အခန်း ၃၇၀
ဒီခွေး မစားနိုင်တဲ့ဟာ မရှိတော့ဘူးလား"
"ရှလွတ်.... ရှလွတ်...... ရှလွတ်... "
ပုဖန်က နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲမှ နဂါးခြေသည်းတစ်ဖတ်ကို တူဖြင့်ညှပ်ယူလိုက်သည်။
မီးနဂါးသားရဲဆီမှ အသားဖတ်ဖြစ်ပြီး အငွေ့များကြိုင်လွင့်နေသည်။
ခြေသည်းပေါ်မှ အသားဖတ်က အဆီများဖြင့် တောက်ပြောင်နေ၏။ပါးလွှာသောအသားမျှင်များကြောင့် သွေကြောမျှင်များကိုပင် မြင်နိုင်သည်။
တူဖြင့်ညှပ်ထားသော အသားဖတ်ဆီမှ ဟင်းရည်များစိမ့်ထွက်ကာ တစ်စက်စက်ကျနေ၏။မွှေးရနံ့များနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များလည်း ယိုစိမ့်ပြန့်နှံ့နေလေကာ ပုဖန်ကို ဆွဲဆောင်ယစ်မူးစေလေသည်။
နဂါးခြေသည်းသည် သလင်းကဲ့သို့၀င်းပြောင်နေကာ အရေခွံချွတ်ထား၏။အသားဖတ်က မည်းကျုတ်နေပါသော်လည်း အရသာက နူးညံ့လေ၏။
ပုဖန်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ဟင်းချက်စဉ် ထည့်သုံးထားသောကြောင့် သင်းပျံ့လျက်ရှိသော မွှေးရနံ့ကို အသေအချာရှူရှိုက်ကြည့်ပါက ဝိုင်အနံ့ကိုပင် ရနိုင်သေးသည်။
ပုဖန် အစက နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို သုံးရန် တွေးမိသေးသည်။ သို့သော် ထိုဝိုင်၏ အရသာသည် အချိန်အခါကိုလိုက်၍ပြောင်းလဲတတ်သည်။အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းသုံးစွဲမှသာ အဆင်ပြေသောကြောင့် နောက်တစ်ခါမှသာ အသုံးပြုရန်ပြန်သိမ်းထားလိုက်သည်။
ထို့ကြောင့်ပင် အေးခဲကျောက်းစိမ်းနှလုံးသားဝိုင်ကိုသာ သုံးလိုက်ခြင်းဖြစ်သည်။
ကံကောင်းစွာပင် နတ်မင်းစွေ့စွေ့ခုန်ဟင်းလျာသည် ထိပ်တန်းပထမအဆင့် လက်ရာဖြစ်နေ၏။
အမှန်တစ်ကယ်တွင်.. မီးနဂါးခြေသည်းက အဆမတန်ကြီးမားပြီး ချက်ပြီးပါကလည်း ဟင်းခွက်ကြွေဇလုံဖြင့်ပင် မဆန့်ချေ။ထို့ကြောင့် အသားဖတ်သေးသေးကိုသာ သုံးလိုက်ခြင်းဖြစ်သည်။
"ဂလု......."
ကွမ်ရှောင်ယီက ပုဖန်လက်ထဲမှ မီးနဂါးခြေသည်းကို ကြည့်ကာ တံတွေးမြိုချလိုက်သည်။
မီးနဂါးခြေသည်းက အဆင့်မြင့်သားရဲ၏ အစိတ်အပိုင်းဖြစ်ပြီး အဖိုးတန်သည်။
ဤသို့သောအရာကို ပုဖန်က ကြက်ခြေထောက်ကိုက်သလို ကိုက်မှာလား..
"အဖိုးတန်တဲ့ စားစရာကို နည်းနည်းတန်ဖိုးထားလို့မရဘူးလား...."
ကွမ်းရှောင်ယီက အဆင့်မြင့်သားရဲအသား၏ အရသာကို အလေးထားသောကြောင့် ပုဖန်လက်ထဲမှ မီးနဂါးခြေသည်းဖတ်ကိုကြည့်ကာ မချိုမချဉ်ပြုံးပြီးပြောလိုက်သည်။
ပုဖန်သည် ဘေးပတ်၀န်းကျင်မှ လူကိုဂရုပင်မစိုက်နိုက်ဘဲ အလုတ်ကြီးကြီး ကိုက်ချလိုက်သည်။
"ရှလွတ်...."
ပျော့ပြောင်းနူးညံ့မှုနှင့်အတူ ကြွပ်ရွမာဆတ်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
မီးနဂါးခြေသည်းတစ်ဖတ်ကို ဆွဲကိုက်လိုက်ရာ အသားအဆီများ ယိုစိမ့်ကျလာပြီး ပါးစပ်မှပင် စီးထွက်ကျသွားသည်။
အသားဖတ်ကိုလျှာဖြင့် အသာလိမ့်လိုက်ရင်း အပူငွေ့များ မှုတ်ထုတ်လိုက်သည်။
အသားဖတ်မှ အရွတ်ကလဲ ကျွတ်ဆတ်နေ၏။ ထိုကဲ့သို့ ကျွတ်ဆတ်နေစေရန် ချက်ပြုတ်ရခြင်းက သိပ်တော့မလွယ်ကူပေ။အခြားသော မီးနဂါးအစိတ်အပိုင်းများဖြင့် စာလျှင် အရွတ်က ဝါးဖို့ခက်သည်။
သို့သော် အရွတ်ကိုဝါးရင်းပင် ဖော်မပြနိုင်သည့် စိတ်ကျေနပ်မှုကို ခံစားရ၏။အရွတ်မှအကြောမျှင်များသည် သူမတူသော အရသာကိုပေးစွမ်းနိုင်၏။
ပုဖန်သည် အရွတ်ကို အဆီဝေ့ နေသောပါးစပ်ဖြင့် စိတ်ကျေနပ်စွာ ဝါးနေတော့သည်။
အရသာများ စိမ့်ထွက်ကုန်ဆုံးသည့်အထိဝါးသည်။
ဤဟင်းပွဲသည် ရှားပါးသော သားရဲများ၏ အစိတ်အပိုင်းများပါ၀င်သောကြောင့် ပုဖန်အတွက် အဆင့်ရှစ်စိတ်ဝိညာဉ်သားရဲအသားဖြင့် မလဲနိုင်ပေ။
ပုဖန်က မီးနဂါးခြေသည်းအသားဖတ်ကို တစိမ့်စိမ့်ဝါးရင်း ဆိုင်အပေါက်ဆီသို့သွားကာ တံခါးဘောင်ကိုမှီရင်း အရိုးနှစ်ချောင်းထွင်လိုက်သေးသည်။
ပုဖန် လျှာကိုသပ်လိုက်ကာ သွမ့်လင်းနှင့် ဘလက်ကီကိုကြည်လိုက်သည်။
ပြုံးရမလိုလို ငိုရမလိုလိုဖြစ်နေသည့် နီယန့်ကိုလဲ ကြည့်လိုက်ရင်း ပုဖန်သဘောကျနေလေသည်။
ပုဖန်.. အသားဖတ်ဝါးရင်းလှမ်းကြည့်နေသည်ကို သွမ့်လင်းမြင်သွားသည်။သွမ့်လင်းက သူကိုယ်သူ သိမ်ငယ်မိသွားကာ ဒေါသထွက်ပောက်ကွဲလာသည်။
"ပိုင်ရှင်ပုကော အစောင့်ခွေးကော အကုန်လုံးကို ဆုံးမပစ်ရမယ်....."
မခံချင်စိတ်ဖြင့် သွေးနီရောင်ဓါးကို ဆင့်ခေါ်လိုက် သည်။သွေးနီရောင်ဓါး ၏ အော်ရာက အရပ်လေးမျက်နှာသို့ ပြန့်နှံ့သွားသည်။
သွမ့်လင်း၏ ဆံနွယ်များ.. လေတွင်ပျံ့လွင့်လျက် မျက်လုံးများက ဘလက်ကီကိုမလွှဲတမ်း စိုက်ကြည့်နေသည်။
"ချွင်......ချွင်......"
သူ၏ ဘယ်လက်မှ သံကြိုးကအောက်သို့တွဲလွဲကျနေလေသည်။မျက်လုံးများက တောက်ပြောင်လျက် သတ်ဖြတ်ချင်စိတ်များ ဖှုံးလွှမ်းနေသည်။ တစ်ကိုယ်လုံးရှိ စွမ်းအင်များကိုနှိူးဆွလျက် သွေးနီရောင်ဓါးကို လက်တစ်ဖက်တည်းဖြင့် မြှောက်လိုက်လေသည်။
"ဘုန်း.....ဘုန်း.......ဘုန်း......."
ဧရာမသွေးနီရောင်ဓါးက လေပေါ်သို့ပျံဝဲတက်သွားပြီး မီးပွားများ လွင့်စင်ထွက်လာသည်။
အဆင့်မြင့်အကြီးအကဲနှင့် ဝူမူ၏ တပည့်များ နောက်သို့ဆုတ်သွားကြသည်။
ကြောက်စရာကောင်းလှသော ဓားစွမ်းအင်များက တန်ခိုးရှင်များကိုပင် ကြက်သီးမွှေညှင်းထစေသည်။
သူတို့ ထိုကဲ့သို့ စွမ်းအင်မျိုးကို မခုခံနိုင်ကြောင်း သိသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။
ထိုအရာကား... နတ်ဘုရားနယ်ပယ်အဆင့်တစ်၀က်ရှိသူ၏ စွမ်းရည်ပင်ဖြစ်သည်။နတ်ဘုရားနယ်ပယ်အဆင့်ရှိသူ၏ တိုက်ခိုက်ချက်များကို ပြန်လည်ခုခံနိုင်သူ... တောင်ပိုင်းဒေသတွင်မရှိသေးပေ။
သို့သော် သွမ့်လင်း၏ ပြိုင်ဖက်သည်လည်း အညတရ မဟုတ်ချေ။
အဆင့်မြင့်အကြီးအကဲ့က ဘလက်ကီအပေါ်၌သာ မျှော်လင့်ချက်ထားလိုက်သည်။သူက မြို့တံတိုင်းနံရံကိုမှီ၍ မတ်တပ်ရပ်လိုက်ပြီး မျက်မှောင်ကြုံကြည့်လိုက်သည်။
ခဏအကြာတွင်... ထူးခြားလွန်းသော ကိစ္စရပ်တစ်ခုကို မျက်မြင်တွေ့လိုက်ရသောကြောင့် သူမျက်လုံးများလင်းလက်လာသလို တစ်ကိုယ်လုံးလည်း ဆတ်ခနဲတုန်သွားသည်။
သူသာမက တံတိုင်းပေါ်ရှိ ဂျိချန်းရွဲ့၊ဝူမူနှင့်တကွ အခြားသော ရဲမက်များပါ အလွန်အံ့အားသင့်သွားကြသည်။
သူတို့အားလုံးသည် ကြောက်မက်ဖွယ်ရာသတ္တဝါကြီးကို ငေးကြည့်နေကြသည်။
ဂျိချန်းရွဲ့တပ်ဖွဲ့အနောက်ရှိ ကျောက်စိမ်းအဆောင်ပြားများကို ပြင်ဆင် နေသော ရထားလုံးထဲမှ အဆင့်မြင့်နတ်ဆရာလဲ မျက်တောင်များ တဖျပ်ဖျပ်ခတ်လိုက်မိသည်။
ရထားလုံးအတွင်းမှ လိုက်ကာစကိုဖြတ်ကာ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်ကိုကြည့်ရင်း နှလုံးတုန်နေတော့သည်။
ဘလက်ကီက ခေါင်းတစ်လှုပ်လှုပ်ဖြင့်ဓါးစွမ်းအင် သက်ဆင်းမည့်ဘက်သို့ အေးဆေးစွာသွားနေသည်။
ဓါးသွား အလွန်ပင်ကြီးမားကာ ပုဖန်ဆိုင်၏ အနောက်နားသို့ ဦးတည်ကျရောက်ပေလိမ့်မည်။
လူတိုင်းကိုဒူးထောက်လုမတတ် ပြင်းထန်သည်လေမုန်တိုင်းများက ဓါးသွားဆီမှ ထွက်ပေါ်နေသည်။
လေအရှိန်အဟုန်ဖြင့် ပြင်းထန်စွာတိုက်ခတ်နေပါသော်လည်း ဆိုင်တွင်းမှလူများအပေါ်၌ သက်ရောက်မှုမရှိပေ။သူတို့အတွက် အနည်းငယ်ဆူညံရုံမျှသာရှိ၏။
ပုဖန်က မီးနဂါးခြေသည်းကို ကိုက်နေရင်း သွေးနီရောင်ဓါးကိုစိတ်၀င်တစားကြည့်လိုက်သည်။ သူ မသိမသာ ပင့်သက်ရှိုက်လိုက်မိသည်။
သွေးနီရောင်ဓါးက ဓါးစိတ်ဆန္ဒ တနည်းအားဖြင့်ဆိုသော အစစ်အမှန်စွမ်းအင် ဖြင့် အထူးပြုလုပ်ထားသည်။
ဘလက်ကီ၏မျက်လုံးက တည်ငြိမ်လေးနက်နေသည်။သူ ကောင်ကင်နှင့်ကမ္ဘာမြေ၏ ဖိအားကို ခံစားမိသည်။ဤသည်မှာ နတ်ဘုရားနယ်ပယ်အဆင့်ရှိသူသာ ဆင့်ခေါ် စုစည်းနိုင်သော စွမ်းအားဖြစ်လေသည်။
"ကောင်းကင်နှင့်ကမ္ဘာမြေဖိအားလား.....ဒီလို နတ်ဘုရားနယ်ပယ်တပိုင်း အဆင့်ရှိသူဆင်ခေါ်တဲ့ ကောင်းကင်နှင့်ကမ္ဘာမြေဖိအားက အသုံးမ၀င်ဘူး.....အင်အားလည်းမပြင်းထန်နိုင်ဘူး......."
ဘလက်ကီက ရေရွတ်ကာ သူခြေထောက်ကိုစောင့်ချ လိုက်သည်။
"ဝုန်း......"
သူ့ဆီမှ ကြောက်စရာစွမ်းအင်များ ပေါ်ထွက်လာသည်။ပြင်းထန်လွန်းသော စွမ်းအင်များ မိုးပေါ်သို့ပင်ပျံဝဲမတတ်ဖြစ်နေ၏။သူ့ စွမ်းအင်က.. သွမ့်လင်းကို သွေးနီရောင်ဓါးမှ ထောက်ပံ့နိုင်သည့်စွမ်းအင်ထက် ပိုမိုပြင်းထန်လေ၏။
သွမ့်လင်းမျက်နှာပျက်သွားသည်။
"ဒီခွေးက ကောင်းကင်နှင့်ကမ္ဘာမြေဖိအားကို ထိန်းချုပ်နိုင်တာလား...." သွမ့်လင်းတစ်ကိုယ်လုံးငှက်ဖျားတက်သကဲ့သို့ပင် တုန်ရီသွားတော့သည်။မကြာမီ သေရတော့မလိုပင် ကြောက်စိတ်များ လွှမ်းမိုးသွား၏။
သွမ့်လင်းမျက်စိရှေ့တွင်ပင် ၀တုတ်တုတ်ပျင်းရိတတ်သော ခွေးကြီးက ဖွံ့ဖြိုးကြီးထွားလာပြီး မေးရိုးကြီးများ တုတ်ခိုင်လာသည်။
ဓါးသွားမှထွက်ပေါ်လျက်ရှိသော လေပြင်းမုန်တိုင်းများသည် ခွေးကြီး၏ ပါးစပ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွသည်။
သွမ့်လင်းက သူ အားထားရသော သွေးနီရောင်ဓါးဖြင့် အားပါးတရခုတ်ချလိုက်သည်။
သိုသော် ခွေးကြီးက သွေးနီရောင်ဓါးကိုဆွဲယူ မျိုချလိုက်သောကြောင့် သွမ့်လင်းမျှော်လင့်သလိုဖြစ်မလာခဲ့ပေ။
ဘလက်ကီ၏ ခန္ဓာကိုယ်ကြီးလာသည်နှင့်အမျှ အစာအိမ်က ကျယ်လာသလို နက်လည်း နက်လာသည်။သွမ့်လင်းဓါးသည် အတော်ပင်ကြီးမားပါသော်လည်း ဘလက်ကီကမျိုချနိုင်ခဲ့သည်။
ထိုဖြစ်ရပ်က ကြည်ရှုနေသူတိုင်းကို အလွန်အမင်းအံ့အားသင့်စေသည်။
မြို့တော်မှလူတိုင်း... ခြေထောက်များခွေယိုင်လာသည်။
ကြောက်စရာပဲ .......သိပ်ကိုမှကြောက်စရာကောင်းတာပဲ။
"အစစ်အမှန်စွမ်းအင်နဲ့ သွန်းထုထားတဲ့ဓါးသွားကိုတောင် မြိုချနိုင်တယ်.....ဒီခွေး မစားနိုင်တာဘာရှိသေးလဲ......"
"အေ့....ဂေ့...."
ဓါးသွားကြီးကိုမြိုချခဲ့သော ဘလက်ကီ လေချဉ်ပင်တက်လိုက်သေးသည်။ နှုတ်ခမ်းကိုလျှာဖြင့်လျက်လိုက်ပြီး သွမ့်လင်းကိုစိုက်ကြည့်လိုက်သည်။
"ဝုန်း....."
ပေါက်ကွဲသံနှင့်အတူ ကြီးမားတုတ်ခိုင်သော ဘလက်ကီ၏ ခန္ဓာကိုယ်သည် ရုတ်တရက်ပျောက်ကွယ်သွားကာ ချက်ခြင်းပင် သွမ့်လင်းနဘေး၌ပေါ်လာသည်။
သွမ့်လင်းခေါင်းကို ပုတ်ချလိုက်ရာ လူသွားလမ်းဘေးသို့ ပုံလျက်သားလဲကျသွား၍ မြေကြီးပင် တုန်သွားသည်။
ဘလက်ကီက အညတရမဟုတ်ပေ။
ပုဖန်က မီးနဂါးခြေသည်းအစားမပျက်ပေ။သူပါးစပ်တစ်ခုလုံးသည်လည်း ဟင်းအဆီများပေကြံနေသည်။
"ဝုန်း.........."
ဘလက်ကီ သွမ့်လင်းကို လက်ပစ်ဗုံးတစ်လုံးကဲ့သို့ ကိုက်ယူ လွှင့်ပစ်လိုက်တော့သည်။
ခဏအကြာတွင်မူ သွမ့်လင်းတစ်ကိုယ်လုံးရစရာမရှိအောင်စုတ်ပြတ်နေပြီး ဒဏ်ရာဗလပွဖြင့် နုန်းချိနေတော့သည်။
"မင်းက မင်းရဲ့ဓါးနဲ့ ဒီလိုခွေးသခင်ကို ပိုင်းခုတ်မယ်ဆိုတဲ့ သတင်းကြားထားတယ်....."
သွမ့်လင်းကို နောက်ခြေဖြင့် ကန်ထုတ်လိုက်ရင်း ပြောလိုက်သည်။ရုတ်တရက် ဘလက်ကီပျောက်သွားပြီး ပြုတ်ကျခါနီး သွမ့်လင်းကိုထပ်ကန်ပြန်သည်။
နောက်ဆုံး...
သွမ့်လင်းခန္ဓာကိုယ် တစ်ခုလုံး ကျိုးကြေနေကာ သွေးအန်လိုက်ရသည်။
"မင်းကများ ခွေးသခင် ကို နတ်ဘုရားခန္ဓာကိုယ်မရခင် ကြွားလုံးထုတ်ရဲသေးတယ်...."
"ဘုန်း...."
သွမ့်လင်း ထပ်အကန်ခံရကာ မြေကြီးပေါ်ပြုတ်ကျလေသည်။
"ဝေါ့.....အော့...."
ဘလက်ကီ၏ကန်ချက်ကြောင့် သွမ့်လင်း သွေးထပ်အန်ပြီး မျက်နှာက ဇီးရွက်မျှသာကျန်တော့သည်။
သွမ့်လင်းက ဘလက်ကီသည် အခြားသော အဆင့်မြင့်သားရဲထက် သာလွန်ကြောင်းလက်ခံသွားကာ စိတ်ဓါတ်အကြီးအကျယ်ကျသွားတော့သည်။
ဒါဟာ နတ်ဘုရားသားရဲအစစ်ဘဲ။သူသည် နတ်ဘုရားသားရဲအစစ်ဖြစ်ကြောင်း သံသယမရှိပေ။
သူသည် အရူးသာဖြစ်သည်။သူ တန်ခိုးရှင်အဆင့်မှ နတ်ဘုရားနယ်ပယ်အဆင့်သို့ရောက်ခဲ့ပါသော်လည်း ဘလက်ကီက လူပုံလည်တွင် အရှက်ခွဲခဲ့သည်။
သူ့ ၏ မကျေနပ်မှုများကို ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်မျိုချခဲ့သည့် ကြောင်တောင်တောင်ကောင်ပေါ်တွင် ပုံချလိုက်သည်။သူ မီး၀င်း၀င်းတောက်သည့်မျက်လုံးအစုံဖြင့်ပုဖန်းအားကြည့်လိုက်သည်။
"ရှလွတ်......ရှလွတ်"
ပုဖန်ကအစားမပျက်ဘဲ သွမ့်လင်းအကြည့်ကို အေးစက်တည်ငြိမ်စွာပြန်ကြည့်လိုက်သည်။
"သိပ် ပျင်းဖို့ကောင်းတာဘဲ....."
ကြက်သေသေနေသော သွမ့်လင်းကိုကြည့်ရင်း သူ့ခြေဖဝါးများကို ဘလက်ကီကပြန်လျက်နေသည်။
ဘလက်ကီသည် လှစ်ခနဲ သွမ့်လင်းကိုထပ်ကန်ပြန်သည်။
ဘလက်ကီ ခြေစုံရပ်လိုက်ရင်း မြို့ပြင်မှ အရိပ်တစ်ခုကိုကြည့်လိုက်သည်။
"ဝုန်း......."
ကျက်သရေရှိသော ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ ထွက်လာသည်။ခြေဗလာကျင်း အဆင့်မြင့်နတ်ဆရာမထံမှာ သွေးနီရောင် ကျောက်စိမ်းအဆောင်ပြားများ လွင့်ပျံလာသည်။
ကျောက်စိမ်းအဆောင်များက သွမ့်လင်းကိုထပ်ကန်ရန်ပြင်နေသည် ဘလက်ကီခြေထောက်ကို သွားထိမှန်လေ၏။
Gp 5 ကို free ချပေးထားခဲ့တာက ကြာပါပြီ
အခုမှ join ဖို့ လိုက်ရှာနေတဲ့သူတွေလဲ မရှာပါနဲ့တော့
ဒီ chapter က gp 5 အဆုံးသတ်ပါပဲ
Gp. 6 & 7 ဝင်ချင်တဲ့သူတွေ အပိုင်း ၉၀ကိုမှ ၁ထောင်နဲ့ လျော့ထားပါတယ် နော်
#staysafe
#fightforourfuture