အပိုင်း ၃၆၄
Viewers 53k

အခန်း ၃၆၄ 

နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာသို့ နဂါးသွေး သွန်းလောင်းခြင်း.....


တောင်ပိုင်းဒေသ၌ 

တန်ခိုးရှင်များသည် အတော်ပင်နေရာယူ အရေးပါကြသည်။သူတို့၏ တစ်သီးတစ်ခြားနေထိုင်ခြင်းက နတ်ဘုရားဟုပင် သာမာန်လူများကိုထင်မှတ်မှားစေသည်။


ထိုကဲ့သို့နတ်ဘုရားတစ်ပါး ကဲ့သို့ဖြစ်နေသည့် တန်ခိုးရှင်များ၏ အ၀တ်အစားများဆုတ်ဖြဲလိုက်ခြင်း ဖြစ်ရပ်က သူတို့၏မောက်မာထောင်လွှားမှုများကို လျော့ချပေးနိုင်ခဲ့သည်။


ထို့အတူ တန်ခိုးရှင်များကို ရိုသေကျိူးနွံကာ ကြောက်ရွံ့တတ်သည့် သာမန်ပြည်သူများလည်း ကြောက်ရွံွှ့ုလျော့နည်းသွားကြသည်။


တန်ခိုးရှင်များ၏အ၀တ်အစားဆုတ်ဖြဲခံရချိန်တွင် ဘေးပတ်၀န်းကျင်မှ လူအများလည်းရှိနေလေရာ ထိုဖြစ်ရပ်ကိုကြည့်ပြီး ဝါးလုံးကွဲမတတ်လှောင်ပြောင်ရယ်ပွဲဖွဲ့ကြလေသည်။


မြေရ်ိုင်းလွင်ပြင်ဒေသနတ်ဘုရားကျောင်းတော်မှတန်ခိုးရှင်များသည်လည်းကို့ရိုးကားရားဖြစ်ကာ သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းကို အလျင်အမြန်ပင်ဖုံးလိုက်ကြသည်။


မျက်နှာတစ်ခုလုံး ရှက်စိတ်ဖြင့် နီရဲလျက် ဝှိုက်တီကိုမကျေမနပ်ကြည့်ကာ ပြန်ပြောဖို့ပြင်လိုက်သည်။ သူတို့ပါးစပ်မဟနိုင်ခင်အချိန်တွင်ပင် ဝှိုက်တီ၏ သတ္တုအတောင်ပံများ ဖြန့်ထွက်လိုက်သောကြောင့်...


"ဟာ........မင်းဘာလုပ်ဦးမလို့လဲ....."


တန်ခိုးရှင်နှစ်ယောက်စလုံး ထိတ်ထိတ်ပြာပြာဖြင့် ခေါင်းနပန်းကြီးသွါးသည်။ရုတ်တရက်ပင် ဖုံများ တစ်ထောင်းထောင်းထွက်တဲ့အထိ ဖင်ပြောင်ကြီးများဖြင့် ထွက်ပြေးလေတော့သည်။


ဝှိုက်တီသည် သတ္တုအတောင်ပံများကို ဖြန့်ကား၍ မြေကြီးပေါ်သို့သက်ဆင်းလိုက်သည်။သူ့ မျက်ဆံများကလဲ မျက်တောင်တစ်ကြိမ်ခပ်လိုက်တိုင်း မတူညီသော အရောင်သုံးရောင်အဖြစ်သို့ပြောင်းလဲနေသည်။


ပုဖန်က မီးနဂါးအသေကောင်၏ ထူးခြားသောအသားကိုစကိုင်လိုက်သည်။


 ရွှေနဂါးအရိုးမီးဖိုချောင်သုံး‌ဓါး သူ့လက်ထဲ၌ ထွက်ပေါ်လာပြီး....ပုဖန်က ဓါး ကို တင်းတင်းကိုင်လျက် မီးနဂါး၏ လည်ပင်းပေါ်သို့ တင် လိုက်သည်။


"ရွှမ်း......"


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးဖြင့် မီးနဂါးအသားကို ထိုးဖောက်ခွဲဖြတ်လိုက်သည်။


ပုဖန်က မီးနဂါး၏ နံရိုးသားတစ်ဝှိုက်လှီးထုတ်လိုက်၏။နံရိုးချိုချဉ်‌ကြော် ကိုလုပ်ဖို့ အကောင်းဆုံးသောနေရာသည် နံရိုးတစ်ဝှိုက်ရှိအသားများဖြစ်သည်။


ပုဖန်က နံရိုးသားတစ်ဝှိုက်ကိုသာ ခုတ်ယူလိုက်ပြီး ကျန်အသားများကိုမှု သိုလှောင်နယ်မြေထဲသို့ သိုလှောင်သိမ်းဆည်းလိုက်သည်။ထို့နောက် နံရိသားကို ကိုင်မကာ မီး‌ဖိုချောင်သို့သယ်သွားလိုက်သည်။


မီးဖိုခုံ၌တင်ထားလိုက်ပြီး သူ့လက်ကိုရေဖြင့်စင်အောင်ဆေးလိုက်သည်။


ထို့နောက် ရှောင်မန်၏အသက်ကယ်ဆယ်ရန် နတ်မင်းစွေ့စွေ့ခုန်ဟင်းကို စတင်ချက်ပြုတ်ရန်ပြင်ဆင်တော့သည်။


ရှောင်မန်၏မျက်နှာက သွေးဆုတ်သကဲ့သို့ဖြုဖျော့နေ၏။အဆိပ်က ခန္ဓာကိုယ်အနှံ့သို့ရောက်ရှိနေပြီဖြစ်သည်။


ရှောင်ယန်ယုနှင့်ရှောင်ရှောင်လုံက ပုဖန်ကိုမျှော်လင့်တကြီးစိုက်ကြည့်ကာ သက်စောင့်ဆေးဖော်စပ်ကာ သူတို့အဖေကိုကယ်တင်မည်ဟု မျှော်လင့်နေကြသည်။


"ပထမဆုံး........မင်းတို့အဖေကို အရင်ထိုင်ခိုင်းလိုက်ပါ....."


ဆိုင်ထဲတွင်ရှိသော ငါးလမ်းကြောင်းသိမြင်မှုသစ်ပင်၏ စိတ်ဝိညာဉ်စွမ်းအားရနံ့က ကြိုင်သင်းနေသည်။ ထိုရနံ့ကပင် ရှောင်မန်၏ အနေအထားကို အနည်းငယ်သက်သာလာစေသည်။


ပုဖန်က သူတို့၏အခြေအနေကိုကြည့်ကာ လက်နောက်ပစ်ရင်း ခေါက်တုန့်ခေါက်ပြန်လျောက်နေသည်။ထို့နောက် ခဏအကြာတွင် တွေတွေကြီးရပ်ကြည့်ပြီး... မီးဖိုချောင်ထဲသို့လှည့်၀င်သွားသည်။


ရှောင်ရှောင်‌လုံက ပုဖန်ကို ကူညီရန်လိုက်လာခဲ့ပါသော်လည်း... ပုဖန်က အပြင်မှာပင်စောင့်ဆိုင်းခိုင်းထားသည်။


နီယ့်နှင့် ယဲ့ဇီလင်းက ပိုင်ရှင်ပု အခြားသောဟင်းလျာချက်ပြုတ်မည်ထင်၍ မီးဖိုချောင်ဘက်သို့ စိတ်၀င်တစားမျှော်ကြည့်နေကြသည်။သူတို့မျှော်လင့်နေကြသည်။


ပုဖန်က မီးဖိုချောင်ထဲသို့ရောက်သော်လည်း စစချင်းမချက်သေးပေ။ဤအကြိမ်တွင် နတ်မင်းစွ့စွေ့ခုန်ဟင်းလျာချက်ပြုတ်မည်ဖြစ်၍ လွယ်ကူမည်မဟုတ်ဘဲ အဓိကဟင်းချက်ပစ္စည်းများလည်း များစွာပါ၀င်သေး၏။


ထိုအပြင် အစွမ်းသတ္တိများစွာပါ၀င်သော ဟင်းချက်ပစ္စည်းများကို အချိုးအဆညီစွာ ရောစပ်သည်မှာ အလွန်ပင်ခက်ခဲလေ၏။


ကံကောင်းစွာပင် ပုဖန်၌ မဟူရာလိပ်ခုံးဒယ်အိုးရှိကာ ထိုဒယ်အိုးဖြင့်ပင် ဟင်းချက်ပါ၀င်ပစ္စည်းများကို အကောင်းမွန်ဆုံးဖြစ်စေရန် ဆောင်ရွက်ပေးနိုင်သည်။ထို့ကြောင့်ပင် ဟင်းလျာချက်ပြုတ်ခြင်းက အဆင်ပြေသွားသည်။


ပထမဆုံး အနေဖြင့် နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာကို ထည့်စရာ အိုးခွက် လိုအပ်လေရာ စနစ်က သူကို ထောက်ပံ့ပေးလေသည်။ သူက စနစ်အတွင်းမှ ကြွေအိုးတစ်ခုကိုထုတ်ယူလိုက်သည်။ကြွေအိုးက ဝိုင်ခွက်တစ်ခွက်နှင့်ပင်ဆင်တူသည်။


ကြည်နူးစရာကောင်းသည့်နတ်မင်းတစ်ပါးပုံ ကြွေအိုးပေါ်၌ပော်လာသည်။နတ်မင်း၏ ပြုံးရယ်နေသည့်ပုံရိပ်က စိတ်ကြည်နူးစေ၏။ကြွေအိုးက သာမန်ကြွေအိုးမဟုတ်ပေ။


ပုဖန်က ကြာကြာအာရုံမစိုက်နိုင်ဘဲ ကြွေအိုးအား ဆေးကြောသန့်စင်ကာ ဘေးနားထားလိုက်သည်။ထို့နောက် သူ ဟင်းချက်ရန်စတင်ပြင်ဆင်လေသည်။


နတ်မင်းစွေ့စွေ့ခုန်အတွက်လိုအပ်သော ပါ၀င်ပစ္စည်းများက မတူညီ များပြားလှသည်။


ဟင်းလျာပြုလုပ်ရန် အဓိကအမျိုးအစား ဆယ်ရှစ်မျိုးအထိလိုအပ်၍ နောက်လိုက်ပါ၀င်ပစ္စည်းများက ဆယ့်နှစ်မျိုးအထိပါ၀င်လေသည်။


အဓိက အမျိုးအစားများသည် ဘဲခေါင်းနီ၊‌‌သွေးနီရောင်ဖီးနစ်ပေါက်၊နတ်ဆိုးငါး၊အဆင့်မြင့်သားရဲ မီးနဂါး ခြေသည်း၊ဖားပြုတ်ခြေထောက် များ၏ အစိတ်အပိုင်းများဖြစ်ကြသည်။


ထိုအရာတို့အားလုံးက အဖိုးတန်သော ရှားပါးပစ္စည်းများဖြစ်သည်။ အဆင့်မြင့်သားရဲမီးနဂါးခြေသည်းနှင့်ဖားပြုတ်ခြေထောက်တို့က လူတိုင်းကို အံ့အားသင့် စိတ်လှုပ်ရှားနိုင်သည်။


ပုဖန်၏လက်တစ်ဝှိုက်တွင် မီးခိုးငွေ့စိမ်းများ နှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးထွက်ပေါ်လာသည်။ ထိုဓါးဖြင့် စိတ်ဝိညာဉ်စွမ်းအင်းများ ပျော်၀င်စီးဆင်းနေသော ဖားပြုပ်ခြေထောက်ကို လှီးဖြတ်လိုက်သည်။


ရွှေနဂါးအရိုးမီး‌ဖိုချောင်သုံးဓါးဖြင့်ပင် အသားမြှောင်းကို လှီးရာ ပေးလိုက်ကာ ကြွေအိုးထဲသို့ထည့်လိုက်သည်။


ထို့နောက်...

ချက်ခြင်းပင် မီးနဂါးခြေသည်းကိုစကိုင်လိုက်သည်။ မီးနဂါးခြေသည်းက အတော်ပင်ကြီးမားလေရာ အကုန်လုံးကိုထည့်ချက်၍မရပေ။


ထိုကြောင့် ခြေချောင်းနှစ်ချောင်းသာ ယူလိုက်ပြီး ခြေသည်းများကို ခုတ်ဖြတ်လိုက်သည်။ ခုတ်ထားပြီးသား ခြေချောင်းများကို နွေဦးစမ်းရေဖြင့် ဆေးကြောလိုက်ရင်း ကြွေအိုးထဲထည့်လိုက်ပြန်သည်။


သွေးနီရောင်ဖီးနစ်ပေါက်နှင့် ဘဲခေါင်းနီကိုလည်း ပြင်ဆင်ကာ သန့်စင်လေ၏။


ထို သွေးနီရောင်ဖီးနစ်ပေါက်နှင့် ဘဲခေါင်းနီသည် စွမ်းအင်နည်းပါးကာ ကြောက်စရာကောင်းလှသော သတ္တဝါများ မဟုတ်သော်လည်း ရှားပါးလှသော အကောင်များဖြစ်၏။


ပုဖန်က ထိုအရာအားလုံးကို ကြွေအိုးထဲ ထည့်လိုက်ရာ ကြွေအိုးက ပြည့်လျှံ လုနီးပါးဖြစ်သွားသည်။


ထို့နောက် သူ အရံပါ၀င်စ္စည်းများကို စတင်ပြင်ဆင်တော့၏။


ပုဖန်က တောင်စဉ်တစ်ထောင်တောင်တန်းမှ အချို့ငှက်ဥများ ရရှိခဲ့သည်။ထို့ပြင် အဖိုးတန်ပြီးရှားပါးသော အရာမှာ တောင်ပိုင်းမြို့တော်၌ ရရှိခဲ့သော နတ်ဆိုးငါးပင် ဖြစ်သည်။


ထိုအရာများကိုလည်း ဖြတ်တောက်ခုတ်ပိုင်း၍ထည့်လိုက်ရာ ကြွေအိုးအပြည့်ပင်ဖြစ်သွားတော့သည်။


ကြွေအိုးအတွင်းရှိ ဟင်းချက်အမယ်များက မချက်ပြုတ်ခင်ကပင်...ကိုယ်ပိုင်စိတ်ဝိညာဉ်အင်အားများ တစ်စတစ်စ စုပေါင်းသွားကာ စိတ်ဝိညဉ်စွမ်းအင်များ လှိုင်လှိုင်ထွက်ရှိနေသည်။


ထို့နောက် ပုဖန်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ပုလင်းကို ထုတ်ယူလိုက်သည်။


စိတ်ဝိညာဉ်စွမ်းအင်များပိုမိုထွက်လာစေရန် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်တစ်‌၀က်လောက် လောင်းချလိုက်သည်။


ုပြင်ဆင်မှု အဆုံးသတ်အနေဖြင့် နွေဦးစမ်းရေကို ထည့်လိုက်သည်ယ


ပုဖန်က စိတ်ဝိညဉ်ခရမ်းသစ်ရွက်ကိုယူလိုက်ကာ ကြွေအိုးနှုတ်ခမ်းကိုပွတ်သပ်လိုက်ပြီး ဖုံးအုပ်လိုက်သည်။


နောက်ဆုံးပြီးစီးအချိန်မှသာ သက်ပြင်းမှုတ်ထုတ်လိုက်နိုင်ပြီး... ကြွေအိုးကြီးကို မနိုင်မနင်း မလာလေသည်။


သူက မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်ပြီး လေထဲ၌ ရပ်တန့်စေလိုက်သည်။ဒယ်အိုးကို တဖြည်းဖြည်း ကြီးမားလာစေလိုက်ပြီး လိုအပ်သည့်အနေအထားရောက်မှသာ ရပ်တန့်လိုက်သည်။


ဒယ်အိုးထဲသို့ နဂါးသွေးထည့်လိုက်ပြီး အသေအချာစဉ်းစားကာ ပြုပြင်လိုက်သည်။နောက်ထပ်အဆင့်သည် နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာအတွက် အလွန်ပင်အရေးကြီး၏။


ပုဖန်က စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး ပါးစပ်ဟကာ ရွေရောင်မီးတောက် မှုတ်ထုတ်လိုက်သည်။


မီးတောက်က ဒယ်အိုး၏‌ဘက်လေးထောင့်သို့ရောက်ကာ ဒယ်အိုးကို စတင်၍မီးစွဲလောင်‌လေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးထံသို့ စိတ်နှစ်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များ၏ စိတ်ဝိညာဉ်စွမ်းအင်များ ပြောင်းလဲမှု့ကို စောင့်ကြည့်နေတော့သည်။


..........


အင်ပါရီယာမြို့တော်၏အပြင်ဘက်တွင်.... ဂျိချန်းယု၏တပ်က မြို့တော်ဆီသို့ တစ်ရွေ့ရွေ့ချဉ်းကပ်လာနေသည်။


မြို့တံတိုင်းထက်မှအစောင့်များက ဂျိချန်းယုတပ်များ လာသည်ကိုမြင်သည်နှင့် ဂျိချန်းရွဲ့ထံ သတင်းပို့လိုက်ကြသည်။


သတင်းပို့ကြားချက်ကို ဂျိချန်းရွဲ့ကြားသည်နှင့်တပြိုင်နင် ကပြာကသီပင် မြို့တံတိုင်းအထက်သို့ရောက်ရှိလာသည်။


ကြီးမားသော စစ်တပ်ကြီးကိုမြင်မိသောအခါ ဂျိချန်းရွဲ့ အတော်ပင်တုန်လှုပ်မိသွားသည်။


ကောင်းကင်ယံ၌ ပျံဝဲလာသော လူတစ်ယောက်က လက်နောက်ပစ်လျက် ဆင်းသက်လာလေသည်။


သူ၏ခန္ဓာကိုယ်မှ မိုးကြိုးမုန်တိုင်းများကဲ့သို့ အသံများ ဆူညံစွာထွက်ပေါ်လျက်ရှိသည်။


ထိုသူက ကြောက်မက်စရာ စွမ်းအင်ပိုင်ဆိုင်ထားသူဖြစ်ပြီး သွေးနီရောင် ရှုရဂိုဏ်းဓါးသည်လည်း သူ့ကိုယ်ကို ရစ်ဝဲလှည့်ပတ်နေ၏။


သွမ့်လင်းက မိုးကြိုးကဲ့သို့တောက်ပလင်းလက်သောအကြည့်ဖြင့် အင်ပါရီယာမြို့တော်ကိုစူးစိုက်ကြည့်နေသည်။


"ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ငါ့အတွက်ဘဲဖြစ်ရမယ်.....မင်းငါ့ဆီက ဘယ်လောက်အထိ ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့....."


သူ၏သွေးများ ဆူပွက်လာကာ ပူလောင်နေ၏။သူကနောက်ဆုံးလေပူများမှုတ်ထုတ်လိုက်ရင်း မျက်နှာထားကိုတည်လိုက်လေသည်။