အခန်း ၃၇၆
ဘလက်ကီ၏ သာယာမှုစတင်ခြင်း
"ဘာကိစ္စလဲ......"
အသက်လတ်ပိုင်းလူကြီးက ဖြေးညှင်းစွာ မျက်လုံးဖွင့်လိုက်ချိန်၌ သူ့မျက်လုံးမှ အလင်းရောင်များ ဖြာထွက်လာသည်။
အကြည့်တစ်ချက်ကပင် ပေကုန်းမင်ကို ကြောက်လန့်တကြားဖြစ်စေသည်။ ထိုအကြည့်က သူ့တစ်ကိုယ်လုံးကိုဖောက်ထွက်သွားမလိုပင် ခံစားမိသည်။
ခေါင်းဆောင်ဖန်း က မဟာဂိုဏ်းမှ အကျွမ်းကျင်ဆုံးသော စွမ်းအင်ရှင်အဖြစ် စေလွှတ်ခြင်းခံခဲ့ရပြီး ပေကုန်းမင်တပ်ဖွဲ့၏ အကြီးအကဲဖြစ်သည်။သူ၏ စွမ်းအင်ကျင့်ကြံစဉ်သည် ပေကုန်းမင်ထက် ပိုမိုအဆင့်မြင့်သဖြင့် ပေကုန်းမင်မှ သူ့အား မျက်လုံးခြင်းပင်ယှဉ်မကြည့်ရဲပေ။
"ခေါင်းဆောင်ဖန်း ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို လေ့ကျင့်ရေးကွင်းထဲမှာတွေ့ခဲ့တယ်......."
ပေကုန်းမင်က သူခံစားခဲ့ရသည့် မကျေမနပ်ခံစားချက်များကို ပြန်သတိရသွားပြီး ခါးသီးသော ခံစားချက်များပင် တဖန်ပြန်လည်ခံစားမိလာသည်။
သူ၏စွမ်းအင်အဆင့်နှင့်ပြန်လည် လက်စားချေရန်မဖြစ်နိုင်သေးပေ။ထို့အပြင် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ယူဆောင်ခဲ့သည် ကောင်လေးသည် အစွမ်းထက်သော သံစက်ရုပ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ထိုသံစက်ရုပ်က တစ်ပြိုက်နက်တည်းပင် တန်ခိုးရှင်ငါးဦးဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အစွမ်းရှိလေ၏။
အကယ်၍ သူသာ တန်ခိုးရှင်တစ်ယောက်ထဲကိုရင်ဆိုင် တိုက်ခိုက်ရပါက ထိုတန်ခိုးရှင်အား မွစာကြဲသည့်အထိ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ပေကုန်းမင်က သက်ပြင်းချကာ မီးတောက်အကြောင်းကို တင်ပြလိုက်သည်။
ပေကုန်းမင်၏ တင်ပြသံကြားပြီးနောက် ခေါင်းဆောင်ဖန်း၏ မျက်လုံးအရောင်တောက်သွားသည်။
သူမျက်လုံးက ထက်ရှသွားကာ အရာရာကိုထိုးဖောက်ခွဲနိုင်သည့်အထိ ဖြစ်နေသည်။
ထိုအကြည့်ကြောင့် ပေကုန်းမင် အသက်ပင်ပြင်းပြင်းမရှုရဲတော့ချေ။
"ဘာ......... ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်က လေ့ကျင့်ရေးကွင်းမှာ တွေ့ခဲ့တယ်.........ဟုတ်သလား....."
လေ့ကျင့်ရေးကွင်းကနေ နတ်ဘုရားအဆင့်တောင် မထွက်နိုင်တာ အဘယ်ကြောင့် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်က ထွက်နိုင်မည်နည်း..
"မင်းရူးနေတာလား........ငါ့ကိုအရူးလုပ်နေတာလား......"
ခေါင်းဆောင်ဖန်းက ပေကုန်းမင်အား မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်သည်။
ပေကုန်းမင်က အံ့ဩသွားသည်။သူ့စကားကို အဘယ့်ကြောင့် ခေါင်းဆောင်ဖန်းက မယုံသံသယရှိနေမှန်းမသိပေ။
သူက တောင်စဉ်တစ်ထောင် တောင်တန်းတွင် ဖြစ်ပျက်သမျှ အကြောင်းအရာတို့အား အမြန်ဆုံး တင်ပြအစီရင်ခံခြင်းသာ ဖြစ်သည်။
ပေကုန်းမင်၏ အမူအရာကိုကြည့်ရင်း ခေါင်းဆောင်ဖန်း၏ မျက်နှာထားက ပြောင်းလဲသွားသည်။
"မင်းပြောတာက ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကြောင့် မင်းတပ်ဖွဲ့တစ်၀က်လောက် ဆုံးရှုံးခဲ့ရတယ်ပေါ့........."
ခေါင်းဆောင်ဖန်း၏ အသံသည် အေးစက်မာကြောလှသောကြောင့် ပေကုန်းမင် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ပေကုန်းမင်က တပ်၏ အရာရှိတစ်ယောက်ဖြစ်သောကြောင့် အရာရာတိုင်းကို ဦးဆောင်မှုပြုပေးရမည်ဖြစ်သည်။
ယခုမူ လေ့ကျင့်ရေးကွင်းမှပြန်လာပြီး သူတပ်ဖွဲ့တစ်၀က်မျှ ဆုံးရှုံးခဲ့သည်ဟု တင်ပြလာသည်။
တပ်ဖွဲ့၏ ဆုံးရှုံးမှု့အတွက်သူ တာ၀န်ယူရမည်ဖြစ်ပြီး ပျက်ဆီးမှု့ကို တင်ပြရမည်ဖြစ်သည်။
ခေါင်းဆောင်ဖန်း၏ အခြေအနေကြောင့် သူ့ဘေးနားရှိ စွမ်းအားရှင်များ မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူတို့က ပေကုန်းမင်ဆီတစ်လှည့် ခေါင်းဆောင်ဖန်းဆီတစ်လှည့် အစုန်အဆန်ကြည့်နေလေ၏။
ခေါင်းဆောင်ဖန်းက ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်ရင်း ပေကုန်းမင်အားဆွဲခေါ်လျက် ဟောခန်းမကြီးမှ ထွက်သွားလိုက်သည်။
ိထိုဟောခန်းမသည် လေ့ကျင့်ရေးကွင်းမှလူများအတွက် မဟာဂိုဏ်း၏ ဟောခန်းမဖြစ်လေသည်။
လေ့ကျင့်ရေးကွင်းကိုသွားရမည့် တပည့်တိုင်းသည် ဤဟောခန်းမ၌ပြုလုပ်ထားသော မှော်အစီအရင်များကို ဖြတ်သန်းသွားရမည်ဖြစ်သည်။
"မင်းပြောတာက တစ်ကယ်ကော ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ဟုတ်ရဲ့လား.......ဆုံးရှုံးမှုကို တာ၀န်မခံချင်လို့ ဆင်ခြေပေးနေတာမျိုးလား......"
ပေကုန်းမင်ကို ဆွဲခေါ်လာရင်း အေးစက်စွာမေးလိုက်သည်။
"ကျွန်တော် လိမ်ညာပြောမိခဲ့ရင် အသက်နဲ့ခန္ဓာ အိုးစာကွဲပါစေ....."
ပေကုန်းမင်က ကြောက်ကြောက်ရွံ့ရွံ့ပင် ကျိန်လိုက်လေ၏။
ပေကုန်းမင်းကျိန်သည်ကိုကြားရသောအခါ ခေါင်းဆောင်ဖန်း၏ အမူအရာတစ်မျိုးပြောင်းသွားကာ လေးလေးနက်နက်တွေးဆလေတော့သည်။
သိပ်ကောင်းတယ်...။အကယ်၍ သူသာ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ပိုင်ဆိုင်ခဲ့ရပါက သူ၏ဂိုဏ်းကို အကြီးအကျယ်ပင်ပြုပြင်ပြောင်းလဲပေးနိုင်တော့မည်။
"ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်က သိပ်အဖိုးတန်တဲ့အရာဘဲ.....ငါမရ ရအောင် ယူရမယ်....."
လက်နှစ်ဖက်ယှက်ကာ နောက်ပစ်လမ်းလျှောက်ရင်း မျက်မှောင်ကြုံကာ တွေးတောလေ၏
"ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက် ရယူဖို့ထက် ပိုအရေးကြီးတဲ့ကိစ္စလေး မေးပါရစေ........"ပေကုန်းမင်က စကားစလိုက်သည်။
ခေါင်းဆောင်ဖန်းက တစ်ချက်မျက်စောင်းထိုးကာကြည့်လိုက်ပြီး
" ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို တစ်ယောက်က မျိုချစားသောက်လိုက်ပြီလို့ မပြောဖူးဘူးလား......အခုမင်းကို ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်မျိုချလိုက်တဲ့သူကိုရှာပြီး သူနဲ့ပတ်သတ်သမျှအချက်အလက် သတင်းအစအနတိုင်း ငါ့ကို သတင်းပေးရမယ်......ငါက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေက သလင်းကျောက်တွင်းကိစ္စ အဆုံးသတ်ပြီးတာနဲ့ ဒီကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကိစ္စကို လာကိုင်တွယ်မယ်....."
ခေါင်းဆောင်ဖန်း၏စကားကို ကြားရသောအခါ ပေကုန်းမင်သည် အံ့အားသင့်သွားသည်။
သလင်းကျောက်တွင်း.....ဒါက အလွန်အဖိုးတန်တဲ့အရာပဲ...
...........
လေအလင်းမြို့တော်ကို ပြန်လည်တည်ဆောက်ပြုပြင်ခဲ့သည်။တိုက်ပွဲများ အပြီး၌ ပြိုပျက်ခဲ့ရသော အုတ်ပုံများ၊အက်ကြောင်းကြီးများက နေရာအနှံ့ရှိနေလေ၏။
ဂျိချန်းရွဲ့၏ အာဏာဖြင့် မြို့စောင့်တပ်များက မြို့သူမြိုသားများအား ဘေးကင်းရာဆီသို့ရွှေ့ပြောင်းထားမှုကြောင့် အသေအပျောက် နည်းပါးခဲ့သည်။
ထို့ပြင် ပျက်ဆီးသွားသော အိမ်ရာမဲ့ဒုက္ခသည်များကို အင်ပါယာနန်းတော်၏ ခန်းမအနောက်ရှိ ကွင်းပြင်နေရာသို့ရွှေ့ပြောင်းပေးခဲ့သည်။
လျှို့ဝှက်ကောင်းကင်ဘုံရင်ပြင်၏ တံခါးပေါက်ကိုလည်း ဖွင့်ကာ ဒုက္ခသည်များအတွက် ခိုလှုံရာပေးခဲ့သည်။အိမ်ထောင်စုတစ်စုစီကို ခိုလှုံရာနေရာနှင့် အ၀တ်အစားအသုံးအဆောင်အချို့လည်း ပေးခဲ့လေ၏။
အင်ပါရီယာမြို့တော်တစ်ခွင်၌ အားသွန်ခွန်စိုက် အလျှင်အမြန် တည်ဆောက်မှုကိုလုပ်ဆောင်နေကြသည် အိမ်များ၊လမ်းများကိုနောက်တစ်ကြိမ်ထပ်ဆောက်ကြသည်။အခြားသော အသေးစားပြင်ဆင်မှုများလည်း လုပ်ဆောင်ခဲ့လေသည်။
တည်ဆောက်မှုများမှ တူရိုက်သံ၊ထုနှက်သံ၊ခုတ်ဖြတ်သံတို့သည် နေရာတိုင်းမှပင် ကြားနေရသည်။
မနက်ခြင်းနေရောင်ခြည်သည် စတင်ဖြာကျလာချိန်၌ ပုဖန် နိုးထလာခဲ့သည်။ အိပ်ရာမှ ပျင်းရိစွာထလာပြီး သမ်းဝေလျက် မျက်နှာသစ်လိုက်သည်။ထို့နောက် သွားတိုက် အ၀တ်လဲကာစားသောက်ဆိုင်ဆီသို့ ဆင်းလာလိုက်သည်။
ယုဖူ.. ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံ့မြေထံသို့ ပြန်သွားချိန်ကပင် မီးဖိုချောင် တိတ်ဆိတ်လျက် ပျင်းရိခြောက်ကပ်ခဲ့လေသည်။
ရှောင်ရှောင်လုံကလည်း တက်တက်ကြွကြွမရှိတော့ပေ။
ပုဖန်က သူ၏ ပျော့ပြောင်းလှသော ဆံပင်များကို စုစည်း ချည်နှောင်လိုက်သည်။ထို့နောက် လက်ဖျားမှ အင်္ကျီစကို ပင့်တင်လိုက်ကာ လည်ပင်းချိုး၍ အကြောဆန့်လိုက်သည်။
ထို့နောက် မီးဖိုချောင်အရှေ့၌ ကြီးမားလေးလံသော ဟင်းချက်ဓါးကိုကိုင်ကာ လေ့ကျင့်ခန်း စတင်လေတော့သည်။သူက ဖြတ်တောက်ခြင်းနှင့် ခုတ်ထစ်ခြင်း နှစ်ခုစလုံးကိုလေ့ကျင့်လိုက်၏။
သူ၏စွမ်းအင်အဆင့်သည် အထင်ကြီးလောက်စရာ မြင့်မားလာသည်ဟု သတ်မှတ်နိုင်ပါသော်လည်း နေ့စဉ်လေ့ကျင့်ခန်းကိုမူ ချန်ထား၍မရပေ။
ဖြတ်တောက်ခြင်းနှင့် ခုတ်ထစ်ခြင်းလေ့ကျင့်ခန်းသည် စားဖိုမှုးတိုင်း၏ အသက်ပင်ဖြစ်၏။အုတ်မြစ်ခိုင်မာခြင်းသည် ရေရှည်တည်တံ့ခြင်း၏ အသက်ပင်ဖြစ်လေ၏။
သူ၏လေ့ကျင့်ခန်းပြီးဆုံးသွားသောအခါ ဟင်းချက်ဓါးအား သူ့နေရာသူပြန်ထားလေ၏။ထို့နောက် နံရိုးများအာ ထုတ်ယူကာ ဘလက်ကီအတွက် နံရိုးချိုချဉ်ကြော် လုပ်ပေးရန် စိတ်ကူးမိသည်။
"အာ ငါမေ့တော့မလို့.....ဘလက်ကီက မီးနဂါးရဲ့ နံရိုးစားချင်တယ်ပြောထားတာ...."
ပုဖန်ကတွေးလိုက်ရင်း သာမာန်နံရိုးပိုင်းများအား ပြန်သိမ်းလိုက်ပြီး...အရင်နေ့ကထည့်ထားသော မီးနဂါးနံရိုးများကို ပြန်ထုတ်ယူလိုက်သည်။
သူ၏လက်မှ အစိမ်းရောင်မီးခိုးငွေ့များ အမျှင်တန်း၍ထွက်ပေါ်လာပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးထွက်ပော်လာသည်။
အပိုင်းငယ်လေးများအဖြစ် တုံးပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ထည့်လိုက်သည်။
သူ၏လက်ထဲမှ ဒယ်အိုးကို အနေတော်အရွယ်အစား ချိန်ညှိလိုက်ရင်း မီးဖိုပေါ်ပစ်တင်လိုက်သည်။
ပုဖန်အနောက်သို့ ဆုတ်လိုက်ရင်း မျက်နှာရှုံ့မဲ့ကာ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို အန်ထုတ်ရင်ပြင်လိုက်သည်။
မီးတောက်က လေထုကိုဖြတ်သန်းကာ ဒယ်အိုးအောက်သို့ရောက်လာပြီး စတင်လောင်ကြွမ်းလေတော့သည်။
မီးတောက်ကိုကြည့်ရင်း ပုဖန် အနည်းငယ်တော့ရှက်မိသည်။အဘယ်ကြောင့်ဆိုသော် ဤမီးတောက်ကိုပြန်လည်မျိုချရမည်ဖြစ်သောကြောင့်ဖြစ်၏။
သူ၏ သူ၏နည်းလမ်းအတိုင်း နံရိုးကြော်ကို စတင်ချက်ပြုတ်လိုက်သည်။ဤနည်းလမ်းသည် သူနှင့် အသားကျလွန်းသဖြင့် မျက်စိမှိတ်၍ပင် သူချက်ပြုတ်နိုင်လေသည်။
ထို့အပြင် မီးနဂါးနံရိုးကိုလည်း ပထမအကြိမ်ချက်ခြင်းမဟုတ်သဖြင့် သူ့၌အတွေ့အကြုံကောင်းကောင်းရှိလေ၏။
မီးနဂါးနံရိုးကို ဆီဖြင့် သေချာမွှေပြီးနောက် မွှေးပျံ့လှသော ရနံ့များ တစ်စ တစ်စ ထွက်ပေါ်လာလေတော့သည်။
ဤရနံ့ကိုရရုံဖြင့် စားချင်စိတ်များ မရိုးမရွပေါ်လာစေသည်။
ပုဖန်းကိုယ်တိုင်ပင် မွှေးရနံ့ကြောင့် တံတွေးမမျိုချဘဲ မနေနိုင် ဖြစ်နေလေ၏။
ဤရနံ့ကြောင့် သူစားခဲ့ဖူးသည့် နတ်မင်းစွေ့စွေ့ခုန်ဟင်းမှ မီးနဂါးခြေသည်းအသားကိုပင် ပြန်၍သတိရစေသည်။
"ဒါ သိပ်ကို အရသာရှိတာပဲ......"
ပုဖန်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"ရွဲ.........."
အနီရောင် အရည်များကို ဒယ်အိုးထဲသို့လောင်းချလိုက်ပြီး အရည်များနှင့် နံရိုးအပိုင်းများကို ရောမွှေလိုက်သည်။
"ရွဲ........"
ပိုမိုမွှေးပျံ့သော ရနံ့သည် ယစ်မူးဖွယ် နိုးကြွလွင့်ပျံလာလေတော့သည်။
"မီးနဂါးသားရဲ နံရိုးချိုချဉ်ကြော်"
အကယ်၍များ လူများက ဒီနာမည်ကိုသာ ကြားပါက ကြောက်လွန်း၏ လျှာပေါ်တွင် တင်ဝံ့မည်မဟုတ်တော့ချေ။
ပုဖန်က နံရိုးချိုချဉ်ကြော်ကိုကိုင်ထါးရင်း တစ်စုံတစ်ခုကိုစဉ်းစားမိကာ မျက်မှောင်ကြုံ့သွားသည်။
ပန်ကန်ပြားကိုချလိုက်ရင်း ဘလက်ကီကို ချက်ခြင်းမကြွေးတော့ချေ။
ဆိုင်ရှေ့တွဲလှဲနေသော ဘလက်ကီက ပုဖန်ချက်ပြုတ်ပြီးသည့်နှင့် မျက်လုံးများဝိုင်းစက်လျက် နှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့် နံရိုးချိုချဉ်ကြော်ကို စောင့်မျှော်နေလေ၏။
ဘလက်ကီဆက်မစောင့်နိုင်တော့ချေ။
ပုဖန်က တောင်စဉ်တစ်ထောင်တောင်တန်းမှ နုတ်လာခဲ့ပြီးသော တိမ်ခရမ်းသစ်ပင်ကို ယူလိုက်ကာ ဆိုင်ထောင့်တွင်စိုက်ထားလိုက်သည်။
ဤသစ်ပင်ကလဲ ငါးလမ်းကြောင်း သိမြင်မှု သစ်ပင်ကဲ့သို့ပင်ဖြစ်လာနိုင်သည်။
စိုက်ပျိုးပြီးနောက်... စားသောက်ဆိုင် ပိုကျယ်သွားသည်ကို သတိပြုမိလိုက်သည်။
အတွင်းခန်းက ပိုကျယ်ကာ နေရာလွတ်ပိုများလာသည်။ထို့ပြင် ထိုင်ခုံအသစ်များလည်း ထွက်ပေါ်လာ၏။
"ဆိုင်က စနစ်ကြောင့်ပြောင်းလဲသွားတာလား...."
ပုဖန်တွေးမတတ်အောင် ဖြစ်နေ၏။
ပုဖန်လည်းဆက်မစဉ်းစားတော့ဘဲ တိမ်ခရမ်း၀တ်ရည်ကိုတစ်ခွက်အပြည့် ကျိုက်ချလိုက်သည်။
နောက်တစ်ခွက်ယူကာ ထလာလိုက်သည်။ထို့နောက် တစ်ချက်ပြုံးလိုက်ရင်း နံရိချိုချဉ်ကြော်နှင့် တိမ်ခရမ်း၀တ်ရည်ကို ဘလက်ကီရှေ့၌ ချလိုက်၏။
"ဒီနေ့တော့ သောက်စရာပါထပ်ထည့်ပေးထားတယ်...."
ဘလက်ကီ၏အမွှေးကို ပွအောင်ဖွကာ ပွတ်သပ်လိုက်ရင်း ပုဖန်ကဆိုလိုက်သည်
"အာဝု...."
ဘလက်ကီက ပုဖန်ကို အံ့အားသင့်စွာကြည့်လိုက်ပြီး တွေးလိုက်သည်။
ဒီကောင်လေး သူတစ်ပါးကို ဘယ်လိုချီးကျူးရမယ်ဆိုတာ သိနေပြီပဲ...
ထို့နောက် နံရိုးချိုချဉ်ကြော်ကို ခေါင်းမဖော်စတမ်းစားလေတော့သည်။သူဒီလိုစားဖို့စောင့်မျှော်ခဲ့တာ ရက်ပေါင်းအတော်ပင်ကြာခဲ့သည်။
"အရမ်း အရသာရှိတယ်....အာဝု...."
နောက်ဆုံးသော တစ်တုံးကို ဇိမ်ခံစားလိုက်ရင်း ဘလက်ကီက ကျေနပ်စွာပြောလိုက်သည်။
ဘလက်ကီသည် နံရိုးချိုချဉ်ကြော်ကို အတော်ပင်ကြိုက်နှစ်သက်သည်။ဤသည်မှာသူ့အတွက် သုခချမ်းသာပင်ဖြစ်လေ၏။
ပုဖန်က ဘလက်ကီခေါင်းကိုပုတ်လိုက်ပြီး.. ဆိုင်ထဲသို့ပြန်ဝင်သွားသည်။ထို့နောက် ခုံတစ်လုံးပေါ်တွင် မှီကာထိုင်ချရင်း ဖြာကျလျက်ရှိသည့်နေရောင်ခြည်များကိုငေးကြည့်နေ သည်။
သူ၏ စားဖိုမှုးဘ၀ကို တော်တော်ပင်အားရ စိတ်ကျေနပ်နေလေ၏။
သူမျက်လုံးမှိတ်ပြီး ခဏအကြာတွင် စနစ်၏အသံကိုကြားလိုက်ရပြီး... ခုံပေါ်တွင် ထိုင်နေသည့် ပုဖန် သေမတတ်ကြောက်လန့်တုန်လှုပ်သွားလေသည်။