အပိုင်း ၃၆၆
Viewers 53k

အခန်း ၃၆၆ 

နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲ ချက်ပြုတ်ပြီးစီးသွားခြင်း"


ဂျိချန်းရွဲ့က လေပေါ်တွင်ရှိနေသော စွမ်းအားရှင်သုံးဦးကို အံ့အားသင့်စွာ ကြည့်မိသည်။


သူတို့အားလုံး၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ လွင့်ပျံနေသည်ကို မြို့တံတိုင်းအပေါ်မှလူများက မြင်တွေ့ရသည်။


ဤသို့သော်ကြောက်စရာ စွမ်းအင်လှိုင်းများကို တန်ခိုးရှင်အဆင့်မြင့်များသာ ထုတ်လွှတ်နိုင်သည်။


ဂျိချန်းရွဲ့က သွေးနီရောင်စွမ်းအင်လှိုင်းများတောက်ပလွင့်ပျံနေသည့် လူတစ်ယောက်ကိုမြင်မိရာ သူမျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေတော့သည်။နှလုံးခုန်မြန်လာပြီး သူ့ဒူးများကွေးညွတ်မတတ်ဖြစ်လာသည်။


တန်ခိုးရှင်များ၏ စွမ်းအင်လှိုင်းများက ဂျိချန်းရွဲ့ နှင့်တကွ စစ်သားအားလုံး၏ စိတ်ဓါတ်ကိုလွှမ်းမိုးသွားတော့သည်။


ဂျိချန်းယု၏ စစ်တပ်သည်လည်း ထို့ကဲ့သို့လွှမ်းမိုးခြင်း ခံနေရသည်။


စစ်သားတိုင်းက ခေါင်း‌မော့ကာ ကောင်းကင်ပေါ်မှ စွမ်းအားရှင်များ၏ အခြေအ‌နေကို မပြတ်တမ်းကြည့်နေသည်။


ထိုစဉ် အလင်းတန်းများစူးရှပျံ့နှံလာပြီး အာကာသအာနမ်ဂိုဏ်း၏ ရတနာဖြစ်သော ခုနှစ်စင်ကြယ်သတ်ဖြတ်ခြင်းအစီအရင်ကိုတွေ့လိုက်ရသည်။


တောင်ပိုင်းဒေသတွင် ထိုအစီအရင်က အစွမ်းအထက်ဆုံးဖြစ်သည်။အကယ်၍သွမ့်လင်းသာ ယခုလိုနတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်မဟုတ်ခဲ့ပါက အဆင့်မြင့်အကြီးအကဲက ထို အစီအရင်အရင်ကိုအသုံးပြုမည်မဟုတ်ပေ။


အဆင့်မြင့်အကြီးအကဲက ဤကဲ့သို့အစီအရင်မျိုးအသုံးပြုနိုင်ရန် ခုနှစ်စင်ကြယ်ဖြင့်ချိတ်ဆက်ရပြီး စွမ်းအင်များစွာအသုံးပြုရသည်။


ထိုအစီအရင်က အတိုင်းအဆမရှိကျယ်ပြန်သလို စွမ်းအားလည်းပြင်းထန်လေ၏။


ကြယ်ရောင်များဖြင့် ကြီးမါးလှသေါမကောင်းဆိုးဝါးပုံရိပ်ယောင် ဖြစ်ပော်လာသည်။ထို ပုံရိပ်က သံချပ်ကာ၀တ်စုံ၀တ်ကာ ဘယ်လက်တွင်ဓါးကိုင်လျက် ညာဘက်တွင်မှု လှံတံရှည်ကိုကိုင်ထားသည်။သူ့ထံမှ အားကောင်းသော စွမ်းအင်လှိုင်းများက ဝေ့ပျံနေ၏။


မကောင်းဆိုးဝါးကြီးက ဒေါသတကြီး မီးတောက်‌သောအကြည့်များဖြင့်သွမ့်လင်းကိုကြည့်လိုက်သည်။


တိမ်ဖြူစံအိမ်၏ လျှို့ဝှက်နည်းပညာ ကို သုံးခါးသော တိမ်မြူဓါးအစွမ်းကလဲ ကြောက်မက်ဖွယ်ရာကောင်းသည်။ဝူမူ ကိုယ်တိုင်ကလည်း ဓါးစွမ်းကို အကုန်အစင်ထုတ်သုံးနိုင်လေသည်။


ဤသို့ဖြင့် အဆင့်မြင့်အကြီးအကဲထက်မနိမ့်‌သော စွမ်းအင်ကိုထုတ်သုံးလိုက်သည်။


အဆင့်မြင့်အကြီးအကဲက သူ့ကိုတအံ့တ‌ဩာကြည့်ရင်း တွေးလိုက်သည်။


 "ဒီကောင်ကလည်း မခေပါလား....."


သို့သော် ဝူမူ အဘယ့်ကြောင့် စွန့်စွန့်စားစား ၀င်ရောက်တိုက်ခိုက်ခြင်းကိုမူ တွေးမရပေ။


အဖြေကို ဝူမူကိုယ်တိုင်သာ သိပေလိမ့်မည်။


နှစ်ပေါင်းများစွာကြိုးစားကျင့်ကြံခဲ့သမျှအရာရာတိုင်း၏ အဖြေကို ဒီပွဲက သူ့အတွက် အဆုံးအဖြတ်ပေးပေလိမ့်မည်။


သွမ့်လင်းက ပြုံးလိုက်သည်။သူရှေ့တွင် ပြိုင်ဖက်နှစ်ယောက်ရှိသော်လည်း သူ့၏စွမ်းရည်ကိုယုံကြည်မှုရှိ‌၍ သူတို့အား ကြောက်ရွံ့ခြင်းမရှိပေ။


ဤအဖြစ်အပျက်က သွမ့်လင်း၏ စွမ်းအင်ကိုပိုမို့မြင့်တက်စေနိုင်လေသည်။သူက ရှုရဂိုဏ်းဓါးကို ကိုင်ကာ ရှေ့တိုးလိုက်သည်။


ကမ္ဘာလောကဖိအားကိုထိန်းချုပ်ကာ ဝူမူနှင့်အကြီးအကဲဘက်သို့တွန်းပို့လိုက်သည်။


"ဘယ်ကောင်က ငါ့ရှေ့ကနေ ကာဆီးရဲတာလဲ.....အဲ့လူတွေအကုန် ငရဲပို့ပစ်မယ်....."


သွေးနီရောင် ဓါးစွမ်းအင်များက သွမ့်လင်းကိုယ်ကိုမုန်တိုင်းငယ်များကဲ့သို့ ရစ်ပတ်ထားသည်။ 


လေပြင်းများတိုက်ခတ်နေသောကြောင့် ဝူမူ၏ဆံပင်များက လေတွင်မျောပါနေသည်။သူက အစစ်အမှန်စွမ်းအင်ဓါးအမြောက်အများကို သွမ့်လင်းဆီသို့ထုတ်လွှင့်ပစ်ပေါက်လိုက်သည်။


လှံတံရှည်ကိုင်ထားသော မကောင်းဆိုးဝါးကြီး ကို လေပြင်းမုန်တိုင်းအဆက်မပြတ်တိုက်ခတ်‌နေသောကြောင့် သူ၏အစွမ်းလှံတံရှည်ကို အသုံးမပြုနိုင်ဖြစ်နေသည်။


သူတို့သုံးယောက် ဝေဟင်တွင် ထင်တိုင်းကြဲတိုက်ခိုက်လျက်ရှိရာ အဆက်မပြတ်ပေါက်ကွဲသံများ ဆူညံပွက်လောရိုက်နေသည်။


အဆင့်မြင့်အကြီးအကဲက အာရုံစူးစိုက်ကာ လက်နှစ်ဖက်ဖြင့် စွမ်းအင်ကိုထိန်းသိမ်းနေသည်။


ဝူမူကလည်း ရှိသမျှစွမ်းအားတို့ကို အစွမ်းကုန်ထုတ်သုံးနေလေ၏။


သို့သော် နတ်ဘုရားနယ်ပယ်အဆင့်တန်ခိုးရှင်တစ်ယောက်အား ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းသည် ထင်သလောက်လွယ်ကူမှုမရှိပေ။


သူတို့ ဝေဟင်တွင်တိုက်ခိုက်နေကြခြင်းဖြစ်သော်လည်း ကြည်ရှုနေသူတိုင်းကို အသည်းတထိတ်ထိတ် ရင်တမမဖြစ်စေသည်။


တိုက်ပွဲ၏လွှမ်မိုးမှုကို ဂျိချန်းရွဲ့လည်း ခံစားရကာ မျက်နှာက ဖြူဖျော့နေလေသည်။


ပုဖန်ဆိုင်မှလူများသည်လည်း သူတို့သုံးယောက်၏ တိုက်ခိုက်နေမှုမှ အလင်းတန်းများ ထွက်ပေါ်နေသည်ကို အတိုးအဝှေ့ကြည့်နေကြသည်။


နီယန်က အာကာသအာနမ်ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲကို စိုးရိမ်၍မျက်နှာ မသာမယာဖြစ်နေသည်။


အဆင့်မြင့်အကြီးအကဲက အာကာသအာနမ်ဂိုဏ်း၏ ကျောရိုးမဏ္ဍိုင်ဖြစ်၍ အထိအခိုက်ခံ၍မရပေ။


ဘလက်ကီက သူတို့သုံးယောက်၏တိုက်ပွဲကိုတစ်ချက်မျှသာကြည့်ပြီး နောက်ထပ်မကြည့်တော့ပေ။ခဏအကြာတွင်သမ်းဝေလာပြီး....အိပ်ပျော်သွားကာ ဟောက်သံများပင်ထွက်လာတော့သည်။


..........


မီးဖိုချောင်ထဲတွင်...

 ပုဖန်က မျက်လုံးကိုအသာအယာမှိတ်ထားသည်။သူ့နံဘေးတွင် အစစ်အမှန်စွမ်းအင်များကို ဖွဲ့သီရစ်သိုင်းနေသည်။


မရေမတွကိနိုင်သော ပိုးချည်မျှင်ကဲ့သို့ အစစ်အမှန်စွမ်းအင်များသည် ဒယ်အိုးအားရစ်ဖွဲ့လျက် ပါ၀င်ပစ္စည်းတစ်ခုစီတိုင်း၏ပြောင်းလဲမှု့ကိုစောင့်ကြည့်လျက်ရှိ၏။


ပုဖန်က အသေအချာအာရုံစူးစိုက်လျက် အမှားနည်းအောင်လုပ်နိုင်သမျှလုပ်နေသည်။ သူနှာဖူး၌ချွေးများသီးနေပြီး နားထင်တစ်လျောက် ရွဲစိုလျက်ရှိ၏။


မီးဖိုချောင်က တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး အပြင်ဘက်တိုက်ပွဲမှ အသံဗလံများကိုမကြားရသောကြောင့် ပုဖန်က တိုက်ပွဲကို သတိမပြုမိပေ။


ပုဖန်က နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲအား လွယ်ကူမည်ဟု ထင်မှတ်ထားသော်လည်း အဆင့်မြင့်သားရဲနှစ်ကောင်ကို စထည့်ပြီးချိန်မှ စ၍ခက်ခဲခဲ့သည်။


သူက အစစ်အမှန်စွမ်းအင်သုံး၍ဟင်းချက်လေရာ ကိုယ်ကောစိတ်ပါ နွမ်းနယ်လွန်း၍ ဆက်ပင်ချက်ချင်စိတ်မရှိတော့ပေ။


အံကြိတ်ကာမာန်တင်းထားရင်း နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကို အကောင်းဆုံးဖြစ်စေရန်ပြင်ဆင်သည်။


သို့သော် ဤဟင်းပွဲသည် သူ့အတွက်ခက်ခဲသောဟင်းလျာဖြစ်သလို သူ၏စာမေးပွဲလည်းဖြစ်၏။


ဤကဲ့သို့ဆန်းကြယ်ကမ္ဘာ၏အစာကွင်းဆက်ပေါ်၌ ချက်ပြုခြင်းနတ်ဘုရားဖြစ်လိုသူ သူ့အတွက် ဤကဲ့သို့အခက်အခဲသည် အသေးအဖွဲ့သာဖြစ်၏။


ထို့ကြောင့် သူသည် လက်မြှောက် အရှုံးပေးမည်မဟုတ်ပေ။


"ပွက်......ပွက်"


ဒယ်အိုးထဲမှ နဂါးသွေးသည် အချိန်နှင့် ပိုမိုဆူပွက်လာပြီး ပုဖန်၏လက်ကိုပင် လွင့်စင် လေတော့သည်။


သို့သော်ပုဖန်မမှု့ပေ။


မဟူရာလိပ်ခုံးဒယ်အိုးအတွင်းရှိကြွေအိုးက သွေးများသွန်းလောင်းထားသလိုဖြစ်နေသောကြောင့် ပိုမိုတောက်ပြောင်နေလေသည်။


ပုဖန်က အစစ်အမှန်စွမ်းအင်အသုံးပြုလျက်ကြွေအိုးအတွင်းမှ ပါ၀င်ပစ္စည်းများကိုရောစပ်လိုက်သည်။


နတ်မင်းစွေ့စွေ့ခုန်ဟင်းသည် ရှားပါးလှသောကံကြမ္မာအိုး ထက်အစပေါင်းများစွာ ပိုမိုခက်ခဲသည်။


ပုဖန် တစ်ကိုယ်လုံး ချွေးများ ရွဲရွဲစိုလျက်ရှိသည်။


စွမ်းအင်လှိုင်းများ၏သက်ရောက်မှုဖြင့် ကြွေအိုးပေါ်မှ ပြုံးရယ်နေသည့်နတ်မင်း ပုံရိပ်သည် ပိုမိုကြွတက်ကာ အလင်းတန်းများပင်ထွက်နေ၏။


နောက်ဆုံး...ပုဖန်ကစိတ်ကိုလျော့ချလိုက်ပြီး ခုံပေါ်တွင်ထိုင်ကာ သက်ပြင်းချလိုက်သည်။


တစ်ကိုယ်လုံးပင်ပန်းနေပါသော်လည်း ‌‌ကောင်းမွန်စွာ ပြီးဆုံးခဲ့သောကြောင့် စိတ်ကျေနပ်စွာ ပြုံးနေလေ၏။


"နောက်ဆုံးတော့ ပြီးဆုံးခဲ့ပြီဘဲ........."


ပုဖန်.. စိတ်ချမ်းသာကာကြည်နူးနေ၏။

နတ်မင်းစွေ့စွေ့ခုန်ဟင်းချက်ပြုတ်ပြီးသောအခါ သူ့၏အစစ်အမှန်စွမ်းအင်သည် နဂိုမူလထက် ပိုမိုပြည့်စုံကာ အစွမ်းထက်လာချေပြီ။


မဟူရာလိပ်ခုံးဒယ်အိုးကို လောင်မြိုက်နေသော ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က တဖြည်းဖြည်းငြိမ်းလာသလို မီးနဂါးသွေးသည်လည်း အပူချိန်လျော့လာ၏။


မီးတောက်များမရှိတော့သည်တိုင် ကြွေအိုး အပူချိန်မပြယ်သေးပေ။ကြွေအိုး ဘေးမျက်နှာစာရှိ နတ်မင်းပုံရိပ်က အပြင်ဘက်သို့ခုန်ထွက်တော့မည့်ဟန်ပင် ပြင်နေသည်။


ပုဖန်က ဒယ်အိုးအတွင်းမှ ကြွေးအိုး ကိုဖယ်လိုက်သည်။ အနီရင့်ရင့် နဂါးသွေးက အံ့ဩစရာကောင်းလောက်အောင်ပင် အရောင်လွင့်ပြီး ရေသကဲ့သို့ကြည်လင်နေသည်ကို အံ့အားသင့်စွာမြင်ရသည်။


ပုဖန်က နဂါးသွေးကိုကြာကြာဂရုမစိုက်နိုင်ဘဲ နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာ၏အောင်မြင်စွာပြီးမြောက်မှုကိုသာ ၀မ်းမြောက်နေလေသည်။


သူ၏အစစ်အမှန်စွမ်းအင်ကိုစုစည်းလျက် နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာအပေါ်သို့ အုပ်မိုးလိုက်သည်။

ချက်ခြင်းပင် ကြွေအိုး၏အဖုံးလှစ်ဟသွားလေ၏။


အဖုံးအောက်တွင် ဖုံးထားခဲ့သော စိတ်ဝိညာဉ်ခရမ်းသစ်ရွက်က ရွေအဆင်းကဲ့သို့၀င်းဝါကာ အရောင်များ‌ထွက်နေသည်။


ထိုကဲ့သို့အရောင်အဝါများထွက်ပေါ်နေသည့် စိတ်ဝိညာဉ်ခရမ်းသစ်ရွက်ကို ပုဖန်က လက်ဖြင့် ဖြေးညှင်းစွာ ဖွင့်ဟ လိုက်၏။