အခန်း ၃၉၄
သလင်းကျောက်ရင်းမြစ်ထဲက ခွေးလက်ဖဝါး......
လေအလင်းအင်ပါယာ......
တောက်ပနွေးထွေးလှသော မနက်ခင်းနေရောင်ခြည်က လမ်းမကြီးများထက်နှင့် အဆောက်အဦး များပေါ်သို့ ဖြာကျနေလေရာ မြောက်များလှစွာသော ရွှေတုံးများဖြင့် ဖြည့်ထားသကဲ့သို့ပင် လင်းလက်နေပေ၏။
လူတစ်ဦးက အင်ပါရီယာမြို့ထဲသို့ ဖြေးညှင်းစွာပင် လှမ်းဝင်လာခဲ့သည်။မြေပြင်ပေါ်၌ ပြည့်နက်နေသော ကျောက်တုံးကျောက်စနများ ထိခတ်ရာမှ ထွက်ပေါ်လာသော အသံတိုးတိုးလေးကလည်း လွှမ်းခြုံနေသည်။မနက်ခင်းလေနုအေးတိုက်ခိုက်မှုက ရုတ်တရက် အနည်းငယ်အားပြင်းသွားပြီး ထိုလူစိမ်း၏ ဝါးဦးထုပ်မှ အနက်ရောင် မျက်နာကာကို အနည်းငယ် လှစ်ဟသွားစေသည်။
ထို အနက်ရောင်မျက်နာကာအောက်မှ ဖြတ်ခနဲ မြင်လိုက်ရသော မျက်နာက ရေခဲတမျှ အေးစက်လှပေသည်။ပေကုန်းမင်က ပျက်စီးကျိုးပဲ့နေသော လေအလင်းအင်ပါယာမြို့တော်ကို စူးစိုက်ကြည့်လိုက်သည်။သူ့မျက်နှာထားက ယခင်ကအတိုင်း အနည်းငယ်မျှပင် ပြောင်းလဲမှုမရှ်ိပေ။ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်၍ မြို့တော်အတွင်းသို့ ဖြေးဖြေးချင်း ဆက်လက်လျှောက်ဝင်လာလိုက်သည်။
သူ့၏ ရည်ရွယ်ချက်က ရှင်းလှသည်။ဖန်ဖန်ဆိုင်ငယ်လေးဆီသို့သာ သူလာရောက်ခြင်းဖြစ်၏။သူစုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် ကောင်းကင်ကမ္ဘာမြမီးလျှံကို ယူဆောင်သွားသူမှာ ထိုဆိုင်၏ ပိုင်ရှင်ဖြစ်သည်။
လေ့လာခဲ့သော သတင်းများအရ ထိုနေရာ၌ ရှိနေသော ခွေးနက်ကြီးက သူ့၏ စိတ်ဝင်စားမှုများကို မြင့်တက်သွားစေသည်။ထို့အပြင် တန်ခိုးရှင်မြောက်များစွာ၏လက်ထဲမှ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကို လုယူသွားခဲ့သူမှာ ဆိုင်ငယ်လေးတစ်ခု၏ ပိုင်ရှင်... စားဖိုမှူး တစ်ယောက် ဖြစ်နေသည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။
သတင်းအချက်အလက်များက မဟာဂိုဏ်းမှ အတွင်းစည်းတပည့်၏ မျက်နာကိုပင် ရှက်ရွံ့မှုကြောင့် နီရဲသွားစေသည်။သူလျှောက်လာရင်းဖြင့် လမ်းတစ်လျှောက်၌ ပြန်လည်ပြုပြင်ဆဲ ဖြစ်သည့် အဆောက်အဦးများကိုလည်း တွေ့မြင်နေရသည်။သူက တဖြေးဖြေးချင်းသာ လျှောက်လာသော်လည်း ခဏအတွင်းမှာပင် ဆိုင်ငယ်လေးရှိရာဆီသို့ ရောက်လာခဲ့သည်။
သူက အေးစက်လှသော နံရံကို ကျောမှီ၍ တိတ်ဆိတ်နေသောဆိုင်ငယ်လေးကို အကဲခတ်ကြည့်ရှုနေလိုက်သည်။
ုဖူဖွေးလှသောလှသောသွားစွယ်များနှင့် ချယ်ရီရောင် နှုတ်ခမ်းပါးပိုင်ရှင်.. ချောမောလှပသည့် လူငယ်လေး တစ်ယောက်က ဆိုင်တံခါးဖွင့်နေသည်။သူ့၏ မျက်ခွံများကတော့ မှေးစင်းကျနေတုန်းပင် ဖြစ်သည်။သူက ဆိုင်တံခါး ဖွင့်ပြီးနောက် ဆိုင်ထဲသို့ ပြန်လည်၍ လှည့်ဝင်သွားသည်။
ထိုချောမောသောလူငယ်လေးက သူရှာနေသည့် ဆိုင်ပိုင်ရှင် မဖြစ်နိုင်ပေ။ပေကုန်းမင်က ပုဖန်ကို သိပေသည်။ထို့ကြောင့် သူအနည်းငယ်ပင် စိတ်ရှုပ်သွားမိ၏။ပေကုန်းမင်က ဆက်လက်၍ နေကုန်သည်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်စားလိုက်သည်။နောက်ဆုံး၌ ဆိုင်ငယ်လေး၏ ပိတ်သိမ်းချိန်ပင် ရောက်ရှိလာခဲ့ပြီ သို့သော်လည်း သူ ပုဖန်၏ အရိပ်ကိုမှပင် မမြင်ရသေးပေ။
"ဘယ်လို ဖြစ်တာလဲဟ.....ငါနေရာ မှားနေတာလား......ပေကုန်းမင်က အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။သို့သော်လည်း ဒီနေရာကသူလက်ခံရရှိထားသော သတင်းအချက်အလက်ထဲ၌ ရေးသားထားသည့် နေရာအတိအကျပင် ဖြစ်သည်။
ပေကုန်းမင်က သူ့၏ စိတ်ရှည်သည်းခံမှုကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
ဒုတိယနေ့၌ ထုံးစံအတိုင်း ဆိုင်ငယ်လေးရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။ဒီတစ်ကြိမ်၌ သူဆိုင်ထဲသို့ ဝင်၍ ဟင်းပွဲ မှာယူစားသောက်လိုက်သည်။
သို့သော်လည်း သူအချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးသည့်အထိ ပုဖန်၏ အရိပ်ယောင်ကို မမြင်ရသေးပေ။
"ဆိုင်ပိုင်ရှင်က ဘယ်မှာလဲ....."
ပေကုန်းမင်က ဆက်လက်၍ စိတ်မရှည်နိုင်တော့သောကြောင့် ဆိုင်၏ ရှေ့၌ ထိုင်ခုံကျောမှီကို ပျင်းရိစွာ မှီ၍ ပျော်ရွှင်စွာဖြင့် နေပူဆာလှုံနေသော ကလေးမလေးကို မေးလိုက်သည်။ကွမ်ရှောင်ယီက ပေကုန်းမင်ကို တစ်ချက်ကြည့်၍ တွေးလိုက်သည်။
"ဒီလူက ပိုင်ရှင်ပုရဲ့ လက်ရာစစ်စစ်ကို မြည်းစမ်းချင်နေတဲ့လူပဲ ဖြစ်ရမယ်.... ပိုင်ရှင်ပုက ခရီးထွက်သွားတယ် ....သူဘယ်ချိန်ပြန်လာမလဲ ငါလည်းမသိဘူး...တကယ်လို့ ဦးလေးက သူ့လက်ရာဟင်းပွဲကို စားချင်တယ်ဆိုရင်တော့ သူပြန်လာတဲ့ထိစောင့်..."
"ခရီးထွက်သွားတယ်....."
ပေကုန်းမင်က အနည်းငယ်ကြောင်အသွားပြီး သူ့၏ အမုအရာက တောင့်တင်းသွားလေသည်။
...ခေါင်းဆောင်ဖန်းက သူ့ကို စောင့်ကြည့်ဖို့အတွက် ငါ့ကို လွှတ်လိုက်တာလေ.....အခုသူက ခရီးထွက်သွားတယ်လို့ ပြောနေတာလား....
"ဆိုင်ပိုင်ရှင်က ဘယ်တော့ပြန်လာမှာလဲ....."
ပေကုန်းမင်က သူ့၏စိတ်ပျက်မှုနှင့် ဒေါသများကို အတတ်နိုင်ဆုံးချုပ်တီးပြီး မေးလိုက်သည်။
ကွမ်ရှောင်ယီက သူ့ကို မျက်ဝန်းဝိုင်းလေးများဖြင့် လှမ်းကြည့်လိုက်၏ ။
"ငါ မသိဘူး.....နောက်နှစ်ရက်လောက်နေရင်လည်း ပြန်လာနိုင်တယ်.....ဒါမှမဟုတ်ရင်လည်း ၁၀ ရက်... ၁၅ ရက်... သူဘယ်ချိန်ပြန်လာမယ်ဆိုတာဘယ်သူက သိမှာလဲ....."
တကယ်တမ်းပြောရမည်ဆိုလျှင် ပုဖန် ခရီးထွက်သည့်အခါတိုင်း၌ မထင်မှတ်ထားသည့် အချိန်များ၌သာပြန်ရောက်လာခြင်း ဖြစ်သည်။ကွမ်ရှောင်ယီက ထိုအကြောင်းကို အမှန်တိုင်းပြောလိုက်ခြင်း ဖြစ်သော်လည်း ပေကုန်းမင်က ထိုသတင်းကို လက်မခံနိုင်ပေ။
သူက ခေါင်းဆောင်ဖန်း ပေးလိုက်သည့် တာဝန်ကို ပြန်လည် တွေးတောမိသွားပြီး ရုတ်တရက် ခြေကုန်လက်ပမ်း ကျသွားသလိုပင် ခံစားလိုက်ရသည်။တစ်ကမ္ဘာလုံးက သူ့ကို ဆန့်ကျင်နေသလိုပင် ထင်မိလေ၏။
.........
ဝေရာ......
ဧရာမ လူထွားကြီးနှင့် ဆင်တူလှသော ပုံဆောင်ခဲသားရဲက သလင်းကျောက်များဖြင့် ပြုလုပ်ထားသော သူ့၏ လက်သီးဖြင့် ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင် ရှိရာဆီသို့ ဝှေ့ယမ်းလိုက်သည်။
ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ကျင့်ကြံမှုအဆင့်က အလွန်ပင် မြင့်မားလှသည်။ထို့ကြောင့်ပင် သူတိူ့နှစ်ယောက်စလုံးက သားရဲကြီး၏ လက်သီးချက်ကို အလွယ်တကူပင် ရှောင်ရှားလိုက်သည်။
သူ့၏ လက်သီးချက်က မြေပြင်ပေါ်သို့ ထိမှန်သွားသည်။လှိုဏ်းခေါင်းအမိုးခုံးက ပြင်းထန်စွာ တုန်ခါသွားပြီးနောက်မျက်နာကျက်၌ ကပ်ညိနေသော သလင်းကျောက်များက မိုးရွာချသကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ပုံဆောင်ခဲ သားရဲကြီးက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။သူ့၏ နီရဲနေသော မျက်ဝန်းများကလည်း ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်ကို မလွှဲတမ်း စိုက်ကြည့်နေ၏။ထို့နောက် သူ့၏ လက်ကို မြှောက်လိုက်ပြီး ပါးစပ်ကိုဟ၍ သူ့ရင်ဘတ်ကို ခပ်ပြင်းပြင်းထိုးနှက်ချလိုက်သည်။သူ့၏ ပါးစပ်ထဲမှနေ၍ ပြင်းထန်လှသည့် စွမ်းအင်လှ်ိုင်းများကို ထုတ်လွှင့်နိုင်ရန် ကြိုးစားလိုက်၏။
သူ့၏ ပါးစပ်ထဲမှ စွမ်းအင်လှ်ိုင်းကဲ့သို့သော အလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်က လေအေးတစ်ချက် ရှူရှိုက်လိုက်မိပြီးနောက် ထိုပုံမှန်မဟူတ်သော တိုက်ခိုက်မှုမှနေ၍ လွှတ်မြောက်ရန် ရှောင်တိမ်းလိုက်ကြသည်။
ထိုစွမ်းအင်လှိုင်းက ပစ်မှတ်ကို လွှဲချော်သွားပြီး မြေပြင်ပေါ်သို့ ထိမှန်သွားသည်။ပြင်းထန်လှသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် မီးခိုးလုံးများ ဝေ့ဝဲထွက်လာကာ မြေပြင်ပေါ်၌ တွင်းနက်ကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။
ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ စိတ်ထဲ၌ တုန်ယင်သွားသည်။သူတို့ ဒီပုံစံတိူင်းသာ ဆက်လက်၍ ရှောင်တိမ်းနိုင်မည်ဆ်ိုလျှင် အနှေးနဲ့အမြန်ဆိုသလို သူတို့ နှစ်ဦးစလုံး အပြင်းအထန် ဒဏ်ရာရသွားမည် ဖြစ်ကြောင်း သေချာစွာသိပေသည်။
ခေါင်းဆောင်ဖန်းက အော်ဟစ် မာန်သွင်းလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်ပေါ်မှာရှိသော အဝတ်အစားများကို လှစ်ဟလိုက်သည်။သူ့ခန္ဓာပေါ်၌ တည်ရှိနေသော ကြွက်သားတိုင်းက တင်းမာနေပြီးပုံစံတကျရှိနေသည်။ သူ့ပတ်ဝန်းကျင်၌လဲ ရောင်စဉ်များရှိသည့် နဂါးအသေးလေးတစ်ကောင် လှည့်ပတ်နေသည်ဟုပင် ထင်ရစေသည်။ထိုအချိန်၌ သူက နတ်ဘုရားနယ်ပယ်အဆင့် စွမ်းအားများကို အသုံးပြုလိုက်သည်။
ဝေရာ.....
ခေါင်းဆောင်ဖန်းက လေထုထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပုံဆောင်ခဲ သားရဲကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ထိုသားရဲနှင့် တိုက်ခိုက်လိုက်သည့်အခါ၌ သူ့၏ အဆင့်က နိမ့်ကျခြင်း မရှိသည်ကို တွေ့လိုက်ရသည်။နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်နှစ်ဦး၏ တိုက်ခိုက်မှုက အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ လက်ထဲ၌လည်း အလင်းရောင်များ တောက်ပနေသော သုံးခွမှိန်းတစ်ချောင်းပေါ်လာသည်။ထိုမှိန်းက တစ်ခြား အဏ္ဏဝါမျိုးစိတ်များ၏ လက်ထဲ၌ ရှိသော မှိန်းနှင့် ယှဉ်လိုက်လျှင် ပို၍ လှပကာ ပို၍ ထူးခြားပေသည်။
အဏ္ဏဝါမျိုးစိတ်ပညာရှင်က ထို သုံးခွမှိန်းကို ဝှေ့ယမ်းလိုက်ရာ ကျောက်မျက်ရတနာကဲ့သို့ တောက်ပလှသော အလင်းရောင်များ ထွက်ပေါ်လာသည်။ထို့နောက်... ထိုသုံးခွမှိန်းဆီမှ နဂါးတစ်ကောင်ကဲ့သို့သော ရေလှိုင်းများ ထိုးထွက်လာကာ ပုံဆောင်ခဲသားရဲဆီသို့ ဦးတည် ဝင်ရောက်သွားလေသည်။
ခေါင်းဆောင်ဖန်းက အဏ္ဏဝါမျိုးစိတ်ပညာရှင်ကို အကြည့်စူးစူးတစ်ချက်ဖြင့် ကြည့်လိုက်သည်။ပုံဆောင်ခဲသားရဲ၏ ခန္ဓာကိုယ်ကို အားကုန်ဖြင့် ခြေစုံတစ်ချက် ကန်လိုက်ပြီး သူတို့ အနောက်သို့ ခုန်ဆုတ်လိုက်ကာ သူတို့ကြားထဲ၌ အကွားဝေးတစ်ခု ခြားထားလိုက်သည်။
ထိုအချိန်မှာပင် ရေနဂါးက ပုံဆောင်ခဲသားရဲနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ပုံဆောင်ခဲသားရဲက မာန်သွင်း၍ အော်ဟစ်ဟိန်းဟောက်လိုက်သော်လည်း ရေနဂါးပုံသဏ္ဍန်ကို ပြိုကွဲသွားစေနိုင်ခြင်းမရှိပေ။
ထိုအချင်းအရာက ခေါင်းဆောင်ဖန်းအတွက် အခွင့်အရေးကောင်းတစ်ရပ်ပင်ဖြစ်သည်။ခေါင်းဆောင်ဖန်းက သူ့၏ လက်မွှေးများပင် ထောင်ထသည်အထိ လက်သီးတင်းတင်းဆုပ်လိုက်သည်။
ထို့နောက် သူ့၏ ခန္ဓာကိုယ်ထဲမှ အဝါရောင်အလင်းတန်းတစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးနှင့် လွှမ်းခြုံလာပြီးနောက် လက်သီးတစ်ခုကို ဖုံးအုပ်သွားသည်။
သူ့၏ ပတ်ဝန်းကျင်၌ ကမ္ဘာကြီးတစ်ခုလုံးကိုပင် လှုပ်ယမ်းပစ်တော့မည့် ဖိအားမျိုး စတင် မြင့်တက်လာသည်။
"မဟာဂိုဏ်းရဲ့ တိုက်ခိုက်ခြင်း ပညာရပ် .... မဟာပြိုကွဲလက်သီး...."
ဝှစ်......
သူ့၏ အော်ဟစ်ကျုံးဝါးသံနှင့်အတူ လက်သီးဆီမှ ဖိနှိပ်ထားသော အင်အားများ ပေါက်ကွဲထွက်ပေါ်လာသည်။အမြောက်ဆံ တစ်ခုကဲ့သို့ လျှင်မြန်လှသော အရှိန်ဖြင့် လက်သီးထိုးချက်က လေဟာနယ်အထပ်ထပ်ကို ထိုးခွဲသွားပြီးနောက် ပုံဆောင်ထဲသားရဲ၏ ခေါင်းပေါ်သို့ ပြင်းထန်လှသာ အရှိန်ဖြင့် ကျရောက်သွားသည်။
ဘန်း.....
ပြင်းထန်လှသော အစစ်အမှန်စွမ်းအင်လှိုင်းများက ပုံဆောင်ခဲသားရဲ၏ ခေါင်းကို ထိုးဖောက်သွားသည်။
ခရက်ခ်ျ......
ပုံဆောင်ခဲသားရဲ၏ ခန္ဓာကိုယိပေါ်၌ မရေမတွက်နိုင်လောက်သော အက်ကြောင်းများ ပေါ်လာလေသည်။
ခေါင်းဆောင်ဖန်းက ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်သည်။ထို့နောက် သူပထမထိုးနှက်ထားပြီးသော နေရာသို့ တံတောင်ကို အသုံးပြု၍ ထပ်မံထိုးနှက်လိုက်သည်။
ကျယ်လောင်လှသော အသံနှင့်အတူ ပုံဆောင်ခဲသားရဲ၏ ခန္ဓာကိုယ်ပေါ်၌ ရှည်လျားလှသော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ထို့နောက် သားရဲ၏ ခန္ဓာကိုယ်က ပြိုကွဲသွားပြီး သလင်းကျောက်တုံး အစအနများအဖြစ် မြေပြင်ပေါ်သို့ ပုံကျသွားသည်။
ဖြူဖွေးနေသော သလင်းကျောက် အပိုင်းအစများထဲမှ အနီရောင် အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။ထိုအလင်းတန်းက လေထုထဲ၌ ကြမ်းတမ်းစွာ လှည့်လည်နေပြီးနောက်... သလင်းကျောက် အရင်းအမြစ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
"သလင်းကျောက်အရင်းအမြစ်က ဘာလို့ ပုံဆောင်ခဲသားရဲရဲ့ ဝိညာဉ် အနှစ်သာရကို စုပ်ယူလိုက်တာလဲ.....အဲ့ဒီဝိညာဉ် အနှစ်သာရကနေပြီး ပိုများပြားတဲ့ သလင်းကျောက်တွေနဲ့ ပိုများပြားတဲ့ ပုံဆောင်ခဲသားရဲတွေ ဖြစ်ပေါ်လာစေဖို့ ခွင့်ပြုသင့်တယ် မဟုတ်ဘူးလား...."
ထိုသလင်းကျောက်အရင်းအမြစ်က တကယ်ကိုထူးဆန်းနေပေသည်။ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်က ပုံဆောင်ခဲသားရဲကို အတူတကွ ဖြေရှင်းပြီးသည့်နောက် တစ်ယောက်ကို တစ်ယောက် သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။သူတို့က နောက်တစ်ကြိမ် ယှဉ်ပြိုင်ဘက် ဖြစ်လာပြန်ပေပြီ။
"ငါတို့က ပုံဆောင်ခဲ သားရဲရဲ့အန္တရာယ်ကိုလည်း ဖြေရှင်းပြီးသွားပြီ.....ဒီတော့ ဒီသလင်းကျောက် အရင်းအမြစ်ကို ပိုင်ဆိုင်ဖို့အတွက် ငါတို့ရဲ့ စွမ်းရည်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ကြမယ်......"
ခေါင်းဆောင်ဖန်းက အေးစက်စွာပင် ပြောဆိုလိုက်သည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်က သူ့လက်ထဲမှ သုံးခွမှိန်းကို ဝှေ့ယမ်းလိုက်ပြီး ပါးစပ်ကိုဖွင့်ဟ၍ ရေများမှုတ်ထုတ်လိုက်သည်။ထို့နောက် သူ့၏ ခန္ဓာပိုယ်က လျှပ်တပြက် အရှေ့သို့ ရွေ့လျားသွားသည်။
ခေါင်းဆောင်ဖန်းက လေထုထဲသို့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်။သူ့၏ လမ်းကြောင်း၌ရှိနေသော လေထုကိုပင် ဆုတ်ဖြဲလိုက်သကဲ့သို့ အရှေ့သို့ လျှင်မြန်စွာ ရွေ့လျားလိုက်သည်။
ရွှစ်.....
သူတို့၏ အရှိန်က အလွန်ပင် လျှင်မြန်လှသည်။သူတို့ နှစ်ယောက်စလုံး၏ တူညီသော ဦးတည်ချက်မှာ သလင်းကျောက်အရင်းအမြစ်ပင် ဖြစ်၏။
ပုဖန်က သူတို့၏ တိုက်ပွဲကို ကြည့်နေရင်း သလင်းကျောက်အရင်းအမြစ်ကို လုယူနိုင်မည့် နည်းလမ်း တွေးတော စဉ်းစားနေခြင်း ဖြစ်သည်။သို့သော်လည်း နတ်ဘုရားနယ်ပယ် သေမျိုးခန္ဓာအဆင့် နှစ်ယောက်၏ အကြည့်အောက်မှ ထိုသလင်းကျောက်အရင်းအမြစ်ကို လုယူနိုင်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။
ဘန်း.....ဘန်း.....ဘန်း......
သိမ့်သိမ့်တုန်ခါသွားသော မြေပြင်က ပုဖန်၏ အတွေးများကို ဖျက်စီးလိုက်လေသည်။သူ့၏ ပတ်ဝန်းကျင်က ကြီးမားလှသော အရိပ်တစ်ချို့ဖြင့် ဖုံးကာထားသကဲ့သို့ မှောင်မိုက်နေပေ၏။
သူ့ခန္ဓာကိုယ်ကလည်း တစ်ချက်တောင့်တင်းသွားပြီးနောက် အနောက်သို့ ဖြေးညှင်းစွာ လှည့်ကြည့်လိုက်သည်။သူ့၏ နောက်၌ ရှည်လျားလှသည့် လက်တံများကို ဝှေ့ယမ်းရင်း သူ့ကို စူးစိုက်ကြည့်နေသည့် ပင်လယ်နက် ကျိုငိးပုစွန်ကို တွေ့လိုက်ရသည်။
ရွှစ်......
ကျိုင်းပုစွန်က သူ့၏လက်တံရှည်ကို ဝှေ့ယမ်းရင်းပုဖန်ကို ပိုင်းဖြတ်ရန် ကြိုးစားလိုက်သည်။ပုဖန်၏ စိတ်ထဲ၌ တုန်ယင်ခြောက်ခြားသွားပြီး သူ့၏ ခြေဖဝါးမှ အစစ်အမှန်စွမ်းအင်များ တွန်းကန်ထွက်လာလေသည်။
ထို့နောက် သူက ပုန်းကွယ်နေရာမှနေ၍ အရှိန်ဖြင့် ပြေးထွက်လိုက်သည်။ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမ်ျိုးစိတ်တို့၏ မြင်ကွင်းထဲသို့ ရောက်လာပြီး သူ့၏ တည်ရှိမှုကို လှစ်ဟပြလိုက်ရလေသည်။
ခေါင်းဆောင်ဖန်းနှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်တို့၏ ရေခဲတမျှ အေးစက်လှသော အကြည့်များက ပုဖန်ပေါ်သို့ ကျရောက်လာသည်။
"ဒီပုရွတ်ဆိတ်လိုကောင်က အရှေ့ကို ထွက်လာရဲတယ်ပေါ့......."
သဘာဝကျကျပင်... နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ဖြစ်သည့် သူတို့နှစ်ယောက်က ပုဖန်၏ တည်ရှိမှုကို အစောတည်းကပင် ရှာဖွေတွေ့ရှိထားပြီးသားဖြစ်သည်။သို့သော်လည်း သူတို့ကဲ့သို့ ပညာရှင်များက ထိုအဆင့် ၇ သူတော်စင်အဆင့်မျှလောက်ကို စိတ်မဝင်စားပေ။
ပုရွတ်ဆိတ်ကဲ့သို့သော လူတစ်ယောက်ကိုနှာတစ်ချက် ချေရုံဖြင့်ပင် အဆုံးသတ်ပေးဖို့ လုံလောက်နေပေပြီ။
...ဒီတော့ သူတို့က ဘာလို့ သူ့ကို ဂရုစိုက်နေရဦးမှာလဲ ....သူတို့လက်ထဲက သလင်းကျောက် အရင်းအမြစ်ကို လုယူချင်တာလား... ဟမ့်...ဟာသပဲ....
ထို့ကြောင့်ပင် သူတို့က ပုဖန်ကို လုံးဝ လျစ်လျူ ရှူထားခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း သူတို့နှစ်ယောက်တိုက်ခိုက်နေစဉ်၌ ထိုပုရွှတ်ဆိတ်လေးက ထွက်ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့မိပေ။သူ့၏ ထိုလှုပ်ရှားမှုက သူတို့၏ အာရုံစိုက်မှုကို စွဲဆောင်နိုင်ရန်အတွက် လုံလောက်နေပေပြီ။
ဘန်း.....
ကျိုင်းပုစွန်၏ သေးငယ်လှသော ခြေကန်ချက်ကြောင့် များပြားလှစွာသော ကျောက်တုံးများ မွမွကြေသွားပြီး မြေပြင်ပေါ် ပြန့်ကျဲ သွားသည်။ထိုနေရာ၌လည်း ဖုန်လုံးများ တထောင်းထောင်း ထသွား၏။သူ့၏ လက်တံရှည်က ထွက်ပြေးသွားသော ပုဖန်ဆီသို့ နောက်တစ်ကြိမ် ဝေ့ဝဲလာခဲ့သည်။
"ပင်လယ်နက် ကျိုင်းပုစွန်...ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ ....."
အဏ္ဏဝါမျိုးစ်ိတ်ပညာရှင်က ခဏမျှ ကြောင်အသွားသည်။သူ စဉ်းစားတွေးတောနေချိန်၌ ခေါင်းဆောင်ဖန်းက အလျှင်အမြန် လှုပ်ရှားလိုက်ပြီး သလင်းကျောက် အရင်းအမြစ်ကိုယူရန် ကြိုးစားလိုက်သည်။
အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင်ပင် ပုဖန်နှင့် ကျိုင်းပုစွန်တ်ို့၏ အကြောင်းကို ကြာကြာတွေးတောမနေနိုင်တော့ပဲ အလျှင်အမြန် လှုပ်ရှားလိုက်သည်။
သူတို့နှစ်ဦး၏ တိုက်ပွဲအသစ် နောက်တစ်ဖန် ဖြစ်ပွားလာပြန်သည်။ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားနှင့် ပြင်းထန်လှသော စွမ်းအားများ အကြိမ်တိုင်း ထိပ်တိုက် တိုက်ခိုက်မိရာမှ စွမ်းအင်လှိုင်းများ မြင့်တက်လာသည်။
ပုဖန်၏ လက်ကောက်ဝတ်မှနေ၍ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုး ပေါ်ထွက်လာသည်။ပုဖန်က သူ့၏ အစစ်အမှန်စွမ်းအားများ အားလုံးကို အသုံးပြုလိုက်လေရာ ဒယ်အိုး၏ အရွယ်အစားက တဖြေးဖြေးချင်း ကြီးမားလာ၏။
ပုဖန်က ဒယ်အိုးကို ခပ်တင်းတင်း သေချာစွာ စုပ်ကိုင်ထားလိုက်ပြီး ကျိုင်းပုစွန်ဘက်သို့ ပြန်လှည့်၍ မျက်နာချင်းဆိုင်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ ဒယ်အိုးက ကျယ်လောင်သော မြည်သံတစ်ခုနှင့်အတူ မှောက်ခုံဖြစ်သွားပြီး ကျိုင်းပုစွန်ကို ဖုံးအုပ်သွားလေသည်။
ပုဖန်က ထိုဒယ်အိုးဖင်ပေါ် တက်ထိုင်လိုက်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ထို့နောက် သူ့၏ သိုလှောင်နယ်မြေထဲမှ ကမာနှလုံးသားပန်ကိတ်ကိုယူ၍ စားသုံးလိုက်ပြီး ကုန်ဆုံးသွားသော အစစ်အမှန်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။
ဘန်း.....ဘန်း.....ဘန်း......
ဒယ်အိုးဖြင့် ဖုံးအုပ်ထားခြင်း ခံရသည့် ကျိုင်းပုစွန်က အဆက်မပြတ် လှုပ်ရှားနေ၏။ပုဖန်က သူ့အောက်မှ ဒယ်အိုးမှနေ၍ တုန်ခါမှုများကို ခံစားရသော်လည်း သူကအနည်းငယ်မျှပင် စိုးရိမ်ပူပန်မှု မရှိပေ။
အဘယ်ကြောင့်ဆိုသော် ထိုထိပ်တန်း ကျိုင်းပုစွန်က အချိန်တိုအတွင်း မဟူလိပ်ခုံးဒယ်အိုးကိုမ၍ ထွက်လာရန်မှာ မဖြစ်နိုင်ပေ။
ဘန်း......
ခေါင်းဆောင်ဖန်းကို လွှမ်းခြုံထားသော အစစ်အမှန်စွမ်းအားများက စတင်၍ လောင်ကျွမ်းလာသည်။သူက လုံးဝ ရူးသွပ်သွားပုံပေါ်လေသည်။ထို့နောက် ခေါင်းဆောင်ဖန်းက အားအပြည့်ပါသော လက်သီးချက်ဖြင့် အဏ္ဏဝါမျိုးစိတ် ပညာရှင်ထံသို့ ထိုးနှက်လိုက်သည်။
ထိုတိုက်ခိုက်မှု၏ အကျိုးဆက်က ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်ကိုပင်တုန်ယင်သွားစေပြီး သူ့၏ အရေပြားက ဆုတ်ပြဲလုနီးပါးဖြစ်သွားသည်။သို့သော်လည်းသူက ထိုအချင်းအရာကို ဂရုမစိုက်ပဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူသလင်းကျောက်အရင်းအမြစ်ဆီသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သလင်းကျောက်ကို ဆွဲယူထားလိုက်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
ထို့နောက် ဘဲဥ ပုံသဏ္ဍန် သလင်းကျောက်အရင်းအမြစ်၏ အပေါ်၌ စိတ်ဝိညာဉ် စွမ်းအင်များ ဖြာထွက်စီးဆင်းနေသည်ကို ကြည့်ရင်း ခေါင်းဆောင်ဖန်း၏ မျက်နာက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။
"ပွင့်စမ်း.....ဒီ သလင်းကျောက်အရင်းအမြစ်ထဲမှာရှိနေတဲ့ နတ်ဘုရားလက်နက်က ငါ့ဟာပဲ....."
ခေါင်းဆောင်ဖန်းက စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်လိုက်သည် သူ့၏ မျက်ဝန်းများကလည်း သွေးနီရောင်ရဲရဲနီနေသည်။
သူက သူ့၏ လက်ကို အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးအုပ်လိုက်ပြီး ရှည်လျားလှသော ဓားပုံသဏ္ဍာန်ဖန်တီးလိုက်သည်။ထို့နောက် ထိုဓားကို ခပ်မြင့်မြင့်မြှောက်လိုက်ပြီးနောက် သလင်းကျောက်တုံးကို အားကုန် လွှဲခုတ်ချလိုက်သည်။
ရင်ဘတ်ပင် ချိုင့်ဝင်သွားသော အဏ္ဏဝါမျိုးစိတ်ပညာရှင်က မြေပြင်ပေါ်ရှ် အမှိုက်သရိုက်များကြားထဲမှ ကုန်းရုန်းထလာသည်။
"ခေါင်းဆောင်ဖန်းက သလင်းကျောက်အရင်းအမြစ်ကို ရယူနိုင်ဖို့အတွက်နဲ့ အစစ်အမှန်ယွမ် စွမ်းအင်တွေကို သုံးပြီး ငါ့ကို ဒဏ်ရာရအောင် တိုက်သွားတယ်......."
တန်ခိုးရှင် အဆင့် အတားအဆီးကို ဖြတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏စွမ်းအင်ရေဝဲထဲ၌ရှိနေသော အစစ်အမှန်စွမ်းအင်များက အစစ်အမှန်ယွမ်အဖြစ် ပြောင်းလဲသွားသည်။ထိုအစစ်အမှန်ယွမ်က နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များ၏ ခွန်အားအရင်းအမြစ်ပင်ဖြစ်သည်။
အစစ်အမှန်ယွမ်ကို လောင်ကျွမ်းစေခြင်းက သူ့၏ စွမ်းအားအရင်းအမြစ်ကို ပျက်စီးသွားစေပြီး စွမ်းအင်ရဝဲ၌ ဒဏ်ရာအနာတရ ဖြစ်ကျန်လိမ့်မည်။ခေါင်းဆောင်ဖန်းက ထိုမျှ ရူးသွပ်လိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။
ခွပ်.....
ခေါင်းဆောင်ဖန်း၏ စိတ်စွမ်းအင်ဓားက သလင်းကျောက်အရင်းအမြစ်ကို ပိုင်းဖြတ်သွားသည်။သူ့၏ မျက်ဝန်းများကလည်း စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေသည်။ထိုကွဲသွားသည့် သလင်းကျောက် အရင်းအမြစ်ဆီမှ ရွှေဝါရောင် အလင်းတန်းများ ဖြာထွက်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းထွက်ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။
"တကယ်ပဲ တန်ဖိုးရှိတဲ့ ရတနာပါဝင်နေတာလား......"
အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ပါးစပ်လည်း ဟောင်းလောင်းပွင့်သွား၏။
"ငါတ်ို့ရဲ့ ပုစွန်ဘိုးဘေးကြီး ပြန်နှိုးထလာပြီး ကမ္ဘာကြီးပေါ် နောက်တစ်ဖန် ခြေချလာပြီလား ....."
ကမာနှလုံးသားပန်ကိတ်ကို စားသုံးပြီးသော ပုဖန်က သူ့၏ နှုတ်ခမ်းများကို လျှာဖြင့် လျက်လိုက်ပြီး ခေါင်းဆောင်ဖန်း၏ လက်ထဲမှ သလင်းကျောက်တုံးကို စူးစိုက်ကြည့်လိုက်သည်။
"စနစ်က ပြောလိုက်တဲ့ ပစ္စည်းက ဘာများဖြစ်နိုင်မလဲ......"
ခရက်ခ်ျ....
ကွဲကြေသံ တစ်ခု ကြားလိုက်ရပြီးနောက် ထိုသလင်းကျောက်ခြမ်းထဲမှ အနက်ရောင် လက်ဖဝါး တစ်ခု ထွက်ပေါ်လာသည်။ထိုလက်ဖဝားက အလွန်သေးငယ်လှသည်။အလွန်ပင်လှပပြီး ချစ်စရာကေါင်းလှသည်။အလွန်ပင် နူးညံ့ပြီး သန့်ရှင်းသပ်ရပ်လှသည်။
"ခွေး..မွှေး..."