အပိုင်း ၃၈၇
Viewers 53k

အခန်း ၃၈၇

လူတိုင်း ရောက်လာပြီ..


ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအထက်၌....ရွှေရောင်တောက်ပနေသော စစ်သင်္ဘောတစ်စင်း တဖြေးဖြေးချင်း ရွက်လွှင့်လာသည်။သင်္ဘော၏ ပြင်းထန်လှသော စက်အင်ဂျင်အသံနှင့်အတူ လေပြင်းများ တိုက်ခိုက်နေ၏။


ပြင်းထန်လှသော လေပြင်းတိုက်ခိုက်မှုကြောင့် ရွှံ့နွံမြေထဲမှ ရွှံ့ရည်များ နေရာအနှံ့သို့ လွင့်စင်သွားပြီး လေထဲ ရွှံ့နှံ့များ ထောင်းထောင်းထသွားသည်။


အရွယ်အစားကြီးမားပြီး ခန့်ညားထည်ဝါလှသော စစ်သင်္ဘောကြီးက လေထုထဲ၌ ရပ်တန့်နေသည်။ထိုသင်္ဘော၏ အတွင်းပိုင်း၌ ကောင်းကင်ကမ္ဘာမြေကိုပင် ရွေ့သွားမလောက် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများ ထုတ်လွင့်နေသည့်ပုံရိပ်တစ်ရိပ် ရပ်နေသည်။


ရွှံ့နွံရည်များ နေရာအနှံ့လွင့်စင်နေသလို နွံမြေအတွင်း နေထိုင်ကြသော သားရဲများကလည်း လွတ်လမ်းကိုရှာဖွေကာ အလျှင်အမြန် ပြေးလွှားနေကြသည်။ပို၍ အစွမ်းထက်သော အဆင့် ၈ သားရဲများကမူ သူတို့၏ ထက်မြေ့လှသော အစွယ်များကို လှစ်ဟလျက် ရွှေရောင်တောက်ပနေသော သင်္ဘောဆီသို့ မာန်ဖီနေကြသည်။


သို့သော်လည်း သင်္ဘောပေါ်၌ ရပ်နေသော တောက်ပလှသော မျက်လုံးတစ်စုံကို ရင်ဆိုင်လိုက်ရသည်နှင့် ပြန်လည်၍ အမြီးကုတ်သွားကြသည်။သားရဲများက တအီအီအော်မြည်လိုက်ပြီးနောက် အလျှင်အမြန် ပြေးထွက်သွားကြသည်။


ခေါင်းဆောင်ဖန်းက ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေတစ်ခွင်ကို အကဲခတ်ကြည့်ရှူလိုက်သည်။ထိုနယ်မြေက တောင်ပိုင်းဒေသမှ စစ်သည်တော်အတွက် မလုံခြုံ အန္တရာယ်များသော နေရာဟု တွေးနိုင်သော်လည်း သူတို့ မဟာဂိုဏ်းမှ သူများအတွက်မူ အလွန်လုံခြုံမှု ရှိသည်။


ထိုနေရာက သူတို့အတွက် အန္တရာယ်လုံးဝ မရှ်ိနိုင်ပေ။ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအတွင်းမှ မသေမျိုး ခန္ဓာကိုယ်အဆင့် စ်ိတ်ဝိညာဉ် သားရဲ တစ်ကောင်မှ ပေါ်မလာဘူးလေရာ သူတို့ မဟာဂိုဏ်းမှ စစ်သည်တော်များကို အနှောင့်အယှက် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရာ မရှိပေ။


သင်္ဘောကြီး၏ သံတံခါးဆီမှ ပြင်းထန်လှသော အသံများ ထွက်ပေါ်လာသည်။ထို့နောက် သင်္ဘောဝမ်းဗိုက်အတွင်းမှ မဟာဂိုဏ်း၏ တပည့်စစ်သည်များ ထွက်ပေါ်လာလေသည်။သူတို့၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်လှသော စွမ်းအင်အငွေ့အသက်များ ထုတ်လွင့်နေသည်။


အကြီးအကဲ တစ်ယောက်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်ဆောင်ဖန်းကို တစ်စုံတစ်ရာတီးတိုး ပြောဆိုလိုက်သည်။ခေါင်းဆောင်ဖန်းက ခဏမျှ တည်ငြိမ်နေပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။


"မင်းပြောတာက ကောင်းကင်ဘုံ ဆယ်ပါးအမွေခံ လျန့်ခိုင်က ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက် ထွက်ပေါ်လာတဲ့ လေ့ကျင့်ရေး ကွင်းပြင်ထဲကို လာနေပြီလို့ ပြောတာလား......"


အကြီးအကဲက လေးပင်စွာ မျက်နာက ရှုံ့မဲ့သွားပြီး သူ့ခေါင်းညိတ်ပြလိုက်သည်။


ခေါင်းဆောင်ဖန်း၏၏ စိတ်ထဲ၌လည်း မကောင်းသော ခံစားချက်များ ပြည့်နှက်သွားသည်။ကောင်းကင်ဘုံ ဆယ်ပါး အမွေခံများအားလုံးက အဆင့် ၁၀ နတ်ဘုရားနယ်ပယ်အဆင့်သို့ ရောက်ရှိနေကြသူများပင် ဖြစ်သည်။ထို့အပြင် သူတို့ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှု စွမ်းရည်ကလည်း အလွန်သန်မာကြသည်။


သူတို့တစ်ဦးချင်းစီကလည်း ဝှက်ဖဲများ ကိုင်ဆောင်ထားကြသောကြောင့် ကိုင်တွယ်ဖြေရှင်းရန်က အလွန်ခက်ခဲလှသည်။ကောင်းကင်ဘုံအမွေခံက ကောင်းကင်ကမ္ဘာမြေ မီးတောက်ရှိရာဆီသို့ ရောက်လာခဲ့လျှင် ထိုအချင်းအရာ ခေါင်းဆောင်ဖန်းကို ခေါင်းခဲစေလိမ့်မည်။


ထပ်လောင်းပြောရလျှင် ကောင်းကင်ဘုံအမွေခံက လေ့ကျင့်ရေးကွင်းထဲမှ သလင်းကျောက်တွင်းကို ရှာဖွေတွေ့ရှိသွားလျှင် သူတို့၏ ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။


ဂိုဏ်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မှုများက ပြင်းထန်ရက်စက်လှသည်။သူတို့၏ လေ့ကျင့်မှု အရင်းအမြစ်များအတွက် သူတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် လိုအပ်ပေသည်။


ခေါင်းဆောင်ဖန်းက အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်သည်။ထို့နောက် သူ့၏ မျက်လုံး၌ အလင်းရောင်တစ်ချက် လက်သွားပြီး အမိန့်ပေး ပြောဆိုလိုက်သည်။


"စစ် သင်္ဘောကို အရှိန်မြင့်လိုက် ....ငါတို့ သလင်းကျောက်တွင်းကို ဖြစ်န်ိုင်သမျှ အမြန်ဆုံး သိမ်းပိုက်ရမယ်....."


ယခုလက်ရှိအချိန်၌ ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက် အကြောင်းက သူ့စိတ်ကူးထဲမှ ထွက်သွားပေပြီ။


လျန့်ခိုင်က ကောင်းကင်ဘုံအမွေခံ ဆယ်ပါးထဲ၌ အားအနည်းဆုံးဖြစ်သော်လည်း သူ့၏ ယှဉ်ပြိုင်ဘက် မဟုတ်ကြောင်း ခေါင်းဆောင်ဖန်းက ကောင်းစွာ သိပေသည်။


သူ လျန့်ခိုင် ရောက်မလာခင် သလင်းကျာက်တွင်းကိုအမြန်ဆုံး သိမ်းပိုက်ရပေမည်။ထို့နောက် ဂိုဏ်းသို့ ပြန်လည်၍ သတင်းပို့ပေးပြီးနောက် သူ့၏ ရှာဖွေတွေ့ရှိမှုကို ဂုဏ်ပြုခြင်း ခံရပေမည်။


................


တလိမ့်လိမ့်တက်လာသော ပြင်းထန်လှသည့် လှိုင်းလုံးများက ကောင်းကင်ကိုပင် လွှမ်းမိုးမတက် ဖြစ်နေသည်။လှိုင်းလုံးများ ရိုက်ခတ်လိုက်တိုင်း၌ နားကွဲလောက်စရာ အသံများလည်း ထွက်ပေါ်နေသည်။


မီတာရာကျော် မြင့်မားသောလှိုင်းလုံးကြီးများ နီးကပ်လာသည်နှင့်အမျှ လှိုင်းလုံးထဲတွင် ပုန်းအောင်းနေသော ရေသတ္တဝါများ၏ ပုံစံကလည်း သိသာထင်ရှားလှကြသည်။ထို ရေသတ္တဝါများက အော်ဟစ်ကြွေးကြော်လိုက်ပြီး မတ်စောက်လှသည့် ကမ်းပါးပေါ်သို့ ပြေးတက်လာကြသည်။


အဏ္ဏဝါမျိုးစိတ်များထဲမှ အပြာရောင် အရေပြားရှိသည့် စစ်သည်တော်များက လှိုင်းလျှောစီး၍ ဝင်ရောက်လာကြသည်။သူတို့၏ မျက်ဝန်းများက ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေကို မလွဲတမ်း အကဲခတ်နေကြသည်။


ထိုအဏ္ဏဝါ မျိုးစိတ်များကြားထဲ၌ ကြောက်မက်ဖွယ်ကောင်းလှသော သတ္တဝါ တစ်ကောင်လည်း ပါဝင်နေသည်။ထိုသူက နောက်ကျောဘက်တွင် စူးချွန်များပြည့်ပြီး သွားစွယ်များလှစ်ဟထားသည့် ရေသတ္တဝါ၏ ကျောကုန်း၌ ထိုင်နေသည်။ထိုသတ္တဝါက စွမ်းအင်အမြောက်အများ ထုတ်လွင့်နေသည့် ပုစွန်ကဲ့သို့သော သားရဲတစ်ကောင်ပင်ဖြစ်သည်။


ထိုသတ္တဝါ၏ ခန္ဓာကိုယ်က အရစ်ရစ်လိုင်းများဖြင့် ပိုင်းခြားထားသလို ဖြစ်နေသည်။သူ့၏ ခေါင်းထက်၌ ချွန်ထက်သော ကြိုးရှည် နှသ်ချောင်းလို တည်ရှိနေပြီး ဓားကဲ့သို့ ထက်မြေ့လှသော လက်ခွ နှစ်ချောင်းလည်းရှိသည်။


သူ့၏ မျက်လုံးပြူးပြူးများက လည်နေပြီး သူ့၏ ပါးစပ်၌လည်း အဖြူရောင်အမြှုပ်များ တစီစီထွက်နေသည်။ ထိုသတ္တဝါက ရေလှိုင်းများကြား၌ တည်ငြိမ်စွာပင် လမ်းလျှောက်လာသည်။


ထိုသတ္တဝါက အဆင့်မြင့် ရေသတ္တဝါ ပင်လယ်နက် ကျိုင်းပုစွန်ဖြစ်သည်။သူ့၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်လျှင် ဆယ်မီတာမျှ ရှည်လျားသည်။သူ့၏ ပုံသဏ္ဍာန်က ကြမ်းကြုတ်ရက်စက်မှုများဖြင့် ပြည့်နှက်နေသော ရှေးဟောင်းသတ္တဝါ တစ်ကောင်နှင့်ပင် ဆင်တူသည်။


"အဏ္ဏဝါမျိုးစိတ်တွေရဲ့ နမိတ်ဖတ်ဆရာက ငါတို့ ပုစွန်မျိုးနွယ်က ဒီပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေမှာ မွေးဖွားခဲ့တယ်လို့ ဟောခဲ့ကြတယ်.....တကယ်လို့ ငါတ်ို့သာ ပုံရိပ်ယောင် စိတ်ဝိညာဉ် နေရာမှာ ငါတို့ ပုစွန်မျိုးစိတ်တွေရဲ့ နေရာကို ပြန်လည်ရယူမယ်ဆိုရင် ကျဉ်းမြောင်းတဲ့ ပင်လယ်ပြင်ကနေ ထွက်နိုင်လိမ့်မယ်.....ငါတ်ို့က အဆင့်မြင့် သားရဲတြွေဖစ်လာပြီး ကျယ်ပြောတဲ့ ရေပြင်ကျယ်ကို အုပ်ချုပ်နိုင်လိမ့်မယ်......"


ထို ပုစွန်ကဲ့သို့ သားရဲပေါ်တွင် ထိုင်နေသည့် အပြာရောင် အသားအရည်နှင့် စစ်သည်တော်က သူ့၏ ပါးစပ်ကို ဖွင့်ဟလိုက်လေရာ ရှည်လျားချွန်မြသည့် သွားစွယ်နှစ်ချောင်းပေါ်လာသည်။သူက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို လှည့်လည် အကဲခတ်နေသည်။


ထို အဏ္ဏဝါမျိုးစိတ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ပါးစပ်ကို ဖွင့်ဟလိုက်သည်။သူ့၏ ပါးစပ်ထဲမှ ပင်လယ်ရေများ ပန်းထွက်လာကာ ကောင်းကင်ထိတိုင်အောင် ထိုးတက်သွားလေသည်။ထိုရေများထဲ၌ တခြားအဏ္ဏဝါမျိုးစိတ်များ မျောပာနေသည်။


စက္ကန့်ပိုင်းအတွင်းမှာပင် အော်ဟစ်ကျိန်းဝါးသံများ ဆူညံစွာ ထွက်ပေါ်လာပြီး ထို အဏ္ဏဝါမျိုးစိတ်များက ကောင်းကင်ထက်ဆီသို့ တဟုန်ထိုး ထိုးတက်သွားသည်။


ထိုအဏ္ဏဝါမျိုးစိတ်များ၏ မြင်ကွင်းထဲ၌ ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေပေါ်ရှိ မတ်စောက်လှသော ကမ်းပါးက တဖြေးဖြေး ကြည်လင် ထင်ရှားလာသည်။


............


ဘလက်ကီက အပြာရောင်မိုးကြိုးကို လျှာဖြင့် သိမ်းလိပ်ယူလိုက်ပြီး မြိုချလိုက်သည်။သူခဏမျှ မိုးကြိုးကို တကျွတ်ကျွတ် ဝါးနေပြီး သူ့၏ မျက်နာပေါ်မှလည်း အလင်းရောင်များ တဖြတ်ဖြတ် ပြေးနေသည်။


ပုဖန်ကလည်း အနည်းငယ် အံ့သြသင့်သွားသည်။ကြည့်ရသည်မှာ ထိုခွေးဘုရင်၌ မိုးကြိုးစားသည့် အပို ဝါသနာတစ်ခုရှိနေပုံပေါ်သည်။ထိုခွေးကို အစားကျွေးရသည်မှာ ပို၍ပို၍ လွယ်ကူလာပေသည်။


တုခိုင်နှင့် တုဝေ့တို့နှစ်ဦးကလည်း တုန်လှုပ်အံ့အားသင့်နေရာမှ ပြန်လည်၍ စိတ်ငြိမ်သက်သွားသည်။သူတို့၏ မျက်နာများက မဲမှောင်နေသည်။သူတို့ အနက်ရောင်ခွေးကို ကြည့်လိုက်သည့် အကြည့်များက ပို၍ သတိရှိလာသည်။


သူတော်စင်အဆင့်မျှသာရှိသော သူက သူတို့၏ တန်ခိုးရှင်အဆင့် စစ်သည်တော်ကို ရှုံးနိမ့်စေခဲ့သည့်အပြင် သူ၏ ခန္ဓာကိုယ်ကိုလည်း တရွတ်တိုက်ဆွဲလာသေးသည်။ထိူသူ့၏ လက်ထဲ၌ ဝှက်ဖဲများ ရှိနေသည်မှာ သေချာလှပေသည်။


အလယ်အလတ် တန်ခိုးရှင်အဆင့်ဖြစ်သော တုခိုင်ပင်လျှင် ထိုမိုးကြိုးကို မြိုချနိုင်လိမ့်မည် မဟုတ်ပေ။ထိုခွေးက တုမူကို ရှုံးနိမ့်စေခဲ့သော ရန်သူ၏ အဓိကဝှက်ဖဲဖြစ်ပေလိမ့်မည်။


သူတို့နှစ်ယောက်နှင့် ယှဉ်လိုက်လျှင် တုမူက ပို၍ အားနည်းသည်။တုဝေ့ကို ဖယ်ထားလိုက်ရင်ဖြင့် တုခိုင်က ထို ခွေးကို ရိုက်နှက်နိုင်လောက်အောင် သန်မာသည်။


သို့သော်လည်း ထိုမိုးကြိုးကို မြိုချနိုင်သည်ဟု ပြောဖို့ရန် ယုံကြည်ချက်မရှိပေ။ထိုမိုးကြိုးက မည်မျှ ပြင်းထန်ကြောင်း ဘုရားသာ သိပေလိမ့်မည်။ထိုမိုးကြိုးကို စားသုံးမိလျှင် စားသုံးသူ၏ ဗိုက်ကို ပေါက်ကွဲသွားစေပေလိမ့်မည်။

 

တုဝေ့က သူမ၏ အမြီးကို လွှဲယမ်းလိုက်ရင်း မြို့တံတိုင်းထက်ဆီမှနေ၍ လေထဲသို့ ပျံဝဲတက်လာသည်။ထို့နောက် ခပ်လှမ်းလှမ်းတွင်ရှိနေသာ သွားဖြဲပြနေသည့်ဘလက်ကီနှင့် မျက်နာချင်းဆိုင်လိုက်သည်။


သူမ၏ ခရမ်းရောင် ဆံပင်များက လေအရှိန်ကြောင့် တဖြတ်ဖြတ် လွင့်ခါနေသည်။သူမ၏ မျက်နာပေါ်၌ ရမက်ဆန်သော အပြုံးတစ်ခု ပေ့်လာလေရာ သူမ၏ သွင်ပြင်က ပို၍ ဆွဲဆောင်မှု ရှိလာသည်။


ခရမ်းရောင် အဝတ်အစားများကြားထဲမှ ပြည့်လျှံထွက်နေသော သူမ၏ ရင်သားတစ်စုံက အနားရှိ သူများ၏ အကြည့်ကို ဖမ်းစားထားလေသည်။


"ဘယ်လောက်တောင် ဆန်းကြယ်လိုက်သလဲ.....တုခိုင် နင့်ရဲ့ မိုးကြိုးသွားကလည်း နုနယ်လိုက်တာ ......ဒီခွေးကိုတောင်မှ မယှဉ်ပြိုင်နိုင်ဘူး......"


တုဝေ့က လှပစွာ လက်ဖျောက်တီး၍ ပြောလိုက်ပြီး ခပ်မဲ့မဲ့လေး ပြုံးလိုက်သည်။တုခိုင်က တုဝေ့ကို စူးရြှပင်းထန်စွာ ကြည့်လိုက်သည်။ထို့နောက် သူ့ခန္ဓာပေါ်ရှိ ကြွက်သားများက လှုပ်ရှားသွား၏။


အပြာရောင်ဆံပင်များ၌လည်း မိုးကြိုးအလင်ူများ ဖြာထွက်နေပြီး သိပ်သည်းလှသော မိုးကြိုးစွမ်းအင်များက သူ့ခန္ဓာကိုယ်၌ လွှမ်းခြုံလာသည်။ထို့နောက် သူက မိုးကြိုးမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။


တုခိုင်ဆီမှ မိုးကြိုးသွားတစ်ခု ထပ်မံထွက်ပေါ်လာသည်။ထိုမိုးကြိုးသွားက ပစ်မှတ် အသစ်ကို ရှာတွေ့သွားသကဲ့သို့ ခွေးဝတုတ်ထံသို့ တိုးဝင်သွားသည်။


ဘလက်ကီက ထိုမိုးကြိုးသွားကို အထင်သေး ရှုံ့ချသည့် ပုံစံဖြင့် မျက်လုံးစွေကြည့်လိုက်သည်။


"အဲ့ဒီ မိုးကြိုးသွားရဲ့အရသာက ဆိုးရွားတယ်.....ပြီးတော့ ကြမ်းလည်းကြမ်းတမ်းတယ်......စိတ်ပျက်စရာပဲ......"


ဘလက်ကီက တိတ်တဆိတ် မြည်တမ်းလိုက်သည်။ထို့နောက် သူ့၏ မျက်ဝန်းများကို မှေးကျင်းလိုက်ပြီး ပါးစပ် ကျယ်ကျယ်ဖွင့်ဟလိုက်သည်။သူ့၏ မေးရိုးများက ရုတ်တရက်ကြီးထွားးလာပြီးနောက် ကြီးမားလှသော သွေးနီရောင် ပါးစပ်အဖြစ်သို့ ပြောင်းလဲသွားသည်။


ထို့နောက် ကောင်းကင် ပေါ်မှ ကျဆင်းလာသော မိုးကြိုးသွားကို မျက်နာချင်းဆိုင်လိုက်ပြီး ခွေးဘုရင်က ကျယ်လောင်လှသော ဟောင်သံကို ထုတ်လွှင့်လိုက်သည်။


ဝု......


ကြမ်းတမ်းရိုင်းစိုင်းသော သတ္တဝါတစ်ကောင်၏ အမျက်ဒေါသကဲ့သို့ ပင် ထ်ိုဟောင်သံက ကောင်းကင်ယံတက်ဆီသို့ပင် ထိုးတက်သွားသည်။များပြားလှသော စွမ်းအင်များ လှုပ်ခတ်သွားပြီး လေထဲ၌ ရှိနေသော တုခိုင်ကို ဗြုန်းစားကြီး အောက်သို့ ဆင်းသက်သွားစေသည်။


မိုးကြိုးသွားက အောက်သို့ ကျဆင်းရန်ပင် အခွင့်အရေး မရလိုက်ပဲ ဟောင်သံကြောင့် ကြွေလွင့် ပျောက်ကွယ်သွားသည်။လေထဲတွင် ပျံဝဲနေသော တုခိုင်၏ မျက်နာက ရှုံ့မဲ့သွားသည်။ခွေးဟောင်သံကြောင့် သူ့၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းသွားသည်။သူ မလှုပ်ရှားနိုင်တော့သည်ကို သတိပြုမိလိုက်သောအခါ သူ့နှလုံးသားက စိုးရိမ်ကြောင့်ကြမှုဖြင့် ခုန်လှုပ်လာလေသည်။


သောင်းချီသော မိုးကြိုးသွားများက သူ့ဆီသို့ ပြန်လည် ပျံသန်းလာပြီး သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်တောက်သွားကြသည်။သူ့၏ ခန္ဓာကိုယ်က မြင့်မားလှသောမြို့ရိုးတံတိုင်းနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသောကြောင့် မြေပြင်ပင် သိမ့်သိမ့်ခါသွားသည်။


တုခိုင်၏ ပတ်ဝန်းကျင်တွင် ပြင်းထန်သည့် မိုးကြိုးပစ်သံများ အဆက်မပြတ်ရိုက်ခတ်နေသည်။


"သာမန် ခွေးဟောင်သံလေးက တန်ခိုးရှင်တစ်ယောက်ကိုတောင် ဖိနှမ့်နိုင်တာလား.....ဒီခွေးက နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ်....."


တုဝေ့၏ မျက်နာက တောင့်တင်းသွားသည်။သူမ၏ ဆွဲဆောင်မှု ရှိလှသော နှုတ်ခမ်းပါးလေးများက ထိတ်လန့်အံ့အားသင့်မှုကြောက် တဆတ်ဆတ် တုန်ယီနေသည်။


ထိုခွေးဟောင်သံကြောင့် နန်းတော်ထဲ၌ အတွေးများနေသော မြွေမျိုးနွယ် အာဏာပိုင်လည်း တုန်ယင်သွားသည်။သူမ နန်းတော်ပေါက်ဝဆီသို့ လှည့်၍ မျှော်ကြည့်လိုက်သည်။သူမ၏ တင့်တယ်လှပလှသော မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားသည်။


ခွေးဟောင်သံကို ကြားလိုက်လျှင် သူမ၏ နှလုံးသားက အခုန်မြန်လာသည်။ထိုခွေးဟောင်သံက နိမိတ်မကောင်းသည့် ခံစားချက်များကို ခံစာစရစေသည်။ထိုခွေးဟောင်သံက မြို့ပြင်ဘက်ဆီမှ လာနေခြင်း ဖြစ်သည်။


"တုခိုင်နဲ့ တုဝေ့တို့ နှစ်ယောက်ပေါင်းတဲ့ အင်အားနဲ့တောင်မှ ပြဿနာရှိနိုင်လို့လား.....ဖြစ်နိုင်တာက မြို့ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူသားက အနည်းအကျဉ်း ထိခိုက်သွားတာ ဖြစ်နိုင်တယ်......"


ခမ်းနားထည်ဝါလှသော နန်းတော်ကြီးထဲတွင် ချုပ်ခံထားရသည့် ယုဖူကလည်း ထို ရင်နှီးကျွမ်းဝင်လှသော ခွေးဟောင်သံကို ကြားလိုက်ရသည်။သူမ၏ လှပသောမျက်နာလေးပေါ်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာပြီးမျက်ဝန်းများ ဖွင့်ကြည်လိုက်သည်။


"ဒါ ဘလက်ကီရဲ့ ဟောင်သံပဲ.....အဲ့ဒါ ပိုင်ရှင်ပုပဲ....."


ထိုအံ့အားသင့်မှုကြောင့် ယုဖူ၏ နှလုံးသားက တုန်ယင်သွားသည်။သူမက ပျော်ရွှင်လွန်းလှသောကြောင့် ငိုချမိမတက်ဖြစ်သွားသည်။


...........


မဟာမြွေလူသားမြို့တော်၏ အပြင်ဘက်၌ ပုံရိပ်တစ်ရိပ်က ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သန်းသွားနေသည်။ထိုပုံရိပ်က ဆန်းကြယ်လှသော ဓားပျံပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ခရီးသွားနှင်ခြင်း ဖြစ်သည်။


ရုတ်တရက် မဟာမြွေလူသားမြို့တော်ဆီမှ ပျံ့လွင့်လာသော ခွေးဟောင်သံကို ကြားလိုက်ရသည်။ဝုမူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့၏ နှလုံးသားက တုန်ယင်သွားသည်။


"ဒီခွေးဟောင်သံကို ဘာကြောင့် ရင်းနှီးနေရတာလဲ....ဒီလို ကြောက်စရာကောင်းတဲ့ တ်ာရှိမှုမျိုးက အင်ပါရီယာ မြို့တော်မှာပဲ ရှိနေသင့်တယ် မဟုတ်ဘူးလား....ဘယ်လိုဖြစ်ပြီး မဟာမြွေလူသားမြို့တော်မှာ ပေါ်လာရတာလဲ......သေစမ်း....တုလီက အဲ့ဒီကြောက်စရာကောင်းတဲ့ သတ္တဝါကို ရန်စလိုက်တာလား..... ကြောက်စရာကောင်းတဲ့ သတ္တဝါနဲ့ ရင်ဆိုင်နေရတာလား....သူ အဲ့ဒီသတ္တဝါကို ရန်မစသင့်ဘူး...."


ဝုမူ၏ နှလုံးသားက ပို၍ တုန်ယင်သွားသည်။သူ့စိတ်ထဲ၌ အတွေးတစ်ချက် လက်သွားပြီးနောက် ခန္ဓာကိုယ်မှ စွမ်းအင်များ ပိုမို ဖြာထွက်လာသည်။ထို့နောက် ဓားပျံက အလင်းတန်းတစ်ခုသဖွယ် လေထုကို ဖြတ်သန်းသွားပြီး မဟာမြွေလူသား မြို့တော်ရှိရာဆီသို့ အရှိန်ဖြင့် ပျံသန်းသွားလေသည်။


............


ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေအတွင်း၌ ဝူရန်ပိုင်က နတ်ဆိုးမြင်းကို စီး၍ အသော့နှင်နေသည်။ထိုမြင်းက စိုစွတ်ထူထဲလှသည့် ရွှံ့နွံမြေအတွင်း၌ ပင် အလျှင်အမြန် သွားလာနိုင်သည်။


ခွေးဟောင်သံ တစ်ခုက သူမ၏ နားအတွင်းသို့ ပဲ့တင်ထပ် ရိုက်ခတ်လာသောကြောင့် သူမတွန့်ကနဲ ဖြစ်သွားသည်။


"ဘယ်လိုဖြစ်ပြီး ဒီခွေးဟောင်သံက ရင်းနှီးနေတယ်မဟုတ်ဘူးလား....."


သူမ၏ စိတ်ထဲ၌ ကြောင်တစ်ကောင်ကဲ့သို့ လမ်းလျှောက်တက်သော ခွေးဝတုတ်တစ်ကောင်၏ ပုံစံပေါ်လာသည်။သူမ အတွေးနက်နေစဉ်မှာပင် သူမအပေါ်သို့ အမှောင်ထု ကျဆင်းလာသည်ကို ခံစားလိုက်မိသည်။


သူမ၏ နှလုံးသားကတုန်ယင်သွားပြီး သိချင်စိတ်ဖြင့်ခေါင်းမော့ ကြည့်လိုက်သည်။


ခေါင်းအထက်၌ စစ်သင်္ဘောတစ်စင်းရှိနေသည်။ထိုသင်္ဘောက ကောင်းကင်တစ်ခုလုံးကို ဖုံးကာနေလောက်အောင် ကြီးမားလှသည်။စစ်သင်္ဘောဆီမှ စိမ့်ထွက်နေသည့် ပြင်းထန်လှသည့် စွမ်းအင်များကြောင့် ဝူရန်ပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။


သင်္ဘောကုန်းပတ်ပေါ်၌ လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသော ပုံရိပ်တစ်ခုကိုလည်းသူမတွေ့လိုက်ရသည်။


ထိုသူ၏ လျှပ်စီးတန်းကဲ့သို့ မျက်ဝန်းအကြည့်က လေထုကို ဖြတ်သန်း၍ သူမအပေါ်သို့ ကျရောက်လာသည်။ဝူရန်ပိုင်၏ မျက်ဝန်းများက ထိုးဖောက်ခံလိုက်ရလသလို နာကျင်သွားသည်ကို ခံစားလိုက်မိသည်။သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။


သူမစီးနှင်းထားသော နတ်ဆိုးမြင်းကလည်း ပြင်းထန်လှသော ဖိအားကြောင့် တောင့်မခံနိုင်စွာ ရွှံ့နွံထဲ ဒူးထောက်ကျသွားသည်။ခန္ဓာကိုယ်အနှံ့ ရွှံ့နွံများ ပေကျံသွားသော်လည်း သူ တစ်လက်မမျှပင် ရွှေ့ယမ်းခြင်း မရှိပေ။သင်္ဘောကုန်းပတ်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသော ခေါင်းဆောင်ဖန်းက ဝူရန်ပိုင်ကို နှိမ်ချသည့် အကြည့်နှင့် ကြည့်နေသည်။


"အိုး.....လေ့ကျင့်ရေးကွင်းပြင်ရဲ့ ဒေသခံလေးပါလား.....သူတော်စင် အဆင့်ပဲ ရှိသေးတယ် ဟမ်း.....ဒါပေမယ့် သူက သလင်းကျောက်တွင်းရှိမယ့် နေရာကို သိတယ်ဆိုရင်တော့ လမ်းပြအဖြစ် အသုံးဝင်လိမ့်မယ်....."


ခေါင်းဆောင်ဖန်းက တစ်ချက်မဲ့လိုက်ပြီး သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်။


မျက်ရည်များသုတ်၍ မျက်လုံးဖွင့်လိုက်သော ဝူရန်ပိုင်က သူမ၏ ခန္ဓာကိုယ်လှုပ်ရှားမရသည်ကို ခံစားလိုက်မိသည်။ကောင်းကင်ထက်ဆီမှနေ၍ ကြီးမားလှသော လက်တစ်ဖက်က ဖိနှိပ်ကျရောက်လာပြီး သူမကို စစ်သင်္ဘောဆီသို့ ခေါ်ဆောင်သွားလေသည်။


ထို့နောက် စစ်သင်္ဘောဆီမှ အင်ဂျင်စက်သံကို ကြားလိုက်ရသည်။


ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေက တစ်ဖန် ပြန်လည် ငြိမ်သက်သွားလေသည်။ 


နောက်တပတ် သောကြာမှ ပြန်တွေ့ကြပါမယ် 

Gp ဝင်ချင်တဲ့သူများ.gp 6&7 (1000)

Gp 8 (1000) နဲ့ လျော့ပေးထားပါတယ်နော် 


အားလုံးပဲဘေးကင်းကြပါစေ။