အခန်း.၃၆၉
ခွေးဝတုတ်...ဒီဓားချက်နဲ့သေရမယ်...
အင်ပါရီယာ မြို့တော် အပြင်ဘက်၌ ....
ပေါက်ကွဲသံများကို ကြားလိုက်ရသော ဂျိချန်းယု၏ စိတ်ထဲ၌ တုန်လှုပ်သွားသည်။သူက ဖန်ဖန်ဆိုင်ငယ်လေးမှ အဆင့်မြင့် သားရဲကြီးကို စိတ်ထဲ ပြန်မြင်ယောင်လာမိသည်။ထိုအဆင့်မြင့် သားရဲကြီး ပေါ်ထွက်လာသည့်ချိန်မှစ၍ မည်သူမှ သူ့ကို အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေ။
"ရှုရဂိုဏ်းချုပ်က အဲ့ဒီအဆင့်မြင့်သားရဲခွေးထက် အင်အားကြီးမားနေတာများ ဖြစ်နိုင်မလား......"
ဂျိချန်းယုက အခြေအနေ မည်သို့ ပြောင်းလဲသွားသည် မသိသော်လည်း သူ ထိုသားရဲခွေးနှင့် ထပ်မံ၍ မျက်နာချင်းမဆိုင်ချင်တော့သည်ကတော့ သေချာလှပေသည်။
သူတစ်ယောက်တည်းသာလျှင် မဟုတ်ပဲ သူ့တပ်သားများ၏ မျက်နာ၌လည်း ကြောက်ရွံ့မှုက အထင်သား ပေါ်လွင်နေသည်။
သားရဲတွင်းကြီး.....
ထိုအင်ပါရီယာ မြို့တော်အတွင်း၌ မမြင်နိုင်သော သားရဲတွင်းကြီးရှိနေသကဲ့သို့ အလွန်ကြောက်စရာကောင်းလှသည်။
"ကောင်းပြီ .....အနည်းဆုံးတော့ သူတို့ အဲ့ဒီမြို့ကနေပြီးတော့ အသက်ရှင်လျက် ထွက်လာနိုင်တာပဲ....."
သူတို့မည်မျှပင် သက်ရှိရှိစေကာမူ ထိုသားရဲတွင်းထဲသို့ နောက်တစ်ကြိမ် ခြေလှမ်းရဲတော့မည် မဟုတ်ပေ။ထိုအကြောင်းများကို တွေးလိုက်ယုံဖြင့်ပင် သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။
အဆင့်မြင့်နတ်ဆရာမက သူမ၏ ရထားလုံးထဲ၌သာ နေနေခဲ့သည်။အပြင်ဘက်မှ ဆူညံမှုများရှ်ိသော်လည်းဟသူမက ထွက်လာခဲ့ခြင်းမရှိချေ။အဆင့်မြင့် နတ်ဆရာမက သူမလက်ဖဝါးပေါ်မှ သွေးနီရောင် ကျောက်စိမ်းပြားပေါ်၌သာ အပြည့်အဝ အာရုံစိုက်ထားသည်။သူမ၏ စိတ်ဝိညာဉ်အမျှင်တန်းလေးများက ထွက်ပေါ်လာပြီးနောက် ထိုကျောက်စိမ်းပြား အစီအရင်ရှိရာဆီသို့ မျောလွင့်သွားသည်။
ခရက် .....ခရက်.....
မြို့တံတိုင်းက တစ်စစီပြိုကွဲသွားသည်။ကျောက်တုံး ကျောက်စများက လမ်းပေါ်သို့ လွင့်စင်သွားပြီးနောက် အဆုံးသတ်၌ အပျက်စီးပုံများကြားထဲမှ ပုံရိပ်တစ်ရိပ် တွားသွားထွက်လာသည်။သွမ့်လင်း၏ မျက်နာအမူအရာက အလွန်အမင်း သုန်မှုန်နေ၏။ သူက အစစ်အမှန်စွမ်းအင်များကို သုံးလိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ရှင်းလင်းလိုက်သည်။
ထိုဆိုင်ငယ်လေးတွင် ဝှက်ဖဲတစ်မျိုးရှိနေမည်ဟု မတွေးထင်ထားခဲ့ပေ။
"အဆင့်မြင့်သားရဲလား.....အဲ့ဒီသားရဲက သာမန်တော့ မဟုတ်နိုင်ဘူး...."
ခွေးလက်ဖဝါးလေးလှုပ်ခါချက်က သူ့ကို အနောက်သို့ပင် လွင့်ထွက်သွားစေသည်။သို့သော်လည်း ထိုအချင်းအရာက သူ့၏။ဂရုမစိုက်မှုနှင့် မောက်မာထောင်လွှားနေခြင်းကြောင့်လည်း ပါဝင်သည်။
သို့သော်လည်း သာမန်အဆင့်မြင့် သားရဲတစ်က သူ့ကိုလွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မည်မဟုတ်ပေ ။ထိုသားရဲက သေချာပေါက်အထွဋ်အထိပ် အဆင့်ဖြစ်ပေလိမ့်မည်။
သူက နတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့်သို့ပင် တက်လှမ်းတော့မည့် စစ်သည်တော် တစ်ယောက်ဖြစ်သည်။ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ သာမန်သူတစ်ယေက်က သူက နာကျင်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
သွမ့်လင်း၏ ဆံပင်များက ဖြေလျော့နေပြီး သူ့၏ မျက်နာတစ်ခြမ်းကိုပင် ဖုံးလွှမ်းနေသည်။သူ့၏ မျက်ဝန်းထဲ၌လည်း တင်းမာခက်ထန်မှုများ ပြည့်နှက်နေ၏။သွမ့်လင်းက သက်ပြင်း အရှည်တစ်ချက်ချလိုက်သည်။သူက မြေပြင်ကို စောင့်နင်းလိုက်ရာ မြေပြင်က သိမ့်သိမ့်တုန်ခါသွားလေသည်။ထို့နောက် သွမ့်လင်းက ဖန်ဖန်ဆိုင်ငယ်လေးတည်ရှိရာအရပ်သို့ ကြည့်လိုက်ပြီး ဆိုင်ဆီသို့ တဖန် ပြန်သွားလိုက်သည်။
သူလေထဲသို့ ပျံတက်လိုက်သည့်အချိန်၌ပင် သူ့ခြေထောက် စောင့်အားကြောင့် ကျောက်တုံးကျောက်စများက အမှုန့်ကြေသွားပြီ ဖြစ်သည်။သွမ့်လင်းက နတ်ဘုရားနယ်ပယ်သို့ ရောက်လုနီးပါး စစ်သည်တော်ဖြစ်သောကြောင့် သူ့၏သွားနှုန်းက မယုံနိုင်စရာ လျှင်မြန်လှသည်။
"ဘယ်သူမှ ငါ့ကို ရပ်တန့်လို့မရဘူး......အဆင့်မြင့် အထွဋ်အထိပ် သားရဲဆိုရင်တောင်မှပဲ ရပ်တန့်လို့မရဘူး......"
သွမ့်လင်းက ကျုံးဝါးလိုက်သည်။သူ့၏ မျက်အိမ်ထဲ၌ မီးတောက်များ တောက်လောင်နေသကဲ့သို့ ရှိနေပြီး သူ့၏ မျက်ဝန်းက အနီရောင် ကျောက်မျက်ရတနာနှင့်ပင် တူလှသည်။လေပြင်းများ တိုက်ခတ်လာပြီး သွမ့်လင်း၏ အရှိန်က မယုံနိုင်စရာ တိုးတက်လာကာ ထူးခြားဆန်းကြယ်သော နေရာဆီသို့ ဦးတည်သွားလိုက်သည်။
ထိုအခိုက်အတန့်၌ သူ့ကိုပင် အဝေးလွင့်အောင် ရိုက်ထုတ်နိုင်ခဲ့သော သေးငယ်သည့် ပုံရိပ်တစ်ခုက မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။အနက်ရောင် ခွေးဝတုတ်က ဆိုင်အရှေ့၌ ကြောင်တစ်ကောင်ကဲ့သို့ ပုံစံမျိုးပင် ရပ်နေသည်။သူ့၏ မျက်ဝန်းများက ကြယ်များကဲ့သို့ လင်းလက်တောက်ပနေပြီး သူ့မျက်နှာပေါ်၌ ဟန်ဆောင်ပြုံး တစ်ခုရှိနေသည်။
"ဒါ ဘာအဓိပ္ပါယ်လဲ ...ငါက ဒီခွေးနဲ့ ရင်ဆိုင်ရတာလား......"
သွမ့်လင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဒီခွေးက သူ့ကို ဘယ်လိုတောင် အထင်အမြင်သေးရဲတာလဲ......ဘယ်လိုတောင် ပြုမူရဲတာလဲ.....ဘုန်း......."
သွမ့်လင်း၏ အရှိန်က မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် လျှင်မြန်လှသည်။အင်ပါရီယာ မြို့သူမြို့သားများက ကြောက်ရွံ့ထိတ်လန့်မှုကို ထပ်မံခံစားလိုက်ရပြီး ဒူးထောက်ကျသွားသည်။
"ဒီမကောင်းဆိုးဝါး လူက ပြန်လာပြန်ပြီ.....ဒီတစ်ကြိမ်ကော သူရိုက်ထုတ်ခံရဦးမှာလား.....ကြည့်ရတာတော့ မဖြစ်နိုင်တော့ဘူး.......ဆိုင်ထဲမှာ ရှိနေတဲ့ စစ်သည်တော်က ဒီမကောင်းဆ်ိုးဝါး သတိမမူမိလို့သာ ရိုက်ထုတ်နိုင်တာ....အခုမျက်နာချင်းဆိုင် ရင်ဆိုင်ရင်တော့ သူအနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး......"
သွမ့်လင်းက ကြောက်ရွှံ့မှု တစ်ခုကို မျိုးစေံချပေးခဲ့လေပြီ။သူက အင်ပါရီယာ မြို့တော်၏ မြေပြင်ထက်တွင်လည်း နက်ရှိုင်းလှသည့် ဓားရာကြီး တစ်ခုကို ချန်ထားခဲ့သည်။သူ့၏ တည်ရှိမှုက မြို့သူမြို့သားများအတွက် အိမ်မက်ဆိုးတစ်ခုလိုပင် ဖြစ်နေပေပြီ။သူတို့က ဆိုးရွားလှသော မှတ်ဉာဏ်များကို လွယ်လွယ်ကူကူဖြင့် ဖျောက်ဖျက်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့်ပင် သာမန်ပြည်သူများက လက်ညှိုးပေါ် လက်ခလယ်ကို ယှက်တင်၍ ဆိုင်အတွင်းမှာရှိနေသော စစ်သည်တော်အတွက် ဆုတောင်းပေးနေကြသည်။သို့သော်လည်း သူတို့က ယုံကြည်မှု မရှိပေ။သွမ့်လင်းက အလျှင်အမြန်လာနေသလို ပြင်းထန်လှသော လေပြင်းများကိုပါ တစ်ပါတည်း သယ်ဆောင်ထားသည်။
ခပ်လှမ်းလှမ်းနေရာ၌ ဝှိုက်တီက ဓားလှောင်အိမ်ကို သူ့လက်သီးချက်များဖြင့် ဖျက်စီးပစ်နေသည်။သို့သော်လည်း ရှုရဓားက လှောင်အိမ်အပေါ်မှနေ၍ ဖိနှိပ်ထားတုန်းပင် ဖြစ်သည်။
ဘန်း.....ဘန်း......
သွမ့်လင်းက လေထုထဲ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း၌ လေထုက တုန်ခါသွားသည်။သူက တန်ခိုးရှင်အဆင့် အချုပ်အနှောင် အဟန့်အတားများကို ဆင့်ခေါ်လိုက်ပြီး သူ့၏ ခန္ဓာကိုယ်ပတ်လည်၌ ဝန်းရံထားစေလိုက်သည်။
ချလွင် .....ချလွင်.....
သံကြိုးများ ရိုက်ခတ်ရာမှ ထွက်ပေါ်လာသော အသံက အားလုံး၏ အကြားအာရုံထဲသို့ စီးဆင်းသွားသည်။
သွမ့်လင်းက မာန်တင်း အော်ဟစ်လိုက်ပြီးလက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ထိုလက်သီးချက်က အဆင့်မြင့်သားရဲကိုပင် တစ်ချက်တည်းနှင့် ပွဲသိမ်းစေနိုင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်များ ပါဝင်နေသည်။
ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ဝင့်ဝင်ကြွားကြွား လျှောက်လာသည်။သူ့၏ လှည့်ဖြားမှုများကိုလည်း ရပ်လိုက်ပြီ ဖြစ်သည်။
ပြင်းထန်လှသော လေပြင်းများ၏ တိုက်ခတ်မှုကြောင့် သူ့ခန္ဓာကိုယ်မှ ဝဝဖိုင့်ဖိုင့်အသား ပိုလေးများပင် လှုပ်ခါနေသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း တွန့်ကွေးနေသည်။
သွမ့်လင်းက လက်သီးတစ်ချက် ထိုးလိုက်သောအခါ၌ ဘလက်ကီက ပါးစပ်ကို ဖွင့်ဟလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ အသံတစ်သံ ထုတ်လွင့်လိုက်သည်။
နဂါးတစ်ကောင်၏ ဟိန်းသံနှင့် တူညီလှသလို ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံနှင့်လည်း တူညီလှသော ထိုဟောင်သံက သွမ့်လင်းကို အံ့သြတုန်လှုပ်သွားစေသည်။
သွမ့်လင်းက ထိုဟောင်သံကြောင့် လုံးဝ အံ့သြမှင်သက်နေသည်။စက္ကန့် အနည်းငယ်ကြောင့်မှသာလျှင် သူ့၏ စိတ်ရှုပ်ထွေးထဲမှ ပြန်လည်၍ လွတ်မြောက်လာသည်။
သူ့၏ စိတ်ထဲ၌လည်း မကျေမနပ် ခံစားချက်တစ်ချို့ ဖျက်ပြေးသွားသည်။သူသတ်ိပြန်ဝင်လာသော အခါ၌ ထိုခွေးလက်ဝါးက သူ့၏ မြင်ကွင်းထဲ ဝင်ရောက်လာသည်ကို သတိပြုမိလိုက်သည်။
"ဒီထူးထူးဆန်းဆန်း ခွေးလက်ဝါးလာပြန်ပြီလား...."
သွမ့်လင်း၏ စိတ်ထဲ၌ သူ့နှလုံးသားကို သတ္တဝါပေါင်းသောင်းချီ တက်နင်းလိုက်သလို ခံစားလိုက်ရသည်။သူစိတ်မထိန်းနိုင်စွာဖြင့် အော်ဟစ် ကျုံးဝါးလိုက်မိ၏။
ဘုန်း .....
ထိုခွေးလက်ဖဝါးကို စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖန်တထားပြီး အရွယ်အစားကြီးမားလှသလို အလွန်လည်း ကြံ့ခိုင်လှသည်။
သွမ့်လင်း၏ အမြန်နှုန်းက အံ့အားသင့်စရာကောင်းလှသည်။သူ့၏ လွှမ်းမိုးနိုင်စွမ်းသော အော်ရာများက အခြားသူများအပေါ် ဖုံးလွှမ်းသွားသည်။အင်ပါယာမြို့သူမြို့သားများ၏ မြင်ကွင်းမှ ကြည့်လျှင် သွမ့်လင်း၏ ဦးခေါင်းက ထိုခွေးလက်ဖဝါးကို သွားရောက် တိုက်တော့မလို ရှိသည်။
သို့သော်လည်းသူက ခွေးလက်ဖဝါးကို ပြိုကွဲသွားအောင် မလုပ်နိုင်ပေ။သွမ့်လင်း၏ မျက်နာပေါ်၌ အမှားပြုလိုက်သလို ခံစားချက်မျိူး ပေါ်လာပြီး သူက ကောင်းကင်ပေါ်မှနေ၍ နောက်တစ်ကြိမ် ပြုတ်ကျသွားပြန်သည်။
ဒီတစ်ကြိမ်၌ သူ့၏ ခန္ဓာကိုယ်က ပို၍ လျှင်မြန်လှသော နှုန်းဖြင့် လွင့်ထွက်သွားသည်။သူ့၏ နောက်၌ပင် အင်ပါရီယာမြို့တော်သို့ ဖြတ်သန်းသွားသည့် အချိန်၌ပင် မီးခိုးငွေ့များပင် တန်းကျန်ခဲ့သလို ထင်ရသည်။
သူ့၏ ခန္ဓာကိုယ်က မြို့တံတိုင်းကို ထပ်မံ ထိုးဖောက်သွားပြီး အပေါက်ကြီး နောက်တစ်ပေါက် ထပ်မံ ဖြစ်ပေါ်လာသည်။သို့သော် ခန္ဓာကိုယ်က ထိုနေရာတွင် ရပ်တန့်မသွားပဲ အနောက်သို့ ဆက်၍ လျှောတိုက်ပါသွားသည်။နောက်ဆုံး ဂျိချန်းယု၏ တပ်များအရှေ့၌ ရပ်တန့်သွားလေသည်။
ဘလက်ကီက သူ့၏ နူးညံ့လှသော ခွေးလက်ဖဝါးလေးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ဒီခွေးဘုရင်၏ ခွေးလက်ဖဝါးနှင့် အစားထိုးနိုင်သည့်အရာ မရှိပေ။ထိုသို့ မဟုတ်ပဲ သူမှာသာ ခွေးလက်ဖဝါးများ အပိုရှိနေလျှင် အလုပ်များကို ပို၍ ပြီးမြောက်အောင် လုပ်နိုင်ပေလိမ့်မည်။
ပတ်ဝန်းကျင်းက အပ်ပြုတ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ထို့နောက် အင်ပါယာ မြို့သူမြို့သားများက သတိဝင်လာပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
ထိုနတ်ဆိုးက နောက်တစ်ကြိမ် အရိုက်ခံလိုက်ရသည့် မြင်ကွင်းကို မယုံနိုင် ဖြစ်နေပေသည်။
"ဒါက နတ်ဆိုးအတုပဲ ဖြစ်ရမယ်....သူက ခွေးတစ်ကောင်ကိုတောင် ရင်မဆိုင်နိုင်ဘူးလေ......"
ပုဖန်က လေဟုန်စီးပြီး လွင့်ပျံသွားသော သွမ့်လင်းကို တစ်ချက်သာကြည့်လိုက်သည်။ထို့နောက် သူ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးလိုက်ပြီး နောက်ထပ် ဂရုမစိုက်တော့ချေ။ပုဖန်က ဆိုင်အတွင်းဘက်သို့ ပြန်လှည့်ဝင်သွားလိုက်ပြီး နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို သောက်နေသော ရှောင်မန်ကို ကြည့်လိုက်သည်။
ရှောင်ယန်ယုက အပြင်ဘက်မှ ပြင်းထန်လှသော တိုက်ပွဲက သူမအပေါ် သက်ရောက်မှု မရှိသည့်အလား ရှောင်မန်ကို ဂရုတစိုက်ဖြင့် စွပ်ပြုတ်တိုက်ကျွေးနေသည်။စွပ်ပြုတ်အနည်းငယ် သောက်ပြီးသွားသော်လည်း ရှောင်မန်၏ အမူအရာက များစွာ ပြောင်းလဲလာခြင်း မရှိပေ။ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံက ကူကယ်ရာမဲ့စွာဖြင့် စိတ်ပျက်မှုကို ခံစားလိုက်မိသည်။
"ဖြစ်နိုင်တာက ဒီစွပ်ပြုတ်က အဆိပ်ကို မကုသပေးနိုင်ဘူးလား....."
အကယ်၍ ပုဖန်၏ သက်စောင့်ဟင်းပွဲကသာ သူတို့၏ အဖေကို ကုသနိုင်ခြင်းမရှိလျှင် သူတို့အဖေသေသည်ကိုသာ စောင့်ရုံသာ တက်နိုင်ပေတော့မည်။
"မင်းတို့တွေက ဘယ်လိုဖြစ်ပြီး အလျှင်လိုနေရတာတုန်း......အဆိပ်က အရမ်းကိုပဲ နက်ရှိုင်းနေပြီလေ....ပြီးတော့လည်း သူ့ရဲ့ ကိုယ်တွင်ူအဂ်ါတွေအကုန်လုံးကိုလည်း အဆိပ်က စိမ့်ဝင် ပြန့်နှံ့နေပြီ..... နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲရဲ့ သက်စောင့်ဆေးအစွမ်း အသက်ဝင်လာတဲ့အထိ စောင့်ပါဦးလား.....ဘာလဲ စားပြီးတာနဲ့ ချက်ချင်း အစွမ်းပြရမှာလား...."
ပုဖန်က ရှောင်ယန်ယုတို့၏ စိတ်ပျက်လက်ပျက် အမူအရာကို မြင်ပြီးနောက် သူ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးလှန်လိုက်မိပြီး အေးဆေးတည်ငြိမ်စွာ ရှင်းပြလိုက်သည်။
ရှောင်ယန်ယုက သတိပြန်ဝင်လာသည်။သူတို့ စကားပြောနေစဉ်အချိန်မှာပင် ယခင်က ပြောင်းလဲမှုမရှိသော ရှောင်မန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။သူ့၏ မျက်ဝန်းများက သွေးနီရောင် ကဲ့သို့ နီရဲနေ၏။သူ့ရင်ဘတ်ထဲ၌ မီးလုံးကြီး တောက်လောင်နေသလိုမျိုး ခံစားလိုက်ရပြီးနာကျင်မှုကို ခံစားနေရသည်။
သူ့မျက်နာပေါ်ရှိ အနက်ရောင် အဆိပ်အစေးများက စတင်မှေးမှိန်လာပြီး တဖြေးဖြေးပပျောက်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပုဖန်၏ နှလုံးသားက ကျေနပ်မှုဖြင့် တုန်ယင်လာသည်။ကြည့်ရသည်မှာ ဟင်းရည်ကို ပြုလုပ်ခဲ့သည့် သူ့၏ ရည်ရွယ်ချက် အောင်မြင်သွားပုံ ပေါ်သည်။သူ့၏ အကြည့်များက နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲပေါ်သို့ ကျရောက်သွားသည်။
ကြွေအိုးမှ ပူပြင်းလှသောအပူငွေ့လေးများနှင့် နှစ်သက်ဖွယ်ကောင်းလှသော မွှေးရနံ့များကို ထုတ်လွင့်နေသောကြောင့် သူမထိန်းချုပ်နိုင်ပဲ နှုတ်ခမ်းသပ်လိုက်မိသည်။ထိုဟင်းပွဲက သက်စောင့်ဆေးသက်သက် ဟင်းပွဲသာမဟုတ်ပဲ ရှားပါးလှသော စားကောင်းသောက်ဖွယ်လည်းဖြစ်သည်။
သူက တူတစ်စုံကို ဆွဲယူလိုက်ပြီး နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို မြည်းကြည့်ရန် ပြင်လိုက်သည်။သို့သော် ထိုအချိန်၌ပင် ဘလက်ကီ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသော သွမ့်လင်းက ဆိုင်အပြင်ဘက်သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသည်။
သူက ဒီတစ်ကြိမ်၌ ပို၍ အမျှော်အမြင်ရှိသွားပုံပေါ်သည်။သူက တိုက်ခိုက်ရန် အလွန်အမင်း စိတ်အားပြင်းထန်မနေပဲ ခပ်ဝေးဝေး၌ မျောလွင့်နေသည်။သူက ခွေးဘုရင်ကိုစူးစူးစိုက်စိုက် ကြည့်နေလေ၏။
"ဒီခွေးက ညစ်ပတ်တဲ့ အကွက်တွေကို သုံးခဲ့တယ်....ငါသာ ဟောင်သံကြောင့် အနှောင့်အယှက်မဖြစ်ခဲ့ဘူးဆိုရင် ငါနောက်တစ်ကြိမ် ရိုက်ခံရမှာမဟုတ်ဘူး....."
သွမ့်လင်း၏ နှလုံးသားထဲ၌ ဒေါသမီးတောက်များ တောက်လောင်ကျွမ်းနေသည်။သို့သော်လည်း သူက အရူးတစ်ယောက်မဟုတ်ပေ။ပထမတစ်ကြိမ် ရှုံးနိမ့်ခဲ့ခြင်းက သူ့၏ ဂရုမစိုက်မှုကြောင့်ဟု အပြစ်တင်နိုင်သည်။သို့သော် ဒုတိယတစ်ကြိမ် ရှုံးနိမ့်ခဲ့ခြင်း၏ အဓိပ္ပါယ်က သူ့၏ ပြိုင်ဘက်က ခွေးတစ်ကောင်ပင် ဖြစ်လင့်ကစား အထင်အမြင် သေးရန် မသင့်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
သူ့၏ ခန္ဓာကိုယ်၌ သိပ်သည်းလှသော စွမ်းအင်လှိုင်းများ စီးဆင်းနေသည်။သွမ့်လင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုစွမ်းအင် လှိုင်းများကို စုစည်းလိုက်ရာ သူ့၏ ရှေ့၌ ကြီးမားလှသော သွေးနီရောင် ဓားအရိပ် ဖြစ်တည်လာသည်။
သူက နတ်ဘုရားနယ်ပယ်အဆင့်သို့ ခြေလှမ်းတစ်ဝက်လှမ်းခဲ့ပြီးသော စစ်သည်တော် တစ်ယောက်၏ အစစ်အမှန်စွမ်းအင်များအားလုံးအဖြစ် ထောက်ပံ့လိုက်သည်။ထိုသွေးနီရောင်ဓားတွင် ပါဝင်နေသော စွမ်းအင်များက တန်ခိုးရှင်အဆင့်များကိုပင် တုန်လှုပ်ကြောက်ရွံ့သွားစေရန် လုံလောက်နေပေပြီ။
ထိုဓားက သွမ့်လင်းအတွက် အမှားအယွင်းမခံနိုင်သော ဓားချက်ဖြစ်သည်။ထိုဓားကို လွှဲခုတ်လိုက်သည်နှင့် ထိုခွေးဝတုတ်က သေရပေမည်။