အပိုင်း ၃၈၂
Viewers 53k

အခန်း ၃၈၂

အခြားသူများကို ဗိုလ်ကျသတ်ဖြတ်နေသော ပိုင်ရှင်ပု...


ဒယ်အိုးက မြွေမျိုးနွယ် အကြီးအကဲကို နောက်တစ်ကြိမ် ရိုက်နှက်လိုက်သည်။ပုဖန်၏ အော်ရာအရှိန်အဝါက သူက ပြစ်ဒဏ်စီရင်နေသည်ဟုပင် တွေးတောနိုင်လေသည်။ပုဖန်က လက်ကိုမြှောက်လိုက်ရာ ဒယ်အိုးက သူ့၏ ခေါင်းအထက်တွင် ရစ်ဝဲနေသည်။သူက အကြီးအကဲကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။


"ပုဖန်က အကြီးအကဲကို ဒီလိုမျိုး နှိပ်ကွပ်လိုက်မယ်လို့ မထင်ထားဘူး.....သူ့ရဲ့ ပုံစံက ခွေးဘုရင်နဲ့တောင် ဆင်တူလာပြီ....."


ယုဖန်၏ အမူအရာက လုံးဝ ပျက်ယွင်းနေပေပြီ။သူ့၏နောက်တွင် ရှိနေကြသော မြွေမျိုးနွယ် အကြီးအကဲများကလည်း ဒေါသတကြီးဖြင့် ပုဖန်ကို စိုက်ကြည့်နေကြသည်။


ပုဖန်က သူတို့ရှေ့မှောက်မှာပင် မြွေမျိုးနွယ်စုဝင်တစ်ယောက်ကို လက်လွတ်စပယ် သတ်ဖြတ်ရဲလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ထို့အပြင်သူက အဆင့် ၇ သူတော်စင်အဆင့်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ထိုအချက်က သူတို့ ၏ မျိုးနွယ်စုကို အထင်သေးကြောင်းပြသနေပေသည်။


ယုဖန်၏ အမူအရာက အလွန်တရာ ဆိုးရွားနေပေပြီ သူက ဒီကိစ္စရပ်ကို ဆုံးဖြတ်ရန်အတွက် ခွန်အားမရှိပေ။သူက မြွေမျိုးနွယ်အာဏာပိုင်မဟုတ်သလို တန်ခိုးရှင်အဆင့်လည်း မဟုတ်ပေ။


သူပုဖန်ကို ကြည့်လိုက်သည့်အချိန်တွင် သူ့၏ ဘေးနား၌ ပျင်းရိနေသော ခွေးငပြင်းကို တွေ့လိုက်ရသောကြောင့် အံတင်းတင်းကြိတ်ထားရုံသာ တက်နိုင်မိလေသည်။


ပုဖန်၏ ဒယ်အိုးဖြင့် ရိုက်နှက်မှုကြောင့် မြွေမျိုးနွယ် အကြီးအကဲ သေဆုံးသွားသည်ကို အားနီ မြင်လိုက်ရသောအခါ သူမထိန်းချုပ်နိုင်တော့ပဲ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့တက်သွားလေသည်။သူ့၏ စံပြပုဂ္ဂိုလ်ဖြစ်သော ပုဖန်ကို အကြီးအကဲများက အရိုအသေမဲ့ ဆက်ဆံခဲ့လေရာ ထိုအပြစ်မျိုး ခံရသင့်ပေသည်။


"မျိုးနွယ်စုခေါင်းဆောင် ဒီ မောက်မာထောင်လွှားတဲ့ ကောင်စုတ်လေးက ငါတို့ မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်တာတောင်မှ မင်းကစကားတစ်ခွန်းမဆိုပဲ လွှတ်ပေးတော့မလို့လား ...."


မြွေမျိုးနွယ် အကြီးအကဲများက စိတ်ဆိုးဒေါသထွက်စွာဖြင့် ယုဖန်ကို တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။ယုဖန်တွင် သူတို့ကို မပြောပြနိုင်သည့် အကြောင်းပြချက်ရှိနေပေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်၏ လက်ဖဝါးပေါ်၌ ဝဲလှည့်နေဆဲဖြစ်သလို ပုဖန်ကလည်း အကြီးအကဲများကို အေးစက်စွာ စိုက်ကြည့်နေဆဲဖြစ်သည်။မြွေမျိုးနွယ်အကြီးအကဲများ၏ စေဒကတက်သံကို ပုဖန်ကြားလိုက်ရသောအခါ သူက မဲ့ပြုံးပြုံးလိုက်သည်။


"ယုဖူက ငါ့ရဲ့ အလုပ်သင်တပည့် တစ်ယောက်ဖြစ်သလို သူကိုယ်တိုင်ကလည်း ချက်ပြုတ်ခြင်းအတက်ပညာကို အရမ်းချစ်မြတ်နိုးတယ်......သူ စားဖိုမှူးတစ်ယောက်ဖြစ်လာမယ့် အခွင့်အရေးကို ဘယ်သူမှ တားဆီးပိတ်ပင်လို့မရဘူး.....မင်းတို့မပြောနဲ့ မြွေမျိုးနွယ်အာဏာပိုင်ဆိုရင်တောင် မရစေရဘူး...."


မြွေမျိုးနွယ်အကြီးအကဲများက အလွန်အမင်းဒေါသထွက်နေကြသောကြောင့် သူတို့၏ ရင်ဘတ်ပင် အပြင်းအထန် လှုပ်ရှားနေကြသည် ။


"ဒီနေရာက မင်းသမီးယုဖူရဲ့ မျိုးနွယ်ပဲ....မင်းလို လူသားတစ်ယောက်က ကြိုက်သလို လာဆုံးဖြတ်လို့ရတဲ့ နေရာမဟုတ်ဘူး......."


မြွေအမျိုးသမီးကြီးတစ်ယောက်က ဒေါသတကြီး ကျုံးဝါး ပြောဆိုလိုက်သည်။သူမ၏ မျက်ဝန်းထဲ၌လည်း သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ လင်းလက်နေသည်။


ပုဖန်က ထိုအမျိုးသမီးကြီးကို အေးစက်စွာ ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။မဟူရာ လိပ်ခုံးဒယ်အိုးက သူမဆီသို့ ချက်ချင်းပင် ပျံသန်းသွားလေ၏။ထိုမြွေအမျိုးသမီးကြီးက ထိတ်လန့်တုန်လှုပ်သွားပြီး ဒယ်အိုးကို ရှောင်ရန် ကြိုးစားလိုက်သည်။သူမက ထိုအရာနှင့် ရင်ဆိုင်နိုင်ခြင်းမရှိပေ။


အကြီးအကဲတစ်ယောက်က ဒယ်အိုးဖြင့်ရိုက်ခံရပြီး သေသွားသည့် မြင်ကွင်းကို သူမ ကွက်ကွက်ကွင်းကွင်းမှတ်မိနေတုန်းပင် ဖြစ်သည်။သူမရူးနေမှသာလျှင် ထိုဒယ်အိုးဖြင့် ထိပ်တိုက် ရင်ဆိုင်ရဲပေလိမ့်မည်။


"ပိုင်ရှင်ပု မင်းငါ့ကို မျက်နာသာ နည်းနည်းလောက်ပေးလို့ရမလား......ငါ့ မျိုးနွယ်စုထဲမှာ ပြဿနာရှာနေတာရပ်ပါတော့ .....ဒီလူတွေအားလုံးက မဟာ မြွေလူသားမျိုးနွယ်က အရေးကြီးတဲ့ သူတွေကြီးပဲ.....မင်း သူတို့ကို စိတ်ဆိုးအောင် လုပ်နေမယ်ဆိုရင် ငါကြောက်တာက မင်း......"


ယုဖန်က ပုဖန်ကို အနည်းငယ်ခြိမ်းခြောက်သလို ပြောဆိုလိုက်သည်။


"ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်ပြီးတော့ မျက်နာသာပေးဖို့ တောင်းဆိုနေတာလား....ခင်ဗျားက တော်တော်လေး ရဲတင်းလာတာပဲ....."


ပုဖန်က အေးစက်စွာဖြင့် ခပ်မဲ့မဲ့ပြုံးရင်း ပြောလိုက်သည်။


"သူက တကယ်ပဲ မဟာ မြွေလူသားမျိုးနွယ်က ကျွမ်းကျင်ပညာတွေကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်ချင်နေတာလား.....ဒါမှမဟုတ် သူက ဒီကျွမ်းကျင်ပညာရှင်တွေရဲ့ရှေ့မှာ သူဘယ်လောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်း ပြချင်တာလား.....ဒါမှမဟုတ် သူက အဆင့်မြင့် ပုဂ္ဂိုလ်တွေကြားထဲမှာ သန်မာကြောင်း ပြချင်တာလား....."


"မဟုတ်ပါဘူး ငါက မင်းကို မခြိမ်းခြောက်ရဲပါဘူး ပိုင်ရှင်ပု .....ငါက ဒီမျိုးနွယ်စုရဲ့ ခေါင်းဆောင်လေ ဘယ်လိုပဲဖြစ်ဖြစ် မင်းငါတို့ကို သက်ညှာပေးဖို့ တောင်းဆိုတာပါ ....."


ယုဖန်က သူ့၏ နောက်၌ မဟာမြွေလူသားမျိုးနွယ်ရှိနေသောကြောင့် ယုံကြည်ချက်အပြည့်ရှိနေသော်လည်း သူက ပုဖန်၏ ကြောက်စရာကောင်းမှုကို အမှတ်ရနေဆဲပင် ဖြစ်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ပုဖန်က ယုဖန်ကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ဖြစ်ပါတယ် ....ခင်ဗျားသာ ယုဖူကို ကျုပ်နဲ့ ပြန်ထည့်လိုက်မယ်ဆိုရင်ပေါ့.....ငါတို့အဲ့ဒီအတွက် ဆွေးနွေးဖို့ လိုတယ်....."


"ဒါက...."


 ယုဖန်က ဘေးကျပ်နံကျပ် ဖြစ်သွားလေသည်။


"ကောင်လေး ဘယ်ဟာက မင်းအတွက်ပိုကောင်းတယ်ဆိုတာကို တကယ် မသိဘူးပဲ....မင်းက ငါတို့ မျိုးနွယ်စုကို မင်းကြိုက်သလိုမျိုး အနိုင်ကျင့်လို့ရတယ်လို့ တကယ်ပဲထင်နေတာလား....မင်းသမီးယုဖူက နောက်လာမယ့် မြွေမျိုးနွယ် အာဏာပိုင်တစ်ယောက်ပဲ သူမက မင်းလိုမျိုး နိမ့်ကျတဲ့ လူသားနောက်ကို လိုက်ရမှာလား......"


မြွေလူသား အကြီးအကဲများက ပုဖန်ကို တစ်ယောက်တစ်ပေါက်ဖြင့် အဆက်မပြတ် အော်ဟစ်ပြောဆိုနေကြသည်။ယုဖူက သူတို့မျိုးနွယ် မြင့်တက်လာမည့် အခွင့်အရေးဖြစ်လေရာ မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။


အနာဂတ်တွင် မြေမျိုးနွယ် အာဏာပိုင် ဖြစ်လာမည့် သူတစ်ယောက်က ထိုလူသားကောင်လေးနှင့် လိုက်သွား၍ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။


သူတို့က အရူးများ မဟုတ်ကြလေရာ ထိုကဲ့သို့ ကိစ္စမျိုးဖြစ်လာရန် ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ပေ။ဒေါသထွက်နေကြသောဟမြွေလူသားအကြီးအကဲများက ပုဖန်ကို အတူတကွ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။တစ်ဖက်၏ ပြောစကားကို သူတို့လက်မခံနိုင်လေရာ တိုက်ခိုက်ရုံသာ ရှိတော့လေသည်။


"အကြီးအကဲတို့ ရပ်ကြ...."


မျက်စိရှေ့မှ မြင်ကွင်းကြောင့် အားနီ၏ အမူအရာက ပြောင်းလဲသွားသည်။သူက ပုဖန်ကို ရိုသေလေးစားသူဖြစ်လေရာ အကြီးအကဲများ ဝ်ိုင်းတိုက်ခိုက်ကြသည်ကို မမြင်ချင်ပေ။ထို့ကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ပုဖန်၏ ရှေ့မှနေ၍ အကြီးအကဲများ၏ တိုက်ခိုက်မှုကို ကာဆီးထားလိုက်သည်။


တိုက်ခိုက်မှု တစ်ခု အပြီး၌ အားနီ၏ အမူအရာက ဖြူဖျော့သွားသည်။သူက မကြာသေးခင်ကမှပင် သူတော်စင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေရာ အကြီးအကဲများ၏ စုပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိပေ။


ပုဖန်က အားနီ၏ ပုခုံးကို ဆုပ်ကိုင်၍ သူ့၏နောက်သို့ ဆွဲယူလိုက်သည်။ထ်ို့နောက် သူ လက်ကို ဝှေ့ယမ်းလိုက်ရာ မဟူရာလိပ်ခုံးဒယ်အိုးက အရှေ့သို့ ပျံသန်းသွားပြီး အကြီးအကဲများ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ကာကွယ်လိုက်သည်။အကြီးအကဲများအားလုံးက အံ့အားသင့်သွားကြသည်။


"မင်းက မျိုးနွယ်စုကို သစ္စာဖောက်ဖို့ ကြံရွယ်နေတာလား....."


မြွေအမျိုးသမီးကြီးက ဖြူဖျော့နေသော အားနီကို စူးစိုက်ကြည့်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။အားနီ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည် သူ ရှင်းပြပြောဆိုရန်ကြိုးစားလိုက်သော်လည်း ပုဖန်က ကြားဖြတ်ပြောဆိုလိုက်သည်။


"ခင်ဗျားရဲ့ မျိုးနွယ်စုဝင်တွေကို အတင်းအကျပ်စေခိုင်းဖို့အတွက်နဲ့ မျိုးနွယ်စု နာမည်ကို အသုံးမပြုနဲ့ ....ခင်ဗျားရဲ့ ကိုယ်ကျိုး စီးပွားအတွက် ယုဖူကို ဖိအားပေးပြီး မြွေမျိုးနွယ်အာဏာပိုင်ရဲ့ တပည့် ဖြစ်လာစေခဲ့တယ်.....သူကဘာကို လုပ်ချင်တယ်ဆိုတာမျိုး ခင်ဗျားမေးခဲ့ဖူးလား......"


ပုဖန်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ မဟူရာလိပ်ခုံး ဒယ်အိုးက ပန်းကန်ပြား အရွယ်အစားထိ ပြန်လည် သေးကျုံ့သွားသည်။


"ဟမ်း.....မြွေမျိုးနွယ်အာဏာပိုင်ရဲ့ ဂုဏ်သိက္ခာဆိုတာက မင်းလို လူသားတစ်ယောက် နားလည်နိုင်တဲ့ အရာမဟုတ်ဘူး......"


မြွေအမျိုးသမီးကြီးက အေးစက်စွာဖြင့် နှာခေါင်းရှုပ်၍ ပြောဆိုလိုက်သည်။


"ခင်ဗျားက တအားကို စကားများတာပဲ....."


ပုဖန်က ထိုအမျိုးသမီးကြီးကို အေးစက်စွာ တစ်ချက်ကြည့်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။လေတိုးသံတစ်ချက်နှင့်အတူ ပန်းကန်ပြားအရွယ် မဟူရာလိပ်ခုံးဒယ်အိုးက ထိုမြွေအမျိုးသမီးဆီသို့ ပျံသန်းသွားလေသည်။


မြွေအမျိုးသမီးကြီး၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။သူမက အမြီးကို ယမ်းခါလိုက်ပြီး ပုဖန်၏ တိုက်ခိုက်မှုကို တိန်းရှောင်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း မဟူရာလိပ်ခုံးဒယ်အိုး၏ အရှိန်က အလွန်ပင် လျှင်မြန်လွန်းလှသည်။


မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကျယ်နှင့်အတူ ဒယ်အိုးက မြွေအမျိုးသမီးရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာလေသည်။မြွေအမျိုးသမီးကြီးက အော်ဟစ်မာန်သွင်းလိုက်ပြီး သူမ၏ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ကာ ထိုမဟူရာလိပ်ခုံးဒယ်အိုးကို အဝေးသို့ တွန်းလွှတ်နိုင်ရန် ကြိုးစားလိုက်သည်။


သို့သော်လည်း မဟူရာလိပ်ခုံးဒယ်အိုး၏ အလေးချိန်က သူတော်စင်အဆင့်တစ်ယောက်၏ ခွန်အားဖြင့် အဝေးသို့ တွန်းထုတ်ရန် မဖြစ်နိုင်ပေ။


ခဏချင်းမှာပင် မဟူရာလိပ်ခုံးဒယ်အိုးနှင့် မြွေအမျိုးသမီး၏ လက်တို့ ထိပ်တိုက် တွေ့ဆုံသွားကြပြီးနောက် ထိုမြွေအမျိုးသမီးကြီးက လေထဲ လွင့်ပျံ ထွက်သွားလေသည်။


"မဟာမြွေလူသားမြို့တော်မှ ရိုသေလေးစားရတဲ့ ဆရာသခင်များ ဒီကို အမြန်ရောက်လာကြပါ.......ဒီမောက်မာတဲ့ လူသားက မြွေမင်းသမီး ယုဖူကို အဝေးက်ို ခေါ်ဆောင်သွားဖို့ ကြိုးစားနေတယ်....."


ထိုမြွေအမျိုးသမီးကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဆံပင်များကလည်း ဖရိုဖရဲ ပြန့်ကျဲသွားလေသည်။သူမ၏ မျက်ဝန်းထဲ၌ မုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီး သူက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုကိသည်။


ထိုအမျိုးသမီးကြီး၏ စူးစူးဝါးဝါးအော်ဟစ်သံကြောင့် ယုဖန်၏ အမူအရာက ပြောင်းလဲသွားသည်။သူက ထိုအမျိုးသမီးကို တားဆီးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။


"ပိုင်ရှင်ပု မင်းအမြန် ထွက်သွားသင့်တယ်...."


ယုဖန်က သက်ပြင်းတစ်ချက်ချ၍ အဓိပ္ပာယ်ဖော်ရန် ခက်ခဲလှသော အမူအရာမျိုးဖြင့် ပြောဆိုလိုက်သည်။


မဟာမြွေလူသား မြို့တော်မှ အလေးအမြတ် ထားရသော ဆရာသခင်များထဲမှ တစ်ဦးက တန်ခိုးရှင်အဆင့် ကျွမ်းကျင် ပညာရှင်ပင် ဖြစ်သည်။ခွေးဝတုတ်က တန်ခိုးရှင်အဆင့် ပညာရှင်နှင့် ရင်ဆိုင်နိုင်သည်ဆိုသော်လည်း ပိုင်ရှင်ပုက တစ်ခြား စစ်နတ်ဘုရားအဆင့်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။


ပုဖန်က တုံ့ပြန်မှုမရှိပဲ မျက်နာသေဖြင့်ပင် ယုဖန်ကို စိုက်ကြည့်နေလိုကိသည်။


ဝေရာ.....


အဝေးတစ်နေရာမှနေ၍ ပြင်ူထန်လှသော စွမ်းအင်လှ်ိုင်းတစ်ခုက ကောင်းကင်ယံထက်ဆီ ထိုးဖောက်ဝင်ရောက်လာသည်။


အားကောင်းပြင်းထန်လှသော အော်ရာအရှ်ိန်အဝါများကြောင့် မြောက်များ လှစွာသော မြွေလူသားများက ထိုနေရာမှ အလျှင်စလို ထွက်ပြေးသွားကြသည်။မြွေအမျိုးသမီးကြီးက ထိုအချင်းအရာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နာပေါ်တွင် စိတ်အားထက်သန်သည့် အရိပ်အယောင်များ ပေါ်လာသည်။


"ဆရာသခင် ဒီမောက်မာ ထောင်လွှားတဲ့ လူသားက မြွေမင်းသမီး ယုဖူကို ခေါ်ဆောင်သွားဖို့ ကြိုးစားနေပါတယ်....."


"ငါ ဒီမှာရှိနေတယ်....ဘယ်သူက မဟာမြွေလူသားမြို့တော်ရဲ့ ဆက်ခံသူကို ခေါ်ဆောင်သွားရဲတာလဲ.....မင်းက မြွေလူသားမြို့တော်နဲ့ စစ်ပွဲစချင်နေတာလား...."


နားကွဲမတက် ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ကောင်းကင်ထက်ဆီမှနေ၍ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။


ကောင်းကင်ယံထက်ဆီ၌ တောက်ပလှသော သွေးနီရောင် အကြေးခွံများရှိပြီး ရှည်လျားလှသည့် ဆံနွယ်ဖြူများရှိသော မြွေလူသားတစ်ဦး ရပ်တည်နေသည်။သူ့၏ ခန္ဓာကိုယ်မှလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ ထုတ်လွင့်လျက်ရှိသည်။


ထိုသူက တန်ခိုးရှင်အဆင့်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ပုဖန်က ထိုတန်ခိုးရှင်အဆင့် အော်ရာများနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်မှုရှိသည်။သူ့၏ ရှေ့၌ရှိနေသော တန်ခိုးရှင်၏ အော်ရာများက သူ တွေ့ကြုံခဲ့ဖူးသော သူများထက် အားနည်းနေသော်လည်း ထိုမြွေလူသားကလည်း တန်ခိုးရှင်အဆင့်တစ်ယောက်သာ ဖြစ်သည်။


သူ၏ သွေးနီရောင် မျက်ဝန်းတစ်စုံမှာ သွေးနီရောင်အလင်းတန်းများ ထုတ်လွင်နေသကဲ့သို့ပင် ပုဖန်ကို မလွှဲတမ်းစိုက်ကြည့်နေသည်။ထိုနေရာ၌ လူသားဆို၍ ပုဖန် တစ်ယောက်တည်းသာ ရှိလေရာ သူ့၏ အကြည့်များ ပုဖန်ပပေါ်သို့ မလွဲမသွေ ကျရောက်လာခြင်းက အံ့သြစရာပင် မဟုတ်ပေ။


"မောက်မာ ထောင်လွှားတဲ့ ကောင်စုတ်လေး....နင်အခုတော့ သေပြီပဲ....."


ဒယ်အိုးနှင့် တိုက်မိသွားသော မြွေအမျိုးသမီးကြီးက စူးစူးဝါးဝါးအော်ဟစ်ပစ်လိုက်ပြန်သည်။သူ့၏ မျက်ဝန်းများကလည်း မုန်းတီးမှုများဖြင့် တောက်ပြောင်နေသည်။


စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသော အားနီက ပုဖန်၏ အင်္ကျီလက်စကို အကြိမ်ကြိမ်ဆွဲ၍ အလျှင်အမြန် ပြေးရန် တိုက်တွန်းနေလေသည်။


"ခင်ဗျားက တကယ့်ကို စကားများတာပဲ...."


ပုဖန်က မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ အတွေးတစ်ချက်နှင့်ပင် မဟူရာ လိပ်ခုံးဒယ်အိုးက မြွေအမျိုးသမီးကြီးဆီသို့ နောက်တစ်ကြိမ် ပျံသန်းသွားလေသည်။လေထုကိုပင် ဆုတ်ဖြဲပစ်တော့မည့် အရှိန်မျိုးဖြင့် ပျံသန်းလာသော မဟူရာလိပ်ခုံးဒယ်အိုးက ထိုမြွေအမျိုးသမီးကို သေသည်အထိ ထုနှက်ချလိုက်သည်။


"ဒီနေရာမှာ တန်ခိုးရှင်အဆင့် တစ်ယောက်ရှိနေတယ်ဆိုတော့ရော ဘာဖြစ်လဲ....သူက ခင်ဗျားအသက်ကို ကယ်နိုင်လို့လား....."


ပုဖန်၏ တည်ငြိမ်အေးဆေးလှသောအသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြောက်များလှစွာသောလူသား၏ နှလုံးသားထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။


ကောင်းကင်ထက်၌ ပျံဝဲနေသော အကြီးအကဲအိုကြီး၏ အမူအရာက အေးစက်သွားသည်။သူ့၏ အကြည့်စူးစူးများကလည်း သေစေနိုင်သည့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထုတ်လွင့်နေလေသည်။


"ငါဒီမှာ ရှိနေတာတောင်မှပဲ မင်းက လူသတ်ရဲသေးတယ်လား....တကယ့်ကို မောက်မာထောင်လွှားနေတာပဲ.....မင်းက အသတ်ခံရဖို့ တောင်းဆိုနေတာပဲ......"


နောက်တပတ်မှ ပြန်တွေ့ကြမယ်နော်

Gp ဝင်ချင်တဲ့သူများလဲ page မှာ rp ကြာနေရင် acc မှာ လာပြောလို့ရပာတယ် 

#အားလုံးပဲဘေးကင်းကြပါစေ