အပိုင်း ၃၈၁
Viewers 53k

အခန်း ၃၈၁  

"ငါ့ရဲ့အစွမ်းကို မင်းဘယ်လိုသိနိုင်သလဲ"


" သိပ်မကြာခင်မှာ ယုဖန်က အချက်အပြုတ်တွေကို ခင်ဗျားဆီကနေ သင်ယူနိုင်မှာမဟုတ်တော့ဘူး....... "


အားနီက ပုဖန်ကို စိုးရိမ်တကြီး အသိပေးလိုက်သည်။သူက ပုဖန်ဒေါသထွက်သွားမှာကို စိုးရွံ့သလို ခွေးကြီးက ရန်မှုမှာကိုလည်း ကြောက်နေမိသည်။


သို့သော် ဘလီကီက နည်းနည်းမျှပင် ဂရုမစိုက်သောကြောင့် သူ၏စိုးရိမ်မှုသည် အချီးအနှီးသာ ဖြစ်သွားတော့သည်။


 ဒီကောင်လေးက ဘလက်ကီရဲ့တိုက်ခိုက်မှုနှင့်ပင် တန်ရဲ့လား...


အားနီ၏ စိုးရိမ်စကားကို ပုဖန်က မည်သို့မျှ မတုန့်ပြန်ချေ။သူက မျက်မှောင်ကြုံ့၍သာ စဉ်းစားခန်း၀င်နေသည်။


"မင်း ဘာကိုပြောချင်တာလဲ...... ယုဖူက ဘာဖြစ်လို့လဲ...... "


ပုဖန်က အခုမှပင်သတိပြုမိကာ ပြန်မေးသည်။


အားနီက အခုမှ စိတ်သက်သွားသော်လည်း ပုဖန်နှင့် မျက်နှာခြင်းဆိုင်ကာ မေးခွန်းကို မဖြေဝံ့သေးပေ။


"မျိုးနွယ်စုကလူတွေက သူမကို သတင်းပေးမယ်ဆိုရင် ပိုကောင်းမှာဘဲနော်လို့ ပြောတာပါ.... ငါသိပ်တုံးတာဘဲ ဒါလေးကိုတောင် ရှင်းအောင်မပြောနိုင်ဘူး...... "


သူက ပြောလိုက်သည်။


ပုဖန်က မည်သို့မျှ မှတ်ချက်မချဘဲ ခေါင်းသာ တွင်တွင်ငြိမ့်နေလေ၏။


အားနီက ပုဖန်ခေါင်းငြိမ့်သည်ကိုမြင်သောအခါမှ သူစိတ်အေးသွားတော့သည်။သူက ဘေးနားမှ ရံထားသော မြွေမျိုးနွယ်လူများကို ကြည့်လိုက်ရင်း..


"နောက်ဆုတ်ကြ....ဘေးနားမှာ လက်နက် တ၀င့်၀င့်နဲ့....ဒီလူက ငါတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ မိတ်ဆွေကွ...."


သူက မျက်နှာတည်လိုက်ရင်း ဆူပူလိုက်သည်။ထိုအချိန်တွင် သူသည် အမိန့်ညွှန်ကြားသူ တစ်ယောက်၏ခံစားချက်မျိုးကိုပင် ရလိုက်သေးသည်။


ပုဖန်က ထိုဖြစ်ရပ်ကို တစ်ခဏသာ ကြည့်လိုက်ပြီး အားနီကို သွားရမည့် လမ်းသာ ညွှန်ပြခိုင်းလေတော့သည်။


များပြားလှသော ‌မျိုးနွယ်သားများက ပုဖန်နှင့်အားနီကို ဝိုင်းကြည့်နေကြသည်။သွားရင်းပင် ပုဖန်အကြောင်းကို အော်ကြီးဟစ်ကျယ် မိတ်ဆက်နေသေးသည်။


ပုဖန်သည် စိတ်ရှုပ်ထွေးနေသည်။ဤကိုရောက်သည့် အချိန်တိုလေးအတွင်းမှာပင် လူမျိုးစုသည် အရင်ကနှင့်မတူဘဲ ကွဲထွက်နေသည်ကို သတိပြုမိလိုက်သည်။အရင်ကထက်စာလျှင် တိုးတက်ပြောင်းလဲလာ၏။


မြွေလူသားမျိုးနွယ်စုသည် မျိုးနွယ်စုငယ်သာဖြစ်ပါသော်လည်း သူတို့၏အသိုက်အ၀န်းသည် ကြီးမားတိုးတက်နေလေ၏။


သူတို့၏မျိူးနွယ်စုလူသားများကလည်း ပိုမိုသန်မာကာ စိတ်အင်အားလည်း တောင့်တင်းသန်မာလာ၏။


အားနီက ပုဖန်ကို သစ်သားအိမ်ငယ်လေးဆီသို့ ဦးဆောင်ခေါ်သားကာ အနားယူစေလိုက်သည်။

အားနီက သူ၏အမြှီးကိုလှုပ်ရမ်းလျက် မျိုးနွယ်စုခေါင်းဆောင်ကို ရှာဖွေရန်သွားလိုက်သည်။


ပုဖန်က သစ်သားအိမ်အတွင်း၌ ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် လက်နောက်ပစ်ကာ စောင့်ဆိုင်းနေသည်။


သူက ပုံရိပ်ယောင်စိတ်ဝိညာဉ်နွံမြေမှ သလင်းကျောက်တွင်းကို ရှာဖွေချင်နေသောကြောင့် မျိုးနွယ်စုခေါင်းဆောင်ကို ထိုအကြောင်း မေးမြန်းဦးမည်ဟု တေးမှတ်ထားလိုက်သည်။


သူသည် ပုံရိပ်ယောင်စိတ်ဝိညာဉ်နွံမြေဒေသကို ရင်းနှီးခြင်းမရှိပေ။ထို့ကြောင့် ‌မျိုးနွယ်စုခေါင်းဆောင်၏ အကြံညာဏ်ရယူခြင်းသည်သာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။


ခဏအကြာတွင် အားနီက အခြားသော မျိုးနွယ်သားများနှင့်အတူပြန်လာသည်။


သူတို့ထဲမှ တစ်ယောက်သည် ယုဖန်ဖြစ်ကာ စွမ်းအင်ပိုမိုထက်မြက်လာပုံရသည်။ယုဖန်သည် မျိုးနွယ်စု၏အင်အားအရှိဆုံးလူဖြစ်နေသောကြောင့် ယာယီခေါင်ဆောင်ဖြစ်နေလေသည်။


သူ၏နဘေးတွင် မျိုးနွယ်စုမှလူများက ခြံရံလျက်ရှိသည်။ယုဖူကမူ... မပါလာချ။


အထူးအဆန်းမြင်ကွင်းကြောင့် ပုဖန် မျက်လုံးပြူးသွားလေ၏။


"ဟားဟား....ပိုင်ရှင်ပုရေ.......ကျုပ်တို့မျိုးနွယ်စုကနေ ခင်ဗျားကို ကြိုဆိုပါတယ်......"


ပုဖန်ကို ကောင်းကောင်းမွန်မွန်ပင် နှတ်ဆက်လိုက်သည်။


သို့သော် ပုဖန်က သူ့လောက် ဟက်ဟက်ပက်ပက်ုပန်မနှုတ်ဆက်ဘဲ ခေါင်းငြိမ့်ကာသာ အသိအမှတ်ပြုလိုက်သည်။


ပုဖန်၏ ထိုသို့အပြုအမူက ယုဖန်ကို အနည်းငယ်အရှက်ရစေသွားသည်။သူ၏ နွေးထွေးစွာ ကြိုဆိုခြင်းကို ပျက်ရယ်ပြုခံလိုက်ရသည်။


"ငါဝေ့လည်ကြောင်ပတ်မလုပ်ချင်တော့ဘူး....ယုဖူ ငါ့ဆီက ဟင်းချက်တာကို ဆက်မသင်ချင်တော့ဘူးလို့ အားနီကပြောတယ်......"


ပုဖန်က သူသိလိုရာကိုသာ ယုဖန်အားတိုက်ရိုက်မေးလိုက်တော့သည်။


ပုဖန်၏အမေးစကားကြားရပြီးချိန်မှာတော့ ယုဖန်၏ မျက်နှာသည် ပြောင်းလဲသွားတော့သည်။


"အင်း....အားနီကတော့ စကားကိုအဆင်ပြေအောင် မပြောတတ်ဘူးဘဲ.......ယုဖူကဘယ်လိုလုပ် ပိုင်ရှင်ပုဆီကနေ ပညာဆက်မသင်ချင်ရတာလဲ....."


" သူက သူ့အလုပ်သင်အခြေအနေကို သိပ်မကြိုက်တာဘဲနေမယ်.....ဒီလိုဘဲ ကျွန်တော်ကတော့မြင်တယ်....."


မြွေလူသားမျိုးနွယ်စုလူသားများသည် ပုဖန်ကြောင့် မျက်နှာထားတင်းမာသွားသည်။ယုဖန်က သူတို့၏အကြီးအကဲဖြစ်သည်။သူတို့မျိုးနွယ်စု၏ ခေါင်းဆောင်လည်းဖြစ်သည်။ထို့ကြောင့် ယုဖန်အား တခြားတစ်ယောက်မှ မလေးမစား လုပ်သည်ကို သဘောမကျချေ။


"သင်စကားပြော ဆင်ခြင်ပါ......ဒါဟာ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တစ်ယောက်.. ဒါကြောင့် သူ့ကို လေးလေးစားစားဆက်ဆံပါ....အခုလို စော်ကားမော်ကားပြုလုပ်ဖို့ မသင့်တော်ဘူး......."


သူတို့ထဲမှ တစ်ယောက်က ပုဖန်ကို မကျေမချမ်းထပြောလိုက်သည်။


ပုဖန်က ထိုတစ်ယောက်ကို မျက်မှောင်ကြုံကာ စိုက်ကြည့်လိုက်၏။


ယုဖန်၏ ရင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။စကားကို အတတ်နိုင်ဆုံးလွှဲလိုက်ပြီး...


 "ပိုင်ရှင်ပုရေ ကျုပ်တို့က ယုဖူကို အရေးပေါ်ိကိစ္စရှိလို့ အိမ်ပြန်ခေါ်လိုက်တာပါ.....ပြီးတော့ ယုဖူကလည်း အရွယ်ရာက်လာပြီဆိုတော့ ကျုပ်တို့မဟာမြွေမျိုးနွယ်စုဂိုဏ်းရဲ့ ရေဖြန်းမင်္ဂလာကိုလည်း ခံရတော့မယ်........"


" ဒါကြောင့် ယုဖူကို ငါ့ဆီကနေ ဆက်မသင်ခိုင်းတော့တာပေါ့......."


ပုဖန်က ယုဖန်ကိုကြည့်ကာမေးလိုက်သည်။


ယုဖန်သည် မျက်နှာပျက်ယွင်းသွားပြီး ပြန်ပြောလိုက်သည်။


"နှစ်တိုင်း... မဟာမြွေလူသားမြို့တော်ကနေ အ‌ရည်အသွေးရှိတဲ့ လူတွေကို မျိုးနွယ်စုတိုင်းကနေရွေးချယ်လေ့ရှိတယ်.........အဲ့ဒီလူက မြိုတော်သားအဖြစ်အသိအမှတ်ပြုခံရတယ်.....သူဟာ ‌မြွေမျိုးနွယ်သားအဖြစ် ခံယူဖို့ အခွင့်အရေးလည်း ရတယ်........ယုဖူက အ‌ရည်အသွေးရှိတဲ့ ကလေးတစ်ယောက်ဖြစ်တာကြောင့် ဘုရင့်ရဲ့ အမှု့အထမ်းအဖြစ် အရွေးခံရလိမ့်မယ်....."


ပုဖန်က ဂရုတစိုက်စကားနားထောင်နေလေ၏။

တောင်စဉ်တစ်ထောင်တောင်းတန်းတွင် မြွေ အမျိုးသမီးတစ်ခိုးရှင်တစ်ယောက်ကိုလည်းတွေ့မိဖူးလေသည်။


သူမက အံ့ေဩာစရာ အလှတရားနှငိ့အတူတူ စွမ်းအင်အဆင့်ကိုလည်း ပိုင်ဆိုင်လေ၏။


သူမက တခြားသူသူများနှင့်ပင် အတူပေါင်းစည်းကာ ဝှီုက်တီကို တိုက်ခိုက်ခဲ့ကြသေးသည်။


ထိုအမျိုးသမီးက မြွေမျိုးနွယ်စု၏ခေါင်းဆောင်များလား...


ဒါသိပ်စိတ်၀င်စားဖို့ကောင်းသော ကိစ္စရပ်ဖြစ်သည်။သူမက မြွေမျိုးနွယ်စုခေါင်းဆောင်ဖြစ်ကာ ယုဖူ၏အစွမ်းအစကို သိသောကြောင့် ပုဖန်၏တပည့်အဖြစ်မှ ထုတ်နှုတ်ကာ သူ၏တပည့်အဖြစ် စေခိုင်းထားလိုက်သည်။


သူမက သိပ်ကို အနိုင်ကျင်လွန်းသည်။


ထို့ပြင် ယုဖန်၏စကားတစ်ခွန်းက ပုဖန်၏အတွေးကို မှန်ကန်ကြောင်းအတည်ပြုပေးလိုက်သည်။


"ယုဖူကို သူ့တပည့်အဖြစ် သတ်မှတ်ပြီးနောက် သူမ၏အ‌မွေအနှစ်ကို လက်ဆင့်ကမ်းပေးလိုက်တယ်....ဒါကြောင့် ယုဖူက မျိုးနွယ်စုခေါင်းဆောင်လောင်းတစ်ယောက်ဖြစ်သွားပြီ...ယုဖူဟာ မြင့်မြတ်သူတစ်ယောက်ဖြစ်သွားပြီး ဒီလောက်အစားအသောက်ချက်ဖို့ လေ့လာရန် မလိုအပ်တော့ဘူး..."


ယုဖန်က စကားကို အဆုံးသတ်လိုက်ရင်း ပုဖန်ကိုအကဲခတ်လိုက်သည်။


ပုဖန်ကတဖြည်းဖြည်း နားလည်လာတော့သည်။အဖြစ်အပျက်များ၏ နောက်ကွယ်မှ အကြောင်းအရာကို သိရှိလာတော့သည်။


ယုဖန်၏စွမ်းအင်အဆင့်သည် မြင့်တက်လာကာ နောက်တစ်ဆင့်ကို ရောက်ရှိတော့မည်ဖြစ်သည်။ယုဖူသည်လည်း မဟာမြွေမြို့တော်၏ အရိုက်အရာကို ဆက်ခံသူဖြစ်လာတော့မည်ဖြစ်သည်။


"ယုဖူက တစ်ကယ်ဘဲ ငါ့ဆီက ပညာဆက်မသင်ချင်တော့တာလား........"


ပုဖန်က ယုဖန်ကိုကြည့်ရင်းမေးလိုက်သည်။


ယုဖန်က ချက်ခြင်း အမူအရာပျက်ကာ ဘာပြောရမည်မှန်းမသိတော့ပေ။


ပုဖန်က သူတွေးသလိုမှန်ကန်သောကြောင့်ပြုံးလိုက်သည်။


ယုဖူ၏ ကျင့်ကြံဆင့် ပိုမို ကောင်းမွန်လာရခြင်းမှာ ုပုဖန်၏ဆိုင်၌ အစဉ်သဖြင့် လေ့ကျင့်နေသောကြောင့် သူမ၏ ကျင့်ကြံဆင့်များ ကောင်းမွန်လာခြင်းဖြစ်သည်။


ယုဖူ အခုလိုမျိုး ကျင့်ကြံခြင်းကို ရုတ်တရက်စွန့်လွှတ်ဖို့မဖြစ်နိုင်ပေ။


မြွေမျိုးနွယ် ခေါင်းဆောင်က အတင်းအကျပ်စေခိုင်းမှုကြောင့်သာဖြစ်ရမည်။


ပုဖန်က သူတို့၏အတင်းအကျပ်စေခိုင်းမှုကို ရအောင်မေးမြန်းတော့မည်ဖြစ်သည်။


ငွေကြေးဥစ္စာနှင့် ရာထူးအာဏာများက လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ချုယ်လှယ်လို့ ရမယ်တဲ့လား...


တွေးလေလေ ဒေါသထွက်လေလေဖြစ်လာသောကြောင့် ယုဖန်ကို စိုက်ကြည့်လိုက်သည်။


"ပြောစမ်း...ဘာလို့ပါးစပ်ပိတ်နေတာလဲ...ယုဖူရဲ့သဘောထားကကော ဘာလဲ..."


ပုဖန်၏အမေးစကားများသည် ပြင်းထန်လွန်းသောကြောင့် ယုဖန်က ပြန်မဖြေနိုင်ဘဲ ရှိနေလေ၏။သူ၏စကားများကို ရှက်လွန်းသဖြင့် သေချင်စိတ်ပင်ပေါက်လာတော့သည်။


ဘာကြောင့်များ သူမက ဒီအခွင့်အရေးကို အဆုံးရှုံးခံတာလဲ။သူမက အကောင်းဆုံးသောဟင်းချက် ပညာရှင်တစ်ယောက်ဖြစ်ချင်တာမဟုတ်ဘူးလား...


သို့သော် မျိုးနွယ်စုခေါင်းဆောင်ဆိုသော ဂုဏ်သတင်းနှင့် ယှဉ်လျှင် မြင့်မိုရ်တောင်နှင့်ဆီးစေ့ကဲ့သို့ကွာခြားသွားလေသည်။


ယုဖန်က ယုဖူကို မြွေမျိုးနွယ်စုတို့၏ ခေါင်းဆောင်သာ ဖြစ်စေချင်သည် ထို့မှသာ သူတို့မျိုးနွယ်ဂုဏ်သတင်း‌ ကျော်ဇော်မည်ဖြစ်သည်။


"ပိုင်ရှင်ပု မြွေမျိုးနွယ်ခေါင်းဆောင်တစ်ယောက်ရဲ့ တပည့်ဟာ ဘယ်လောက်ခမ်းနာကြောင်း သိပါလိမ့်မယ်...သူက တန်ခိုးရှင်တစ်‌ယောက်လည်းဖြစ်တယ်..."


ယုဖန်က ပုဖန်ကို ကြိုးစားရှင်းပြလေသည်။


သို့သော် ပုဖန်က ဆက်လက်နားမထောင်လိုသောကြောင့် လက်ဖြင့်တားလိုက်တော့သည်။


"အဲ့တော့ ပြောချင်တာက မြွေမျိုးနွယ်ခေါင်းဆောင်တစ်ယောက်ရဲ့ တပည့်ဖြစ်ရတာ ဂုဏ်ရှိပြီး ငါ့တပည့်ဖြစ်ရတာကျတော့ နိမ့်ကျတယ်ပေါ့...ဟုတ်လား....မင်းက အဲ့လိုပြောချင်တာလား..."


ပုဖန်၏စကားကိုကြားရပြီးနောက် ယုဖန်နှုတ်ဆိတ် သွားသည်။ယုဖန်၏အနောက်မှ မြွေမျိုးနွယ်အကြီးအကဲတစ်ယောက်က ပုဖန်၏ပြောစကားများကို ဆက်လက် နားထောင်လိုစိတ်မရှိတော့ချေ။


ပုဖန်နှင့် ယုဖန်တို့၏ ဆွေးနွေးပွဲသည် အပြစ်တင်ဝေဖန်သည့်ပွဲလိုဖြစ်နေသည်။


"မြွေ‌မျိုးနွယ်ခေါင်းဆောင်ရဲ့ တပည့်တစ်ယောက်ရဲ့ ဂုဏ်ကျက်သရေကို မင်းနားလည်မှာမဟုတ်ဘူး...ယုဖူက မင်းဆီကနေ ပညာသင်ကြားခဲ့သေးတယ် ဟုတ်လား....သူမက အစကတည်းက မဟာမြွေမြို့တော်ရဲ့ အကြီးအကဲတစ်ယောက် စွမ်းရည်ရှိပြီးသားလေ....မင်းကိုယ်မင်း ဘာထင်နေလို့လဲ...."


ချက်ခြင်းပင် ယုဖန်နှင့် အားနီတို့၏ မျက်နှာပြောင်းလဲသွားသည်။


အားနီက အကြီးအကဲကိုကြည့်လိုက်ပြီး အကြီးအကဲပြောသမျှကိုနားထောင်နေသည်။


တစ်ကယ်တော့ ယုဖန်ကိုယ်တိုင်လည်းမြွေမျိူနွယ်ခေါင်းဆောင်၏ တပည့်က ပုဖန်၏တပည့်ထက် ပို၍ဂုဏ်ရှိကြောင်းကိုသိလေသည်။


"တိတ်စမ်း....." 


ပုဖန်၏ မျက်နှာ ချက်ခြင်းပြောင်းလဲသွားသည်။


သူ၏လက်ကိုလှုပ်ရမ်းလိုက်ရာ အစိမ်းရောင်အငွေ့အတန်းများပေါ်ထွက်လာပြီး အရိပ်မည်းကြီးထွက်ပေါ်လာသည်။


သိပ်မကြာခင်အရိပ်မည်းကြီးသည် မြွေလူသားအကြီးအကဲဆီသို့ ဦးတည်ထွက်သွားသည်။


သို့သော် မြွေလူသားအကြီးအကဲသည်အဆင့်ခုနှစ် သူတော်စင်အဆင့် ဖြစ်သောကြောင့် ပုဖန်ကို မကြောက်ပေ။


နောက်ဆုံးရွေးချယ်စရာများပေါ်ထွက်လာသည် တန်ခိုးရှင်တစ်ယောက်၏ တပည့်အဖြစ်နေမလား သူတော်စင်အဆင့်တစ်ယောက်၏ အလုပ်သင်ဘဲလုပ်မလား...


ဤရွေးချယ်မှုကို အရူးတစ်ယောက်ကပင် မှန်ကန်အောင်ရွေးချယ်နိုင်လေသည်။


"ဟမ့် မင်းကိုယ်မင်း သိပ်အထင်ကြီးနေတယ်ပေါ့လေ....."


ထို့နောက် အကြီးအကဲ၏ အစစ်အမှန်စွမ်းအင်သည် စိမ့်ထွက်လာကာ ပုဖန်၏ အရိပ်မည်းကြီးကို ရှောင်လိုက်တော့သည်။


သို့သော် အရိပ်မည်းကြီးနှင့်ထိမိသောအခါ သူသည် ‌မျက်နှာရှုံမဲ့သွားလေသည်။


တစ်ကယ်တမ်းတွင် ထို အရိပ်မည်းကြီးက ဒယ်အိုးတစ်လုံးဖြစ်နေလေသည်။


နည်းနည်းလေးမျှပင် မရုန်းနိုင်ဘဲ ဒယ်အိုး၏ရိုက်ချက်ကို ခံရလေသည်။ထိုဒယ်အိုးကြီးဖြင့် ရိုက်မိကာ သူလွင့်သွားတော့သည်။


ဒယ်အိုးသည် ရိုက်ချက်ကြောင့် အသံအကျယ်ကြီးထွက်လာပြီး လက်မောင်းတစ်ဖက်မှ သွေးများထွက်လာကာ ဘေးသို့ပင် စင်သွားလေ၏။


ချက်ခြင်းပင် အကြီးအကဲ ၏ အော်သံကြီးထွက်ပေါ်လာသည်။သူထံသို့နောက်တစ်ကြိမ်ပျံလာသော ဒယ်အိုးကို ကြောက်လန့်တကြီး စိုက်ကြည့်နေလေတော့သည်။


ယုဖန်က ပုဖန်၏ဒယ်အိုးဖြင့် သေရတော့မည့် အကြီးအကဲကို ဘာမှ မကူညီနိုင်ဘဲ ကြည့်သာနေလေတော့သည်။


ပုဖန်က လက်ဝှေ့ရမ်းလိုက်မှသာ ဒယ်အိုးက ရပ်သွားပြီး သူ့ထံသို့ပြန်လာလေတော့သည်။


"မင်းက... မြွေမျိုးနွယ်ခေါင်းဆောင်က တန်ခိုးရှင်တစ်ယောက်ဆိုတာဘဲ သိတယ် ငါဘယ်လောက်အစွမ်းထက်တယ်ဆိုတာတော့မသိပါလား..."


ပုဖန်ကအေးဆေးစွာ မေးလိုက်သည်။


သူက ဒယ်အိုးကိုနောက်တကြိမ် ပြန်မြောက်လိုက်လေသည်။