အပိုင်း ၃၆၇
Viewers 61k

ခန်း ၃၆၇ 

"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"


နားကွဲမတတ်ဆူညံမှုများနှင့်အတူ လေပြင်းမုန်တိုင်းများ မြို့တော်ကို မွှေရစ်တိုက်ခတ်နေသည်။


ကောင်းကင်တွင်လည်း တန်ခိုးရှင်သုံးယောက်... အချင်းချင်းအဆက်မပြတ်တိုက်ခိုက်ခုခံနေကြသည်။


ပြင်းထန်သော ရိုက်ဟည်းမှုများနှင့် ပေါက်ကွဲသံများကြောင့် မြို့တော်ရှိလူသားအားလုံး အကြောက်တရား ဖုံးလွှမ်းနေသည်။


အဆင့်မြင့်အကြီးအကဲနှင့် ဝူမူတို့နှစ်ယောက်စလုံးက စိုးရိမ်တကြီးဖြင့် သွမ့်လင်းကိုနှစ်ယောက်တိုက်ခိုက်နေကြသည်။


တိုက်ခိုက်ချိန်ကြာလာလေလေ သူတို့၏စွမ်းအင်များသည် ယုတ်လျော့လာလေလေ ဖြစ်ကာ သူတို့ဆက်လက်တိုက်ခိုက်ရန်မဟန်တော့ပေ။


သွမ့်လင်းမှာမှု ဤမျှတိုက်ခိုက်ပါသော်လည်း နတ်ဘုရားနယ်ပယ်အဆင့်ရှိသူ့စွမ်းအင်သည် ယုတ်ပါးခြင်းမရှိပေ။သူ၏သူမတူသောစွမ်းအင်များက ပြန်လည်၍ပင်ည့်ဝနေသည်။


ခုနှစ်စင်ကြယ်သတ်ဖြတ်ခြင်းအစီအရင် အလွန်ပင်စွမ်းအင်စိုက်ထုတ်ရသောကြောင့် အဆင့်မြင့်အကြီးအကဲက ကြာရှည်အသုံးမပြုနိုင်ဘဲ သူ၏စွမ်းအင်များနည်းပါးလာလေသည်။


သွမ့်လင်းနှင့် ခဏအကြာတိုက်ခိုက်ပြီးသော သူ့မျက်နှာတစ်ခုလုံးဖြူဖျော့လာသည်။သူက သွမ့်လင်းကိုဆက်လက်ခုခံနိုင်မည်မဟုတ်ကြောင်းရိပ်မိလာသည်။


"ရွှမ်း......"


သွေးနီရောင် ရှုရဂိုဏ်းဓါးဖြင့် မကောင်းဆိုးဝါးပုံရိပ်ကို ထက်၀က်ပိုင်း ခုတ်ချလိုက်သည်။သွမ့်လင်း၏ဓါးချက်မိသွားသော မကောင်းဆိုးဝါးပုံရိပ်ယောင်က အစိတိတ်အမွှာမွှာကြွေလင့်ကာ လေထဲတွင် ပြန့်လွင့်သွားလေတော့သည်။


အဆင့်မြင့်အကြီးအကဲက ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ အားလျော့ကာ မြေကြီးပေါ်သို့ဝုန်းခနဲ ပြုတ်ကျလာလေသည်။


ပြုတ်ကျပြီးနောက်... သွေးအန်ကာ ပစ်လဲသွားပြီးသူ၏ စွမ်းအင်များသည်လည်းမှိန်လျော့ကုန်သည်။


ဝူမူ၏ဓါးချက်များလည်း စတင်ယိုင်နဲ့လာသည်။သူက သာမာန်တန်ခိုးရှင်မျှသာဖြစ်၍သူ၏ဓါးစွမ်းအင်ကို တစ်ခဏသာ မြှင့်တင်နိုင်လေသည်။


ယခုလိုအချိန်ကြာမြင့်စွာအသုံးပြုရချိန်မှာတော့

သူ၏စွမ်းအင်စနစ်ကို ကြီးကြီးမားမားပင်ထိခိုက်သွားသည်။


ဝူမူကသူ၏နောက်ဆုံးသော အင်အားများကို စုစည်းကာ တိမ်မြူ ဓါးဖြင့်ခုတ်ချလိုက်သော်လည်း သွမ့်လင်းက ဓါးချက်ဖြင့်ကာဆီးလိုက်ရာ မီးပွင့်များ ထွက်ပေါ်လာသည်ယ


ဝူမူက အတွင်းအားဒါဏ်ကြောင့်သွေးများ ပါးစပ်မှစီးထွက်လာပြီး တိမ်မြူဓါးက အပိုင်းပိုင်းကျိုးပျက်သွားသည်။


နောက်ဆုံး...သူသည်လည်း အဆင့်မြင့်အကြီးအကဲ ကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


တောင်ပိုင်းဒေသ၏ ထိပ်သီးတန်ခိုးရှင်နှစ်ယောက်ကို သွမ့်လင်းက အနိုင်ယူခဲ့လိုက်ပြီဖြစ်သည်။


သွေးနီရောင်ဓါးကို ဂုဏ်ယူစွာဖြင့် ဟန်ပါပါ ကိုင်မြှောက်လိုက်သည်။ သွေးနီရောင်ဓါးမှ အနီရောင် အလင်းတန်းများက ကောင်းကင်တစ်ခွင်ပြန့်နှံ့သွားသည်။


သူ၏စွမ်းအင်က အဆမတန်ပြင်းထန်လာကာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။


သွမ့်လင်းက မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် တန်ခိုးရှင်နှစ်ယောက်ကိုတစ်ချက်မျှကြည့်လိုက်ပြီး မြို့တံတိုင်းပေါ်မှ ကြေကွဲ၀မ်းနည်းနေကြသည့် လူစုများကိုကြည့်ကာ ဟက်ဟက်ပက်ပက်အော်ရယ်လိုက်သည်။


သွမ့်လင်းက နတ်ဘုရားနယ်ပယ်အဆင့်သို့ချည်းနှင်း၀င်ရောက်လာချိန်မှစ၍ ကျန်သောတန်ခိုးရှင်များကို မျက်စိထဲမမြင်တော့ပေ။


အာကာသအာနမ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲနှင့် တိမ်ဖြူစံအိမ်မှ အရှင်သခင်တို့သည် သူ့အားရှုံးနိမ့်ခဲ့ချေသည်။


နေခြည်က သူ၏ကျောပြင်ပော်သက်ဆင်းဖြာကျနေလေရာ သူ၏အရောင်အဝါများပိုမိုထွန်းတောက်နေစေသည်။


မြို့သူမြိုသားများက သူတို့၏အတော်ဆုံးတန်ခိုးရှင်နှစ်ယောက် ရှုံးသွားသောကြောင့် စိုးရိမ်လန့်ထိတ်နေကြသည်။


ထို့နောက် တစ်ယောက်ခြင်းစီ ဒူးထောက်အရှုံးပေးကုန်ကြသည်။သူတို့အားလုံး သွမ့်လင်း၏လက်အောက်သို့ခိုလုံကုန်ကြသည်။


ထိုဖြစ်ရပ်ကို သွမ့်လင်းက အကျေနပ်ကြီးကျေနပ်ကာ ဟက်ဟက်ပက်ပက်ရယ်မောရင်း ကောင်းကင်၌ဝဲပျံနေ‌လေသည်။


ရုတ်တရက် အဆင့်မြင့်အကြီးအကဲက အခဲမကျေမှုများအပြည့်ဖြင့် မျက်စိဖွင့်လိုက်သည်။သို့သော် အတွင်းအားဒဏ်ရာကြောင့် မခံမရပ်နိုင်ဖြစ်ကာ သွေးတစ်လုတ်ထပ်မံ အန်လိုက်ရသည်။


သူ၏ဒါဏ်ရာက နာကျင်ပြင်းထန်နေပါသောလည်း မျှော်လင့်ချက်ကိုမှုလက်မလွှတ်သေးပေ။

စိတ်ဝိညာဉ်သားရဲ မီးနဂါးကဲ့သို့သော သတ္တဝါမျိုးကို နှစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သော အဆင့်မြင့်သားရဲမျိုးက သွမ့်လင်းကို တားဆီးတိုက်ခိုက်နိုင်သေးသည်ဟု ယုံကြည်ထားသည်။


အကယ်၍ သွမ့်လင်းကို တားဆီးနိုင်မည့်သူမရှိခဲ့ပါက ‌တောင်ပိုင်းဒေသတစ်ခုလုံး ဖိနှိပ်ချုပ်ချယ်ခံရတော့မည်ဖြစ်သည်။


သွမ့်လင်း၏ အားပါးတရရယ်သံသည် အင်ပါရီ‌ယာမြို့တော်တစ်ခုလုံးကိုဖုံးလွှမ်းပဲ့တင်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။


အဆင့်မြင့်အကြီးအကဲနှင့်ဝူမူ၏တပည့်များက ထူးဆန်းသော နေရာသို့ပြိုင်တူကြည့်နေသည်။


အဝေးတစ်နေရာမှ စိတ်ဝိညာဉ်စွမ်းအင်များက လှိုင်းလုံးကြီးများကဲ့သို့ တလိမ့်လိမ့် ထွက်ပေါ်နေလေသည်။


"ဒါ ဘာဖြစ်တာလဲ....."


နီယန်၏မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပုဖန် ဆိုင်ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။


ဆိုင်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု... ကောင်းကင်သို့ထိုးဖောက်နေ၏။


ဆိုင်ရှေ့တွင်လှဲလျောင်းနေသည့် ဘလက်ကီက ရုတ်တရက်ထရပ်လိုက်ရင်း ရွှေရောင်အလင်းတန်းကိုစူးစိုက်ကြည့်နေသည်။


ရွှေရောင်အလင်းတန်းများသည် မီးဖိုချောင်ထဲတွင် ပြည့်လျှံနေလေသည်။သိပ်သည်းစွာ စိမ့်ထွက်ကြိုင်လွင့်လာသည့် မွှေးရနံများကိုလူတိုင်း ရှုရှိုက်မိလိုက်သည်။


ပုဖန်း၏ဆိုင်ကို ဗဟိုပြု၍ မွှေးရနံ့များဝေ့ဝဲလေရာ တစ်ခဏအတွင်းပင် အင်ပါရီယာမြို့တစ်မြို့လုံး နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာအနံ့ကြိုင်လှိုင်ကုန်လေသည်။


မြို့တော်ရှိလူတိုင်းက မျက်စိများမှိတ်က မွှေးရနံ့ကိုတဝြကီး ရှုရှိုက်လိုက်၏။သူတို့က ဘယ်လိုအချင်းအရာကြောင့် ဤရနံ့များကြိုင်လှိုင်နေသည်ကို စဉ်းစားနေသည်။


မြေပြင်ပေါ်၌ဒူးထောက်လျက်ရှိသော သူများက ခေါင်းမော့ကာ မွှေးရနံကို မနားတမ်း ရှုရှိုက်နေသည်။သူတို့ မွှေးရနံ့၏လွမ်းမိုးမှုကိုခံစားနေရပြီဖြစ်သည်။


"သိပ်ကိုမွှေးတာဘဲ........."


"ဒီလိုမွှေးရနံ့မျိုး ငါ့တစ်သက်လုံး တစ်ခါမှမရဖူးဘူး......"


" ဒီမွှေးရနံ့မှာ ငါယစ်မူးမိနေပြီ....."


...............


မြို့သူမြို့သားအပေါင်းက မွှေးရနံ့၏ချယ်လှယ်လွှမ်းမိုးမှုကို မရုန်းကန်နိုင်တော့ချေ။


နီယန့်နှင်တကွအခြားသူများသည်လည်း ရနံ့၏ဆွဲဆောင်မှုကိုခံနေရသည်။သို့သော် မည်သည်အရာမှ ပေါ်လာခြင်းဖြစ်ကြောင်းကိုမူမခန့်မှန်းနိုင်ကြသေးပေ။


သူတို့အားလုံး မွေးရနံ့ရှိပြီးနောက် သိလိုစိတ်ဖြင့် ရင်ထဲတွင် ကလိကလိဖြစ်ကုန်သည်။


မွှေးရနံ့သည် မြို့တော်တစ်ခုလုံးကိုရစ်သိုင်းနေလေရာ သွမ့်လင်းကိုကြောက်ရွံ့စိတ်များ ပျယ်ပျောက်ကုန်သည်။မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသူများ ပြန်မတ်တပ်ရပ်ကုန်သည်။


အဆင့်မြင့်အကြီးအကဲနှင့်ဝူမူသည်လည်း ဤရနံ့၏ ဆွဲဆောင်မှုတွင်ပါ၀င် စီးမျောနေသည်။


ဂျိချန်းရွဲ့က ရုတ်တရက်ပြောင်းလဲသွားသောဖြစ်စဉ်အပေါ်တွင် ဘာလုပ်ရမှန်းမသိတော့ပေ။


ပုဖန်၏ဟင်းလျာအသစ်ပြီးမြောက်လို့ ယခုလိုမွှေးရနံ့ထွက်ပေါ်လာခြင်းမျိုးလား...


"စွမ်းအားရှင်သုံးယောက် ဝေဟင်မှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာတောင်မှ သူက စိတ်အေးလက်အေးဟင်းချက်နေတာလား

...ပိုင်ရှင်ပုက သိပ်ထူးဆန်းတဲ့လူဘဲ....."


မွှေးရနံ့ကြောင့် ဂျိချန်းရွဲ့၏ ‌သွမ့်လင်းအပေါ်အကြောက်တရားက ပြေ‌လျော့သွားသည်။

..............


ပုဖန်က ရွှေရောင်တောက်ပနေသည့် စိတ်ဝိညာဉ်ခရမ်းသစ်ရွက်ကိုဖြေးညှင်းစွာပင် အပေါက်သေးသေးလေးဖောက်လိုက်၏။


ပထမဦးစွာ ရွှေရောင်အလင်းတန်းများပေါ်ထွက်လာကာ မွှေးရနံ့ အခိုးအငွေ့များ က ထိုအပောက်ငယ်လေးမှ အုံကြွတိုးထွက်လာသည်။ထွက်ပြူလာသော အငွေ့များက နဂါးတစ်ကောင်ကဲ့သို့ ရစ်ဝဲနေလေသည်။


မွှေးရနံ့များ၏ကြိုင်လှိုင်မှုကြောင့် သူ၏နှာနှကို မြှားတံပေါင်း ထောင်သောင်းချီထိုးစိုက်သကဲ့သို့ခံစားနေရသည်။


သူ မျက်မှောင်ကြုံလိုက်ရင်း နှုတ်ခမ်းဖျားက ပြုံးယောင်ယောင်လေးဖြစ်သွားသည်။ မွှေးရနံ့၏လှိုင်းလုံးကြားတွင် စီးမျောနေလေသည်။


"အင်း.....ထင်ထားသလိုဘဲ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲပြီးဆုံးသွားပြီ။


သူဟင်းချက်နေစဉ်တစ်လျောက်တွင် ဤကဲ့သို့မွှေးရနံ့မျိုး မထွက်ပါဘဲ စိတ်ဝိညာဉ်ခရမ်းသစ်ရွက်ကို အပေါက်ငယ်အဖြစ်လုပ်မှသာ မွှေးရနံ့များအုံကြွထွက်လာ၏။


ထွက်လာသမျှမွှေးရနံ့များသည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများထဲသို့ ထိုးဖောက်စိမ့်၀င်သွားလေသည်။


"ဂလု"


ပုဖန်က တံတွေးမျိုချလိုက်ရင်း စိတ်ဝိညာဉ်ခရမ်းသစ်ရွက်သစ်ရွက်ကို အဆုံးအထိခွာချလိုက်သည်။


အတွင်းမှဟင်းပွဲသည် မတူညီသော အရောင်မျိုးစုံဖြင့် ရွှန်းစိုတောက်ပနေလေသည်။


သို့သော်တစ်ခဏသာ တောက်ပလျက် အရောင်များပျောက်ကွယ်သွားသည်။ပုဖန်က သူ၏ဟင်းလျာမှအမွှေးနံ့များသည် မြို့တစ်ခုလုံးပျံ့နှံ့နေသည်ကို မသိရှိပေ။


သူ..ကျေနပ်ပျော်ရွှင်စွာဖြင့် ကြွေအိုးပူပူနွေကို မီးဖိုချောင်မှ သယ်ထုတ်လာလေသည်။


...............


"ဂလု..."


"ဂလု...."


လူတိုင်းစီမှ တံတွေးမျိုချသံများသည် မြို့တော်တစ်ဝှမ်းလုံး၌ ဟိုမှ ဒီမှထွက်ပေါ်နေသည်။


"အား........"


ဒေါသတကြီး မာန်ဖီသံကြီးသည်ကောင်းကင်ယံမှပဲ့တင်ထွက်ပ်ါလာသည်။


မွှေးရနံ့၏ဆွဲဆောင်မှုတွင်မျောပါးနေသည့် လူများကို သွမ့်လင်းက မာန်သွင်းအော်ဟစ်ရင်း သူရှိနေသေးကြောင်း အသိပေးလိုက်သည်။


သွမ့်လင်းက စားသောက်ဆိုင်ရှိရာသို့မျှော်ကြည့်ရင်း အနည်းငယ်အနံ့ခံလိုက်သည်။မွှေးရနံ့များ ဆိုင်ငယ်လေးမှထွက်ပေါ်ကြောင်းကို မငြင်းနိုင်ပေ။‌


မွှေးရနံ့သည် မြို့တစ်ခုလုံးသို့ပျံ့နှံ့လေရာ သွမ့်လင်းသည်လည်း မွှေးရနံ့ရလေသည်။


မွှေးရနံ့ရရခြင်းပင် သူ၏မျက်လုံးအစုံသည် မိုးကြိုးမုန်တိုင်းကဲ့သို့ ၀င်း၀င်းတောက်သွားပြီး သူသွားရမည့် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ရှိရာဆီသို့ သိရှိသွားလေတော့သည်။


ချက်ခြင်းပင် ဆိုင်ရှိရာသို့အရှိန်ဖြင့်ပျံသန်းလိုက်တော့သည်။


နီယန့်နှင့်အခြာလူများသည် သွမ့်လင်းဆိုင်ရှေ့သို့ရောက်လာသဖြင့် မျက်လုံးများပြူးကုန်သည်။

သူတို့သည် ပုဖန်ဆိုင်ထဲ၀င်ချင်ပါသောလည်း သွမ့်လင်းရောက်လာသဖြင့် ဘာလုပ်ရမှန်းမသိတော့ပေ။


ပုဖန်က နတ်မင်း‌စွေ့စွေ့ခုန်ဟင်းလျာပါ၀င်သည့် ကြွေအိုးကိုကိုင်ကာ မီးဖိုချောင်မှထွက်လာပြီး စားပွဲပေါ်သို့တင်လိုက်သည်။


ရှောင်ယန်ယုကိုကြည့်ကာ ပြုံးပြလိုက်ရင်း


"နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကတော့ပြီးပြီ.....ရှောင်မန်ရဲ့အဆိပ်ကိုစပြီးဖြေတော့မယ်....."


ပုဖန်၏စကားကြားရချိန်တွင် ရှောင်ယန်ယုသည် ၀မ်းသာလွန်းသဖြင့်မျက်ရည်များပင်ဝဲလာသည်။ချက်ခြင်းပင် ရှောင်မန်ကိုထူလိုက်သည်။


မီးဖိုချောင်မှထွက်လာသော ပုဖန်ကို သွမ့်လင်းကမြင်လိုက်သည်။သူ၏ရှေ့၌ပင် ကြမ်းတမ်းခြင်းတစ်သောင်းကိုမျိုချလိုက်သော ပုဖန်၏မျက်နှာကို သွမ့်လင်းက ဘယ်တော့မှ မမေခဲ့ပေ။


ရှုရဓါးကို လက်ဖြင့် တင်းတင်းကျပ်ကျပ်လိုက်လိုက်ရင်း သတ်ချင်စိတ်များက ရုန်းကြွကာလာသည်။


ပုဖန် မမျှော်လင့်ဘဲအပြင်ဘက်သို့ကြည့်မိရာ သူ့ကိုစားမတတ် ဝါးမတတ် စိုက်ကြည့်နေပြီး သူ့ဆီလာနေသော သွမ့်လင်းကိုမြင်မိသည်။


"ဒါ ဟိုတစ်ခေါက်ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ယူတုန်းက စုံခဲ့တဲ့လူဘဲ ...ဒီလူဘာကြောင့် ငါ့ဆီလာနေတာလဲ....."


သွမ့်လင်းက နတ်ဘုရားနယ်ပယ်အဆင့်ရောက်ခာနီးဖြစ်ကာ စွမ်းအားကြီးမားကြောင်းအထူးပြောစရာမလိုပေ။


ပုဖန်က သွမ့်လင်းအကြောင်းကို တွေးတောရင်း သူ၏ပေကြံနေသည့် လက်ကိုသုတ်နေသည်။


သွမ့်လင်းက တဖြေးဖြေးနီးလာပြီး....


"ကဲ...ကောင်စုတ်လေး နောက်ဆုံးတော့မင်းကိုရှာတွေ့ပြီ....... မင်းရဲ့အသက်ကိုပေးမလား.... ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုပေးမလား ရွေးစမ်း...."