အခန်း ၃၉၁
အိုး.... သိပ် စိတ်လှုပ်ရှားစရာကောင်းတာပဲ...
တုဝေက ပုဖန်၏ ရယ်စရာကောင်းသောအမူအရာကို ရယ်ရမလို ငိုရမလို မသိသောကြောင့် ကြည့်လိုက်မိသည်။ဒီလို ခက်ထန် ကြမ်းတမ်းတဲ့ လူတစ်ယောက်က ဟာသဖြစ်သွားလိမ့်မယ်လို့ သူမ တစ်ခါမျှ မတွေး ခဲ့ဖူးပေ။
မဟာမြွေမြို့တော်ကို သူ့ဘေးက ခွေးကြီးနဲ့ အတူတိုက်ခိုက်မည့်သူတစ်ယောက်အတွက် သူမလုပ်နိုင်သော ကိစ္စ မရှိပေ။
ထိပ်တန်း ကျိုင်းပုဇွန်၏အရှေ့တွင် ကျိုင်းပုဇွန်ကိုချက်ပြုတ်ခြင်းသည် လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
ဒီလူ့အပေါ်တွင် သူမ ကျေးဇူးအကြွေးလည်း ကျန်သေးသည်။
တုဝေမျက်လုံးသည် အေးချမ်းတည်ငြိမ်နေခဲ့သည်။သူမက သူမ၏ အမြှီးကိုလွှဲကာ အရှိန်ဖြင့် ပျံဝဲတက်ရင်း နန်းတော်ဆီသို့ ပြန်သွားလိုက်သည်။
"အကာအကွယ်မှော်အစီအရင် တွေ နိုးထစမ်း....ဒီကို့ရို့ကားယားအကောင်တွေကို ဖယ်ရှားစမ်း....."
တုဝေက ပျံဝဲလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သံက နန်းတော်တစ်ခွင်လုံး ပျံ့နှံ့သွားလေ၏။မရေမတွက်နိုင်သော မြွေလူသားများသည် မြေပေါ်တွင် ရှိနေရမည့်အစား နန်းတော်ထဲ၌ ပုန်းအောင်း နေကြသည်။
သိပ်မကြာခင် ပင်လယ်လှိုင်းလုံးများသည် သူ့အလိုလို ဘေးပတ်၀န်းကျင်မှ ၀န်းရံလာ လေတော့သည်။
မှိန်ပြသော အလင်းတန်းလေးသည် အခြားသောမှော်အစီအရင်တစ်ခု လုပ်ပြီးချိန်တွင် ကောင်းကင်သို့ ထွက်ပေါ်လာကာကောင်းကင်တစ်ပြင်လုံး လင်းလက်သွား၏။
တုဝေ၏ ဆံပင်များ.. လေတွင် လွင့်မြောနေကာ မျက်လုံးများက မှုံန်ရီနေလေ၏။ နီထွေးသော နှတ်ခမ်းပါးလေးက ကွေးညွတ်သွားသည်။ ထို့နောက် သူစိတ်တွင် မှော်အစီအရင်များဖြင့် ချိတ်ဆက်နေလေတော့၏။
...................
ပုဖန်က ဆက်လက်ချက်ပြုတ်နေခြင်း ကြောင့် နှာခေါင်းကို မရှုံ့ရမနေနိုင် ဖြစ်နေသည်။မဟူရာ လိပ်ခုံးဒယ်အိုးထဲတွင် နှပ်ထားသော ကျိုင်းပုဇွန်နှပ်က တဖြည်းဖြည်း အနံ့ထွက်လာ၏။အနံ့က ပုဖန်ကို သွားရည်ပင် ယိုစေလာ၏။
ပန်းဂဏာန်းကဲ့သို့သော ပင်လယ်စာက ကျိုင်းပုဇွန်အရသာ ပါ၀င်ကာ ဆီဖြင့် အသေအချာ နှပ်ထားလေ၏။တစ်ကယ်တော့ ဤဟင်းပွဲသည် ပုဖန်ဆိုင်မှ ဥမွှေကြော်ထက် အပုံကြီး စားကောင်းလေသည်။
ပင်လယ်စာများ၏ အသားသည် တစ်ခုနှင့်တစ်ခုမတူညီသောကြောင့် ဆီဖြင့် နှပ်ရာ အသားတစ်ခုစီတိုင်း၏ အရသာများကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိလေ၏။
ရလာဒ်အနေဖြင့် လူတော်တော်များများ၏စားချင်စိတ်ကို နှိူးဆွကာ သွားရည်ယိုစေတော့သည်။
ပုဖန်က ရေပြင်ကိုဖြတ်ကာ မြန်မြန်ပြေးလိုက်သည်။ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေ အတွင်းမှ ပင်လယ်ရေများသည် အချိန်နှင့်အမျှ ပြည့်လျှံလာလေသည်။
ရေသည် တဖြည်းဖြည်း မီတာအမြင့်အထိရောက်ရှိလာသည်။အကယ်၍ ပုဖန်သာ သူ၏အစစ် အမှန်စွမ်းအင်ကို မှီခို အသုံးမပြုခဲ့ပါက ရေအောက်သို့ ရောက်သွားမည်မှာ အသေအချာပင်ဖြစ်လေသည်။
ယခုနယ်မြေအသစ် သည် ပုဖန်အား ပြသနာများဖြင့်သာ ဆီးကြိုနေလေ၏။သို့သော် အဏ္ဏဝါမျိုးစိတ် စစ်သည်တော်နှင့် ထိပ်တန်းကျိုင်း ပုဇွန်တို့အတွက်တော့ အဆင်ပြေ သာယာစေ၏။
အဏ္ဏဝါ မျိုးစိတ် စစ်သည်တော်များက တခြားသောသူများထက် နှစ်လိုဖွယ်မရှိပေ။သူတို့သည် ငါးအပြာနှင့် လူသားတို့ ပေါင်းစပ်ထားသကဲ့သို့ဖြစ်နေသည်။
သူတို့၏မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်နေကာ ပါးစပ်ကလည်း ပြဲသေး၏။ပါးနှစ်ဖက်တွင်လည်း ပါးဟပ်ကြီးများ ရှိသေးသည်။
သူတို့၏လက်ချောင်းများသည် တစ်ခုနှင့်တစ်ခု ဆက်နေကာ ရေယက်ကဲ့သို့ ဖြစ်နေသေးသည်။ အားလုံး ခြုံကြည့်ပါက ငါးတစ်ပိုင်း လူတစ်ပိုင်းကဲ့သို့ပင်ဖြစ်နေချေသည်။
တချို့သော အဏ္ဏဝါမျိုးစိတ် စစ်သည်တော်များတွင်မူ သူတို့၏ အပြာရောင်ငါးအမြှီးများသည် မြှီးညှောင်ရိုးမှ ငေါထွက်နေသေးသည်။
ထို အဏ္ဏဝါမျိုးစိတ် စစ်သည်တော်တိုင်းက ပုဖန်ကို ဒေါသခိုးဝေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေလေသည်။
ပုဖန်၏ မဆင်မခြင် ကျိုင်း ပုဇွန်လုံးများကို ချက်လိုက်ခြင်းက အဏ္ဏဝါမျိုးစိတ်စစ်သည်တော်များကို မခံချိမခံသာ ဖြစ်စေသည်။
ရှူး ရှူး
ထိပ်တန်းကျိုင်းပုဇွန်လုံးများ၏ ညည်းသံ တိုးတိုးလေး ထွက်ပ်ါလာသည်။လှိုင်းလုံးကြီးများသည် မိုးထိအောင် မြင့်လျက်ရှိပြီး ပုဖန်နှင့် နေရာ သိပ်မကွာပေ။
ထိပ်တန်းပုဇွန်လုံးသည် ထိုအဖြစ်အပျက်ကို သူ၏ လက်မကြီးကို လှုပ်ကာ ရမ်းကာ ကြည့်နေလေ၏။
အဖြစ်အပျက်သည် သိပ်ကို မြန်ဆန်လွန်းလေသည်။
လေ ထန်နေသည်။
ပုဖန်က သူ၏ မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ရင် တောင့် တောင့်ကြီး အေးခဲသွားသလို မတ်တပ်ရပ်နေသည်။
အေးမြသော အထိအတွေ့သည် လူသေကောင်လက်ကဲ့သို့ သူကို ပွတ်သပ်သွားလေသည်။
သိပ်မကြာခင်မှရခဲ့သော ပုဇွန်လုံးအနံ့က သူစိတ်နှလုံးကို ဆွဲခါရမ်းလိုက်သည်။
"ဘုန်း......."
ရေလှိုင်းလုံးကြီးကို ဖောက်ကာ အစစ်အမှန်စွမ်းအင်များဖြင့် ဒုံးကျည်တစ်ခုလို ပုဖန် လွင့်သွားသည်။
ထိပ်တန်းကျိုင်းပုဇွန်နှစ်ကောင်၏ တံစဉ်ကဲ့သို့သော် လက်မကြီးနှစ်ဖက်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ ကုတ်ဖဲ့ရန်လာနေကြသည်။
တခြားသော ပေါက်ကွဲမှုကြီးလည်း ပေါ်ပေါက်လာသည်။ပုဖန်သွားတော့မည့်နေရာနှင့် မနီးမဝေးတွင် တွင်းနက်ကြီးများ ပေါ်ထွက်လာသည်။
"ဘာဖြစ်တာလဲ....ဒီလို ထိပ်တန်း ကျိုင်းပုဇွန်တွေမှာ အသားတွေ ပေါမှာဘဲ.......အရသာကလည်း သိပ်ရှိမှာ......." ပုဖန်က လေပေါ်မှ ဖြတ်သွားရင်း စဉ်းစားမိသည်။
သူ လေပေါ်မြင့်တက်လာသည်နှင့်အမျှ အဏ္ဏဝါစစ်သည်များကလည်း နီးစပ်လာသည်။
အဏ္ဏဝါစစ်သည်များသည် အဆင့်ရှစ် စစ်နတ်ဘုရား အဆင့်လောက်ရှိသည်။သုံးခွ ခက်ရင်းတစ်ချောင်းပေါ်လာပြီ ပုဖန်ဆီသို့ လှမ်းပစ်လိုက်သည်။
ပုဖန်က အသက်၀၀ရှုလိုက်ကာ သူ၏အစစ်အမှန်စွမ်းအင်ကို နိုးထစေလိုက်သည်။ချက်ခြင်းပင် မဟူရာလိပ်ခုံးဒယ်အိုး အရွယ်သည် တဖြေးဖြေး ကြီးမားလာခဲ့သည်။
မဟူရာလိပ်ခုံးဒယ်အိုး ပတ်ပတ်လည်ရှိ ကနုတ်ပန်းများသည် ဖောင်းကြွထင်ရှားလာကာ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။
အဏ္ဏဝါစစ်သည်များ ပစ်လိုက်သော သုံးခွခက်ရင်းကို မဟူရာလိပ်ခုံးဒယ်အိုးဖြင့် ရိုက်ချလိုက်သည်။
တစ်ကယ်တမ်း သုံးခွခက်ရင်းသည် ဒယ်အိုးတစ်ချက်ရိုက်စာပင် မရှိချေ။
အဏ္ဏဝါ စစ်သည်တော်များ စိတ်ဓါတ်ကျကုန်သည်။
ထိုစဉ် မဟူရာလိပ်ခုံး ဒယ်အိုးသည် သူတို့ဆီသို့ လွင့်ပျံလာလေရာ အဏ္ဏဝါစစ်သည်တော်များ မျက်လုံးပြူးသွားကြသည်။
"ဝုန်း.........."
တစ်ခါတည်း ပင် အဏ္ဏဝါစစ်သည် တော်တော်များများကို မဟူရာလိပ်ခုံးဒယ်အိုးဖြင့် အလုံးအရင်းလိုက်ဝင်တိုက်ပစ်လိုက် သည်။
စိတ်သောကရောက်စွာ ညည်းညူနေကြပြီး မျက်လုံးအရောင်များလဲ ပြောင်းလဲသွား၏။
ပူလိုက္တာ...
အား...အရမ်းပူတာဘဲ....
ဒယ်အိုး၏အောက်တွင် ကောင်းကင်ကမ္ဘာမြေတောက်ကျောက်ဖြင့် မီးမြိုက်နေသော်ကြောင့် အဏ္ဏဝါစစ်သည်တော်များသည် အရှင်လတ်လတ် မီးဖြင့် အလှော်ခံရသလိုဖြစ်နေကာ သူတို့လက်မှ ရေယက်များသည် ပေါက်ပြဲကာ ကော့လန်ကုန်သည်။
သူတို့ ဤဒယ်အိုးကြီးထဲမှာ ရုန်းမထွက်နိုင်ကြပေ။
"ရွဲ ရွဲ ရွဲ........"
မြောက်များလှစွသော အဏ္ဏဝါစစ်သည်တော်များသည် ဒယ်အိုးကြီးထဲတွင် အလူးလူး အလဲလဲ ခံနေရသည်။
ဒယ်အိုးသည် တဖြည်းဖြည်းပူလာသောကြောင့် ရေပင် ဆူစပြုနေပြီဖြစ်သည်။
ပုဖန်က သူတို့၏ဖြစ်ပျက်သမျှ ဖြစ်စဉ်ကို အေးအေးဆေးဆေးပင် ငေးကြည့်နေသည်။မဟုရာလိပ်ခုံးဒယ်အိုးက ဤကဲ့သို့လုပ်ဆောင်နိုင်သော အစွမ်းရှိမည်ဟု မထင်ထားခဲ့ပေ။
ဒယ်အိုး၏ ထူးခြားသော လုပ်နိုင်စွမ်းများကို ရှာတွေ့ပြီဖြစ်သည်။
ခဏအကြာတွင် ဒယ်အိုးသည် အရွယ်ပြန်ကြုံ့ကာ သူဆီသို့ပြန်ရောက်လာသည်။
သူဆီရောက်လာသည့်အထိ ဒယ်အိုးတွင် အပူချိန်များ ရှိနေသေးသည်။
ထိပ်တန်းကျိုင်းပုဇွန်သည် နီရဲနေကာ မွှေးရနံ့များပင် လွင့်ပျံနေသည်ကို တွေ့ရ၍ ပုဖန်မျက်လုံး ပြူးသွားလေသည်။
"ကျိုင်းပုဇွန်လုံး နှပ်........"
မီးခိုးစိမ်းငွေ့များပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးပေါ်လာသည်။ ပုဖန်က နီရဲစိုအိနေသော ပုဇွန်လုံးများကို ဓါးဖြင့် လှီးလိုက်သည်။
အသားများ အလွှာလိုက်ဖြစ်သွားပြီးနောက် မွှေးရနံ့များ ပိုမိုစူးရှပျံ့လွင့်လာလေတော့သည်။
ပုဖန်က ဓါးကို လှည့်မွှေလိုက်ရင်း ကျိုင်းပုဇွန်၏ အမြှီးပိုင်းကို ခုတ်ဖြတ်လိုက်ရာ အဆီများ ယိုစိမ့်လာလေသည်။
နောက်ဆုံးတွင် ပုဖန်၏လက်ချက်ဖြင့် ကျိုင်းပုဇွန်သည် အခွံကျွတ်သွားတော့သည်။
ထို့နောက် ပန်းရောင်ဖျော့ဖျော့အသားလွှာသည် ပေါ်လာကာ မွှေးရနံ့သည် သင်းပျံ့လာလေသည်။
"ဂလု......."
ပုဖန် တံတွေးပင်မျိုချမိလေသည်။
ကျိုင်းပုဇွန်ခေါင်းကိုကိုင်ကာ တစ်ချက်ကိုက်ချလိုက်သည်။
ပျော့ပျောင်းနူးညံ့သော ပုဇွန်အသားက လျှာဖျားပေါ်တွင် ထင်မှတ်မထားသော ခံစားမှုဖြင့် ပျော်၀င်သွားလေသည်။
အသားလွှာကို သွားဖြင့်ဖိကိုက်လိုက်ရာ အရသာများ ယိုကျစီးဆိမ့်သွားလေကာ နှာဖျားအထိပင် မွှေးရနံ့များ စိမ့်၀င်လာတော့သည်။
ပင်လယ်စာအသားနှင့် အေးခဲကျောက်စိမ်း နှလုံးသားဝိုင်တို့သည် စိတ်ကိုရူးသွပ်စေလေသည်။
ကျိုင်းပုဇွန်တွင် စိတ်ဝိညာဉ်စွမ်းအင်များ အပြည့်အမောက်ပါလေသည်။ထိုသို့သော် ကျိုင်းပုဇွန်များကို စားသုံးပြီးနောက် ပုဖန်တစ်ကိုယ်လုံးသည် လန်းဆန်းပေါ့ပါးသွားလေတော့သည်။
"အရမ်း အရသာရှိတာဘဲ......."
တစ်ကိုယ်တည်း ကျေနပ်စွာ ရေရွတ်လိုက်သည်။
နောက်တစ်ကြိမ်ထပ်ကိုက်လိုက်ပြန်၏။ထို့နောက်ပိုသောအသားစကိုပါ တစ်ပါတည်းထည့်ဝါးက ပုလုတ်ပလောင်းအားပါးတရ စားလေတော့သည်။
"ရွဲ ရွဲ ရွဲ......."
အသားရနံ့များသည် ပိုမိုပျံ့လွင့်လာချိန်၌ ထိပ်တန်းကျိုင်းပုဇွန်၏မျက်လုံးသည်လည်း ဒေါသခိုးများဝေနေပေပြီ။
စိတ်ဝိညာဉ်စွမ်းအင်များ... သူ၏ ခန္ဓာကိုယ်မှ လွင့်ပျံကာ တံစဉ်ကဲ့သို့ လက်မကြီးနှစ်ချောင်းသည်လည်း စပရိမ်ကဲ့သို့ တုန်ရီနေ၏။
"ဝုန်း............."
ကြီးမားကျယ်လောင်သော အသံကြီးကို ကြားရပြီးနောက် ထိပ်တန်းကျိုင်းပုဇွန်က ဒယ်အိုကို လွင့်ထွက်သွား အောင်လုပ်လိုက်သည်။
ပုဖန် မျက်လုံးပင်ပြာထွက်သွားသည်။
ထိပ်တန်းကျိုင်းပုဇွန်မှ ထွက်ပေါ်လာသော စွမ်းအားသည် ကြောက်စရာအတိပင်ဖြစ်တော့သည်။
တိုက်ပွဲသည် စိတ်လှုပ်ရှားစရာ အတိဖြစ်နေလေတော့သည်။
"ဝုန်း.......ဝုန်း........ဝုန်း........."
ပုဖန်က ဒယ်အိုးကို ဆွဲကိုင်၍ သူ၏ အစစ်အမှန်စွမ်းအင်ကို စုစည်းလိုက်ပြီး ရေပေါ်လျှပ်ကာပြေးသွားလိုက်သည်။
သူ ပုစွန်ကို နောက်တကြိမ်ထပ်ကိုက်လိုက်ချိန်၌ မွှေးရနံ့များ နောက်တစ်ကြိမ်ပေါ်ထွက်လာပြန်သည်။ပြေးရင်းလွှါးရင်းဖြင့် အားပါးတရပင် စားနေလိုက်သည်။
သူ၏အရသာက ပုဖန်တစ်သက်လုံး အောင့်မေ့သတိရနိုင်သည့်အထိ ခမ်းနားလေသည်။ပုဖန်လည်း အဆက်မပြတ်ဝါးရင်း သွားသည့်နှုန်းကို အရှိန်မြှင့်လိုက်သည်။
ကျိုင်းပုဇွန်၏အရသာသည် ရူးသွပ်နိုင်လောက်သည့်အထိကောင်းမွန်လေသည်။
တဖြည်းဖြည်း ပုဖန် သလင်းကျောက်တွင်းနှင့်နီးစပ်လာလေတော့သည်။
............
ပင်လယ်လှိုင်းလုံးများထဲတွင် များစွာသော သတ္တဝါများ၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပါလာတတ်သည်။
ကောင်းကင်တွင် သံသင်္ဘောတစ်ခုသည် ရစ်ဝဲနေသည်။ ခေါင်ဆောင်ဖုန်းက လက်နောက်ပစ်ကာရပ်နေရင်း ရေထဲတွင် မျောပါလာသည်များကို ကြည့်နေသည်။
"အဏ္ဏဝါစစ်သည်တော်တွေလား......"ခေါင်းဆောင်ဖုန်းက တီးတိုးပြောဆိုလိုက်သည်။
တစ်စုံတစ်ခုသော စွမ်းအင်၏ အားသက်ရောက်မှုကို ခေါင်းဆောင်ဖုန်း ခံစားမိသည်။
ဤသည်မှာ အဆင့်တစ်ဆယ်ရှိ နတ်ဘုရားတစ်ပိုင်းဖြစ်သော မသေမျိုးကိုယ်ခန္ဓာပိုင်ဆိုင်ထားသူဖြစ်၏။စွမ်းအင်များသည် ဖြာထွက်ကာနေလေ၏။
"ဒီအဏ္ဏဝါစစ်သည်တွေကလည်း သလင်းကျောက်တွင်းကို လာကြတာဘဲလား......"
ခေါင်းဆောင်ဖုန်းက မျက်ခုံးတွန့်ကာ တွေးလိုက်သည်။သူ၏သွေးများ ဆူပွက်လာတော့သည်။သူသည် အဏ္ဏဝါစစ်သည်တော်များနှင့် ထိပ်တိုက်ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်။
အဏ္ဏဝါစစ်သည်တော်များကလည်း ကောင်းကင်ယံရှိ စစ်သင်္ဘောကြီးသည် သူတို့ဆီ ဦးတည် ဆင်းလာကြောင်း သတိပြုမိသည်။
ထိုအချိန်တွင် "ဝုန်း........"
သလင်းကျောက်တွင်းမှ ပေါက်ကွဲသံကို ကြားရသည်။
သလင်းကျောက်တွင်းမှ အရာ၀တ္ထုများ ဖရိုဖရဲ လွင့် စင်လာလေတော့သည်။