အပိုင်း ၃၆၅
Viewers 53k

အခန်း ၃၆၅ 

"နတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့် စွမ်းအင်သမား ရောက်ရှိလာခြင်း"


မဟူရာလိပ်ခုံးဒယ်အိုးကို မီးဖိုချောင်အလယ်ရှိ လေဟာနယ်တွင် တန့်နေစေလျက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏ မီးစွယ်များက လောင်မြိုက်နေကြသည်။


ဒယ်အိုးထဲမှ သွေးနံ့က မီးဖိုချောင်ထဲ ပြန့်နှံ့လာလေသည်။‌ထိုမီးနဂါး၏သွေးညှီနံ့ကို ရှုရှိုက်မိသူတိုင်းသည် မျက်မှောင်မကြုံ့ဘဲမနေနိုင် ဖြစ်နေသည်။


ဒယ်အိုးထဲသို့ထည့်ထားသော‌ မီးနဂါးသွေးများက ကြိုချက်မှုကြောင့် စိတ်ဝိညာဉ်စွမ်းအင်နှင့်အတူ ဆူပွက်နေကြသည်။


မီးနဂါးသွေး၏နဂိုမူလဂုဏ်သတ္တိသည် မီးတောက်ချောရည်ကဲ့သို့ဖြစ်လေရာ ထိတွေ့ကိုင်မိသူတိုင်းကို အပူလောင်စေ၏။


ယခုလိုကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ဖြင့်ကြိုချက်လိုက်ချိန်တွင်တော့ သူ့၏အပူသည် ပိုမိုပြင်းထန်လာလေတော့သည်။


ဆူပွက်လာသော သွေးများက ကြွေအိုးကို ဖုံးအုပ်သွားမတတ်ဖြစ်နေသည်။ကြွေအိုးထဲတွင် အေးခဲကျောက်စိမ်းနှလုံးသားဝိုင် ပါ၀င်သောကြောင့် အပူချိန်ကိုလျော့နည်းစေသော်လည်း သွေးနီရောင် စိတ်ဝိညာဉ်စွမ်းအင်များက ကြွေအိုးကို အုပ်မိုးမတတ်ပင်ဖြစ်နေသည်။


မီးနဂါးသွေးက အကောင်းဆုံးသော ပစ္စည်းတစ်မျိုးဖြစ်သည်။ကြိုချက်ပြီးသား နဂါးသွေးကို ကြွေအိုးထဲသို့ လောင်းချလိုက်ရာခဏအကြာတွင် နဂါးသွေးများ ဆူပွက်လျှံကျလာပြီး ကြွေအိုးပော်ရှိ ပြုံရယ်နေသည့်နတ်မင်းပုံရိပ်ကိုပင် ဖုံလွှမ်းလေသည်။


ပုဖန်က ဘေးရှိထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး နဂါးသွေးကိုစောင့်ကြည်နေလိုက်သည်။


ခုံကိုမှီ၍ပင်မထိုင်နိုင်ဘဲ သတိထားစောင့်ကြည့်နေရသည်။သူ ဤဟင်းပွဲကို အတော်ပင်ဂရုစိုက်ကာ အလွန်အ‌လေးထားကြောင်းသိသာသည်။


သူ့ထံမှ အစစ်အမှန်အင်အားများက ပိုးချည်မျှင်များကဲ့သို့ မရေမတွက်နိုင်အောင်ပေါ်ထွက်လာပြီး မဟုရာလိပ်ခုံးဒယ်အိုးကို ပင့်ကူအိမ်သဖွယ် ရစ်ပတ်လိုက်သည်။


သို့မှသာဟင်းပွဲ၏ အသေးစိတ်ပြောင်းလဲချက်ကိုပင်သူသိရှိနိုင်မည်ဖြစ်သည်။


ဤသည်မှာ အစစ်အမှန်စွမ်းအင်ဖြင့် ဟင်းချက်ခြင်းဖြစ်၍ ယခုကဲ့သို့ မဟုရာလိပ်ခုံးဒယ်အိုးကို ရရှိပြီးချိန်တွင်တော့ သူ၏ဟင်းချက်စွမ်းရည်သည် အတော်ပင်မြင့်မားလာခဲ့သည်။


နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာ၏ ပထမအဆင့် ဟင်းချက်ပစ္စည်းများသည် အဆင့်မြင့်သားရဲနှစ်ကောင်မှ ရရှိထားခြင်းဖြစ်လေရာ ချက်ရခက်ခဲလှသည်။


သို့သော်လည်း ကြမ်းတမ်းခြင်းမီးတောက်တစ်သောင်းက ကြွေအိုးအထဲကိုပင် အပူပေးနိုင်သောကြောင့် ပါ၀င်ပစ္စည်းများကိုကောင်စွာ ကျက်စေလေသည်။


အဆင့်မြင့်သားရဲနှစ်ကောင်၏ စိတ်ဝိညာဉ်စွမ်းအင်သည် များပြားပြီး ပြင်းထန်လေရာ အခြားသော ပါ၀င်ပစ္စည်းများ၏ စိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ပြန့်ခြင်းကို အဟန့်အတားဖြစ်စေသည်။


စိတ်ဝိညာဉ်စွမ်းအင်မြင့်မားလေ ချက်ပြုတ်ရ ခက်ခဲလေဖြစ်ကာ ထိုမြင့်မားသော စိတ်ဝိညာဉ်စွမ်းအင်များကိုထိန်းချုပ်ရခြင်းသည်ပင် အလွန်ခက်ခဲလေ၏။


ထိုသို့သောအချိန်များတွင် ပုဖန်၏ပိုးချည်မျှင်အဆင့်မြင့်စွမ်းအင်များက စိတ်ဝိညာဉ်စွမ်းအင်များအားထိန်းချုပ်ကာ ပါ၀င်ပစ္စည်းတစ်ခုခြင်းစီကို ပိုမိုပြန့်၀င်စေရန်ကူညီဆောင်ရွက်ပေးလေသည်။


ပုဖန်၏စွမ်းအင်က ပျော့ပြောင်းကာ နူးညံ့ပြီး သူအလိုရှိရာသို့စွမ်းဆောင်ပေးနိုင်သည်။


အမှန်တစ်ကယ်တွင် ပုဖန်၏အစစ်အမှန်စွမ်းအင်သည် ပါ၀င်ပစ္စည်းများ၏ စိတ်ဝိညာဉ်စွမ်းအင်ကို မထိန်းချုပ်နိုင်ပေ။


သို့သော် သူက... သူ၏အစစ်အမှန်စွမ်းအင်များကို ဟင်းချက်ရာတွင် ထည့်သုံးစွဲလိုက်သဖြင့် ယခုကဲ့သို့ အဆင်ပြေပြေ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။


ပုဖန်က သူ၏အစစ်အမှန်စွမ်းအင်ကိုထိန်းချုပ်ရာ၌ ကောင်းစွာပင်ကျွမ်းကျင်နေပြီသည်။


ဒယ်အိုး၏ အပူချိန်ကိုလည်းသင့်တော်စွာ ထိန်းညိ့ပေးနိုင်လေရာ ပါ၀င်ပစ္စည်းများကိုပိုမိုကောင်းမွန်စေလေသည်။


"ပွက်.......ပွက်"


မီးနဂါးသွေးသည် တဖြေးဖြေးဆူပွက်လာပြီး မီးဖိုချောင်တစ်ခုလုံး သွေးနီရောင်လွှမ်းလာသည်။


စားသောက်‌ဆိုင်ထဲမှ လူများသည် ရနံ့ဖျော့ဖျော့ကို အနံ့မရနိုင်ပါသောလည်း အနံ့ပြင်းများကို ရှုရှိုက်မိသောအခါ ဆက်လက်မခံစားနိုင်တော့ဘဲ နှာခေါင်းပိတ်လိုက်ကြသည်။


ပုဖန်၏မီးဖိုချောင်ဆီမှ ယခုကဲ့သို့ဆိုးရွားသောရနံ့ရခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။လူတိုင်းက ပိုင်ရှင်ပုမည်ကဲ့သို့ဟင်းများချက်နေသနည်း...ဟု စိတ်၀င်စားနေကြသည်။


နီယန်က သူ၏အတွေ့အကြုံအရ မျက်နှာပျက်ယွင်းသွားပြီး ပြောလိုက်သည်။


"ဒါက မီးနဂါးသွေးဘဲ........"


မီးနဂါးသွေး ဟုတ်လား....


စားသောက်ဆိုင်ထဲရှိလူတိုင်းက သူမစကားကိုကြားပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ တွေးတောနေကြသည်။


ဘလက်ကီက အဆင့်မြင့်မီးနဂါးကို ရိုက်လျက်နှစ်ချက်တည်းဖြင့်သတ်လိုက်ပြီး.. ပိုင်ရှင်ပုက အဆင့်မြင့်မီးနဂါးသွေးနှင့် ဟင်းချက်နေတာလား...


 အဆင့်မြင့်မီးနဂါးသွေးက တန်ဖိုးရှိသောကြောင့်လူတိုင်းစိတ်လှုပ်ရှားကုန်သည်။


ထိုကဲ့သို့တန်ဖိုးရှိသောအဆင့်မြင့်မီးနဂါးသွေးဖြင့် ဟင်းချက်ခြင်းကို ကြည့်ပါက... ပိုင်ရှင်ပုကို အလွန်လက်ဖွာသူအဖြစ် သတ်မှတ်နိုင်ပေသည်။


ခဏအကြာတွင်မီးဖိုချောင်ဆီမှ ပိုမိုပြင်းထန်သော အနံများထွက်ပေါ်လာ၏။


တစ်ကယ်တမ်းတွင် ပုဖန်က အဆင့်မြင့်မီးနဂါးသွေးကို ချက်ပြုတ်နေခြင်းမဟုတ်ပဲ နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာ 

အတွက် အနည်းငယ်သာထည့်ချက်ခြင်းဖြစ်သည်။


စားသောက်ဆိုင်ရှေ့ပေါက်တွင်လှဲလျောင်းနေသော ဘလက်ကီက မီးနဂါးသွေး၏အနံ့အသက်ရသောကြောင့် ခေါင်းထောင်လာသည်။ ပုဖန် မည်သည့်ဟင်းလျာချက်ပြုတ်နေကြောင်း သိရှိလိုလာသည်။


နှာခေါင်းကိုရှုံ့ကာ အနံ့ခံလိုက်ရင်း ပုဖန်မည်သည့်ဟင်းလျာချက်ပြုတ်နေကြောင်းကို မှန်းဆကြည့်သည်။သို့သော် အတတ်မသိနိုင်ဘဲ ဟင်းလျာအသစ်ချက်နေကြောင်းသာ ပြောနိုင်သည်။


ဤဟင်းလျာက အဆင့်မြင့်သားရဲနှစ်ကောင်၏ အစိတ်အပိုင်းများ အသုံးပြုထားသောကြောင့် အရသာကာင်းမွန်မည်မှာ ဆိုဖွယ်မရှိပေ။


ဘလက်ကီက လှဲလျောင်းရာမှထလာသည်။ ဟင်းလျာကိုမြည်းစမ်းချင်နေသည်မှာ လျှာပင်ထွက်နေလေပြီ။သူမျက်လုံးများကလည်း စားချင်စိတ်ဖြင့် တောက်ပနေ၏။


.........


အင်ပါရီယာမြို့တ်ာအပြင်ဘက်တွင်...


 ဂျိချန်းယု၏စစ်တပ်က မြို့တော်ဆီသို့ တစ်ဖြည်းဖြည်းပိုမိုနီးကပ်လာပေပြီ။


ဘာ‌ကြောင့်များ စစ်တပ်ကြီးက အင်ပါရီယာမြို့တော်ဆီရာကို လာနေရတာလဲ....


လေအလင်းအင်ပါယာရဲ့ စစ်တပ်ကရော ဘယ်ရောက်နေသလဲ....


တရွေ့ရွေ့‌နီးကပ်လာသော စစ်တပ်ကြီးကိုကြည့်၍ ဂျိချန်းရွဲ့ကြောက်သေး ပါနေလေပြီ။


မြို့တော်တွင် ‌မြိုစောင့်တပ်သာကျန်ရစ်ခဲ့ပြီး လူအင်အား တစ်သောင်းမျှသာရှ်ိသည်။


ဤကဲ့သို့လူနည်းစုက အင်အားတောင်းတင်းသော စစ်တပ်ကြီးကိုမည်ကဲ့သို့ခုခံတွန်းလှန်နိုင်မည်နည်း။


အဆင့်မြင့်သားရဲနှစ်ကောင်၏ပြဿနာကို ဖြေရှင်းပြီးကာစ၌ပင်.... အင်အားတောင့်တင်းသော စစ်တပ်ကြီးက မြို့တော်ရှေ့ရောက်ရှိနေသည်။


သွမ့်လင်းက သူ့အောက်ရှိစစ်တပ်ကြီးကိုတစ်ချက်မျှပင်မကြည့်ဘဲ လေ‌ပေါ်တွင် မာန်တက်စွာ ရပ်တန့်နေသည်။


အင်ပါရီယာမြို့တော်သို့ စစ်တပ်ဖြင့်ချီတက်ခြင်းသည် သူ့အကြံမဟုတ်ပေ။သူကစစ်တပ်ဖြင့် ချီတက်ခြင်း မချီတက်ခြင်းကိုစိတ်မ၀င်စားပေ။


သူ၏အဆင့်မြင့်နတ်ဆရာမက စစ်တပ်ဖြင့် မြို့တော်ဆီသို့ချီတက်သိမ်းပိုက်လို၍သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


သူ၏ နတ်ဘုရားနယ်ပယ်အဆင့်တစ်၀က်ကပင် စစ်တပ်တစ်တပ်၏အင်အားကိုမလိုအပ်တော့ပေ။သူစိတ်ရွှင်နေသောကြောင့်သာ စစ်တပ်ဖြင့်ချီတက်ခဲ့ခြင်းဖြစ်၏။


အဆင့်မြင့်အကြီးအကဲက တံတိုင်းပေါ်မှ လက်နောက်ပစ်ကာ ရပ်‌နေရင်း အကြောင်းအရာကိုလေးလေးနက်နက်သုံးသပ်နေသည်။


ခဏအကြာတွင် ဖြေးညှင်းစွာလေပေါ်ပျံလိုက်ပြီး သွမ့်လင်းကိုကြည့်လိုက်သည်။သွမ့်လင်းခန္ဓာကိုယ်မှ က မ္ဘာလောကစွမ်းအင်များထွက်ပေါ်နေပါသော်လည်း သူ‌နောက်ဆုတ်လိုစိတ်မရှိပေ။


ရုတ်တရက် ဓါးသွားတစ်ချက်လင်းသွားပြီး... အဆင့်မြင့်အကြီးအကဲကို အဝေးမှဓါးဖြင့်ပစ်လိုက်သည်။


အကြီးအကဲက အစစ်အမှန်စွမ်းအင်ဖြင့် ပုတ်ထုတ်လိုက်ရာ လမ်းလွဲ၍ သွမ့်လင်းဆီသို့သာပြန်ရောက်သွားသည်။


သွမ့်လင်းက အားရပါးရရယ်လိုက်ရင်း အကြီးအကဲနားသို့ရောက်လာသည်။


ဝူမူက တိမ်မြူဓါးကိုဆွဲကိုင်၍ ရောက်ရှိလာသည်။


အဆင့်မြင့်အကြီးအကဲက ဝူမူ ဒဏ်ရာရထားသဖြင့် မလာနိုင်တော့ဟု သတ်မှတ်ထားလေရာ ယခုလိုပေါ်လာသဖြင့် အံ့အားသင့်စွာသူ့ကိုကြည့်လိုက်သည်


ဝူမူက တိမ်မြူဓါးကို တင်းတင်းဆုပ်ကိုင်ထားပြီး သွမ်းလင်းကို အကြောက်အလန့်ကင်းစွာ ကြည့်လိုက်သည်။


" နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်ရောက်နေသူရဲ့ အစွမ်းအစလေးပြပါဦးကွ.....ဟား ဟား ဟား......"


ဝူမူက အော်ဟစ်ရယ်လိုက်ကာ သူ၏ ဓါးစွမ်းအင်ကို နိုးဆွထားလိုက်သည်။


အဆင့်မြင့်အကြီးအကဲကလည်း ရယ်မောလိုက်ပြီး အသင့်ပြင်ထားလိုက်သည်။


သွမ့်လင်းကထိုသူနှစ်ယောက်ကိုကြည့်လိုက်ရင်း နှတ်ခမ်း တွန့်ရုံ ‌ပြုံးလိုက်သည်။


"တစ်ကယ်လို့ ခင်ဗျားတို့နှစ်ယောက်စလုံး ကျုပ်အရှေ့ကထွက်သွားရင် ကျုပ်က ခင်ဗျားတို့ကိုအသက်ချမ်းသာပေးမယ်.....ဒီလိုမှမဟုတ်ရင်တော့ ဒီဓါးနဲ့ နှစ်ယောက်စလုံးကို ဇီ၀န်ချွေ‌ပစ်မယ်....."


ရှုရဓါးသွား လင်းလက်လာသည်။ထိုအလင်းတန်းက စွမ်းအင်များ ပေါများပြင်းထန်မှုကို သက်‌သေပြနေသည်။


"အာကာသအာနမ်ဂိုဏ်းမှာ မှတ်တမ်းတင်ထားခဲ့သော အစီအရင်များထဲက..ပထမအဆင့် ခုနှစ်စင်ကြယ် သတ်ဖြတ်ခြင်း မှော်အစီအရင်......."

အဆင့်မြင့်အကြီးအကဲ က တီးတိုးရေရွတ်လိုက်သည်။


ဝူမူက သူ၏တိမ်မြူဓါးကို သွမ့်လင်းဆီသို့ အသင့်ရွယ်လိုက်သည်။


သူ့ဓါးမှ စွမ်းအင်လှိုင်းလုံးများတက်လာပြီး သူ၏စွမ်းအင်အဆင့်ကလဲ အမြင့်မားဆုံးအနေအထားသို့ရောက်လာသည်။


"တိမ်ဖြူစံအိမ်ရဲ့ လျှို့ဝှက်ချက်ကို ပြမယ်...."


သွမ့်လင်းက အဆင့်မြင့်အကြီးအကဲနှင့် ဝူမူ နှစ်ယောက်စလုံး၏တိုကခိုက်ခြင်းခံနေရသော်လည်း မျက်နှာမပျက်ပေ။


သူ၏ဘယ်လက်သို့စွမ်းအင်များစီးဆင်းစေပြီး သွေးနီရောင် ရှုရဂိုဏ်းဓါးကိုဆုပ်ကိုင်လိုက်သည်။


ဆိုင်ရှေ့တွင်လှဲနေသောဘလက်ကီသည် စိတ်၀င်စားစွာဖြင့် မြို့ပြင်ကောင်းကင်ရှိသူတို့သုံးယောက်ကိုကြည့်နေသည်။


" နတ်ဘုရားနယ်ပယ်အဆင့်လူတွေ ပြဿနာစဖြစ်တော့မယ်......ဟိုကောင်လေးပုဖန်ရဲ့ ရန်စတတ်တဲ့အစွမ်းက အတော်တိုးတက်လာသကိုး....."