အခန်း ၃၈၆
မိုကြိုးစားခွေး...
မျိုးနွယ်အာဏာပိုင်၏ အမိန့်အောက်တွင် မဟာမြွေလူသားမြို့တော်အတွင်းရှိ တရားအဆောက်အဦးနှစ်ခုစီမှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
အစစ်အမှန် စွမ်းအင်လှိုင်းနှစ်ခုက ကောင်းကင်ထက်ဆီသို့ တရှိန်ထိုး ထိုးတက်သွားပြီးနောက် မြွေလူသား နှစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာသည်။
ထို မြွေလူသားနှစ်ဦးထံမှ ထွက်ပေါ်လာသော အရှိန်အဝါများက ပတ်ဝန်းကျင်လေဟာနယ်ကိုပင် တုန်ခါသွားစေ၏။ထိုသူနှစ်ဦးက မြွေမျိုးနွယ်ဘုရင်းများ ဖြစ်ကြပြီး မဟာမြွေလူသားမြို့တော်ရှိ တန်ခိုးရှင်အဆင့် ကျွမ်းကျင်ပညာရှင်များလည်း ဖြစ်ကြသည်။
ကောင်းကင်ယံထက်တွင်ရှိနေသာ ထိုသူနှစ်ဦးက အေးစက်မှုများ ပြည့်နေသော အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထိုထဲမှ မြွေလူသားတစ်ဦး၏ ကြွက်သားများဖြင့် ပြည့်နက်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းတွင် နဂါးတစ်ကောင်ကဲ့သို့သော ပုံစံငယ်တစ်ခု ရစ်ပတ်ထားသည်။ထိုပုံသဏ္ဍာန်က အပြာရောင်လှိုင်းများဖြင့် ဖွဲ့စည်းပုံဖော်ထားခြင်းဖြစ်၏။
သူ့၏ မျက်ဝန်းများကလည်း လျှပ်စီးအလင်းများ ပြည့်နှက်နေပြီး လျှပ်စီးလက်တော့ မကဲ့သို့ပင် တောက်ပနေသည်။အပြာရောင် လျှပ်စီးအလင်းများက သူ့ခန္ဓာကိုယ်တွင် ရစ်ဝဲနေပြီး အပြာရောင် မြွေအမြီးကိုပင် လင်းလက်နေစေသည်။
ထိုသူက မဟာမြွေလူသားမြို့တော်၏ မြွေမျိုးနွယ်ဘုရင်တစ်ယောက်ဖြစ်သော အလယ်အလတ် တန်ခိုးရှင် အဆင့် တုခိုင်ပင် ဖြစ်သည်။
နောက်ထပ် မြွေမျိုးနွယ်ဘုရင်က အမျိုးသမီး တစ်ဦးဖြစ်သည်။သူမ၏ သေးသွယ်လှသော ခါးလေးက ဆွဲဆောင်မှုရှိစွာ လှပလှလေသည်။သူမ၏ နူးညံ့သိမ်မွေ့လှသော မျက်နာလေးပေါ်မှ လှပသည့် မျက်ဝန်းတစ်စုံကလည်း တောက်ရှူးကြယ်လေးများကဲ့သို့ လင်းလက်နေသည်။
ခရမ်းရောင်ဆံနွယ်ရှည်များက လေအလျှင်ကြောင့် တဖြတ်ဖြတ် လွင့်ခါနေပြီး ခရမ်းရောင် မြွေအမြီးကလည်း လေထဲတွက် ညင်သာစွာ လှုပ်ရမ်းနေလေသည်။
သူမက မဟာမြွေလူသားမြို့တော်၏ နောက်ဆုံး မြွေမျိုးနွယ်ဘုရင်ဖြစ်သော အနောက်ပိုင်း တန်ခိုးရှင်အဆင့် တုဝေ့ပင်ဖြစ်သည်။တုမူက မြွေမျိုးနွယ်ဘုရင်သုံးယောက်ထဲတွက် အားအနည်းဆုံးဖြစ်သည်။
ထို့ကြောင့်ပင် မြွေမျိုးနွယ်အာဏာပိုင်က သူတို့နှစ်ဦးကို စိတ်ချလက်ချဖြင့် စိန်ခေါ်ရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ထပ်လောင်းပြောရလျှင် မဟာမြွေလူသားမြို့တော်၏ ကျောထောက်နောက်ခံက ထိုမြွေမျိုးနွယ်ဘုရင် သုံးယောက်တည်း မဟုတ်သေးပေ။အနောဘက်တွင် နယ်နိမိတ်မဲ့ ပင်လယ် အရှေ့ဘက်တွင် တိမ်ဖြူစံအိမ်တို့က ပုံရိပ်ယောင်စိတ်ဝိညာဉ်နယ်မြေ၏ ကျောထောက်နောက်ခံအဖြစ် တည်ရှိနေသည်။အကယ်၍ ထိုကဲ့သို့ အထောက်အပံ့များသာမရှိလျှင် မဟာမြွေလူသားမြို့တော် တစ်ခုတည်းအနေဖြင့် လုံခြုံစိတ်ချစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။
ထို မြွေမျိုးနွယ် ဘုရင်နှစ်ယောက်က သူတို့၏ အမြီးကို လှုပ်ခါလိုက်ပြီး မြို့တော်၏ အပြင်ဘက်သို့ ပြင်းထန်သော အရှိန်ဖြင့် ပျံသန်းသွားလိုက်သည်။မြွေမျိုးနွယ် အာဏာပိုင်က အဓိကခန်းမကြီးရှေ့၌ လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်ကြည့်နေလေသည်။သူမ၏ မျက်ဝန်းများကလည်း လျှပ်စီးများ လက်နေသကဲ့သို့ တောက်ပနေသည်။
သူမ နဖူးကျောများက တွန့်ရှုံ့နေပြီး စိတ်ပူပန်မှု အရိပ်အယောင်က အထင်သား ပေါ်လွင်နေသည်။ထိုကဲ့သို့ စိတ်မငြိမ်မသက် ဖြစ်နေရခြင်းက မြွေလူသားမြို့တော်၏ အပြင်ဘက်တွင် ခြိမ်းခြောက်နေသော လူသားတစ်ယောက်ကြောင့် မဟုတ်ပေ။လူသားတစ်ယောက်က မဟာမြွေလူသားမြို့တော်၏ အဓိကအင်အားကို မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။
အကယ်၍ သေးငယ်လှသောသာမန်လူသားလေး တစ်ယောက်ကသာ မဟာမြွေလူသားမြို့တော်၏ အကာအကွယ်များကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါက သူတို့၏ မြို့တော်က ပုံရိပ်ယောင်စိတ်ဝိညာဉ် နွံမြေမှ အပြီးတိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။
သူမ စိတ်မသက်မသာ ဖြစ်နေရခြင်းမှာနယ်နိမိတ်မဲ့ ပင်လယ်မှနေ၍ ပေရာချီ မြင့်မားလှသော လှိုင်းလုံးများ တလိမ့်လိမ့်တက်လာနေခြင်းကြောင့် ဖြစ်သည်။ထိုလှိုင်းလုံးများကြားထဲ၌ မြောက်များလှစွာသော ရေသတ္တဝါများက ပုန်းအောင်းနေကြသည်။
မောက်မာထောင်လွှားသော လူသားတစ်ယောက်ထက် ထိုအဏ္ဏဝါမျိုးစိတ်များက သူမကို ပို၍ စိတ်အနှောင့်အယှက်ပေးနေပေသည်။ထိုသတ္တဝါများ ထွက်ပေါ်လာခြင်းက မဟာမြွေလူသားမြို့တော် တစ်ခုလုံးအတွက် အန္တရာယ်ပင်ဖြစ်သည်။
ပုဖန်က သက်ပြင်းတစ်ချက် အသာချလိုက်သည်။ထို့နောက် ပိတ်နေဆဲဖြစ်သော မြို့တံခါးဆီသို့ အနီရောင် မြွေအမြီးကို တရွတ်တ်ိုက် ဆွဲကိုင်ရင်း တစ်လှမ်းချင်း တိုးသွားလိုက်သည်။သူက မျက်နာသေဖြင့် မြို့တံတိုင်းပေါ်၌ ရှိနေသော မြွေလူသားများကိုလည်း မလွှဲတမ်း စိုက်ကြည့်နေသည်။
တဖြေးဖြေးချင်း ပိတ်နေသော မြို့တံခါးဆီမှလည်း သံတံခါးကို ဆွဲသည့် အသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။မြွေမျိုးနွယ် အစောင့်များ၏ ခေါင်းဆောင်က ပုဖန်ကို နေရာမှာပင်ရပ်ရန် ထပ်မံ သတိပေးလိုက်သည်။
သို့သော်လည်း သူ့ကို ပုဖန်က လုံးဝ လျစ်လျူရှူထားပြီး အရှေ့သို့ တစ်လှမ်းချင်းတိုးလာနေသည်။ပုဖန်က မြွေမျိုးနွယ်ဘုရင် တုမူကို ခွေးသေတစ်ကောင်ကဲ့သို့ တရွတ်တိုက် ဆွဲလာသောကြောင့် မြွေလူသားများ၏ မျက်ဝန်းများက ဒေါသအရှိန်ဖြင့် ပြူးကျယ်နေကြသည်။
သူတို့၏ မျက်ဝန်းထဲ၌ ဒေါသမီးတောက်များ တောက်လောင်နေသလို သူတို့ စိတ်ထဲ၌လည်း ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။ထပ်လောင်းပြောရမည်ဆိုလျှင် ထိုသူက တန်ခိုးရှင် အဆင့် မြွေမျိုးနွယ် ဘုရင် တုမူဖြစ်သည်။
"မြွေလူသားတို့ အသင့်ပြင်....."
ပုဖန်၏ နောက်ထပ် ခြေတစ်လှမ်း မြေပေါ်ကျလိုက်သည်နှင့် တစ်ပြိုင်နက် မြို့တံခါးအစောင့်၏ အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
အစောင့်တပ်သားများက မာန်တင်း၍ အံကြိတ်လိုက်ကြသည်။သူတို့၏ လက်များစီအစစ်အမှန်စွမ်းအင်များ လွှမ်းခြုံသွားပြီးနောက် မြို့တံတိုင်းပေါ်မှ အေးစိမ့်လှသော လှံရှည်များ ရွာကျလာလေသည်။
ပုဖန်က ခေါင်းမော့၍ ကောင်းကင်တစ်ခုလုံး ပြည့်နေသည့် လှံမိုးကို ကြည့်လိုက်သည်။ထို့နောက် သူ့၏ စိတ်ထဲ၌ အတွေးတစ်ချက်တွေးလိုက်ရုံဖြင့် အနက်ရောင်မီးခိုးငွေ့များ ပေါ်လာ၏။ထို့နောက် မဟူရာလိပ်ခုံး ဒယ်အိုး ပေါ်ထွက်လာလေသည်။
အစစ်အမှန် စွမ်းအင်များကို ထည့်သွင်းလိုက်သည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးက အလွန်လျှင်မြန်လှသော အရှိန်ဖြင့် ပြန့်ကားလာသည်။ပုဖန်၏ ခေါင်းပေါ်၌ ဝဲလှည့်နေသော ဒယ်အိုးက နိမ့်ဆင်းလာကာ ပုဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဒိုင်းတစ်ခုသဖွယ် ကာကွယ်ထားလိုက်လေသည်။
ရွှစ်...ရွှစ်...ရွှစ်....
မြောက်များလှစွာသော လှံရှည်များက လေဟာနယ်ကို ဖြတ်သန်း၍ ထိုးစိုက်လာကြရာ ကောင်းကင်တစ်ခုလုံးပင် နက်မှောင်သွားလေသည်။မြွေလူသား အားလုံးက အသက်ပင် မရှူပဲ အောင့်ထားလိုက်မိကြသည်။
ရုတ်တရက် မြွေမျိုးနွယ် အစောင့်ခေါင်းဆောင်က တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ပစ်လွှတ်လိုက်သော လှံရှည်များက မာကြောသော အရာရာတစ်ခုခုနှင့် ထိတွေ့မိသလိုမျိုး မီးပွားများ နေရာအနှံ့လွင့်စင်နေလေသည်။ထိုအရာက ကောင်းကင်တစ်ခုလုံး ပြည့်နေသော လှံရှည်များကို ထိရောက်စွာ ကာကွယ်ထားလေသည်။
ဧရာမ အနက်ရောင်ဒယ်အိုးပြီးတစ်ခုက သူတို့၏ရှေ့၌ လွင့်မျောနေလေသည်။မြောက်များလှစွာသော လှံရှည်များနှင့် ထိတွေ့မိသည့်တိုင်အောင် ထိုဒယ်အိုးက ပျက်စီးသွားခြင်းမရှိသည့်အပြင် ခြစ်ရာတစ်ခုမျှပင် ရှာမတွေ့နိုင်ပေ။
"ဘာကြီးလဲ......"
မြွေလူသားအစောင့်ခေါင်းဆောင်က ကြက်သီးမွှေးညင်းများ ထသွားပြီး လေအေးများ ရှူရှိုက်လိုက်မိသည်။ထိုလူသားက တကယ့်ကို ထူးဆန်းလှပေသည်။သူက မြွေမျိုးနွယ်ဘုရင် တုမူကို အနိုင်ယူခဲ့ခြင်းက အံ့သြစရာမရှိတော့ပေ။
ရွှစ်....
သန်မာလှသော မြွေလူသား အရိပ်တစ်ရိပ်က လေဟာနယ်ကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ထိုသူက ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အပြာရောင် လျှပ်စီးတန်းများဖြင့် ရစ်ပတ်ထားသည့် မြွေမျိုးနွယ်ဘုရင်ပင် ဖြစ်သည်။
မြွေအမျိုးသမီး တုဝေလည်း ရောက်ရှိလာပြီး အစောင့်များကြားထဲသို့ ဆင်းသက်လိုက်သည်။ထို့နောက်သူမက အောက်၌ရှိနေသော လူသားကို စိတ်ဝင်တစားဖြင့် အကဲခတ်လိုက်သည်။
ထို့နောက် သူမ၏ လှပသော မျက်နာလေးပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။သူမက အစောင့်ခေါင်းဆောင်ဘက်သို့လှည့်၍ လက်ဖျောက်တစ်ချက်တီးကာ ညှင်သာစွာပြောလိုက်သည်။
"မြို့တံခါးက အကာအကွယ်အစီအရင်ကို ဖွင့်လိုက်တော့....ငါတို့ ဒီလူသားကို လက်ဆောင်ကြီးကြီး ပေးကြရအောင်......"
အစောင့်ခေါင်းဆောင်က သူမကို အံ့အားသင့်သင့်ဖြင့် ကြည့်လိုက်သည်။
"မြွေဘုရင် တကယ်အတည်ပြောနေတာလား....."
"အစီအရင်တစ်ခုကို ဖွင့်လိုက်ပါ.....ဒီအမကို လူသားနဲ့ ပြောစရာလေး လုပ်ခွင့်ပေးပါဉီး......"
တုဝေ့က သူမ၏ လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီးနောက် နှုတ်ခမ်းပါးနီရဲရဲလေးကြားထဲမှ လျှာကို ထုတ်လိုက်ပြီး လက်ချောင်းများကို လျက်လိုက်သည်။သူမ၏ မျက်နာပေါ်၌လည်း ရှက်ရွံ့ဟန်ဆောင်ထားသော အပြုံးတစ်ခု အထင်းသားရှိနေသည်။
အစောင့်ခေါင်းဆောင်က တုန်ယင်သွားပြီး ချက်ချင်းပင် ပြေးထွက်သွားလိုက်သည်။မကြာခင်မှာပင် မြို့ရိုးတံတိုင်းပေါ်၌ အလင်းရောင်တစ်ခု တောက်ပလာလေသည်။
မြို့ရိုးတံတိုင်းပေါ်တွင်ရှိနေသော တုဝေ့၏ ခန္ဓာကိုယ်မှလည်း အလင်းတန်းများ ထွက်ပေါ်လာသည်။ထို့နောက် မှော်အစီအရင် နှစ်ခုမှ တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားကြသည်။
မြွေမျိုးနွယ်ဘုရင် တုဝေ့၏ သွယ်လျသော လက်ဖဝါးလေးက မှော်အစီအရင်ပေါ်ကို ဖိနှိမ့်လိုက်သည်။တစ်ခုနှင့်တစ်ခု ဆက်သွယ်လှည့်ပတ်နေသော မှော်အစီအရင်က အရှိန်ပို၍ မြန်ဆန်လာလေသည်။ထို့နောက် မှော်အစီအရင်က အလင်းရောင်ဖျော့ဖျော့လင်းလက်နေသော စွမ်းအင်လုံးအဖြစ် ပြောင်းလဲသွားသည်။
ဘန်း......
နားကွဲလောက်စရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။မြွေမျိုးနွယ်ဘုရင် တုခိုင်က အလွန်အံ့အားသင့်သင့် ဖြစ်သွားသည်။သူ့၏ ဆံပင်များကလည်း ပြင်းထန်သော လေပြင်းကြောင့် တဖြတ်ဖြတ်လွင့်ခါနေ၏။သူက တုဝေ့ကို လှည့်ကြည့်လိုက်သည်။
သူ့၏ နှုတ်ခမ်းများကလည်း မဲ့ရွဲ့သွားလေသည်။သူက တုဝေ့ကို လှည့်ကြည့်လိုက်လေရာ မြို့နံရိုးကို မှီနေသော သူမ၏ ရင်အစုံက အကြမ်းပတမ်းလှုပ်ခါနေသည်ကို တွေ့လိုက်ရသည်။မယုံကြည်နိုင်စရာကောင်းလောက်အောင် ထိုအမျိုးသမီးက တသိမ့်သိမ့်ရယ်မောနေလေသည်။
"မြို့တော်ရဲ့ အကာအကွယ်အစီအရင်က သူမအတွက် ကစားစရာလား......."
တုခိုင်က ဒေါသထွက်သွားသည်။
ကျယ်လောင်လှသော မြည်သံတစ်ခု......
ပုဖန်က သူ့ဆီသို့ ကျဆင်းလာသော စွမ်းအင်လုံးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။သူ့၏ နှလုံးသားကလည်း တုန်ယင်သွားလေ၏။
ထိုစွမ်းအင်လုံးက သူ့ကို အန္တရာယ်အငွေ့အသက်များ ခံစားမိစေသည်။ပုဖန်၏စိတ်ထဲ၌ အတွေးတစ်ချက်လက်သွားပြီး မဟူရာလိပ်ခုံး ဒယ်အိုးက အရှိန်ဖြင့် စတင်လှည့်ပတ်လာသည်။ထို့နောက် ထိုဒယ်အိုးက ပို၍ နှိမ့်ဆင်းလာကာ ဒိုင်းတစ်ခုသဖွယ် သူ့ကို ကာထားလိုက်လေသည်။
ထိုတောက်ပနေသော စွမ်းအင်လုံးက မဟူရာလိပ်ခုံးဒယ်အိုးနှင့် ပြင်းထန်စွာ ထိခိုက်မိသွားလေသည်။ကျယ်လောင်လှသော မြည်သံက သူ့၏နားစည်ကို ရိုက်ခတ်လာသည်။သူ့၏ မျက်ဝန်းများကလည်း တိမ်တိုက်များ ဖုံးလွှမ်းသွားသလို မှောင်မိုက်သွား၏။
ရိုးရှင်းလှသော သာမန် စွမ်းအင်လုံး တစ်ခုက မယုံနိုင်လောက်စရာ ဖိအားများနေပေသည်။
"သူ့၏ အမြောက်ဆန်မှော်အစီအရင်က ဒီလို သေးငယ်တဲ့ နေရာလေးတစ်ခုကို ရောက်ရှိလာလိမ့်မယ်လို့ ဘယ်သူမှ တွေးမိမှာ မဟုတ်ဘူး......ဒါပေမယ့် ထပ်လောင်းပြောရမယ်ဆိုရင်တော့ ဒီ အမြောက်ဆန် မှော်အစီအရင်က တော်တော်လေး ဒိတ်အောက်နေပြီ....."
ဘလက်ကီက ပုဖန်ကို သေချာစွာ ယှဉ်ပြလိုက်သည်။ထို့နောက် သူက အမြောက်ဆန် အစီအရင်၏ တ်ိုက်ခိုက်မှုကြောင့် မူးဝေနေဆဲဖြစ်သောပုဖန်ကို ခေါင်းမော့ကြည့်လိုက်သည်။ထို့နောက် မထိန်းချုပ်နိုင်ပဲသူ့၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားလေသည်။
"အမြောက်ဆန် မှော်အစီအရင်...ဘာကြီးလဲဟ....."
ပုဖန်၏ လက်ဝါးပေါ်၌ မဟူရာလိပ်ခုံးဒယ်အိုးက တဖြေးဖြေးပြန့်ကားလာသည်။သူ့၏ မျက်ဝန်းများက ယခုထိတိုင်အောင် ပြာဝေနေဆဲ ဖြစ်သည်။ထို တောက်ပလှသော စွမ်းအင်လုံး၏ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် သူ့ခေါင်းက မူးဝေနေဆဲဖြစ်သည်။
မြို့ရိုးထက်တွင် ရှိနေသော တုဝေ့၏ အနီရောင် နှုတ်ခမ်းပါးလေးများက ချစ်စဖွယ်ကောင်းလောက်အောင် ပွင့်ဟသွားလေသည်။သူ့၏ မျက်ဝန်းများကလည်း အံ့သြသင့်မှုဖြင့် ပြည့်နှက်နေသည်။
"ဒီလူသားရဲ့ လက်ထဲမှာ ဝှက်ဖဲတွေ ရှိနေတာပဲ.....ဒါကြောင့်လည်း သူက တုမူကို အနိုင်ယူနိုင်ခဲ့တာပဲ....ဒီအမရဲ့ အာရုံစိုက်မှုကို ရဖ်ို့ ထိုက်တန်တယ်....."
တုဝေ့က သူမရဲ့ အနီရောင်နှုတ်ခမ်းပါးလေးများကို သေးငယ်သောလျှာလေးဖြင့် သပ်ရင်း ပြောလိုက်သည်။ကောင်းကင်ယံထက်တွင်ရှိနေသော တုခိုင်က မျက်ဝန်းများ မှေးကျင်း၍ တင်းမာခတ်ထန်စွာ ကြည့်လိုက်သည်။ထို့နောက်သူ့စီက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာလေသည်။
ဘုန်း...ဘုန်း....ဘန်း....
ပုဖန်၏ စိတ်ထဲ၌ တုန်လှုပ်သွားသည်။ထို မြွေလူသား၏ စွမ်းအင်က တုမူထက် ပို၍ သန်မာနေလေသည်။တုခိုင်က ပုဖန်၏ခန္ဓာကိုယ်ကို အကဲခတ်ကြည့်ရှူလိုက်ရာ သူ့၏ စွမ်းအင်အဆင့်က သူတော်စင်ပဆင့်မျှသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ရုတ်တရက် သူ စိတ်ရှုပ်ထွေးသွားသည်။
"သူတော်စင်အဆင့်သာ ရှိသေးတဲ့လူက ဘယ်လိုဖြစ်ပြီး တုမူနဲ့ ယှဉ်ပြိုင်နိုင်တာလဲ.....ဒီတုမူကတော့ သူလေ့ကျင့်လေလေ ပိုပြီး အင်အား ရုတ်လျော့လေလေ ဖြစ်နေတာလား...."
တုခိုင်၏ လက်ထဲမှ မီတာတစ်ရာခန့် ရှည်လျားလှသော မိုးကြိုးသွားက ပုဖန်ဆီသို့ တိုက်ရိုက်ဆင်းသက်လာလေသည်။ထိုမိုးကြိုးသွားက လေထုကိုပင် ခုတ်ပိုင်း ဖြတ်လိုက်သလို ဖြစ်သွားသောကြောင့် အနားတွင်ရှိနေကြသော မြွေလူသားများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ထိုသူက အင်အားအလွန်ကြီးမားလှသော တန်ခိုးရှင်အဆင့် မြွေမျိုးနွယ်ဘုရင် ဖြစ်သည်။
ပုဖန်က မျက်မှောင်ကြုတ်လိုက်သည်။သူက လက်တစ်ဖက်တည်းဖြင့် မဟူရာလိပ်ခုံး ဒယ်အိုးကို ကိုင်ဆောင်ထားပြီး မျက်နာပင် နီရဲလာသည်အထိ လေမှုတ်ထုတ်လိုက်သည်။ရွှေရောင်တောက်ပနေသော မီးတောက်တစ်ခု သူ့ပါးစပ်ထဲမှ ထွက်ပေါ်လာလေသည်။
ကောင်းကင် ကမ္ဘာမြေ မီးလျှံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အပူချိန်က အဆင့်တစ်ခုထိ တိုးမြင့်သွားလေသည်။ထို ပူပြင်းလှသော မီးလျှံနှင့် မိုးကြိုးသွာတို့ ထိပ်တိုက်တွေ့ဆုံရာမှ နားကွဲလောက်စရာအသံ ထွက်ပေါ်လာသည်။
တုခိုင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွသည်။သူ့၏ စိတ်ထဲ၌လည်း တိတ်တဆိတ် အံ့အားသင့်နေမိသည်။
"တုမူ ရှုံးနိမ့်သွားတာ အံ့သြသင့်စရာ မရှိတော့ဘူး...."
သူတို့ မဟာမြွေလူသားမြို့တော်မှ မြွေမျိုးနွယ် ဘုရင် သုံးယောက်ထဲတွင် တုမူ တစ်ယောက်တည်းသာလျှင် မီးနှင့်ပတ်သတ်သည့် အစွမ်းရှိပေသည်။
သို့သော်လည်း တုမူ၏ မီးက သူ့၏ ရှေ့၌ ရှိနေသော လူသား၏ မီးတောက်နှင့် ယှဉ်လိုက်လျှင် အဆင့် နိမ့်နေပေသည်။
"ဒါပေမယ့်.....ဒါကဘာလဲ....."
တုခိုင်က ပါးစပ်ဖြဲ၍ သူ့၏ သွားစွယ်များကို လှစ်ဟပြကာ မာန်ဖီလိုက်သည်။ထို့နောက် မိုးကြိုးစွမ်းအင်များဖြင့် သူ့၏ လက်ကို ရစ်ပတ် လိုက်လေရာ မိုးကြိုးသွားတစ်ခု ထပ်မံထွက်ပေါ်လာသည်။
ထို မိုးကြိုးသွားက ကြောက်မက်ဖွယ်ကောင်းလှသော မိုးကြိုးမြွေအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် မီးလျှံကို ရှောင်တိမ်းကာ ပုဖန်ဆီသို့ နောက်တစ်ဖန် တိုးဝင်သွားလေသည်။
တန်ခိုးရှင်အဆင့်နှင့် ယှဉ်လိုက်လျှင် ပုဖန်၏ စွမ်းအင်အဆင့်က အတော်လေး အားနည်းနေတုန်းပင် ဖြစ်သည်။ဘလက်ကီက သူ့၏ အမှတ်သင်္ကေတဖြစ်သော ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် လှမ်းလိုက်ပြီး သူ့၏ ချစ်စဖွယ်ကောင်းလှသော ခွေးလက်လေးကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ခွေးလက်ဖဝါး ပုံရိပ်တစ်ခု ချက်ချင်း ထွက်ပေါ်လာလေသည်။
ဘန်း.....
ပုဖန်က သူ့၏ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို အလျှင်အမြန် ပြန်လည် ဆွဲယူလိုက်သည်။သို့သော်လည်း တုခိုင်၏ မိုးကြိုးမြွေကမူခွေးလက်ဖဝါး၏ ဖမ်းဆုပ်ဆွဲယူခြင်းကို ခံလိုက်ရသည်။ကောင်းကင်ယံထက်၌ ရှိနေသော တုခိုင်၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားလေသည်။
နောက်ခဏ၌ ပတ်ဝန်းကျင်တွင်ရှိသော မြွေလူသားများအားလုံး၏ မျက်ဝန်းများက အံ့သြသင့်မှုဖြင့် ပြူးကျယ်သွားလေသည်။မိုးကြိုးမြွေကို ဖမ်းယူလိုက်သော ထိုခွေးဝတုတ်က သူ့၏ လက်ဖဝါးကို လှုပ်ယမ်းလိုက်ပြီး ထိုမိုးကြိုးမြွေကို သူ့ပါးစပ်ထဲ ဆွဲယူမြိုချလိုက်လေသည်။
"ဘယ်လိုတောင်လဲဟ....မင်းက မိုးကြိုးကို မြိုချရဲတယ်.....အဲ့ဒီလျှပ်စီးဒဏ်တွေကြောင့် မင်းသေသွားမှာကို မကြောက်ဘူးလား....."
တုခိုင်၏ နှလုံးသားက ပေါက်ထွက်မတက် ခုန်နေပြီး မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်နေကာ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ယခုလက်ရှိ အချိန်၌ မဟာမြွေလူသား မြို့တော်ရှိ မြွေမျိုးနွယ် ဘုရင် နှစ်ယောက်စလုံးက သတိလစ်လူမတက်ပင် အံ့အားသင့်နေကြသည်။