အခန်း ၃၇၇
ဘလက်ကီကို အားကိုးရခြင်း...
[မစ်ရှင်: ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေကို ခရီးထွက်ရမည်ဖြစ်ပြီး သလင်းကျောက်တွင်းအား တိုက်ခိုက်ပိုင်စိုးရမည်။ထို့်ပြင် လျှို့ဝှက်ရတနာကို ရှာဖွေရမည်ဖြစ်ပြီး ထိုရတနာဖြင့် ဟင်းလျာချက်ပြုတ်ရမည်။
မစ်ရှင်ဆု: သင့်အစစ်အမှန်စွမ်းအင်၏ နှစ်ဆယ်ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်သည်။]
စနစ်က ၏ အေးဆေးစွာ ပြောပြချက်က ပုဖန်နားထဲမှ ဟိန်းထွက်လာသည်။
ပုဖန် အိပ်ပျော်လုလုအချိန်တွင် ကျယ်လောင်သော နှိူးစက်ကြီး ရုတ်တရက်ထမြည်သကဲ့သို့ စနစ်၏ အသံကြီးထွက်လာခြင်းဖြစ်သည်။
ထို့အသံကြီးကြောင့် ပုဖန်လန့်ကာ တုန်လှုပ်သွားပြီး ထိုင်ခုံမှပြုတ်ကျမတတ်ဖြစ်သွား၏။
ပုဖန်က မျက်လုံးကိုဖွင့်လိုက်ပြီးလက်နှင့်ပွတ်သပ်ကာ သမ်းဝေလိုက်သည်။
"စနစ်ရေ နောက်တစ်ကြိမ်ပြောစရာရှိရင် နည်းနည်းပါးပါး သတိလေးပေးစမ်း....အခုလိုရုတ်တရက်ကြီး အသံထွက်လာတော့ လိပ်ပြာတောင် လွင့်တော့မယ်...."
ပုဖန်းက မကျေမချမ်းပြောလိုက်သည်။
[အခုလုပ်ဆောင်ရမယ့်တာ၀န်ဟာ နောက်သုံးရက်နေရင် စပါမယ်.....သေသေချာချာ ခရီးအတွက်ပြင်ဆင်ပါ.....ယခုသွားရမယ့် ခရီးစဉ်မှာ ဘလက်ကီကို ခေါ်ဆောင်ဖို့လိုပြီးသူ လက်အောက်မှာ နေရပါမယ်.....ဘလက်ကီကို ဒီခရီးစဉ်မှာ မပါ၀င်ခဲ့ပါက အရှုံးဟုသတ်မှတ်ပါမည်.....ဒါဏ်ကြေးအဖြစ် အစစ်အမှန်စွမ်းအင် ဆယ်ရာခိုင်နှုန်းကို နှုတ်ယူခံရပါမည်...]
စနစ်က အေးဆေးစွာ ပြောလိုက်သည်။
သို့သော် သူ၏ပြောပြချက်က ပုဖန်ကို မျက်မှောင်ကြုံသွာ့းစေသည်။စနစ်၏ တောင်းဆိုမှုကြောင့် အံ့အားသင့်သလို မကျေမနပ်လည်းဖြစ်မိသည်။
"ဘာလို့များ စနစ်က ဘလက်ကီကို ခေါ်စေချင်ရတာလဲ.....ဝှိုက်တီမဟုတ်ဘူးလား.......ဘာလို့ ဒီခွေးငပျင်းကို ခေါ်ခိုင်းရတာလဲ...."
ဘလက်ကီရှိရာဆီသို့ မျက်လုံးကိုဝေ့ကြည့်လိုက်သည်။ဘလက်ကီသည် ဆိုင်အ၀င်ပေါက်တွင် လှဲကာ နံရိုးချိုချဉ်ကြော်ကိုသာ အငမ်းမရ စားနေလေသည်။
ပုဖန်သည် စနစ်၏တောင်းဆိုချက်ကို သိပ်မရှင်းလင်းချေ။
[ဟုတ်ပါတယ်]
စနစ်က ရုတ်တရက်ထဖြေလိုက်သောကြောင့် ဘလက်ကီကို ကြည့်နေသော ပုဖန် လန့်သွားပြန်သည်။
"တော်စမ်းပါ.....ငါ့ကိုသူ့လက်အောက်ခံပြီး ခရီးသွားခိုင်းနေတာလား.....စနေတာ မလား........တစ်ကယ်ကော အတည်ဟုတ်ရဲ့လား....."
ဝှိုက်တီသာ သူ့အနောက်ပါလာခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ...
ဝှိုက်တီက သူနဲ့ပြောဆို ဆက်ဆံလို့ကောင်းသလို ချစ်စရာလည်းကောင်းသည်။
သို့သော် ဘလက်ကီကမူ....
သူ့ကိုခေါ်ကာ ခရီးထွက်မည်ဟု စဉ်းစားရုံမျှဖြင့် စိတ်ပင်ပန်းသွားသည်။
ပုဖန်သည် ဤကဲ့သို့ စိတ်မကြည်မသာဖြစ်နေပါသော်လည်း အောင်မြင်ပြီးပါက ရရှိမည့် ရလဒ်က မက်မောဖွယ်ကောင်းလှသောကြောင့် သူ မစွန့်လွှတ်နိုင်ပေ။
အစွမ်းများ နှစ်ဆယ်ရာခိုင်နှုန်းသာ ရရှိပါက ဒယ်အိုးကို အချိန်ကြာမြင့်စွာ သုံးနိုင်မည်ဖြစ်သည်။
အင်အား ဆယ်ရာခိုင်နှုန်းကပင် သူ့ကို စွမ်းအားများ ပြည့်ဖြိုးလာသည်ဟု ထင်မှတ်စေမိသည်။
"အင် ငါလိုလူချောလေးက ဒီတာ၀န်လောက်တော့ လုပ်နိုင်ပါတယ်......"
ထို့စဉ်သူ့၏ အရှေ့၌ အရိပ်များရောက်လာသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ လူအုပ်တစ်စုကိုတွေ့လိုက်ရသည်။
နီယန်၏ လှပသော မျက်နှာလေးနှင့်အတူ ရှောင်မိသား၏ ဆွေမျိူးများကိုတွေ့ရသည်။
ရှောင်ရှောင်လုံ၏ညိုးငယ်နေသောမျက်နှာ ပျောက်သွားပြီး လန်းဆန်းတက်ကြွနေပေပြီ။
"ပိုင်ရှင်ပု မင်္ဂလာနံနက်ခင်းပါ......."
ရှောင်ရှောင်လုံက ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။
ပုဖန်က ပြန်နှုတ်ဆက်ရမည့်အစား မျက်နှာသေနှင့်သာ ပြန်ကြည့်လိုက်သည်။
အရင်က အင်အားချိနဲ့သလို ဖြူဖျော့နေသော မျက်နှာက သွေးရောင် သမ်းနေပြီဖြစ်သည်။
ထို့နောက်...
ပုဖန်၏ ဆော်ေဩာချက်မပါဘဲ မီးဖိုချောင်ထဲတန်း၀င်ကာ ဟင်းချက်ဖို့ လေ့ကျင့်လေတော့သည်။
"နောက်တစ်ကြိမ် နောက်ကျရင်တော့ မင်းကို အပြစ်ပေးရလိမ့်မယ်......"
ပုဖန်က ထိုင်နေရာမှ ရှောင်ရှောင်လုံကို လှမ်းအော်လိုက်သည်။
ယုဖူမရှိတော့သောကြောင့် ပုဖန်က သူ့ကိုအနိုင်ကျင့်စရာသာ ကျန်တော့သည်။
ရှောင်ယန်ယုက ပုဖန်ကို တစ်ချက်ကြည့်လိုက်ရင်း သလင်းကျောက်အပြည့်ပါသော အိတ်ကို လှမ်းပေးလိုက်သည်။
"ပိုင်ရှင်ပု.......ဒါက သလင်းကျောက်တုံးတစ်သောင်းဘဲ..... ဒီသလင်းကျောက်တုံးတွေထက် အများကြီးကျေးဇူးတင်ပါတယ်..."
ရှောင်ယန်ယုက ပုဖန်မျက်လုံးကိုကြည့်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
သူ၏ကျေးဇူးတင်စကားကြားရသဖြင့် ပုဖန် အနည်းငယ်တော့ ရှက်သွားသည်။သို့သော မျက်နှာတွင် စိတ်လှုပ်ရှားမှုကို မပြမိစေဘဲ သလင်းကျောက်အိတ်ကိုသာ ယူလိုက်တော့သည်။
ကွမ်းရှောင်ယီက သီချင်းလေးတစ်ပုဒ်ပင် ညည်းနေလိုက်သေးသည်။
သူက စာသောက်ဆိုင်တွင် ကာလအတန်ကာ အလုပ်လုပ်ခဲ့ပြီးဖြစ်သောကြောင့် ပြောင်းလဲမှုကို ချက်ခြင်း သတိပြုမိသွားသည်။
သူမက ငါးလမ်းကြောင်းသိမြင်မှုသစ်ပင်ဘေးမှ တိမ်ခရမ်းသစ်ပင်နှင့်အတူ စာသောက်ခန်းကျယ်သွားသည်ကို သတိပြုမိလိုက်သည်။
"ပိုင်ရှင်ပု......ဆိုင်က ဘာလို့ကျယ်သွားတာလဲ....."
သူမက ပုဖန်ကို ကြည့်ရင်းမေးလိုက်သည်။
"အင်း...ဟုတ်တယ်....."
ပုဖန်က ထွေထွေထူးထူးပြောမနေဘဲ ခေါင်းငြိမ့်လိုက်သည်။
စနစ်၏မစ်ရှင်ဖြစ်သော ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေ အကြောင်းကို စဉ်းစားရင်း သူစိတ်လှုပ်ရှားနေသည်။ထပ်ပြီး ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေသို့ ခရီးထွက်ရဦးပေမည်။
သလင်းကျောက်တွင်းက ဘာလဲ...ဒီသလင်းကျောက်တွင်းနှင့် ဖက်တီးဂျင်၏ သလင်းကျောက်တွင်းသည် မည်သို့များ ကွာခြားသလဲ...
[မင်းသိထားရမှာက ရိုးရိုး သလင်းကျောက်တွင်းဆိုတာ သလင်းကျောက်တွေရဲ့ ပင်မ အရင်းအမြစ်ဘဲ........သူတို့က မြေအောက်လွှာမှာ ရှိနေပြီး သလင်းကျောက်အဖြစ် ဖွဲ့တည်နေကြတယ် အရည်အသွေးသိပ်မကောင်းကြဘူး......]
[ဒါပေမယ့် သလင်းကျောက်တွင်းကြီးကတော့ အရည်အသွေးမြင့်မားတဲ့ သလင်းကျောက်တော်တော်များများရှိပြီး အနာအဆာ အနည်းအငယ်သာ ရှိတယ်....အဲ့ဒီသလင်းကျောက်တွေကို မြို့တော်မှာ ငွေကြေးအဖြစ် လဲလှယ်အသုံးပြုကျသလို စွမ်းအင်အရာမှာလည်း အသုံးချနိုင်တယ်.......ဒီသလင်းကျောက်တွင်းကြီးက တိမ်မြုပ်နေတဲ့နေရာလည်းဖြစ်တယ်]
စနစ်က ပုဖန်အား ရှည်လျားစွာ ရှင်းပြလေသည်။
စနစ်၏စကားကိုကြားပြီးနောက် သလင်းကျောက် တွင်းနှစ်တွင်း၏ ကွာခြားချက်ကို နားလည်သွားလေသည်။
ဤသလင်းကျောက်တွင်းကြီးသည် တခြားတွင်းများထက် ကြီးမားသလို သလင်းကျောက်အရင်းအမြစ်လည်း ရှိလေ၏။
ပုဖန်၏အဓိက တာ၀န်က သလင်းကျောက်အရင်းအမြစ်ကို ရယူရန်ဖြစ်သည်။
[ယေဘုယျအားဖြင့် သလင်းကျောက်တွင်းကြီးကနေ မတူညီတဲ့ သလင်းကျောက် အမျိုးအစားသုံးမျိုး ပေးနိုင်တယ်.....တစ်ခုက မာကြောလွန်းပြီး တန်ဖိုးသိပ်မရှိဘူး......တခြားနှစ်မျိူးက တန်ဖိုးအလွန်ရှိတယ်.......ဒာ့အပြင်တခြားသော ပစ္စည်တစ်မျိုးလည်း သလင်းကျောက်အတွင်းထဲမှာ ပုန်းအောင်နေတယ်...အဲ့ဒါက သက်စောင့်ဆေးအဖြစ် ရှေးက အသုံးပြုခဲ့ကျတဲ့ သက်ရှိမျိုးစိတ်တစ်ခုလည်း ဖြစ်တယ်]
စနစ်က ပုဖန်အား မစ်ရှင်၏တာ၀န်အပြည့်အ၀ထမ်းဆောင်နိုင်ပြီး အောင်မြင်မှု ရယူနိုင်စေရန် ရှင်းပြနေလေ၏။
စနစ်စကားအပြီး၌ သလင်းကျောက်ကို ရှာဖွေရန် ပုဖန် စိတ်အားထက်သန်နေပြီဖြစ်သည်
"စနစ် သလင်းကျောက်ထဲမှာ ရှိတဲ့သက်ရှိမျိုးစိတ်က နှစ်ချို့နဂါး ဒါမှမဟုတ် အဲ့လိုအကောင်မျိုးလား......"
ပုဖန်က တွေးမိတွေးရာ တွေးရင်းမေးလိုက်သည်။
[ပိုင်ရှင် စိတ်ချပါ.....ဒီလိုသလင်းကျောက်တွေထဲမှာ နဂါးတွေ၊စိတ်ဝိညဉ်သားရဲတွေ မနေနိုင်ပါဘူး.]
ပုဖန်က သိလိုရာများကို မေးမြန်းပြီးချိန်၌ နီယန်နှင့် တခြားသူများ၏ ဟင်းအမှာစာ ကို ကြားလိုက်ရသည်။
ကွမ်းရှောင်ယီဆီမှသူတို့၏ဟင်းအမှာစာများကို ပုဖန်ရပြီးနောက် မီးဖိုချောင်သို့တန်းသွားကာ ချက်ပြုတ်လေတော့သည်။
အဆင့်မြင့်အကြီးအကဲသည် ပုဖန်ကို သေချာစူးစိုက်ကြည့်မိသည်။သူ ပုဖန်ဟင်းဖြစ် သောနတ်မင်းစွေ့စွေ့ခုန်ဟင်းကိုသုံးဆောင်ပြီးနောက် ဒဏ်ရာများအားလုံး သိသိသာသာ သက်သာသွားလေတော့သည်။
နတ်မင်းစွေ့စွေ့ခုန်၏ အစွမ်သတ္တိသည် သာမာန် သက်စောင့်ဆေးထက်ပင် အာနိသင်ရှိသေး၏။
အဆင့်မြင့်အကြီးအကဲသည် ပုဖန်အား ဂရုပြုမိလေလေ အံ့အားသင့်ဖွယ်ရာများကြုံတွေ့ရလေ ဖြစ်နေတော့သည်။
ပုဖန်၊ဘလက်ကီနှင့် ဝှိုက်တီတို့အားလုံးသည် သူ့အတွက် အထူးအဆန်းဖြစ်နေလေ၏။
နောက်ဆုံးသူက အဆောင်ပြားများထုတ်ကာ ဖြန့်ခင်းရင်း ပုဖန်၏ ထူးခြားချက်ကို ရှာဖွေလေတော့သည်။
ဘလက်ကီကဲ့သို့သော ခွေးအမျိုးအစားက သူ၏ဆိုင်ကိုစောင့်သည်ဆိုကတည်းက ပုဖန်၏ အစွမ်းသတိနှင့်နောက်ကြောင်းရာဇ၀င်သည် လျော့တွက်လို့ရနိုင်မည်မဟုတ်ပေ။
သူက နဂါးမြို့ဟောင်းရဲ့အပြင် တခြားကမ္ဘာကဘဲ ရောက်လာခဲ့သလား...
သူ၏တန်ခိုးစွမ်းအင်များကို ချိုးနှိမ်ကာ ဤကဲ့သို့နေရာတွင် စားသောက်ဆိုင်ဖွင့်ထားခြင်းကိုက တွေးစရာမေးခွန်းဖြစ်လေ၏။
သူ၏ အဆောင်ပြားများကို စီရင် ခင်းကျင်းနေတုန်းပင် သူသည် တစ်စုံတစ်ခု၏လွှမ်းမိုးခြင်းကိုခံရပြီး မွန်းကျပ်လာတော့သည်။
ဖိအားတစ်မျိုးနှင့် လွှမ်မိုးနိုင်သောအစွမ်းရှိ အငွေ့အသက်သည် ဆိုင်အတွင်းမှ ထွက်လာပြီး သူ၏အဆောင်ပြားများကို လှုပ်ရမ်းစေတော့သည်။
အဆင့်မြင့်အကြီးအကဲသည် တဖြည်းဖြည်း ဖြူဖျော့လာပြီး နှလုံးရပ်မတပ်ဖြစ်လာသည်။လက်ပင်မမြှောက်နိုင်လောက်အောင် အကြောများဆိုင်းနေသည်။
ဤသည်မှာ ဆိုင်၏အငွေ့အသက်သည် သိပ်ကြောက်စရာကောင်းကြောင်းကိုပြောပြသလိုဖြစ်နေသည်။
ဤသို့ဖြစ်ရခြင်းမှာ ပုဖန်အကြောင်းကို အာရုံခံလိုက်ခြင်းကြောင့် ဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။
ပုဖန်၏နောက်ကြောင်းကို မှန်းဆမရစေရန် တစ်စုံတစ်ရာက ကာရံထားသည်။
ထို့ကြောင့်ပင်အစီအရင်ကိုပြန်ဖျက်ကာ သိချင်စိတ်များအား ချိုးနှိမ်လိုက်သည်။
နီယန်က အဆင့်မြင့်အကြီးအကဲဖြစ်ပျက်နေမှုကို သတိပြုမိသွားသည်။
သူမက ပုဖန်၏ အမူအကျင့်တွေ၊စွမ်းအင်တွေကို ဂရုမစိုက်ဘဲ သူ၏ ဟင်းပွဲအရသာကိုသာ စိတ်၀င်တစားလေသည်။
ဟင်းပွဲတော်တော်များများ သူတို့အရှေ့သို့ ရောက်နေပြီဖြစ်သည်။ဟင်းပွဲများကိုကြည့်ရင်း သူမ မျက်လုံးများတောက်ပလာလေသည်။
အဆင့်မြင့်အကြီးအကဲက ပုဖန်ကိုကြောက်ရွံ့စွာကြည့်လိုက်သောကြောင့် ပုဖန် ပဟေဠိဖစ်သွား၏။
"ဘာလို့ဒီလူကြီးက ထူးထူးဆန်းဆန်းကြည့်နေရတာလဲ...ငါဘဲ ပိုချောလာလို့လားဟ..."
သို့သော် ခဏအကြာတွင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး နီယန်တို့မှာကြားထားသည့် ဟင်းပွဲအစုံကိုချလိုက်သည်။
ထို့နောက် ဆိုင်၀င်ပေါက်နှင့် မီးဖိုချောင်ဆီသို့ခေါက်တုန့်ခေါက်ပြန်လျောက်နေလေသည်။
ထို့နောက် ဆိုင်ပေါက်၀ရှိ နံရိုးချိုချဉ်ကြော်ကိုစားရင်း အလုပ်ရှုပ်နေသော ဘလက်ကီအား တစ်ချက်ကြည့်ရင်း ပြုံးလိုက်ပါလေသည်။
(ဒီတစ်ပတ်အတွက် ၅ပိုင်းပါ နောက်အပတ် သောကြာနေ့မှ ပြန်တွေ့ကြပါမယ်
#အားလုံးပဲဘေးကင်းကြပါစေ)