အပိုင်း ၃၇၈
Viewers 62k

အခန်း ၃၇၈

ဒီတိုင်းသာဆက်နေမယ်ဆိုရင် ခွေးမလှလှလေး ရှာလို့ရမှာ မဟုတ်တော့ဘူး..


ခန့်ညားထည်ဝါလှသော မဟာမြွေလူသား မြို့တော်သည် ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေအတွင်း၌ တည်ရှိသည်။မြို့သည် အလွန်ကျယ်ပြောလှပြီး ခန့်ညားထည်ဝါလှသော မြို့တံတိုင်းများက ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းမတက် တည်ရှိနေသည်။


မြို့ရိုးထက်၌ မြောက်များလှစွာသော မြွေလူသား အစောင့်စစ်သည်တော်များက လက်နက်များကို ဆွဲကိုင်၍ မြို့ကို စောင့်ကြပ်နေကြသည်။


ထိုမြွေအမျိုးသားအားလုံးက အားအင်အပြည့်ဖြင့် စိတ်ဓာတ်တက်ကြွနေကြသည်။သူတို့၏ စူးရှလှသော မြွေမျက်ဝန်းများကလည်း တောက်ပလင်းလက်နေ၏။


ထိုမဟာမြွေလူသားမြို့တော်ကို မြွေမျိုးနွယ်အာဏာပိုင်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။သူတို့အားလုံးက ထိုမြို့နှင့် ဆက်သွယ်သော ပြင်းထန်သည့် ခံစားချက်ကို ခံစားခဲ့ရသည်။ထိုမြို့တွင် နေထိုင်ရခြင်းအတွက်လည်း သူတို့အလွန်အမင်း ဂုဏ်ယူမိကြသည်။


အကယ်၍ မြို့တော်၌ ခရီးသွားများကိုသာ လက်ခံလျှင် မြောက်များလှစွာသော မြွေလူသားမျိုးနွယ်များက မြို့ရှိရာဆီသို့ အလျှင်စလိုပင် အပြေးအလွှား လာရောက်ကြပေလိမ့်မည်။


ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေက လေအလင်းအင်ပါယာ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။နွံမြေ၏ အနောက်ပိုင်းက အဆုံးအစမဲ့ ကျယ်ပြောလှသော သမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသည်။ထိုသမုဒ္ဒရာက လူတိုင်းအတွက် ထူးခြားဆန်းကြယ်ဆုံး နယ်မြေတစ်ခု ဖြစ်သည်။


လက်ရှိအချိန်၌ ကမ်းခြေပေါ်ရှိ မက်စောက်သော ကျောက်ဆောင် တစ်လုံးပေါ်တွင် အမျိုးသမီးတစ်ဦးရပ်နေသည်။ ထိုအမျိုးသမီး၏ အလွန်လှပသော သွင်ပြင်ရှိသည့် မြွေအမျိုးသမီး တစ်ဦးဖြစ်သည်။သူမ၏ ပျော့ပြောင်းနူးညံ့လှသော ဆံနွယ်ရှည်များက လေအလျင်နှင့်အတူ တဖြတ်ဖြတ်လွင့်ခါနေသည်


သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းက အပြာရောင် မြွေအမြီးအဖြစ် တည်ရှိနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက လှပတင့်တယ်လှသော လူသား အမျိုးသမီး ပုံစံဖြင့် တည်ရှိနေသည်။ထိုသူမက မဟာမြွေလူသားမြို့တော်၏ အချုပ်အခြာ မြွေမျိုးနွယ်အာဏာပိုင် ဖြစ်သည်။


သူမက မြွေအမြီးကို တွန့်ခေါက်ထားပြီး ကျောက်ဆောင်ထိပ်တွင်ရပ်နေသည်။သူမ၏ လှပလှသော မျက်ဝန်းများက လှိုင်းလုံးများကို ကြည့်နေ၏။ကျောက်ဆောင်ဆီသို့ လာရောက်ရိုက်ခတ်သော ရေလှိုင်းများမှ ရေစက်များက သူမ၏ လှပသော မျက်နာလေးထက်သို့ လာစင်လေသည်။


ထိုရေစက်များ၌ ငါးညှီနံ့နှင့် ဆားရနံ့များ ပါဝင်နေသည်။ထိုရနံ့များက ပင်လယ်၏ ရနံ့အစစ်အမှန်ပင် ဖြစ်သည်။သမုဒ္ဒရာပင်လယ်ပြင်၌ မြောက်များလှစွာသော လျို့ဝှက်ချက်များနှင့် မမျှော်လင့်ထားနိုင်သော ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။


ပင်လယ်ပြင်၌ အခွင့်အရေးကောင်းများနှင့် ကောင်းမွန်လှသော ကံကြမ္မာများ ရရှိနိုင်မည့်ဖြစ်နိုင်ချေက ကုန်မြေပေါ်မှာထက် ရှားပါးလှသည်။


မြွေမျိုးနွယ်အာဏာပိုင်က တန်ခိုးရှင်အဆင့် အထွဋ်အထိပ်အဆင့်၌ ပိတ်ဆို့နေခဲ့သည်။သူမက အဆင့်မြင့်နယ်ပယ်သို့ တက်လှမ်းနိုင်ရန်အတွက် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို လုပ်ယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း သူမ ကျရှူံးခဲ့ရသည်။သူက ကြမ်းတမ်းခြင်ူတစ်သောင်းမီးတောက်ကိုရရန် မစွမ်းဆောင်နိုင်ပေ။


ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်မရှိပါက သူမ တန်ခိုးရှင်အဆင့် နယ်ပယ်ကို ချိုးဖောက်နိုင်ရန်မှာ သူမအတွက် အလွန်ပင် ခက်ခဲနေပေသည်။ထို့ကြောင့် သူမ၌ ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။


သူမက အဆုံးအစမဲ့သမုဒ္ဒရာထဲ၌ အခွင့်ရေးကောင်းများရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။တန်ခိုးရှင်အဆင့် နယ်ပယ်ကို ချိုးဖောက်တက်နိုင်မည့် အခွင့်အရေးကောင်းများကို သူမ လိုချင်လှသည်။


အကယ်၍ သမုဒ္ဒရာထဲ၌ အခွင့်ရေးကောင်းများကို စုပ်ကိုင်မိခဲ့လျှင် သူမ အဆင့် ၁၀သို့ ချိုးဖောက်တက်ရောက်နိုင်မည်မှန်း ကောင်းစွာသိပေသည်။


သူမက အဆုံးအစမဲ့ သမုဒ္ဒရာထဲသို့ မသွားခင် မဟာမြွေလူသားမြို့တော်ရှိ ကိစ္စများအားလုံးကို စီစဉ်ရန် ဆုံးဖြတ်လိုက်သည်။


မြွေလူသားမြို့တော်နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော ရွှံ့နွံမြေ၌ ကြံ့ခိုင်သန်မာလှသော မြွေအမျိုးသားငယ်များက တစ်စုံတစ်ယောက်ကို လုံ့လရှိရြှိဖင့် ကြိုးကြိုးစားစားလုပ်ကိုင်နေကြသည်။


ထိုသူများက ရွှံ့နွဲထဲ၌ ကြီးမားလှသော တွင်းနက်တစ်ခုကို တူးနေကြသည်။ရွှံ့ရနံ့များနှင့် ငါးညှီနံ့များကလည်း ထိုနေရာတစ်ဝိုက်ပြည့်နှက်နေလေ၏။ထိုတွင်းနက်ထဲမှ စက်စုပ်ရွံရှာဖွယ်ကောင်းလှသော ရနံ့များနှင့်အတူ မြောက်များလှသော စိတ်ဝိညာဉ်စွမ်းအင်များကလည်း ကောင်းကင်ထိတိုင်အောင် ထိုးတက်လာသည်။


ပေါက်ကွဲထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအင်များကို တွေ့လိုက်ရသောအခါ၌ ထိုလူငယ်များ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသည်။သူတို့က တွင်းထဲသို့ ခုန်ဆင်းလိုက်ကြပြီး ရွှံ့နွံများဖြင့် ဖုံးအုပ်နေသည့် သလင်းကျောက်များကို ရှာဖွေ တူးယူလိုက်ကြသည်။


ထိုသလင်းကျောက်များက သန့်စင်ကြည်လင်လှသော အလင်းရောင်များ တောက်ပနေသည်။တိမ်ဖြူစံအိမ်၏ အကြီးအကဲချုပ်ဖြစ်သော ပိုင်ကျန့်က ရွှံ့နွံမြေပေါ်၌ လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်မတ်ရပ်နေသည်။သူက ရွှံ့နွံကို ရပ်နေခြင်းဖြစ်သော်လည်း သူ့၏ ဖိနပ်များက အနည်းငယ်မျှပင် ညစ်ပေခြင်းမရှိပေ။ရွှံ့နွံတွင်းကို ကြည့်နေသော ပိုင်ကျန့်၏ မျက်ဝန်းများက စ်ိတ်လှုပ်ရှားမှုအလင်းရောင်များ လက်တောက်သွားသည်။


ထိုတွင်း၏ အောက်ခြေ၌ သလင်းကျောက်များ များစွာရှိနေသည်။ထိုတွင်းက အလွန်သိပ်သည်းလှသော သလင်းကျောက်တွင်းသာ ဖြစ်သည်။ထိုသလင်းကျောက် တွင်းကို သူတို့ မကြာသေးခင်ကပင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။


မဟာမြွေလူသားမြို့တော်နှင့် တိမ်ဖြူစံအိမ်က ထိုတွင်းအတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။သို့သော်လည်း အဆုံး၌ သူတို့နှစ်ဖွဲ့လုံးအတူတကွ တူးဖော်ရယူရန် ကြိုးပမ်းခဲ့ကြသည်။


တွင်းကို ပို၍ နက်နက်တူးလေလေ ပိုင်ကျန့်က ပို၍ အံ့အားသင့်လာလေလေပင် ဖြစ်သည်။သလင်းကျောက်များက သူတို့မျှော်မှန်းထားသည်ထက် ပိုမိုများပြားနေသည်။ထိုတွင်းက တကယ်ကို အလွန်တရာကြီးမားလှသည့် တွင်းကြီးတစ်တွင်းပင်ဖြစ်သည်။


မြောက်များလှစွာသော သလင်းကျောက်မိုင်းတွင်းကို ရှာဖွေတူးဖော်ရရှိခဲ့ခြင်းကြောင့် တိမ်ဖြူစံအိမ်၏ အင်အားကလည်း သေချာပေါက် တိုးတက်လာပေတော့မည်။


"စိတ်ပုပ်သူဌေး နင်ဘာတွေလုပ်နေတာလဲ......"


ကွမ်ရှောင်ယီက ပုဖန်ကို သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။သူက ဘလက်ကီ၏ ရှေ့တွင် စောင့်ကြောင့်ထိုင်ပြီး အရူးတစ်ယောက်လို ပြုံးနေသော ပုဖန်ကို တွေ့လိုက်ရသောကြောင့် စပ်စုချင်စိတ်ပြင်းပြသွားသည်။


ပုဖန်၏ အရူးလ်ို အပြုံးက အတော်ကို ရုပ်ဆိုးလွန်းလှသည်။နံရိုးချိုချဉ်ကြော်ကို စားသောက်ပြီးစီး၍ နှုတ်ခမ်းများကို လျှာဖြင့် သပ်နေသော ဘလက်ကီက ပုဖန်၏ အပြုံးကို သတိပြုမိလိုက်သည်။ထိုအပြုံးကြောင့် သူ့၏ မျက်ဝန်းများ ပြူးကျယ်သွား၏။ခေါင်းမှ ခြေအဆုံး သူ့ခန္ဓာကိုယ်ရှိ ရှိသမျှ အမွှေးအကုန် ထောင်တက်သွား၏။


"မင်းဘာတွေ တွေးနေပြန်တာလဲ.....မင်းဘာတွေ ကြံစည်နေပြန်တာလဲ......"


ဘလက်ကီက ပုဖန်ကို ခေါင်းမော့ကြည့်လိုက်သည်။သူက အနီရောင်အချဉ်ရည်များ ပေနေသော ပန်းကန်ပြားပေါ်တွင် လက်ဖဝါးကို တင်လိုက်ပြီး ပုဖန်ကို သတိရှိရြှိဖင့် ကြည့်နေလိုက်သည်။


"ဘယ်သူမှ ဒီခွေးဘုရင်ဆီက လာလုလို့မရဘူး .....ဒီမှာကျန်နေတဲ့ နံရိုးချိုချဉ်ကြော်အားလုံးက ဒီခွေးဘုရင်ရဲ့ဟာပဲ.....တကယ်လို့ လုချင်တယ်ဆိုရင်တော့ ဒီခွေစဘုရင်ရဲါ လက်ဝါးနှင့် အရင်ဆုံး ရင်ဆိုင်ရမယ်......"


ခွေးဘုရင်က ပုဖန်ကို သွားစွယ်များဖြဲပြ၍ မာန်ဖီလိုက်သည်။သူ့၏ သွားသေးသေးလေးများကြားထဲ၌ အသားဖတ်များကလည်း ကပ်တွဟ်ငြိနေသည်။သူက အမြီးကို လှုပ်ယမ်းရင်း ဒေါသတကြီးဖြင့် ပုဖန်ကို စိုက်ကြည့်နေလိုက်သည်။ပုဖန်၏ အပြုံးက ရုတ်တရက် အေးခဲသွားသည်။


"ငါ့ရဲ့ ရိုးသားပြီး နူးညံ့တဲ့ အပြုံးက ဒီခွေးကို ဘာဖြစ်သွားစေတာလဲ ....."


ပုဖန်က သူ့၏ တောင့်တင်းနေသော မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်ပြီး တီတိုးရေရွတ်လိုပ်သည်။


"ငါရဲ့အပြုံးကများ တစ်စုံတစ်ခု မှားနေလို့လား...."


ပုဖန်က ဘလက်ကီကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်သည်။ထို့နောက် ဘလက်ကီ စိတ်အေးသွားစေရန်အတွက် နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလိုက်သည်။


"ဘာကြီးလဲ ဒီအပြုံးက ဘာလဲ...."


ဘလက်ကီက ပုဖန်ကို လွင့်ထွက်သွားအောင်ထိ ရိုက်ပစ်ချင်လာလေသည်။


"မင်းကဘယ်လိုဖြစ်ပြီး ဒီခွေးဘုရင်ကို ကြောက်စရာကောင်းတဲ့ အပြုံးမျိုး လာပြုံးပြနေတာလဲ......"


ဘလက်ကီက ပုဖန်က လျစ်လျူရှူလိုက်သည်။သူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပုဖန်ဘက်သို့ ဖင်ပေးလိုက်သည်။ထို့နောက် မွှေးပျံ့သင်းကြိုင်လှသော အဆင့်မြင့် နဂါးနံရိုးချိုချဉ်ကြော်ကို ဆက်လက်၍ မြိန်ရေရှက်ရေ စားသောက်နေလိုက်၏။


ပုဖန်၏ မျက်နှာက ချက်ချင်းပင် တည်တံ့သွားပြီး သူ့၏အတွေးထဲ၌ ဇဝေဇဝါ ဖြစ်မှုများ လူးလွန့်သွားသည်။


"ဘာလို့လဲ ငါ့ရဲ့အပြုံးက အလုပ်မဖြစ်ဘူးလား.....ငါ့ရဲ့အပြုံးက နွေးထွေးပြီးနှစ်လိုဖွယ် ကောင်းတဲ့ မဟုတ်ဘူးလား......"


ပုဖန်က ဘလက်ကီကို အပြုံးဖြင့် ဖြားယောင်းရန် ကြိုးစားနေခြင်းကို လက်လျှော့လိုက်သည်။


"ခွေးတစ်ကောင်က အပြုံးအကြောင်းကို နားမလည်နိုင်တာပဲ ဖြစ်ရမယ်....."


သူက တလှုပ်လှုပ် ယမ်းနေသော ဘလက်ကီ၏ အမြီးကို ဆွဲကိုင်လိုက်သည်။ဘလက်ကီက ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်ပြီး ပုဖန်ကို သွားဖြဲကာမာန်ဖီလိုက်၏။


"ဒီဘက်ကို လှည့်ဦး ငါတို့ နည်းနည်းလောက်ဆွေးနွေးရအောင် ...."


ပုဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ဘလက်ကီက နှာခေါင်း ရှူံ့လိုက်ပြီးနောက် ပြန်၍ လှည့်လိုက်သည်။သို့သော်လည်း သူနှင့်အတူ ပြန်လည်ယူဆောင်လာသည့် ဝက်နံရိုးချိုချဉ်ကြော်ကိုမူ လက်ကလေးများဖြင့် ဖုံးအုပ်ထားလိုက်သည်။


"ဘလက်ကီ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး.....အချိန်ပြည့် ဒီနေရာမှာ လှဲနေတဲ့အတွက် တဖြေးဖြေးနဲ့ ဝလာပြီ ဟုတ်တယ်မဟုတ်လား ....ဒီလိုပုံစံမျိုးနဲ့ဆို မင်း ခွေးမလေးတွေကို ဘယ်လိုလုပ် ဆွဲဆောင်လို့ရတော့မှာလဲ....အဲ့ဒီတော့ နောက်တခါ ငါမစ်ရှင်သွားလုပ်တဲ့အခါကျရင် မင်းငါ့နောက် လိုက်ခဲ့သင့်တယ်.....ဒီလိုမှသာ လေ့ကျင့်ခန်းလုပ်စရာ အခွင့်အရေးရပြီးတော့ ပိုပြီးတော့ ပိန်လာမှာလေ......မင်း ပိန်သွယ်သွားပြီဆိုမှ ကြိုက်တဲ့ ခွေးမလေးတွေကို ကောင်းကောင်း ဆွဲဆောင်နိုင်မှာပေါ့ ဟုတ်တယ်မဟုတ်လား....."


ပုဖန်က တက်ကြွသည့်အသံဖြင့် လေးလေးနက်နက် ပြောလိုက်သည်။


"ခွေးမလေးတွေကို ဆွဲဆောင်ရမယ်....ကြည့်စမ်းပါဦး ငါခွေးဘုရင်က အံ့သြလောက်စရာ အသွင်အပြင်နဲ့ တင့်တယ်မှုလည်းရှိတယ်.....ဒီလို အံ့အားသင့်စရာကောင်းလှတဲ့ ငါက ပိုပြီးကြည့်ကောင်းလာဖို့အတွက် အသုံးမဝင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရဦးမယ်လို့ မင်းထင်လား....."


ဘလက်ကီက ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ၌ စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်လိုက်ပြီး လုံးဝ လျစ်လျူရှူလိုက်တော့သည်။ပုဖန်က ဘလက်ကီ၏ အမူအယာကို မြင်လိုက်သည်နှင့် သူစိတ်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရသည်။သူက ဘလက်ကီကို အလွန်အမင်း ဖျက်စီးခဲ့ပြီမှန်း သူသိပေသည်။


"ဘလက်ကီ မင်း ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပစ်စလက်ခတ် နေလို့မရဘူး ....လှပတဲ့ အနာဂတ်ကို ရှာဖွေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ရမယ်....."


ပုဖန်က စိတ်အားတက်ကြွသည့် အသံနှုန်းဖြင့် ဘလက်ကီကို ဖြောင်းဖျ ပြောဆိုလိုက်သည်။သူက ဘလက်ကီကို အလျှင်စလို မလုပ်ပဲစိတ်ရှည်လက်ရှည်ဖြင့် ပြောဆိုနေသည်။ 


"ငါတို့ ခရီးထွက်ပြီးကမ္ဘာကြီးရဲ့ အပြင်ဘက်ကို သွားကြည့်ကြရအောင်....ငါတို့ ခရီးကိုသွားရင်းနဲ့လည်း မင်းဝိတ်ကျသွားနိုင်တာပဲ....."


ဘလက်ကီက ပုဖန်၏ ပြေဟဆိုမှုကို လုံးဝ လျစ်လျူ ရှူထားလိုက်ပြီး သူ့၏ နံရိုးချိုချဉ်ကြော်ကိုသာ ဆက်လက်စားသောက်နေသည်။အဆင့်မြင့် သားရဲ၏ အသားနှင့် ပြုလုပ်ထားသောနံရိုးချိုချဉ်ကြော်က တကယ့်ကို အရသာရှိလှသည်။သူပို၍စားလေလေ အသားရဲ့ချိုမြိန်မှုကို ပို၍ ခံစားရလေလေပင်ဖြစ်သည်။


ပုဖန်ပေးသော သစ်သီးဖျော်ရည်၏ အရသာကလည်း အလွန့်ပင် ကောင်းမွန်လှသည်။နံရိုးချိုချဉ်ကြော်ကိုစားပြီး သစ်သီးဖျော်ရည်ကို သောက်ရခြင်းက သူ့ဘဝအတွက် လောကစည်းစိမ်တစ်ခုပင် ဖြစ်သည်။


ပုဖန်က လုံးဝဂရုမစိုက် လျစ်လျူရှုခြင်းကို ခံနေရသောကြောင့် သူ့ကိုယ်သူ နံရိုးချိုချဉ်ကြော်တစ်ပန်းကန်လောက်ပင် တန်ဖိုးမရှိဟု ခံစားလာမိသည်။


"ကြည့်ရတာတော့ ငါဝှက်ဖဲကို ထုတ်သုံးရတော့မယ်....."


ပုဖန်၏ အမူအယာက ရုတ်တရက် လေးနက်တည်ငြိမ်သွားပြီး ဘလက်ကီကို စူးစူးရှရှကြည့်လိုက်သည်။ဘလက်ကီက နံရိုးချိုချဉ်ကြော်ကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်လေရာသူ့၏ အစီအစဉ်က သင့်တော်မှု ရှိလှသည်။


"ဘလက်ကီ....မင်းငါ့နောက်ကို လိုက်ပြီး အပြင်ဘက် ကမ္ဘာကို သွားမလား မသွားဘူးလား.....တကယ်လို့ မင်းငါ့နောက်ကို မလိုက်နိုင်ဘူးဆိုရင်တော့ နံရိုးချိုချဉ်ကြော်စားဖို့ ထပ်ပြီးအိပ်မက်မမက်နဲ့တော့ ငါဘယ်တော့မှ ချက်မပေးနိုင်တော့ဘူး.....နောက်ထပ် နံရိုးချိုချဉ်ကြော် စားချင်သေးတယ်ဆိုရင်တော့ ငါ့နောက်ကို နာနာကျင်ကျင်နဲ့ လိုက်ခဲ့လိုက်တော့......"


"ဟမ်း ခွေးစုတ်လေး ငါနံရိုးချိုချဉ်ကြော်နဲ့ ခြိမ်းခြောက်လိုက်တော့ ဘာများ တက်နိုင်သေးလဲ....ငါ့အမိန့်ကို နာခံရတော့မှာပဲ...."


ပုဖန်က သာသာယာယာပင် တွေးတောနေလိုက်ပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသည်အထိ ပြုံးလိုက်ကာ ကြောက်စရာကောင်းလှသည့် အပြုံးကို လစ်ဟာလိုက်သည်။ဘလက်ကီက ကြောက်မက်ဖွယ်ရာ အပြုံးကို မော့ကြည့်လိုက်မိပြီး သူ့၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားသည်။


ထို့နောက် သူ လျှာတစ်လစ်ထုတ်လိုက်ပြီး နံရိုးချိုချဉ်ကြော်ကိုသာ ဆက်လက်စားသုံးလိုက်သည်။


ပုဖန်က သူ့၏ ခန္ဓာကိုယ်ကို လေအေးများတိုးဝှေ့တိုက်ခတ်သွားသလို ခံစားလိုက်ရပြီး ကျောရိုးတစ်လျှောက် အနည်းငယ်စိမ့်တက်သွားသည်။


ဘလက်ကီ သူ့၏ ခြိမ်းခြောက်မှုကို မည်သည့်အတွက်ကြောင့် ဂရုမစိုက်ရသည်ကို သူသိလိုလှသည်။


"နံရိုးချိုချဉ်ကြော်ကငါ့စကားကို နားထောင်ဖို့အတွက် မလုံလောက်သေးဘူးလား...."


ဘလက်ကီက ပုဖန်၏ ခြိမ်းခြောက်မှုကို တကယ့်ကို ဂရုမစိုက်ပေ။


"ဒါက နံရိုးချိုချဉ်ကြော် မစားရုံပံ မဟုတ်လား...."


သူ နှစ်ပေါင်းရာချီ အိပ်မောကျနေစဉ်က နံရိုးချိုချဉ်ကြော်ဆိုသည်မှာလည်း မရှိခဲ့ပေ။


"အရင်တုန်းကတောင် နံရိုးချိုချဉ်ကြော် မရှိခဲ့မှတော့ ငါက ဘာတွေ စိတ်ပူစရာ လိုသေးလို့လဲ....."


ပုဖန်က သူ့ကို ကလေးကလား လာရောက် ခြိမ်းခြောက်နေသည်ဟုပင် ဘလက်ကီ ထင်လိုက်မိသည်။ပုဖန်က ဘလက်ကီ၏ အမူအယာကို မြင်ပြီးနောက် ပြောစရာစကားမဲ့သွားသည်။သူ မတ်တပ်ထရပ်လိုက်ပြီး အချိန်အတော်ကြာ စောင့်ကြပ်ထိုင်ရသောကြောင့် ထုံကျင်နေသည့် ခြေထောက်များကို လှုပ်ခါလိုက်သည်။


"ဒီခွေးငပျင်းက ဘာလို့ခရီးတိုလေးတစ်ခုထွက်ဖို့အတွက်တောင် ဘာလို့ဒီလောက် ပြောရခတ်နေရတာလဲ .....သူနေ့တိုင်းနေ့တိုင်းပဲအိပ်တာနဲ့ စားတာပဲ လုပ်နေတာမဟုတ်ဘူးလား.....ဒီလိုပုံစံနဲ့ ဘယ်လိုဖြစ်ပြီး ချောမောလှပတဲ့ ခွေးပ်ျုမလေးတစ်ကောင်ရတော့မလဲ ....."


ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဆိုင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။ခပ်လှမ်းလှမ်းတစ်နေရာစီ၌ ဂှိချန်းရွဲ့က မိန်းမဆိုးများ ခြံရံလျက် ဆိုင်ငယ်လေးရှိရာဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်လာခဲ့သည်။


ပုဖန်က တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်လိုက်သည်။ထို့နောက် သူ ဘလက်ကီရှိရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ဒီလိုဆိုရင်ကော ဘယ်လိုလဲ....တကယ်လို့ မင်းသာ မစ်ရှင်သွားလုပ်တဲ့အချိန်သာ ငါနဲ့လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့နံရိုးခ်ျိုချဉ်ကြော်ကို နှစ်ဆတိုးပေးမယ်....."


"ပမာဏ နှစ်ဆ ....ပမာဏ နှစ်ဆ....ဒီပမာဏက ဒီပမာဏ ...."


ဘလက်ကီ၏ နားရွက်များ လှုပ်ခတ်သွားပြီး ပန်းကန်ထဲ ခေါင်းထဲ နစ်နေရာမှ မော့ကြည့်လိုက်သည်။ထို့နောက် သူပုဖန်ကို တောက်ပသော အကြည့်များဖြင့် လှမ်းကြည့်လိုက်၏။


တလက်လက်တောက်နေသော ထ်ိုအကြည့်များကြောင့် ပုဖန် ထခုန်မိမတက်ပင် လန့်ဖြန့်သွားသည်။သူလည်းမျက်ခုံးပင့်ရင်း ဘလက်ကီကို စူးစိုက်ကြညိ့လိုက်သည်။


ဘလက်ကီက လျှာတစ်လစ်ထုတ်လိုက်ပြီး သူ့၏ နှုတ်ခမ်းများကို သပ်လိုက်သည်။ထို့နောက် သူ့၏ ချစ်စရာကောင်းလှသောလက်ဖဝါးလေးကို ဖြေးဖြေးချင်း မြှောက်လိုက်ပြီး ကောင်းကင်ယံကို ညွှန်ပြလိုက်သည်။


ပျော်ရွှင်တက်ကြွမှုအပြည့်ဖြင့် လှမ်းလာသော ဂျိချန်းရွဲ့က ခွေးဘုရင်၏ လက်ဖဝါး လွင့်မြှောက်လ်ိုက်သည်ကို မြင်လိုက်သည့်အခါ၌ ဖြူဖျော့သွားသည်။သူ့၏ ခြေထောက်များက အားနည်းပျော့ခွေ သွားပြီး လမ်းပင် ကောင်းစွာ မလျှောက်နိုင်တော့ပေ။


"ဒီခွေးဘုရင်က ဘာဖြစ်ပြန်တာလဲ....ဘယ်သူကများ ဒီခွေးဘုရင်ကို စိတ်မကျေနပ်အောင် လုပ်လိုက်ပြန်တာလဲ......"


"မင်းရဲ့ လက်ဖဝါးကို ဘာလို့ မြှောက်ထားရပြန်တာလဲ ....တကယ်လို့များ မင်းငါ့ကို ပုန်ကန်ချင်တာ တစ်ခုခုရှိရင်လည်း တိုက်ရိုက်ပဲ ပြောလိုက်ပါ....အဲ့ဒီလက်ဖဝါးကို မြှောက်မထားစမ်းပါနဲ့....အန္တရာယ်များလိုက်တာ..."


ဘလက်ကီ၏ မျက်ဝန်းများက အလင်းတန်းများပင် ဖြာထွက်နေသလို ထင်ရသည်။လက်ရှိအခ်ျိန်၌ ဘလက်ကီက အလွန်ပင် စိတ်လှုပ်ရှားနေသည်။သူက နောက်ထပ် လက်တစ်ဖက်ကိုပ် ထပ်မြှောက်လိုက်သည် 


"နောက်ထပ်တစ်ဆတိုးလိုက်ရင်ကော ဘယ်လိုလဲ....ငါက နံရိုးချိုချဉ်ကြော် သုံးဆလိုချင်တယ်....တကယ်လို့ သဘောမတူဘူးဆိုရင်တော့ ဒီအကြောင်းကို ထပ်ပြီး လာမဆွေးနွေးနဲ့တော့ ...."


ဘလက်ကီ၏ တည်ငြိမ်လှသော ယောက်ကျားသံကို အနားတွင်ရှိနေကြသော သူများအားလုံး ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။


ပုဖန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘလက်ကီ၏ တောင်းဆိုမှုကို သဘောတူ ညီလိုက်သည်။ပုဖန်က မျက်နှာအမူအယာ အနည်းငယ်မျှပင် ပြောင်းလဲမှု မရှိပဲ ပြောလိုက်သည်။


"သဘောတူတယ်...."


ထို့နောက် ဘလက်ကီ၏ လှုပ်လှုပ်ရှားရှားဖြစ်နေသော အမူအရာကို ကြည့်ပြီး သူခဏမျှပင် ကြောင်အသွားလေသည်။


"ဒါက နံရိုးချိုချဉ်ကြော်လေးဟနည်းနည်းပေါင်းထည့်လိုက်ရုံပဲလေ ဘာမှမဟုတ်တဲ့ ကိစ္စပဲ...."


ထို့နောက် ပုဖန်က ဘလက်ကီကို အောင်မြင်စွာ စည်းရုံးနိုင်သွားပြီ ဖြစ်သောကြောင့် ပြန်၍ လှည့်ထွက်သွားလိုက်သည်။