အခန်း၃၇၃
"နာမည်ပျက် ဆိုင်ငယ်လေး နာမည်ကြီးခြင်း"
" ဘုရာရေ ငါအိမ်မက်များ မက်နေမိတာလား....."
"ဒီလိုခွေးမျိုး ကမ္ဘာပေါ်မှာ ရှိသေးတာလား..."
မြို့တော်ကို ဖျက်ဆီးရန်ရောက်ရှိလာကြသည့် စစ်သားများကို ဘလက်ကီက အေးအေးဆေးဆေးရှင်းထုတ်ခဲ့သည်။
"ဒီလိုခွေးက အခုလိုမျိုး စားသောက်ဆိုင်ရှေ့မှာစောင့်နေတယ်..."
"ဘယ်လိုပိုင်ရှင်မျိုးက အခုလိုမျိုး လုပ်ခိုင်ရတာလဲ..."
မြို့သူမြို့သားများက သူတို့မြို့၏ ပျက်ဆီးခြင်းရန်မှ ကာကွယ်လိုက်သော ဘလက်ကီအကြောင်းကို အုတ်အော်သောင်းနင်း ပြောဆိုလျက်ရှိသည်။
တချို့မှာ ပျော်ရွှင်ကြည်နူးစွာဖြင့် ဒူးထောက်ကာ ဘလက်ကီကို အရိုအသေပင်ပြုနေကြသည်။
တချို့မှာမူ ကခုန်ရွှင်မြူးနေကြ၏။
မြို့၏ အိုးအိမ်အဆောက်အဦးများသည် အတော်ပင်ပျက်ဆီးခဲ့သော်လည်း ပြန်လည်တည်ဆောက်နိုင်သေးသည်။အကယ်၍များ မြို့တော်တစ်ခုလုံး ပျက်ဆီးခဲ့ပါက လူတိုင်း အငတ်ဘေး ဆင်းရဲဒုက္ခနှင့်ကြုံရတော့မည်ဖြစ်သည်။
အဆင့်မြင့်အကြီးအကဲနှင့် ဝူမူတို့က တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
ထို့နောက်သူတို့ ဘလက်ကီကြောင့် သွမ့်လင်းလဲကျရာနေရာသို့ လျှောက်သွားလိုက်သည်။သွမ့်လင်းအား ငုံ့ကြည့်လိုက်ရာ အထိတ်လန့်ဖွယ်ရာတွေ့လိုက်သည်။
နတ်ဘုရားနယ်ပယ်အဆင့်ရှိသော သွမ့်လင်းက တိုဟူးတစ်တုံးလို ပုံပျက်ပန်းပျက် လဲလျနေလေ၏။
ဂျိချန်းရွဲ့က ယိုင်တိယိုင်တိုင် မြို့တံတိုင်းပေါ်မှထလာသည်။သူသည် စိတ်လှုပ်ရှားမှုဖြင့်တုန်ရီလျက်ရှိနေပြီး ယခုမှပင် ရင်၀၌ဆို့နေသော အလုံးကြီး ကျသွားသည်။
ပြဿနာများ၊အထူးအဆန်းဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ကြုံဆုံခဲ့ရသည်။
ဘာကြောင့်များ ဘုရင်တစ်ယောက်လုပ်ရတာ ဒီလောက်ခက်ခဲနေတာလဲဟုပင် တွေးနေမိသည်။
သူ့ခမည်းတော်လက်ထက်၌ အဆင့်ရှစ်စစ်နတ်ဘုရားလောက်ကိုပင် အထူးအခြေအနေဟု သတ်မှတ်ခဲ့သည်။
ယခု သူ့လက်ထက်၌ သူတော်စင်အဆင့်၊ စစ်နတ်ဘုရားအဆင့်တို့သည် ပေါသောနေလေ၏။ထို့ကြောင့် နေ့တိုင်းနီးပါးပြသနာကိုဖြေရှင်းနေရသည်။ သူ့၏ ပင်ပန်းလှေ သာအခြေအနေကိုတွေးမိ၍စိတ်မကောင်းဖြစ်နေမိသည်။
မြို့တံတိုင်းပေါ်မှနေ၍ မြို့အတွင်းရှိအပျက်အစီးများကို ဝေ့ကြည့်မိရင်း သက်ပြင်းရှည်ချလိုက်သည်။
မြို့တော်၏အဓိက နေရာနှစ်ခုမျှသာ ပျက်ဆီးပြီး အင်ပါယာနန်းတော်မပျက်ဆီးသောကြောင့် အနည်းငယ်တော့ စိတ်သက်သာသွားသည်။
သူ၏နန်းတော်သာ ပျက်ဆီးခဲ့ပါက ဘုံပျောက်ကာ ဒုက္ခအကြီးအကျယ်ရောက်ပေလိမ့်မည်။
ယခုသူ၏အမှုထမ်းများက ဂျိချန်းရွဲ့၏အမိန့်ကို နာခံရန် အသင့်စောင့်မျှော်လျက်ရှိသည်။သူတို့အားလုံးသည် ဂျိချန်းရွဲ့ကို ပိုမိုယုံကြည်အားကိုးလာတော့သည်။
ဖြစ်ခဲ့သော အဖြစ်အပျက်များတွင် သူသည် အခက်ခဲဆုံး၊အန္တာရယ်ရှိသော နေရာမှ တစ်စိတ်တစ်ဒေသအဖြစ် ဦးဆောင်ပါ၀င်ခဲ့သောကြောင့် ပိုမိုလေးစားခြင်းကို ရရှိသွားသည်။
ဂျိချန်းရွဲ့က ချက်ပြင်းပင် အပျက်အဆီးများကိုပြင်ဆင်ရန် ညွှန်ကြားလေသည်။
သို့သော်...နောက်ထပ်ပြသနာကျန်သေးသည်။
ထိုအရာမှာ မြို့တော်ပြင်ဘက်မှ ဂျိချန်းယု၏ စစ်တပ်ပင်ဖြစ်သည်။
စစ်တပ်တစ်၀က်စာလောက်သည် အဆင့်မြင့်နတ်ဆရာမ၏ စိတ်ဝိညာဉ်စွမ်းအား စုပ်ယူခြင်း ခံခဲ့ရသောကြောင့် သေဆုံးခဲ့သည်။ ကျန်တစ်၀က်မှာလည်း အင်အားယုတ်လျော့နေသော အခြေအနေ ဖြစ်သည်။
ထိုခြေနေက မြို့ထဲမှ စစ်တပ်အင်အားဖြင့်ပင် ထိန်းချုပ်နိုင်သောကြောင့် ဂျိချန်းရွဲ့ အတွက် အကောင်းမွန်ဆုံး အခွင့်အရေးဖြစ်သည်။
ဂျိချန်းယု၏တပ်များ အားလုံး အကျဉ်းချခံလိုက်ရသည်။ ဂျိချန်းယုနှင့်ကျောက်မူရှန်နှစ်ယောက်စလုံးလဲ အင်အားမရှိကြတော့ချေ။
ရှောင်ယုကလည်း သူ့တပ်ဖွဲ့ကိုစုစည်းကာ အကျဉ်းသားများ၏ အစောင့်တာ၀န်ယူလိုက်သည်။
ဂျိချန်းယု၏ မျှော်လင့်ချက်များ ပြိုလဲကုန်ကာ မိုက်မဲသော သူဟု အလှောင်ခံရပြီး အကြီးအကျယ် စိတ်ဓါတ်ကျစေသည်။ရှုရဂိုဏ်းကြောင့်ပင် သူနာမည်ရလာပြီး ရှုရဂိုဏ်းကြောင့်ပင် သူပျက်ဆီးရသည်။
ဂျိချန်းရွဲ့က လက်နောက်ပစ်ကာ ဂျိချန်းယုကို ညှာတာမှုမရှိဘဲ မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်လိုက်သည်။
ဂျိချန်းယုက အရူးတစ်ယောက်လို ခေါင်းမှဆံပင်များ လွင့်စင်သည့်အထိ ခါရင်း အော်ဟစ်ရယ်မောနေ၏။နောက်ဆုံး ရှောင်ယုက သူ၏စွမ်းအင့်အဆင့်ကိုထိန်းချုပ်လိုက်ပြီး သူ့အကျဉ်းခန်းထဲ ရောက်မှသာ ရယ်သံရပ်တော့သည်။
တစ်ချိန်က အပေါ်စီးမှသာ ဆက်ဆံခဲ့သော်လည်း ယခုမူ ခေါင်းငုံ့ခံနေရသည်။
လေအလင်းအင်ပာယာက တဖန် ပြန်လည်အေးချမ်းသွားသည်။
ဂျိချန်းရွဲ့က ပြုလုပ်ရမည့်အရာများကို ညွှန်ကြားပြီးနောက် ပုဖန်၏ဆိုင်သို့ သွားလေတော့သည်။
ထိုဆိုင်ငယ်လေးက သူ့ကိုစိတ်လှုပ်ရှားအောင် အကြိမ်ကြိမ်ပြုလုပ်နေပေသည်။
ဂျိချန်းရွဲ့က ဆိုင်ငယ်လေးကို အထူးဂရုစိုက်လေ့လာပါသော်လည်း ထူးခြားချက်ကိုမူမတွေ့ရပေ။
သို့သော်လည်း ဆိုင်ငယ်လေးက မြို့တော်၏ အန္တာရယ်များကို ဖြေရှင်းခဲ့ကာ မြို့တော်၏ဂုဏ်သတင်းကို တောင်ပိုင်းဒေသတစ်ခုလုံးသို့ကျော်ကြားစေခဲ့သည်။
အဆင့်မြင့်အကြီးအကဲနှင့်ဝူမူက သေးနုပ်လှသောဆိုင်ငယ်လေးဆီသို့လျှောက်လာသည်။ သူတို့ထံ၌ ဆိုင်ငယ်လေးအပော်အထင်မသေးစိတ်လဲ မရှိတော့ပေ။
သူတို့က ဆိုင်ရှေ့ရှိခွေးနက်ကြီးကိုမြင်သောအခါ လန့်သွားပြီး သူတို့ကို ထတိုက်ခိုက်မည်ကိုစိုးရိမ်နေသည်။သွမ့်လင်းကဲ့သို့လူကိုပင် တိုက်ခိုက်ခဲ့သော ခွေးကြီးက သူတို့ကိုမူ မျက်စိမှိတ်လျက်ပင် သတ်နိုင်ကြောင်းကို သိထားသည်။
ဆိုင်ရှေ့ရောက်ဖို့ ခြေနှစ်လှမ်းစာအလိုတွင်... သိပ်သည်းလှသော မွေးရနံ့များကြောင့် မျက်လုံးများပြူးသွားကြသည်။
ပုဖန်က မွှေးရနံများလှိုင်လှိုင်ထွက်နေသည့် စိတ်ဝိညာဉ်များပါသော နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကို ယူ၍ထွက်လာသည်ကိုတွေ့လိုက်သည်။
အငွေ့တစ်ထောင်းထောင်ထွက်နေသည့် ဟင်းပွဲက အကြည့်များကိုဖမ်းစားနေပြီး စားချင်စိတ်ကို အငမ်းမရဖြစ်စေသည်။
"ဂလု....."
အဆင့်မြင့်အကြီးအကဲနှင့် ဝူမူက လာရင်းကိစ္စကိုပင် မေ့ကာ ပုဖန်၏ဟင်းလျာကိုသာ စားချင်နေတော့သည်။
ရှောင်မင်က နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကို မော့ကာ သောက်ချလိုက်သည်။
တခဏခြင်းပင် မျက်နှာ လန်းလာ၏။တစ်ကိုယ်လုံးရှိ အဆိပ်များကို စိတ်ဝိညာဉ်စွမ်းအင်များက ဖယ်ရှားလိုက်လေသည်။
ရှောင်ယန်ယုက ပျော်ရွှင်မှုများနှင့်ပိတိဖြာနေသည်။ရှောင်ရှောင်လုံသည်လည်းပုဖန်အား ပိုမိုလေးစားအားကိုးသွားလေသည်။
ဒီဟင်းပွဲက သိပ်စွမ်းတဲ့ နတ်ဟင်းလျာဘဲ...
နီယန်ကလည်း ကျေနပ်နေလေသည်။
"မင်းတို့အားလုံးက နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ရဲ့ ဆွဲဆောင်မှုမှာ ယစ်မူးနေကြတာပဲ......."
ပုဖန်ကကျေနပ်စွာ သူတို့ကိုကြည့်ရင်းပြောလိုက်သည်။
"ဒါကို နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်လို့ခေါ်တယ်.....အခုတော့ တစ်ပွဲစာဘဲကျန်တော့တယ်.....သုံးဆောင်ချင်သပ ဆိုရင် သလင်းကျောက်တုံးပေါင်း တစ်သောင်းတိတိနဲ့ ရောင်းမယ်....."
ဟင်းတစ်ပွဲကို သလင်းကျောက်တုံးပေါင်း တစ်သောင်းကြောင့် လူတိုင်းက ပုဖန်စကားကြောင့် အံ့အားသင့်ကုန်သည်။
ကြွေအိုးက အရွယ်မသေးဘဲ ခွက်ရေ နှစ်ဆယ့်လေးခွက်စာလောက်ရှိသည်။
ရှောင်ယန်ယုက ပထမ မှင်တက်သွားသောလည်း.... ဟင်းပွဲတွင် ပါ၀င်သည့် ပါ၀င်ပစ္စည်းများ၏တန်ဖိုးနှင့် သူ့အဖေကို ကယ်ဆယ်ထားသော ကျေးဇူးနှင့်စာလျင် ဤသလင်းကျောက်တုံးပမာဏက မများလှပေ။
ရှောင်မန်က အဆိပ်များကုန်သွားသဖြင့် ခေါင်းထူလာနိုင်ပြီး ပါစပ်ဟကာ မည်းနက်နေသော အဆိပ့်အခိုးငွေ့များကို မှုတ်ထုတ်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်သည်လည်း စိတ်ဝိညာဉ်စွမ်းအင်များ၏လှည့်လည်စီးဆင်းမှု့ကြောင့် သူ၏နဂိုမူလ စွမ်းအင်ထက်ပင် ကျော်လွန်ကာ အဆင်မြင့်သွားလေတော့သည်။