အခန်း ၃၇၉
ဂျိချန်းရွဲ့ ၏တောင်းဆိုမှု
ပုဖန်နှင့် ဘလက်ကီ၏ ခပ်လှမ်းလှမ်းတွင် ရှိနေသော ဂျိချန်းရွဲ့က ပုဖန် စိတ်ကျေနပ်သည့် အမူအရာဖြင့် ဆိုင်ဘက်သို့ ပြန်လှည့်သွားမှသာလျှင် ဆိုင်နားသို့ ကပ်လာရဲလေသည်။
ဆိုင်နားသို့ နီးကပ်လာသည်နှင့်အမျှ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ရီနေလေသည်။သူက ဘလက်ကီကိုပင် အလွန်တရာ ကြောက်ရွံ့နေလေ၏။
"ဒီခွေးက ဘာအကြောင်းပြချင်မှ မရှိပဲနဲ့ လက်ကို မြှောက်လိုက်တယ်....ဒီတော့ သူက အဲ့ဒီလက်မြှောက်တာကို သာမန်ကာလျှံကာပဲ လုပ်လိုက်တာလား....."
ထိုခွေးလက်ဖဝါး ရိုက်ချက်ဖြင့်ပင် တန်ခိုးရှင် အဆင့်တစ်ယောက်ပင် သေသွားလေရာ သူက မည်ကဲ့သို့ မကြောက်ပဲ နေနိုင်ပါလိမ့်မည်နည်း။
ဂျိချန်းရွဲ့က ဘလက်ကီ ကြွေပန်းကန်ဘက်သို့ ပြန်လည်အာရုံရောက်သွားသည့်အချိန်မှသာလျှင် ဆိုင်နားသို့ ရဲရဲတင်းတင်းကပ်လာရဲလေသည်။ထို့နောက် ဘလက်ကီက နံရိုးချိုချဉ်ကြော်ကို ဆက်လက်စားနေသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဂျိချန်းရွဲ့နှင့် မိန်းမဆိုးများက ဆိုင်ထဲသို့ လးအလျှင်အမြန် ဝင်လိုက်ကြသည်။
ဒီနေ့ သူ၌ ပိုင်ရှင်ပုနှင့် ဆွေးနွေးချင်သည့် ကိစ္စတစ်ချို့ရှိနေပေသည်။ဆိုင်ထဲသို့ ဝင်လိုက်ပြီးသည့်နောက် ဂျိချန်းရွဲ့က စိတ်လွတ်ကိုယ်လွတ်ဖြင့် လေထုထဲတွင် ပျံသန်းနေသော သင်းပျံ့မွှေးကြိုင်သည့် ရနံ့များကို ရှူရှိုက်လိုက်သည်။ထိုရနံ့များကပင် စိတ်ကျေနပ်စရာ ကောင်းလွန်းလှသည်။
သူက ကိစ္စတစ်ချို့ ဆွေးနွေးရန်အတွက် ပုဖန်ကို အရင်ရှာရမည့်အစား ဟင်းပွဲ တစ်ချို့ကိုသာ အရင်မှာယူလိုက်သည်။သူက ဟင်းပွဲတစ်ချို့နှင့်အတူ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ကိုလည်း မှာလိုက်လေ၏။စားစရာများကို အရင်ဦးဆုံး မြိန်ရေရှက်ရေ ကုန်စင်အောင် စားသောက်လိုက်သည်။
"ပိုင်ရှင်ပု ငါကိုယ်တော်မောင် မင်းကို ပြောစရာကိစ္စတစ်ချို့ ရှိနေတယ်...."
ဂျိချန်းရွဲ့က ခုံပေါ်တွင် လျော့တိလျော့ရွဲထိုင်နေသော ပုဖန်ကို ဦးတည်၍ ပြောဆိုလိုက်သည်။ပုဖန်က မျက်ဝန်းများ မှေးစင်းလိူက်ပြီး ဂျိချန်းရွဲ့ကို လှည့်ကြည့်လိုက်သည်။သူ့၏ မျက်နာပေါ်၌လည်း ဇဝေဇဝါ ဖြစ်မှူက အထင်းသား ပေါ်လွင်နေသည်။
"မင်းနဲ့ တန်ခိုးရှင်အဆင့်တွေရဲ့ ကြားထဲက တိုက်ပွဲက အရမ်းကိုကြောက်စရာ ကောင်းတယ်ဆိုတာကို မင်းလည်း သတိပြုမိမှာပါ ....အဲ့ဒီတိုက်ခိုက်မှုကြောင့်ပဲ အင်ပါရီယာ မြို့တော် တစ်ဝက်လောက် ပျက်စီးခဲ့ရတယ်....တိုက်ပွဲ ပြီးတဲ့နောက်မှာတော့ မြောက်များလှစွာသော မြို့သူမြို့သားတွေက အိမ်ခြေရာမဲ့ဖြစ်သွားတယ်.....အခုဆိုရင် သူတို့က စိတ်ပျက်အားငယ်နေကြပြီ....."
ဂျိချန်းရွဲ့က သက်ပြင်ူအသာအယာချလိုက်၍ ဖြေးဖြေးချင်း ပြောလိုက်သည်။ပုဖန်က စကားတစ်ခွန်းမှ မဆိုပဲ ဂျိချန်းရွဲ့၏ စကားကိုသာ တိတ်တဆိတ် နားထောင်းနေလိုက်သည်။ဂျိချန်းရွဲ့ကို စိုက်ကြည့်နေသော မျက်နာအမူအရာကလည်း မည်သည့်အမူအရာမှ ထင်ဟပ်မနေချေ။
"မင်း သူတို့အတွက် စားစရာအချို့ ချက်ပေးဖို့အတွက် ငါကိုယ်တော် တောင်းဆိုချင်တယ်.....မင်းရဲ့အရသာရှိတဲ့ အစားအသောက်တွေနဲ့ သူတို့ကို စိတ်တည်ငြိမ်စေပြီး စိတ်သက်သာမှု အချို့ ရစေချင်တယ်...."
ဂျိချန်းရွဲ့က ပုဖန်ကိုကြည့်ပြီး စိတ်ရင်းမှန်အတိုင်း ရိုးသားစွာ ပြောလိုက်သည်။သူအချိန်ကြာမြင့်စွာ စဉ်းစားပြီးမှသာလျှင် သည်အကြံဉာဏ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ပုဖန်၏ အရသာရှိလှသော ဟင်းပွဲများက လူအားလုံးကို စိတ်ကျေနပ်စေပေလိမ့်မည်။သူတို့စိတ်သက်သာရာရပြီး စိတ်ပျက်အားငယ်မှုများလည်း လျော့နည်းသွားပေနိုင်လိမ့်မည်။
သို့သော်လည်း ပိုင်ရှင်ပုက သူတို့အတွက် ချက်ပေးချင်စိတ် ရှိမရှိကို သူမသေချာပေ။ဟုတ်ပေသည်။သူမည်မျှ မေးကြည့်ရမည်ကိုလည်း မသိပေ။
မည်သို့ပင် ဆိုစေကာမူ ကောင်းမွန်လှသော အစားအသောက်များက ပြည်သူတို့၏ စိတ်ကို အေးချမ်းသာယာမည်ဆိုလျှင် မည်မျှများပြားလှသော ငွေပမာဏပင်ဖြစ်ပစေ သူ ပေးချေနိုင်ပေသည်။ပိုင်ရှင်ပုက အင်ပါရီယာ မြို့တော် တစ်ဝက်စာမျှ ဟင်းပွဲကို ချက်ပြုတ်ရမည် ဖြစ်လေရာ အလွန်ပင် များပြားလှလေသည်။
ဂျိချန်းရွဲ့၏ တောင်းဆိုမှုကို ကြားလိုက်ပြီးနောက် ပုဖန် သူ့ကို တအံ့တသြကြည့်လိုက်သည်။ဂျိချန်းရွဲ့က ချက်ပြုတ်ပေးရန်အတွက် တောင်စဆိုလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။သို့သော်လည်း ပုဖန်က သူ့၏ တောင်းဆိုမှုကို မငြင်းပယ်လိုက်ပေ။
ခြုံငုံပြောရလျှင် ထိုတန်ခိုးရှင်အဆင့်များ၏ တိုက်ခိုက်မှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းက သူသာလျှင် ဖြစ်သည်။အင်ပါရီယာ မြို့တော့ ပျက်စီးရခြင်း၏ အကြောင်းအရင်းတစ်ရပ်က သူကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ထို့ကြောင့် ထိုသူများအတွက် ချက်ပြုတ်ရခြင်းကို သူမည်သို့မှ စိတ်ထဲမထားပေ။
သို့သော်လည်း သူက စနစ်၏ မစ်ရှင်ကို လုပ်ဆောင်ပေးရန်အတွက် ဘလက်ကီကို သူ့နောက်လိုက်ပါပေးရန် စည်းရုံးသိမ်းသွင်းခဲ့သည်။ထို့ကြောင့် နောက်သုံးရက်ကြာလျှင် အင်ပါရီယာ မြို့တော်မှ ထွက်ခွာရပေမည်။
ထို့ကြောင့်သူက ဂျိချန်းရွဲ့၏ တောင်းဆိုမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် စောစီးစွာပင် စတင်ရမည်ဖြစ်သည်။ပုဖန်က သူ့၏ အခြေအနေကို ဂျိချန်းရွဲ့ကို ပြောကြားပြီးသည့်နောက် ဂျိချန်းရွဲ့၏ မျက်နာမှာ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။
ပုဖန်က လုပ်ပေးချင်စိတ် ရှိနေသရွေ့ အရာရာအားလုံးက မဆင်ပြေပေသည်။သူ့၏ တောင်းဆိုချက်ကို စောစီးလျှင်မြန်စွာ ဖြည့်ပေးစေခြင်းက ပို၍ပင် ကောင်းမွန်နေသေးသည်။ပုဖန်က နောက်သုံးရက်အတွင်းပင် သူ့၏ တောင်းဆိုချက်ကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဟု ပြောဆ်ိုလိုက်သည်။
သူတို့က နောက်နေ့ချက်ချင်း စတင်ပြင်ဆင်ရန်ပင် သဘောတူညီချက် ယူလိုက်ကြသည်။ဂျိချန်းရွဲ့က နန်းတော်သို့ ပြန်ရောက်သွားပြီးနောက် တိုင်းသူပြည်သားတို့အား ထိုသတင်းကို ကြေငြာရန် ချက်ချင်း အမိန့်ပေးလိုက်သည်။နာမည်ပျက် စားသောက်ဆိုင်ပိုင်ရှင် ပိုင်ရှင်ပုက လူများအတွက် အစားအစာ ချက်ပြုတ်ပေးမည့်သတင်းက လျှင်မြန်စွာပင် ပြန့်နှံ့သွားလေသည်။
လူတိုင်းက စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ထိုအချိန်ကို စောင့်မျှော်နေကြသည်။အင်ပါရီယာ မြို့တော်အတွင်း၌ ဆိုင်ငယ်လေး၏ ဂုဏ်သတင်းက တရိပ်ရိပ်တိုးတက်လာသည် ဖြစ်လေရာ အသက်လေးနှစ်အရွယ်ကလေးမှစ၍ အသက်ရှစ်ဆယ်အရွယ်အဘိုးကြီးအထိ ထိုဆိုင်အကြောင်းကို သိရှိကြပေသည်။
ထိုကဲ့သို့သော ဆိုင်ရှင်က သူတို့အတွက် အစားအစာ ချက်ပြုတ်ပေးမည်ဟု ဆိုလေရာ မည်ကဲ့သို့ စိတ်လှုပ်ရှားမှု မရှိပဲ နေနိုင်ပါလိမ့်မည်နည်း။လူတစ်ချို့က စိတ်လှုပ်ရှားနေမှုကြောင့် အိပ်၍ပင် မပျော်တော့ပေ။
နောက်တစ်နေ့မနက်ခင်း၌ ပုဖန်က အိပ်ယာမှ နေ၍ စောစီးစွာ ထိလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။သူကတစ်နေ့တာအတွက် လေ့ကျင့်ချက်ပြုတ်ခြင်းများကို ပုံမှန်အတိုင်း ပြုလုပ်လိုက်သည်။ထို့နောက် တံခါးရှေ့တွင် အိပ်ပျော်နေသော ဘလက်ကီအတွက် နံရိုးချိုချဉ်ကြော် ကို ချက်ပြုတ်လိုက်၏။ဘလက်ကီကို ကျွေးမွေးပြီးနောက် သူဆိုင်တံခါး ဖွင့်လိုက်သည်။
ထိုအချိန်၌ ရှောင်ရှောင်လုံနှင့် ကွမ်ရှောက်ယီတို့ကလည်း ဆိုင်အပေါက်သို့ ရောက်ရှိလာလေသည်။ပုဖန်က ရှောင်ရှောင်လုံကို ဆိုင်ထဲ ထားခဲ့လိုက်ပြီး ကွမ်ရှောင်ယီကို ခေါ်ကာ အင်ပါရီယာ နန်းတော်ရှိရာဆီသို့ လျှောက်လှမ်းသွားလိုက်ကြသည်။သူက ဂျိချန်းရွဲ့၏ တောင်းဆိုမှုကို လက်ခံပြီးပြီဖြစ်လေရာ သူ့၏ကတိကို စောင့်ထိန်းရမည်နည်း။
ပုဖန်က သူလိုအပ်သည့် ပါဝင်ပစ္စည်းများအားလုံးကို မနေ့ထဲကပင် ဂျိချန်းရွဲ့ကို မှာထားခဲ့ပြီးပြီ ဖြစ်သည်။ဂျိချန်းရွဲ့က ပုဖန် မရောက်ခင်မှာပင် ထိုပစ္စည်းများကို ပြင်ဆင်ထားပြီးပြီဟု ပြောခဲ့သည်။ထို့ကြောင့်ပင် သူက ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန်အတွက် အဓိကခန်းမဆီသို့ သွားလိုက်သည်။
လေအလင်းအင်ပါရီယာ မြို့တော်၏ အင်ပါရီယာ နန်းတော် လျှို့ဝှက်ကောင်းကင်ဘုံ ရေပြင်ကျယ်....
ကျယ်ပြန့်လှသော လျှို့ဝှက်ကောင်းကင်ဘုံ ရေပြင်၌ မြောက်များလှစွာသော မြို့သူမြို့သားများနှင့် ပြည့်နှက်နေသည်။ထိုနေရာက စျေးအသေးလေးတစ်ခုကဲ့သို့ပင် ပြောင်းလဲသွားသည်ဟု ထင်ရသည်။
သူတို့၏ အိမ်များက လွန်ခဲ့သည့် တိုက်ပွဲကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။ထို့ကြောင့်သူတို့က ထိုရေပြင်ကျယ်၌ အတူတကွစုရုံး နေထိုင်နေကြသည်။လူတစ်ချို့က တဲအိမ်များကို ဆောက်လုပ်ထားပြီး တစ်ချို့က စျေးဆိုင်ငယ်များ ဆောက်လုပ်ထားကြသည်။စျေးဆိုင်ပိုင်ရှင်များကလည်း သူတို့၏ စီးပွားရေးကောင်းမွန်လာသောကြောင့် တော်တော်လေး စိတ်ကျေနပ်နေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ပုဖန်က အံ့သြမှင်သက်သွားမိသည်။ထိုနေရာက သူ့၏ အရင်ကမ္ဘာမှ ညစျေးတန်းတစ်ခုနှင့်ပင် တူညီသည်ဟု ခံစားမိလေသည်။ပုဖန်က ကွမ်ရှောင်ယီ ရှေ့မှဦးဆောင်၍ ထိုလျှို့ဝှက်ကောင်းကင်ရေပြင်ကျယ်ကို ဖြတ်ပြီး နန်းတော်ထဲသို့ ဝင်လာခဲ့သည်။
ဂျိချန်းရွဲ့က အဓိကခန်းမထဲ၌ ပုဖန်ကို စောင့်နေခဲ့သည်။ပုဖန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူကိုယ်တိုင်ပင် ဦးဆောင်၍ တော်ဝင်စားဖိုဆောင်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။တော်ဝင်စားဖိုဆောင်သည် အလွန်ပင် သပ်ရပ် သန့်ရှင်းလှသည်။
ပုဖန် စားဖိုဆောင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မြောက်များလှစွာသော စားဖိုမှူးများက သူ့ကို မျက်လုံးတောက်တောက်များဖြင့် လှမ်းကြည့်လိုက်ကြသည်။
ပုဖန်က လေအလင်းအင်ပါယာ၏ အင်ပါရီယာမြို့တော်မှာရှိသော စားဖိုးမှူးတိုင်းအတွက် စံပြပုဂ္ဂိုလ်ပင်ဖြစ်သည်။အခန်းတစ်ခန်းလုံးနီးပါးပြည့်နှက်နေသော ပါဝင်ပစ္စည်းများကိုကြည့်၍ ပုဖန် ခေါင်းအသာငြိမ့်လိုက်သည်။ထို့နောက်မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်ပြီး ပါဝင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာပင် စတင်ပြင်ဆင်လိုက်သည်။
ပုဖန် ဓားအသုံးပြုနေသည့်အရှိန်က အလွန်တရာ လျှင်မြန်လှသည်။သာမန်မျက်စိနှင့် ကြည့်လျှင် ပျံသန်းနေသည့် ဓားအရိပ်ခပ်ဝါးဝါးကိုသာ တွေ့ရပေလိမ့်မည်။ ဓားနှင့် စဉ်းနှီးတုန်း ထိတွေ့ရာမှလည်း စည်းချက်ညီလှသော အသံမျိုးထွက်ပေါ်နေသည်။
ပုဖန်၏ ဓားဆီမှ ထွက်ပေါ်လာသော အလင်းတန်းများကလည်း ကောင်းကင်ယံထက်မှ ကြယ်များ ကြွေလာသလိုပင် ထင်ရသည်။အားလုံးက ထိုအခြေအနေတွင် မှိန်းမောပျော်ဝင်နေကြသည်။အချိန်ခဏအတွင်းမှာပင် မြောက်များလှစွာသော ပါဝင်ပစ္စည်းများအားလုံး ပြင်ဆင်ပြီးသွားလေပြီ။
ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ပုဖန်က စတင်ချက်ပြုတ်လိုက်သည်။မြောက်များလှစွာသော လူများအတွက် အသင့်လျော်ဆုံး ဟင်းလျာမှာ သက်တန့်ရောင် လခြမ်းကွေး ဖတ်ထုပ်ပင်ဖြစ်ပေသည်။အရင်က မိသားတစ်ရာ ပွဲတော်၌လည်း သူ ထိုဟင်းပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ထိုဟင်းပွဲကို ချက်ပြုတ်ခြင်းက ပုဖန်၏ ဂုဏ်သိက္ခာက်ို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။
မြောက်များလှစွသော အဖြူရောင်ပန်းကန်လုံးများထဲ၌ အငွေ့တထောင်းထောင်းထနေသော ဖတ်ထုပ်လေးများ ထည့်၍ ပြင်ဆင်ပြီးသည့်အခါ၌ မြို့သူမြို့သားများရှိရာဆီသို့ သယ်ဆောင်သွားလိုက်သည်။အင်ပါရီယာ မြို့သားများက အချိန်ကြာမြင့်စွာ စောင်းစားနေခဲ့ရသောကြောင့် ဆူဆူညံညံဖြစ်လာကြသည်။
လူတိုင်းက သက်တန့်ရောင် လခြမ်းကွေး ဖတ်ထုပ်ဟင်းကို ရရှိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် မြည်းစမ်းကြည့်လိုက်သည်။ဖတ်ထုပ်အတွင်ူမှအသား၏ ချိုမြ မွှေးပျံ့လှသော ရနံ့က ဧရိယာ တစ်ခွင်လုံးကို ဖုံးအုပ်သွားလေ၏။
ထိုသက်တန့်ရောင်လခြမ်းကွေး ဖတ်ထုပ်ဆီမှ များပြားလှစွာသော မွှေးရနံ့များကို အဆက်မပြတ် ထုတ်လွှင့်နေသည်။ထိုဖတ်ထုပ်ဆီမှ လှပလှသော အလင်းရောင်များ ထွက်ပေါ်လာသည့်အခါ၌လည်း ကောင်းကင်ယံထက်ဆီ၌ အရောင်အသွေးစုံလင်လှသော တိမ်ပုံသဏ္ဍာန်များ ဖြစ်ပေါ်လာသည်။
သက်တန့်ရောင် လခြမ်းကွေးဖတ်ထုပ်ကို စားပြီးသည့် လူတိုင်း၏ မျက်နာပေါ်၌ စိတ်ကျေနပ်မှုက အထင်သားပေါ်လွင်နေသည်။ထိုဖတ်ထုပ် တစ်ပွဲက အိမ်ခြေရာခြေမဲ့ရသော သူတို့၏ စိတ်ပျက်အားငယ်မှုများကို ရှင်းလင်းပေးလိုက်သည်။သူတို့၏ စိတ်ထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နေသောသူတို့၏ အနာဂတ်ကိုသာ ခံစားမိနေသည်။
တောင်စဉ်တစ်ထောင်တောင်တန်းပေါ်ရြှိမင့်မားလှသော အဆောက်အဦး တစ်ခုအထဲ၌ ....
ခေါင်းဆောင်ဖန်က သူ့၏ တပည့်များနှင့်အတူ ခန်းမကြီးထဲမှ လျှောက်ထွက်လာပြီး ကွင်းပြင်ကျယ်ရှိရာဆီသို့ ခြေချလိုက်သည်။သူက ကွင်းပြင်ထဲ၌ ရှိနေကြသော သူများအားလုံးကို သိမ်းကျုံးဝေ့ဝဲ၍ ကြည့်လိုက်သည်။
သူ့၏ မျက်နာအမူအရာကလည်း အလွန်တရာ တည်ငြိအမလှပြီး အေးစက်နေပေသည်။သူတို့ကို ကြည့်သည့်အချိန်၌ သူ့မျက်နာပေါ်တွင် အပြုံးတစ်စက်မှပင် ရှာမတွေ့ပေ။
"ပုံမှန်တိုင်းဆိုရင်တော့ မင်းတို့အားလုံး လေ့ကျင့်ရေးကွင်းပြင်ထဲကို ဝင်ခွင့်မရသေးဘူး......ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ငါက မင်းတို့အားလုံးကို ဦးဆောင်ခေါ်သွားမယ်...အဲ့ဒီလေ့ကျင့်ရေးကွငိးပြင်ထဲမှာ အရင်ရောက်နှင့်သူတွေနဲ့ မင်းတို့ ရင်ဆိုင်ရနိုင်တယ်.....မင်းတို့ သေခြင်းရှင်ခြင်း တ်ိုက်ပွဲ အတွေ့အကြုံတွေကိုလည်း မြှင့်တင်ဖို့ လိုအပ်တယ်.....ဒါပေမယ့် အဲ့ဒီ အရင်ရောက်နှင့်နေသူတွေရဲ့ ကျင့်ကြံစဉ်က မမြင့်မားတဲ့အတွက် မင်းတို့ ယှဉ်ပြိုင်နိုင်လိမ့်မယ်......ဒါက မင်းတို့အတွက် စစ်ဆေးမှုလည်း ဖြစ်တယ်.....မင်းတို့အားလုံး ဂိုဏ်းရဲ့ မျှော်လင့်ချက်တွေကို မကျဆုံးစေပဲ ငါ့ကိုလည်း စိတ်ပျက်မှု မရှိစေဖို့ မျှော်လင့်တယ်......"
ခေါင်းဆောင်ဖန်က တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်သည်။စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့နောက်ဘက်ဆီ၌ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူနှစ်ယောက် ထွက်ပေါ်လာသည်။
ခေါင်းဆောင်ဖန်က ထိုလူနှစ်ယောက်ကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ဆီမှ အလွန်အားကောင်းပြင်းထန်လှသော အော်ရာများ ထွက်ပေါ်လာသည်။ထိုလူနှစ်ယောက်က ရှုပ်ထွေးလှသော လက်စည်းတံဆိပ်ပုံများကို ပြုလုပ်လိုက်လေရာ စွမ်းအင်အတက်အကျ လှိုင်းများက လူအားလုံးကို လွှမ်းခြုံသွားလေသည်။
တိုးဝင်လာသော အလင်းလှိုင်းများက တပည့်တစ်ယောက်ချင်းစီကို လေ့ကျင့်ရေးကွင်းပြင်ဆီသ်ို့ ပို့ဆောင်လိုက်လေသည်။သူတို့လုပ်ဆောင်ပြီးစီးသွားသည်နှင့် ခေါင်းဆောင်ဖန်က သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့၏ရှေ့၌ ကြီးမားလှသော စစ်သင်္ဘောတစ်စင်းပေါ်လာပြီး ကောင်းကင်ဘုံကိုပင် ဖုံးလွှမ်းမတက် တဖြေးဖြေးကြီးမားလာလေသည်။
လေထုထဲ၌ မျောလွင့်နေသော ခန်းညားထည်ဝါလှသည့် စစ်သင်္ဘောဆီမှ အဆုံးအစမဲ့သော အော်ရာများကို ထုတ်လွင့်နေသည်။သူ့၏ နောက်လိုက်တပည့်များက စစ်သင်္ဘောကိုကြည့်၍ အံ့သြတုန်လှုပ်သွားကြသည်။ထို့နောက် သူ့၏ နောက်လိုက်တပည့်များ သင်္ဘောပေါ်သို့ တက်သွားလိုက်ကြသည်။ခေါင်းဆောင်ဖန်က သူတို့နောက်မှနေ၍ လေထုထဲသို့ နင်းတက်လိုက်ပြီး သင်္ဘောရှိရာဆီသို့ လျှောက်သွားလိုက်သည်။
ထိုထဲ၌ အုံးမောင်းခေါက်သံကဲ့သို့သော တုန်ခါသံများ စတင်ထွက်ပေါ်လာသည်။ထိုစစ်သင်္ဘောက လေထုထဲ တဖြေးဖြေးချင်း မြင့်တက်သွားသည်။လုံလောက်သော အမြင့်သို့ ရောက်မှသာလျှင် စစ်သင်္ဘောက လေချွန်သံကဲ့သို့ ပင် လေအဟုန်ဖြင့် ဖြတ်သန်းသွားလေ၏။
ထိုသင်္ဘောက တောင်စဉ်တစ်ထောင်တောင်တန်းမှနေ၍ ပုံရိပ်ယောင်စိတ်ဝိညာဉ် နွံမြေရှိရာဆီသို့ အရှိန်ဖြင့် ပျံသန်းသွားနေသည်။
"ဒီတစ်ကြိမ်တော့ ငါတို့ ကျဆုံးသွားလို့မရဘူး...ဒီမိုင်းတွင်းက ငါတို့အပိုင်ပဲ ဖြစ်ရမယ်....အဲ့ဒီမိုင်းတွင်းကို မြွေလူသားမ်ျိုးနွယ်ကလူတွေ ထိန်းချုပ်နေတာပဲ ဖြစ်ရမယ် ငါတို့ရဲ့ လမ်းမှာ လာရပ်တဲ့သူအားလုံးကို သုတ်သင်ပစ်ရမယ်....."
ခေါင်းဆောင်ဖန်က လေပြင်းများတိုက်ခတ်နေသော စစ်သင်္ဘောဦး၌ ဝင့်ကြွားစွာဖြင့် မတ်မတ်ရပ်နေသည်။စစ်သင်္ဘောက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေရှိရာဆီသို့ အရှိန်အဟုန်ဖြင့် သွားနေလေရာ သူ့၏ အဝတ်အစများကလည်း လေအရှိန်ကြောင့် တဖြတ်ဖြတ် လွင့်ခါနေလေသည်။
စစ်သင်္ဘောက တောင်စဉ်တစ်ထောင်တောင်တန်းမှနေ၍ ပျံသန်းထွက်ခွာသွားလေပြီ။သူတို့ ကြည်လင်ကောင်းကင် ဘုရားကျောင်းကို ဖြတ်ကျော်သည့်အခါ၌လည်း ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များက စစ်သင်္ဘောအနားသို့ ကပ်ရဲခြင်းမရှိကြချေ။ထိုကျွမ်းကျင်ပညာရှင်များက ကြောက်ရွံ့ ထိတ်လန့်နေကြသည်။စစ်သင်္ဘော၏ ထိပ်၌ ရပ်နေသော ခေါင်းဆောင်ဖန်က ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ ပညာရှင်များကို အထင်မမြင် သေးသေးဖြင့် ကြည့်လိုက်သည်။
စစ်သင်္ဘောထွက်ခွာသွားပြီးသည့်နောက် စိတ်ပျက်ကြေကွဲနေသော ပေကုန်းမင်က လေအလင်း အင်ပါယာရှိရာဆီသို့ စတင်ထွက်ခွာလိုက်လေသည်။
သူ့၏ တာဝန်က လေအလင်းအင်ပါယာ အင်ပါရီယာမြို့တော်သို့ သွား၍ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မြိုချခဲ့သည့်လူကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ခေါင်းဆောင်ဖန် ပြန်လာပြီး ထိုကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လုယူမည့်အချိန်ကို စောင့်ရပေမည်။
ဝမ်းနည်းကြေကွဲနေသော ပေကုန်းမင်က သူ့က်ို ဒယ်အိုးဖြင့် သုံးကြိမ်တိုင်တိုင် ရိုက်နှက်ခဲ့ငည့် ကောင်စုတ်လေးကို တွေ့ရန် မျှော်လင့်နေမိသည်။
ခေါင်းဆောင်ဖန်က နတ်ဘုရားနယ်ပယ် မသေမျိုးခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ထိုသူအတွက် အဆင့် ၇ သူတော်စင်အဆင့်များနှင့် ယှဉ်ပြိုင်ရခြင်းက လွယ်ကူလွန်းလှသည်။
တန်ခိုးရှင်အဆင့်များကိုပင် တိုက်ခိုက်နိုင်ခဲ့သော ရုပ်သေးရုပ်ပင်လျှင် မသေမျိုးခန္ဓာကိုယ်အဆင့်ရှိသူ၏ ရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်ထက် မပိုပေ။
"ဒီတစ်ခါတော့ မင်းတို့ ဖိန့်ဖိန့်တုန်အောင် ပြန်ကြောက်ရမယ့်အလှည့်ပဲ....ဟမ်း မင်းကို ရိုက်နှက်ဖို့အတွက် ငါ ဒယ်အိုးနက်တစ်လုံး ပြင်ဆင်ထားပြီးသွားပြီ....."