အပိုင်း ၃၉၂
Viewers 53k

အခန်း ၃၉၂

ဇွဲကောင်းကောင်းဖြင့်အမဲလိုက်နေသော ပင်လယ်နက်ကျိုင်းပုစွန်.....


ဆွစ်.....ဆွစ်.....ဆွစ်......


ခြောက်သွေ့မာကြောလှသော ရွှံ့နွံမြေ....


သလင်းကျောက်တွင်း ဝင်ပေါက်မှနေ၍ တုန်လှုပ်ခြောက်ခြားနေသော လူများ အလျင်စလို ပြေးထွက်လာကြရာ လူများ ပွက်လောရိုက်နေလေ၏။ဝူမူ၏ မျက်နာအမူအရာက တင်းမာခတ်ထန်နေပြီး သူ့၏ ဓားစွမ်းရည်များ စီးဆင်းနေသည့် ဓားရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။


မြွေမျိုးနွယ်အာဏာပိုင်၏ အပြာရောင်ဆံပင်များကလည်း ပတ်ဝန်းကျင် တစ်ခွင်ပြန့်ဝဲနေ၏။သူမ၏ အပြာရောင်အမြီးကို ယမ်းခါလိုက်တိုင်း သူမ၏ ခန္ဓာကိုယ်မှမြောက်များလှစွာသော စွမ်းအင်ဂယက်များ ထွက်ပေါ်နေသည်။


သူတို့ နှစ်ယောက်သာမက မြွေမျိုးနွယ်ဘုရင် တုခိုင်၏ ခန္ဓာကိုယ်မှလည်း လျှပ်စီးတန်းများ လင်းလက်နေဆဲ ဖြစ်သည်။သို့သော်လည်း သူ့၏ ခန္ဓာကိုယ်က သွေးများဖြင့် နစ်နေပြီး အကြေးခွံတစ်ချို့ကိုလည်း ဆုံးရှုံးထားလေသည်။


သူတို့အားလုံးက ကြီးမားလှသော သလင်းကျောက်တွင်း ဝင်ပေါက်ကို စူးစိုက်ကြည့်နေကြသည်။သူတို့၏ စ်ိတ်ထဲမှ တင်းကျပ်စွာဖြင့်ပင် လေအေးများ ရှူရှိုက်လိုက်ကြ၏။


ဘန်း.....


ကျယ်လောင်သော တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး လူများစွာ ပြေးထွက်လာကြပြန်သည်။ကံမကောင်းစွာဖြင့် ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးကို စိတ်ဝိညာဉ်သားရဲက ဖမ်းဆီးမိသွားသည်။ထိုသူကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ချလိုက်လေ၏။


ခေါင်းဆောင်ဖန်း၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။သူက လေထဲရှိ စစ်သင်္ဘောပေါ်တွင် ရပ်နေရင်းမှ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို တွေ့လိုက်ရသည်။ထွက်ပြေးလွတ်မြောက်လာသူ တစ်ယောက်က ကံမကောင်းစွာဖြင့် ဖားပျံလည် ဖမ်းယူခြင်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ခံလိုက်ရသည်။


သူ့၏ အရိုးများက ကျိုးကြေသွားပြီး သွေးတစ်လုတ်အန်လိုက်ရသည်ကို တွေ့လိုက်ရ၏။ထိုသူက သူစေလွှတ်ခဲ့သော တန်ခိုးရှင်အဆင့်သူ ဖြစ်သည်။


ထို သားရဲများက သလင်းကျောက်တွင်းဝ၌ ရစ်ဝဲနေကြသည်။သူတို့၏ ခန္ဓာကိုယ်ကို သလင်းကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ရွှေရောင်များ ထုတ်လွင့်နေသည်။သူတို့၏ မျက်ဝန်းများကလည်း သွေးနီရောင်နီရဲနေပြီး ကြည့်ရသည်မှာ ကြောက်စရာကောင်းလှ၏။


ထို သတ္တဝါအမြောက်အများက သလင်းကျောက်တွင်း၌ ပတ်ဝိုင်းနေပြီး သလင်းကျောက်တွင်းအဝကို လုံးဝပိတ်ဆို့ထားလိုက်သည်။


ဝူမူနှင့် မြွေမျိုးနွယ် အာဏာပိုင်တို့က ထိုသတ္တဝါများကို စိုးရိမ်ပူပန်စွာဖြင့် စိုက်ကြည့်နေကြသည်။ထိုသတ္တဝါများက ပိုင်ကျန့်ကို ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆိုးရွားသည့်အခြေအနေကိုလည်း ရောက်ရှိစေခဲ့သည်။


ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်များက သူတို့ မျက်ဝန်းထဲမှ တောက်ပမှုများကို မျက်ဝန်းများ မှေးကျင်း၍ ဖုံးကွယ်ထားကြသည်။


"အဲ့ဒါ ပုံဆောင်ခဲ သားရဲတွေ မဟုတ်လား....."


သူတို့နှစ်ဖက်လုံး ပြိုင်တူ ရေရွတ်လိုက်မိကြသည်။သူတို့က သလင်းကျောက်တွင်းကြီးများမှ စိတ်ဝိညာဉ် သားရဲများအကြောင်းကို ဝူမူနှင့် အခြားသူများထက် ပို၍ သိပေသည်။


ထို့အပြင် ထို ပုံဆောင်ခဲသားရဲများက အဆင့် ၉ တန်ခိုးရှင်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိနေပေသည်။ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်က စိတ်လှုပ်ရှားမှုဖြင့် အသက်ပြင်းပြင်းရှိုက်လိုက်မိကြသည်။


"ကျောက်တွင်းကို စောင့်ကြပ်နေတဲ့ ပုံဆောင်ခဲသားရဲတွေတောင် ဒီလောက် သန်မာတယ်ဆိုတော့ သလင်းကျောက် အရင်းအမြစ်ထဲက ရတနာတွေဆိုဘယ်လောက်တောင် အဖိုးတန်နေလိမ့်မလဲ....." 


ခေါင်းဆောင်ဖန်းက စိတ်အားထက်သန်စွာဖြင့် သင်္ဘောလက်ရမ်းများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသည်။


နတ်ဘုရားနယ်ပယ် ကျွမ်းကျင် ပညာရှင် အဏ္ဏဝါမျိုးစိတ် စစ်သည်တော်က သူ့၏ ပါးစပ်ထဲမှ ပင်လယ်ရေများ မှုတ်ထုတ်လိုက်သည်။ထို့နောက် ကျယ်လောင်လှသော အော်ဟစ်သံကို ထုတ်လွင့်လိုက်။


အကယ်၍ သူသာမမှားလျှင် ကျိုင်းပုစွန် ဘိုးဘေးကြီးက ကြီးမားလှသော သလင်းကျောက်အတွင်း၌ အိပ်စက်နေပေလိမ့်မည်။


ဘန်း......


ခေါင်းဆောင်ဖန်းက နှုတ်ခမ်းတစ်ဖက် တွန့်ကွေးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရှေ့သို့ လျှင်မြန်စွာ ရွေ့လျားသွားပြီးနောက် သလင်းကျောက်တွင်း၏ အလယ် လေထုထဲ၌ ပေါ်လာသည်။


သူ့၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်လှသော အော်ရာများ ဖြာထွက်နေသည်။သူ့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း ကြီးမားကျယ်ပြန့်လှပြီး ကြွက်သားများကလည်း ပြောင်တင်းနေ၏ သူ့၏ မျက်ဝန်းအကြည့်များကလည်း လျှပ်စီးတန်းများကဲ့သို့ လဲ့ဖြာနေသည်။


အဆင့် ၁၀ နတ်ဘုရားနယ်ပယ်ပညာရှင် မသေမျိုး ခန္ဓာအဆင့် တစ်ယောက်၏ ခွန်အားက အလွန်ကြီးမားလှသည်။


စစ်သင်္ဘော၏ အပြင်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ခေါင်းဆောင်ဖန်း၏ အမြန်နှုန်းက အသံ၏ အမြန်နှုန်းထက်ပင် ကျော်လွန်နေသောကြောင့် ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ တွင်းပေါက်ဝ၌ ချက်ချင်း ပေါ်လာခြင်းဖြစ်သည်။


ပုံဆောင်ခဲ သားရဲများ၏ သွေးနီရောင် မျက်ဝန်းများက တောက်ပလာပြီး အော်ဟစ်ကျုံးဝါးလိုက်ကာ ခေါင်းဆောင်ဖန်းဆီသို့ တိုးဝင်တိုက်ခိုက်လာကြသည်။ခေါင်းဆောင်ဖန်းက သူ့၏ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။


မာကြောကြံ့ခိုင်လှသော ပုံဆောင်ခဲသားရဲများက အဆင့် ၉ တန်ခိုးရှင်အဆင့်၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသော်လည်း ခေါင်းဆောင်ဖန်း၏ လက်သီးချက်ဖြင့် သလင်းကျောက် အစအနဖြင့် ကွဲကြေသွားသည်။သူက ပုံဆောင်ခဲ သားရဲများအပေါ်၌ တကယ့်ကို ချုပ်ကိုင်နိုင်စွမ်းရှိနေပေသည်။


အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင်က အချိန်ခဏမျှ အံ့အားသင့်သွားသည်။ထို့နောက် ငါးဆူးတောင် ရေယက်ကဲ့သို့ သူ့၏ ခြေထောက်ကို ရေလှိုင်းပေါ်သို့ နင်းလိုက်သည်။ကြောက်မက်ဖွယ်ကောင်းလှသော ပင်လယ်လှိုင်းလုံးက ကောင်းကင်ယံထိတိုင်အောင် မြင့်တက်သွားပြီး ခေါင်းဆောင်ဖန်းဆီသို့ တိုးဝင်သွားသည်။


နတ်ဘုရားနယ်ပယ်အဆင့် နှစ်ယောက်၏ မျက်ဝန်းအကြည့်များ ထိပ်တိုက် တွေ့ဆုံသွာစရာမှ လေထဲတွင် လျှပ်စီးလျှပ်နွယ်များ လက်လာသလိုပင် ထင်ရသည်။


တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ ခွန်အားများကို စုစည်းလိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။သူတို့ လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားရာမှ ကြောက်မက်ဖွယ်ကောင်စလှသော လှိုင်းလုံများ ပိုမိုမြက့်တက်လာပြီး လေပြင်းများကလည်း ပိုမို၍ ဆိုးရွားလာသည်။


အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင်က အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ရုတ်တရက် သူ့၏ ပါးစပ်က ပွင့်ဟလာပြီး ရေများထွက်အန် ကျလာ၏။


ခေါင်းဆောင်ဖန်းက အံ့အားသင့်သင့်ဖြင့် မျက်ခုံးပင့်လိုက်ပြီးနောက် သူ့၏ လက်ကို လွှဲယမ်းလိုက်သည်။မဟာဂိုဏ်းမှ ကျွမ်းကျင်သူများက သူတို့၏ ခန္ဓကိုယ် ကျင့်စဉ်များကို အထူးအလေးပြု၍ လေ့ကျင့်ကြသည်။ထို့ကြောင့်ပင် ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်က သာမန် မသေမျိုး ခန္ဓာအဆင့်များထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။


သို့သော်လည်း သူ့၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရသော အဏ္ဏဝါမျိုးစိတ်ပညာရှင်က ကျဆုံးသွားခြင်း မရှိပေ။လွင့်ထားသကဲ့သို့ပင် အဏ္ဏဝါမျိုးစိတ်များက အံ့သြသင့်စရာမျိုးနွယ်ပင် ဖြစ်သည်။နတ်ဘုရားနယ်ပယ် နှစ်ယောက်၏ တိုက်ပွဲက ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်ကို ကြောင်ပမှင်သက်စေနေသည်။သို့သော်လည်း ထိုတိုက်ပွဲမှ ပြင်းထန်လှသာ စွမ်းအင်အတက်အကျလှိုင်းများကြောင့် သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်နေကြသည်။


ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင် နှစ်ယောက်လုံးက ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်တို့ နားလည်ထားသည်ထက် သာလွန်သော စွမ်းအားများကို ပြသခဲ့ကြသည်။


သူတို့၏ လက်သီးများ ထိပ်တိုက် တွေ့ဆုံမိချိန်၌ ပြိုင်ဘက်နှစ်ယောက်လုံး၏ စွမ်းအားများက ပိုမို မြင့်တက်လာသည်။ထိုစွမ်းအင်ပေါင်းစပ်မှုက ကောင်းကင်ကိုပင် ဖောက်ကွဲ ဖျက်စီးတော့မယောင် ထင်ရစေသည်။


"ဒီနှစ်ယောက်က တကယ်ပဲနတ်ဘုရားနယ်ပင် အဆင့် ပညာရှင်တွေလား.....ဘုရားရေ နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်တွေက ဘယ်လိုဖြစ်ပြီး ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေမှာပေါ်လာရတာလဲ.....ဒီသလင်းကျောက်တွင်း သေးသေးလေးက ဘာကြောင့်များ နတ်ဘုရားနယ်ပယ် အဆင့် ပညာရှင်တွေကို ဆွဲဆောင်နိုင်ရတာလဲ....."


အဏ္ဏဝါမျိုးစိတ်ပညာရှင်နှင့် ခေါင်းဆောင်ဖန်းတို့နှစ်ဦးလုံး၏ စွမ်းအားများက တောင်ပိုင်းဒေသ၌ လူသိများ ထင်ရှားလှသော ထိပ်သီးအဆင့်သူများထက် သာလွန်နေပေသည်။


ဝေရာ......


ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်က တိုက်ပွဲမစခင် အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်ကြသည်။သူတို့ နှစ်ယောက်စလုံးက နတ်ဘုရားနယ်ပယ် အဆင့်သို့ ရောက်ရှိပြီးပြီ ဖြစ်သောကြောင့် သူတို့၏ လှုပ်ရှားမှု အမြန်နှုန်းက အသံနှုန်းထက်ပင် ပို၍မြန်ဆန်နေပြီ ဖြစ်သည်။ဝူမူနှင့် အခြားသူများက တိုက်ပွဲမှ ဖြစ်ပေါ်လာသော စွမ်းအင် အတက်အကျလှိုင်းများထံမှ ထပ်တလဲလဲ ရုန်းကန်နေရသည်။


သူတို့ရောက်နေရာနေရာက နတ်ဘုရားနယ်ပယ်အဆင့်များ၏ တိုက်ပွဲ ကွင်းပြင် အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ထို့အပြင် သူတို့က သလင်းကျောက်တွင်းထဲသို့ ဝင်ခွင့်ရရန်အတွက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။


သလင်းကျောက်တွင်းအဝဆီမှ ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။နတ်ဘုရားနယ်ပယ် ပညာရှင်နှစ်ယောက်လုံးက အရာရာတိုင်းကို လျစ်လျူ ရှူလိုက်ပြီး သလင်းကျောက်တွင်းထဲသို့ ပြေးဝင်သွားကြသည်။သူတို့ သလင်းကျောက်တွင်းထဲ၌ ထပ်မံ၍ တိုက်ခိုက်လိုက်ကြပြန်သည်။


ဂရား....ဂရား.....


သလင်းကျောက်တွင်းထဲမှ မြောက်များလှစွာသော ပုံဆောင်ခဲသားရဲများက အော်ဟစ်မြည်ကြွေးလိုက်ကြသည်။သူတို့က ကျူးကျော်လာသူနှစ်ယောက်ကိုအင်အားအပြည့်ဖြင့် စတင် တိုက်ခိုပ်လိုက်ကြသည်။


သို့သော်လည်း လက်သီးတစ်ချက်ပင် ထိုပုံဆောင်ခဲသားရဲကို တစ်စစီဖြစ်သွားစေဖို့ လုံလောက်နေပေပြီ။နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်နှစ်ယောက်လုံးက ပုံဆောင်ခဲသားရဲများဆီသို့လက်သီးတစ်ချက်ပြီးတစ်ချက် တရစပ် တိုက်ခိုက်လိုက်ကြပြီး ကျောက်တွင်းထဲသို့ ဝင်ရန်အတွက် လမ်းကြောင်စဖန်တီးလိုက်ကြသည်။


အပြင်ဘက်တွင် ကျန်နေကြသော ဝူမူနှင့် အခြားသူများကတစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။သလင်းကျောက်တွင်စထဲမှနေ၍ အဆက်မပြတ် ထွက်ပေါ်နေသောတုန်ခါသံများကို နားထောင်၍ သူတို့တွန့်ဆုတ်နေကြပြီး ကျောက်တွင်းထဲ ဝင်သင့်မဝင်သင့် မဆုံးဖြတ်နိုင် ဖြစ်နေကြသည်။


ဘန်း ....ဘန်း.....ဘန်း......


သလင်းကျောက်တွင်းထဲမှ တုန်ခါသံများပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။


ရုတ်တရက်ပင်လယ်စာ ရနံ့နှင့် စိတ်ကျေနပ်ဖွယ်ကောင်းလှသော ဝိုင်၏ ရနံ့များပါဝင်သည့် စွဲမက်ဖွယ်ရာ မွှေးရနံ့တစ်ခု လွင့်ပြယ်လာသည်။


ထို ရနံ့များ၏ ထိုးနှက်မှုကို ခံလိုက်ရသော ဝူမူနှင့် အခြားသူများက အံ့သြတသင့်ဖြင့် အနံ့ထွက်ပေါ်ရာ နေရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။သူတို့က တစ်ယောက်ကို တစ်ခြားတစ်ယောက်က လိုက်ဖမ်းနေသည့် ပုံရိပ်နှစ်ခုကို တွေ့မြင်လိုက်ရ၏။


သူတို့ထဲမှ တစ်ယောက်က အနက်ရောင်ဒယ်အိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်းခြေလှမ်းကြဲကြီးများဖြင့် ပြေးနေသည်။ထိုလူငယ်လေးက ချက်ပြုတ်ပြီးသွားပြီဖြစ်သောကြောင့် အနီရောင်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ဆီအိနေသည့် ပုစွန်ကိုလည်း ကိုင်ထားသေးသည်။


ထိုလူငယ်က အရှေ့မှပြေးရင်းဖြင့် ဒယ်အိုးကိုလည်း တစ်ဖက်က ကိုင်ထားကာ ပုစွန်ကိုလည်းမလွတ်တမ်း စားသောက်ရင်း အူးမြူးနေလေသည်။


ထိုပုစွန်ကို တစ်ကိုက်ကိုက်လိုက်တိုင်း၌ ဆီများက သူ့၏ ဘေးနားသို့ လွင့်စင်သွားပြီး မွှေးပျံ့လှသော ရနံ့များကလည်း သူတို့၏ နှာခေါင်းဝဆီသို့ ကျူးကျော်လာသည်။


သူ့၏ နောက်၌ ကြီးမားလှသော ဧရာမ ကျိုင်းပုစွန်တစ်ကောင် လိုက်ပါလာသည်။ထိုပုစွန်က အထွဋ်အထိပ် ကျိုင်းပုစွန်ဖြစ်သည်။သူ့၏ တိုက်ခိုက်နိုင်မှုစွမ်းအားက အလွန်တရာ ကြောက်စရာကောင်းသည့်အပြင် ဖိနှိပ်နိုင်မှု အင်အားကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။


ဘန်း.....


ထိုထိပ်တန်းကျိုင်းပုစွန်က လူသားကို ကြေမွသွားစေရန် ရည်ရွယ်၍ ဒေါသတကြီးတိုက်ခိုက်လိုက်သည်။သို့သော်လည်း ပုဖန်က သူ့၏ အနက်ရောင် ဒယ်အိုးကို နောက်တစ်ကြိမ် ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ထို့နောက် ထိုကျိုင်းပုစွန်နှင့် သူ့၏ ကြား၌ ကွာဝေးစေရန်အတွက် ခြေလှမ်းကျဲကျဲ လှမ်းလိုက်သည်။


ထိုဧရာမပုစွန်က အော်ဟစ်မာန်သွင်းလိုက်သည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဒေါသတရားကြောင့် တုန်ယီနေလေသည်။


ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေး တွန့်ကွေးရုံ ပြုံးလိုက်ပြီး ဆီစိုအိနေ၍ အရသာရှိလှသော ကျိုင်းပုစွန်ကို ဆက်လက်၍ ပျော်ရွှင်စွာ စားသောက်လိုက်သည်။သက်တောင့်သက်သာ ရှိလှသော ခံစားချက်က လွှမ်းခြုံထားလေသည်။


ရေလှိုင်းပေါ်၌ ရှိနေဆဲ ဖြစ်သော အဏ္ဏဝါမျိုးစိတ်ပညာရှင်များက တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်ဝန်းများ ပြူးကျယ်သွားသည်။


"ဘာတွေ ဖြစ်နေတာလဲ.....ပင်လယ်နက် ကျိုင်းပုစွန်တွေက မဟာမြွေလူသားမြို့တော်ကို တိုက်ခိုက်နေတာမဟုတ်ဘူးလား......ဘယ်လိုဖြစ်ပြီး ဒီနေရာကို ပြေးလာကြတာလဲ......"


ပုဖန်က ရေလှိုင်းထိပ်ဆီသို့ အသာလေး လျှောစီးသွားလိုက်သည်။ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးထဲ၌ ကျန်ရှိနေသည့် နောက်ဆုံးလက်ကျန် ပုစွန်ကို ထုတ်ယူလိုက်ပြီး သူ ဓားကိုမြှောက်လိုက်ပြီး အခွံကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ခွာချွတ်လိုက်သည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော အဏ္ဏဝါမျိုးစိတ် ပညာရှင်များက ရှုံ့မဲ့သွားပြီး တွေးလိုက်မိကြသည်။


"ပင်လယ်နက် ကျိုင်းပုစွန်က ဒီလူသားကို အသေအကြေ လိုက်ဖမ်းနေတာ အံ့သြစရာမဟုတ်တော့ဘူး ...."


ပုဖန်က ပုစွန်အခွံကို ပြောင်စင်အောင် ချွတ်ပြီးနောက် စိတ်ကျေနပ်ပျော်ရွှင်စွာဖြင့် စားသောက်လိုက်သည်။သူက ပုစွန်များစွာကို စားသောက်ပြီးခဲ့ပြီ ဖြစ်သည်။


ထို့အပြင် သူက နီရဲနေအောင် ချက်ပြုတ်ထားသည့် စိုအိနေသည့် ပုစွန်သားများကို ထိုအဏ္ဏဝါမျိုးစိတ်များ၏ ရှေ့မှောက်မှာပင် စားသုံးနေခြင်းဖြစ်သည်။ပုဖန်က နောက်ဆုံးပုစွန်ကို စားပြီးသည်နှင့် အခွံကို ရေထဲသို့ ပလုံခနဲ မြည်အောင် ပစ်ချလိုက်သည်။


သူက သက်တောင့်သက်သာဖြင့် ဟာခနဲ အသက်ရှူထုတ်လိုက်သည်။ဆီဝေ့နေသော သူ့၏ နှုတ်ခမ်းကိုလည်း သပ်လိုက်လေသည်။သူ့၏ ခန္ဓာကိုယ်က ငှက်မွှေးတောင်ကဲ့သို့ ပေါ့ပါးနေသည်ဟုပင် ခံစားမိနေသည်။ထိုဟင်းပွဲက အလွန်ပင် အရသာရှိလှပေသည်။ကျိုင်းပုစွန်က အလွန်အမင်းဒေါသထွက်သွားပြီး သူ့၏ လက်ဖြင့် ပုဖန်ကို လွှဲခုတ်လာသည်။


သူ့၏ စိတ်ဝိညာဉ်စွမ်းအားက အလွန်အားကောင်းလှသည်။သူ ရုတ်တရက် ခန္ဓာကိုယ်ကို ဘယ်ညာ ယိမ်းခါလိုက်ခြင်းက ကျိုင်းပုစွန်၏ ရုတ်တရက် တိုက်ခိုက်လာမှုကို ရှောင်လိုက်ပြီးသားဖြစ်သွားလေသည်။


ထိုမြင်ကွင်းကြောင့် အဏ္ဏဝါမျိုးစိတ်များ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွားကြသည်။ကျိုင်းပုစွန်က သူတို့၏ ရဲဘော်ရဲဘက်ပင် ဖြစ်သည်။ထိုလူသားက ကျိုင်းပုစွန်များကို ဆန့်ကျင်တိုက်ခိုက်နေလေရာ အဏ္ဏဝါမျိုးစိတ်တစ်ခုလုံး၏ ရန်သူ ဖြစ်လာပေပြီ။သူတို့က ကျုံးဝါးလိုက်ပြီး ရေလှိုင်းထိပ်မှ ခုန်ချကာ ပုဖန်ဆီသို့ ဦးတည် တိုးဝင်သွားလိုက်သည်။


သူတို့ကို သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် ပုဖန် နှလုံးခုန်မြန်သွားလေသည်။သူတို့၏ အရေအတွက်က အလွန်များပြားလှသည့်အပြင် စွမ်းအင်အဆင့်ကလည်း အလွန်အားကောင်းကြသည်။


"မင်းတို့အားလုံးကိုသာ ငါရင်ဆိုင်နေမယ်ဆိုရင် ငါအချိန်တွေ နှောင့်နှေးသွားမှာပေါ့......"


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ စွမ်းအင်များ ဖြည့်တင်းလိုက်သည်။ကျိုင်းပုစွန်များစားခြင်းဖြင့် ပြန်လည် ဖြည့်တင်းထားသော စွမ်းအားများအပါအဝင် သူ့တွင်ရှိသမျှ စွမ်းအင် အကုန်လုံးနီးပါးကို အသုံးပြုလိုက်သည်။


သို့သော်လည်း သူ့၏ မျက်နာထားက အပြောင်းအလဲမရှိ တည်ငြိမ်နေတုန်းပင် ဖြစ်သည်။စွမ်းအင်များ ထည့်သွင်းပြီးသည်နှင့် မဟူရာလိပ်ခုံး ဒယ်အိုးမှ တောက်ပလှသော ရွှေရောက်အလင်းတန်းများ ဖြာထွက်လာသည်။ထိုဒယ်အိုးက တဖြေးဖြေးကြီးထွားလာပြီး တောင်တစ်လုံးအရွယ်အစားရောက်သည်နှင့် တစ်ပြိုင်နက် ပုဖန်က ဒယ်အိုးဖြင့် လွှဲရိုက်ချလိုက်သည်။


အလွန်လေးလံလှသော မဟူရာလိပ်ခုံးဒယ်အိုးက ထိုသူများဆီသို့ ဝဲပျံသွားလေသည်။ပုဖန်က လွှဲယမ်းပြီးသည်နှင့် တစ်ပြိုင်နက် အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိတော့ပဲ ချာခနဲလှည့်ကာ မိုင်းတွင်းထဲသို့ ပြေးဝင်သွားလိုက်သည်။ခဏချင်းမှာပင် သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။


မဟူလိပ်ခုံးဒယ်အိုးနှင့် ပင်လယ်နက် ကျိုင်းပုစွန်တို့ ထိပ်တိုက် တွေ့ဆုံသွားပြီးနောက် ထိပ်တန်းသားရဲက အနောက်သို့ ယိမ်းယိုင်ထွက်သွားကာ အနည်းငယ်မူးဝေသွားလေသည်။


အဏ္ဏဝါမျိုးစိတ်ပညာရှင်များက သူတို့၏ အစွမ်းထက်လှသော အော်ရာများကို ထုတ်လွင့်လိုက်ပြီး မဟူလိပ်ခုံးဒယ်အိုးကို ပိတ်ဆို့တားဆီးလိုပ်သည်။


ဘန်း......


ကျယ်လောင်လှသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဒယ်အိုးက အစိမ်းရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားကာ တမဟုတမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။


ပုဖန်သည်လည်း သူတို့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို ယခုမှပင် သတိထားလိုက်မိကြပြီး အဏ္ဏဝါမျိုးစိတ်များက တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


ပင်လယ်နက် ကျိုင်းပုစွန်က မူးဝေနေသည့် ခေါင်းကို ယိမ်းခါလိုက်ပြီး မျက်ဝန်းများ ကျုံ့၍ ဟိန်းဟောက်လိုက်သည်။


ထို့နောက် ပစ်လွှတ်လိုက်သောမြှားတစ်စင်းကဲ့သို့ပင် လျှင်မြန်လှသော အရှိန်ဖြင့် ကျောက်တွင်းထဲသို့ ပြေးဝင်သွားလိုက်သည်။မျှော်လင့်မထားစွာပင် သူ့၏ ကြီးမားလှသော ခန္ဓာကိုယ်က ကျဉ်းမြောင်းလှသော ဝင်ပေါက်ကို ဖြတ်ကျော် ဝင်ရောက်သွားနိုင်ပေပြီ။


ထိုမြင်ကွင်းကို မျက်မြင်ကြုံလိုက်ရသော ဝူမူနှင့် အခြားသူများက တုန်လှုပ်ခြောက်ခြားနေဆဲ ဖြစ်သည့် အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင်များ စစ်သင်္ဘောပေါ်၌ ရှိနေကြသော မဟာဂိုဏ်းမှ ဂိုဏ်းသားများအားလုံးက အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်မိကြသည်။


"ဒီလူသားက ပင်လယ်နက် ကျိုင်းပုစွန်ကို ဘယ်လောက်တောင်များ ရန်စထားလို့လဲ....."


ထိုကဲ့သို့ အမဲလိုက်သည့် ပုံစံမျိုးက ထိတ်လန့်စရာကောင်းလှသည်။ပုဖန်က ကျောက်တွင်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို သတိထားလိုက်မိပြီးလမ်းကြောင်းတစ်လျှောက် အလျှင်အမြန် သွားလိုက်သည်။


ပုဖန်က မြေပြင်ပေါ်၌ ပြန့်ကျဲနေသော သလင်းကျောက်တုံးများကို ကြည့်၍ မထိန်းချုပ်နိုင်ပဲ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားလေသည်။


"ဒါက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေထဲကို လာပြီးတော့ သလင်းကျောက်တွင်းကြီးထဲက သလင်းကျောက် အရင်းအမြစ်ကို လက်ခံရရှိရမယ့် မစ်ရှင် မဟုတ်ဘူးလား......"


ပုဖန်က သူ့၏ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။သူ ဒီလိုအခွင့်အရေးမျိုး ရရှိခဲ့လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။


ဝေရာ....


ပုဖန်က စိတ်လှုပ်ရှားမှုဖြင့် ပျော်မြူးနေစဉ်မှာပင် သူ့၏ နောက်ကျောဘက်ဆီမှ ကျယ်လောင်သော တုန်ခါသံတစ်ခုကို ကြားလိုက်ရသည်။သူ သတိပြန်ဝင်လာပြီး ချက်ချင်းနောက်သို့ လှည့်ကြည့်လိုက်ရာ ပြူးကျယ်နေသည့် မျက်ဝန်းများနှင့် ပင်လယ်နက် ကျိုင်းပုစွန်ကို တွေ့လိုက်ရသည်။


ထို ကျိုင်းပုစွန်က သူ့၏ ထက်မြေ့လှသော လက်တံရှည်များကို ဝှေ့ယမ်းရင်း ပုဖန်ဆီကို လာမည့်လမ်းကြောင်း၌ ရှိနေသော ကျောက်သားနံရံများကို ဖြတ်တောက်ရန် ကြိုးစားနေသည်။


ထိုပုစွန်က တကယ့်ကို ဇွဲကောင်းလှပေသည်။ပုဖန်က သက်ပြင်းတစ်ချက် အသာချလိုက်သည်။ထိုကျိုင်းပုစွန်က သူ့ကို အရူးအမူး သတ်ဖြတ်ချင်နေပုံ ပေါ်လေသည်။


"သူက ဒီလောက်ကျဉ်းမြောင်းတဲ့လမ်းကြောင်း ထဲမှာ တစ်ဆို့နေမှာကို မကြောက်ဘူးလား....."


ပုဖန်က စိတ်ထဲမှနေ၍ ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်ပြီးနောက် ပြန်လှည့်လိုက်ကာ သူ့၏ ရှေ့လျှောက်ရမည့် လမ်းကြောင်းကို ဆက်သွားလိုက်လေသည်။သူ့၏ နောက်ကျောဆီမှလည်းတုန်ခါသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။


သူ ရှေးရှူထားသည့် လမ်းကြောင်းက မှောင်မိုကါနေသောကြောင့် ပုဖန်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မှုတ်ထုတ်လိုက်ကာ လမ်းကြောင်းငယ်ကို မီးအလင်းပေးနိုင်ရန် ကြိုးစားလိုက်သည်။ရုတ်တရက် သူ့၏ အောက်ခြေမှ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး သူ့၏ ခြေထောက်က လေဟာနယ်ကိုနင်းလိုပ်ရသလို ခံစားလိုက်ရသောကြောင့် ပုဖန် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။


အားကောင်းလှသည့် ဆုပ်ယူအားတစ်ခု ဖြစ်ပေါ်လာပြီး ပုဖန်ကို ထိုအက်ကြောင်းထဲသို့ ဆုပ်ယူလိုက်လေသည်။နံဘေးနား၌ ရှိနေသော ကျောက်တုံးကျောက်ခဲများကလည်း ကွဲကြေသွားပြီး ပြိုကျလာလေသည်။


ဝေရာ......


ပင်လယ်နက် ကျိုင်းပုစွန်က အရှေ့သို့ အလျှင်အမြန် တိုးဝင်လာသည်။သူ့၏ ကြမ်းတမ်းထက်မြေ့လှသော လက်များကလည်း ဝန်းကျင် အနှံ့ အဆက်မပြတ် လွှဲယမ်းနေ၏။


ရုတ်တရက် စုပ်ယူမှုအားတစ်ခုကို ခံစားလိုက်ရပြီး သူ့၏ နဂိုပြူးကျယ်ပြီးသား မျက်ဝန်းများက ပို၍ ပြူးကျယ်သွားသည်။ရွှပ် ခနဲ မြည်သံတစ် ချက်နှင့်အတူ ပင်လယ်နက် ကျိုင်းပုစွန်လည်း အက်ကွဲကြောင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။