အပိုင်း ၃၇၁
Viewers 53k

အခန်း ၃‌၇၁ "

သွမ့်လင်းစွမ်းအင်အဆင့် မြင့်သွားခြင်း"


သွေးနီရောင်ကျောက်စိမ်းအဆောင်ပြားများက သွမ့်လင်းကို ကာကွယ်ပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားသည်။


လေထဲ၌ဝဲနေသော အဆင့်မြင့်နတ်ဆရာမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ထို့နောက် ကျောက်စိမ်းအဆောင်ပြားသုံးခုကိုကို အသေအချာစီရင်၍ သူမ၏ စိတ်ဝိညာဉ်အားများ ဖြည့်စည်းလေ၏။


ထိုကျောက်စိမ်းအဆောင်ပြားသုံးချပ်မှ မုန်တိုင်းကဲ့သို့ စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီးကြေမွသွားတော့သည်။


အဆင့်မြင့်နတ်ဆရာမက သွမ့်လင်းကို ကြည့်လိုက်ကာ... သူ၏အစွမ်းများသည် အဆင့်မြင့်အကြီးအကဲထက် မနိမ့်‌ကြောင်းကို သတိပြုမိလိုက်သည်။


အဆင့်မြင့်နတ်ဆရာမ၏ မှော်အစွမ်းများသည် တောင်ပိုင်းဒေသတစ်ခွင်၌ အင်အားအကြီးဆုံးသော စွမ်းအင်များထဲမှ တစ်ခုဖြစ်သည်။


ပုဖန်က ‌ကောင်းကင်ကမ္ဘာမြေမီးတောင်ကျောက်ကိုမျိုချပြီးနောက် အဆင့်မြင့်နတ်ဆရာမက သွမ့်လင်း၏ ကံကြမ္မာပြောင်းလဲမှု ဖြစ်မည်ကို တွက်ဆမိသည်။


သွမ့်လင်းက ရှေ့လျောက်အခြေအနေမဟန်တော့မှန်းကိုလည်း မှန်းဆမိ၏။


အကယ်၍ သူမသာ အလွယ်တကူရှောင်ဖယ်ထွက်ပြေးလိုက်ပါက သွမ့်လင်း... အလွယ်တကူပင် အသတ်ခံရမည်ဖြစ်သည်။


တောင်စဉ်တစ်ထောင်တောင်တန်းမှ ထွက်လာခဲ့ချိန်မှ စ၍ သူမသည် သွမ့်လင်းအနောက်‌လိုက်ကာ အပြည့်အ၀ကူညီဆောင်မခဲ့သည်။


ယနေ့တွင်မူ သူမ၏ သစ္စာစောင့်တည်မှုကို သက်သေပြရပေတော့မည်။


နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်မျှသာရှိသော သွမ့်လင်းက ဤအဆင့်မြင့်သားရဲကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။


အဆင့်မြင့်နတ်ဆရာမက သွမ့်လင်း၏တစ်ကိုယ်လုံး ခွေးကြီးလက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်တော့မည်ကိုမြင်နေသည်။


သူမစွမ်းအင်များကို စုစည်းကာ သွေးနီရောင် မှော်အစီအရင်ကို ဖန်တီးလိုက်သည်။


..........


အင်ပါရီယာမြို့ပြင်၌


ဂျိခန်းယု၏စစ်တပ်မှလူများသည် ဤမှော်အစီအရင်ကိုမြင်သောအခါ တုန်လှုပ်ကုန်ကြသည်။ဂျိချန်းယု၏အရှေ့မှ အရာအားလုံးမှုန်ဝါးနေကာ သူကိုယ်တိုင်လည်း မူးဝေလာ၏။


"ဘာဖြစ်တာလဲ...."


သူ့ပတ်၀န်းကျင်ကို တုန်လှုပ်စွာ လေ့လာကြည့်လိုက်သည်။သူ၏ တပ်သားများအားလုံး မြေကြီးပေါ်တွင် ပျော့ခွေကာ လဲကျနေသည်။


သွေး‌နီရောင် အလင်းတန်းများက တပ်သားများ၏ကိုယ်မှ... တစ်စုစီ တစ်စုစီထွက်ပေါ်လာနေသည်။


လူတိုင်း ရှုံ့မဲ့ကာ ကောင်းကင်ပေါ်မှ အရာတစ်ခုကို ပြိုင်တူကြည့်နေကြသည်။


"မကောင်းဆိုးဝါး မ....."


ဂျိချန်းယု တစ်ကိုယ်လုံး ဆတ်ခနဲဖြစ်သွားသည်။

လဲကျလျက်ရှိသော သူ၏စစ်သားများကိုကြည့်ကာ နှလုံးအောင့်လာ၏။


သူ့ စစ်တပ်က သူ၏မျှော်လင့်ချက်သာဖြစ်သည်။


သူက လေပေါ်‌တွင်ရှိသော အဆင့်မြင့်နတ်ဆရာမကို စက်ဆုပ်ရွံရှာသော...ရန်မူလိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။


နောက်ဆုံး၌ သူ၏ စစ်တပ်ဖြင့် မြို့ကို ဝိုင်းထားစေခြင်းက သူမ၏ ယုတ်မာသော အကြံဖြစ်ကြောင်း ဂျိချန်းယုနားလည်သွားသည်။


သူမ၏စွမ်းအင်များ ပိုမိုအစွမ်းထက်အားကောင်းလာစေရန် စစ်သားတစ်သိန်း၏ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းခံလိုက်ရတော့သည်။


အဆင့်ခုနှစ်ရှိသော ကျင့်ကြံဆင့်ရှိသည့် ဂျိချန်းယုသည်ပင် မှော်အစီအရင်၏အကျိုးသက်ရောက်မှုကိုမခံစားရ၍ သူ၏စွမ်းအင်များ စုပ်ယူခြင်းကို မခံစားရသော်လည်း မူးဝေမှောင်မိုက်နေ၏။


သွေးနီရောင် အလင်းတန်းများက ကောင်းကင်ပြည့်လုမတတ်ဖြစ်နေကာ အဆင့်မြင့်နတ်ဆရာမ၏မှော်အစီအရင်၌ ရစ်ဝဲနေလေသည်။


အဆင့်မြင့်အကြီးအကဲက စိတ်ဝိညာဉ်စွမ်းအင်များကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။သူသည် အဆင့်မြင့်နတ်ဆရာမကိုကြည့်နေရာမှ တဖြည်းဖြည်းမှုန်ဝါးလာသည်။


"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မှော်အစီအရင်မျိုးလဲ....ရှုရဂိုဏ်က မကောင်းဆိုးဝါးတွေသာ လုပ်တတ်တဲ့ဟာမျိုးဘဲ...."


ဂျိချန်းယု၏ စစ်သားများက မှော်အစီအရင်အတွက် စတေးခံလိုက်ရသည်။


အဆင့်မြင့်နတ်ဆရာမကို ဘလက်ကီက ကြည့်လိုက်ပြီး လက်ဖြင့် ခုတ်ချလိုက်သည်။မည်မျှအင်အားကြီးသူဖြစ်ပါစေ သူ၏လက်ပုတ်ရာ တစ်ချက်တည်းဖြင့်ပင် သေစေနိုင်သည်။


"ဘုန်း......."


အပေါ်စီးမှ ပုတ်ချလိုက်သော အားသည် သွမ့်လင်းတစ်ကိုယ်လုံးကို တစ်စစီဖြစ်စေနိုင်လေ၏။ခြစ်ရာ ပါးပါးလေးကပင် သွေးများစိမ့်ထွက်လာတော့သည်။


ရုတ်တရက် သူ၏ခေါင်းအထက်၌ သွေးနီရောင်မှော်အစီအရင်များတွေ့ရသဖြင့် သွမ့်လင်းမျက်လုံးပြူးကာ အဆင့်မြင့်နတ်ဆရာမဆီသို့လှမ်းကြည့်လိုက်သည်။


သွမ့်လင်းတစ်ကိုယ်လုံး တွန်ဖယ်ခံလိုက်ရပြီးနောက် ဘလက်ကီ၍တိုက်ခံမှုကို အဆင့်မြင့်နတ်ဆရာမက ကိုယ်စား၀င်ခံ လိုက်တာ့သည်။


"အားးးးးးးးးး"


သွမ့်လင်း တစ်ခုခုနင်နေသလိုမျိုးဖြစ်ကာ အော်သံသာ ထွက်လာတော့သည်။


အဆင့်မြင့်နတ်ဆရာမက ဘလက်ကီ၏ လက်ဖဝါးအောက်ရောက်နေပြီး သွမ့်လင်းကိုယ်စား ခံလိုက်သည်။


သွမ့်လင်းက ဘလက်ကီ၏တိုက်ခိုက်မှုကို သူ၏နတ်ဘုရားနယ်ပယ်တစ်၀က်မျှဖြင့် မခုခံနိုင်ဘဲ အဆင့်မြင့်နတ်ဆရာမထက်ပင် သူက ပိုအင်အားသေးနုပ်သေး၏။


"ပလွတ်...."


အဆင့်မြင့်နတ်ဆရာမ၏ မျက်နှာဖုံး ကွာကျသွားပြီး... သူမ၏ကြော်ရှင်းလှပသော မျက်နှာက သွေးအလိမ်းလိမ်း ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။


သူမက သွေးနီရောင်မှော်အစီအရင်များဖြင့်ကာရံထားသော သွမ့်လင်းကို နောက်ဆုံးအနေဖြင့် ‌ကျေနပ်စွာ ကြည့်လိုက်သည်။


အဆင့်မြင့်နတ်ဆရာမ သေဆုံးခဲ့လေပြီ။


ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများက တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် ဘလက်ကီက သူပုတ်ခဲ့သည့် အဆင့်မြင့်နတ်ဆရာမကို တွေတွေကြီး စိုက်ကြည့်နေသည်။


"ချလွင်..."


သူမ၏ သတ္တုမျက်နှာဖုံးက မြေကြီးပေါ်သို့ လိမ့်ကျသွားသည်။


မြို့တစ်မြို့လုံးက ထိုတိုက်ခိုက်မှုကြီးကို ရင်တမမ ကြည့်နေကြသည်။အဆင့်မြင့်နတ်ဆရာမ၏ အနစ်နာခံလိုက်ခြင်းကို တစ်မြို့လုံးက စုတ်သပ်နေကြသည်။


ပုဖန်သည်ပင် တိတ်ဆိတ်သွားပြီး... နဂါးခြေသည်းတစ်ဖတ်ကို ထပ်ထည့်စားလိုက်သည်။


"အားးးးးးးးးးးးးးးးးးး"


သွမ့်လင်းက ကောင်းကင်ပြင်ကြီးကို ကြည့်ကာ သွေးရူးသွေးတမ်း ဟစ်လိုက်သည်။အော်သံထဲတံင် နာကျင်မှုနှင့် စိတ်မကောင်းမှုများပါ၀င်နေလေ၏။


အဆင့်မြင့်နတ်ဆရာမက သူနှင့် နှစ်ပောင်းများစွာ လက်တွဲခဲ့ကြသည်။နဂါးမြို့တော် တစ်လျောက်... သစ္စာရှိစွာဖြင့် သူ၏နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။


"ချွင်.......ချွင်........ချွင်......."


သွမ့်လင်း လက်မှသံကြိုးများ အချင်းချင်း ထိခတ်ကုန်၏။အဆင့်မြင့်နတ်ဆရာမ ၏ မှော်အစီအရင်က သွမ့်လင်းအားရစ်ဝဲလျက် သူ၏စွမ်းအင်များကို မြှင့်တင်ပေးနေလေသည်။


ထောင်ပေါင်းများစွာသော စစ်သားတို့၏ စိတ်ဝိညာဉ်များကို ဆုပ်ယူထားခဲ့သော မှော်အစီအရင်ဖြင့် သွမ့်လင်း၏ စွမ်းအား မြင့်သွားခဲ့ချေပြီ။


သွေးများ ပါးစပ်မှ စီးထွက်နေပြီး...နီရဲသော မျက်လုံးများမှ မျက်ရည်များစီးကျနေသည်။‌စိတ်ထဲ၌ ဒေါသများ ပြည့်လျှံလာသည်။


.......


ဂျိချန်းယုတစ်ကိုယ်လုံး ယိမ်းထိုးကာ မြေကြီးပေါ်လဲကျသွားသည်။သူ၏တပ်မဟာသည် ပြိုလဲတော့မည်ဖြစ်သည်။

သူ အကြီးအကျယ်နောင်တလည်း ရသွားသည်။


ဝှိုက်တီ၏ကျောတွင် စိုက်နေသော ရှုရဓါးက တုန်ခါနေသည်။ခဏအကြာတွင် ရှုရဓါး ဝုန်းခနဲကျွတ်ကာ သွမ့်လင်းဆီရောက်သွားသည်။


ဝှိုက်တီ၏ ခန္ဓာကိုယ်နောက်မှ တောင်ပံများထွက်လာကာ သွမ့်လင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။


"ကြည့်စမ်း ဒီကောင်တော့ နတ်ဘုရားနယ်ပယ်အဆင့် အပြည့်အဝရောက်သွားပြီ...."


သွမ့်လင်းသည် သူ့ဆီပျံလာသော ရှုရဓါးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်သည်။ သူ့အကြည့်များက ကြမ်းကြုတ်ရက်စက်သော အကြည့်များ‌အဖြစ် ပြောင်းလဲသွားသည်။


ထိုအကြည့်များဖြင့် ဝှိုက်တီနှင့် ပုဖန်ကိုကြည့်လိုက်သည်။ သတ်ဖြတ်ချင်စိတ်များ တစ်ဟုန်ထိုးပေါ်လာသည်။


သူ့လက်တွင်ရှိသော သံကြိုးများကို ရစ်လိုက်ပြီး ရှုရဓါးနဲ့အတူ ပတ်ထားလိုက်သည်။စွမ်းအင်လှိုင်းများထွက်လာပြီး... ရှူရဓါးကို ဆန့်တန်းထားလိုက်သည်။သူ၏စွမ်းအင်များက ရေကာတာမှ တမံကျိး၍ ရေများပြိုဆင်းလာသကဲ့သို့ဖြစ်နေသည်။


ဤသည်မှာ နတ်ဘုရားနယ်ပယ်အဆင့်၏ ပထမအဆင့်ဖြစ်သော်လည်း အင်အားပြင်းထန်သည်။


ဝူမူက လေကိုတစ်ဝြကီး ရှုသွင်းလိုက်ပြီး စိတ်တည်ငြိမ်အောင်ထားလိုက်သည်။ကြောက်မက်စရာ စွမ်းအင်က ဓါးသမားဖြစ်သော သူ့အား သိမ်ငယ်စိတ်၀င်စေ၏။


........


ထောင်သောင်းချီသော စစ်သားများ၏ စိတ်ဝိညာဉ်ကို စုပ်ပြီးနောက် သူ၏စွမ်းအင်သည် ပြင်းထန်များပြားခဲ့ချေသည်။


သွမ့်လင်းက စိတ်ငြိမ်စွာထားရင်း ဘလက်ကီကို စိုက်ကြည့်လိုက်သည်။


ဘလက်ကီကလည်း ခေါင်းမော့ကာ လက်ဝါးကိုမြှောက်လိုက်သလို သွမ့်လင်းကလည်း ရှုရဓါးဖြင့် ရွယ်ထားလိုက်တော့သည်။