အပိုင်း ၃၈၉
Viewers 62k

အခန်း ၃၈၉

ကျိုင်းပုစွန်နှပ်... 


"ပိုင်ကျန့်က ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ....သူက သလင်းကျောက်တွင်းတွေကို ကြီးကြပ်နေတာ မဟုတ်ဘူးလား....."


ပိုင်ကျန့်၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော သွေးများက မြေပြင်ပေါ် စွန်းထင်းသွားသည်ကို ကြည့်ရင်း မြွေမျိုးနွယ်အာဏာပိုင်နှင့် ဝူမူတို့နှစ်ယောက်လုံး ထိတ်လန့် အံ့အားသင့်သွားကြသည်။


ပိုင်ကျန့်၏ ခန္ဓာကိုယ်တစ်ခုလုံးက နက်ရှိုင်းလှသော ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သွေးများ မြင်မကောင်းအောင် စိမ့်ထွက်နေလေသည်။


တန်ခိုးရှင် အဆင့်သို့ပင် ရောက်ခါနီးသည့် ပိုင်ကျန်ကဲ့သို့ စစ်သည်တော် တစ်ယောက်က ထိုကဲ့သို့ ဒဏ်ရာရလာသည်မှာ တွေးမကြည့်နိုင်လောက်အောင်ပင် ထူးဆန်းလှသည်။


"ပိုင်ကျန့်ကို ဒီလို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် ဘယ်သူလုပ်လိုက်တာလဲ....."


ပုဖန်ကလည်း ပိုင်ကျန့်၏ ခန္ဓာကိုယ်မှ စိမ့်ထွက်နေသော သွေးများ မြေပြင်ပေါ် စီးကျသွားသည်ကို ကြည့်နေမိသည်။သူ သိခဲ့သော ပိုင်ကျန့်၏ လက်ရှိအခြေအနေကို သူ အံ့အားသင့်နေမိသည်။ပိုင်ကျန့်က ချောင်းအဆက်အပြတ်ဆိုး၍ သွေးအန်ထုတ်လိုက်သည်။


ထို့နောက် သူက မျက်လုံးပြူးများဖြင့် ဝူမူကို ကြည့်၍ ခက်ခက်ခဲခဲ စကားတစ်ချို့ပြောရန် ကြိုးစားလိုက်သည်။


"စံ...စံ....စံအိမ်သခင် သလင်းကျောက်.....သလင်းကျောက်တွင်း ....."


ထင်ထားသည့်အတိုင်း သလင်းကျောက်တွင်းပင် ဖြစ်သည်။သူတို့အားလုံး ပိုင်ကျန့်က သလင်းကျောက်တွင်းဟုပြောလိုက်သည်နှင့် စိတ်ထဲ၌ တင်းကျပ်သွားသည်။


သလင်းကျောက်တွင်း၌ မတော်တဆမှု တစ်ခုခုရ်ှနေပေပြီ။ပိုင်ကျန့်၏ လက်ရှိအခြေအနေအရ အကဲခတ်ပြောရလျှင် ကောင်းမွန်သည့် အရာများ ဖြစ်လာပေါ်မပုံပေ။


သူတို့အားလုံး ခဏမျှ တိတ်တဆိတ် စဉ်းစားနေကြပြီးနောက် မြွေမျိုးနွယ်အာဏာပိုင်၏ မျက်နာက ချက်ချင်း ပြောင်းလဲသွားသည်။


"အဲ့ဒီမှာ အဏ္ဏဝါမ်ျိုးစိတ်တွေ ရောက်လာတာ ဖြစ်နိုင်လား.....ပိုင်ရှင်ပု....ခဏလောက်စောင့်ပေးပါဦး .....ငါ ဒီကိစ္စကို အရင်ဖြေရှင်းလိုက်ဦးမယ်....."


ဝူမူ၏ မျက်နာက စိတ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ပုဖန်ကို အလျှင်စလို ပြောလိုက်သည်။ထို့နောက် ပုဖန်ဆီမှ တုံ့ပြန်ချက်ကိုပင် မစောင့်တော့ပဲ သူ့၏ ဓားပျံပေါ် အလျှင်စလို ခုန်တက်လိုက်ပြီး နန်းတော်ဆီမှ လျှင်မြန်စွာ ထွက်ခွာသွားလေသည်။


မြွေမျိုးနွယ်အာဏာပိုင်ကလည်း ပုဖန်ကို ဒေါသအကြည့်ဖြင့် စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။သို့သော်လည်း ယခုလက်ရှိအချိန်၌ သူမ၏ စိတ်ထဲ၌ အခြားကိစ္စတစ်ခုကသာ လွှမ်းမိုးထားလေသည်။သူပုဖန်ကို စကားတစ်ခွန်းမှ မဆိုတော့ပဲ မြွေအမြီးကို တစ်ချက်ခါယမ်းလိုက်ပြီး ဝူမူ၏ နောက်သို့ လိုက်ပါသွားလေသည်။


မြွေမျိုးနွယ် ဘုရင် တုခိုင်နှင့် တုဝေ့တို့ နှစ်ယောက်ကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မြွေမျိူးနွယ် အာဏာပိုင်နောက်သို့ အလျှင်စလို လိုက်သွားလိုက်ကြသည်။


ရုတ်တရက် ခန်းမထဲက အားလုံး အလျှိုလျှ်ို ထွက်သွားကြပြီး သွေးများ အဆက်မပြတ်အန်နေဆဲဖြစ်သော ပိုင်ကျန့်နှင့် ပုဖန်သာ ကျန်တော့သည်။


"အို့....ဘလက်ကီလည်း ကျန်ခဲ့သေးတာပဲ....."


ပုဖန်က သူ့၏ အမှတ်သင်္ကေတဖြစ်သော ကြောင်တစ်ကောင်လို ပုံစံဖြင့် ဝံ့ဝံ့ထည်ထည် ရပ်နေသည့် ဘလက်ကီကို ကြည့်လိုက်သည်။


လေထုက အနည်းငယ် ကို့ယို့ကားယား ဖြစ်နေသည်။ပုဖန်က ဒီအတိုင်း စွန့်ပယ်ခံလိုက်ရလေသည်။ပုဖန်က သက်တောင့်သက်သာမရှိ ကို့ယို့ကားယား ဖြစ်နေသော အခြေအနေကို ဖုံးကွယ်ရန်အတွက် သူ့၏ ဆံပင်များကို လက်ဖြင့် ဆွဲ၍ ဆော့ကစားနေသည်။ထို့နောက်သူ နန်းတော်တစ်ခွင်ကို လှည့်လည်၍ အကဲခတ်ကြည့်ရှူနေလိုက်သည်။


ပိုင်ကျန့်၏ ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေတုန်းပင် ဖြစ်သည်။သူ့ဆီမှလည်း ထူးဆန်းသော အနံ့အသက်ဆိုးများ ထွက်ပေါ်နေသည်။ပုဖန်က ကြမ်းပြင်ပေါ်မှ ကြိုးစားရုန်းကန်ထ၍ တိုင်ကို မှီထိုင်လိုက်သော ပိုင်ကျန့်ကို ကြည့်နေလိုက်သည်။ထိုသူက အဆက်မပြတ် သွေးချောင်းဆိုးနေတုန်းပင် ဖြစ်သည်။


ပုဖန်... ခဏမျှ တွန့်ဆုတ်နေပြီးနောက် စနစ်၏ သိုလှောင်နယ်မြေထဲမှ အပူငွေ့လေးများ ထွက်နေဆဲ ဖြစ်သည့် ကမာနှလုံးသား ပန်ကိတ်ကို ထုတ်ယူလိုက်သည်။ထို့နောက်သူ ထိုပန်ကိတ်ကို ပိုင်ကျန့်ဆီသို့ လှမ်းပေးလိုက်သည်။


ပူနေဆဲဖြစ်သည့် ကမာနှလုံးသား ပန်ကိတ်က ပိုင်ကျန့်၏ လက်ကိုပင် အပူလောင်လု မတက်ဖြစ်သွားသည်။သူ့၏ ဖြူဖျော့နေသော မျက်နာကလည်း တဖြေးဖြေး ပို၍ ဖြူဖျော့လာသည်။ပန်ကိတ်ဆီမှ မွှေးပျံ့သော ရနံ့လေးများကို ရရှ်ိလိုက်သည်နှင့် သူ့၏ အာရုံများက ပန်ကိတ်ဆီသို့ ရောက်သွားသည်။


 ပုဖန်ကလည်း သူ့ကို ပန်ကိတ်ပေးပြီးသည်နှင့် လုံးဝ ဂရုမစိုက်တော့ပဲ အဓိက ခန်းမတစ်လျှောက် လှည့်လည်၍ ကြည့်ရှုနေပေသည်။


ပုဖန်၏ နောက်နား၌ အေးဆေးသက်သာစွာ ရှိနေသော ဘလက်ကီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ မျက်လုံးထဲ၌ အလင်းရောင် တစ်ချက်လည်း လက်သွားလေသည်။


"ပုဖန် ကောင်လေး မင်းဘာမင်း လိုက်ကြည့်နေလိုက်ဦး....ဒီခွေးဘုရင်က တစ်ခြားလုပ်စရာ တစ်ခု ရှိနေသေးတယ်....."


ခွေးဘုရင်က ရုတ်တရက် ပြောလိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ဖုံးမရဖိမရ ပေါ်လွင်နေသလို သရေတများများလည်း ကျနေလေသည်။ပုဖန် သတိပြုမိလိုက်သည့်အချိန်၌ ထိုဘလက်ကီကို လှမ်းကြည့်လိုက်လေရာ သူ့၏ နောက်ကျောအရိပ်မျှသာ မြင်လိုက်ရတော့သည်။


ပိုင်ကျန့်က ကမာနှလုံးသားပန်ကိတ်ကို တကျွတ်ကျွတ်ဝါးစားနေလေရာ ပြင်းထန်သည့် မွှေးရနံ့များကလည်း အဆက်မပြတ်ထွက်ပေါ်လေသည်။ပုဖန်က မထိန်းချုပ်နိုင်စွာပင် နှုတ်ခမ်းများကို သပ်လိုက်မိပြီး ကမာနှလုံးသား ပန်ကိတ်ဆီမှ အတင်းအကျပ် အကြည့်လွှဲယူလိုက်ရသည်။


ကမာနှလုံးသား ပန်ကိတ်က သူ့၏ ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပိုင်ကျန့်၏ မျက်ဝန်းများက တောက်ပသွားသည်။သူ့၏ ခန္ဓာကိုယ်ထဲ၌ မီးဖိုအသေးစားလေး တောက်လောင်နေသလိုမျိုး စွမ်းအားများက အလျှင်အမြန် ပြန်လည် ဖြည့်တင်းလာသည်။


စွမ်းအားများသာ အလုံအလောက်ရှိလျှင် ယခုချက်ချင်းပင် တန်ခိုးရှင်အဆင့်သို့ ချိုးဖောက်တက်ရောက်နိုင်တော့မည့်လိုမျိုး သူ့၏ အရေးအပြားများက ပြန်လည်ကောင်းမွန်လာသည်။သူ့၏ အတွင်းဒဏ်ရာများကလည်းပြန်လည် တည်ငြိမ်လာလေ၏။


ပုဖန်က ခမ်းနားထည်ဝါလှသော နန်းတော်အတွင်း လှည့်ပတ်ကြည့်ရှုနေရင်း အခန်းတစ်ခုကို ရှာတွေ့လိုက်သည်။သူ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အထဲ၌ လှပသိမ်မွေ့သော ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။ယုဖူနှင့် ပုဖန် တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စွံ့အစွာ စိုက်ကြည့်နေမိကြသည်။


"ပိုင်ရှင်ပု တကယ်ပဲ နင်လား....."


သို့သော်လည်း အချိန်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ယုဖူက ဝမ်းသာအားရဖြင့် ပြေညဆိုလိုက်သည်။သူမ၏ မျက်နာလေးကလည်း ပျော်ရွှင်မှုကြောင့် နီမြန်းလာလေသည်။


ပုဖန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်ရှူအကဲခတ်လိုက်သည်။ထို့နောက် သူ့၏ အကြည့်များက ယုဖူကို ချုပ်နှောင်ထားသည့် သံကြိုးများပေါ်သို့ ကျရောက်သွားလေသည်။


"ဘယ်လိုဖြစ်ပြီး မင်းကို ကြိုးချည်ထားရတာလဲ...."


ပုဖန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။


"ငါက အုပ်ချုပ်သူ တစ်ယောက်ဖြစ်မလာချင်ဘူး....နင့်ရဲ့ ဆိုင်ကိုပဲ ပြန်ပြီးတော့ ချက်ပြုတ်ခြင်း ပညာတွေက်ို သင်ချင်တယ်လို့ ပြောခဲ့တယ်.....ဒါပေမယ့် မြွေမျိုးနွယ် အာဏာပိုင်က ငါရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးတော့ ဒီနေရာမှာငါ့ကို အချုပ်ချထားခဲ့တယ်......"


ယုဖူက မကျေနပ်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ယုဖူ၏ စကားကို ကြားလိုက်သည်နှင့် သူ့၏ စိတ်ထဲ၌ ပေါ့ပါးသွားလေသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွှတ်သွားပြီးနောက် ယုဖူကို ခေါင်းညိတ်ပြလိုက်၏။ထို့နောက် သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင် မီးခိုးငွေ့များထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက အလွန်တရာ မာကြောလှသည်။ခုတ်ချက်အနည်းငယ်ဖြင့်ပင် သံကြိုးများက ပြတ်တောက်သွားပြီး ယုဖူ လွတ်မြောက်သွားလေသည်။


ယုဖူ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ပုဖန်က တည်ကြည်လေးနက်စွာဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်။


"ငါ့ဆီက ချက်ပြုတ်ပညာတွေကို သင်ယူတာက ကောင်းတယ်.....ငါ့ရဲ့တပည့်တွေအတွက် မြွေမျိုးနွယ် အာဏာပိုင်ဆက်ခံသူထက် တောက်ပတဲ့အနာဂတ်ကို ယူဆောင်လာပေးမယ်....."


ပုဖန်၏ အသံထဲ၌ ယုံကြည်မှုများ အပြည့်အဝ ပါဝင်နေလေသည်။


ယုဖူက ခဏမျှ အံ့အားသင့်သွားသည်။သို့သော်လည်း သူက ပုဖန်၏ စကားကို ဟာသတစ်ခုမျှသာ မှတ်ယူလိုက်ပြီး မျက်စောင်းထိုး၍ ကြည့်လိုက်သည်။ ထိုခဏ၌ပင် နန်းတော်တစ်ခုလုံးက ပြင်းထန်စွာလှုပ်ရှားလာပြီး ရပ်တည်ဖို့ပင် ခက်ခဲလာသည်။


ပုဖန်၏ စိတ်ထဲ၌ အံ့အားသင့်မှုဖြင့် တုန်ယင်သွားသလို ယုဖူလည်း ထိတ်လန့်အံ့အားသင့်သွားသည်။ထို့နောက် သူတို့နှစ်ယောက်သား အဓိကခန်းမထဲသို့ အလျှင်စလို ပြန်လည် ပြေးထွက်လာလိုက်သည်။


"ဘာတြွေဖစ်နေတာလဲ...."


ပုဖန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။သူ တိုင်တစ်တိုင်တွင် မှီ၍ ပြန်လည်ကုစားနေဆဲဖြစ်သည့် ပိုင်ကျန့်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ယုဖူဘက်သို့ လှည့်လိုက်သည်။


"သူ့ကို ဂရုစ်ိုက်ပေးလိုက်ဦး......ဒီမှာပဲနေပြီး အပြင်ထွက်မလာနဲ့.....ငါ အပြင်ဘက်ကို သွားကြည့်လိုက်မယ်...."


ယုဖူက အမြန်အဆန်ပင် ခေါင်းညိတ်ပြလိုက်သည်။ကြီးမားသည့် အရာတစ်ခုခု ဖြစ်ပေါ်လာတော့မလို သူမခံစားမိနေသည်။


ပုဖန်က ပြောပြီးသည်နှင့် တစ်ပြိုင်နက် နန်းတော်အပြင်ဘက်ဆီသို့ ချာခနဲ လှည့်ထွက်သွားလေသည်။ဘလက်ကီက မည်သည့်နေရာသို့ သွားမှန်းသူမသိပေ။သို့သော်လည်း ယခုလက်ရှိအချိန်၌ သူကိုယ်တိုင်ပင် နေရာမကျွမ်းကျင်လေရာဘလက်ကီကို အလွယ်တကူ ရှာတွေ့ဖို့ မဖြစ်နိုင်ပေ။


သူ ခန်းမအပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပင်လယ်ဆားငံရေ ပါသော ရေလှိုင်းများက သူ့က်ို ရိုက်ခတ်သွားသည်။သူ့၏ စည်းနှောင်ထားသော ဆံပင်များပင် ပြေလျော့သွားလေသည်။


သူ့၏ မြင်ကွင်းထဲသို့ ပထမဦးဆုံးဝင်လာသည့်အရာမှာ ကြီးမားလှသော စိတ်ဝိညာဉ် သားရဲတစ်ကောင်ဖြစ်သည်။ပို၍ တိတိကျကျပြောရလျှင် ရေသတ္တဝါ တစ်ကောင်ဖြစ်၏။ထိုသတ္တဝါက ကြီးမားလှသောပုစွန်တစ်ကောင်နှင့် တူညီနေသည်။


သူ့၏ ခန္ဓာကိုယ်က ကြိုးစည်းထားသလို အသားအရစ်ရစ်များ ဖြစ်နေသည်။သူ့၏ ရှည်လျားလှသော လက်တံများကလည်း ထက်မြေ့လှသော ဓားဖြင့် တူညီသည်။ထို့အပြင် ထိုသတ္တဝါ၏ ခေါင်းထိပ်၌ ရှည်လျားလှသော အချွန်နှစ်ချောင်းရှိနေသည်။


သူ့၏ မျက်စိများက ပတ်ဝန်းကျင်တစ်ခွင်ကိုအဆက်မပြတ် ဝေ့ဝဲကြည့်ရှုနေပြီး ခန္ဓာကိုယ်မှလည်း ကြောက်စရာကောင်းလှသော စွမ်းအင်များကို ထုတ်လွင့်နေသည်။


ဘုန်း.....ဘုန်း.....ဘုန်း.....


ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ရေသတ္တဝါများက မဟာမြွေလူသားမြို့တော်၏ တံတိုင်းဆီသို့ တိုးဝင်နေကြသည်။ထိုသတ္တဝါများက တံတိုင်းကို ကျော်တက်တော့မည့်ပုံပေါ်လေသည်။


မြွေလူသားအစောင့် စစ်သည်တော်များကလည်း ထိုသူတို့၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်ကြသည်။မြို့တံတိုင်းထိပ်၌ အလင်းရောက်တစ်ချက် လင်းလက်လာပြီးနောက် အလင်းလုံးများက သတ္တဝါများပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်သွားကြပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။


ပုဖန်ကိုယ်တိုင်လည်း ထိုအမြောက်ဆန် မှော်အစီအရင်၏ အရသာကို မြည်းစမ်းခဲ့ပြီးပြီဖြစ်သည်။ထိုအားပြင်းလှသော မှော်အစီအရင်က ရေသတ္တဝါများကို နောက်ပြန် ဆုတ်ပေးနိုင်ခဲ့သည်။သူတို့အားလုံး မြို့ထဲသ်ို့ မဝင်ရောက်နိုင်အောင် တားဆီးနိုင်ခဲ့သည်။


သို့သော်လည်း အစောင့်စစ်သည်တော်များက လှံများဖြင့် ပစ်လွှတ်တိုက်ခိုက်နေကြသည်။မြွေလူသား စစ်သည်တော်အများစုက အဆင့် ၄ အခြေတည်အဆင့်များ ဖြစ်ကြသည်။


သို့သော်လည်း သူတို့၏ လှံရှည်များကို ရေသတ္တဝါများ ထိခိုက်နိုင်လောက်မည့် စွမ်းအင်မးဖြင့် ရစ်ပတ်ထားသောကြောင့် ထိုသတ္တဝါများက အပြင်းအထန် ဒဏ်ရာရသွားကြသည်။


ရေလှိုင်းများကလည်း တလိမ့်လိမ့်တက်လာကာ မြို့ရိုးကို ပြင်းထန်စွာ ဝင်စောင့်လေသည်။


ဘန်း.....ဘန်း.....ဘန်း......


တစ်ချို့ ပင်လယ်နက် ကျိုင်းပုစွန်များ၏ အရွယ်အစားက သေးငယ်လှပေသည်။ထိုပင်လယ်နက် ကျိုင်းပုစွန်များ၏ စွမ်းအင်အဆင့်ကလည်း သိသိသာသာကို ကွဲပြားနေလေသည်။


အဆင့် ၅ အဆင့် ၆ မှ အဆင့် ၈ ထိအသီးသီးရှိကြပြီး သူတို့၏ ခန္ဓာကိုယ်အရွယ်အစားကိုကြည့်၍ သူတို့၏ စွမ်းအင်အဆင့်ကို အလွယ်တကူ သိနိုင်ပေသည်။


ပင်လယ်နက် ကျိုင်းပုစွန် အချို့၏ အမြန်နှုန်းကလည်း မယုံနိုင်စရာ ကောင်းလှပေသည်။သူတို့၏ ခန္ဓာကိုယ်များကို အရိုက်အနှက် အထုအထောင်းခံကာ မြွေလူသားမြို့တော်၏ မြို့ရိုးတံခါးကို ထိုးဖောက်ဝင်ရောက်လုနီးပါးပင် ဖြစ်နိုင်ခဲ့ကြသည်။


မြို့တံတိုင်းတစ်ခုလုံးကို အမြောက်ဆန် မှော်အစီအရင်ဖြင့် ခြုံလွှာတစ်ခုကဲ့သို့ လွှမ်းခြုံထားလေရာ သူတို့ မှော်အစီအရင်နဲ့ တိုက်မိသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်မှု စွမ်းရည်များကို လွှမ်းခြုံသွားကြသည်။


စူးရှကျယ်လောင်လှသော ရယ်မောသံတစ်ခု ပင်လယ်လှိုင်းလုံးများကြားထဲမှ ထွက်ပေါ်လာသည်။ဒီရေဖြင့် လျှောတိုက်ပါလာကြသော အဏ္ဏဝါမျိုးစိတ်များက အဝေးတစ်နေရာဆီမှနေ၍ ပင်လယ်နက်ကျိုင်းပုစွန်များ မြို့တော်ကို တိုက်ခိုက်နေသည်ကို ကြည့်ရှုနေကြသည်။


အဝေးဆီမှ ခရမ်းရောင် အလင်းတန်းတစ်ခု လွင့်မျောလာသည်။ထိုအလင်းတန်းက အစောပိုင်းက ထွက်သွားကြသော မြွေမျိုးနွယ် အာဏာပိုင်နှင့် မြွေမျိုးနွယ်ဘုရင် တုဝေ့တို့ ဖြစ်သည်။သူမတို့၏ လှပလှသော မျက်နာလေးပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုက အထင်းသားပေါ်လွင်နေသည်။သူတို့ အော်ဟစ်မာန်သွင်းလိုက်ပြီးနောက် မြို့တံတိုင်းကို စုပြုံတိုက်ခိုက်နေကြသော ပင်လယ်နက်ကျိုင်းပုစွန်များကြားထဲသို့ ဝင်ရောက်သွားလေသည်။


ပုဖန်က မြို့ရိုးအပြင်ဘက်၌ စုပြုံတိုက်ခိုက်နေကြသော ရေသတ္တဝါများကို အံ့အားသင့်သင့်ဖြင့် စူးစိုက်ကြည့်နေသည်။


"ဒီသားကောင်းတွေကို တော်တော်လေး ရင်းနှီးနေတယ်လို့ ထင်တယ်...."


ပုဖန်က မေးစေ့ကို ပွတ်၍ စဉ်းစားနေလိုက်သည်။


"အဲ့ဒီပင်လယ်နက် ကျိုင်းပုစွန်ဆိုတာက ပုစွန်ထုပ်လို့ ခေါ်တဲ့ဟာ မဟုတ်ဘူးလား...."


ပုဖန်၏ မျက်ဝန်းများက လင်းလက်တောက်ပသွားပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။


ထိုကျိုင်းပုစွန်များကို လက်နှစ်ချောင်းရှည် ပုစွန်ဟုလည်း ခေါ်ကြလေသည်။ထိုပုစွန်များ၏ အကျိုးသက်ရောက်မှုက မယုံနိုင်စရာကောင်းလောက်သည်။


သို့သော်လည်း ပုဖန်က ထိုအကြောင်းအရာကို အာရုံမစိုက်မိပေ။ကျိုင်းပုစွန်များ၏ တိုက်ခိုက်နိုင်မှုနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အရသာက ပို၍ ဆွဲဆောင်နိုင်ပေသည်။ပုဖန်က အလေးအနက်ကို စဉ်းစားတွေးတောနေမိသည်။


သူ့၏ နူးညံ့သည့်အသားများကို စဉ်းစားလိုက်မိရုံဖြင့် ဆားအရသာ ပျော်ဝင်နေသော ပင်လယ်စာများ၏ အစစ်အမှန်အရသာက သူ့စိတ်ထဲသို့ တိုးဝင်လာသည်။


ပုဖန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် ခုန်လာပြီး သူတံတွေးတစ်လုတ်မြိုချလိုက်သည်။ပင်လယ်နက် ကျိုင်းပုစွန်များကို စူးစူးစိုက်စိုက်ကြည့်နေသော သူ့၏ အကြည့်များကလည်း ပို၍ တောက်ပြောင်လာလေသည်။


ပုဖန်၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ပေါ်ထွက်လာပြီး ပုဖန်၏ ပုံရိပ်က မြို့တံတိုင်းဆီသို့ တိုးဝင်သွားလေသည်။ပုဖန် ထွက်သွားလိုက်သည်နှင့် တစ်ပြိုင်နက် လှိုင်းလုံးများနှင့်အတူ ရက်စက်ကြမ်းကြုတ်သော အဏ္ဏဝါမျိုးစိတ်များ ရောက်လာကြသည်။ထိုသူများက ကောင်းကင်ယံဆီသို့ လွင့်ပျံအောင်ပြီး ကြွေးကြော်လိုက်ကြပြီး စစ်ပွဲအတွင်းသို့ ပါဝင်လာကြသည်။


ပင်လယ်နက် ကျိုင်းပုစွန်များဖြင့် တိုက်ခိုက်နေသော တုဝေ့က ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။သူမ လေထဲမှ နေ၍ မြို့ထဲသို့ ပြုတ်ကျလာပြီးနောက် အဆောက်အဦးတစ်ခုထဲသို့ ထပ်မံ ပြုတ်ကျသွားသည်။


ဘုန်း......


ထိုရေသတ္တဝါများ၏ ချွန်မြေ့လှသော လက်ရှည်များကြောင့် မဟာမြွေလူသားမြို့တော်၏ တံတိုင်းနံရံ

ပေါ်၌ ကြီးမားလှသော အပေါက်ကြီးများ ဖြစ်ပေါ်လာသည်။


မြို့တံတိုင်းအပြင်ဘက်၌ ပင်လယ်ရေများကလည်း ဆက်လက်မြင့်တက်နေသည်။ကျိုင်းပုစွန်များ၏ လက်ကြောင့် ပေါက်သွားသော မြို့တံတိုင်းဆီမှနေ၍ ပင်လယ်ဆားငံရေများက မဟာမြွေလူသားမြိုါတော်အတွင်းသို့ စီးဝင်သွားကြသည်။


ရုတ်တရက် ဆိုသလိုပင် မဟာမြွေလူသားမြို့တော်အတွင်း၌ အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်နှက်သွားသည်။လှိုင်းလုံးကြီးများ အဆက်မပြတ် ရိုက်ခတ်လာပြီး ဆူညံသံများဖြင့် ပြည့်နေသော မြို့တော်လမ်းမများကို ရေဖုံးလွှမ်းသွားလေသည်။


ပြည်ကြီးငါးကြော်ဆိုင်နှင့် ကျောက်ပုစွန်ပေါင်းဆိုင်သည်လည်း ရေလွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ထိုပင်လယ်ရေများ ကြားထဲမှ ကျိုင်းပုစွန်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကာ မြွေလူသားများကို ခုတ်ပိုင်းပစ်နေသောကြောင့် သွေးများကလည်း နေရာအနှံ့ပြန့်ကျဲနေသည်။


သို့တိုင်အောင် မြွေလူသားစစ်သည်တော်များက စနစ်တကျဖြင့် ပြန်လည် ဆုတ်ခွာခဲ့ကြသည်။ထို့နောက် သူတို့အားလုံး ခိုလှုံရန် နေရာရှာရန်အတွက် နန်းတော်သို့ ဝင် ခဲ့ကြသည်။


ဘန်း....ဘန်း.....ဘန်း....


မြွေလူသားများ နန်းတော်ထဲသို့ ဝင်ရောက်တော့မည့် အချိန်မှာပင် ပုံရိပ်တစ်ခုက ထွက်ပေါ်သည်။ထိုပုံရိပ်က စိုစွတ်နေသော လမ်းများကို ဖြတ်ကျော်၍ သူတို့အရှေ့သို့ ရောက်လာလေသည်။


တစ်ချို့က ပါးစပ်အဟောင်းသားဖြင့် ထိုလျှင်မြန်လှသော ပုံရိပ်ကို အံ့အားသင့်သင့်ကြည့်နေကြသည်။ပုဖန်က ပျော်မြူးနေသော အမူအရာဖြင့် ရေပေါ်သို့ ခြေချလိုက်သည်။ထိုပင်လယ်နက် ကျိုင်းပုစွန်များက ရှာရန်ခက်ခဲလှသော တန်ဖိုးရှိ ပါဝင်ပစ္စည်းများ ဖြစ်သည်။


ရွှပ်......


 ထက်မြေ့လှသော ပုစွန်လက်တစ်ချောင်းပေါ်လာပြီး ပုဖန်၏ ဘေးနားမှ ရေများ လွင့်စင်သွားသည်။ထို ကျိုင်းပုစွန်က ပုဖန်ကို အပိုင်းပိုင်းဖြတ်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။


သို့သော်လည်း ပုဖန်၏ မျက်နာပေါ်၌ တုန်လှုပ်ခြောက်ခြားသည့် အမူအရာ စိုးစိတ်မှမရှိပေ။သူက နှုတ်ခမ်းတသပ်သပ်ဖြင့် ကျိုင်းပုစွန်များကို ထူးဆန်းအံ့သြဖွယ်ကောင်းသည့် အရာများကို ကြည်သလိုမျိုး ကြည့်နေလေသည်။


ထိုကျိုင်းပုစွန်များကို သူ့၏ အမြင်ထဲ၌ ပါဝင်ပစ္စည်းများဟုသာ မြင်လေသည်။တကယ်တမ်းပြောရမည်ဆိုလျှင် သူက ဟင်းပွဲနာမည်ကိုပင် ပေးပြီးပြီ ဖြစ်သည်။


ထိုဟင်းပွဲကို ကျိုင်းပုစွန်နှပ်ဟု ခေါ်ရပေမည်။