော်စင်အဆင့်လေးများက တန်ခိုးရှင်အဆင့်များနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့်အတွက်ကြောင့် ကြောက်ရွံ့မှု ကင်းမဲ့နေရသည်ကို သိချင်နေမိကြသည်။ယခု ရှင်းရှင်းလင်းလင်း သိသွားပေသည်။


သူတို့ တောင်စဉ်တစ်ထောင်တောင်တန်း၌ တန်ခိုရှင်အဆင့် ငါးယောက်နှင့်ပင် ရင်ဆိုင်နိုင်ခဲ့သည့် ကြောက်စရာကောင်းလှသည့် စက်ရုပ်က ဒီဆိုင်၌ပင် နေထိုင်နေပေသည်။


ဒီရုပ်သေးရုပ်က နတ်ဘုရားနယ်ပယ်သို့ ခြေလှမ်းတစ်ဝက်မျှပင် လှမ်းခဲ့ပြီးသော ရှုရဂိုဏ်းချုပ်၏ ဓားချက်ကိုရင်ဆိုင်ခဲ့ရသော်လည်း မထင်မှတ်ထားစွာပင် အကောင်းတိုင်းရှိနေပေသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက အရောင်များစွာပြောင်းသွားပြီးနောက် ရေခဲတမျှ အေးစက်လှသော ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


ထို့နောက် သံသံချင်း ရိုက်ခတ်သည့် အသံများ ကြားလိုက်ရပြီး အားလုံးက အံ့သြကြောင်အသွားကြသည်။ဝှိုက်တီ၏ နောက်ကျောမှ တောက်ပလှသော တောင်ပံများ ထွက်ပေါ်လာသည်။ထိုတောင်ပံများက ရေခဲတမျှ အေးစက်လှသော အလင်းများကို ထုတ်လွင့်နေသည်။


ဖြာကျနေသော နေရောင်ခြည် အလင်းရောင်အောက်တွင် ထိုတောင်ပံများက အလွန်လှပတင့်တယ်လှသည်။


ထိုတောင်ပံများကို အနည်းငယ်လှုပ်ခါလိုက်ရုံဖြင့်ပင် ပြင်းထန်လှသော ဖိအားတစ်ရပ်ထွက်ပေါ်လာသည်။ထိုမြင်ကွင်းကို ကြည့်နေသော ကွမ်ရှောင်ယီက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အဆုတ်ကွဲမတက် အော်ဟစ်လိုက်သည်။


"ဝှိုက်တီက အသွင်ပြောင်းသွားပြီ.......အား...."


ခြေထောက်ကြီးဖားပြုပ်က အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မြေရိုင်းလွင်ပြင်ဒသ နတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်များကလည်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိကြသည်။


"ဒါက တကယ့်ကို တူညီတဲ့ ရုပ်သေးရုပ်ပဲ...."


ထိုရုပ်သေးရုပ်က သူတို့ကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီကို မြင်လိုက်ရသောအခါ၌ သူတို့ အကြောအချဉ်များ တောင့်တင်းသွားကြသည်။