အပိုင်း ၃၈၅
Viewers 53k

အခန်း ၃၈၅

မဟာမြွေလူသားမြို့တော်သို့...


အဏ္ဏဝါမျိုးစိတ်များက နယ်နိမိတ်မဲ့ ပင်လယ်ပြင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။နောက်ပိုင်း၌ ထိုရေသတ္တဝါများက အသိဉာဏ်ပိုမိုမြင့်မားလာကြပြီး ကိုယ်ပိုင်မျိုးစိတ်များ ဖြစ်တည်လာကြသည်။


ထိုကဲ့သို့ အစွမ်းအမျိုးမျိုးရှိသော ရေသတ္တဝါများ စုစည်းထားခြင်းကို အဏ္ဏဝါ မျိုးစိတ်ဟု လူသိများလာကြခြင်းဖြစ်သည်။အထူးသဖြင့် ထိုအဏ္ဏဝါမျိုးစိတ်များက နယ်နမိတ်မဲ့ ပင်လယ်ပြင်မှ ရရှိသော ထူးခြားသည့် အရင်းအမြစ်များကြောင့် ပို၍ အစွမ်းထက်ကြသည်။ကုန်းနေသတ္တဝါများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အစွမ်းက ပို၍ ပြင်းထန်သည်။


မြွေမျိုးနွယ် အာဏာပိုင်က ထိုအဏ္ဏဝါ မျိုးစိတ်များ၏ သဘာဝကို ကောင်းစွာ သိရှိသည်။သူမက တန်ခိုးရှင်အဆင့်သို့ ရောက်ရှိထားပြီးသား ဖြစ်သော်လည်း ထိုအဏ္ဏဝါမျိုးစိတ်များထဲ၌ တန်ခိုးရှင်အဆင့်သို့ ချိုးဖောက်တက်ရောက်နိုင်တော့မည်သူ များစွာရှ်ိမှန်း သူမ ကောင်းစွာသိပေသည်။


မူလက သူမ မဟာမြွေလူသား မြို့တော်၌ အခြေအနေအရပ်ရပ်ကို တည်ငြိမ်အောင် စီစဉ်ပြီးမှသာလျှင် သူမ အဆင့်ချိုးဖောက် တက်ရောက်နိုင်မည့် မခွင့်အရေးများကို ရှာဖွေရန်အတွက် ပင်လယ်ပြင်သို့ ထွက်ရန် စီစဉ်ထားခဲ့သည်။ထို့အချိန် ရောက်လာလျှင် သူမ အဏ္ဏဝါမျိုးစိတ်များနှင့် ဆက်သွယ်ရပေလိမ့်မည်။သို့သော်လည်း ယခုတွင်မူ သူမစီစဉ်ထားသမျှက အလုပ်မဖြစ်တော့ပေ။


မြင့်မားလှသော ပင်လယ်ရေလှိုင်းများကြားထဲ၌ မြောက်များလှစွာသောရေသတ္တဝါများ ပုန်းအောင်းနေသည်။သို့သော်လည်း သူတို့၏ မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေကြသည်။သိမ်မွေ့လှသော စိတ်ထားကောင်းတစ်စုံတစ်ရာမှပင် ရှာမတွေပေ။ထိုရေနေ သတ္တဝါများက ကြင်နာတက်သော အမျိုးအစား မဟုတ်ကြောင်း ထင်ရှားပေသည်။


"ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ.....အဏ္ဏဝါ မျိုးစိတ်တွေက ဘာလို့ ရုတ်တရက်ကြီး ငါ့ရဲ့ ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေကို တိုက်ခိုက်ရတာလဲ....."


မြွေမျိုးနွယ်အာဏာပိုင်က လှပလှသော မျက်ခုံးကြောလေးများ စုကျုံ့သည်အထိ မျက်မှောင်ကြုတ်လိုက်သည်။


ပင်လယ်လှိုင်းများ ပြန်လည် ကျသွားသည်နှင့်တစ်ပြိုင်နက် ထို မြောက်များလှစွာသော အဏ္ဏဝါမျိုးစိတ်များက မဟာမြွေလူသားမြို့တော်ကို ဦးဆုံးပစ်မှတ်ထားပေလိမ့်မည်။မဟာမြွေလူသား မြို့တော်က သန်မာလှသည်ဟု ဆိုနိုင်သော်လည်း ထိုမျှ များပြားလှစွာသော သတ္တဝါများနှင့် ရင်ဆိုင်ရာတွင် အခက်အခဲများရှိနေနိုင်ပေည်။


ထိုအချက် မြွေမျိုးနွယ်အာဏာပိုင်ကို ခေါင်းခဲစေသည်။ထိုရေသတ္တဝါများ ရုတ်တရက် ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေကို ကျူးကျော်လာရခြင်းအကြောင်းကို သူမ တကယ်နားမလည်နိုင်ပေ။


ပင်လယ်ပြင်၌ ရှိသော ကြွယ်ဝလှသည့် သံယံဇာတများနှင့် နှိုင်းယှဉ်လျှင် ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေ၌ ပိုင်ဆိုင်ထားမှုက ထို ထိပ်တန်း အဏ္ဏဝါ စစ်သည်တော်များကို ဆွဲဆောင်နိုင်သည့် ပစ္စည်းဘာမှမရှိပေ။ရုတ်တရက် မြွေမျိုးနွယ်အာဏာပိုင်၏ စိတ်ထဲ၌ အသိတစ်ချက်လက်သွားသည်။


"ဒါအခုလက်တလောမှ ရှာတွေ့ထားတဲ့ သလင်းကျောက်တွင်းကျောက်များ ဖြစ်နိုင်မလား ....ဒါပေမယ့် သလင်းကျောက်တွင်းလေးတစ်ခူက ဒီလောက် အဏ္ဏဝါမျိုးစိတ်အများကြီးကို ပုံရိပ်ယောင်နယ်မြေဆီ ဆွဲဆောင်နိုင်လို့လား....ဖြစ်နိုင်တာက အဲ့ဒီသလင်းကျောက်တွေနဲ့မှ တခြားရတနာတွေရှိနေသေးတာလား ....."


မြွေမျိုးနွယ် အာဏာပိုင်က တွေးနက်နေမိသည်။အဝေးမြှမင့်မားလှသော ပင်လယ်လှိုင်းလုံးများကြားထဲ၌ ကြီးမားလှသော ငါးတစ်ကောင်က ရုတ်တရက် ပါးစပ်ဖွင့်ဟလိုက်သည်။ထို အတွင်း၌ အပြာရောင်အရေပြားရှိသော ပုံရိပ်တစ်ရိပ် မတ်တပ်ရပ်နေသည်။ထိုပုံရိပ်က မြင့်မားမတ်စောက်လှသောကမ်းပါးထိပ်ကို အေးစက်စွာကြည့်နေလေ၏။


မြွေမျိူးနွယ်အာဏာပိုင်ကလည်း ကွာဝေးလှသော လေဟာနယ်ကို ဖြတ်သန်း၍ ထိုငါးပါးစပ်တွင်းမှ ပုံရိပ်ကို သတိပြုမိလိုက်သည်။သူက အပြာရောင်အရေပြားရှိသော စစ်သည်တော်များထဲ၌ မြောက်များလှစွာသော တန်ခိုးရှင် အဆင့် များရှိသည်ကို သတိပြုမိသွားပြီး အေးစိမ့်သွားလေသည်။


သူတို့၏ စွမ်းအင်များကလည်း ချိတ်ဆတ်နေသောကြောင့် အဝေးမှာရှိသော မြွေမျိုးနွယ်အာဏာပိုင်၏ စိတ်ပင် တုန်လှုပ်သွားလေသည်။


"သေစမ်း......"


မြွေမျိုးနွယ် အာဏာပိုင်က တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။သူမ၏ လှပလှသော မျက်နာလေးပေါ်တွင်လည်း အံ့သြထိတ်လန့်မှုက အထင်းသားပေါ်လွင်နေသည်။ထို့နောက် မြွေအမြီးကို ဝှေ့ယမ်းလိုက်ပြီး မဟာမြွေလူသား ရှိရာဆီသို့ ဦးတည်လိုက်သည်။


ပျံသန်းသွားသော သူမ၏ လက်ထဲ၌လည်း အဆောင်ပြားတစ်ခုနှင့် အဖြူရောင် မှော်ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ဤအကြည့်များက အဖြူရောင် တိမ်ပုံသဏ္ဍန်များ ရေးဆွဲထားသည့် ဓားရှည်ပေါ်တွင် ကျရောက်နေသည်။


မြွေမျိုးနွယ်အာဏာပိုင်က နီမြန်းလှသော နှုတ်ခမ်းကို အသာပိတ်ကိုက်လိုက်သည်။သူမ၏ မျက်နာပေါ်၌လည်း တွန့်ဆုတ်တွေဝေမှုများ အထင်းသား ပေါ်လွင်နေသည်။


ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသကဲ့သို့ သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး အဆောင်ပြားကို ချိုးဖျက်လိုက်သည်။


တိမ်ဖြူစံအိမ်သည် ပုံရိပ်ယောင် စိတ်ဝိညာဉ်နယ်မြေ၏ အလယ်ဗဟို၌ တည်ရှိသည်။မျောလွင့်နေသော တိမ်ဖြူများကြားထဲ၌ ထည်ဝါလှသော စံအိမ်တစ်လုံးတည်ဆောက်ထားသည်။ထိုစံအိမ်ထဲ၌ ကျောက်ဆောင်များ လှေကားထစ်များလည်းတည်ရှိနေပြီး အောက်ခြေ၌ တသွင်သွင် စီးနေသောမြစ်ကလေးနှင့် ဖြတ်ထိုးထားသော တံတားတစ်စင်းရှိသည်။


ထိုနေရာတစ်ခုလုံး၌ သိပ်သည်းကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအင်များ အဆင်မပြတ် စီးဆင်းနေသည်။ထိုနေရာက နတါသမီး ပုံပြင်များထဲ၌ တည်ရှိသော အံ့သြစရာတိုင်းပြည်တစ်ခုနှင့်ပင် တူညီနေသည်။


အခန်းငယ်တစ်ခုအတွင်း၌ ခြေချိတ်ထိုင်နေသော လူတစ်ယောက်က ရုတ်တရက် မျက်ဝန်းများ ဖွင့်လိုက်သည်။ဝူမူ၏ မျက်ဝန်းများက အလင်းအရိပ်များ ဖြစ်ပေါ်နေသည်။သူက မျက်မှောင်ကြုတ်လိုက်ပြီး မဟာမြွေလူသား တည်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။


"အဆောင်ပြားက ကျိုးပဲ့သွားပြီ.....တုလီက ငါ့ကိုခေါ်နေတာလား....သူမ အကျပ်တည်းနဲ့ တွေ့နေရတာလား......"


ဝူမူက မတ်တပ်ထရပ်လိုက်ရာ သူ့၏ စွမ်းအင်လှိုင်းများက မငြိမ်မသက်ဖြစ်သွားသည်။သူ လေအလင်းအင်ပါယာမှ ပြန်ရောက်လာကတည်းက တံခါးပိတ်၍ ရရှ်ိလာသော ဒဏ်ရာများကို ကုစားနေခဲ့သည်။


အခြေခံအားဖြင့် သူ့၏ ခန္ဓာကိုယ်ပြင်ပ ဒဏ်ရာများက ဆိုင်ငယ်လေး၌ သောက်သုံးခဲ့သော စွပ်ပြုတ်ရည် တစ်ခွက်ဖြင့်ပင် ပြန်လည် သက်သာသွားပြီ ဖြစ်သည်။သို့သော်လည်း ရှုရဂိုဏ်းချုပ်၏ ဓားစိတ်ဆန္ဒကြောင့် ရရှိခဲ့သော စိတ်ဝိညာဉ် ပျက်ရှသည့် ဒဏ်ရာက အလွန်ပင်ပြင်းထန်လှသည်။


ပိုင်ရှင်ပု၏ စွပ်ပြုတ်က အလွန်အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းထက်လှသည့် ဆိုသော်လည်း စိတ်ဝိညာဉ် ထိခိုက်သည့် အခြေအနေကို အလွယ်တကူ ပြန်လည် ကူစားပေးနိုင်စွမ်းမရှိပေ။


သူ့၏ နောက်ကျောမှ အလင်းကြည်ရောင် ဓားတစ်လက် ထိုးထွက်လာသည်။ဝူမူက တံခါးများကို ဖွင့်လိုက်ပြီး ထိုဓားပေါ် နင်းတက်လိုက်ကာပျံသန်း ထွက်ခွာသွားလေသည်။


ဝူမူက သူ့၏ စွမ်းအားလှိုင်ူများဖြင့် တိမ်ဖြူစံအိမ်အတွင်း နှ်ိုးဆော်ချက်ပေးလိုက်သည်။များမကြာခင်မှာပင် မြောက်များလှစွာသော ပုံရိပ်များက ဓားပျံများစီး၍ ထွက်ပေါ်လာသည်။ထိုသူများက ဝူမူ ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။


ဝူမူက စကားများစွာ မပြောပဲ ညွှန်ကြားချက် အနည်းငယ်သာ ပေးလိုက်သည်။ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်၍ ဓားပျံပေါ်သို့ တည်ငြိမ်စွာရပ်ကာ တိမ်ဖြူစံအိမ်မှနေ၍ အဝေးဆီသို့ ပျံသန်းသွားလေသည်။


ဝူမူ စံအိမ်မှ ထွက်ခွာသွားပြီးနောက် ဝူရန်ပိုင်က အခန်းထဲမှနေ၍ ပျင်းရိစွာ လျှောက်ထွက်လာလေသည်။သူမက သူမ၏ ဖခင် ထွက်ခွာသွားသည်ကို ချက်ချင်း သတိပြုမိလိုက်ပြီးမျက်ဝန်းများ ပြူးကျယ်သွားသည်။ထို့နောက်သူမ မျက်ဝန်းများ တစ်ဖန် မှေးကျင်းလိုက်၏။စက္ကန့်ပိုင်းအတွင်းမှာပင် ဝူရန်ပိုင်က စံအိမ်မှနေ၍ ပြေးထွက်သွားလေသည်။


မဟာမြွေလူသား မြို့တော်သည် အလွန် ခန့်ညားထည်ဝါလှသည်။မြို့ရိုးတံတိုင်းများက လေအလင်းအင်ပါယာထက်ပင် ပိုမိုမြင့်မား၏။တည်ဆောက်ထားသော အုတိခဲများကလည်း အလွန်ခိုင်ခံ့လှသည်။ထို့ပြင် မြို့တံတိုင်းကို ကာရံထားသော အစီအရင်အလွှာလည်း ရှိနေပေသည်။


မြို့ရိုးတံတိုင်းထက်၌ သံချပ်ကာ ဝတ်ရုံကို ဝတ်ဆင်ထားသော သူများစီတန်းရပ်နေကြသည်။ထိုသူများက မြို့ကို ကာကွယ်စောင့်ရှောက်နေသည့် မြွေလူသားများပင် ဖြစ်သည်။


ရုတ်တရက် ထိုအစောင့်များ၏ မျက်ဝန်းများက စူးရှသွားကြသည်။သူတို့က သူတို့၏ လှံရှည်များဖြင့် အဝေူတစ်နေရာဆီကို ချိန်ရွယ်လိုက်ကြသည်။ခပ်လှမ်းလှမ်းဆီ၌ ဖုန်ငွေ့များကြားထဲမှ ပုံရိပ်နှစ်ရိပ်ထွက်ပေါ်လာသည်။


ပုံရိတစ်ခုက မြွေလူသားဖြစ်ပြီးနောက်ထပ် ပုံရိပ်တစ်ခုက လူသားတစ်ယောက်ဖြစ်သည်။လူသားများက လမ်းလျှောက်ရာ၌ ခြေထောက်နှစ်ချောင်းအသုံးပြု၍ လျှောက်ခြင်းဖြစ်လေရာ မြွေလူသားများက အလွယ်တကူပင် ခွဲခြားပြောနိုင်ပေသည်။


"ဒါပေမယ့် ဘာကြောင့် လူသားတစ်ယောက်က ဒီကိုရောက်လာတာလဲ.....သူက ဘာလိုချင်လို့လဲ.....ခဏနေဦး....ဟမ် ..."


မြို့ရိုးတံတိုင်းပေါ်ရှိ လူများအားလုံး လေအေးများရှူရှ်ိုက်လိုက်ကြသည်။သူတို့အားလုံးက လူသား၏ လက်ထဲမှ စုပ်ကိုင်ထားသော မြွေအမြီးကို တွေ့လိုက်ပြီး မျက်ဝန်းများ ပြူးကျယ်သွားကြသည်။ထိုအမြီးပိုင်ရှင် မြွေလူသားက မြေပြင်ပေါ်၌ ခွေးသေကောင် တစ်ကောင် ကဲ့သို့ ဆွဲလာခြင်း ခံရလေသည်။


"ဒါက မြွေမျိုးနွယ် ဘုရင် တုမူ မဟုတ်လား.....သူ ဘာတြွေဖစ်သွားတာလဲ....."


မြွေမျိုးနွယ်အာဏာပိုင်၏ လက်အောက်၌ မြွေမျိုးနွယ်ဘုရင်ရှိသည်။သူတို့၏ မြွေလူသားမြို့တော်၌ မြွေမျိုးနွယ်ဘုရင် သုံးဦးရှိပြီး တစ်ယောက်ချင်းစီကလည်း တန်ခိုးရှင်အဆင့်များ ဖြစ်ကြသည်။


"မြွေမျိုးနွယ်ဘုရင်က ဘယ်လိုဖြစ်ပြီး ခွေးသေကောင်တစ်ကောင်လို ဆွဲလာခြင်းခံရတာလဲ ....သူတို့အားလုံး ထိုမြင်ကွင်းကြောင့် အလွန်ပင် ထိတ်လန့်သွားကြသည်။


"ရန်သူလာနေပြီ....."


အသက်နှုတ်ခံရသကဲ့သို့ အံ့သြထိတ်လန့်နေကြသော မြွေလူသားများက နောက်ဆုံး၌ သတ်ပြန်ဝင်လာပြီး အော်ဟစ်လိုက်ကြသည်။ထိုအစောင့်အရှောက်များအားလုံးက ခုခံကာကွယ်ရန်အတွက် အဆင်သင့် စုရုံးလိုက်ကြသည်။ခေါင်းဆောင်ဖြစ်ဟန်တူသော မြွေလူသားတစ်ယောက်က တဖြေးဖြေးချင်းချဉ်းကပ်လာသော ပုဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


"ရပ်လိုက် .....မင်းလက်ထဲက မြွေမျိုးနွယ်ဘုရင် တုမူကို ချပြီးမြွေလူသား မြို့တော်ကနေထွက်သွား ဒီလိုမှမဟုတ်ဘူးဆိုရင် မြွေမျိုးနွယ်စစ်သည်တော်တွေက မင်းကို သတ်ဖြတ်ရလိမ့်မယ်....."


ပုဖန်က မျက်ဝန်းများ မှေးကျဉ်း၍ ခေါင်းမော့ကြည့်လိုက်သည်။ထူထဲသိပ်သည်းလှသော မြူခိုးများကို ဖြတ်၍ မြို့တံတိုင်းပေါ်ရှိ မြွေလူသားအစောင့်အုပ်စုကို မြင်လိုက်ရသည်။


သူတို့အားလုံးက ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွှင့်နေပြီး ပုဖန်ကို စိုက်ကြည့်နေကြသည်။ထို့အပြင် သူတို့အားလုံး၏ လက်ထဲမှ လှံရှည်များကိုလည်း အဆင်သင့် ချိန်ရွယ်ထားကြသည်။အကယ်၍ ပုဖန်သာ ခြေလှမ်းတစ်လှမ်းထပ်တိုးလိုက်ပါက မဆိုင်းမတွပင် လှံမိုးရွာချပေလိမ့်မည်။


"ကောင်းပြီလေ.....ပြဿနာတွေကို ရှောင်ရှားဖို့အတွက် အရင်ဆုံး ခြေလှမ်းဆုတ်လိုက်ကြတာပေါ့....."


ပုဖန်က သူ့၏ ဘေး၌ရှိနေသော အားနီဘက်လှည့်၍ ပြောလိုက်သည်။အားနီ၏ အမူအရာက ပြောင်းလဲသွားသည်။သို့သော်လည်း သူ ခဏမျှ စဉ်းစားပြီးနောက် ခြေလှမ်းဆုတ်ရန် မငြင်းပယ်လိုက်တော့ပေ။


မဟာမြွေလူသားမြို့တော်မှ စစ်သည်တော်များက လေအလင်းအင်ပါယာထက် ပိုသန်မာပြီး ကြောက်စရာကောင်းလှသည်။သူတို့၏ မြွေမျိုးနွယ်ဘုရင်တုမူကို သေသည်အထိ ရိုက်နှက်ခဲ့သော လူသားတစ်ယောက်နှင့် ရင်ဆိုင်ရာတွင်လည်း တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။


သူတို့၌ မြွေမျိုးနွယ်အာဏာပိုင် ကျောထောက်နောက်ခံရှိသောကြောင့် လုံခြုံစိတ်ချရသည်ဟု ခံစားမိနေကြသည်။ထို့အပြင် သူတို့၏ မြွေမျိုးနွယ် စစ်တပ်ကလည်း လူသားများ၏ စစ်တပ်ထက် အရေအတွကိ ပိုများသည်။


ထို့အပြင် သူတို့အားလုံးက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေထဲမှ မဟာမြွေလူသားမြို့တော်ကို တည်ထောင်နိုင်ခဲ့သော မြွေမျိုးနွယ်အာဏာပိုင်၏ လက်ရွေးစင် တပ်ဖွဲ့ ဖြစ်သည်။


"ယုဖူကို ငါ့ဆီလွှဲပေးလိုက်.....ဒါဆိုရင် ငါ ဒီလူကို မင်းတို့ဆီ ပြန်ပေးမယ်...."


ပုဖန်က သူ့၏လက်ထဲမှ မြွေအမြီးကို ယမ်းခါလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။သူ့၏ အသံက မကျယ်သော်လည်း မြို့တံတိုင်းထက်တွင်ရှိနေကြသော မြွေလူသားအားလုံး ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။


သူတို့၏ မျက်နာများက ဆေးရည်ပတ်ဖြန်းလိုက်သလို.....ပျက်ယွင်းသွားကြပြီး ပုဖန်ကို တင်းခတ်ထန်စွာ ကြည့်လိုက်သည်။


"ဒီလူသားရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ မင်းသမီး ယုဖူလား....."


သူမက သူတို့မြွေလူသားမြို့တော်၏ အနာဂတ် မြွေမျိုးနွယ်အာဏာပိုင် တစ်ယောက်ဖြစ်လာမယ့်သူ ဖြစ်သည်။


"ဒီမိုက်မဲလှတဲ့ လူသားဆီက ထွက်လာတဲ့ အတွေးတွေက ညစ်ပတ်စုတ်ပြတ်လွန်းတယ်....."


မယာမြွေလူသား မြို့တော်အတွင်း ခမ်းနားထည်ဝါသော ရဲတိုက်တစ်ခုအတွင်း၌.....


စည်းချထားသော နန်းတော်တစ်ခုအတွင်း၌ ကျင့်ကြံစဉ် မြင့်မားလှသော မြွေလူသား နှစ်ယောက်က အဓိက ခန်းမ တစ်ခုရှေ့၌ ရပ်နေပြီး လှပလှသော မြွေအမျိုးသမီးကို စောင့်ကြပ်နေကြသည်။


ယုဖူ၏ မျက်နာက အားနည်း ဖျော့တော့နေသည်။သူမ၏ လက်များက်ို အေးစက်လှသော သံကြိုးများဖြင့် ချည်နှောင်ထားပြီး နန်းတော်အတွင်း၌ အကျဉ်းချထားလေသည်။


သူမက စိတ်ဆင်းရဲမှုများဖြင့် ပြည့်နှက်နေသည်။မြွေလူသား မျိုးနွယ်စုရှိရာဆီသို့ သာမန်စုရုံးမှုတစ်ခုအတွက် ပြန်လာပြီးနောက် မြွေမျိုးနွယ်အာဏာပိုင်၏ ဆက်ခံသူအဖြစ် ရွေးချယ်မှုခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။


မြွေမျိုးနွယ် အာဏာပိုင်၏ အမွေဆက်ခံသူ ဘဝနှင့် နှ်ိုင်းယှဉ်လျှင် သူမက ပိုင်ရှင်ပု၏ တပည့်အဖြစ် နေရသော ဘဝကို ပို၍ လိုလားပေသည်။နေ့စဉ်နေ့တိုင်း ဖြတ်တောက်ခြင်း ထွင်းထုခြင်းများကို လေ့ကျင့်ခြင်း အစားကောင်းကြိုက်လှသော သူများအတွက် မွှေးကြိုင်ပြီး အရသာရှိလှသော အစားအသောက်များကို ချက်ပြုတ်ခြင်းနှင့် မိမိကိုယ်ပိုင် အစားအသောက်များကို မြည်စမ်းရခြင်းတို့က အလွန် စိတ်ကျေနပ်ဖွယ်ရာ ကောင်းလှသည်။


မူလက မြွေမျိုးနွယ်အာဏာပိုင်သည် သူမ၏ တောင်းဆိုမှုကို အလေးထားလိုက်မည်ဟု သူမ တွေးထင်ခဲ့မိသည်။သို့သော်လည်း မြွေမျိုးနွယ်အာဏာပိုင်က သူမ၏ တောင်းဆိုမှုကို ချက်ချင်းငြင်းပယ်ကျလိမ့်မည်ဟု နည်းနည်းလေးမှပင် မထင်ထားခဲ့မိပေ။


ယခုတော့ သူမ ဒီနေရာ၌ အငျဉ်းကျနေပေပြီ။ဘယ်တော့မှ ပိုင်ရှင်ပု၏ ဆိုင်သို့ ပြန်ပြီး အချက်အပြုတ်ပညာများကို မသင်ယူနိုင်တော့ဟု စဉ်းစားလိုက်မိရုံဖြင့် သူမ၏ စိတ်ထဲ၌ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်သွားလေသည်။ရုတါတရက် နန်းတော်တံခါးက ပွင့်ဟသွားသည်။


တံခါးဝမှ တစ်ဆင့် ပုံရိပ်တသ်ခု လျှောခနဲ ဝင်ရောက်လာပြီး ခန်းမအလယ်သို့ ရောက်ရှိလာသည်။မြွေမျိုးနွယ်အာဏာပိုင်၏ အစိမ်းရောင်ဆံနွယ်များက ပြေလျော့နေသည်။သူမက ယုဖူ၏ ရှေ့သို့ ရောက်လာပြီး ရပ်တန့်လိုက်သည်။


သူမ၏ လှပသော မျက်ဝန်းများက ယုဖူကို စူးစိုက်ကြည့်နေသည်။သူမ၏ မျက်ဝန်းများထဲ၌ အေးစက်မှုနှင့် သနားသည့် အရိပ်အယောင်လည်း ပါဝင်နေသည်။


"နင်က ဘာဖြစ်ချင်နေတာလဲ.....မရေမတွက်နိုင်တဲ့ မြွေလူသားတွေက မြွေမျိုးနွယ်အာဏာပိုင်ရဲ့ အမွေဆက်ခံသူ ဖြစ်လာဖို့အတွက် အိပ်မက်မက်နေကြတယ်.....ဒါတောင်မှ နင်ကဘာလို့ အကြောက်အကန် ငြင်းဆိုနေတာလဲ....."


ယုဖူက နှုတ်ခမ်းကို အသာကိုက်လိုက်ပြီး မြွေမျိုးနွယ်အာဏာပိုင်ကို ဝမ်းနည်းကြေကွဲစွာ အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။သူမ၏ အကြည့်များက သူမကို လွှတ်ပေးပါရန် တောင်းဆိုနေသကဲ့သို့ပင်ဖြစ်သည်။


"တကယ်လို့ နင့်မှာသာ မြွေမျိုးနွယ်အာဏာပိုင် ဖြသ်လာဖို့အတွက် အရည်အချင်းတွေမရှိဘူးဆိုရင် ငါကလည်းနင့်ကို တားဆီးနေမှာမဟုတ်ဘူး.....ဒါပေမယ့် နင့်ရဲ့ အရည်အချင်းနဲ့ ပါရမီက ဒီအာဏာပိုင်နေရာအတွက် လုံးဝသင့်တော်နေတယ် ....ပြီးတော့ ငါ အာဏာပိုင်ကလည်း မဟာမြွေလူသားမြို့တော်ကနေ ထွက်ခွာသွားတော့မယ်.......ဒါပေမယ့် မြို့တော်မှာ ခေါင်းဆောင်မရှိလို့ မရဘူး......နင့်ရဲ့ ကံကြမ္မာပဲ....ဒီနေရာကို မလိုချင်ဘူးဆိုရင်တောင် လက်ခံပါ.....ငါအာဏာပိုင်ကလည်း အရင်အချိန်တုန်းက နင့်အတိုင်းပါပဲ......"


မြွေမျိုးနွယ် အာဏာပိုင်က သူမ၏ လှပလှသော လက်ချောင်းရှည်လေးများဖြင့် ယုဖူ၏ မျက်နာကို ပင့်မော့လိုက်သည်။သူမက ယုဖူ၏ လှပလှသော မျက်နာလေးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေလိုက်သည်။ယုဖူ၏ စိတ်ထဲ၌ ပူဆွေးသောကများဖြင့် ပြည့်နှက်နေပြီး သူမ၏ မျက်နာကလည်း ဖြူဖျော့နေပေသည်။


ရုတ်တရက် နန်းတော်တံခါးက တွန်းဖွင့်ခြင်း ခံလိုက်ရသည်။မြွေမျိုးနွယ်အစောင့်က နန်းတော်ထဲသို့ အလျှင်စလို ပြေးဝင်လာပြီး မြွေမျိုးနွယ် အာဏာပိုင်ကို လျှောက်တင်လိုက်သည်။


"သတင်းပို့ပါတယ် အရှင်သခင်မ....မြို့တော်ရဲ့ အပြင်မှာ မြွေမျိုးနွယ် ဘုရင်တုမူရဲ့ ခန္ဓာကိုယ်ကို စုပ်ကိုင်ထားတဲ့ လူသားတစ်ယောက်က မြို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေပါတယ်......"


ယုဖူ၏ ပါးပြင်ကို ညင်ညင်သာသာ ထိတွေ့နေသော လက်ချောင်းများက ရပ်တန့်သွားပြီး မြွေမျိုးနွယ်အာဏာပိုင်၏ မျက်နာက အေးစက်သွားသည်။သူမက အစောင့်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"မြွေမျိုးနွယ်ဘုရင် တုမူလား.....သူက ယုဖူရဲ့ မျိုးနွယ်စုမှာ တာဝန်ထမ်းဆောင်နေတယ် မဟုတ်ဘူးလား....ဘယ်လိုဖြစ်ပြီး လူသားတစ်ယောက် ဖျက်စီးခြင်းကို ခံရတာလဲ......ကျန်တဲ့ မြွေမျိုးနွယ် ဘုရင်နှစ်ယောက်ဆီကို ငါ့အမိန့်ကို ပေးပို့လိုက်....ဒီလူသားကို ဖမ်းဆီးရမယ် .....မြွေမျိုးနွယ်ဘုရင်ကို အရှက်ခွဲတဲ့လူသား ကွပ်မျက်ခြင်းခံရမယ်......"


အေးစက်လှသောအသံက နန်းတော်အတွင်း ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။ရုတ်တရက် ယုဖူ၏ အမူအရာက တောင့်တင်းသွားလေသည်။


"သူမရဲ့ မျိုးနွယ်စုကနေ ဒီနေရာကို ရောက်လာနိုင်တဲ့ လူသားတစ်ယောက် .....ပိုင်ရှင်ပုများ ဖြစ်နိုင်မလား......"