အပိုင်း ၃၈၃
Viewers 53k

အခန်း ၃၈၃

မြွေသေးသေးလေး... မင်းရဲ့သခင်ခွေးကို အထင်သေးနေတာလား... 


သူက နီညိုရောင် အမြီးကို လွှဲယမ်းလိုက်လေရာ ပတ်ဝန်းကျင် လေဟာနယ်ကိုပင် လောင်ကျွမ်းသွားတော့မတက် အပူလှိုင်းများ ဖြစ်ပေါ်လာသည်။ထိုလေပြင်းများက လူတိုင်း၏ အရိုးအဆစ်များကို အတင်းအကျပ် ဖွင့်လှစ်လိုက်သလိုပင် ဖြစ်ပေါ်လာသည်။


သူက နီညိုရောင် အမြီးကို လွှဲယမ်းလိုက်လေရာ ပတ်ဝန်းကျင် လေဟာနယ်ကိုပင် လောင်ကျွမ်းသွားတောါမတက် အပူလှိုင်းများ ဖြစ်ပေါ်လာသည်။ထိုပြင်းထန်းလှသော လှိုင်းများက လူတိုင်း၏ အရိုးအဆစ်များကို အတင်းအကျပ် ဖွင့်လှစ်လိုက်သလိုပင် ခံစားလိုက်မိကြသည်။


ကောင်းကင်ယံထက်၌ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေသော မြွေမျိုးနွယ် အကြီးအကဲက ပုဖန်ကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။သူ့လို မြွေမျိုးနွယ် အကြီးအကဲ တစ်ယောက်၏ ရှေ့တွင် ပုဖန်က သတ်ဖြတ်ရဲလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ထိုသေဆုံးသွားသော သူကို စိတ်ခက်ခဲသောသူ ဖြစ်သည်။


လူသားက သူ့လို တန်ခိုးရှင်အဆင့်ကိုပင် အထင်မြင် သေးရဲသည်။ထိုလူက ရူးသွပ်မိုက်မဲလှသော လူတစ်ယောက် ဖြစ်ရပေမည်။အဆင့် ၇ သူတော်စင် အဆင့်လေး တစ်ယောက်က သူကဲ့သို့ တန်ခိုးရှင်အဆင့်ကိုပင် ရန်စရန် သတ္တိရှိနေပေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်ဆီသို့ ပြန်ရောင်လာပြီး သူ့၏ လက်ဖဝါးပေါ်၌ လွင့်မျောနေသည်။ထို့နောက် ပုဖန်က ကောင်းကင်ယံထက်၌ ရှ်ိနေသော အကြီးအကဲက်ို လှမ်းကြည့်လိုက်သည်။သူ့၏ မျက်ဝန်းအကြည့်များက မည်သည့်စိတ်ခံစားချက်မှ ထင်ဟပ်နေခြင်းမရှိပဲ နူးညံ့သိမ်မွေ့လှသော ရေကန်ငယ်လေးတစ်ခုကဲ့သို့ပင် အေးချမ်းနေလေသည်။


မြွေမျိုးနွယ် အကြီးအကဲက နဖူးကြောများ တွန့်ရှုံ့သည်အထိ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။


"မောက်မာ ထောင်လွှားနေတဲ့လူသား ....မင်းသမီး ယုဖူကို ခေါ်ဆောင်သွားဖို့ရှာဖွေနေတာမင်းလား......."


ယုဖူက တကယ်ပဲ မဟာမြွေလူသားမြို့တော်ရဲ့ ဆက်ခံသူဖြစ်ချင်တယ်ဆ်ိုရင်တော့ ငါက ဘာမှ ဝင်ပါစရာအကြောင်းမရှိဘူး.....ဒါပေမယ့် သူ့ကို မင်းတို့အားလုံးက ဖိအားပေးထားတာဆိုရင်တော့ .....ပြီးတော့သူမက ကျွမ်းကျင်လှတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် ငါက အဲ့ဒီကိစ္စကို လုံးဝ လျစ်လျူမရှူထားနိုင်ဘူး....."


ပုဖန်က ပြောလိုက်သည်။ထို မြွေလူသားအကြီးအကဲ၏ မျက်ဝန်းများက ပြူးကျယ်လာသော်လည်း အချိန်ခဏအတွင်းမှာပင် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အေးစက်သော အပြုံးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။


"မင်းက မင်းသမီးယုဖူ အမြဲတမ်းတွေးနေတဲ့ ဆိုင်ပိုင်ရှင်နဲ့တူတယ်....ဒါက အခွင့်ကောင်းတစ်ခုပဲ ..... မင်းကို သတ်လိုက်မယ်ဆိုရင် မင်းသမီးယုဖူရဲ့ ချစ်ခင် တွယ်တာမှုတွေကို ဖြတ်တောက်ပြီးသားဖြစ်သွားပြီ .....ဒီလိုသာဆိုရင် ငါတို့ မဟာမြွေလူသားမြို့တော်ရဲ့ အမွေဆက်ခံသူ တစ်ယောက်ဖြစ်ဖို့အတွက် သူမကိုယ်သူမ မြှုပ်နှံထားနိုင်လိမ့်မယ်......"


မြွေမျိူးနွယ်အကြီးအကဲက သူ့၏ ရှည်လျားလှသော လျှာနီကို ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး အထင်မြင်သေးစွာ ပြောလိုက်သည်။ထို့နောက် သူ့၏ အော်ရာများကို ထုတ်ဖော်လိုက်သည်။ယုဖန်က ထိုစကားကို ကြားလိုက်သောအခါတွင် သူ၏ အမူအရာက တွန့်ဆုတ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုမြွေလူသားအကြီးအကဲက ပုဖန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပုံပေါ်သည်။


"ဆရာသခင် ပိုင်ရှင်ပုက ငါ့ရဲ့ ကျေးဇူးရှင်လည်းဖြစ်သလို ယုဖူရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်....မင်းပိုပြီးတော့ သက်ညှာပေးလို့ ရမလား....."


"ဒီနေရာမှာမင်း စကားဝင်ပြောဖို့ အခွင့်အရေးမရှိဘူး .....ငါ ဆုံးဖြတ်ပြီးပြီ ဒီလူက သေရမယ်....."


မြွေလူသားအကြီးအကဲက ပုဖန်အတွက် အသနားခံနေသော ယုဖန်၏ စကားကို ကြားဖြတ်၍ ပြောလိုက်သည်။မြွေလူသားအကြီးအကဲကို အေးဆေးတည်ငြိမ်စွာ ကြည့်နေသော ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


ပုဖန်၏ ဘေး၌ လဲလျောင်းနေသော ဘလက်ကီကလည်း ခေါင်းမော့ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။မြွေလူသား အကြီးအကဲက အမြီးကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ့၏ ခန္ဓာကိုယ်မှ ထွက်လာသော ပြင်းထန်လှသည့် အစစ်အမှန်စွမ်းအားများက ဖိအားများအဖြစ်သို့ ပြောင်းလဲသွားသည်။


ပြင်းထန်လှသောဖိအားများက ခဏချင်းမှာပင် ပုဖန်ပေါ်သို့ သက်ရောက်လာလေသည်။အားနီနှင့်အခြားသူများကလည်း တန်ခိုးရှင်၏ ဖိအားများ သက်ရောက်ခြင်းကို ခံလိုက်ရသည်။သူတို့၏ အမူအရာများက ချက်ချင်းပင် ဖြူဖျော့သွားလေသည်။


ပြန်လည် ရင်ကြားစေ့နိုင်မည့် အခွင့်အရေးများမရှိသော်ကြောင့် သူတို့သတိပြုမိလိုက်ကြသည်။တကယ်တမ်းတွင် ထိုပြင်းထန်လှသော ဖိအားများက ပုဖန်အပေါ် သက်ရောက်ခြင်းမရှိပေ။ထို ဖိအားများက ပုဖန်၏ ဆံနွယ်ရှည်များ တဖြတ်ဖြတ် လွင့်ခါသွားရုံသာ တက်နိုင်ပေသည်။


ပုဖန်က ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ့၏ လက်ဖဝါးပေါ်မှ လွင့်မျောနေသော မဟူရာလိပ်ခုံးဒယ်အိုးက စတင်၍ လည်လာသည်။သူက လက်ကိုမြှောက်၍ မြွေလူသားအကြီးအကဲရှိရာဆီသို့ ညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုပန်းကန်ပြားအရွယ်အစားရှိသော ဒယ်အိုးက အကြီးအကဲဆီသို့ တဟုန်ထိုး ပျံသန်းသွားလေသည်။


ဒယ်အိုး၏ အရှိန်က လျှင်မြန်လှသောကြောင့် လေဟာနယ်ကိုပင် ဆုတ်ဖြဲသွားတော့မယောင် ထင်ရသည်။ကျယ်လောင်လှသော မြည်ဟီးသီးနှင့်အတူ ဒယ်အိုးက ပစ်မှတ်ရှိရာဆီသို့ ချဉ်းကပ်သွားလေသည်။


မြွေလူသားအကြီးအကဲ၏ ရှည်လျားလှသော မြွေလျှာက ဆတ်ခနဲ လှုပ်ယမ်းသွားသည်။သူက လက်ကို ဆန့်တန်းလိုက်ပြီး သူ့ဆီသို့ ရောက်လာသေူ မဟူရာလိပ်ခုံးဒယ်အိုးကို ရိုက်ချလိုက်သည်။


ဘန်း......


မြွေလူသားအကြီးအကဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။သူ့၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး ခန္ဓာကိုယ်က အနောက်သို့ လွင့်ထွက်သွားလေသည်။


"ဒါ ဘယ်လို ပစ္စည်းမျိုးလဲ.....ဒါ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်လား......"


မြွေလူသား အကြီးအကဲက အံ့သြထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ထိပ်တိုက်တွေ့ဆုံသည့် အချိန်၌ သူ့အပေါ်သို့ ကြီးမားလေးလံလှသော တောင်ကြီးတစ်လုံး ပိကျလာသလို ခံစားလိုက်ရသည်။သူ အနည်းငယ်မျှပင် လှုပ်၍ မရတော့ပဲ အံ့အားသင့်ရုံသာတက်နိုင်လေသည်။


သို့သော်လည်း ထိုပစ္စည်းပိုင်ရှင် ပုဖန်က သူတော်စင်အဆင့်သာ ရှိနေသေးသည်။ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်ရှိရာဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ပုဖန်က အေးအေးဆေးဆေးပင် ဒယ်အိုးကို ပြန်ယူလိုက်၏။


သူ့၏ အစစ်အမှန်စွမ်းအင်များကို မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ စီးဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဒယ်အိုးပေါ်ရှိ ပုံစံငယ်များက တဖြတ်ဖြတိလင်းသွားသည်။


ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးက စတင်၍ ပြန့်ကားလာသည်။အချိန်ခဏအတွင်းမှာပင် ဒယ်အိုးက တောင်တစ်တောင် အရွယ်အစားခန့် ကြီးမားသွားလေသည်။ပုဖန်က မဟူရာလိပ်ခုံး ဒယ်အိုးကို စိတ်ဖြင့် ထိန်းချုပ်လိုက်သည်။သူ့၏ အတွေးတစ်ချက်ဖြင့်ပင် ဒယ်အိုးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် အကြီးအကဲဆီသို့ နောက်တစ်ကြိမ် တိုးဝင်လာလေသည်။


"ဒါက တကယ့်ကို နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ပဲ ....."


အကြီးအကဲက သူ့ဆီသို့ တစ်ဖန် ပျံသန်းလာနေသော ဒယ်အိုးကိုကြည့်၍ တီတိုးရေရွတ်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း လောဘရောင်ဖြင့် တောက်ပြောင်နေလေသည်။


သူ့၏ အစစ်အမှန်စွမ်းအင်များကို နှိုးဆွလိုက်သည်။နီညိုရောင် အကြေးခွံများပေါ်မှ ရဲရဲနီနေသော မီးလျှံများ ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် လောင်ကျွမ်းသွားစေနိုင်သော အကန့်အသတ်မဲ့ မီးလျှံစွမ်းအင်များကို ပုဖန်ဆီသို့ ပစ်လွှတ်လိုက်သည်။


ထိုမီးလျှံများက မဟူရာလိပ်ခုံးဒယ်အိုး၏ လမ်းကြောင်းရှေ့၌ မီးတောက်နံရံတစ်ခုကို ဖြစ်ပေါ်သွားစေသည်။အကယ်၍ သူသာ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ကို ရလိုက်မည်ဆိူလျှင် သူ့၏ စွမအင်ကလည်း ပိုမို မြင့်တက်သွားပေလိမ့်မည်။လောဘတရားက သူ့၏ စိတ်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားပေမည်။


မြွေလူသားအကြီးအကဲ အသုံးပြုလိုက်သော မီးလျှံနီများက နတ်ဆိုးမီးတောက်များဖြစ်သည်။ထိုနတ်ဆိုးမီးတောက်ကို သူစိတ်ဝိညာဉ်ပုံရိပ်ယောင် နွံမြေအတွင်းပိုင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ထိုမီးတောက်က ငရဲမီးနှင့် ကောင်းကင်ကမ္ဘာမြေမီးတောက်တို့ထက် နိမ့်ကျသော်လည်း သာမန် မီးတောက်များထက်တော့ သာလွန်အားကောင်းလှသည်။


မဟူရာလိပ်ခုံးဒယ်အိုးနှင့် မီးတောက်နံရံတို့ ထိပ်တိုက်တွေ့ဆုံမိသည်နှင့် မီးတောက်နံရံက အစပြိုကွဲသွားသည်။မီးတောက်မီးလျှံလေးများပင် အစအန မကျန်အောင် တဖြေးဖြေးလွင့်ပါးသွားလေသည်။


ဝီ.....


သို့သော်လည်း ထိုအခိုက်အတန့်လေး၌ လွင့်ပြယ်သွားပြီဖြစ်သော မီးတောက်လေးများက မြွေတစ်ကောင်အဖြစ်သို့ ပြန်လည် ပြောင်းလဲ ဖွဲ့တည်သွသည် ။ထိုမီးတောက်မြွေက မဟူရာလိပ်ခုံးဒယ်အိုးကို ရစ်ပတ်လိုက်ပြီး သူ့၏ သွားနေသော လမ်းကြောင်းကို တုံ့နှေးအောင်အတွက် နှောင့်ယှက်လိုက်လေသည်။


ပုဖန်က ထိုမြင်ကွင်းကို အေးဆေးငြိမ်သက်စွာပင် စောင့်ကြည့်နေလေသည်။မီးလျှံများက မဟူရာလိပ်ခုံးဒယ်အိုးကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းကို အနည်းငယ်မျှပင် စိတ်အနှောင့်အယှက်မဖြစ်ပေ။


တန်ခိုးရှင် အဆင့် မြွေလူသားအကြီးအကဲက အားရပါးရ ရယ်မောလိုက်သည်။ သူ့၏ နတ်ဆိုးမီးတောက်က မဟူရာလိပ်ခုံးဒယ်အိုးကို ထိန်းချုပ်ပြီးသွားသည်နှင့် ထိုနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်က သူ့အပိုင် ဖြစ်လာပေလိမ့်မည်။


သို့သော် ထိုကိစ္စရပ်များ မတိုင်မီ သူ့၏ ရှေ့မှ မောက်မာ ထောင်လွှားလွန်းလှသော လူသားကို အရင်ဆုံး ချေမှုန်းရပေမည်။နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်သာမရှိလျှင်ထို လူသားက သူ့လို တန်ခိုးရှင်အဆင့်တစ်ယောက်အတွက် အလွယ်တကူ ချေမှုန်းနိုင်သည့် ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်သည်။


တန်ခိုးရှင်အဆင့် မြွေလူသားအကြီးအကဲက အေးစက်စွာ ပြုံးလိုက်သည်။သူ့၏ အမြီးကို ဝှေ့ယမ်းလိုက်ပြီး ခန္ဓာက်ိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များကို ထပ်မံ နှိုးဆော်လိုက်သည်။သူ့၏ ခန္ဓာကိုယ်မှ အလျှံညီးညီး မီးတောက်များ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။


သူ့၏ လက်ဖဝါးပေါ်၌ ကြီးမားလှသော မီးလျှံတစ်ခု ဖြစ်ပေါ်လာသည်။ကြောက်စရာကောင်းလှသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ထိုမီးလျှံဖြင့် ပုဖန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။


ပုဖန်က ရှောင်တိမ်းရန် စိတ်ကူးမရှိသကဲ့သို့ နေရာမှာပင် အေးဆေးတည်ငြိမ်စွာ ရပ်နေသည်။သူ့၏ ဘေးနားတွင်ရှိနေသော အားနီက ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေကော သူ့၏ အမြီးကလည်း အဆက်မပြတ် လွှဲယမ်းနေသည်။တန်ခိုးရှင်အဆင့်တစ်ယောက်ဆီမှ ထွက်ပေါ်လာသော ဖိအားများက သူ့လိုလူတစ်ယောက် တောင့်ခံနိုင်သည့် အရာမဟုတ်ပေ။


"ငါက ဒီနေရာမှာပဲ သေဆုံးရတော့မှာလား....."


အားနီက စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်သည်။သို့သော်လည်း ထိုခဏချင်း၌ ပျက်ရယ်ပြုသည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။


"သူက ဘာကို လှောင်ချင်နေတာလဲ.....ဒီလိုအခြေအနေမျိုးတောင်မှ ပိုင်ရှင်ပုက ဘယ်လိုလုပ်ပြီး ရယ်နေနိုင်သေးတာလဲ....."


အားနီကအော်ဟစ် ငိုယိုလုနီးပါးဖြစ်သွားသည်။သို့သော်လည်း နောက်ခဏအတွင်းမှာပင် သူ့၏မျက်ဝန်းမှ မျက်ရည်ကျရမည့်အစား အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။


တဖြေးဖြေးနီးကပ်လာသော မီးတောက်များကို ကြည့်နေသည့် ပုဖန်၏ မျက်နာက နီရဲသွားသည်။ထို့နောက် သူ ပါးစပ်ကိုဖွင့်ဟ၍ ရွှေရောင်မီးတောက်များ ထုတ်လွင့်လိုက်လေသည်။ထိုရွှေရောင် မီးလျှံက ပုဖန်၏ ရှေ့၌ လွင့်မျောနေပြီး သူ့၏ ပတ်ဝန်းကျင်ရှိ အပူချိန်ကလည်း ချက်ချင်း တိုးမြှင့်လာလေသည်။


ထို့နောက် ပုဖန်က သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်ကို ရိုက်လိုက်သည်။မီးတောက်များက ပြန့်ကားသွားပြီးနောက် ကောင်းကင်တစ်ခုလုံးပြည့်သွားသည့် မီးတောက်ပင်လယ်ကြီး ဖြစ်လာလေသည်။


အသစ်ဖြစ်ပေါ်လာသော ရွှေရောင်မီးပင်လယ်က တန်ခိုးရှင်အဆင့် မြွေလူသား၏ မီးလျှံနီများနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။


မျက်မြင်ကြုံတွေ့လိုက်ရသော ထိုမြင်ကွင်းကြောင့် တန်ခိုးရှင်မြွေလူသားကအသက်မဲ့သွားသလို ကြောင်အမှင်သက်သွားသည်။


"ဒါ ဘယ်လို မီးတောက်မျိုးလဲ.....ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိနေတာလဲ......"


တန်ခိုးရှင်မြွေလူသားက သူ့၏ နတ်ဆ်ိုးမီးတောက်နှင့် ဆက်သွယ်မိသွားသော ရွှေရောင်မီးတောက်များကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ထို့နောက် သူ့၏ နတ်ဆိုး မီးတောက်များက ဆွဲယူမြိုချခြင်း ခံလိုက်ရလေသည်။


အား.....


နတ်ဆိုးမီးတောက်များနှင့် စိတ်ဝိညာဉ်ပြင် ဆက်သွယ်မှုရှိသည့်သူက နာကျင်စွာ ခံစားလိုက်ရသည်။ထိုရွှေရောင် မီးတောက်များက သူ့၏ နတ်ဆိုးမီးတောက်ကို မြိုချလိုက်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။


"ဒီရွှေရောင် မီးတောက်တွေက ငရဲမီးလျှံလား .....ဒီကောင်လေးရဲ့ အစစ်အမှန်က ဘာလဲ......သူက ဘယ်လိုဖြစ်ပြီး ငရဲမီးလျှံကို ပိုင်ဆိုင်ထားရတာလဲ.....ဘယ်လိုတောင် မုန်းစရာကောင်းလိုက်လဲ ငါ့ရဲ့ နတ်ဆိုးမီးတောက်တွေ....."


ဆုံးရှုံးမှုနှင့် နာကျင်မှုကြောင့် တန်ခိုးရှင်မြွေလူသားက အငွေ့ပျံမတက် ဒေါသထွက်သွားလေသည်။သူ အမြီးကို လွှဲယမ်းလိုက်ပြီးနောက် သူ့လက်ထဲ၌ ပေါ်လာသော လှံရှည်ဖြင့် ပုဖန်ဆီသို့ ချိန်ရွယ်လိုက်သည်။


ထို့နောက် သူ့၏ ခန္ဓာကိုယ်ကို လေးသဏ္ဍာန်ကွေးညွှတ်လိုက်ပြီး အစစ်အမှန် စွမ်းအားအပြည့် ပါဝင်သော လှံရှည်ဖြင့် ပုဖန်ကို ပစ်ခတ်လိုက်သည်။အလွန်အမင်း ဒေါသထွက်နေသောကြောင့် ကျိုးကြောင်း မစဉ်းစားနိုင်တော့ပဲ မတုံ့မဆိုင်း တိုက်ခိုက်လိုက်လေသည်။


မီးလျှံနီများ၏ ရစ်ပတ်ထားမှုမှ လွှတ်မြောက်သွားပြီ ဖြစ်သော မဟူရာ လိပ်ခုံး ဒယ်အိုးက စတင်၍ လည်ပတ်လာပြီး ပုဖန်ရှိရာဆီသို့ ပြန်ရောက်လာသည်။


ကျယ်လောင်လှသော ရိုက်ခတ်သံနှင့်အတူ လှံရှည်က မဟူရာလိပ်ခုံးဒယ်အိုးနှင့် ထိခတ်မိသွားပြီးနောက် ကွေးသွားကာ အဝေးသို့ လွင့်ထွက်သွားသည်။


ပုဖန်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ပြန်လည် ယူဆောင်လိုက်ပြီး သက်ပြင်း တစ်ချက်ချလိုက်သည်။ထိုကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က ကောင်းကင်ကမ္ဘာမြေ မီးလျှံအမျိုးအစားဖြစ်သောကြောင့် အလွန်ပင် စွမ်းအားကြီးလှသည်။သို့သော်လည်း သူ့၏ လက်ရှိ စွမ်းအင်အဆင့်အရ ထိုမီးလျှံကို ကောင်းစွာ မထိန်းချုပ်နိုင်ခြင်းက အလွန်နှမြောစရာကောင်းလှသည်။


ပုဖန်က နတ်ဆိုးမီးတောက်ကို စုပ်ယူထားပြီးပြီဖြစ်သော ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ပြန်လည် မြိုချလိုက်သည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော တန်ခိုးရှင်အဆင့် မြွေလူသားက သူ့နှလုံးသားထဲမှ သွေးများစိမ့်ထွက်လာသည်ဟုပင် ခံစားလိုက်မိသည်။သူဆီသို့ ပြန်ကန်ထွက်လာသော လှံရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်ပြီး ခန္ဓာကိုယ်မှ အဆုံးအစမဲ့လှသော စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ထို့နောက် ပြင်းထန်လှသော စွမ်းအင်များဖြင့် ပုဖန်ကို တိုက်ခိုက်လိုက်လေသည်။


ယခုအချိန်၌ ပုဖန်ကို သတ်ဖြတ်ချင်သည့်စိတ်က အထွဋ်အထိပ်သို့ ရောက်ရှိနေပေပြီ။ဒီလူသာ သူ့၏ နတ်ဆိုးမီးတောက်ကို မြိုချလိုက်ခြင်းက သူ့အရေခွံများကို ဆွဲလှန်လိုက်သည်နှင့်ပင် တူညီနေသည်။


"သေသင့်တဲ့ကောင် ....သေဖို့သာ ပြင်ထား....သေစမ်း....."


တန်ခိုးရှင်အဆင့် မြွေလူသားက ဒေါသတကြီးဖြင့် အော်ဟစ်ကျုံးဝါးလိုက်သည်။သူ့၏ အမူအရာကလည်း အလွန်ပင် ကြည့်ရဆိုးနေလေ၏။


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်ဆီသို့ လျှင်မြန်စွာပင် ပြန်လည်ရောက်ရှ်ိသွားပြီ ဖြစ်သည်။ပုဖန်က ဒယ်အိုးကို ဆုပ်ကိုင်ထားလိုက်ပြီး သူ့ဆီသို့ တိုက်ခိုက်လာသော တန်ခိုးရှင်အဆင့် မြွေလူသားကို မမှိတ်မသုန်ကြည့်လိုက်သည်။


မည်သို့ပင်ဆိုစေကာမူ သူက သူတော်စင် အဆင့် တစ်ယောက်မျှသာ ဖြစ်သည်။သူ့တွင် စွမ်းအင်များ ရရှိနေခြင်းက နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက် မဟူရာလိပ်ခုံးဒယ်အိုးနှင့် ကောင်းကင်ကမ္ဘာမြေမီးလျှံတို့ကြောင့် ဖြစ်သည်။အကယ်၍ သာမန်သူတော်စင်အဆင့် တစ်ယောက်သာဆိုပါက တန်ခိုးရှင်အဆင့်တစ်ယောက်၏ ရိုက်ချက်တစ်ချက်ဖြင့်ပင် အလွယ်တကူ သေဆုံးသွားပေလိမ့်မည်။


လက်ရှိအချိန်၌ ပုဖန်အနေဖြင့် တန်ခိုးရှင် တစ်ယောက်နှင့် ရင်ဆိုင်ရန် မဖြစ်နိုင်သေးပေ။သို့သော်လည်း တိုက်ခိုက်ရမည်မှာ သူတစ်ယောက်တည်ူမဟုတ်သောကြောင့် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိပေ။


ပုဖန်က သူ့၏ ဘေး၌ ရှိနေသော ဘလက်ကီကို အေးဆေး တည်ငြိမ်စွာ ကြည့်လိုက်လေရာ ဘလက်ကီ မထန်းနိုင်ပဲ မျက်လုံးလှန်လိုက်မိသည်။


"ငါသိတယ် ဒီကောင်စုတ်လေးက ဒီခွေးဘုရင်အတွက် ပြဿနာတွေ ရှာပေးနေပြီဆိုတာ....."


တန်ခိုးရှင်မြွေလူသား ထုတ်လွင့်လိုက်သော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ဘလက်ကီ၏ အမွှေးများပင် လှုပ်ခါသွားလေသည်။ဘလက်ကီက ပျင်းရိစွာဖြင်စတင်၍ လှုပ်ရှားလိုက်သည်။ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး တန်ခိုးရှင်မြွေလူသား၏ လမ်းကြောင်း၌ မတ်တပ်ရပ်လိုက်သည်။


"မင်းကို ကယ်တင်ဖို့အတွက် ဒီလိုခွေးဝတုတ်တစ်ကောင်အပေါ် အားကိုးအားထား ပြုနေတာလား......မင်းရဲ့လှည့်ကွက်တွေက ကုန်ဆုံးသွားပြီလား.....သေသင့်တဲ့လူသား....."


တန်ခိုးရှင်မြွေလူသားက သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွင့်လိုက်ပြီး အော်ဟစ်ကျိန်းဝါးလိုက်သည်။


ဘလက်ကီက ထိုစကားကို ကြားလိုက်သောအခါတွက် စိတ်မကေမေနပ်ဖြစ်သွားသည်။


"သူက ဒီခွေးဝတုတ်အပေါ် မှီခိုအားထားနေတာ ဘာတွေမှားနေလို့လဲ.....မင်းက ဒီခွေးဝတုတ်ကို အထင်သေးနေတာလား......မြွေသေးသေးကောင်လေး မင်းက ဒီခွေးဘုရင်ကို အထင်သေးနေတာလား......"


ဘလက်ကီက သူ့၏ သွားစွယ်ဖြူဖြူများကို လှစ်ဟပြလိုက်ရင်း နူးညံ့သော်လည်းယောက်ကျားဆန်လှသော အသံမျိုးဖြင့် စကားပြောလိုက်သည်။


သူစကားပြောလိုက်ပြီးနောက် တိုက်ခိုက်ရန် အလျှင်စလို ဖြစ်နေသော မြွေလူသားပင် ရုတ်တရက် ရပ်တန့်သွားလေသည်။


"ဘာလဲဟ....ဒီခွေးက စကားပြောနိုင်နေတာလား....."


သို့သော် သူ့၏ ကြောင်အသွားမှုက ခဏသာ ကြာမြင့်လေသည်။ထို့နောက် သူက ချွန်ထက်လှသော လှံရှည်ဖြင့် ဘလက်ကီဆီသို့ ဦးတည်တိုက်ခိုက်လိုက်သည်။


"မင်းက စကားပြောတက်နေတော့ကော ဘယ်သူက ဂရုစိုက်မှာလဲ....ဒီထူးဆန်းတဲ့ အကြောင်းအရာကို မစဉ်းစားသေးခင် မင်းကို အရင်သတ်မယ်...."


ဘလက်ကီက အထင်အမြက်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့၏ ချစ်စဖွယ်ကောင်းလှသော ခွေးလက်သေးသေးလေးကို မြှောက်လိုက်သည်။ထိုခွေးလက်ဖဝါးလေး မြှင့်တက်လာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အနီးအနားတွင်ရပ်နေကြသော ယုဖန်နှင့် အားဖူတို့နှစ်ယောက်လုံး တုန်ယင်သွားကြသည်။


သူတို့ရှင်းရှင်းလင်းလင်းကို မှတ်မိနေပေသေးသည်။လွန်ခဲ့သောအခ်ျိန်က ထိုခွေးလက်ဖဝါးလေး မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် မြောက်များလှစွာသော စစ်နတ်ဘုရားများ အတုံးအရုံး သေဆုံးခဲ့ရသည်။ယခု နောက်တစ်ကြိမ် ထိုခွေးလက်ဖဝါးလေး မြှောက်လိုက်ပြန်သည်။ယခု တစ်ကြိမ်၌ ထိုလက်ဖဝါးရိုက်ချက်ကြောင့် တန်ခိုးရှင်အဆင့် မြွေလူသား သေဆုံးသွားရမည်လား.....


တိုက်ခိုက်လိုက်သော မြွေလူသားက ရုတ်တရက် အဆုံးအစမဲ့လှသော ဖိအားများ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများပင် ထောင်ထသွားလေသည်။


ထိုခွေးနက်ကြီးဆီသို့ ချိန်ရွယ်ထားသော လှံရှည်ကလည်း ပြင်းထန်လှသည့် ဖိအားကြောင့် ကွေးညွှတ်သွားလေသည်။


ရုတ်တရက် ကောင်းကင်ယံထက်၌ ကြီးမားလှသော ခွေးလက်ဖဝါးပုံရိပ်ယောင် ပေါ်ပေါက်လာသည်။ထိုခွေးလက်ဖဝါးကြီးက သူဆီသို့ တိုက်ရိုက်ကျဆင်းလာသည့် မြင်ကွင်းကြောင့် သူ့နှလုံးသားက တုန်ခါသွားလေသည်။