အခန်း၃၇၂
"မင်းကို ဘယ်သူကသတ္တိတွေပေးလိုက်တာလဲ"
ယခင်က...
သွမ့်လင်းသည် နတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့်သာရှိသေး၍ ဘလက်ကီကိုမယှဉ်နိုင်ဘဲ အကိုက်ပင် ခံလိုက်ရသေးသည်။
နောက်ပိုင်း...
သူစိတ်ပျက်လက်ပျက်ဖြင့် စိတ်ရောက်ိုယ်ပါ ချွတ်ခြုံကျခဲ့သည်။သို့သော် အဆင့်မြင့်နတ်ဆရာမက သူ့ကိုကူညီပြီးနောက် ဘလက်ကီအပော် ကြောက်စိတ်ကိုလျော့ချနိုင်ခဲ့သည်။
အဆင့်မြင့်နတ်ဆရာမ မရှိသည့်နောက်နောက်... သူ နတ်ဘုရားနယ်ပယ် အဆင့်သို့ပြည့်ပြည့်၀၀ရောက်ရှိခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲ၌ ဆူပွက်နေသော အစစ်အမှန်စွမ်းအင်လှိုင်းများကို ထိုးဖောက်ကျော်လွှားပြီးနောက် စွမ်းအင်လှိုင်းများကသူခန္ဓာကိုယ်ရှိ အင်အားတို့ကိုနိုးထစေခဲ့သည်။
သူ အဆင့်အမြင့်ဆုံးဖြစ်ခဲ့လေပြီ။
သူ့လက်ထဲမှ ရှုရဓါးကလဲ ပိုမိုအစွမ်းထက် လာလေသည်။
သူက တောင်းပိုင်းဒေသအတွင်း၌ နတ်ဘုရားနယ်ပယ်အဆင့်ကိုရရှိခဲ့သော လူတစ်ယောက် ဖြစ်လာသည်။
အာကာသအာနမ်ဂိုဏ်းမှအဆင့်မြင့်အကြီးအကဲက နာကျည်းခက်ထန်စွာ ကြည့်လိုက်သည်။ သူရင်ဘတ်ထဲမှ အောင့်တက်လာပြီး သွေးအန်လိုက်ရသည်။
သွမ့်လင်းက အဝေးရှိခွေးနက်ကြီးကို လှမ်းကြည့်ရင်း သူ၏စွမ်းအင်များကိုဆင့်ခေါ်နိုးထစေလိုက်သည်။
်
အဆင့်မြင့်နတ်ဆရာမက သူ့ကိုကြည့်ခဲ့သော နောက်ဆုံးအကြည့်ကိုပြန်သတိရမိသဖြင့် သူရင်ဘတ်တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။
ရှုရဓါးမှ ကျယ်လောင်စူးရှသော အသံများ ပဲ့တင်ထွက်လာသည်။
သွမ့်လင်းတစ်ကိုယ်လုံး ကောင်းကင်ကမ္ဘာမြေဖိအားဖြင့် ပြည့်နှက်စီး၀င်လျက် ဘလက်ကီဆီသို့တစ်ဟုန်ထိုးသွားလေတော့သည်။
သတ္တုအတောင်ပံများ ဗြုန်းခနဲ ဆန့်ထွက်လာကာ ဝှိုက်တီက ဘလက်ကီ အရှေ့မှကာထားလိုက်သည်။
ဝှိုက်တီမျက်လုံးများက မီးခိုရောင်သို့ပြောင်းသွားကာ သွမ့်လင်းဆီသို့ ဓါးမြှောင်များဖြင့် ပစ်ပေါက်လိုက်သည်။
ဓါးမြှောင်များ အစုအပြုံလိုက် ဝဲထွက်သွားသည်။
သို့သော် သွမ့်လင်းက သူ၏ ရှုရဓါးဖြင့် လှပ၀င့်ကြွားစွာ အားကုန်လွဲခုတ်ချလိုက်ရာ ဝှိုက်တီ၏ ဓားမြှောင်များ ဖရိုဖရဲ လွင့်စင်ကုန်လေ၏။
သွမ့်လင်းက ဝှိုက်တီအရှေ့ရောက်လာကာ ညာလက်သီးဖြင့် ဝှိုက်တီ၏ဗိုက်ကို အားကုန်ထိုးလိုက်သည်။
"ဗုန်း......"
ကျယ်လောင်သော အသံနှင့်အတူ မြေကြီးပေါ်သို့လွင့်ထွက်သွားသည်။
နတ်ဘုရားနယ်ပယ်အဆင့်ရှိသော သွမ့်လင်အား ဝှိုက်တီ မယှဉ်နိုင်ပေ။
ဝှိုက်တီ ကျရာနေရာမှ ကျောက်စိုင်ထုများပင် ပဲ့ကျလွင့်စင်သွားပြီး မျက်လုံးများပင် အလင်းလျော့ကုန်သည်။သွမ့်လင်း၏အားကုန်ထိုးချက်ခံရပါသော်လည်း ဝှိုက်တီက ပိန်လိမ်သွားခြင်းမရှိပေ။
သွမ့်လင်းက ဝှိုက်တီကို ဆက်လက်အာရုံစိုက်ရန်မလိုအပ်တော့ဘဲ ဘလက်ကီကိုသာ သတ်ရန်ပြင်ဆင်တော့သည်။
ဒီခွေးကိုမသတ်ခဲ့ရလျှင် အဆင့်မြင့်နတ်ဆရာမအတွက် တာ၀န်ကျေမည်မဟုတ်ဟု သတ်မှတ်ထားလေသည်။
"ဝုန်း......"
ဓါးစွမ်းအင်များ သူ၏ခန္ဓာကိုယ်၌ ရစ်ပတ်ပြီးနောက် ဘလက်ကီဆီသို့ ဦးတည်ဝဲပျံသွားသည်။
ဘလက်ကီက မေးရိုးဖြင့် ရှုရဓါးကို ခါထုတ်လိုက်သည်။
"ဗြန်း......"
သွမ့်လင်းက မျက်နှာမပျက်ဘဲ ဘလက်ကီဆီသို့ နောက်တစ်ကြိမ် ဓါးဖြင့် ထပ်ပစ်လိုက်ပြန်သည်။သွမ့်လင်း၏ ခနွာကိုယ်မှ သွေးနှင့် စွမ်းအင်များက ဆူလောင်ပွက်ညံ နေသည်။
သူ၏ဓါးက သွမ့်လင်းနတ်ဘုရားနယ်ပယ်အဆင့်ရောက်ရှိချိန်တွင် ပိုမိုစွမ်းအားရှိစွာ တိကျမြန်ဆန်လာလေသည်။
"သေစမ်း....."
သွမ့်လင်း၏ဓါးချက်က လူတိုင်း၏ စိုးရိမ်မှုအရှိန်ကို ပိုမိုမြင့်တက်လာစေသည်။
ပုဖန်၏ သွင်ပြင်က တည်ငြိမ်လေးနက်သွားသည်။သူက ဘလက်ကီကို ယုံကြည်သော်လည်း သွမ့်လငက ပိုမိုအစွမ်းထက်လာသောကြောင့် အနည်းငယ်တော့ စိုးရိမ်နေမိသည်။
ပုဖန်က သူ၏ပေကျံနေသော ပါးစပ်ထဲမှ နောက်ဆုံးသော နဂါးခြေသည်းအရိုးချောင်းကို ထုတ်လိုက်သည်။စားသုံးပြီးသည့်တိုင်အောင် မွှေးရနံ့က စွဲထင်ကျန်နေသေး၏။
"မင်းကို ဘယ်သူက ဒီလိုသတ္တိတွေပေးလိုက်တာလဲကွ........."
ဘလက်ကီ၏ အသံက လေထဲ၌ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။သူ၏ခန္ဓာက်ိုယ်ကို ဆွဲဆန့်ကာ မေးရိုးများထောင်သည့်အထိ မာန်ဖီလိုက်၏။
သွမ့်လင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ထို့နောက် မျက်ထောင့်နီဖြင့် ကြည့်လျက် နောက်တစ်ကြိမ် ထပ်ခုတ်လိုက်သည်။
ဘလက်ကီက သူ့ခြေထောက်လေးကို နုနုရွရွလေး ချီမကာ ရှုရဓါးကို ကာဆီးလိုက်သည်။
"ဝုန်း......."
တစ်ကမ္ဘာလုံး တုန်လှုပ်မတတ် ဖြစ်ပျက်သွားသည် ဟု လူတိုင်း ထင်မှတ်လိုက်မိသည်။
သွမ့်လင်းတစ်ကိုယ်လုံး လေထဲတွင် တောင့်တင်းနေကာ သူပတ်၀န်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သလိုပင် ခံစားမိသွားသည်။
ဘလက်ကီက သူ၏ ရှုရဓါးကို ကြေမွသည်အထိနင်းခြေလိုက်လေသည်။သူ၏ စွမ်းအင် အပြည့်ဖြင့် ခုတ်ချလိုက်သောဓါးချက်သည် တိုဖူးချောင်းတစ်ခုလို ကြွေမွသွားခဲ့သည်ကို သူ့မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည်။
ရှုရဓါး ကြေမွကာ အပိုင်းပိုင်းဖြစ်ကုန်လေသည်။
သွမ့်လင်၏နိုးဆွဆင့်ခေါ်မှုကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေဖိအားများ နိုးကြားထွက်ပော်လာသည်။
"ဝုန်း......ဝုန်း......ဝုန်း......"
ဆက်တိုက်ပေါက်ကွဲမှုများ၏အသံကို သွမ့်လင်းကြားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ကြိုးပြတ်သွားသည့်စွန်တစ်ကောင် ကဲ့သို့ ချာချာလည်နေပြီး....ရုတ်တရက်ပြုတ်ကျသွားလေရာ... ဖုန်လုံးများမြင့်တက်သွားသည်။
နတ်ဘုရားနယ်ပယ်အဆင့်ရှိ သူက ခွေးတစ်ကောင်ကိုတောင်မနိုင်ဘူးတဲ့လား....
"ဒါဘယ်လိုခွေးမျိုးလဲ.....မသေနိုင်ဘူးလား....."
သွမ့်လင်း၏အတွေးများ ရှုပ်ထွေးနေ၏။
သွမ့်လင်းက လွင့်ထွက်သွားရုံလောက်သာ ဖြစ်သွားသောကြောင့် ဘလက်ကီကလဲ အံ့အားသင့်နေသည်။
"နတ်ဘုရားနယ်ပယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်သွားတာလား......."
ဘလက်ကီက စုတ်သပ်ကာ သက်ပြင်းချလိုက်သည်။
တစ်ကြိမ်အဆင်မပြေပါက နောက်တစ်တစ်ကြိမ်တွင်အောင်မြင်နိုင်သည်။
ဘလက်ကီက လှစ်ခနဲပျောက်သွားကာ ပြုတ်ကျနေသည့် သွမ့်လင်းအနီး၌ပြန်ပေါ်လာသည်။
ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ ကြွကြွရွရွဖြင့် သွမ့်လင်းအနားသို့ချဉ်းကပ်သွားကာ သူ၏နဂိုမူလပုံစံ ပြန်ပြောင်း သွားသည်။
သွမ့်လင်းက အုတ်ခဲပုံပေါ်တွင် လဲကျနေပြီးသူ၏ ကြမ်းတမ်းခက်ထန်သော စိတ်ရိုင်းများလည်း ပြေလျော့လာသည်။
"သူထပ်ရှုံးနိမ့်ပြန်ပြီ........ဒီလိုနတ်ဘုရားနယ်ပယ်အဆင့်ရောက်နေတာတောင်မှ ဒီခွေးကို နိုင်အောင် မတိုက်နိုင်တော့ဘူးလား....."
သူက အရှုံးကို မချင့်မရဲလက်ခံလိုက်ရသည်။သူ၏တပည့်များကလည်း ဘလက်ကီသူတို့ဆီ ဦးတည်လာနေသောကြောင့် သေမတတ်ကြောက်လန့်နေကြသည်။
ဘလက်ကီက သူ့ကို လက်ကိုမြှောက်ကာ ပုတ်ချလိုက်၏။
"ဗြန်း...."
မြို့တံတိုင်းက ငလျင်လှုပ်သကဲ့သို့ တသိမ့်သိမ့်တုန်သွားပြီး အက်ကြောင်းများပင်ပေါ်လာသည်။
နားကွဲမတတ် ပေါက်ကွဲသံက မြို့တော်အတွင်း သို့ပြန့်နှံ့သွားသည်။
"ဝုန်း....."
သံမျှော်စင်က အပျက်အဆီးများထဲ ပြိုကျသွားကာ ဘလက်ကီအနားထိ လိမ့်လာသည်။
ဤသည်မှာ ရိုးရိုးမျှော်စင်တစ်ခုဖြစ်ပြီး မည်သည့်စွမ်းအင်လှိုင်းများမှ မပါ၀င်ပါဘဲ အလှဆင်ပစ္စည်းတစ်ခုသာဖြစ်၏။
ဘလက်ကီက ဤမျှော်စင်ငယ်လေးသည် တစ်ခုခုနှင့်တူကြောင်းတွေးမိသည်။
"ကျွီ......."
မျှော်စင်လေးက လှုပ်ရှားလာပြီး အကျိုးအပဲ့များကြားမှ စိတ်ဝိညဉ်စွမ်းအင်များ ဝေ့ထွက်လာကာ ရှုရဂိုဏ်းချုပ်၏မျက်နှာပေါ်လာသည်။
ရှုံမဲ့နေသော မျက်နှာက မျှော်စင်ကြားတွင်ပေါ်လာပြီး လှုပ်ရှားလာလေသည်။
ဘလက်ကီက ဆက်မတိုက်တော့ဘဲ မျှော်စင်၏ အနောက်သို့ ဆုတ်လိုက်သည်။
မျှော်စင်က မြောက်တက်လာကာ လေတွင်ဝဲနေသည်။ မြည်ဟီးသံတခုနှင့်အတူ အလင်းတန်းများပေါ်လာပြီးနောက် ပျောက်ကွယ်သွားလေသည်။
ပျောက်သွားသည့်မျှော်စင်ကို တစ်ချက်ကြည့်လိုက်ရင်း ကျေနပ်စွာ သူ့နှုတ်ခမ်းများကိုသပ်လိုက်သည်။သူ...ထိုမျှော်စင်ကို အတိအကျမှတ်မိနေပါသော်လည်း ဘယ်နေရာတွင် ဘယ်အချိန်က မြင်ဖူးခဲ့မှန်းကိုမူ သတိမရတော့ပေ။
ထို့ကြောင့် ဆက်မတွေးတော့ပေ။
ဘလက်ကီက ဘေးနားကအပျက်အဆီးပုံကိုကြည့်ကာ ၀င့်ကြွားစွာ ခေါင်းမော့လိုက်သည်။ထို့နောက် ကြောင်တစ်ကောင်ကဲ့သို့ ဖင်လှုပ်ကာ လမ်းလျောက်သွားလိုက်ပြီး ဆိုင်ပေါက်ဝတွင်ပြန်ခွေနေလေ၏။
"ကောင်လေး မင်းရဲ့နံရိုးချိုချဉ်ကြော်ကိုစားဖို့ အကြွေးကျန်သေးတယ်နော်......"
ဘလက်ကီက ပုဖန်ကိုကြည့်၍ပြောလိုက်ပြီး ပြန်အိပ်ဖို့ပြင်လိုက်တော့သည်။
ပုဖန်က လေးလေးနက်နက်ခောင်းငြိမ့်ပြလိုက်ရင်း... သူစားပြီးသော မီးနဂါအသားကိုပြန်သတိရလိုက်မိသည်။
ထိပ်တန်းအရသာရှိသောအသားအား နံရိုးချိုချဉ်ကြော် လုပ်လိုက်ရင်ဖြင့်...
"ဟုတ်ပြီ....အကုန်လုံးပြီးဆုံးသွားပြီဆိုတော့ မင်းအလုပ်မင်းပြန်လုပ်တော့......"
သူ့ပတ်၀န်းကျင်က တိတ်ဆိတ်နေလွန်းသဖြင့် သူ...လူစုများရှိရာသို့ မျှော်ကြည့်လိုက်ပြီးမှ စိတ်သက်ရာရသွားသည်။
ခဏအကြာတွင်.... မြို့တော်တစ်ခုလုံး နေရာအနှံမှ အသံဗလံများထွက်ပေါ်လာကာ ပုံမှန်အခြေအနေဖြစ်သွားလေတော့သည်။
#နောက်တပတ်သောကြာမှ ပြန်တွေ့ကြပါမယ်
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ
အန္တာရာယ်ကင်းဘေးရှင်းကြပါစေ
ခွေးဆွဲခြင်းလဲကင်းပါစေ