အပိုင်း ၃၆၂
Viewers 52k

အခန်း ၃၆၂

ခွေးတကောင်၏ ရိုက်ချက် နှစ် ချက်ကြောင့်...သေသွားသော နဂါး...


ကောင်းကင်ယံထက်၌ မီးနဂါး၏ မီးတောက်အပူရှိန်က အလွန်ပင် မြင့်မားလာသောကြောင့် လေထုကိုပင် ပျက်စီးမတက် ဖြစ်စေသည်။အင်ပါရီယာ မြို့တော်တစ်ခုလုံး၏ အပူချိန်က တဖြေးဖြေး မြင့်တက်လာခဲ့သည်။


ဆိုင်ထဲတွင်ရှိနေသော ရှောင်ယန်ယုနှင့် တစ်ခြားသူများက လေအေးများ ရှုရှိူက်လိုက်မိကြသည်။


"ဒါက နဂါးပဲ ....တကယ့်ကို နဂါးစစ်စစ်ပဲ....."


သူ့၏ စွမ်းအားများက အလွန်ကြောက်စရာကောင်းလှသည်။ကွမ်ရှောင်ယီ၏ မျက်နှာလေးပေါ်၌လည်း ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။


သို့သော်လည်း မီးတောက်နဂါးရှိရာဆီသို့ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် သွားနေသော ဘလက်ကီကို မြင်လိုက်ရသောအခါ၌ သူမ၏ ကြောက်ရွံ့မှုများက စိတ်လှုပ်ရှားမှုများအဖြစ် ပြောင်းလဲသွားသည်။


"ဘလက်ကီက အဆင့်မြင့်နဂါးကို မကြောက်ဘူး ဘလက်ကီက တကယ်ကို အံ့သြစရာကောင်းတယ်......"


ကွမ်ရှောင်ယီ၏ စိတ်ထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။သူမ၏ မျက်ဝန်းလေးများကလည်း အရောင်တဖြတ်ဖြတ်လက်ခါသည်အထိ တောက်ပနေ၏။သူမက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး လေထဲသို့ပင် နှစ်ချက်သုံးချက်ထိုးလိုက်သည်။


"ဒီနေ့တော့ ဒီအိမ်မြှောင်ကြီးက ငါခွေးဘုရင်ရဲ့ ဟာပဲ.....သံတုံးကြီးမင်းနောက်ဆုတ်လိုက်.....ဒီခွေးဘုရင်ဆီကပဲ လာလုဖို့ မစဉ်းစားနဲ့ ......"


ဘလက်ကီ၏ မျက်ဝန်းများထဲမှ အလင်းရောင်များ တောက်ပနေသည်။သူ့၏ မျက်ဝန်းများက ညကောင်းကင်ယံထက်တွင် လင်းလင်နေသည့် ကြယ်ကလေးများကဲ့သို့ပင် စူးရှတောက်ပနေ၏။


ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက တဖြတ်ဖြတ်လှုပ်ခါသွားသည်။ခဏချင်းအတွင်းမှာပင် သူက တောင်ပံများကို ရုတ်သိမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ဘလက်ကီက ဝှိုက်တီ၏ အပြုအမူကို မြင်လိုက်ရသောကြောင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။


"ဝှိုက်တီက တကယ့်ကို အမြော်အမြင်ရှိတာပဲ.....မင်းသာ ငါခွေးဘုရင်ရဲ့ အမိန့်ကို သေသေချာချာလိုက်နာမယ်ဆိုရင် မင်းအတွက် စားစရာတွေက အလျှံအပယ်ပဲ ရှိလိမ့်မယ်......"


ဝှိုက်တီက ပုဖန်၏ ဘေးသို့ ပြန်သွားလိုက်ပြီး ရပ်နေလိုက်သည်။သူ့၏ စက်ရုပ်မျက်ဝန်းများကလည်း တဖြတ်ဖြတ်လှုပ်ခါနေဆဲ ဖြစ်သည်။ခြေထောက်ကြီး ဖားပြုပ်က သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်။


သူ့၏ မျက်ဝန်းများက ပြူးကျယ်လျက်ရှိပြီး ရေများ အန်ထုတ်လိုက်သည်။သူ့၏ မျက်ဝန်းများက ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေပြီး ဝှိုက်တီကို စိုက်ကြည့်နေသည်။ထို့နောက် နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်လေသည်။


ကောင်းကင်ယံထက်၌ ဝဲပျံနေသော မီးတောက်နဂါးက မီးတောက်မှုတ်နေခြင်းကို ရပ်တန့်လိုက်သည်။သူ့၏ မျက်ဝန်းထောင့်စွန်းမှ ခွေးတစ်ကောင်ကို မြင်လိုက်ရသောကြောင့် ထိုနေရာသို့ ပျံသန်းသွားသည်။မီးတောကါများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အင်ပါယာမြို့တော်အတွင်းမှ အပူချိန်က ပြန်လည် ကျဆင်းသွားသည်။


မီးတောက်နဂါးက ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် လျှောက်လာသော ဘလက်ကီကို ကြည့်လိုက်သည်။


"အဲ့ဒါက ဘာလဲ....ဘာလို့ အဲ့ဒီလောက်တောင် သေးနေရတာလဲ....."


ဘလက်ကီ၏ ခန္ဓာကိုယ်က တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားလှသော ခြေထောက်ကြီးဖားပြုပ်နှင့် မီးတောက်နဂါးတို့နှင့် ယှဉ်လိုက်လျှင် အလွန်တရာ သေးငယ်နေသည်။


မီးတွင်းထဲမှ ထွက်လာသော မီးတောက်နဂါး၏ ရှေ့၌ ဘလက်ကီက အနက်ရောင် အစက်အပြောက်လေး သေးသေးမျှသာ ဖြစ်သည်။


တစ်ဘက်၌ ထုံထိုင်းပုံရပြီး ချစ်စရာကောင်းလှသော ခွေးဝတုတ်လေး ရှိနေသည်။တစ်ခြားတစ်ဘက်၌မူ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ရာ မီးတောက်နဂါးဖြစ်သည်။


ထိုနှစ်ခုကို နှိုင်းယှဉ်လိုက်လျှင် ကွဲပြားခြားနားမှုက ကြီးမားလာသည်။ကွမ်ရှောင်ယီက ထိုနှစ်ဦးကို ကြည့်လိုက်ပြီးနောက် သူမ၏ ယုံကြည်မှုများက အနည်းငယ် လျော့နည်းသွားသည်။


"ဘလက်ကီက အဲ့ဒီဧရာမနဂါးကြီးကို ရိုက်နိုင်ပါ့မလား....."


ယခုလက်ရှိအချိန်၌ ပုဖန်ကို ဘလက်ကီပေါ် အယုံကြည်ဆုံးသူအဖြစ် သတ်မှတ်နိုင်သည်။ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည်၍ ရှူံ့လိုက်ပြီး သူ့၏။ လက်ပေါ်၌ ဝဲလွင့်နေစေလိုက်သည်။


သူက မီးတောက်နဂါး မှုတ်ထုတ်လိုက်သော မီးလျှံများကို မဟူရာလိပ်ခုံးဒယ်အိုးဖြင့် အချိန်ကြာမြင့်စွာ ကာထားခဲ့သော်လည်း အပူချိန်က အနည်းငယ်မျှသာ မြင့်တက်လာသည်။


သိူ့သော်လည်း ထို မဟူရာလိပ်ခုံးဒယ်အိုးက နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းများထဲမှ တစ်ခုဖြစ်နေလေရာကောင်းကင် ကမ္ဘာမြေ မီးလျှံထဲမှ မဟုတ်လျှင် သူ့ကို အပူရှိန် ပေးဖို့အတွက် အလွန်ပင် ခက်ခဲပေလိမ့်မည်။


ပုဖန်က မဟူရာ လိပ်ခုံးဒယ်အိုးကို စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်သည်။ထို့နောက် သူ့၏ အကြည့်များက မြေပြင်ပေါ်လဲကျနေသော ဖားပြုပ်ကြီးဆီသို့ ရောက်သွားသည်။


ဘလက်ကီက ကြီးမားလှသော မီးတောက်နဂါးကို စိတ်လှုပ်ရှားမှု လောဘတရားများပါသည့် မျက်ဝန်းတောက်တောက်ဖြင့် စူးစိုက်ကြည့်နေသည်။


"မဆိုးဘူး .....သူက တော်တော်လေးဝဖြိုးတယ်.....အသားက တော်တော်လေး ကောင်းမှာပဲ......."


ဘလက်ကီက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်ပြီး သူ့၏ နှုတ်ခမ်းများကို သပ်လိုက်သည်။


"အဲ့ဒီကောင်လေး ပုဖန်က စားဖိုမှူး တစ်ယောက်လို့ မပြောရဘူး.....အရသာ ကောင်ူတွေကို တော်တော်လေးသိတယ် .....တကယ်လို့ သူသာ မပြောဘူးဆိုရင် ဒီမီးတောက်နဂါးရဲအသားကို နဂါးနံရိုးချိုချဉ်ကြော်လုပ်ဖို့အတွက် ငါစဉ်းစားမိမှာ မဟုတ်ဘူး......"


နာမည်ကြားလိုက်ရုံမျှပင် မည်မျှ အရသာရှိမည်ကို ကောက်ချက်ချနိုင်ပေသည်။ဘလက်ကီက ရုတ်တရက် သူအရင်ချိန်ကစားခဲ့ဘူးသော နဂါးနံရိုးချိုချဉ်ကြော်ကို ပြန်လည် အမှတ်ရ သွားသည်။


ထိုအရသာက သူ့၏ စိတ်ဝိညာဉ်ကိုပင် ဆွဲဆောင် ညှို့ယူ ထားနိုင်သည်။အကယ်၍ အဆင့် ၈ မြေကမ္ဘာနဂါး၏ အသားကပင် ထိုမျှ အရသာရှိလျှင် သူနှင့်တူနေသည့် သားရဲများ၏ အသားကကော မည်မျှ အရသာရှိလိမ့်မည်နည်း။ယခုအသားက အဆင့်မြင့် သားရဲ မီးတောက်နဂါး၏ အသားဖြစ်သည်။


ဘလက်ကီက သူ၏ စားချင်စိတ်ကို မထိန်းသိမ်းနိုင်တော့ပေ။သူပို၍ တွေးမိလေလေ သူ့ပါးစပ်ထောင့်စွန်းမှ သရေများ စီးကျလေလေပင် ဖြသ်နေတော့သည်။


အဆင့်မြင့် သားရဲ မီးတောက်နဂါးက ထိုအခြေအနေကြောင့် အမှန်တကယ် ဒေါသထွက်လာသည်။


"ဘာလဲ ဒီခွေးဝတုတ်က ငါကို ဘယ်လိုကြည့်နေတာလဲ.....သူက ငါနဂါးကို ဘာလုပ်ချင်နေတာလဲ ...."


သူက အဆင့်မြင့်သားရဲ မီးတောက်နဂါးဖြစ်သည်။အဆင့်မြင့်သားရဲများကြား၌ပင် လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုမျိုး ဖြစ်သည်။


ဂရား.....


နားကွဲလောက်စရာ နဂါးဟိန်းသံက အင်ပါရီယာ မြို့တော်တစ်ခုလုံးကို ဖြတ်သန်း သွားလေသည်။မြို့သူမြို့သားများက ကြောက်ရွံ့ထိတ်လန့်သွားကြသည်။သူတို့အားလုံး မြေပေါ် ဒူးညွှတ်ကျသွားပြီး တုန်ယင်နေကြသည်။မြို့ရိုးတံတိုင်းထက်၌ ရှိနေသော ဂျိချန်းရွဲ့ပင်လျှင် သက်ရောက်မှု ဒဏ်ကို ခံလိုက်ရပြီး သူ့၏ အမူအရာက ဖြူဖျော့သွားလေသည်။


ထိုနဂါး ဟိန်းဟောက်သံက ပုဖန်အပေါ် သက်ရောက်မှု မရှိသော်လည်း ဆူညံသံကိုတော့ ကြားနေရတုန်းပင် ဖြစ်သည်။ထို့ကြောင့် သူက အကြားအာရုံကို ပိတ်ဆို့လိုက်သည်။ထို့နောက် သူ့လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ပြီး သနားစရာကောင်းလှသော ဖားပြုပ်ကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်သည်။


"မင်းက ငါ့ကို ဟိန်းဟောက်နေတာလား....ကောင်းပြီလေ....မင်းက ဟင်းအမယ် တစ်မျိုး ဖြစ်လာတော့မှာဆိုတော့.....ဒီခွေးသခင်က မင်းစိတ်ရှိသလောက် ဟိန်းဟောက်ခွင့် ပြုလိမ့်မယ်......မင်းပိုပြီးတော့ စိတ်ပျော်ရွှင်လေလေ မင်းရဲ့အသားက ပိုပြီးတော့ အရသာ ရှိလာမယ်ဆိုတာ ငါသေချာပေါက်သိတယ်....."


မီးတောက်နဂါး၏ ဟိန်းဟောက်မှုက လေပြင်းများကို ဖန်တီးလိုက်လေသည်။ကြမ်းတမ်းလှသော လေပြင်းများကြောင့် ဘလက်ကီ၏ နူးညံ့သော အမွှေးလေးများက လှုပ်ခါနေ၏။ဘလက်ကီ၏ မျက်နှာပေါ်တွင်တော့ အပြုံးသဲ့သဲ့ တစ်ခု ရှိနေတုန်းပင် ဖြစ်သည်။မီးတောက်နဂါးက ဘလက်ကီကို စူးစိုကြည့်လိုက်သည်။


"ဒီပုရွတ်ဆိတ်ကောင်က ငါ့ရဲ့နဂါးစွမ်းရည်တွေကိုတောင် ရင်ဆိုင်နိုင်မယ်လို့ မမျှော်လင့်ထားမိဘူး......"


ရွှပ်.....


ရုတ်တရက် မီးတောက် နဂါးက ပါးစပ်ကို ဖွင့်ဟ၍ ဘလက်ကီဆီသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ထိုပူပြင်ူလှသော မီးတောက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဘလက်ကီ၏ အမူအရာကလည်း ဆိုးဝါးသွားလေသည်။


"ငါက မင်းစိတ်ပျော်အောင်လို့ ဟိန်းဟောက်ခွင့်ပဲ ပြုထားတာလေ....မင်းက ဒီခွေးဘုရင်ကို တံတွေးနဲ့ ထွေးလိုက်မယ်လို့ မမျှော်လင့်ထားမိဘူး .....မင်းတွက် ဘာက ပိုကောင်းတယ်ဆိုတာကို မသိဘူးပဲ....."


ဘလက်ကီက ဒေါသထွက်စွာဖြင့် ဟောင်သံများ ပြုလိုက်သည်။အားလုံးက ကြောင်အ မှင်သက်သွားကြသည်။


"ဒီဟောင်သံက တော်တော်လေး ရယ်ဖို့ကောင်းတယ်...."


မြေပြင်ပေါ် ဒူးထောက်ကျနေကျသော မြို့သူမြို့သားများက ထိုဟောင်သံကြောင့် မထိန်းနိုင်တော့ပဲ ရယ်မောလိုက်ကြသည်။


လေထဲသို့ လက်သီးထိုးနေသော ကွမ်ရှောင်ယီကလည်း ကြောင်အပြီး ရပ်တန့်နေမိသည်။ထို့နောက် သူမ ဒူးထောက်ထိုင်ချလိုက်ပြီး အတောမသတ်ရယ်မောနေလိုက်၏။


သို့သော်လည်း ထိုခဏ၌ပင် ဘလက်ကီကို လွှမ်းခြုံလုနီးပါး ဖြစ်သွားသော မီးတောက်များက ဟောင်သံကြောင့် လမ်းကြောင်းလွှဲသွားလေသည်။ထိုမီးတောက်များက အဆင့်မြင့်သားရဲ မီးတောက်နဂါးဆီသို့ အရှိန်အဟုန်ဖြင့် ပြန်လည် လွှမ်းခြုံသွားသည်။


ဘလက်ကီ၏ အရွယ်အစားက လျှင်မြန်စွာဖြင့်ကြီးလာသည်။သူက အန္တရာယ်ရှိသော အခြေအနေသို့ ပြောင်းလဲသွားပေပြီ။ထို့နောက် လက်ဖဝါးကို ဖြန့်ကားလိုက်ပြီး ရိုက်ချလိုက်၏။


ထိုအချိန်ခဏ၌ ကမ္ဘာကြီး၏ လည်ပတ်မှုက ရပ်တန့်သွားသလို ထင်ရသည်။ထိုဖိနှိပ်မှုအင်အားက အလွန်ပင် ပြင်ူထန်လှလေသည်။ထိုလက်ဖဝါးက ကမ္ဘာတစ်ခုလုံးကိုပင် ဖိချနေသည်ဟု ထင်မှတ်ရပေသည်။


ကျယ်လောင်လှသော မြည်ဟီးသံနှင့်အတူ မီးတောက်နဂါးက ကောင်းကင်ယံထက်မှ ပြုတ်ကျလာပြီး မြေကြီးထဲ နစ်ကျွံသွားသည်။မြေပြင်က လှုပ်ခါသွားပြီး အိမ်များကလည်း အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားပေပြီ။


မီးတောက်နဂါး က ရုန်းကန်လှုပ်ရှားပြီး ရပ်တည်ရန် ကြိုးပမ်းလိုက်သည်။ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ ဖုန်လုံးများ မြင့်တက်သွားပြန်သည်။


ဝေရာ.....


 ထိုမြင်ကွင်းကို ကြည့်နေသော ဘလက်ကီ၏အမူအရာက အေးဆေးတည်ငြိမ်နေတုန်းပင် ဖြစ်သည်။သူက လက်ဖဝါးလေးကို ဖြန့်ကားလိုက်ပြီး နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်ပြန်သည်။


ဘန်း ......


အင်ပါရီယာမြို့တော် တစ်ခုလုံးကိုပင် လှုပ်ခါစေခဲ့သော မီးတောက်နဂါး၏ လှုပ်ရှားမှုများက ရပ်တန့်သွားပေပြီ။သူ့၏ ခန္ဓာကိုယ်မှ ထွက်လာသော သွေးများက သူပြုတ်ကျခဲ့သော ကျွင်းနှင့် ပြည့်သွားပြီး ချော်ရည်အိုင်ကဲ့သို့ပင် ဖြစ်နေသည်။


အလွန်အမင်း ကြောက်စရာကောင်းလှပြီး စွမ်းအားကြီးလှသော အဆင့်မြင့်သားရဲ မီးတောက်နဂါး .....


တောင်ပိုင်းဒေသ တစ်ခွင်လုံးတွင်ရှိသော ထိပ်သီး ကျွမ်းကျင်ပညာရှင်များကိုပင် ခြိမ်းခြောက်ဟန့်တားနိုင်သော မီးတောက်နဂါးက မမျှော်လင့်ထားစွာဖြင့်ပင် ခွေးတစ်ကောင်၏ ရိုက်ချက်နှစ်ချက်ဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရပေပြီ။ထိုအခိုက်အတန့်၌ လူအားလုံးက အံ့အားသင့်သင့်ဖြင့် ကြက်သေသေနေမိကြသည်။


မြို့တံတိုင်းထက်တွင်ရှိနေသော နီယန်၏ လှပသော မျက်နာလေးက ထိတ်လန့်အံ့အားသင့်မှုများနှင့် ပြည့်နှက်နေပြီး နီမြန်းသည့် နှုတ်ခမ်းပါးလေးကပင် ခပ်ဟဟပွင့်နေသည်။ယဲ့ဇီလင်းက သူမထက်ပင် ပို၍ ထိတ်လန့်တုန်လှုပ်နေသည်။


"ဒါက ဒီခွေးက ဘယ်လို ခွေးမျိုးတုန်း......"


အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲက ပို၍ အံ့အားအသင့်ဆုံး ဖြစ်သည်။ထိုကြောက်စရာကောင်းလှသော မြင်ကွင်းကြောင့် သူ့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားကြပြီး သူ့၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ယခုအခိုက်အတန့်ကို သူမည်မျှပင် တုန်လှုပ်ကြောက်ရွံ့မိမှန်း မည်သူမှ သဘောပေါက် နားလည်လိမ့်မည် မဟုတ်ပေ။


တန်ခိုးရှင်အဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော အဆင့်မြင့်သားရဲကြီးကို လက်ဝါးနှစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်ရန်အတွက် ကျင့်စဉ်မည်မျှ မြင့်မားဖို့ လိုအပ်မည်နည်း။


"ဒီခွေးက နတ်ဘုရား နယ်ပယ်အဆင့်လား ....ဒါမှမဟုတ်ရင် နတ်ဘုရားနယ်ပယ် တစ်ပိုင်း အဆင့်လား .....သူ မီးတောက်နဂါးကို ဖိနှိပ်လိုက်တဲ့ စွမ်းအားတွေက ကမ္ဘာ့ဖိအားပဲဖြစ်ရမယ်....."


အဖြစ်မှန်က တကယ့်ကို ရင်နာစရာ ကောင်းလှသည်။သူ့၏။ ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သော်လည်း ခွေးတစ်ကောင်ထက်ပင် နိမ့်ကျနေတုန်းဖြစ်သည်။လူတိုင်းက မှားယွင်း ဆုံးဖြတ်ခဲ့ပုံ ပေါ်သည်။


ဖန်ဖန်ဆိုင်ငယ်လေးရှေ့တွင် လဲလျောင်းနေသည့်ခွေးငပြင်းက အဆင့်မြင့်သားရဲကြီးမဟုတ်နိုင်ပေ။ထိုခွေးက နတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့် သားရဲဖြစ်နိုင်သည်။


"နတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့်...."


အဆင့်ချိုးဖောက်၍ အဆင့် ၁၀ သို့တက်ရောက်ရန်က မလွယ်ကူလှပေ။အထူးသဖြင့် စိတ်ဝိညာဉ်သားရဲများအတွက် ပို၍ပင် မလွယ်ကူပေ။တောင်ပိုင်းဒေသ၏ စည်းမျဉ်းများနှင့် ချုပ်နှောင်ဟန့်တားမှုများကြောင့် အဆင့် ၁၀ သို့ ချိုးဖောက်တက်ရောက်ရန်က ခက်ခဲလှသည်။အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲက အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်သည်။


ထိုခဏ၌ သူ့၏ အကြောချဉ်များ တောင့်တင်းနေပြီး ခန္ဓာကိုယ်က ချွေးများစိုရွှံနေသည်ကို သတိပြုမိလိုက်သည်။တန်ခိုးရှင်အဆင့် အထွဋ်အထိပ်တစ်ယောက်အနေဖြင့် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ချွေးများစိုရွှဲနေ့မျိုးရောက်လာလိမ့်မည်ဟု တွေးပင်မတွေးခဲ့ဖူးပေ။


နီယန်နှင့် ယခုထိတိုင်အောင် ကြောင်အနေဆဲ ဖြစ်သောကြောင့် အဆင့်မြင့်အကြီးအကဲ၏ အခြေအနေကို သတိမပြုမိကြပေ။ယခုအချိန်၌ ဂျိချန်းရွဲ့ကလည်း ကြောင်အမှင်သက်နေတုန်းဖြစ်သည်။


ရုတ်တရက် ကမ္ဘာကြီးပေါ်ယုံကြည်ထားသည့် သူ့၏ ယုံကြည်မှုများက လုံးဝ ကွဲပြားခြားနားနေသည်ကို သတိပြုမိလိုက်သည်။


"ငါက ဘယ်သူလဲ....ငါက ဘယ်နေရာမှာလဲ....ဒါကကော ဘယ်နေရာလဲ...."


ဂျိချန်းရွဲ့က စိတ်လွတ်စွာဖြင့် တီးတိုး ရေရွတ်နေမိသည်။


ဘလက်ကီ၏ ပုံပန်သဏ္ဍာန်က ခွေးဝတုတ်အဖြစ်သို့ ပြန်လည် သေးငယ်သွားပြီး လေထဲမှ မျောလွင့်လိုက်ကာ မီးတောက်နဂါးဘေးသို့ ဆင်းသက်လိုက်သည်။ထိုမီးတောက်နဂါး၌ အသက်စွမ်းအင် တစိုးတစိမျှ ရှိမနေတော့ပေ။


ဘလက်ကီက အနည်းငယ် ငြီးငြူလိုက်ပြီးနောက် သူ့၏ အမြီးကို လှုပ်ယမ်းလိုက်ပြီး မီးတောက်နဂါး၏ သွားတစ်ချောင်းကို အမြီးဖြင့် ရစ်အတ်လိုက်သည်။ထို့နောက် ထိုမီးတောက်နဂါး၏ အလောင်းကို တရွတ်တိုက်ဆွဲသွားပြီး ပုဖန်ရှိရာဆီသို့ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် လျှောက်သွားလိုက်သည်။


ကြီးမားလှသော မီးတောက်နဂါး၏ အလောင်းကို တရွတ်တိုက်ဆွဲသွားသောကြောင့် မြေပြင်က သိမ့်သိမ့်ခါနေပြီး ဆူညံသံများ ထွက်ပေါ်နေသေးသည်။


"ကောင်လေး မင်းစကားကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူးနော်......ဒီခွေးဘုရင်အတွက် အရသာရှိတဲ့ နဂါးနံရိုးချိုချဉ်ကြော်ကို သေချာပေါက် ပြင်ဆင်ပေးရမယ်...."


ဘလက်ကီက ဖားပြုပ်သားများကို ဖြတ်တောက်ပြီးစီးသွားပြီဖြစ်သော ပုဖန်ကို စိတ်အားထက်သန်စွာ ကြည့်၍ ပြောလိုက်သည်။


ပုဖန်က ဖားပြုပ်သားများကို စနစ်၏ သိုလှောင်နယ်မြေထဲသို့ ထည့်၍ သိမ်းဆည်းထားလိုက်သည်။ထို့နောက် သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ရာ ဝီခနဲ အသံတစ်ချက်နှင့်အတူ အစိမ်းရောင်မီးခိုးငွေ့များပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ပြန်လည် ပျောက်ကွယ်သွားသည်။


အားလုံးလုပ်ဆောင်ပြီးစီးသွားမှသာ သူက ကြီးမားလှသော မီးတောက်နဂါး၏ အလောင်းကို တစ်ချက်ကြည့်လိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့တက်သွားပြီး ပြောလိုက်၏။


"ခဏပဲစောင့်....."