အပိုင်း ၃၆၃
Viewers 53k

အခန်း ၃၆၃ 

တန်ခိုးရှင်များ၏ အ၀တ်အစားများ ဆွဲဖြဲခံရခြင်း...


အင်ပါရီယာမြို့တော်နှင့်မိုင်ပေါင်းများစွာ ကွာဝေးသောနေရာ၌... 


လူတစ်ယောက်... ကောင်းကင်ယံ၌ ဖြတ်သန်းပျံဝဲလျက်လာနေသည်။သူ့နဘေး၌လည်း တောက်ပထိန်ငြီးသော ရောင်ဝါများ ရစ်ဝဲနေ၏။


သူ၏ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းသံများ၏ဆူညံသံများက မိုးကြိုးမုန်တိုင်းသံကြီးများကဲ့သို့ အတိုင်းသားကြားနေရသည်။


ရူရဂိုဏ်းချုပ်ဖြစ်သော သွမ့်လင်းက လေတွင်ခန့်ညားတည်ငြိမ်စွာ ပျံဝဲလာ၏။


သူက လက်ရှိအချိန်အတွင် နတ်ဘုရားနယ်ပယ်အဆင့်သို့ ခြေလှမ်း တစ်၀က်ခန့်သာရောက်ရှိနေပြီး မကြာခင်တွင် တန်ခိုးရှင်အဆင့်ကို ကျော်လွန်ထိုးဖောက်ကာ အဆင့်တစ်ဆယ် နတ်ဘုရားနယ်ပယ်အဆင့်သို့ရောက်ရှိပေတော့မည်။


သို့သော်လည်း အဆင့်ခုနှစ်ရှိသော ‌သူတော်စင်အဆင့် ကြောင်တောင်တောင် ကောင်လေးက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လက်ဦးမှရရှိသွားသောကြောင့် ကျန်နေသေးသည့် အဆင့်တစ်၀က်ကို မတက်နိုင်ဘဲဖြစ်နေသည်။


သို့သော်လည်း သူ့ခန္ဓာကိုယ်က ကြောက်စရာကောင်းလှသည့် စွမ်းအင်အဆင့်ကိုရောက်ရှိနေပြီး တန်ခိုးရှင်အဆင့်၏အမြင့်ဆုံးသော အနေအထားကို ရရှိခဲ့သည်။


သွမ့်လင်းက ရေကဲ့သို့တည်ငြိမ်စွာထားလျက် ကမ္ဘာကြီး၏စွမ်းအင်ကိုသူ့စွမ်းအင်နှင့်ပေါင်းစည်းကာ သူ၏အရှိန်ကိုမြှင့်လိုက်သည်။


"နတ်ဘုရားနယ်ပယ်အဆင့်က တော်တော်ကိုကျယ်ပြောတာပဲ.......တန်ခိုးရှင်အဆင့်တွေမှာရှိတဲ့ ကနဦးအဆင့် ၊အလယ်အလတ်အဆင့် ၊ နောက်ဆုံးအဆင့်၊ အထွတ်အထိပ်အဆင့်‌တွေ လိုမဟုတ်ဘဲ သီးခြားကွဲပြားတယ်......"


သွမ့်လင်းက တွေးဆမိကာ စဉ်းစားနေသည်။


သူက တောင်ပိုင်းဒေသ အပြင်မှ လာခဲ့သူဖြစ်ပြီး တောင်ပိုင်းဒေသသားများထက် နတ်ဘုရားနယ်ပယ်အဆင့်အကြောင်းကို နှံ့စပ်စွာသိရှိလေသည်။


အဆင့်ကိုးဆင့်တွင်ရှိသော တန်ခိုးရှင်တစ်ယောက်သည် နောက်ဆုံးတစ်ဆင့်ကို ကျော်လွန်ခဲ့ပြီး အဆင့်တစ်ဆယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့ပါလျှင်လည်း နတ်ဘုရားအဆင်၏တန်ခိုးအစွမ်း၌ နည်းပါးသေးသည်။


တန်ခိုးရှင်အဆင့်၌ အဆင့်ခွဲများစွာရှိသကဲ့သို့ နတ်ဘုရားနယ်ပယ်အဆင့်တွင်လည်း အဆင့်ပေါင်းများစွာရှိလေ၏။


သို့သော် နတ်ဘုရားနယ်ပယ်အဆင့်နှင့် တန်ခိုးရှင်အဆင့်ကွာခြားမှုကတော့ တပ်တူညီခြင်းမရှိပေ။


တန်ခိုးရှင်အဆင့်၌ အဆင့်ကြီးလေးဆင့်ရှိပြီး ခြေလက်ခေါင်း စသည်တို့တွင် မူတည်နေလေသည်။အဆင့်တစ်ဆင့်တက်သွားတိုင်း သက်ဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကမ္ဘာကြီး၏စွမ်းအင်ဖြင့် သန့်စင်စေပြီး ပိုမိုအစွမ်းထက်‌လာစေ၏။


အကယ်၍တစ်ယောက်ယောက်သည် တန်ခိုးရှင်အဆင့်လွန်မြောက်၍ နတ်ဘုရားနယ်ပယ်အဆင့်ရောက်ခဲ့ပါက နတ်ဘုရားနယ်ပယ် ခန္ဒာကိုယ်နှင့်အတူ နတ်ဘုရားနယ်ပယ် ပထမအဆင့်သို့ရောက်ရှိပေလိမ့်မည်။


နတ်ဘုရားခန္ဓာကိုယ်အဆင့်ပြီးမြောက်ခဲ့ပါက ဒုတိယမြောက်အဆင့်သို့ရောက်ရှိမည်ဖြစ်သည်။တစ်စုံတစ်ယောက်သည် ဤကဲ့သို့အဆင့်မျိုးရရှိခဲ့ပါက နဂါးမြို့ဟောင်းနယ်မြေတစ်ခုလုံး၌ အစွမ်းအထက်ဆုံးသော လူတစ်ယောက်ဖြစ်ပေလိမ့်မည်။


နတ်ဘုရားနယ်ပယ်၏ တတိယမြောက်အဆင့်သည် သွမ့်လင်းမသိရှိဖူး၍ သူသည်လည်း သေချာနားမလည်ပေ။သို့သော် ထိုအစွမ်းရရှိသူသည် နဂါးမြို့ဟောင်းနယ်မြေတစ်ခုလုံးကို ဩဇာလွမ်းမိုးနိုင်ပေလိမ့်မည်။


သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်ရင်း... သူ့စိတ်ဓါတ်လဲ ပိုမိုပြင်းထန်လာလေသည်။


သူက ပြင်းထန်ကောင်းမွန်သော စွမ်းအင်ကိုလေ့လာရှာဖွေနေသူဖြစ်ပြီး နဂါးမြို့ဟောင်းနယ်မြေတစ်ခုလုံးကို အနိုင်အကျင့်ဗိုလ်ကျချင်ကာ တစ်ချိန်က ကျရှုံးခဲ့ရသည့် အရှက်နှင့်ဂုဏ်သိက္ခာကိုပြန်လည်ကာကွယ်ချင်သည်။


သူ့ အတွေးများက လက်ရှိအချိန်၌ အရာမရောက်ပေ။အကယ်၍ သူ၏စွမ်းအင်အဆင့်ကိုမြှင့်တင်လိုပါက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို အရင်ပြန်ရယူရမည် ဖြစ်သည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏အထောက်အပံ့ဖြင့် သူလိုအပ်နေသော စွမ်အင်အပြည့်အ၀ကို ရယူနိုင်သည်ဟု လုံးဝဥဿုံယုံကြည်မှုရှိနေသည်။


သွမ့်လင်း၏အောက် မြေပြင်ပေါ်၌မူ..စစ်တပ်ကြီးက တည်ငြိမ်ဝံ့ကြွားစွာ ရှေ့ဆက်ချီတတ်နေသည်။


ဂျိချန်းယု၏ စစ်တပ်သည် ရှုံးနိမ့်ပြီးရင်း ရှုံးနိမ့်ကာ နောက်ဆုံးတွင် ထွက်ပြေးဆုတ်ခွာခဲ့ရသော်လည်း အဆင့်မြင့်နတ်ဆရာမရောက်လာပြီးနောက် စစ်အင်အားကိုစုဆောင်းကာ ပြန်လည်ချီတက်ခဲ့ကြပြန်သည်။


မြင်းရထားလုံးထဲတွင် ရေခဲမျက်နှာဖုံးတပ်ထားသည့် အဆင့်မြင့်နတ်ဆရာမ ရှိကာ စစ်တပ်နှင့်အတူ ရှေ့ဆက်လျက်ရှိသည်။


မရေမတွက်နိုင်သော ကျောက်စိမ်းအဆောင်ပြားများသည် သူမနဘေးတွင် ဝဲပျံလျက် ကြီးမားနက်နဲသော မှော်အစီအရင်ကို ခင်းကျင်းထားသည်။


တဖြည်းဖြည်းချီတက်လာသော စစ်တက်ကြီးသည် မကြာမီတွင် အင်ပါရီယာ‌မြို့တော်ကို လှမ်းမြင်ရလေသည်။


စစ်၀တ်တန်ဆာအပြည့်၀တ်ဆင်ကာ မြင်းစီးထားသော ဂျိချန်းယုက အင်ပါရီယာမြို့တော်ကြီးကို မှိုင်းရီကာကြည့်နေသည်။သူကမြို့တော်ကို တိုက်ခိုက်ရန် ရောက်ရှိဖူးသော်လည်း ယခုအချိန်တွင်မူ စိတ်ကြည်မနေပေ။


သူအနည်းငယ်ကြောက်နေသည်။မြို့တော်ထဲရှိပုဖန်၏ဆိုင်ကို သူမျက်ခုံးလှုပ်နေသည်။


ရှုရဂိုဏ်း၏နတ်ဆရာကို ဆိုင်၏အဆင့်မြင့်သားရဲကသတ်ဖြတ်ခဲ့ပြီးနောက်... မြို့တော်ကိုနောက်တစ်ကြိမ်တိုက်ခိုက်တာက သူတို့ရူးများမနေဘူးလား...


ရူရဂိုဏ်း၏ အဆင့်မြင့်နတ်ဆရာမက သူ့ကို ခိုင်းချိန်တွင် ပယ်ရှားခဲ့ပါသော်လည်း.... တစ်ခါတစ်ရံပြင်းထန်သောဖိနှိပ်မှု၏အောက်တွင်သူရွေးချယ်စရာမရှိပေ။


.............


လေအလင်းအင်ပါရာ၏မြို့တော်တံတိုင်းပေါ်တွင်.....


ဂျိချန်းရွဲ့ ကစိတ်လှုပ်ရှားပြီး စိတ်ရှုပ်ထွေးနေသည်။

ယနေ့တွင်ကြုံတွေ့ရသော အဖြစ်အပျက်များသည် လွန်စွာဆန်းကြယ်လေရာအဆင့်မြင့်သားရဲနှစ်ကောင်ကို ဤကဲ့သို့သတ်ဖြတ်ခြင်းမျိုး သူ့တစ်သက်တာတွင်ကြုံခဲ့ဖူးခြင်းမရှိပေ။


ထိုသားရဲနှစ်ကောင်ကိုကြောက်လန့်လွန်းသောကြောင့် သူ့ဒူးများပင်ခွေညွတ်မတတ်ဖြစ်နေသည်။သို့သော် နေ့တစ်၀က်အတွင်းပင် ထိုသားရဲများသည် အလောင်းကောင်အဖြစ်သို့ရောက်ရှိကုန်သည်။


သူတို့ထဲမှတစ်ကောင်ကို ပုဖန်သည် စိတ်လိုလက်က ဖြတ်တောက်ပြီး ဟင်းချက်ရန် ကြံရွယ်‌လေသည်။


သူသည် အဆင့်မြင့်သားရဲအသားများကိုဟင်းချက်ရန် ကြံရွယ်တတ်သူအားမမြင်ဖူးပေ။ဤသို့သော သားရဲများကို ဟင်းချက်ရန်အတွေးကပင် လူတိုင်းကိုအသည်းယားစေ၏။


အဆင့်မြင့်အကြီးအကဲက အကြီးအကျယ်တိုက်ခိုက်ပြီးနောက် အမောဖြေ..အသက်ရှုပြီး အတွေးနယ်ချဲ့နေသည်။


ပုဖန်နှင့်သူ့ဘေးမှခွေးကြီးကိုမြင်သည်နှင့် သူတပည့်များကြောက်ရွံ့ကုန်သည်။ခွေးကြီးက သွမ့်လင်းလောက်နီးနီးစွမ်းအင်ပိုင်ဆိုင်ထားသည်။


သွမ့်လင်းရောက်ရှိလာခဲ့လျှင် နောက်တစ်ကြိမ် တိုက်ပွဲကြီးကြီးမားမားဖြစ်ပေဦးမည်။


အဆင့်မြင့်အကြီးအကဲက သူ၏‌မုတ်ဆိတ်ဖြူကြီးများကို ပွတ်သပ်ကာ အော်ရယ်လိုက်လေ၏။


သူကနေရာမှမရွေ့ဘဲ လက်ကိုဝှေ့ရမ်းလိုက်ရင်း အဖြူရောက်ကျောက်စိမ်းပြားများကို မြို့တံတိုင်းထောင့်တိုင်းတွင် ရောက်ရှိစေလေ‌သည်။နောက်ဆက်တွဲမှော်အစီအရင်များကိုလည်း ပြုလုပ်လိုက်သေးသည်။


နီယန်နှင့်ယဲ့ဇီလင်းက မြို့တံတိုင်းမှဆင်းကာ ပုဖန်ဆီသို့သွားလေသည်။


ဘလက်ကီက ပုဖန်အနားရောက်သောအခါ အဆင့်မြင့်မီးနဂါးအလောင်းကိုကြည့်လိုက်ရင်း ပျင်းရိစွာသမ်းဝေလိုက်သည်။


ထို့နောက်ကြောင်တစ်ကောင်လို လှုပ်လီလှုပ်လဲ့လျှောက်ရင်းဆိုင်ရှေ့တွင် လှဲလျောင်းနေလေကာ ခဏအကြာတွင်အိမ်ပျော်သွားသည်။


ပုဖန်က ဘလက်ကီကိုခဏမျှသာ အာရုံစိုက်ပြီး ကြောက်စရာနဂါးအသေကြီး ပြန်ကြည့်လိုက်သည်။


ယခုမူ မီးနဂါးကြီးက မလှုပ်မယှက်ငြိမ်သက်နေကာ သူ၏မီးတောက်များသည်လည်း မှေးမိန်ပျောက်ကွယ်သွား‌လေပြီ။


"ဝုန်း....." 


အဝေးမှ အုတ်ခဲများပြိုကျသံကိုကြားရပြီး ကြောက်ရွံ့တုန်လှုပ်နေသော လူနှစ်ယောက်သည် အုတ်ခဲအကျိုးများကြားမှာ တွားသွားကာ ထွက်လာသည်။


ထိုသူတို့က မြေရိုင်းလွင်ပြင်ဒေသနတ်ဘုရားကျောင်းတော်မှ တန်ခိုးရှင်နှစ်ယောက်ဖြစ်သည်။


သူတို့က စုတ်စုတ်ပြတ်ပြတ်ဖြင့်‌အုတ်ခဲပုံမှထွက်လာလာခြင်း မီးနဂါးအသေကောင်ကြီးကိုမြင်ရာ မျက်နှာသွေးများဖြူဆွတ်ကုန်ပြီး တုန်လှုပ်နေကြသည်။


နှစ်ချက်တည်း.....တစ်ကယ့်ကိုနှစ်ချက်တည်းရယ်...


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏အစောင့်အရှောက် ဖြစ်သည့် တောင်စဉ်တစ်ထောင်တောင်တန်းမှ မီးနဂါးကြီးသည် ယခုတော့ နှစ်ချက်တည်းရိုကခံရရုံဖြင့် သေနေလေပြီ။


သူတို့ကိုနောက်နေသလိုပင် ဖြစ်နေသည်။


ဤကဲ့သို့အဆင့်မြင့်သားရဲမျိုးကို နှစ်ချက်တည်းဖြင့်သတ်နိုင်သူသည် အင်ပါယာမြို့တော်ကြီး‌တွင်နေထိုင်ကြောင်း သူတို့မသိခဲ့ပေ။


အကယ်၍သူတို့အား နောက်တစ်ကြိမ်အခွင့်အရေးရှိခဲ့ပါက သူတို့သည် အင်ပါရာမြို့တော်ကိုလာတိုက်ခိုက်မည့်အစား မြို့တော်နှင့် ဝေးနိုင်သမျှ ဝေးဝေးကိုပြေးမည်ဖြစ်သည်။


"ဪ......ဒီနှစ်ကောင်က အသက်ရှင်နေသေးတာဘဲ......."


ပုဖန်သည် မီးနဂါးအသေကောင်ဆီမှ အလိုရှိရာ အစိတ်အပိုင်းများကိုစတင် လှီးဖြတ်လေတော့သည်။မီးနဂါးအသားသည် အလွန်ပင်အရသာရှိသော အသားဖြစ်ကာ နံရိုးချိုချဉ်အသားနှပ်ကိုပင်ချက်နိုင်သေးသည်။


သို့သော် သေပြီဟုသတ်မှတ်ထားသော တန်ခိုးရှင်နှစ်ယောက်သည် အုတ်ခဲပုံကြားမှထွက်လာသဖြင့် ပုဖန်အံ့အားသင့်နေသည်။


ပုဖန်ကထိုသူနှစ်ယောက်ကိုစိုက်ကြည့်လိုက်ရာ သူတို့အသက်ပင်မရှုနိုင်တော့ချေ။


"ဝုန်း....."


ချက်ခြင်းပင် တိုင်ပင်ထားသကဲ့သို့ နောက်လှည့်ထွက်ပြေးလေတော့သည်။


မည်သူက သူတို့အသက်ထက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုတန်ဖိုးထားမည်နည်း....

အသက်ထက် မည်သည်ကများ အရေးကြီးမည်နည်း...


ပုဖန်က ထွက်ပြေးသွားသော နှစ်ယောက်ကိုကြည့်လိုက်ရင်း လှစ်ခနဲပြုံးလိုက်သည်။ပုဖန်ကဘေးနားတွင်ရှိသော ဝှိုက်တီဗိုက်ကိုပုတ်လိုက်ရင်း မီးနဂါးကိုပြန်ဖျက် ပြန်သည်။


ဝှိုက်တီ၏မျက်လုံးမှအရောင်များထွက်လာရင်း....


"ချွင်......"


‌နောက်ကျောမှ အတောင်ပျံဖြန့်ထွက်လာကာ ကောင်းကင်ထက်သို့ အဟုန်ထိုးတက်သွားလေသေည်။


ထို့နောက် ပြေးလျက်ရှိနေသည့် တန်ခိုးရှင်နှစ်ယောက်အနားသို့ဆင်းလိုက်ကာ...


"ကောင်လေးတွေ.... ပြဿနာရှာသူတွေအဖြစ် တခြားသူတွေကို စံပြဥပမာပေးဖို့အတွက် အဝတ်တွေချွတ်ပစ်ရမယ်......."


သူတို့နှစ်ယောက်စလုံးက ဝှိုက်တီကို အတော်ပင် လန့်ထိတ်နေကြသည်။


ဝှိုက်တီ၏ မျက်လုံးများကအနီရောင်သို့ပြောင်းလဲနေပြီး အသံကလည်းဟိန်းထွက်နေသည်။


တန်ခိုးရှင်နှစ်ယောက်က အကြောက်လွန်ကာ ကြောင်နေကြသည်။


"ဘုန်း.........."


ပြင်းထန်သော အသံနှင့်အတူ သူတို့နှစ်ယောက်စလုံး မြေကြီးပေါ်လဲသွားကြသည်။


ဝှိုက်တီက မြေကြီးပေါ်တွင် မားမားမတ်မတ်ရပ်လိုက်ရင်း... သူတို့နှစ်ယောက်စလုံး၏ အင်္ကျီကိုဆွဲဖြဲလိုက်သံက မြို့တစ်ခုလုံးနီးပါးပင် ပဲ့တင်ထပ်သွားလေသည်။


"ဗြဲ......ဗျစ်..."


"ဝှီး......."


 ဝှိုက်တီက သူတို့နှစ်ယောက်စလုံးကို ဆွဲ လွှင့်ပစ်လိုက်ရာ အင်ပါရာမြို့တော်အပြင်ဘက်သို့ကျသွားလေ၏။


အဆင့်ရှစ်အဆင့်ရှိသော အဆင့်မြင့်သားရဲ အရေခွံဖြင့်ချုပ်ထားသော သူတို့၏ အ၀တ်အစားများလဲ အပိုင်းပိုင်းဖြစ်သွားသည်။


သူတို့၏အဖြစ်အပျက်ကို မြင်လိုက်ရသော... အင်ပါရာတစ်မြို့လုံး အံ့ဩလွန်း၍စကားမဆိုနိုင်ပဲ ကြောင်အနေကြသည်။


ထိုအဖြစ်အပျက်ကိုမြင်လိုက်ရသော ကွမ်းရှောင်ယီက ရယ်စရာအဖြစ်အပျက်ကိုတွေ့လိုက်ရသလို စိတ်ရွှင်နေလေသည်။