အပိုင်း ၉
Viewers 16k

Chapter 9

စကြဝဠာကြီးထဲက အစားတစ်လိုင်းများ၏ သမိုင်းကြောင်း


ယောင်စစ် ယန်ရွှမ်ထံမှ သွေးစုပ်ဖုတ်ကောင်များ၏သမိုင်းကြောင်းကို နာရီအနည်းငယ်သုံး၍သင်ယူခဲ့သည်။


သူမထင်သည့်အတိုင်းပင် ယခုလက်ရှိသွေးစုတ်ဖုတ်ကောင်များသည် ကမ္ဘာမြေပေါ်ရှိသွေးစုပ်ဖုတ်ကောင်များ၏မျိုးဆက်များဖြစ်ကြပေသည်။ ကိုယ့်ကိုကိုယ်သေအောင်သတ်ရင်သတ် မသတ်ရင် အချင်းချင်းသတ်တာကလွဲ၍ သူတို့သည် ထာဝရသက်တမ်းရှိသောမျိုးစိတ်များဖြစ်ကြသည်။


သို့သော် လောကကြီးက အရာရာတိုင်းအပေါ်တရားမျှတလေသည်။ သွေးစုတ်ဖုတ်ကောင်များကသန်မာကြသော်လည်း ကိုယ်ပိုင်ကလေးများကိုမမွေးဖွားနိုင်ကြပေ။ သူတို့၏မျိုးရိုးဗီဇများကို သူတို့ပထမဆုံးကိုက်သည့်လူကိုသာလက်ဆင့်ကမ်းနိုင်ကြပြီး ဤစကြဝဠာထဲတွင် ၎င်းတို့၏သွေးမျိုးဆက်ကိုလက်ခံနိုင်ပြီး သွေးစုပ်ဖုတ်ကောင်အဖြစ်အောင်အောင်မြင်မြင်ကူးပြောင်းနိုင်သော မျိုးစိတ်မရှိပေ။


အတိအကျပြောရလျှင် သွေးစုပ်ဖုတ်ကောင်များနှင့်တစ်ဂြိုလ်တည်းတွင်အတူမွေးဖွားသည့် "အပြာရောင်ဂြိုလ်မှလူများ"ကသာ သွေးစုပ်ဖုတ်ကောင်အဖြစ် အောင်အောင်မြင်မြင်ပြောင်းလဲနိုင်သူများဖြစ်ကြသည်။ အပြာရောင်ဂြိုလ်ပေါ်ရှိလူသားများ၏ မွေးဖွားနှုန်းအရ သွေးစုပ်ဖုတ်ကောင်များသည် လူဦးရေအတွက်ပူပန်စရာမရှိခဲ့ချေ။ အပြာရောင်ဂြိုလ်ရှိလူသားများသည် သွေးစုပ်ဖုတ်ကောင်များအကြောင်း နကန်းတစ်လုံးမှမသိပဲ ငြိမ်းငြိမ်းချမ်းချမ်း ညီတူမျှတူနေထိုင်နိုင်ခဲ့ကြသည်။ ထိုအခြေအနေက ယောင်စစ်နေထိုင်ခဲ့သော ဂျူလီယန်ပြက္ခဒိန်ခေတ်သို့မဟုတ် ယခုစကြဝဠာခေတ်သို့မကူးပြောင်းမီ သမိုင်းမတိုင်ခင်ခေတ်တွင်ဖြစ်ခဲ့သည်။


သူတို့မျိုးနွယ်၏ မျိုးပွားနိုင်သည့်တစ်ခုတည်းသောအသက်သွေးကြောမျိုးစိတ်ကိုကာကွယ်ကြပြီး မျိုးနွယ်အတွင်းစစ်ပွဲများစွာဖြစ်ပွားခဲ့သော်လည်း သွေးစုပ်ဖုတ်ကောင်များက သူတို့အကြောင်းကို နုနယ်တဲ့ အပြာရောင်ဂြိုလ်လူသားတွေကိုမထုတ်ဖော်ကြရန်သဘောတူကြသည်။ တိုက်ပွဲများအတွင်းတွင်လည်း ထိုလူသားများကိုမထိခိုက်အောင်ကြိုးစားခဲ့ကြသည်။


သူတို့ဘယ်လိုပဲ စိတ်ကူးကောင်းကောင်းနဲ့ကာကွယ်ပေးနေပါစေ အပြာရောင်ဂြိုလ်၏လူသားများ၏ သေလမ်းရှာခြင်းကိုမကာကွယ်နိုင်ခဲ့ချေ။


ထို့ကြောင့် ကမ္ဘာပျက်ကပ်စတင်ခဲ့လေသည်။


ရုပ်ရှင်ဇာတ်ကားများတွင်ပါလေ့ရှိသော အက်ကြောင်းထပ်ဇာတ်ကွက်များကဲ့သို့ လူသားများသည် အလွန်လျှင်မြန်စွာမျိုးပွားနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကူးစက်လွယ်သောဗိုင်းရပ်တစ်မျိုးကိုတီထွင်ခဲ့ကြသည်။ထိုဗိုင်းရပ်သည် တစ်ညအတွင်း အပြာရောင်ဂြိုလ်ပေါ်ရှိလူဦးရေ ငါးဆယ်ရာခိုင်နှုန်းကျော်ကိုကူးစက်ပြန့်ပွားသွားခဲ့သည်။


ရုပ်ရှင်ဇာတ်ကားများနှင့်မတူသည်မှ ကူးစက်ခံရသောသူများက ဇွန်ဘီအဖြစ်မပြောင်းသွားခြင်းဖြစ်သည်။ ကူးစက်ခံရသောသူများသည် အချိန်တိုအတွင်းသေဆုံးသွားကြပြီး ဗိုင်းရပ်များကို ပိုမိုပျံ့နှံ့သွားစေသည်။ ထိုဗိုင်းရပ်က လူတင်မက အပင်နှင့်တိရိစ္ဆာန်များကိုပါသေဆုံးသွားစေပြီး ရေအရင်းအမြစ်များကိုပါ ညစ်ညမ်းသွားစေခဲ့သည်။


ထိုအချိန်တွင် ဗိုင်းရပ်သည် အပြာရောင်ဂြိုလ်တစ်ခုလုံးကိုပျံ့နှံ့သွားကာ မသေမျိုးသွေးစုပ်ဖုတ်ကောင်များကသာ ထိုဗိုင်းရပ်၏ကူးစက်ခြင်းကိုမခံခဲ့ရပေ။ အပြာရောင်ဂြိုလ်ပေါ်ရှိကျန်ရှိသည့်လူများကိုကယ်တင်ရန် သွေးစုပ်ဖုတ်ကောင်အကြီးအကဲများက ၎င်းတို့၏အကြောင်းကို မဖုံးကွယ်တော့ရန်ဆုံးဖြတ်လိုက်သည်။ ဆွေးနွေးညှိနှိုင်းမှုများပြီးဆုံးသောအခါ အပြာရောင်ဂြိုလ်ပေါ်ရှိလူများသည် ပထမဆုံးအကိုက်ခံပြီး သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းရန်လက်ခံခဲ့ကြသည်။


ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် အပြာရောင်ဂြိုလ်သားစစ်စစ်ဟူ၍ မရှိတော့ပေ။


သို့သော် ပြဿနာများကမပြီးသေးချေ။ အပြာရောင်ဂြိုလ်ပေါ်ရှိလူများက သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲပြီးကာစဖြစ်၍ အံ့ဩလို့ပင်မပြီးသေးမီ ပြင်ပကဂြိုလ်သားများ၏ကျူးကျော်မှုကိုခံရပြန်သည်။  စကြဝဠာ တစ်ခုလုံး၏ကင်ဆာကောင်များဖြစ်ကြသော "ဇက်ဂ်ျ"များ၏ အာကာသယာဉ်မောင်းသူက မျက်စိလည်လမ်းမှားလာပြီး ကမ္ဘာမြေပေါ်ရုတ်တရက်ကြီးဆင်းသက်လာကာ သူတို့ကမ္ဘာကြီးကို သိမ်းပိုက်မယ်လို့ကြွေးကြော်လိုက်သည်။


ကမ္ဘာကြီးကအပေါက်တွေအပြည့်နှင့် ဆိုးဆိုးဝါးဝါးပျက်ဆီးနေကာ ဘဲသွေးများထပ်မရနိုင်တော့ပေ။ သွေးစုပ်ဖုတ်ကောင်တွေက အတင်းအကြပ်ဆောင်းခိုဖို့လုပ်တော့မယ့်အချိန်မှာပဲ ဇက်ဂ်ျတွေရဲ့ကြွေးကြော်သံကိုကြားလိုက်ရတော့ သူတို့စိတ်ထဲအတွေးတစ်ခုတည်းဝင်လာတော့တယ်...


လခွမ်းဟေ...  ဘယ်သူကဒီလိုဖြစ်လာမယ်ထင်မလဲ... တကယ်ကောင်းတာပဲဟ... ဒါက တံခါးရှေ့ကို အစားအသောက်ဒလီဗာရီက ကွက်တိရောက်လာသလိုပဲလေ...


ဇက်ဂ်ျတွေဆိုတော့လဲဘာဖြစ်လဲ... သူတို့မှာလည်းသွေးတွေရှိတယ်လေ... အရသာကနည်းနည်းထူးဆန်းနေပေမယ့်လည်း သွေးစုပ်ဖုတ်ကောင်လူဦးရေမှာ အရှေ့တိုင်းသားတွေကပိုများနေတော့ ဇက်ဂ်ျတွေရဲ့သွေးကို နည်းလမ်းမျိုးစုံနဲ့ချက်ပြုတ်လိုက်တာ ဇက်ဂ်ျသွေးခဲချက်နည်း အမျိုးတစ်ရာလောက်ထွက်လာတော့တာပဲ...


ဗိုက်ဆာနေတဲ့သွေးစုပ်ဖုတ်ကောင်တစ်အုပ်တစ်မကြီးက မျက်လုံးတွေဘလင်းဘလင်းထလို့ ပါးစပ်ထောင့်က တံတွေးကိုတောက်တောက်ကျပြီး စိတ်လှုပ်ရှားနေတဲ့ပုံကြီးနဲ့ ကျူးကျော်လာတဲ့ ဇက်ဂ်ျတွေကိုတိုက်ခိုက်လိုက်ကြတော့တယ်...


ထိုအချိန်က ဇက်ဂ်ျများသည် တိုက်ခိုက်နိုင်စွမ်းရှိတဲ့မျိုးစိတ်တွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်သည့် SSSအဆင့်တွင်ရှိနေခဲ့ကြခြင်းဖြစ်သည်။ သူတို့၏ လျှင်မြန်သည့်မျိုးပွားနှုန်းဖြင့် ဇက်ဂ်ျများသည် စကြဝဠာတစ်ဝက်ကို ကျိုင်းကောင်များကဲ့သို့ လက်ဝါးကြီးအုပ်ထားခဲ့သည်။ ထို့ကြောင့်အစပိုင်းတွင် ဇက်ဂ်ျများသည် ဤသေးငယ်အားနည်းသော မျိုးနွယ်စုလေးကို ဂရုပင်မပြုမိခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သတိမပြုမိခြင်းသည် ကမ္ဘာမြေပေါ်သို့လွှတ်လိုက်သော ဇက်ဂ်ျများသည် လုံးဝပြန်လာတော့ပဲ ၎င်းတို့၏ခန္ဓာကိုယ်များကိုပင် ရှာမတွေ့တော့သည့်အချိန်တွင် ရပ်တန့်သွားခဲ့သည်။


ဇက်ဂ်ျများက အန္တရာယ်ကိုသတိပြုမိသည့်အချိန်တွင် ၎င်းတို့၏ ဂုဏ်သိက္ခာကိုပြသရန် အင်အားအပြည့်စစ်တပ်ကြီးတစ်တပ်ကိုစေလွှတ်လိုက်ပြန်သည်။


ချီးပဲဟေ့... ဒီလူတွေကမသေနိုင်ဘူးဟ...


သောက်ကျိုးနည်း... ဒီလူတွေကငါတို့ကိုအရှင်လတ်လတ်ဖမ်းချင်ကြတာတဲ့...


လခွမ်းဟေ့... ဒီလူတွေကငါတို့အလောင်းကိုပါချက်စားချင်ကြတာတဲ့ဟ...


အရမ်းရက်စက်ကြမ်းကြုတ်၊ ထိတ်လန့်ဖို့ကောင်းပြီး ကြောက်ဖို့ကောင်းလိုက်တာ...


ဇက်ဂ်ျတွေက အရမ်းကြောက်သွားကြတော့တယ်... ဒီလိုနဲ့ သူတို့စစ်တပ်ရဲ့ကိုးပုံတစ်ပုံကိုလည်းဆုံးရှုံးပြီးရော သူတို့ရဲ့ အာကာသယာဉ်တွေကိုစွန့်ပစ်လိုက်ပြီး အရေးပေါ်ယာဉ်တွေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဂြိုလ်ကို စိတ်မချမ်းမသာဖြစ်ပြီးပြန်သွားတော့တယ်...


ဇက်ဂ်ျတွေရဲ့အိမ်ပြန်လမ်းက "ပျော်ရွှင်ဖွယ်အဆုံးသတ်လေး"ဟုတ်မနေဘူး... ဘာလို့လဲဆိုတော့ သူတို့ကို ဗိုင်းရပ်တွေကူးစက်လာခဲ့ကြလို့ပဲ...  အမှန်ပဲ အဲ့ဒီ့ ကမ္ဘာပျက်ကပ်ဖြစ်သွားစေတဲ့ ဗိုင်းရပ်ပဲ.... အပြာရောင်ဂြိုလ်ပေါ်ကလူသားတွေနဲ့မတူပဲ ဇက်ဂ်ျတွေအတွက်တော့ ဗိုင်းရပ်တွေက အကျိုးရှိစေတယ်.... 


သူတို့ ဆင့်ကဲပြောင်းလဲသွားကြတယ်လေ... သူတို့ရဲ့အစကတည်းက ကြီးမားလေးလံပြီးသားဖြစ်တဲ့ ခန္ဓာကိုယ်ကြီးတွေက ရုတ်တရက် ကြီးမားလာပြီး အဆပေါင်းများစွာကြီးမားလာတော့တယ်... သူတို့ရဲ့အခွံတွေကပိုထူပိုတောင့်လာတော့ ပိုပြီးသတ္တိရှိလာတော့တယ်... သူတို့က SSSအဆင့်ကနေ SSS+အဆင့်ထိကိုချက်ချင်းရောက်သွားတယ်...


ဇက်ဂ်ျတွေနဲ့သူတို့ရဲ့အပေါင်းအပါတွေက အံ့ဩသွားကြပြီး အုပ်စုဖွဲ့ပြီး ကော့တော့ကော့တော့နဲ့ ကမ္ဘာမြေပေါ်ပြန်သွားလိုက်ကြတယ်...


ဇက်ဂ်ျတွေက အစက ဘယ်လိုနေနေကမ္ဘာမြေကိုသိမ်းပိုက်မယ်ဆိုပြီး အစီအစဉ်ဆွဲထားခဲ့ကြပေမယ့်... သူတို့ဘာသာ S+အဆင့်အထိ တိုးရုံမကလို့ဘာကြီးပဲဖြစ်လာပါစေ အဲ့ဒီ့သဘာဝကိုဆန့်ကျင်နေတဲ့ ပြန်လည်ကုသနိုင်စွမ်းနဲ့ အလွန်အကြွံကိုအစွမ်းထက်နေတဲ့ စွမ်းရည်တွေရှိတဲ့ မသေမျိုးသွေးစုပ်ဖုတ်ကောင်တွေရှေ့မှာ သူတို့က အာလူးလုံးလေးတွေပဲဆိုတာကိုသိလိုက်ရတော့တယ်... သူတို့မှာနိုင်ဖို့အခွင့်အရေးကိုမရှိတာ... ဇက်ဂ်ျတွေကသေသွားတာဒါမှမဟုတ် ဆိုးဆိုးဝါးဝါးဒဏ်ရာရနေတဲ့အချိန်မှာ သူတို့ရဲ့ပြိုင်ဘက်တွေက အသေအပျောက်ရှိဖို့နေနေသာသာ ဒဏ်ရာတောင်မရဘူး.... သူတို့တွေအကုန်လုံးက သာမန်လိုပဲဟိုခုန်ဒီခုန်လုပ်နေကြတုန်းပဲ... 


ဒါကစစ်ပွဲမဟုတ်တော့ဘူး... တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးဖြစ်နေပြီလေ...


ကမ္ဘာမြေကို ကျူးကျော်သိမ်းပိုက်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့အစီအစဉ်ကြီးကအလုပ်မဖြစ်တော့ ဇက်ဂ်ျတွေက အဓိပ္ပါယ်မရှိသွားပြီးအသတ်ခံနေတာကိုရပ်လိုက်တော့တယ်... ဒါပေမယ့်လည်း သူတို့ရဲ့ ကြီးထွားလာမယ့်အခွင့်အရေးကိုလက်လွတ်မခံချင်ကြပြန်ဘူး... အဲ့တာကြောင့် ကမ္ဘာမြေပေါ်ကို အဖွဲ့သေးသေးလေးတွေဖွဲ့ပြီးခိုးဝင်ကြဖို့ပဲလုပ်လိုက်ကြတယ်... သူတို့ဗိုင်းရပ်ကူးစက်ခံပြီးတာနဲ့ ကမ္ဘာမြေပေါ်ကချက်ချင်းထွက်သွားလိုက်ကြတာပဲ...


တစ်ခါတစ်လေ သူတို့ကိုရှာတွေ့ပြီးသတ်စားခံရတာကလွဲလို့ သေနှုန်းကအများကြီးကိုလျော့သွားတော့တယ်...


အဲ့တာနဲ့ ဇက်ဂ်ျတွေကအဆမတန် ကြီးမားလာတော့တယ်...


ဒါပေမယ့်လည်း အခုလိုဇက်ဂ်ျတွေရဲ့ကြီးထွားလာမှုက စကြဝဠာထဲကအခြားမျိုးစိတ်တွေအပေါ် ကံကြမ္မာဆိုးတွေ ကျရောက်လာစေတာပေါ့... ဇက်ဂ်ျတွေရဲ့ဆင့်ကဲပြောင်းလဲမှုကိုအခြားမျိုးစိတ်တွေက မတုန့်ပြန်နိုင်ခင်မှာပဲ သူတို့ကစတင်တိုက်ခိုက်ကျူးကျော်လာတော့တယ်... ရုတ်ချည်းပဲ လူတိုင်းကပ်ဘေးသင့်သွားကြပြီး ကြောက်ကြောက်ရွံ့ရွံ့နေနေရတော့တာပေါ့... စကြဝဠာတစ်ခုလုံး ဇက်ဂ်ျတွေလက်အောက်ရောက်သွားပြီး အမှောင်ခေတ်ရောက်လုနီးပါးဖြစ်သွားခဲ့တယ်...


အဲ့အချိန်မှာပဲ...


သွေးစုပ်ဖုတ်ကောင်တွေက ဇက်ဂ်ျတွေရဲ့သွေးကို တစ်ရာ့ရှစ်မျိုးသောချက်နည်းတွေနဲ့ချက်စားရတာကြာတော့ စားရတာငြီးငွေ့လာတော့တယ်...


သွေးစုပ်ဖုတ်ကောင်တွေက သူတို့ရဲ့ဗိုက်ကိုဖြည့်ပြီးတော့မှပဲ တစ်ခုခုကိုသတိပြုမိသွားတော့တယ်...


ဟ...


ငါတို့ ဇက်ဂ်ျတွေရဲ့ အာကာသယာဉ်တွေအများကြီးကိုဖမ်းထားခဲ့တာပါလား... (⊙v⊙)


ဟမ်...


ဒီအာကာသယာဉ်တွေက မောင်းရတာခက်ပုံမပေါ်ဘူးပဲ... (⊙ o ⊙)


ဟမ်း....


စကြဝဠာထဲမှာ ဇက်ဂ်ျတွေအပြင်တခြားစားစရာတွေပါရှိသေးလားမသိဘူး... O(∩_∩)O


အမ်း....


အဲ့တွေကရော စားကောင်းလောက်မလားပဲ... (+﹃+)


အဲ့တာနဲ့....


သွေးစုပ်ဖုတ်ကောင်တွေက အစားတစ်လိုင်းအဖြစ်တရားဝင်ခြေချကြ... အဟမ်း ငါပြောချင်တာက စကြဝဠာခေတ်ကြီးကိုစတင်ခြေချခဲ့ကြပြီး... နိုင်ငံခြားဂြိုလ်တွေရှာဖွေလေ့လာရေး(အစားအသောက် ရှာဖွေရေး) ခရီးစဉ်ကြီးကိုရွက်လွှင့်လာကြတော့တယ်...


သူတို့ရဲ့ လေ့လာရေးခရီးစဉ်ကြီးမှာ စကြဝဠာကြီးရဲ့ဂြိုလ်တွေတိုင်းမှာ ဉာဏ်ရည်မြင့် ဖြစ်တည်မှုအပါအဝင် ဇက်ဂ်ျတွေရဲ့တည်ရှိမှုအရိပ်အယောင်တွေပါမြင်လိုက်ရတယ်... သွေးစုပ်ဖုတ်ကောင်တွေက ကမ္ဘာမြေပေါ်မှာ ဇက်ဂ်ျတွေဖမ်းရတာအကျင့်ပါသွားတာထင်ပါရဲ့ ဇက်ဂ်ျတွေကိုမြင်တာနဲ့သူတို့ရဲ့ပထမဆုံး တုံ့ပြန်ချက်က ဖမ်းပြီးစားဖို့ပါပဲ...


ဘာပဲဖြစ်ဖြစ် မရင်းနှီးတဲ့တဲ့ပတ်ဝန်းကျင်မှာ ရင်းနှီးနေတဲ့အစားအသောက်လေးတွေက နွေးထွေးတဲ့ခံစားချက်လေးတွေကိုပေးတယ်မလား...


ဒီလိုနဲ့ပဲ သွေးစုပ်ဖုတ်ကောင်တွေက အစားအစာအသစ်တွေကိုမြည်းစမ်းရင်းနဲ့ ဇက်ဂ်ျတွေကိုလိုက်ဖမ်းလိုက်ကြတာ  စကြဝဠာတစ်ဝက်ကိုအုပ်စိုးနေတဲ့  ဇက်ဂ်ျတွေကို နှစ်တစ်ရာတောင်မပြည့်လိုက်ပဲ အကုန်သုတ်သင်ပစ်လိုက်နိုင်တော့တယ်... ဇက်ဂ်ျတွေရဲ့ မိခင်ဂြိုလ်ကြီးကိုလည်း အခက်အခဲမရှိပဲသိမ်းယူပစ်လိုက်တယ်... ဘယ်သူ့အကူအညီမှမယူပဲ သူတို့ကိုယ်သူတို့အားကိုးပြီး ဇက်ဂ်ျတွေကိုတိုက်ခိုက်ရင်း စကြဝဠာရဲ့အမှောင်ခေတ်ကို ဟာသဆန်ဆန်အဆုံးသတ်ပစ်လိုက်တော့တယ်... 


ဇက်ဂ်ျတွေလား... အခုချိန်မှာ သူတို့ကို ပြတိုက်တွေမှာပဲတွေ့နိုင်တော့တယ်လေ...

╮(╯▽╰)╭


"ရိုးရိုးသားသားပြောရမယ်ဆိုရင် စစ်ပွဲကြီးကိုပါဝင်ဆင်နွဲခဲ့ဖူးတဲ့ အကြီးအကဲတစ်ယောက်ပြောပြတာကြားဖူးတယ်... သူတို့ကဇက်ဂ်ျတွေရဲ့ မိခင်ဂြိုလ်ကိုသွားခဲ့ကြပေမယ့် မျိုးစိတ်တစ်ခုလုံးကို မျိုးတုန်းသတ်ပစ်ဖို့မရယ်ရွယ်ခဲ့ပါဘူးတဲ့...."


"သူတို့က အဲ့ဂြိုလ်ပေါ်မှာ ဇက်ဂ်ျတွေကလွဲလို့အခြား မျိုးစိတ်တွေရှိမလားလို့ လှည့်ပတ်ကြည့်ချင်ခဲ့တာပါတဲ့... ဒါပေမယ့် မမျှော်လင့်ထားခဲ့မိတာက..."

ယန်ရွှမ် သူ့လက်ပေါ်ရှိ ပုံရိပ်ယောင် ကွန်ပျူတာပေါ်က လျှပ်စစ် စာအုပ်ပိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

" ဇက်ဂ်ျတွေကလွဲလို့ဘာမှမရှိဘူးတဲ့လေ..."


ယောင်စစ်၏ နှုတ်ခမ်းထောင့်များတွန့်လိမ်သွားတော့သည်။ 


သူတို့ကတစ်မျိုးနွယ်လုံး မျိုးတုန်းသတ်ဖြတ်ခံလိုက်ရတာလေ... သူတို့အတွက် သိက္ခာလေးနည်းနည်းလောက်ချန်ပေးထားလို့မရဘူးလားဟယ်... နင်သူတို့နာမည်ကိုမဖျက်ရင် သေမသွားပါဘူးဟ...


ဆိုတော့ ဒါက အစားတစ်လိုင်းတွေတစ်အုံတစ်မကြီးပေါ်လာပြီး စကြဝဠာထဲကမျိုးစိတ်တစ်ခုကိုမျိုးတုန်းသတ်လိုက်တဲ့အကြောင်းပေါ့လေ...


"ဦးဦးရဲ့ ကလေးလေး ဘယ်လိုနေလဲ..."

ယန်ရွှမ်၏မျက်နှာတွင် ဖော်ရွေကြည်သာသောအပြုံးတစ်ခုပေါ်လာသည်။

"ဦးဦးပြောပြတဲ့ ပုံပြင်လေးကနားထောင်လို့ကောင်းတယ်မလား..."


နင်သာ ကလေးလေးလို့ဆက်မခေါ်ရင် ငါတို့သူငယ်ချင်းတွေဖြစ်နိုင်သေးတယ်နော်....