အပိုင်း ၃၉၀
Viewers 53k

အခန်း ၃၉၀

လမ်းတစ်လျောက်သတ်ဖြတ်ခြင်း...လမ်းတစ်လျောက် ချက်ပြုတ်ခြင်း... 


ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေ သလင်းကျောက်တွင်း .....


ဗွက်ထနေသော မြေပြင်ကို ကြည့်ရသည်မှာ ဆူပွက်နေသကဲ့သို့ပင် အခိုးအငွေ့များပင် ထွက်နေသယောင် ထင်မိသည်။


ကျောက်တွင်းထဲမှ ထူးခြားသော ဟိန်းဟောက်သံနှင့်အတူ မြည်ကြွေးအော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။ကြွက်သားအပြည့်ဖြင့် တုတ်ခိုင်လှသော မြွေအမျိုးသား တစ်ယောက် တွင်းထဲမှ လွင့်ပျံထွက်လာပြီး အတော်ဝေးဝေးဆီသို့ လွင့်ထွက်သွားသည်။ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလှပေသည်။


စိတ်ဝိညာဉ် သားရဲများက သူတို့ တည်ဆောက်ထားသည်ဟု ထင်ရသော သလင်းကျောက်တွင်းထဲမှ မြွေလူသားများကို တစ်ယောက်ပြီးတစ်ယောက် ပစ်ထုတ်နေသည်။သူတို့၏ မျက်ဝန်းများကလည်း အနီရောင် လင်းလက်တောက်ပနေ၏။သူတို့၏ ပါးစပ်မှ စီခနဲ အသံကျယ်များ မဆက်မပြတမ ထွက်ပေါ်နေသည်။ထို သားရဲများက သလင်းကျောက်အတွင်း၌ ပုန်းကွယ်နေသော တစ်စုံတစ်ရာကို ကာကွယ်နေသကဲ့သ်ို့ပင် သလင်းကျောက်တွင်းကို စောင့်ကြပ်နေကြသည်။


တစ်ခြားတစ်ဖက်၌ ကောင်းကင်ယံ၌ ပုံရိပ်နှစ်ခုက လေဟာနယ်ကို ဖြတ်သန်း၍ ရောက်ရှ်ိလာသည်။ဝူမူက သူ့၏ ဓားပျံကို စီးပြီး သလင်းကျောက်တွင်းဆီသို့ ရောက်လာသည်။သူက သလင်းကျောက်တွင်း၏ အပြင်ဘက်၌ ရေတံခွန်ကဲ့သို့ သွေးများ ပန်းထွက်နေသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကူရာမဲ့စွာဖြင့် လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။


မြွေမျိုးနွယ် အာဏာပိုင် တုလီလည်း သလင်းကျောက်တွင်း ရှိရာဆီသို့ ရောက်ရှိလာခဲ့သည်။ထိုသလင်းကျောက်တွင်းက မဟာမြွေလူသားမြို့တော်နှင့် တိမ်ဖြူစံအိမ်တို့ အတူတကွ တူးဖော်နေသည့် နေရာ ဖြစ်သည်။ထိုနေရာ၌ အသန်မာဆုံးဖြစ်သော မြွေလူသားများနှင့် တိမ်ဖြူစံအိမ်၏ အတော်ဆုံးတပည့်များက အထဲ၌ ရှိနေကြသည်။


အခုလက်ရှိအချိန်၌မူ ထိုသန်မာလှသော သူများက တွင်းထဲမှ ပန်းထွက်နေသော သွေးအိုင်ငယ်ကို ဖြူဖျော့သော မျက်နာများဖြင့် စိုက်ကြည့်နေကြသည်။သူ့၏ နှလုံးသားထဲသို့ သံတစ်ချောင်း ရိုက်သွင်းလိုက်သလိုပင် စို့နစ်နာကျင်သွားသည်။


"သေလိုက်စမ်း......ဒီသလင်းကျောက်တွင်းမှာ ဘာတြွေဖစ်နေတာလဲ....."


ဝူမူက အော်ဟစ်လိုက်ပြီးနောက် သူ့၏ ဓားကို ဆွဲထုတ်လိုက်ပြီး သလင်းကျောက်တွင်းရှိရာဆီသို့ ဒေါသတကြီး တိုက်ခိုက်လိုက်သည်။သို့သော်လည်း မြွေမျိုးနွယ် အာဏာပိုင်က ဝူမူကို အလျှင်အမြန်ပင် ဖမ်းဆွဲထားလိုက်သည်။


သူ့၏ နောက်၌လိုက်ပါလာသော တုခိုင်ကလည်း အနည်းငယ် တွန့်ဆုတ်နေသည်။ထို့နောက် သူတို့သုံးယောက်သား တွင်းနှုတ်ခမ်းဝသို့ ရောက်သွားချိန်၌ ခန္ဓာကိုယ်တစ်ခုလုံး တင်းကျပ်မှုကို ခံစားလိုက်ကြရသည်။


သလင်းကျောက်တွင်းထဲမှ ဆိုးရွားလှသော သွေးရနံ့များ လှိုင်လှိုင်ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်၌လည်း ခြေပြတ်လက်ပြတ်များ မြွေအမြီးများနှင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲနေသော ခန္ဓာကိုယ်များက အဘက်ဘက်၌ ပြန့်ကျဲနေသည်။ထိုမြင်ကွင်းက ငရဲနှင့်ပင် ဆင်တူလှသည်။


ထိုမြင်ကွင်းကြောင့် သူတို့ ပျို့တက်လာခဲ့သည်။ဝူမူက အလွန်အမင်း ဒေါသထွက်နေသလို မြွေမျိုးနွယ်အာဏာပိုင်၏ မျက်နာကလည်း တင်းမာခက်ထန်နေသည်။သူတို့က ကြမ်းတမ်းစွာ လှုပ်ခါနေသော တွင်းနက်ထဲသို့ စိုက်ကြည့်လိုက်သည်။


ထို့နောက် သလင်းကျောက် ပုံသဏ္ဍာန် စိတ်ဝိညာဉ်သားရဲများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာသည်။သူတို့၏ စွမ်းအားများကလည်း အလွန် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။


............


ပုံရိပ်ယောင်စိတ်ဝိညာဉ် နွံမြေ၏ အထက်ကောင်းကင်၌ သံစစ်သင်္ဘောတစ်စင်းက လေဟာနယ်ကို ဖြတ်၍ ရွက်လွှင့်လာသည်။ထိုသင်္ဘောက အပူငွေ့များ ထုတ်လွင့်နေသော မိုင်းတွင်း၏ အထက်သို့ ရောက်ရှိလာသည်။


"နောက်ဆုံးတော့ ငါတို့ ရှာတွေ့ပြီ....."


ခေါင်းဆောင်ဖန်းက အောက်ခြေရှိ ဧရာမ ကျောက်တွင်းကြီးကို ငုံ့ကြည့်လိုက်သည်။တွင်း၏ နှုတ်ခမ်းဝ၌ သွေးများ စီးဆင်းနေသည်ကို တွေ့ရသော်လည်း ခေါင်းဆောင်ဖန်း၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားတက်ကြွမှုများက ပျောက်ပျက်မသွားပေ။


မဟာဂိုဏ်းမှ တပည့်များကလည်း ခေါင်းဆောင်ဖန်း၏ အနောက်မှာရပ်၍ သိလိုစိတ်အပြည့်ဖြင့် ငေးမောကြည့်နေကြသည်။ရုတ်တရက် အောက်ခြေမြပြေင်၌ အနက်ရောင်အရိပ်တစ်ခု ဖြတ်သန်းလာသည်ကို တွေ့လိုက်ရသောကြောင့် ခေါင်းဆောင်ဖန်း၏ မျက်မှောင်ကြုတ်လိုက်မိသည်။


သူက ထိုအနက်ရောင်အရိပ်ကို သေချာစွာအကဲ ခတ်ကြည့်လိုက်ရာစစ်သင်္ဘော၏ အောက်ခြေတည့်တည့်၌ ရပ်နေသော ခွေးဝတုတ်တစ်ကောင်ကိုသာ မြင်လိုက်ရသည်။


ထိုခွေးက ရွှံ့နွံမြေထဲ၌ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ဝင့်ကြွားစွာ လျှောက်လာသည်။သူ့၏ လျှာကို တန်းလန်းထုတ်ထားသောကြောင့် သရေများကလည်းနေရာအနှံ့သို့ ပတ်ဖြန်းနေသည်။


"ဒီအနက်ရောင်ခွေးဖက်တီးက ဘယ်ကရောက်လာတာလဲ....."


ခေါင်းဆောင်ဖန်းက ပြောစရာစကားပင် မဲ့နေမိသည်။ထို့နောက် သူ အကြည့်တစ်ချက်မျှသာ ကြည့်ပြီး မျက်နာလွှဲလိုက်သည်။ခွေးဝတုတ်တစ်ကောင်က သူ့၏ စိတ်ဝင်စားမှုကို ရရှိရန် မဆွဲဆောင်နိုင်ပေ။


သို့သော်လည်း စက္ကန့်ပိုင်းအတွင်း၌ပင် ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို ခံစားလိုက်မိသည်။ခေါင်းဆောင်ဖန်းက မြေပြင်သို့ အလျှင်အမြန်ပင် အကဲခတ်ကြည့်ရှုလိုက်ရာ ယခုလေးတင် ရွှံ့နွံမြေထဲ ဝင်လာခဲ့သော ခွေးဝတုတ်က အရိပ်တောင် မကျန်ပဲ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။


သူ့၏ မျက်လုံးအမြင်များ ဝေဝါးနေသကဲ့သို့ပင် ခွေး၏ အမွှေးများတစ်မျှင်မှပင် မတွေ့ရတော့ပေ။


"ဘာ....ဖြစ်နိုင်တာက ငါ ခုဏက ဘာမှမမြင်လိုက်တာလား....."


ခေါင်းဆောင်ဖန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိပြီး သူ့၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။သူ့လိုမျိုး နတ်ဘုရားနယ်ပယ်အဆင့် မသေမျိုး ခန္ဓာအဆင့် တစ်ယောက်အနေဖြင့် အမြင်ဝါးစရာ အကြောင်းမရှိပေ။


သူ့မျက်လုံးသူပင် မယုံကြည်နိုင် ဖြစ်မိလေသည်။ခေါင်းဆောင်ဖန်းက ခေါင်းခါယမ်းလိုက်သည်။သူက ထူးခြားဆန်းကြယ်စွာ ပျောက်ကွယ်သွားသော ခွေးနက်ကြီး အကြောင်းကို မေ့ရန် ကြိုးစားလိုက်သည်။ထို့နောက် သလင်းကျောက်တွင်းထဲသို့ အလျှင်စလို မဝင်ပဲ ပြန်ကြည့်နေလိုက်သည်။


"အတွေ့ကြုံတွေအရ ပြောရမယ်ဆိုရင်တော့ သလင်းကျောက်တွင်းတိုင်းမှာ သလင်ူကျောက်သားရဲတွေက စောင့်ကြပ်နေတယ်....အဲ့ဒီ သားရဲတွေရဲ့ တိုက်ခိုက်မှုစွမ်းရည်က ဘယ်လောက်သန်မာလဲဆိုတာကို အရင်ဆုံး တစ်ယောက်ယောက်ကို လွှဲပြီးတော့ စမ်းသပ်ကြည့်ရမယ်....."


စစ်သင်္ဘောထဲတွင် ပါလာသောအဆင့် ၉ တန်ခိုးရှင်အဆင့်တစ်ယောက်ကို ကျောက်တွင်းထဲသ်ို့ အရင်ဆုံးဝင်ရန် စီစဉ်လိုက်သည်။


................


အစိမ်းရောင် အခိုးအငွေ့များက လေထဲလွင့်ပါသွားပြီးနောက် ပုဖန်၏ လက်ထဲ၌ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။ပုဖန်က ဓားကိုလှည့်ယမ်းလိုက်ရာ ထက်မြေ့လှသော ဓားသွားမှ တောက်ပလှသော အလင်းတန်းများဖြာထွက်လာသည်။


ထိုရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှ မြင်နိုင်စွမ်းမရှိသော နဂါးစွမ်းရည်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်မိသည်။


ရုတ်တရက် အေးစက်လှသော ရေထဲမှ ထွက်လာသော ကျိုင်းပုစွန်တစ်ကောင်က သူ့၏ ရှည်လျားထက်မြေ့လှသော လက်များဖြင့် ပုဖန်ဆီသို့ လှမ်းခုတ်လိုက်သည်။ပုဖန်က နှုတ်ခမ်းသပ်လိုက်ပြီး သူ့လက်ထဲမှ ဓားဖြင့် ထိုပုစွန်ကိုလွှဲခုတ်ချလိုက်သည်။


ထိုပုစွန်၏ ရှည်လျားလှသော လက်တံများက ပြတ်တောက်သွားပြီးနောက် လေထဲ၌ ရှိနေစဉ်မှာပင် ပုဖန်က အလျှင်အမြန် ဖမ်းယူလိုက်သည်။


ထိုပုစွန်၏ ကျောပေါ်၌ ချွန်ထက်လှသော စူးချွန်များရှိသည်။ကျိုင်းပုစွန်က ထိုစူးချွန်များဖြင့် ပုဖန်ကို ထိုးနှက်၍ ထွက်ပြေးရန် အခွင့်အရေး ရှာလိုက်သည်။သို့သော်လည်း ရိုးရှင်းလှသော လှည့်ကွက်များက ပုဖန်ကို အရူးမလုပ်နိုင်ချေ။


မဟူရာလိပ်ခုံးဒယ်အိုး ပေါ်ထွက်လာပြီးနောက် လေထဲ၌ ဝဲလည်နေသည်။ပုဖန်က တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲမှ ကျိုင်းပုစွန်ကို အိုးထဲသို့ ပစ်ထည့်လိုက်သည်။နဂါးစွမ်းရည်များ၏ ထိန်းချုပ်မှု အောက်၌ ထိုပုစွန်က အနည်းငယ် မျှပင် လှုပ်ရှားနိုင်မှု မရှိတော့ပေ။


ထို့နောက် ပုစွန်ကို သတ်ပစ်လ်ိုက်သည်။ပုဖန်က စိတ်လှုပ်ရှားမှု စိတ်ကျေနပ်မှုများဖြင့် ခဏမျှ တိတ်ဆိတ်သွားသည်။ထို့နောက် သူ့၏ လှုပ်ရှားမှုများပို အရှိန်မြင့်တင်လိုက်သည်။


သူ့ပတ်ပတ်လည်တွင်ရှိနေသော ရေများထဲမှ ကျိုင်းပုစွန် များ တစ်ကောင်ပြီးတစ်ကောင် ခုန်ထွက်လာပြီး ပုဖန်ကို တ်ိုက်ခိုက်လာကြသည်။


ပုဖန်က မျက်ဝန်းများကို စုကျုံ့လိုက်ပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားထဲသို့ သူ့၏ အစစ်အမှန်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ဓားထဲ၌ နဂိုရှိပြီးသား နဂါးစွမ်းရည်များကို စွမ်းအင်ထပ်မံ ဖြည့်တင်းလိုက်သည်။ထို့နောက် မြေပြင်ပေါ်သို့ ခုန်တက်လာသော ကျိုင်းပုစွန်များကို ရေထဲသို့ ပြန်လည် ရိုက်ချလိုက်သည်။


ပုဖန်က အလွန်စိတ်ပျော်ရွှင်နေသည်။သူ့ရှိရာဆီသို့ ကူးခတ်လာနေသော ကျိုင်းပုစွန်အများအပြားကိုလည်း သူရှာတွေ့လိုက်သည်။ပုဖန်က ရေထဲသို့ ဖြတ်သန်းခုတ်ချလိုက်သည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက ရေမျက်နာပြင်ပေါ်သို့ ထိရိုက်လိုက်မိသည်နှင့် အနား၌ ရှိနေကြသော ပုစွန်များအားလုံး လွင့်ထွက်သွားကုန်သည်။မဟူရာလိပ်ခုံးဒယ်အိုးက လေထဲ၌ ဝလှည့်လာပြီး လေထဲရောက်လာသည့် ပုစွန်များကို ဖမ်းယူလိုက်သည်။


ဗွမ်း.....ဗွမ်း.....ဗွမ်း.....


သူလှမ်းသွားသည့် ခြေလှမ်းတစ်လျှောက် ရေရိုက်ခတ်သံများက ဆူညံနေသည်။သူ့လမ်းတစ်လျှောက်တွင် ရှိနေသော ပုစွန်များအားလုံးကိုလည်း ဖမ်းယူ ရရှိခဲ့သည်။


ထိုနေရာ၌ ကမ္ဘာပျက်မတက် ဆူညံနေသည့် မြင်ကွင်းနှင့် ခြားနားစွာပင် ဟာသများ ဖြစ်ပေါ်နေသည်။ယခုလက်ရှိ အချိန်၌ မဟာမြွေလူသား မြို့တော်က အလွန်ပင် ရှုပ်ထွေးပွေလီနေ၏။မြွေလူသား အများစုကလည် ကျူးကျော် ဝင်ရောက်သူများနှင့် ထိပ်တိုက် ရင်ဆိုင်နေရသည်။


ပုဖန်ကဲ့သို့ ပုစွန်များကို လျှင်မြန်ရက်စက်စွာ သတ်ဖြတ်နေသည့် မြင်ကွင်းမျိုး တစ်ခြား မည်သည့်နေရာတွင်မှ မတွေ့ရပေ။မြွေလူသားများက ကျိုင်းပုစွန်များကို မြင်လိုက်သည်နှင့် ကြောက်ရွံ့သွားကြသည်။ပုဖန်ကမူ ပုစွန်များကို သတ်ဖြတ်၍ မဟူရာလိပ်ခုံးဒယ်အိုးနှင့် အဆက်မပြတ် ဖမ်းယူနေသည်။ထိုနေရာ၌ သူဖမ်းယူရန် အတွက် လုံလောက်သည့် ပုစွန်အရေအတွက်ပင် ရှိမနေပေ။


အဏ္ဏဝါမျိုးစိတ်တစ်ယောက်ကရေလှိုင်းလျှောစီး၍ ရောက်ရှိလာသည်။သူက ပုစွန်များကို မျိုးဖြုတ်နေသော ပုဖန်ကို ထူးဆန်းသည့်မျက်နာထားဖြင့် ကြည့်လိုက်သည်။


"အဲ့ဒီကောင်စုတ်လေးက ဘယ်သူလဲ....နူခယ် အဲ့ဒီကောင်စုတ်လေးကို သတ်ပေးစမ်း.....သူဖမ်းထားတဲ့ ပုစွန်တွေအားလုံးကို လွှတ်ပေးလိုက်...."


အဏ္ဏဝါ မျိုးစိတ် စစ်သည်တော်က သူ့အနီးအနားတွင်ရှိနေသော အပြာရောင်အရေပြားနှင့် ကြံ့ခိုင်လှသော စစ်သည်တော်တစ်ယောက်ကို လှမ်း၍ အမိန့်ပေးလိုက်သည်။


"လူသား အသေးအဖွဲလေးပါ ငါ့ဆီက သတင်းကောင်းကိုသာ ခေါင်းဆောင်နားထောင်ဖို့ ပြင်ထားလိုက်......"


အဏ္ဏဝါမျိုးစိတ်ဖြစ်သော နူခယ်က အသားကုန်အော်ဟစ်လိုက်ပြီးနောက် လှိုင်းများထဲမှ ထွက်ကာ ပုစွန်များကို ဖမ်းယူနေဆဲဖြစ်သော ပုဖန်ဆီသို့ တဟုန်ထိုး တိုးဝင်လိုက်သည်။


နူခယ်၏ စွမ်းအင်အဆင့်က အဆင့် ၈စစ်နတ်ဘရား တစ်ပါးပင် ဖြစ်သည်။သူ့၏ လက်ထဲမှ လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပုဖန်ဆီသို့ အားဖြင့် ထိုးစိုက်ချလိုက်သည်။


ဗွမ်း......


ပုဖန်က နှုတ်ခမ်းတစ်ဖက်ရွဲ့၍ ပြုံးလိုက်ပြီးနောက် ရေပြင်ကို ပြင်းထန်စွာစောင့်နင်းချလိုက်သည်။မီတာရာချီမြင့်သော လှိုင်းလုံးကြီးတစ်လုံး မြင့်တက်သွားလေသည်။ 


ပုဖန်က အတွေးတစ်ချက်ဖြင့် သူ့၏ သိုလှောင်နယ်မြေထဲမှ ရွှေဝါရောင်သန်းနေသည့် ဆီဘူးကို ထုတ်ယူလိုက်သည်။သူ ဆိုင်ကထွက်သည့် အချိန်တိုင်းတွင် လိုအပ်ခဲ့လျှင် ဟူသောစိတ်ကူးဖြင့် ချက်ပြုတ်ရေး ပစ္စည်းများကို အလုံအလောက် သေချာစွာ ပြင်ဆင်ခဲ့သည်။


အလင်းက ပုဖန်၏ လက်ထဲ၌ အံ့အားသင့်စရာအရှိနှုန်းဖြင့် လည်နေသည်။ပုဖန်က လက်ကြွက်သားများကို အသာလေး လှုပ်ရှားပေးနေသောကြောင့် ဆီများက ကန်တော့ပုံသဏ္ဍာန် အဆက်မပြတ် လှည့်လည်နေ၏။ထို့နောက် ရွှေဝါရောင်သန်းနေသည့် ဆီများကို မဟူရာလိပ်ခုံး ဒယ်အိုးထဲ၌ ရှိနေသော ပုစွန်များပေါ် လောင်းချလိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက ထိုကျိုင်းပုစွန်များကို ဖိအားတစ်ခုဖြင့် ဖိနှိပ်ထားသောကြောင့် ဆီများက ပုစွန်များအတွင်းသို့ လှိမ့်ဝင်သွားသည်။


ထို့နောက် မဟူလိပ်ခုံး ဒယ်အိူးအတွင်းမှာရှိနေသော ပုစွန်များက ဆီများအတွင်း နစ်မြှုပ်သွားလေသည်။


ဂလု ......ဂလက်.....


ဒယ်အိုးထဲ၌ ပင်လယ်နက် ကျိုင်းပုစွန်များက အလွန်များပြားလှသည်။ထိုပုစွန်များကလည်း မကောင်းသည့် စိတ်ခံစားမှုမျိုး ခံစားလိုက်ရပြီး ဆီများအတွင်းမှ လှုပ်ရှားရုန်းကန်လိုက်လေရာ ပူစီပေါင်းများ ထလာသည်။


"သေသင့်တဲ့ လူသားအခုချက်ချင်း ကျိုင်းပုစွန်တွေကို လွှတ်လိုက်.....ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သေခြင်းတရားက မင်းအပေါ် ကျရောက်လာလိမ့်မယ်......"


အပြာရောင် အကြေးခွံများရှ်ိသော နူခယ်က ဒေါသတကြီး အော်ဟစ်ကျုံးဝါးလိုက်သည်။အော်ဟစ်ကျုံးဝါးလိုက်ရာ သူ့ပါးစပ်ထဲမှ ဆားငံရေများ လျှံကျလာသည်။သူက ပုဖန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး လက်ထဲမှ လှံရှည်ဖြင့် တိုးဝင် တိုက်ခိုက်လိုက်သည်။


ပျော်ရွှင်မှုထဲ နစ်မြှုပ်နေသော ပုဖန်က ရုတ်တရက် စိတ်ထဲ၌ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။သူက ထိုရေသတ္တဝါဆီသို့စိတ်ရှုပ်ထွေးစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။


ပုဖန်က ရေပြင်ကို ခြေထောက်ဖြင့် တစ်ချက်ထောက်လိုက်ပြီး လှိုင်းလုံးအပေါ်သို့ ခုန်တက်လိုက်သည်။ထို့နောက် သူ့၏ ရင်ဘတ်ကို ဖိနှိပ်လိုက်ရာ သူ့၏မျက်နာက နီရဲတက်လာလေသည်။ပုဖန်က ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။


ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်တော့မယောင် ထင်ရသော ရွှေရောင်မီးလုံးက နူခယ်ကိုပင် လွှမ်းမိုးသွားသည်။ပူပြင်းလှသော ခံစားမှုကြောင့် နူခယ်၏ နှလုံးသားက တုန်ယင်သွားသည်။


ကြည်လင်လှပလှသော ရွှေပင်လယ်ထဲ၌ ထိုလူသားကောင်လေးရှိရာနေရာကို သူရှာမတွေ့နိုင်ပေ။ရုတ်တရက် နားကွဲလောက်သောအသံတစ်ခု လေထုကို ထိုးခွဲ၍ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။


နူခယ်၏ စိတ်နှလုံးက နစ်မြှုပ်သွားသည်။သူလှည့်ကြည့်လိုက်လေရာ သူ့အပေါ်သို့ ပိကျလာသည့် အမှောက်ထုကိုသာ မြင်လိုက်ရလေသည်။


ဂလောင်.....


နူခယ်၏ ခေါင်းက ပေါက်ကွဲမတက်ပင် ခံစားလိုက်ရပြီး သူ့ကမ္ဘာမြေက ချာချာလည်သွားသည်။ထို့နောက် သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ပင်လယ်ရေထဲသို့ နစ်မြှုပ်သွားလေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက ဝဲလှည့်၍ ပုဖန်လက်ထဲသို့ ပြန်ရောက်လာသည်။ထို့နောက် ရွှေရောင်မီးတောက်ကအိုး၏ အောက်ခြေသို့ လျှောခနဲ စီးဝင်သွားလေသည်။


" အင်း....ကျိုင်းပုစွန်နှပ်......"


ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေး တွန့်ကွေးလိုက်ပြီး မီးအားကို မြင့်တင်လိုက်သည်။မဟူရာလိပ်ခုံး ဒယ်အိုးအတွင်း၌ ရှိနေသော ကျိုင်းပုစွန်များက တုန်လှုပ်ခြောက်ခြားမှုဖြင့် ရုန်းကန်နေကြတုန်းဖြစ်သည်။ထို့ကြောင့်ပင် ရွှေဝါရောင် ဆီများက နေရာအနှံ့လွင့်စင်နေသည်။ထို့နောက် ထိုကျိုင်းပုစွန်များက မဟူရာလိပ်ခုံးဒယ်အိုး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။


သိပ်မကြာခင်မှာပင် ဒယ်အိုးဆီမှ မွှေးရနံ့များ ဝေ့ဝဲထွက်ပေါ်လာသည်။ရင်းနှီးကျွမ်းဝင်နေသော ပုစွန်၏ မွှေးရနံ့ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် ပုဖန်က ပိုမို ဆာလောင် မွတ်သိပ်လာလေသည်။


သူ့၏ စိတ်ထဲ၌ အတွေးတစ်ချက် လက်သွားပြီး လက်ထဲ၌ အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်အိုး ပေါ်လာသည်။ပုဖန်က အိုးအဖုံးကို ဖွင့်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ဝိုင်များ လောင်းထည့်လိုက်သည်။


ရွဲ......ရွဲ......ရွဲ......


ခဏချင်းမှာပင် ပူပြင်းလှသော အခိုးအငွေ့များနှင့်အတူ ပုစွန်၏ မွှေးရနံ့များ လှိုင်လှိုင် ထွက်ပေါ်လာလေသည်။လှိုင်းလုံးစီးလာသော အဏ္ဏဝါမျိုးစိတ် စစ်သည်တော်၏ မျက်ဝန်းများက ပြူးကျယ်နေသည်။သူ့၏ နှလုံးသားက တုန်ယင်နေပြီး မေး တဂတ်ဂတ် ရိုက်နေလေ၏။


"ဒီလူသား.....အဏ္ဏဝါမျိုးစိတ်တွေရဲ့ ရှေ့မှာတောင်မှ ကျိုင်းပုစွန်ကို ချက်ပြုတ်ရဲတယ်.....သေသင့်တယ်.....သူ့ကို အခုချက်ချင်း ဖမ်းချုပ်လိုက်ကြ...."


အဏ္ဏဝါမျိုးစိတ် စစ်သည်တော်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ့ဘေးနားရှိ ရေပြင်ကို လှိုင်းထစေလိုက်သည်။မြောက်များလှစွာသော ရေသတ္တဝါများက သူတို ဦးရေပြားများပင် ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။သူတို့ အမိန့်ကို နာခံသည်အနေဖြင့် ပုဖန်ကို လိုက်ဖမ်းလိုက်သည်။


ပုဖန်က မဟူရာလိပ်ခုံး ဒယ်အိကိုကိုင်၍ ကျိုင်းပုစွန်နှပ်ကို ဆက်လက်ချက်ပြုတ်နေတုန်းဖြစ်သည်။အိုးထဲမှ အပူငွေ့လေးများက လှိုင်လှိုင်ထွက်နေကာ ကျိုင်းပုစွန်များကလည်း ကျက်လုနီးပါး ဖြစ်နေပေပြီ။ပုဖန်က ထိုရေသတ္တဝါများ သူ့အလုပ်ကို လာရောက်နှောင့်ယှက် ဖျက်စီးမည်ကို လုံးဝ လက်ခံမည် မဟုတ်ပေ။


သူက ရေမျက်နာပြင်ပေါ်၌ ရှပ်တိုက်ပြေး၍ တိမ်းရှောင်လိုက်သည်။မကြာခင်မှာပင် သူ မြို့ပြင်ဘက်သို့ ထွက်ပြေးသွားလေသည်။ပုဖန်က ဆက်၍ ပြေးနေရင်းမှ ကြီးမားလှသော ပုစွန်ကို လှည့်ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်စွာပင် လျှာသပ်လိုက်သည်။


"ကြည့်စမ်းပါဦး....ဘယ်လောက်တောင်ကြီးလိုက်လဲ.....အထဲမှာ အသားတွေ အပြည့်ပဲနေမှာ....."


သူတွေးတောလိုက်မိသည်။ထ်ိုပုစွန်က အထွဋ်အထိပ်ကြီးမားလွန်းလှသည့် ကျိုင်းပုစွန်ဖြစ်နေသည်မှာ တော်တော်နှမြောစရာကောင်းလှသည်။အဘယ်ကြောင့်ဆိုသော် ပုဖန်က အခုလက်ရှိ ထိုပုစွန်ကို ဖမ်းရန် မဖြစ်နိုင်သေးပေ။သို့မဟုတ်လျှင် သူက မည်သည့်နည်းနှင့်မှ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။


ရွဲ.....ရွဲ.....ရွဲ.....


မဟူရာလိပ်ခုံးဒယ်အိုး၏ အောက်ခြေမှ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ မီးတောက်က ပိုမို ပြင်းထန်လာသည်။အိုးအတွင်းမှ ထွက်ပေါ်လာသော မွှေးရနံ့များကလည်း ပိုမို သိပ်သည်းလာကာ မြို့တစ်ခုလုံးကိုပင် ပြန့်နှံ့သွားလေသည်။


ဧရာမကျိုင်းပုစွန်ကြီး၏ မျက်ဝန်းများကလည်နေသည်။သူက ရှည်လျားလှသော လက်ချောင်းများကို ဆန့်ထုတ်၍ လေထုကို ဖြတ်သန်းစေလိုက်သည်။ထို ကြီးမားတုတ်ခိုင်လှသော လက်များက ပုဖန်ဆီသို့ တိုက်ရိုက်တိုးဝင်လာလေသည်။


ရုတ်တရက် ဖြစ်ပေါ်လာသော ထိုမြင်ကွင်းတစ်ခုလုံးက ထူးဆန်းလှသည်။ပုဖန်က မွှေးရနံ့များ ကြိုင်လှိုင်စွာ ထွက်ပေါ်နေသော ပုစွန်နှပ်အိုးကို ကိုင်၍ ရှေ့ကထွက်ပြေးနေသလို ဧရာမ ကျိုင်းပုစွန်နှင့် အဏ္ဏဝါမျိုးစိတ်စစ်သည်တော်များက သူ့ရဲ့ နောက်နားမှနေ၍ အသဲအသန်လိုက်ဖမ်းနေကြသည်။


မဟာမြွေလူသား မြို့တော်မှ မြွေလူသားများအားလုံးက ထ်ိုမြင်ကွင်းကို ကြည့်၍ ကြောင်အမှင်သက်နေကြသည်။တုဝေ့က မို့မောက်လှသော သူအ၏ ရင်ဘတ်က်ို ဖိကိုင်လိုက်သည် ။ရေပြင်ပေါ်၌ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ပြေးနေသော ပုဖန်ကို မြင်ရသည်မှာ သူမ ငိုရမလား ရယ်ရမလားပင် မသိနိုင်ပေ။