အပိုင်း ၃၆၁
Viewers 53k

အခန်း ၃၆၁

 ငါ..ခွေးဘုရင်ရဲ့ အိမ်မြှောင်ကို ဘယ်သူမှလာမလုနဲ့... 


မြေရိုင်းလွင်ပြင်ဒေသ နက်ရှိူင်းလှသော တောအုပ်အတွင်း၌ တည်ရှိနေသည့် နတ်ဘုရားကျောင်းတော်.....


ဖြူဖျော့နေသော အမူအရာနှင့် ကျင်းခွင်းက ခြေချိတ်၍ ထိုင်နေခဲ့သည်။သူက အင်ပါရီယာ မြို့တော်တွင် စားသုံးခဲ့သော ပြင်းထန်လှသည့် အစပ်အရသာမှနေ၍ ပြန်လည်၍ မသက်သာသေးပေ။


ယခုလက်ရှိ အချိန်၌ သူမျက်လုံးမှိတ်လိုက်တိုင်း ထိုအစပ်ဟင်းပွဲကိုပင် မြင်ယောင်နေမိပြီး စိတ်များတင်းကျပ်လာကာ သူနှလုံးသားထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။


"အာ....ငါ ဟိုတန်ခိုးရှင်အဆင့် နှစ်ယောက်ကို အဲ့ဒီအကြောင်း သတိပေးလိုက်ဖို့ မေ့နေတာပဲ ....."


ခြေထောက်ချိတ်ထိုင်နေသော ကျင်းခွင်းက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း အံ့သြထိတ်လန့်မှုများ ပြည့်နှက်နေသည်။


ထို့နောက်သူက ခေါင်းခါယမ်းလိုက်ရင်း သူ့စိတ်ထဲမှ အတွေးများကို ဖျောက်ဖျက်လိုက်သည်။သူက ထိုအကြောင်းဆက်လက်စိတ်ပူနေခြင်းကို ရပ်တန့်လိုက်၏။


ထိုတန်ခိုးရှင်အဆင့် နှစ်ယောက်က တောင်စဉ်တစ်ထောင်တောင်တန်းသို့သွား၍ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို သွားရှာကြခြင်းဖြစ်သည်။သူတို့အနေဖြင့် လေအလင်း အင်ပါယာသို့သွား၍ ပြဿနာသွားရှာစရာအကြောင်း မရှိပေ။


ထို့အပြင် သူတို့ လေအလင်းအင်ပါယာကိုသွား၍ ပြဿာနာရှာခဲ့ပြီဆိုလျှင်ပင် သူတို့၌ ခြေထောက်ကြီးဖားပြုပ်ပါသွားပေသည်။ထို့အတွက်ကြောင့် အဆင့်မြင့်သားရဲကြီးနှင့် ကြုံခဲ့လျှင်လည်း သူတို့ရင်ဆိုင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။


သူက စိတ်ထဲမှ ရှူပ်ထွေးပူပန်မှုများကို ဖြေဖျောက်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံနေလိုက်သည်။


ဂါး.....


ကမ္ဘာမြေပြင် အက်ကွဲသွားတော့မတက် ကျယ်လောင်လှသော နဂါးအော်သံ ထွက်ပေါ်လာသည်။မီးတောက်နဂါးက အင်ပါရီယာမြို့တော်သို့ ရောက်ရှိလာခဲ့ပေပြီ။ထိုနဂါး၏ မျက်လုံးထဲမှ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကြောင့်ဂျိချန်းရွဲ့၏ စိတ်နှလုံးသားပင် တုန်လှုပ်သွားသည်။


"ဒါက မီးတောက်နဂါးပဲ အတင့်မြင့်သားရဲတွေ ပြိုင်ပွဲ လုပ်နေကြတာလား....."


ဂျိချန်းရွဲ့က လုံးဝကို စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။


"ဘယ်လိုဖြစ်ပြီးတော့များ ဒီလို ထိပ်သီး အဆင့် ပညာရှင်တွေက အင်ပါရီယာ မြို့တော်ကို အလုံးအရင်းနဲ့ ရောက်လာကြတာလဲ ....."


မီးတောက်နဂါးက သူ့၏ တောင်ပံများကို တစ်ချက်ခတ်လိုက်ရင်း ဂျိချန်းရွဲ့နှင့် အခြားသူများကို ကြည့်လိုက်သည်။ထို့နောက် မြေပြင်ပေါ် ပြုတ်ကျသွားသော တောင်တစ်တောင်ခန့် ကြီးမားသည့် ခြေထောက်ကြီးဖားပြုပ်ကို ကြည့်လိုက်၏။


သူက လက်ထဲ၌ ရွှေရောင်တောက်ပနေသည့် မီးဖိုချောင်သုံးဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူငယ်လေးကို မြင်လိုက်ရသည်။ထို့နောက်သူက ခြေထောက်ကြီးဖားပြုပ်ရှိရာဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။


"အဲ့ဒီလူသားပဲ....."


သူကာကွယ်စောင့်ရှောက်ထားသော ကောင်းကင်ကမ္ဘာမြေမီးလျှံကျောက်ကို ခိုးယူ သွားသည့်ထိုလူသားအား သူအလွန်မုန်းတီးနေမိသည်။


ဂရား....


ဒေါသများဖြင့် ပြည့်နှက်နေသော နဂါးဟိန်းသံတစ်ချက် ထပ်မံထွက်ပေါ်လာပြန်သည်။ရုတ်တရက် သူ့၏ ပါးစပ်ထဲ၌ လေဟာနယ်ကိုပင် လောင်ကျွမ်းဖျက်စီးပစ်နိုင်လောက်အောင် အပူချိန်မြင့်မားသော မီးတောက်များ ဖြစ်ပေါ်လာသည်။


သူ့၏ မျက်လုံးများကလည်း အလင်းရောင်များ တဖြတ်ဖြတ် တောက်ပနေသည်။သူက မြို့ရိုးတံတိုင်းထက်တွင်ရပ်နေကြသော သူများဆီသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။


"အခုလက်ရှိ လူတွေကို မြင်ရတာ သိပ်စိတ်ရှူပ်ဖို့ကောင်းတယ် ....သူတို့အားလုံး သေသင့်တယ်....."


မီးတောက်နဂါးက သူ့စိတ်ထဲမှ နေ၍ ထိုကဲ့သို့ တွေးတောလိုက်ပြီး ဟိန်းဟောက်လိုက်သည်။


မြို့ရိုးတံတိုင်းထက်တွင် ရပ်နေကြသော ဂျိချန်းရွဲ့နှင့် အခြားသူများက ထိတ်လန့် ကြောင်အသွားကြသည်။သူတို့က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် သေခြင်းတရား အော်ရာများဖြင့် ပြည့်နှက်နေသော မီးတောက်များကို ငေးကြောင်၍ ကြည့်နေမိကြသည်။


"ငါဒီလိုပဲ....သေသွားတော့မှာလား......"


ဂျိချန်းရွဲ့က စိတ်လွတ်စွာဖြင့် တီတိုးရေရွတ်လိုက်သည်။မီးတောက်နဂါး မှုတ်ထုတ်လိုက်သော မီးတောက်များက သူ့၏ အဆင့်မြင့် ရင်ဆိုင်နိုင်သည့် အရာမဟုတ်ပေ။ထိုမီးတောက်များက မြို့တံတိုင်းနှင့် ဆက်စပ်နေသည့် အရာအားလုံးကို ပျက်စီးသွားစေနိုင်သည်။ထိုကဲ့သို့သာ ဖြစ်လာပါက အင်ပါယာမှသူများက သူတို့၏ ရုပ်အလောင်းကိုပင် ရှာတွေ့နိုင်လောက်တော့မည် မဟုတ်ပေ။


သူက ဒီလိုရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး...တဖြေးဖြေးနီကပ်လာသော မီးတောက်မျာူကို ကြည့်၍ ဂျိချန်းရွဲ့၏ စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားနေမိသည်။


ဘန်း......


ရဲရဲတောက်နေသော နဂါးမီးလျှံများက မြို့ရိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ကြီးမားလှသော မီးခိုးလုံးကြီးက ကောင်းကင်ပေါ်သို့ တက်သွားပြီးမှ အဘက်ဘက်သို့ ပြန့်ကားသွားသည်။


ရုတ်တရက် အားလုံးက ထိုနဂါးမီးတောက်များ တစ်ခုခုမူမမှန်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ရဲရဲနီနေသောမီးတောက်များက ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် မီးခိုးလုံးများသာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားခြင်းဖြစ်သည်။


ဂျိချန်းရွဲ့က မျက်လုံးတင်းတင်းကျပ်ကျပ်ပိတမထားရာမှ တဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သည်။သူတစ်ယောက်တည်းသာ မဟုတ်ပဲ မြို့ရိုးတံတိုင်းပေါ်တွင်ရှိနေသော တခြားစစ်သည်တော်များအားလုံးကလည်း အံ့သြထိတ်လန့်စွာဖြင့် ဖွင့်ကြည့်လိုက်ကြသည်။


သူတို့အားလုံး အသက်ရှင်လျက် ရှိနေကြသေးသည်။မမျှော်လင့်ထားစွာပင် သူတို့အားလုံးအသက်ရှင်နေကြသေး၏။


ဂျိချန်းရွဲ့က မော့ကြည့်လိုက်သောအခါ သူတို့၏ ခေါင်းအထက်၌ ဝဲလှည့်နေသော မြောက်များလှစွာသည့် အဖြူရောင်အဆောင်ပြားများကို မြင်လိုက်သည်။ထိုအဆောင်ပြားများထဲ၌ ထူးခြားဆန်းကြယ်လှသည့် အော်ရာများ ပါဝင်နေသည်။


ထိုအဆောင်ပြားများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီးနောက် မိုးကောင်းကင်နှင့်တူညီသော အမိုးခုံးတစ်ခု ပေါ်လာသည်။ထိုဖန်သားပြင် အကာအကွယ်က မီးတောက်နဂါးထုတ်လွင့်လိုက်သော မီးတောက်ထံမှ ကာကွယ်ပေးထားလေသည်။


မြို့တံတိုင်း၏အောက်ခြေ၌ ရပ်နေကြသော လူသုံးယောက်ရှိနေသည်။ထိုထဲမှ တစ်ယောက်က ဆံပင်နှင့် မျက်ခုံးမွှေးများပင် စွတ်စွတ်ဖြူနေသော အဘိုးအို တစ်ယောက်ဖြစ်သည်။ထိုအဘိုးအိုက လေထုထဲ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး မီးတောက်နဂါးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။


"အမှားတိုင်းမှာအကြောင်းအရင်းရှိပြီးတော့.....အကြွေးတိုင်းကိုလည်း ပြန်ဆပ်ရမယ်ဆိုတာ ဟုတ်တယ် .....ဒါပေမယ့်မင်းက အဆင့်မြင့်သားရဲကြီးတစ်ကောင်လေ.....ဒီလိုသေမျိုးလူသားတွေအပေါ်မှာ မင်းရဲ့ဒေါသကို မဖောက်ကွဲသင့်ဘူး ......"


အဆင့်မြင့်အကြီးအကဲက ညင်သာစွာဖြင့် ပြောလိုက်သည်။မီးတောက်နဂါးက အဆင့်မြင့်အကြီးအကဲကို စူးစူးဝါးဝါးကြည့်လိုက်ပြီးနောက် နောက်ထက်မီးတောက်တစ်လုံး ထပ်မှုတ်၍ တုံ့ပြန်လိုက်သည်။အဆင့်မြင့်အကြီးအကဲက လက်စည်းတံဆိပ်ခတ်လိုက်ရာ သူ့၏ရှေ့၌ အဆောင်ပြားများပေါ်လာပြီး ထို နဂါးမီးတောက်ကို ပိတ်ဆို့ထားလိုက်သည်။


မီးတောက်များက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။သော်လည်း မီးတောက်နဂါးက အဆင့်မြင့်အကြီးအကဲကို စူးစူးဝါးဝါးကြည့်နေတုန်းပင် ဖြစ်သည်။အဆင့်မြင့်အကြီးအကဲက နွေးထွေးစွာစွာ ပြန်လည်ပြုံးပြလိုက်၏။


မီးတောက်နဂါးက တောင်ပံများကို တဖြတ်ဖြတ်ခတ်လိုက်ရင်း ဟိန်းဟောက်လိုက်သည်။ထို့နောက် သူက တိုက်ပွဲဖြစ်နေရာ အင်ပါရီယာမြို့တောါအတွင်းသို့ ဦးတည်ပျံသန်းသွားလိုက်သည်။ထိုမီးတောက်နဂါးက ထ်ိုလူသားအဘိုးအိုကို အာရုံစိုက်ရန် စိတ်မဝင်စားတော့ပေ။


နီယန်နှင့် ယဲ့ဇီလင်းက မြို့တံတိုင်းပေါ်သို့ တက်သွားလိုက်သည်။သူတို့က ခပ်လှမ်းလှမ်းမှ တိုက်ပွဲဖြစ်နေရာနေရာကို ကြည့်လိုက်သည်။အဆင့်မြင့် ပညာရှင်များကြားထဲမှ တိုက်ပွဲက ကြောက်စရာကောင်းလှသောကြောင့် သူတို့က တိုက်ပွဲကွင်းပြင်နားသို့ ကပ်မသွားရဲကြပေ။


အဆင့်မြင့်အကြီးအကဲကလည်း မြို့တံတိုင်းပေါ်သို့ ဆင်းသက်လိုက်ပြီး ခပ်ဝေးဝေးမှ တိုက်ပွဲကို ငေးမောကြည့်ရှူလိုက်သည်။သူက ထိုတိုက်ပွဲအတွင်း ဝင်ပါရန် အစီအစဉ်မရှိပေ။


"အဆင့်မြင့်အကြီးအကဲ ....ရှင် မြန်မြန်လေး သွားကူသင့်တယ်....ပိုင်ရှင်ပုက ဒီလောက်များပြားတဲ့ အဆင့်မြင့်ပညာရှင်တွေကို ဘယ်လိုလုပ်ပြီးတော့ ရင်ဆိုင်နိုင်မှာလဲ....."


နီယန်က သူမဘေးနား၌ ရပ်နေသောအဆင့်မြင့်အကြီးအကဲကို ကြည့်လိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။


"စိတ်ပူစရာ မလိုပါဘူး......သူက ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လုယက်ရဲတယ်ဆိုမှတော့ သူတို့ကို ရင်ဆိုင်နိုင်ဖို့ စွမ်းရည်လည်း ရှိရမှာပေါ့....."


အဆင့်မြင့်အကြီးအကဲက အပြုံးလေးဖြင့် ညင်သာစွာ ပြောလိုက်သည်။သူက နီယန်၏ တောင်းဆိုချက်ကို လက်ဝှေ့ယမ်းကာ ပယ်ဖျက်လိုက်လေသည်။


နီယန်က အကြီးအကဲ ပြောသည်ကို လက်မခံလိုသော်လည်း သူမ ဘာထက်ပြောရမည်မှန်း မသိတော့ပေ။သူမက စိုးရိမ်ပူပန်စွာဖြင့်ပင် တိုက်ပွဲကို ပြန်ကြည့်နေရုံသာ တက်နိုင်လေသည်။


တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသော ခြေထောက်ကြီး ဖားပြုပ်က မြေပေါ်သို့ ပြုတ်ကျလာသည်။ဝှိုက်တီက သူကို အပြည့်အဝဖိအားပေးထားပြီး လွတ်မြောက်ရန်အတွက် အခွင့်အရေးမပေးပေ။ခြေထောက်ကြီး ဖားပြုပ်က ဒေါသတကြီးဖြင့် အော်မြည်လိုက်သည်။


ထို့နောက် သူ့၏ ပါးစပ်ကို အကျယ်ကြီး ဖွင့်ဟလိုက်ပြီး ရေများအန်ထုတ်ရန် ပြင်လိုက်သည်။သို့သော်လည်း ဝှိုက်တီက ဖားပြုပ်၏ ဗိုက်ကို မိုးကြိုးလုံးကဲ့သို့ တူညီလှသည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ဖားပြုပ်၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး ရေများကို ပြန်မျိုချလိုက်ရသည်။ထိုဖားပြုပ်ကြီးက ရေသီးနင်မတက်ပင် ဖြစ်သွားလေသည်။


"ဖားပြုပ်ကို ဘာကြောင့် ဒီလိုမျိုး အနိုင်ကျင့်ရတာလဲ....."


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်၍ ဖားပြုပ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။သူတို့ကြားက အကွာအဝေးက နီးကပ်လာသည်အြချိန်၌ ပုဖန်က ထိုကဲ့သို့ ခုန်တက်လိုက်ပြီး ပုဖန်၏ ဝမ်းဗိုက်ပေါ်သို့ ဆင်းသက်လိုက်သည်။


ထို့နောက်သူက ဖားပြုပ်၏ ဝမ်းဗိုက်ပေါ်သို့ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားထိပ်ကို စိုက်လိုက်ပြီး အနည်းငယ် ဖိလိုက်သည်။ဝမ်းဗိုက်ထဲသို့ ဓားပြားဝင်လာသည်နှင့် ဖားပြုပ်ကြီးက ရုန်းကန်လိုက်သည်။ချက်ချင်းပင် ဓားနှင့်အရေပြားတို့ ထိစပ်မရာနေရာမှ အေးစိမ့်မှုက ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုကို စတင်ခံစားလိုက်ရသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက သဘာဝအားဖြင့် နဂါးစွမ်းရည်များ ပါဝင်နေသည်။ထိုစွမ်းရည်များက စိတ်ဝိညာဉ် သားရဲမျာကို ဖိနှိပ်နိုင်စွမ်းရှိသည်။ခြေထောက်ကြီး ဖားပြုပ်က အဆင့်မြင့်သားရဲကြီး ဖြစ်သော်လည်း မီးဖိုချောင်သုံးဓားတွင် ပါဝင်သည့် စွမ်းအင်များ၏ ဖိနှိပ်မှုကို ခံရတုန်းပင် ဖြစ်သည်။


မျှော်လင့်ထားသည့်အတိုင်းပင် ထိုအဆင့်မြင့်သားရဲကြီး၌ စိတ်ဝိညာဉ်စွမ်းအင်များ ကြွယ်ဝ သိပ်သည်းစွာပါဝင်နေသည်။ထိုသား ရဲက တကယ့်အစစ်အမှန် ပါဝင်ပစ္စည်းပင် ဖြစ်သည်။ပုဖန်က ဖားပြုပ်၏ ဝမ်းဗိုက်ပေါ်၌ ခြေလှမ်းအနည်းငယ် လှမ်း၍ လျှောက်သွားလိုက်ပြီး သူ့၏ ခြေထောက်ကို ကြည့်လိုက်သည်။


ဖားပြုပ်ခြေထောက်ကြွက်သားများက အလွန်ပင် ကြီးမားလှပြီး အနှစ်သာရများစွာ ပါဝင်နေသည်။ဝှိုက်တီက ခြေထောက်သားတစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်လိုက်သော်လည်း အသားများ အလျှံအပယ်ပင် ရှိနေသေးသည်။ထိုခြေထောက်ကိုသာ ပါဝင်ပစ္စည်း အဖြစ် အသုံးပြုလိုက်လျှင် မည်မျှပင် ထူးခြားမည့်အကြောင်းကို စိတ်ကူးကြည့်၍ပင် ရနိုင်သည်။


ခြေထောက်ကြီး ဖားပြုပ်က ပုဖန်၏ ရန်လိုသော အကြည့်များ၏ ဦးတည်ရာကို ခံစားမိလိုက်ပြီး အသည်းအသန် စတင်ရုန်းကန်လာသည်။သူ့၏ ခြေထောက်ကို လွှဲယမ်းလိုက်လိုသော်လည်း ဝှိုက်တီက ကြွက်သားအနည်းငယ်မျှပင် မလှုပ်နိုင်အောင် ချုပ်ထားပေသည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အမြင့်သို့ ခုန်တက်လိုက်ပြီး

ဖားပြုပ်၏ ပေါင်သားဘက်သို့ မျက်နာမူလိုက်သည်။သူက မျက်ရည်များဖြင့် ပြည့်နေသော ဖားပြုပ်၏ မျက်ဝန်းများကို မကြည့်မိစေရန်အတွင် မြင့်နိုင်သမျှ မြင့်မြင့်ထိ တက်လိုက်သည်။ထို့နောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို လွှဲယမ်းလိုက်ပြီး ဖားပြုပ်၏ ခြေထောက်ပေါ်သို့ ခုတ်ချလိုက်သည်။


အုံး.....ဂွမ်.......


ဖားပြုပ်က နောက်တစ်ကြိမ် ထပ်မံ ရုန်းကန်လိုက်ပြီးနားကွဲမတက် အသံကျယ်ကြီးဖြင့် အော်မြည်လိုက်သည်။ထို့နောက် ဖားပြုပ်၏ ပါးစပ်ထဲမှ ဆူးကဲ့သို အရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။


နောက်ဆုံး တိုက်ခိုက်မှု အနေဖြင့် ပုဖန်ကို ရပ်တန့်ရန် ကြိုးပမ်းလိုက်သည်။သို့သော်လည်း စက်ရုပ်လက်တစ်ဖက်ပေါ်လာပြီးနောက် သူ့၏ လျှာကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။


ရွှပ်......


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ကြီးမားလှသော ခြေထောက်ကို အလွယ်တကူပင် ဖြတ်တောက်လိုက်သည်။ရဲရဲနီနေသော သွေးများ ဒလဟော ထွက်လာသည့်အချိန်၌ ပုဖန်က လျှင်မြန်စွာဖြင့်ပင် ထိုခြေထောက်ကို စနစ်၏သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်သည်။


ခြေထောက်ကြီး ဖားပြုပ်က စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။သူဆုံးရှူံးလိုက်ရသော ခြေထောက်က စိတ်ဝိညာဉ်အနှစ်သာရများ အားလုံး စုဆောင်းထားရာနေရာဖြစ်သည်။ထို့ကြောင့် သူ့တွင်ရှိသမျှ စိတ်ဝိညာဉ်အနှစ်သာရများ ဆုံးရှူံးလိုက်ရခြင်းနှင့် အတူတူသာဖြစ်သည်။ဖားပြုပ်၏ ခန္ဓာကိုယ်အရွယ်အစားကလည်း တဖြေးဖြေး ကျုံ့လာ၏။


ခဏအတွင်းမှာပင် ထိုဖားပြုပ်၏ အရွယ်အစားက အိမ်တစ်အိမ် အရွယ်အစားမျှသာ ရှိတော့သည်။သူ့၏။ အော်ရာများကလည်းတဖြေးဖြေးမှေးမှိန် ဖြော့တော့လာသည်။ဝှိုက်တီ၏ မျက်ဝန်းထဲ၌ငွေရောင် အလင်းတစ်ချက် လက်သွားပြီး သူ့၏။တောင်ပံများက်ို ဖြန့်ကားကာ နောက်တစ်ကြိမ် ခတ်လိုက်သည်။


ဘန်း.....ဘန်း......


ကျယ်လောင်သော အသံနှစ်ချက် ဆက်တိုက် ကြားလိုက်ရသောကြောင့် ဝှိုက်တီနှင့်ပုဖန်က သူတို့ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်မှ စွယ်ကိုးရှင်အဆင့် နှစ်ယောက်က လေထဲသို့ မြှောက်တက်သွားပြီးသွေးမြောက်များစွာ ပန်းထွက်လာသည်။


ထို့နောက် ထိုသူနှစ်ယောက်က မြေပြင်ပေါ်သို့ ပြန်ကျလာပြီး နက်ရှိုင်းလှသည့် တွင်းနက်ကြီး နှစ်ခုဖြစ်သွားကာ ဖုန်တလုံးလုံး ထသွားသည်။


ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ပင် သူ့၏ လက်ဖဝါးလေးများကို လျှာဖြင့် လျက်နေသည်။သူက ပုဖန်နှင့် ဝှိုက်တီကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ လည်ပြလိုက်သည်။


ဂရား.....


ကောင်းကင်ယံထက်မှနေ၍ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ပုဖန်က အပူလှိုင်းများကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။ထိုအချိန်၌ မီးတောက်နဂါး၏ ပုံရိပ်က ကောင်းကင်ယံထက်၌ ထွက်ပေါ်လာလေသည်။


မီးတောက်နဂါးက သူ့၏ တောင်ပံများကို အဆင်မပြတ် ဖြတ်ဖြတ် ခတ်နေသည်။သူက ချွန်ထက်လှသော သွားများဖြင့် ပြည့်နေသည့် ပါးစပ်ကို ဖွင့်ဟလိုက်ပြီးပုဖန်ဆီသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ထိုမီးတောက်များက အလွန်ပူပြင်းလှကာ ရှိရှိသမျှ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့် စွမ်းရည်ရှိပုံပေါ်သည်။


ပုဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ့၏ရှေ့၌ မဟူရာလိပ်ခုံး ဒယ်အိုးပေါ်လာသည်။ဒယ်အိုးက အလျှင်အမြန်ပင် ကြီးမားလာပြီး သူ့အထက်လေထဲတွင် မျောလွင့်နေကာ နဂါးမီးတောက်များကို ပိတ်ဆို့ကာကွယ်လိုက်သည်။


"ဘယ်လိုဖြစ်ပြီး အဆင်မြင့် သားရဲနဂါးက မီးတွင်းထဲကနေ ထွက်လာရတာလဲ....."


ပုဖန်က အံ့အားသင့်သင့်ဖြင့် ရေရွတ်လိုက်သည်။ဝှိုက်တီက တောင်ပံများကို ခတ်လိုက်ပြီး လေထဲသို့ တက်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း ပုဖန်၏လက်တစ်ဖက်က သူ့ကို တားဆီးလိုက်လေသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ပုဖန်က မည်သည့်အတွက်ကြောင့် သူကိုတားရသည်ကို တကယ့်ကို နားမလည်ပေ။ပုဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ဘလက်ကီဘက်သို့ လှည့်ကြည့်လိုက်သည်။


"ဘလက်ကီ အရမ်းအရသာရှိတဲ့ အဆင့်မြင့်သားရဲ နဂါးနံရိုးချိုချဉ်ကြော်စားချင်လား...."


ပုဖန်၏ မေးခွန်းကို ကြားလိုက်သောအခါ၌ ကြောင်တစ်ကောင်ကဲ့သို့ ပြုမူနေသော ဘလက်ကီက တုန်ယင်သွားသည်။သူက ကောင်းကင်ယံထက်၌ ရှိနေသော အဆင့်မြင့်နဂါးကို လှမ်းကြည့်လိုက်သည်။သူ့၏ မျက်ဝန်းများက ကြယ်များကဲ့သို့ တောက်ပလာပြီး အလင်းတန်းများ ဖြာထွက်လာသည်။


"ဘယ်သူမှ လာမလုနဲ့.....ဒီအိမ်မြှောင်က ငါခွေးဘုရင်ရဲ့ဟာပဲ......ဝု.....ဝု......"