အပိုင်း ၃၇၅
Viewers 53k

အခန်း ၃၇၅ 

မပြိုလဲသောဂိုဏ်းကြီး


အဆင့်မြင့်အကြီးအကဲက ဟင်းရည်တစ်ဇွန်းစစားပြီးချိန်တွင် ပုဖန်ကိုကြည့်လိုက်သည်။သူက သက်စောင့်ဆေးကဲ့သို့သော အကျိုးအာနိသင်ရှိသည့် ဟင်းပွဲမျိုးကို စိတ်ကူးထဲမှာပင် ထည့်မစဉ်းစားမိခဲ့ချေ။


ဒီဟင်းပွဲက တစ်ကယ့်ကို သလင်းကျောက်တစ်သောင်းဖြင့်တန်လေသည်။သူ့ အတွင်းဒါဏ်ရာများ သိသိသာသာ ပျောက်ကင်းသက်သာသလို ခံစားမိသည်။


သက်စောင့်ဆေး ပြုလုပ်ရာတွင် ခက်ခဲသလို အောင်မြင်နိုင်ချေလည်းနည်းပါးသည်။သက်စောင့်ဆေး၏ ပိုမိုအာနိသင်ရှိလာလေလေ ပိုမိုခက်ခဲလာလေလေ ဖြစ်သည်။


ထို့အခြင်းအရာကြောင့်ပင် သက်စောင့်ဆေး ချက်လုပ်သူများ၏ ဂုဏ်သတင်း ကြီးမားခြင်း အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။


သို့သော် ပုဖန် ရိုးရိုးရှင်းရှင်းချက်လုပ်ထားသော ဟင်းတစ်ပွဲ၏ စွမ်းရည်က သက်စောင့်ဆေး နှင့် ယှဉ်နိုင်ပေ၏။


အဆင့်မြင့်အကြီးအကဲက တအံ့တ‌ဩ ဖြင့် 

ဟင်းပွဲကို မရပ်မနာစားသောက်လိုက်သည်။‌သူမျိုချလိုက်တိုင်း လည်ချောင်းမှသည် အစာအိမ်အထိပူဆင်းသွားသော နွေးထွေးသည့် ခံစားချက်လေးက သူ့ကိုစိတ်ကျေနပ်စေ၏။


နောက်ဆုံး ဗိုက်တစ်ခုလုံးပြည့်ဖောင်းကာ ကာ ရွှေရောင်အလင်းတန်းပင် သမ်းနေသည်အထိစားပစ်လိုက်သည်။


ဟင်း‌ရည်၏‌အနွေးဓါတ်လေးက သူ့ခန္ဓာတစ်ကိုယ်လုံးဆီသို့ဖြန့်ကျက်ကာ လွှမ်းခြုံထားသည်။


သူ၏ပြင်ပဒဏ်ရာများသည်လည် မျက်စိရှေ့တွင်ပင် အနာကျက်ကာ သက်သာလာသည်။


ဟင်းပွဲ၏ အာနိသင်က သက်စောင့်ဆေးထက်မလျော့ပေ။


"အမလေး.....တစ်ကယ့်ကိုမယုံနိုင်စရာပါဘဲ...."


အဆင့်မြင့်အကြီးအကဲ၏ လေ‌သံကော မျက်နှာ အမူအရာပါပြောင်းသွားသည်ကို ပုဖန် သတိထားမိကာ မသိမသာလေးပြုံးလိုက်သည်။


သူ၏လက်ကောက်၀တ်၌ မီးခိုးငွေ့တန်းလေးပေါ်လာပြီးနောက် ရွှေနဂါးရိုးမီးဖိုချောင်သုံးဓါးပေါ်လာသည်။


ဓါးကိုဆော့ကစားလိုက်ရင်း နတ်မင်းစွေ့စွေ့ခုန်၏ ဟင်းပွဲမှ ‌သွေးနီရောင်ဖီးနစ်ပေါက် ကို မကိုင်လိုက်သည်။ဓါးသွားတစ်ချက် လက်သွားပြီး သွေးနီရောင်ဖီးနစ်ပေါက်ကို တစ်၀က်ပိုင်းချလိုက်သည်။


သွေးနီရောင်ကြက်ခြေထောက်ကို လေပေါ်တွင်ပင် ပုဖန်က ဓါးနှင့်ခုတ်ပိုင်းကာ အဆင့်မြင့်အကြီးအကဲဆီသို့ လှမ်းပစ်ပေးလိုက်သည်။


နတ်မင်းစွေ့စွေ့ခုန်၏ ဟင်းပွဲသည် အရည်သာမက ပါ၀င်ပစ္စည်းများသည်လည်း ထိပ်တန်းအရသာရှိလေ၏။


အဆင့်မြင့်အကြီးအကဲက မျက်လုံးပြူးကျယ်သွားပြီး ကြွေပန်ကန်လုံးနှင့် ဆီးဖမ်းလိုက်သည်။


သူ၏မုတ်ဆိတ်မွှေးများပင် လွန့်လူးပြန့်ကြဲကုန်သည့်အထိ ကြက်ခြေထောက်အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် ကြည်နူးစွာပြောလိုက်သည်။


"အိုးးးးး ဒီအသားက သိပ်ကိုမှ မွှေးတာဘဲ..." 


‌ထို့‌နောက် သူက ကြက်ခြေထောက်ကို အသေအချာပင် ဆုပ်ကိုင်ကာ အားပါးတရ ကိုက်ချလိုက်သည်။


အသားများ မွာစာကြဲထွက်သွားကာ ရွှေရောင်ပိုးချည်မျှင်များကဲ့သိုဖြစ်၍ သွားကြားပင်ညှပ်နေလေသည်။


သူပါးစပ်တစ်ခုလုံးလည်း ထူးထူးကဲကဲ အရသာကို ခံစားနေရသည်။


အသားဖတ်ကို ဝါးလေလေ ရနံ့များ မွှေးကြိုင်လာလေဖြစ်ကာ ဘေးပတ်၀န်းကျင်သို့ပင်ပြန့်နှံ့သွားပြီး လူတိုင်းကို ဆွဲဆောင်နေသည်။


ပုဖန်က နောက်တစ်ကြိမ် ဓါးကို ‌ဝှေ့ရမ်းလိုက်ပြီး ရှောင်မန်ဆီသို့ ကြက်တောင်ပံကိုပစ်ပေးလိုက်သည်။


ရှောင်မန်က ကြက်တောင်ပံကို လှမ်းဖမ်းလိုက်ရင်းပင် ပုဖန်အား ကျေးဇူးတင်ကြောင်း လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။


နီယန်ကလည်း မျက်လုံးများအရောင်တောက်ပကာ ပုဖန်ကို အော်ပြောလိုက်သည်။


"ငါ့ကိုလည်းပေး....."


ပုဖန်က နီယန့်ကိုကြည့်ရင်းပြုံးလိုက်သည်။ထို့နောက် ဓါးကိုဝှေ့ရမ်းလိုက်ရာ ကြက်ဖင်ဆီဖူး ပြတ်သွားပြီး နီယန့် ဆီဝဲပျံသွားလေသည်။


"ဒါဘာလဲ....ဖင်ဆီဖူးလား...." 


နီယန်မျက်နှာပျက်ကာ ဒေါသထွက်သွားသည်။နှုတ်ခမ်းလေး ဆူကာ ပုဖန်ကို ညူစူစူကြည့်လိုက်သည်။


"ဖင်ဆီဖူးကို စားသုံးခြင်းဖြင့် အလှပိုကြွယ်စေသလို အိုမင်း‌ရင့်ရော်ခြင်းကိုလည်း ကာကွယ်တားဆီးပေးပါတယ်........" 


ပုဖန်ကပြုံးရင်း ရေရွတ်လိုက်သည်။


"ပိုင်ရှင်ပု ဒီဟင်းပွဲက သိပ်ကိုမှ ကောင်းတာဘဲဗျာ....."


ဂျိချန်းရွဲ့က ဟင်းပွဲ၏ အနံ့၊အရသာ အာရုံတွင် ရစ်မူးပြီး ပုဖန်အား လှမ်းပြောလိုက်သည်။


နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲ၏ အနံ့က အလွန်တရာ မွှေးလွန်းသည်။


ပုဖန်၏ ဟင်းပွဲကို မြည်းစမ်းမကြည့်မိချိန်တုန်းက ဟင်းပွဲများသည် သာမာန်အနေအ‌ထားမျှသာ ရှိလိမ့်မည်ဟု မှန်းဆမိပါသော်လည်း တစ်ကယ်တမ်း သုံးဆောင်ပြီးချိန်တွင် နတ်သုဒ္ဒါသဖွယ် လျှာကြောစိမ့်သွားသည်။

...........


သွမ့်ယွင်က လေအလင်းမြို့ဟောင်းထဲ ရောက်လာပြီးနောက်... မွှေးပျံ့သော ရနံ့များရှိရာဆီသို့ ခြေရာခံ၍ ပုဖန်ဆိုင်ကို လိုက်ရှာလိုက်သည်။


မွှေးပျံ့ယစ်မူးဖွယ်ကောင်းသော ဟင်းရနံ့က မြို့တော်တစ်ခွင်လုံး ပြန့်ပြူးနေလေ၏။


ထို့ကြောင်ပင် သွမ့်ယွင်အတွက် ပုဖန်ဆိုင်ကို ရှာရာ၌ အခက်အခဲမရှိတော့ပေ။


ဆိုင်ပေါက်၀သို့ရောက်ချိန်တွင် ဘေးဘက်ရှိ အဆောက်အဦးများကို... တိုက်ပွဲများကြောင့် အပျက်အဆီးပုံများအဖြစ် တွေ့ရလေသည်။


အစစ်အမှန်စွမ်းအင်လှိုင်းများ လေထဲ ပျံ့လွင့်နေသည်ကိုလည်း သူခံစားမိသည်။


ဤသည်မှာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပျက်ခဲ့ကြောင်းကို အတည်ပြုပေးနေသည်။


"တစ်စုံတစ်ယောက်ကများ ကောင်းကင်နှင့် ကမ္ဘာမြေကြားက ဖိအားကို ဆင့်ခေါ်အသုံးပြုခဲ့တာလား......နတ်ဘုရားနယ်ပယ်အဆင့် တန်ခိုးရှင်တွေ တိုက်ခိုက်ခဲ့တာလား......"


ဆိုင်ထဲသို့၀င်သွားခဲ့ပြီးနောက် ပုဖန်ကိုမြင်ရလေသည်။ပုဖန်ကိုခေါ်ဖို့ပြင်လိုက်ချိန်မှာပင်... သင်းပျံ့လှသည့် ရနံ့လှိုင်းဒါဏ်ကို သတိပြုမိလိုက်သည်။ပုဖန်၏ဘေးတွင်လည်း ပါးစပ်တပြင်ပြင်နှင့် အလိုရှိရာ စိတ်တိုင်းကျစားနေကြသည့် လူတစ်စုကိုပါမြင်လိုက်ရသည်။


သွမ့်ယွင်ကလည်း မွေးရနံ့ကြား၌ဆက်လက်သည်းခံနိုင်ခြင်းမရှိတော့ဘဲ သူ့အတွက်စားဖို့ မှာလိုက်တော့သည်။


အခကြေးငွေဖြစ်သော သလင်းကျောက်တုံးများသည် ဟင်းပွဲနှင့်စာလျင် အသေးအဖွဲ့မျှသာဖြစ်တော့သည်။


သူ၏ဟင်းပွဲရောက်လာပြီး ပါးစပ်အပြည့်ကျိုက်ပြီးချိန်တွင်မူ ပုဖန်ကိုပြောလိုသည့်အရေးကြီး ကိစ္စများကို မေ့လုမတတ်ဖြစ်ကုန်တော့သည်။


"အိုးးးး သိပ်ကောင်းတာဘဲ.....ငရဲမီးနဲ့ကင်တဲ့ အသားကင်ထက်တောင် ပိုကောင်းသေး....."


သူ့တစ်ဘ၀လုံးတွင် ဤမျှထူးကဲသော စားဖွယ်များကို မမြည်းစမ်းကြည့်ခဲ့‌ဖူးချေ။


"ခဏနေပါဦး ဒီဟင်းပွဲကို ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်နဲ့တော့ ချက်တာမဟုတ်လောက်ပါဘူးနော်......"


သွမ့်ယွင်က ပုဖန်အကျင့်ကို သိ၍မေးလိုက်သည်။


သို့သော် ပုဖန်က မည်သို့မျှ အကြောင်းအရင်းကိုမဆိုဘဲ ခေါင်းသာတွင်တွင်ငြိမ့်ပြလိုက်သည်။


သွမ့်ယွင် မျက်ရည်ဝဲမတတ်ပင်ဖြစ်သွားလေ၏။အဘယ်ကြောင့်ဆိုသော မီးစွမ်းအားရှင်များ၏အိမ်မက်ဖြစ်သော ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်နှင့် ဟင်းလျာ ချက်လိုက်သောကြောင့်ဖြစ်သည်။


"မင်းကွာ ဒီလိုတန်ဖိုးရှိတဲ့ ရတနာကို ဟင်းချက်ပစ်ရလားကွ.....မင်းဖြုန်းတီးပစ်တယ်လို့ မတွေးမိဘူးလား ဟင်....."


ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ဟင်းချက်မီးအဖြစ်ထည့်သုံးလိုက်သောကြောင့်သွမ့်ယွင် စိတ်ထိခိုက်နေသည်။


"ပိုင်ရှင်ပုရေ ဒီတစ်ခေါက်ထွက်ခဲ့တဲ့ခရီးမှာ ငါသတင်းကောင်းတစ်ခုကြားခဲ့တယ်ကွ.....ရှလွတ်"


သွမ့်ယွင်က အသားပိုင်းကို ကိုက်ဝါးရင်း ပြောလိုက်သည်။ထပ်၍ပင်


" ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကတောင်ပိုင်းဒေသ၌ပေါ်ထွက်ခဲ့တယ်....အဲ့အကြောင်းကို သိပ်မကြာခင် တောင်ပိုင်းဒေသက ဂိုဏ်းတွေဆီသတင်းရောက်မယ်......ပြီးရင် အဲ့ဒီဂိုဏ်းက အတော်ဆုံးလူတွေကို ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ပြန်သယ်လာဖို့ စေလွှတ်လိမ့်မယ်.....သေချာတာတော့ အဲ့ဒီလူတွေရဲ့ စွမ်းအင်အဆင့်က အံ့မခန်းဘဲဖြစ်နေမှာ......."


သူသိလာသည့် သတင်းကို ပုဖန်အားပြောကြားရင်း အစားကိုဆက်စားနေ၏။


အဆင့်မြင့်အကြီးအကဲနှင့် ဝူမူတို့က အချင်းချင်းကြည့်လိုက်မိသည်။သူတို့၏စွမ်းအင်အဆင့်သည် တောင်ပိုင်းဒေသတခွင်လုံး၌ သေးနုပ်သေးကြောင်းကို ရိပ်စားမိသည်။


သွမ့်ယွင် ရည်ရွယ်သည့် ဂိုဏ်းဆိုသည်မှာ မဟာဂိုဏ်းဖြစ်ပြီး တောင်ပိုင်းဒေသ၏အကြီးဆုံးသော ဂိုဏ်းတော်လည်းဖြစ်၏။


မဟာဂိုဏ်းသားများသည် သူတို့ဒေသတွင်း၌ ထွက်ပေါ်ခဲ့သည့် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို တခြားသောသူ၏ လက်၌ အချိန်ကြာမြင့်စွာ ထားမည်မဟုတ်ချေ။


ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကိုလည်း အလွယ်တကူ အဆုံးရှုံးခံမည်မဟုတ်။


မဟာဂိုဏ်းသည် ပုဖန်၏ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ပြန်လည်ရယူရန် စစ်သည်များကိုစေလွှတ်လိုက်လေသည်။


ပုဖန်ကလည်း သွမ့်ယွင်၏ သတင်းပေးချက်ကိုကြားပြီးချိန်တွင် ပြင်ဆင်စရာများကို ကြိုတင်ပြင်ဆင်ထားလိုက်သည်။


...........


ပေကုန်းမင်က တောင်စဉ်တစ်ထောင်တောင်တန်း၏ တောထဲသို့ ဒါဏ်ရာရ စစ်သားများနှင့်အတူ တပ်ဆုတ်ခဲ့လေသည်။


မျက်နှာ မှုန်သုန်လျက် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။


သူ အစပိုင်းက ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို သူ၏အစွမ်းဖြင့် ရယူနိုင်မည်ဟု ထင်မှတ်ထားသော်လည်း အခြားသော စွမ်းအားရှင်များ၀င်ရောက်ကာ သူ၏အကြံအစည်များကို ဖျက်ဆီးမည်ဟု လုံး၀မမျော်လင့်ခဲ့ချေ။


နတ်ဘုရားနယ်ပယ်အဆင့်လူတွေ...ဒယ်အိုးကြီး ကားယားကားယာနှဲင့် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို မျိုချလိုက်တဲ့ကောင်ရယ်ကြောင့် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်သူ့လက်ထဲမှ လွတ်ထွက်သွားကြောင်းကို တွေးမိတိုက်း တနုံနုံဖြစ်နေလေ၏။


တောအုပ်ထဲဖြတ်လာပြီး မကြာမီချိန်တွင်တောင်ကြီးတစ်လုံး၏ ချိုင့်ဝှမ်းဆီသို့ရောက်ခဲ့သည်။


တောင်ကျရေတံခွန်သည် တောင်ပေါ်မှ ဖြာကျ စီးဆင်းလျက်ရှိ၏။


မြောက်များလှစွာသော တူညီ၀တ်စုံ ဝတ်ဆင်ထားသည့် လူများဆီမှ အစွမ်းထက်သော စွမ်းအင်များသည် ဖြာထွက်နေသည်။


ထိုအထဲမှ အချို့က ခြေချိတ်ထိုင်နေကြသည်။ထိုထဲမှ တစ်ယောက်က ပေကုန်းမင်ရောက်လာသည်ကိုသတိပြုမိသွားသည်။


သူမျက်လုံးဖွင့်လိုက်ရာ ရွှေရောင်အလင်းတန်းများ ဖြာထွက်သွားသည်။


ပေကုန်းမင်လည်း တုန်လှုပ်သွားပြီး အရှေ့တိုးလိုက်သည်။သူကို မျက်လုံးပေါင်းများစွာက ဝိုင်းကြည့်နေသလို ခံစားနေရသည်။


"ခေါင်းဆောင်ဖုန်း ကျွန်...ကျွန်တော် အရေးတကြီး တင်ပြစရာရှိပါတယ်...."


ပေကုန်းမင်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်သတင်းကို ပြောဖို့ မဝံ့မရဲဖြစ်နေလေသည်။


ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို သူမရကတည်းက ကြွက်တွင်းထဲသို့ပင် ပြေးပုန်းချင်နေလေတော့သည်။