အပိုင်း ၃၉၆
Viewers 53k

အခန်း ၃၉၆

ပုစွန်ဘိုးဘေးကြီးဘယ်မှာလဲ...


ဆွစ်......


ဥမင်လှိုဏ်ခေါင်းအမိုးမှ သလင်းကျောက်များ ပြိုကျလာပြီး အပျက်အစီးပုံများကြားထဲမှ လူတစ်ယောက်က တွားသွား၍ ထွက်လာသည်။သူ့၏ ဆံပင်နှင့်မျက်နာက ပေပွညစ်ပတ်လျက်ရှိသည်။သူကိုကြည့်ရသည်မှာအတော်လေး ကြည့်ရဆိုးလှ၏။


အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများက ဒေါသကြောင့် တောက်ပြောင်နေသည်။သူက ခွေးတစ်ကောင်၏ လက်ဝါးရိုက်ချက်ဖြင့် လွင့်ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာသော ခွေးတစ်ကောင်က နတ်ဘုရားနယ်ပယ် အဆင့်ခွန်အားရှိလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။


သို့သော်လည်း ထိုခွေးက နတ်ဘုရားနယ်ပယ်အဆင့် ခွေးတစ်ကောင် ဖြစ်နေသည်ဆိုလျှင်တောင်မှ ပုစွန်ဘိုးဘေးကြီးကိုရှာမည့်သူ့ကို လာရောက်ပိတ်ပင်၍ မရနိုင်ပေ။


ထိပ်တန်း ကျိုင်းပုစွန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။သူ့၏ ပါးစပ်မှ ထူးခြားဆန်းပြားသော အသံလှိုင်းများ ထွက်ပေါ်လာ၏။ထိုအသံလှိုင်းများက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်လိုက်သလိုမျိုးပတ်ဝန်းပျင် တစ်ခွင်၌ ရိုက်ခတ်ပဲ့တင် ထပ်နေသည်။


ဘန်း. ......


ထိုခဏ၌ အဏဝာမျိုးစိတ်ပညာရှင်၏ ခန္ဓာကိုယ်မှ မသေမျိုးခန္ဓာအဆင့် စွမ်းအားများ ဖြာထွက်လာသည်။ထိုပြင်းထန်လှသော ဖိအားကြောင့် မြေပြင်ပေါ်ရှိ ကျောက်တုံးများပင်လျှင် ကွဲကြေသွား၏။ရလဒ်အနေဖြင့် ကျောက်တုံးကျောက်စနများ လေထဲ၌ မျောလွင့်နေသည့် မြင်ကွင်းကိုပင် မြင်လိုက်ရသည်။


ခရက်ရှ်.....


အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ နောက်ကျော၌ ဆူးတောင်တစ်စုံရှိသည်။ထို ဆူးတောင်များက ပြန့်ကားလာပြီး သူ့၏ ခန္ဓာကိုယ်ကလည်းလျှင်မြန်စွာကြီးထွားလာသည်။


အချိန်ခဏအတွင်းမှာပင် မြေပြင်ပေါ်မှာရှိနေသည့် ထိပ်တန်းကျိုင်းပုစွန်က ဧရာမ မွန်းစတားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့၏ ခန္ဓာကိုယ်၌ ဖွံ့ထွားလှသော ကြွက်သားများနှင့် ပြည့်နှက်နေသည်။


သူ့၏ နောက်ကျောရှိ ဆူးတောင်ကလည်း ထက်မြေ့လှသော သံအပ်များနှင့် တူလှ၏။အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ခေါင်းက ကြီးမားလှသော ငါးဦးခေါင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပါးစပ်အတွင်း၌လည်း ထက်မြေ့လှသော သွားစွယ်များဖြင့် ပြည့်နှက်နေသည်။


သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး မြေပြင်ကိုခြေစောင့်နင်းလိုက်ရာ ဥမင်လှိုဏ်ခေါင်းတစ်ခုလုံး တုန်ခါသွားလေ၏။ပုဖန်က ကောင်းကင်ကမ္ဘာမြေ မီးလျှံဖြင့် ဖွဲ့စည်းထားသော မီးလျှံဓားကို ဝှေ့ယမ်း၍ သလင်းကျောက် အရင်းအမြစ်ကို ဖြတ်တောက်လိုက်သည်။သူ့၏ ဓားနှင့် သလင်းကျောက်တုံးကို ထိသွားသည်နှင့် တစ်ပြိုင်နက် မြောက်များလှစွာသော မီးပွားလေးများ လွင့်စင်ထွက်ပေါ်လာသည်။


ထို့အပြင် သလင်းကျောက် အရင်းအမြစ်ဆီမှ ထူးဆန်းလှသော အော်ရာများ ထွက်ပေါ်လာသည်။ထိုသန်မာလှသော စွမ်းအင်လှိုင်းများက ပုဖန်ကိုပင် လွင့်ထွက်သွားစေတော့မယောင် ထင်ရသည်။ထိုစွမ်းအားများကြောင့် ပုဖန်၏ ဆံနွယ်များက တဖျတ်ဖျတ်လွင့်ခါသွားသည်။


ခေါင်းဆောင်ဖန်းက သူ့နေရာမှာပင်ရပ်၍ အလင်းတန်းများ ထွက်ပေါ်နေသည့် သလင်းကျောက်အရင်းအမြစ်ကို မမှိန်မသုန် စိုက်ကြည့်နေ၏။


သလင်းကျောက်အရင်းအမြစ်မှ အော်ရာများ ထွက်ပေါ်လာသည့်အချိန်၌ အဏ္ဏဝါမျိူးစိတ်ပညာရှင်၏ ကြမ်းတမ်းသည့် အော်ရာများက ပြန်လည် ငြိမ်ကျသွားသည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်က ပုဖန်၏ လက်ထဲမှသလင်းကျောက်အရင်းအမြစ်ကို စိုက်ကြည့်လိုက်သည်။တဖြေးဖြေးချင်း သူ့၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသည့် အငွေ့အသက်များ ပြန့်လွင့်လာလေသည်။


သလင်းကျောက်ထဲမှ ထွက်ပေါ်လာသော အော်ရာများက အလွန်ရင်းနှီးနေကြောင်း သူသိလိုက်ရသည်။ထိုရင်းနှီးနေသည့် အငွေ့အသက်များကြောင့် အဏ္ဏဝါမျိုးစိတ် ပညာရှင်၏ ခန္ဓာကိုယ်က ထိန်းချုပ်မရနိုင်အောင်ပင် တုန်ယင်လာသည်။နောက်ဆုံးတော့ ပုစွန်ဘိုးဘေးကြီးက နှိုးထလာပြီး ကမ္ဘာမြေကြီးပေါ် တဖန် ပြန်လည်ခြေချလာပေတော့မည်။


ဘန်း......


ကျိုးကြေနေသော ကျောက်တုံးကျောက်ခဲများက လွင့်စင်ထွက်သွားပြန်သည်။ထိုအပျက်အစီးပုံများထဲမှနေ၍ ဘလက်ကီက သူ့၏ မူပိုင်ဖြစ်သော ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ညှင်သာစွာ လျှောက်ထွက်လာသည်။သူ့၏ အနက်ရောင် အမွှေးများက အစက်အပြောက် အနည်းငယ်ပင် မရှိအောင် သန့်ရှင်းနေဆဲဖြစ်သော်လည်း သူ့၏ အကြည့်များကတော့ အေးစက်နေလေသည်။


ခေါင်းဆောင်ဖန်းကို ကြည့်လိုက်သော ဘလက်ကီ၏ မျက်ဝန်းများက ပို၍ အေးစက်လာသည်။တစ်စုံတစ်ယောက်က သူ့ကို လွင့်ထွက်သွားအောင် ရိုက်နှက်နိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။ဘလက်ကီက ထိုလူကို သေချာပေါက် ခွင့်မလွှတ်နိုင်ပေ။


"ဒီကောင်က ငါခွေးဘုရင်ကို ဘယ်လိုတောင် ရိုက်ရဲတာလဲ....."


ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ဘလက်ကီက နှာခေါင်းရှုံ့လိုက်ပြီး ပုဖန်၏ လက်ထဲမှ သလင်းကျောက်တုံးကို အထင်မြင်သေးစွာ ကြည့်လိုက်သည်။


"နောက်ထပ် ပင်လယ်စာ တစ်မျိုးပဲ......"


ခွေးဘုရင်က တီးတိုးရေရွတ်လိုက်ပြီးနောက် ပါးစပ်ကျယ်ကျယ်ဟ၍ အားပါးတရ သန်းဝေလိုက်သည်။သူက အမှန်တကယ်ကို ငိုက်မြည်းနေပေသည်။သို့သော်လည်း ယခုအချိန်၌ အိပ်ပျော်၍ မရသေးပဲ သူ့၏ မျက်ဝန်းကို ကျယ်ကျယ်ဖွင့်၍ ခေါင်းဆောင်ဖန်းကိုသာ စူးစိုက်ကြည့်နေလိုက်သည်။


သလင်းကျောက်ထဲမှ အော်ရာများ ထွက်ပေါ်လာပြီးနောက် နောက်ထပ် အချိန်ခဏအတွင်း ထိုသလင်းကျောက်ထဲမှ လှုပ်ရှားမှုများ ထပ်ရှိလာပြန်သည်။


ပုဖန်က မျက်လုံးပြူးများဖြင့် သလင်းကျောက်တုံးကို မလွှဲတမ်း စိုက်ကြည့်နေလေသည်။ထိုသလင်းကျောက်ရင်းမြစ်ထဲ၌ မည်သည့် ပစ္စည်းရှိမည်ကိုသူတကယ်ကို သိချင်နေပေသည်။


"အဲ့ဒါက စနစ်ပြောလိုက်တဲ့ပါဝင်ပစ္စည်းများ ဖြစ်နေမလား......"


သလင်းကျောက် အရင်းအမြစ်က စတင်၍ လှုပ်ခတ်လာသည်။တုန်ခါမှုက ပြင်းထန်လှသောကြောင့် သူ့လက်ထဲ၌ ရှိသော သလင်းကျောက်တုံးက ပေါက်ကွဲသွားတော့မတက် ကဲ့သို့ပင် ပုဖန်ထင်ယောင်လာမိသည်။


ပြင်းထန်စွာ တုန်ခါမှုကြောင့် သလင်းကျောက် ရင်းမြစ်ဆီမှ နေ၍ အက်ကွဲသံများ စတင်ကြားလာရပြီး မျက်နာပြင်ပေါ်၌ အက်ကွဲကြောင်း သေးသေးလေးများ ထင်ဟပ်လာသည်။ထို့နောက် ထိုအက်ကြောင်းသေးသေးလေးများကတစ်စုံတစ်ရာကို ဆွဲဆုတ်ယူတော့မလို တဖြေးဖြေးချင်း ကျယ်လာသည်။


ထိုအက်ကြောင်းက ကြီးမားသထက် ကြီးမားလာပြီးနောက် သလင်းကျောက်အရင်းအမြစ်ထဲမှနေ၍ လက်ဖဝါးအရွယ်အစားရှိသော အရာတစ်ခု တွားထွက်လာသည်။


ထိုမြင်ကွင်းကြောင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်နာပေါ်၌ အဆုံးမရှိသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ခေါင်းဆောင်ဖန်းက အံ့အားသင့်သွားပြီး ထိုသတ္တဝါကို ကြည့်နေ၏ ။သူက ထိုမကောင်းဆိုးဝါးကိုမြင်ဖူးသည်ဟု ထင်နေမိသည်။ 


ပုဖန်ကလည်း ကြောင်အသွားသည်။သူက လက်ထဲမှ သလင်းကျောက်အရင်းအမြစ်ကို လွှတ်ပစ်လုနီးပါးပင် ဖြစ်သွား၏ ။ပုဖန်က သူ့လက်ထဲမှ အရာကို မနှစ်မြို့စွာဖြင့် စူးစိုက်ကြည့်လိုက်သည်။


သို့သော်လည်း ထိုအရာက သေးငယ်ပြီး နူးညံ့လှသည့် ပုစွန်တစ်ကောင် ဖြစ်သည်။ထိုကျိုင်းပုစွန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများကို ထုတ်လွင့်နေလေရာ ရွှေတုံးတစ်တုံး ထွက်ပေါ်လာသည်ဟုပင် ထင်ရပေသည်။


ထို ကျိုင်းပုစွန်က အလွန်တရာ သေးငယ်လှသည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး၏ အရွယ်အစားက လူကြီးတစ်ယောက်၏ လက်ဖဝါး အရွယ်အစားမျှသာ ရှိလေသည်။၄င်း၏ ခန္ဓာကိုယ်ကို လုံးလိုက်သည့် အခါ၌ ဘောလုံး သေးသေးလေးနှင့်ပင် ဆင်တူလှသည်။


"ဒါက ပါဝင်ပစ္စည်းလား......သူ့ရဲ့ ခန္ဓာကိုယ်က အသားတောင်မရှိဘူးလေ....."


ပုဖန်၏ တည်ငြိမ်လှသော မျက်နာထားပင် မထိန်းနိုင်တော့ပဲ ရှုံ့မဲ့သွားပြီး တီးတိုးရေရွတ်လိုက်သည်။ပုဖန်၏ လက်ထဲမှ ကျိုင်းပုစွန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အဏ္ဏဝါမျိုးစိတ်ပညာရှင်က အသိစိတ်လွတ်လုနီးပါး ဖြစ်သွားသည်။


သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်မိသည်။သူ့၏ မျက်ဝန်းသေများက ရဲရဲနီနေကာ ရူးသွပ်လုနီးပါးဖြစ်နေလေ၏။ 


"ငါ့တို့ရဲ့ အလေးအမြတ်ထားရတဲ့ ပုစွန်ဘိုးဘေးကြီးက ဘယ်မှာလဲ.....ဘယ်လိုဖြစ်ပြီးတော့ ဒီကျိုင်းပုစွန်သေးသေးလေး ဖြစ်နေရတာလဲ....အား......"


ပွက်......


ခေါင်းဆောင်ဖန်းကလည်း သွေးတစ်ပွက် အန်လိုက်မိသည်။သူ့၏ နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင် ထွက်သလို အလွန်အမင်းနာကျင်မိသည်။သို့သော်လည်း သူ့၏ မျက်ဝန်းမှ မျက်ရည်ပင် ကျဆင်းမလာနိုင်ပေ။သူက... သူ့၏ အစစ်အမှန်ယွမ်စွမ်းအင်များကိုလည်း လောင်ကျွမ်းစေခဲ့ပြီး နေ့တစ်ဝက်နီးပါး ကြိုးစားယူခဲ့ရသော ပထမ သလင်းကျောက်အရင်းအမြစ်ထဲမှ ခွေးတစ်ကောင် ထွက်လာခဲ့သည်။ထို့အပြင် ယခုဒုတိယသလင်းကျောက် အရင်းအမြစ်ထဲမှလည်း ပုစွန်သေးသေးလေးတစ်ကောင် ထွက်လာပြန်သည်။


"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ဒီရွှေရောင် ပုစွန်သေးသေးလေးက ဘယ်ကရောက်လာတာလဲ....."


သူတို့က သလင်းကျောက် အရင်းအမြစ်နှစ်ခုကို ဖွင့်ဖျက်ခဲ့ပြီးပြီဖြစ်သည်။နောက်ဆုံးကျန်နေသည့် တစ်ခုထဲ၌လည်း ဘာမှမရှိသည်မှာ ဖြစ်နိုင်ပေသည်။နောက်ဆုံး၌ သူတို့ ကြီးမားလှသည့် သလင်းကျောက်တွင်းကြီးကို ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့သော်လည်း ဘာမှမရရှိပဲ ဖြစ်နေလေ၏။


ထို့အပြင် သလင်းကျောက် အရင်းအမြစ်ကို ရရှိရန်အတွက် သူ့၏ အစစ်အမှန် ယွမ်စွမ်းအင်များပင် ပျက်စီးသွားရခဲ့လေသည်။ထိုအချင်းအရာက သူ့အတွက် အလွန်တစ်ရာနစ်နာလွန်းလှသည်။


ခေါင်းဆောင်ဖန်းက သွေးတစ်လုတ်အန်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီးဖြင့် အော်ဟစ်ကျိန်းဝါးလိုက်သည်။သူ့ခန္ဓာကိုယ်ဝန်းကျင်၌ လှည့်လည်နေသော အဝါရောင်စွမ်းအင်များက ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ဖျက်စီးပစ်တော့မယောင် ထင်ရသည်။


ပုဖန်ကလည်း သူ့လက်ထဲမှ သေးငယ်သော အရာလေးကို ကြည့်ရင်း စွံ့အနေမိသည်။ထိုပုစွန်ငယ်လေးက သလင်းကျောက်ထဲမှ တွားသွားထွက်လာပြီးနောက် သူ့၏ လက်ပေ့်သို့ တွယ်တက်လာခဲ့သည်။သူက သူ့ခေါင်းမှ အမွှေးရှည်နှစ်ချောင်းကို အနည်းငယ်ဝှေ့ယမ်းရင်း ပုဖန်ကို မျက်လုံးလှန်ကြည့်ကာ စူးစမ်းနေသည်။ထို့နောက် ဘလာအကြည့်ဖြင့် ပုဖန်ကို အကြာကြီး စိုက်ကြည့်နေလေသည်။


ပုဖန်က သူ့၏ မူလပုံစံအတိုင်း မျက်နာသေဖြင့်ပင် ပုစွန်သေးသေးလေးကို ကောက်ယူလိုက်သည်။သူ့၏ စိတ်ထဲမှလည်း တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ထိုပုစွန်က သူ့၏ လက်ချောင်းအရွယ်အစားနှင့် တူညီပြီး သူ့လက်ထက် အနည်းငယ်မျှသာပိုရှည်ပေသည်။


"ဒီလောက်သေးတဲ့ဟာလေးက စနစ်ပြောလိုက်တဲ့ ပါဝင်ပစ္စည်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......"


ထိုသို့ တွေးလိုက်မိပြီးသည်နှင့် တစ်ပြိုင်နက် ပုဖန်၏ မျက်နာအမူအရာက အနည်းငယ်မှောင်မိုက်သွားသည်။သူက သူနှင့်သိပ်မဝေးသည့် နေရာတွင်ရပ်နေသော ဘလက်ကီဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ပထမဦးဆုံး သလင်းကျောက်အရင်းအမြစ်ထဲ၌ ပါဝင်သည့်အရာက သေချာပေါက် သူလိုအပ်သည့် အရာ ဖြစ်ပေလိမ့်မည်။


သို့သော်လည်း ထိုအရာကို ခွေးငပျင်းက စားခဲ့ပြီးပြီ အစောပိုင်းအချိန်က ထိုခွေးငပျင်း စားပြီးစိတ်ကျေနပ်စွာဖြင့် လေတက်သည့်ပုံစံကို သူသတိရသွားသည်။သူ့၏ နှလုံးသားထဲမှပင် သွေးစိမ်းရှင်ရှင်ကျလာသလို ခံစားလိုက်ရသည်။


"ငါ့ရဲ့ယာယီမစ်ရှင်လေး အား.......


"ငါ့ရဲ့ ပုစွန်ဘိုးဘေးကြီးဘယ်မှာလဲ....."


အဏ္ဏဝါမျိုးစိတ်ပညာရှင်က ရူးသွပ်သွားပြီး ကြမ်းပြင်ကို လက်သီးဖြင့် အဆက်မပြတ် ရိုက်ခတ်နေပေသည်။


"အဲ့ဒီရွှေရောင် ကျိုင်းပုစွန်က ငါ့တို့ရဲ့ ပုစွန်ဘိုးဘေးကြီးလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......"


ရှေးမှတ်တမ်းများ၏အဆိုအရ ပုစွန်ဘိုးဘေးကြီး၏ ခန္ဓာကိုယ်က ပေတစ်ရာမျှ မြင့်မားလှသည်။သူခန္ဓာကိုယ်ကိုအနည်းငယ်ရွှေ့လိုက်ရုံဖြင့်ပင် ပင်လယ်ပြင်၌ ကြမ်းတမ်းကြောက်မက်ဖွယ်ကောင်းလှသော လှိုင်းလုံးများ ရိုက်ခတ်သွားသည်။ထို့အပြင် ပုစွန်ဘိုးဘေးကြီး၏ ခန္ဓာကိုယ်မှ ထုတ်လွင့်လိုက်သော ဖိအားများကလည်း အကန့်အသတ်မဲ့ များပြားလှသည်။


ထိုကဲ့သို့ တန်ခိုးကြီးမားလှသော ပုစွန်ဘိုးဘေးကြီးက သေးငယ်လှသော ရွှေရောင်ကျိုင်းပုစွန် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း ။ထပ်လောင်းပြောရလျှင် ထိုပုစွန်၌ နတ်ဘုရားနယ်ပယ် အရှိန်အဝါပင် မရှိပေ။


"ပုဖန်... ကောင်လေး...ဘာတွေ သောကရောက်နေတာလဲ.....အဲ့ဒီမှာနောက်ထပ် သလင်းကျောက်အရင်းအမြစ် ရှိနေသေးတယ်မဟုတ်ဘူးလား......ဘာလို့ မင်းအဲ့ဒါကို ဖွင့်မကြည့်တာလဲ....."


ခွေးဘုရင်က ကသီးကအောင့် ဖြစ်ဟန်ပုံစံဖြင့် ပြုံးလိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။ပုဖန်၏ အကြည့်စူးစူးက သူ့ကို အနည်းငယ် နေရထိုင်ရခက်စေသည်။


ရုတ်တရတ် ပုဖန်က သူ့၏ လက်မှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။သူမျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး လက်မှဒဏ်ရာကို ကြည့်လိုက်၏။


ထိုပုစွန်ပိစိလေးက သူ့၏ လက်တံရှည်တစ်ချောင်းဖြင့် ပုဖန်၏ လက်ဖဝါးကို ထိုးစိုက်ထားသည်ကို တွေ့လိုက်ရသည်။ပုဖန်၏ ဒဏ်ရာမှ သွေးများ စီးထွက်လာသောအခါ၌ ထိုပုစွန်ပိစိက အကုန်လုံး စုပ်ယူလိုက်လေ၏။


"ဗုဒ္ဓေါ....ဒီပိစိကောင်က သွေးစုပ်တယ် ......"


ထိုပုစွန်ပိစိက သွေးများ စုပ်ယူလိုက်သည်ကို မြင်လိုက်သည်နှင့် ပုဖန် အံ့အားသင့် ထိတ်လန့်သွားသည်။ထိုအချိန်၌ပင် ပုစွန်က သူ့၏ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ပြီး ပုဖန်၏ လက်ပေါ်၌ အသိုက်သဖွယ်ပြုလုပ်၍ နေလိုက်သည်။ထိုပုစွန်ပိစိက ချက်ချင်းအိပ်မောကျသွားသကဲ့သို့ပင် အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိတော့ပေ။


"ဒါက နောက်ထပ် ငပျင်းကောင်တစ်ကောင်လား.....သူ့ရဲ့ ပုံစံက ဘလက်ကီ အတိုင်းပဲ...


.ဘန်း......."


ပုဖန်က သူ့လက်ထဲမှ ရွှေရောင်ပုစွန်ပိစိကိုအာရုံစိုက်ကြည့်နေဆဲမှာပင် ခေါင်းဆောင်ဖန်း၏ အခြေအနေက ထိန်းမန်ိုင်သိမ်းမရဖြစ်နေပေပြီ ။သူက ခေါင်းကို မြင့်မြင့်မော့၍ သူ့၏ ခန္ဓာကိုယ်ထဲမှ ကြမ်းတမ်းလှသည့် အော်ရာများကို ထုတ်လွင့်နေ၏။သူ့၏ ပုံစံက ပြင်းထန်လှသည့် ခြေနင်းချက်တစ်ချက်ဖြင့်ပင် မြေပြင်ကို ပြိုကွဲ ပျက်စီးသွားချင်ပုံ ပေါ်နေ၏။


"နေဦး....မဟုတ်သေးဘူး....ငါမေ့တော့မလို့ပဲ...ငါက သလင်းကျောက်အရင်းအမြစ်ကို မရခဲ့ဖူးဆိုရင်တောင်မှ ဒီမှာဟိုကောင်စုတ်လေးရဲ့ ကမ္ဘာမြေအသွင်ပြောင်း ဒယ်အိုး ရှိနေသေးတယ်.....တကယ်လို့ အဲ့ဒီဒယ်အိုးကိုသာ ငါရခဲ့မယ်ဆိုရင် ငါဆုံးရှုံးနစ်နာရခဲ့သမျှက အသေးအဖွဲ့ ဖြစ်သွားပြီ......အနည်းဆုံးတော့ ကောင်းကင်ဘုံက ငါ့အတွက် တစ်ခုခု ပြင်ဆင်ပေးထားသေးတာပဲ.....ဟားဟား....."


ခေါင်းဆောင်ဖန်း၏ အေးစက်လှသည့် အသံက ဥမင်လှိုဏ်ခေါင်းအတွင်း ရိုက်ခတ်သွားသည်။ထို့နောက် သူက ပုဖန်ကို လောဘဖြင့် တောက်ပြောင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။


ပုဖန်က ခေါင်းမော့၍ ခေါင်းဆောင်ဖန်းကို ပြန်လည် စိုက်ကြည့်လိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့တက်သွားသည်။


"အရူး......"


ပုဖန်၏ စကားကြောင့် ခေါင်းဆောင်ဖန်း၏ မျက်ဝန်းများက စူးရဲသွားသည်။ယခုအချိန်၌ သူလုံးဝ ဒေါသထွက်သွားပေပြီ။ခေါင်းဆောင်ဖန်းက သူတိုက်ခိုက်မှု ပြုလုပ်တော့မည့် အချိန်မှာပင် သူ့လမ်းကြောင်း၌ ပိတ်နေသော ခွေးနက်ကြီးကို သတိပြုမိလိုက်သည်။


"အဲ့ဒီခွေးက ငါ့လက်သီးချက်ကြောင့် လွင့်ထွက်သွားတဲ့ ခွေးနက်ကြီး မဟုတ်ဘူးလား...."


"ဖယ်စမ်း....."


ခေါင်းဆောင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးသူ့၏လက်သီးကို မြှောက်လိုက်သည်။သူ့ခန္ဓာကိုယ်၌ ရစ်ဝဲနေသည့် အဝါရောင်ရောင်စဉ်များက အရှေ့သို့ တိုးထွက်လာပြီးနောက် သူ့၏ လက်သီးကို ဖုံးအုပ်သွားသည်။ထိုအဝါရောင် ရောင်စဉ်များ ဖုံးအုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့၏ လက်သီးပုံသဏ္ဍာန်က နတ်နဂါးပုံစံ အဖြစ်သို့ ပြောင်းလဲသွားသလို ထင်ရပြီးနောက် ဘလက်ကီဆီသို့ တရှိန်ထိုး တိုးဝင်သွားလေသည်။


ထိုလက်သီးက စွမ်းအားကြီးသည်။ခန့်ညားထည်ဝါလှပြီး အလွန်လည်း ကြောက်စရာကောင်းသည်။ခေါင်းဆောင်ဖန်း လက်သီးတစ်လုံး ပစ်သွင်စလိုက်သည့်အခိုက်အတန့်၌ ဥမင်လှိုဏ်ခေါင်းအတွင်းနေရာတိုင်း၌ ရှိနေသော ဖုန်မှုန့်နှင့် ကျောက်တုံးကျောက်ခဲများပင် လွင့်ပြယ်သွား၏။


"မင်းက အစောပိုင်းတုန်းက ငါခွေးဘုရင်ကို ထိုးနှက်လိုက်တဲ့ တစ်ယောက်လား.....ငါခွေးဘုရင် ထွက်ပေါ်လာတဲ့ အချိန်ကစပြီး ဘယ်သူမှ ငါ့ကို လွင့်ပျံသွားအောင် မထိုးနှက်နိုင်ဖူးဘူး......မင်းက ငါခွေးဘုရင်ကို လွင့်ထွက်သွားအောင် လုပ်န်ိုင်တဲ့ ပထမဦးဆုံး နဲ့ နောက်ဆုံးလူပဲ......"


ခွေးဘုရင်၏ ကြည်လင်လှသော အသံက ထွက်ပေါ်လာသည်။ထိုအသံက နူးညံ့နေသော်လည်း ဒေါသကြီးသည့် အရိပ်အငွေ့များလည်း ပါဝင်နေပေ၏။


ခွေးဘုရင်ကို မည်သူကမှ ထိုကဲ့သို့ အရှက်ရအောင် မလုပ်ခဲ့ဖူးပေ။ထိုခဏအတွင်းမှာပင် ခွေးဘုရင်၏ ခန္ဓာကိုယ်က လေထုထဲ၌ပင် လွင့်ပျောက်သွား၏။


သူက ရက်စက်ကြမ်းကြုတ်လှသော ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့ခန္ဓာကိုယ်မှ ထွက်နေသော နိုင်လိုမင်းထက် ဖိနှိမ့်နိုင်စွမ်းသော အော်ရာများက ဥမင် လှိုဏ်ခေါင်းအတွင်း၌ရ်ှနေသော လူတိုင်းကို ဖိနှိမ်ထား၏။ခွေးဘုရင်၏ ခန္ဓာကိုယ်မှ အော်ရာများ ပေါက်ကွဲထွက်လာသည်နှင့် တစ်ပြိုင်နက် လှိုဏ်ခေါင်းကလည်း သိမ့်ခနဲ တုန်သွားသည်။


ခေါင်းဆောင်ဖန်းက ထိတ်လန့်အံ့အားသင့်သွားပြီး သူ့၏ ခန္ဓာကိုယ်က စတင်တုန်ရီလာသည်။သူ့၏ လက်သီးချက်က ခွေးနက်ကြီးဆီသို့ မရောက်သေးမှာပင် သူ့ထံသို့ အနက်ရောင်အရိပ်တစ်ခုတိုးဝင်လာသည်ကို မြင်လိုက်ရသည်။ထို့နောက် သူအရိုက်ခံလိုက်ရသည်ကိုသာ ခံစားလိုက်ရသည်။နောက်တစ်ခုအနေဖြင့် သူ့၏ ခန္ဓာကိုယ်က လေထဲသို့ လွင့်ပျံသွားသည်ကို သိလိုက်သည်။ထို့နောက် သူ့၏ ခန္ဓာကိုယ်က ဥမင်လှိုဏ်ခေါင်းအမိုးနှင့် ပြင်းထန်စွာတိုက်မိသွားသည်။


လှိုဏ်ခေါင်းအမိုးမှ နေ၍ သလင်းကျောက်တုံးများ တဖြောဖြော ပြုတ်ကျလာသည်။ခေါင်းဆောင်ဖန်းက သူ့၏ အာရုံများကို ပြန်မရသေးမှာပင် မြေပြင်ပေါ်လဲနေသော သူ့၏ ခန္ဓာကိုယ်က ဆုပ်ကိုင်ယူခြင်းကို ခံလိုက်ရသည်။


ဘန်း .....ဘန်း.......ဘန်း......


ထိုအနက်ရောင်အရိပ်က သူ့၏ ခန္ဓာကိုယ်ကို မြေပြင်နှင့် ထပ်ခါတလဲလဲ ရိုက်နှက်လိုက်ခြင်းကို ခံလိုက်ရလေသည်။သူ့၏ ခန္ဓာကိုယ်က မြေပြင်ကို ထိမိပြီးသည်နှင့် တစ်ပြိုင်နက် လေထဲသိူ့ ပြန်လည်ရောက်ရှိသွားသည်။သူက ရာဘာလုံးတစ်လုံးကဲ့သို့ပင် အနက်ရောင်အရိပ်၏ ထပ်တလဲလဲ ကိုင်ပေါက်ခြင်းကို ခံနေရသည်။


ခေါင်းဆောင်ဖန်း၏ မျက်ဝန်းထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာသည်။


"ဒီအနက်ရောင်အရိပ်က အထွဋ်အထ်ိပ်အတားအဆီးနှစ်ခုကို ချိုးဖျက်နိုင်ပြီးတဲ့ မသေမျိုး ခန္ဓာအဆင့်လား....."


ခေါင်းဆောင်ဖန်းကိုယ်တိုင်ကလည်း အထွဋ်အထိပ် အတားအဆီးတစ်ခုကို ချိုးဖောက်နိုင်ပြီးသည့် နတ်ဘုရားနယ်ပယ် ပညာရှင် ဖြစ်သည်။သို့သော်လည်း သူ ခွေးနက်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ၌ အနည်းငယ်မျှပင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိပေ။ထို့ကြောင့် ထိုခွေးနက်ကြီးက အထွဋ်အထိပ်အတားအဆီးနှစ်ခုကို ချိုးဖျက်နိုင်ပြီးသည့်သူ သို့မဟုတ် သုံးခုကို ချိုးဖျက်နိုင်ပြီးသည့် ပညာရှင်ပင် ဖြစ်ရပေမည်။


ဘန်း......


သူက ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင် လက်ဖဝါးဖြင့် နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်သည်။ထိုရိုက်ချက်ကြောင့် သူ့၏ မသေမျိုး ခန္ဓာကိုယ်ပင် တစ်စစီ ဖြစ်သွားတော့မလို ခံစားလိုက်ရသည်။


သူ့၏ ခေါင်းကလည်း မူးနောက် ရီဝေနေပေပြီ ။သူကရောင်ကိုင်းနေသော မျက်ဝန်းများကို အနည်းငယ် ဖွင့်လိုက်သည်။မှေးကျင်းလိုက်သော မျက်ဝန်းအမြင်ထဲမှ တစ်ဆင့် သူ့ဆီသို့ နောက်တစ်ကြိမ်ဝဲပျံလာသော ကြီးမားလှသည့် ခွေးလက်ဖဝါးကို မြင်လိုက်ရသည်။


ဘန်း......


ဥမင်လှိုဏ်ခေါင်းထဲ၌ လေဂယက်လှိုင်းများ ရိုက်ခတ်သွားသည်။ခေါင်းဆောင်ဖန်းက လုံးဝ သတိလစ်သွားကေပြီ။ခန္ဓာကိုယ်ကြီးမားလှသော ဘလက်ကီက ခေါင်းဆောင်ဖန်းကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ဖဝါးပင် မျက်နာကို ဖြတ်ရိုက်လိုက်ပြန်၏။ဘလက်ကီ၏ မျက်ဝန်းများက ဒေါသတရားကြောင့် ရဲရဲတောက်နေပေသည်။


ထို့နောက် ဘလက်ကီက ပါးစပ်ကို ဖွင့်ဟ၍ သွားစွယ်ဖွေးဖွေးများ ပေါ်လာသည်အထိ မာန်ဖီလိုက်သည်။သူက ဟောင်သံ တစ်ချက်ပြု၍ ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ တက်နင်းလိုက်သည်။


ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်မှ အရိုးကြေမွသံများ ထွက်ပေါ်လာပြီး သူသေဆုံးသွားခဲ့လေသည်။တန်ခိုးရှင်အဆင့် အတားအဆီးများကို ချိုးဖောက်၍ နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သော မဟာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူတစ်ယောက်က ဒီအတိုင်းသေဆုံးသွားပေပြီ။


အဏ္ဏဝါမျိုးစိတ် ပညာရှင်က ခေါင်းဆောင်ဖန်း၏ အလောင်းကို ကြည့်၍ သတိလက်လွတ်ဖြစ်နေမိသည်။ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက စုတ်ပြဲနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဖူးယောင် ဖောကားနေပေသည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်က ခွေးနက်ကြီး၏ သန်မာမှုအင်အားကို မျက်မြင်တွေ့လိုက်ရသောကြောင့် သူ့၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေသည်။ပါးဟပ်များကိုပင် ပြန်ပိတ်ဖို့ မေ့လျော့နေပြီး ပင်လယ်ရေများ တဖြောဖြောစီးကျနေသည်။


"ဘာလို့ ဒီခွေးနက်က အရမ်းကြောက် ဖို့ကောင်းနေတာလဲ......"


မဟာဂိုဏ်း၏ မသေမျိုးခန္ဓာကျွမ်းကျင်ပညာရှင်က လူမသိသူမသိ အသတ်ခံလိုက်ရမည်ဟု သူမထင်ထားခဲ့မိပေ။အဏ္ဏဝါမျိုးစိတ် ပညာရှင်က သူလည်း သစ်ရွက်ကြွေများကဲ့သို့ လှဲထုတ်ခံလိုက်ရမည်ကို စတင်စိုးရိမ်ပူပန်လာမိသည်။ခွေးဘုရင်၏ မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဝေ့ဝဲသွားပြီးနောက် အဏ္ဏဝါမျိုးစိတ်ပညာရှင်ဆီသို့ ကျရောက်လာခဲ့သည်။


ဒုန်း.....


သူက ခွေးဘုရင်၏ အကြည့်များကို ခံစားမိလိုက်သည်နှင့်တစ်ပြိုင်နက် အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။သူ့၏ မျက်ဝန်းသေများမှလည်း မျက်ရည်များ တဖြောဖြော ကျလာသေးသည်။


"ခွေးဘုရင် ငါ့ကို သက်ညှာပေးပါ.....


.ဘန်း......."


ခေါင်းဆောင်ဖန်း၏ ခန္ဓာကိုယ်ကို နင်းထားသော ဘလက်ကီ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီးနောက် အဏ္ဏဝါမျိုးစိတ် ပညာရှင်၏ ဘေးနား၌ ချက်ချင်းပေါ်လာလေသည်။ထို့နောက်သူက အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်နာကို ပြင်းပြင်းထန်ထန် တစ်ချက်ရိုက်လိုက်သည်။


ကျွပ်ဆတ်သော အသံတစ်ချက်နှင့်အတူ အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ ခန္ဓာကိုယ်က လှိုဏ်ခေါင်း၏ နံရံနှင့် ဆောင့်မိသွားသည်။


ဆွစ်......


ဘလက်ကီ၏ ခန္ဓာကိုယ်က ပြန်လည် သေးကျုံ့သွားပြီးနောက် ခွေးဝတုတ် တစ်ကောင်ပုံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ဘလက်ကီက သူ့၏ ငိုက်မြည်းနေသော မျက်ဝန်းများကို ပြူးပြဲ ဖွင့်၍ အနားပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ထို့နောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး မြေပြင်ပေါ်လှဲချလိုက်ကာ အိပ်ပျော်သွားလေသည်။


ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ပြည့်နှက်နေသည့် ဥမင်လှိုဏ်ခေါင်းအတွင်း၌ တိတ်ဆိတိလာပြီး တစ်ဖန် ပြန်လည် ငြိမ်းအေးသွားပေသည်။


ခေါင်းဆောင်ဖန်းက ဘလက်ကီ၏ သေသည်အထိ ရိုက်နှက်ခြင်းကို ခံလိုက်ရသလို အဏ္ဏဝါမျိုးစိတ် ပညာရှင်ကလည်း အသက်ရှိမရှိ မည်သူမှ မသိကြပေ။


မြေပြင်ပေါ် လဲကျနေသော ကျိုင်းပုစွန်က သူ့၏ ခြေလက်များကို ယက်ကန်ယက်ကန်ဖြင့် လှုပ်ရှားနေသည်။သူက သူ့ကိုယ်သူမတ်မတ်ရပ်နိုင်ဖို့ ခွန်အားပင် မရှိတော့ပေ။


ပုဖန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် ရွှေရောင်ကျိုင်းပုစွန် ပိစိကို သူ့ရဲ့ ပုခုံးပေါ်သို့ တင်လိုက်ပြီး နောက်ဆုံးကျန်နေသည့် သလင်းကျောက်အရင်းအမြစ်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။


သူက ပထမသလင်းကျောက် အရင်းအမြစ်နှစ်ခုထဲမှ မည်သည့်ပါဝင်ပစ္စည်းကိုမှ မတွေ့ရသေးသော်လည်း မြေပြင်ပေါ်၌ တတိယမြောက် သလင်းကျောက်အရင်းအမြစ် တစ်ခု ရှိနေသေးပေသည်။


ပုဖန်က သူ့၏ နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး မီးလျှံဓားကို သုံး၍ သလင်းကျောက် အရင်းအမြစ်ကို ဖွင့်လိုက်သည်။