အခန်း ၃၉၇
အရသာရှိတဲ့ ငါးပူတင်း..
ယခုလက်ရှိ အချိန်၌ သလင်းကျောက်အရင်းအမြစ်ထဲ၌ တစ်စုံတစ်ခုပါ..မပါကို မသိရသောကြောင့် ပုဖန် အနည်းငယ် စိတ်ပူပန်နေမိသည်။
များသောအားဖြင့် သလင်းကျောက်သုံးခုကြားထဲ၌ တစ်ခုက သလင်းကျောက်တုံး သက်သက်သာ ဖြစ်နေတက်သည်။အကယ်၍ ကံမကောင်းပါက နှစ်ခုကပင် သလင်းကျောက်တုံး သက်သက်ဖြစ်နေတက်သည်။
ယခုလက်ရှိအချိန်၌ သူတို့က သလင်းကျောက်အရင်းအမြစ်နှစ်ခုကို ဖွင့်ပြီးခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် ကျန်သောတစ်ခုက သလင်းကျောက်တွင်းကြီးထဲမှ အကြီးဆုံး သလင်းကျောက်တုံးကြီး သက်သက်သာ ဖြစ်နေနိုင်ပေသည်။
အကယ်၍ နောက်ဆုံး ကျန်သည့် သလင်းကျောက်အရင်းအမြစ်ထဲ၌ သူလိုအပ်သည့် ပါဝင်ပစ္စည်းသာ မပါလာလျှင် စနစ်ပေးအပ်လိုက်သော မစ်ရှင်က ကျဆုံးပေမည်။
မှန်ပေသည်။သူက ရွှေရောင် ကျိုင်းပုစွန်ပိစိကိုလည်း ပြုတ်ပြုတ်ကြော်ကြော် တစ်ခုခု အဖြစ် ချက်ပြုတ်နိုင်ပေသေးသည်။သို့သော်လည်း ရွှေရောင်ပုစွန်ပိစိ၏ ခန္ဓာကိုယ်က အသားဟူ၍ပင် မရှိလေရာ သူ့ကို ပါဝင်ပစ္စည်းတစ်မျိုးအနေဖြင့် ထည့်တွက်၍ မရပေ။
အကယ်၍ သူ့၌ ထိုပုစွန် ခုနှစ်ကောင် ရှစ်ကောင်လောက်ရှိလျှင် ဟင်းပွဲ တစ်ပွဲ ပြုလုပ်ကောင်း ပြုလုပ်နိုင်ပေလိမ့်မည်။သို့သော်လည်း သူ့၌ တစ်ခုသာလျှင်ရှိ၏ ။ပုဖန်က ထိုအကြောင်းကို မေ့ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
ခွပ်......
ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်၏ အပူချိန်က အလွန်ပင် မြင့်မားလှသည်။ပုဖန်က ထိုမီးလျှံကို ဓားအဖြစ် ပြောင်းလဲပြီးသည့်နောက်၌ သလင်းကျောက်အရင်းအမြစ်ကို ဖြေးဖြေးချင်း ဖြတ်တောက်၍ ဖွင့်လိုက်၏။
အမ်......
ထိုသလင်းကျောက်ကို ဖွင့်လိုက်သည့်ခဏ၌ ပုဖန်၏ စိတ်ထဲမှ ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်မိသည်။
ဆွစ်.....ဆွစ်.......ဆွစ်......
ရုတ်တရက် သလင်းကျောက်အရင်းအမြစ်ထဲမှ ချွန်မြေ့လှသည့် သံမဏိအပ်များ ထွက်ပေါ်လာသည်။ထိုအပ်များ၏ အရှိန်က အလွန်လျှင်မြန်လှပြီး လေထုကိုပင် ဆုတ်ဖြဲပစ်တော့မယောင် ထင်ရသည်။ပုဖန်က ထိုအပ်များကို လွတ်အောင်ရှောင်တိမ်းလိုက်သည်။ထိုအပ်များက ဆက်လက်၍ ပျံသန်းသွားပြီးနောက် သူ့နောက်ကျောရှိ နံရံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ပုဖန် လေအေးများ တစ်ချက် ရှူရှိုက်လိုက်မိသည်။သူ လျှင်မြန်စွာ တုံ့ပြန်နိုင်လိုက်သည်က ကံကောင်းလှပေသည်။ထိုသို့ မဟုတ်လျှင် ထိုအပ်များက သူ့ကို လူသား စကာပေါက်အဖြစ် ပြောင်းလဲ ပစ်ပေလိမ့်မည်။
"သလင်းကျောက်အရင်းအမြစ်ထဲမှာ ဘာရှိနေတာလဲ....."
ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲမှ မီးလျှံဓားဖြင့် သလင်းကျောက်အရင်းအမြစ်ကို လွှဲခုတ်ချလိုက်သည်။သလင်းကျောက်အရင်းအမြစ်က နှစ်ခြမ်းတိတိပပ ပိုင်းကျသွား၏။သလင်းကျောက်အရင်းအမြစ်က အခေါင်းပေါက်ရှိနေသည်။အကယ်၍ အစောပိုင်းတုန်းက တိုက်ခိုက်ခံရမှုသာမကြုံခဲ့လျှင် ထိုအချက်ကြောင့် အလွန်ပျော်မိ ပေလိမ့်မည်။
ပိုင်းကျပြီးသည့်နောက် သလင်းကျောက်နှစ်ခြမ်းက တဖြေးဖြေးချင်းကွဲသွားသည်။ကျွပ်ဆတ်သော အသံတစ်ခုကလည်း ဥမင်လှိုဏ်ခေါင်းအတွင်း၌ ပဲ့တင်ထပ်သွား၏။ပုဖန်က မျက်မှောင်ကြုတ်၍ ထိုနှစ်ခြမ်းကွဲသွားသည့်နေရာကို စူးစိုက်ကြည့်နေလိုက်သည်။
ထိုနေရာ၌ ငါးတစ်ကောင်နှင့်ဆင်တူလှသော တစ်စုံတစ်ရာကို သူမြင်တွေ့လိုက်ရသည်။ထိုအချိန်ခဏ၌ ထိုငါးက ဖောင်းကားလာပြီးနောက် များပြားလှသော ချွှန်ထက်သည့် အပ်များ လေထုကို ဖြတ်သန်း၍ ထွက်ပေါ်လာပြန်သည်။
ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်လိုက်ပြီးနောက် သူ့၏ ရှေ့၌ ကာလိုက်ကာ အပ်များ၏ အန္တရာယ်မှ ကာကွယ်လိုက်သည်။အချိန်ခဏမျှ ကြာပြီးနောက် လှိုဏ်ခေါင်းက ပြိုကျလာတော့မယောင် အသံများ မြည်လာလေ၏။
ပုဖန်က သူ့ခြေထောက်မှ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး လေထုထဲသို့ ခုန်တက်လိုက်သည်။ထို့နောက် ကွဲသွားသည့် သလင်းကျောက် အရင်းအမြစ်၏ နေရာတွင် ပေါ်လာသည့် အရာကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ထိုအရာက တကယ့်ကို ငါးတစ်ကောင် ဖြစ်လေသည်။ပုဖန်က ထိုသလင်းကျောက် အရင်းအမြစ်ထဲမှ ငါးတစ်ကောင်ကဲ့သို့ အရာများ ထွက်ပေါ်လာမည်ဟု မထင်မှတ်ထားခဲ့မိပေ။
ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။သူဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ခြေပြန်ချလိုက်သည်။
ဆွစ်.....ဆွစ်.....ဆွစ်......
များပြားလှသော အပ်များက သူထံသို့ နောက်တစ်ကြိမ် ပျံသန်းလာပြန်သည်။ထိုအပ်များ၏ အရှိန်ကအလွန်တရာ မြန်လှသောကြောင့် သူ့မျက်စိရှေ့သို့ ရောက်လာသည်အထိ အဖြူရောင် အလင်းတန်းကိုသာ မြင်ရလေသည်။ထိုအပ်များမှ အေးစက်လှသော အလင်းအငွေ့များလည်း ထုတ်လွင့်နေလေရာ ထိခိုက်မိသည့် မည်သူ့ကိုမဆို ခိုက်ခိုက်တုန်သွားစေပေလိမ့်မည်။
ကလန်.....
ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်း၍ အပ်များကို ရိုက်ထုတ်လိုက်သည်။ထို့နောက် သူ စိတ်ဝိညာဉ်သားရဲရှိရာဆီသို့ လျှောက်လာလိုက်၏။ထိုသားရဲငါးက မျက်လုံးလှန်၍ ပုဖန်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ထိုငါး၏ ခန္ဓာကိုယ်တစ်ခုလုံး၌ မြောက်များလှစွာသောအစက်အပြောက်များနှင့် အစင်းကြောင်းများ ဖုံးအုပ်နေသည်။ထိုငါး၏ ခန္ဓာကိုယ်က ဖောင်းကားလာလျှင် ငါးဝတုတ်ကြီးကြီးတစ်ကောင်သို့ ပြောင်းလဲသွားသည်။သူ့၏ ခန္ဓာကိုယ်ဖောင်းကားလာသည်နှင့် သူက အပ်များကို တစ်ဖန် ပစ်လွှတ်နိုင်ပေသည်။
ပုဖန်က ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာ၌ အကောင်းဆုံးအဆင့်သို့ ရောက်ရှိနေပေပြီ။ထို့ကြောင့်ပင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆတ်ခနဲ တစ်ချက်လှုပ်လိုက်ရုံဖြင့်ပင် မြောက်များလှစွာသော အပ်များကို ရိုက်ထုတ်ပစ်လိုက်နိုင်သည်။
ပုဖန်က အပ်များကို ရိုက်ထုတ်ပြီးသည်နှင့် သူ့၏ ဓားကို နောက်တစ်ကြိမ် ထပ်လွှဲလိုက်ပြီး ထိုဖောင်းကား ဝတုတ်နေသည့် ငါးကို ရိုက်လိုက်သည်။ထိုငါးက တစ်ချက်တည်းနှင့် သတိလစ်သွားပေသည်။သူသတိလစ်သွားသည်နှင့် တစ်ပြိုင်နက် သူ့၏ ဖောင်းကားနေသော ခန္ဓာကိုယ်က ပြန်လည်၍ သေးငယ်သွားသည်။ထိုအချင်းအရာက လေလျှော့လိုက်သော ဘောလုံးတစ်လုံးနှင့်ပင် ဆင်တူလှသည်။
ထိုငါးသတိလစ်သွားသည့်အခာမှသာ ပုဖန် စိတ်သက်သာရာ ရသွားလေသည်။
"ဒီလို သလင်းကျောက်အရင်းအမြစ်ထဲမှ ဒီလိုမျိုးထူးထူးဆန်းဆန်း ငါးတစ်ကောင်ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ.....ဒီငါးက တကယ့်ကို ရှားပါးပြီးတော့ မမျှော်လင့်ထားတဲ့ ပါဝင်ပစ္စည်းပဲ....."
ပုဖန် ထိုငါးကို အမြီးမှနေ၍ ဆွဲကိုင်ယူလိုက်သည်။ထိုငါးကို ကမ္ဘာမြေပေါ်၌ ငါးပူတင်းဟူ၍ လူသိများလှသည်။သို့သော်လည်း ထိုငါးမှနေ၍ အပ်များပစ်လွှတ်လိုက်သည့် အကြောင်းကိုတော့ သူ နဂါးမြို့ဟောင်းဆီသို့ ရောက်လာမှသာ ကြုံဖူးခြင်း ဖြစ်သည်။
ထိုငါးပူတင်း၏ အရသာကမည်မျှပင် ကောင်းကြောင်းကို ပုဖန်မညွှန်းဆိုတက်ပေ။ထိုငါး၌ အဆိပ်ပါသည်ဟု ပြောကြသော်လည်း အစားချစ်သူများက သူတို့၏ အသက်ကိုပင်ရင်း၍ ထိုငါးအရသာကို ခံစားချင်နေတုန်းပင် ဖြစ်သည်။
[လမိုက်ဆူး ငါးပူတင်းက အဆင့် ၇ စိတ်ဝိညာဉ်သားရဲ ဖြစ်တယ်.....အလွန့်အလွန် ရှားပါးတဲ့ စိတ်ဝိညာဉ်သားရဲ ဖြစ်ပြီးတော့ မွေးမြူရ အလွန်ခက်ခဲတဲ့ မျိုးစိတ်လည်းဖြစ်တယ်......ငါးပူတင်းရဲ့ အရေပြားအောက်မှာ ဆူးတွေ ဖုံးအုပ်ထားပြီးတော့ သူ့ခန္ဓာကိုယ် ဖောင်းကားလာချိန်တိုင်းမှာ ဆူးတွေကို ပစ်လွှတ်နိုင်တယ်.....အဲ့ဒီဆူးတွေမှာ အဆင့် ၉ တန်ခိုးရှင် အဆင့်တစ်ယောက်ကိုတောင်မှ သေစေနိုင်တဲ့ အလွန်ပြင်းထန်တဲ့ အဆိပ်တွေ ပါဝင်တယ်......]
ပုဖန်က လမိုက်ဆူးငါးပူတင်းကို သေချာစွာ လေ့လာနေတုန်းမှာပင် သူ့စိတ်ထဲမှ စနစ်၏ တက်ကြွလှသော အသံကို ကြားလိုက်ရသည်။စနစ်၏ ပြောပြချက်များကို နားထောင်ပြီးနောက် သူမျက်မှောင်ကြုတ်လိုက်မိ၏။
လမိုက်ဆူး ငါးပူတင်း၏ စွမ်းဆောင်ရည်များကို ကြားပြီးနောက် သူ ကူကယ်ရာမဲ့စွာဖြင့် လေအေးများ ရှူရှိုက်လိုက်မိသည်။ငါး၏ ဆူးများတွင် ပါဝင်နေသော အဆိပ်က တန်ခိုးရှင်အဆင့်တစ်ယောက်ကိုပင် သေစေနိုင်လေရာ အစောပိုင်း အချိန်က သူသာဂရုမစိုက်ပဲ ထိုအပ်များနှင့် ထိတွေ့ခဲ့သည်ဆိုပါက ယခုအချိန်၌ သူ ဆန့်ဆန့်ကြီး သေဆုံးနေပေလိမ့်မည်။
ထိုငါးပူတင်း၏ အဆိပ်ကသူမျှော်လင့်ထားတာထက် ပိုပြင်းထန်လှပေသည်။ပုဖန်က သူ့လက်ထဲမှ ငါးပူတင်းကို မြှောက်ကြည့်လိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်မိသည်။
ထိုငါးပူတင်းက သူ့၏ခရီးစဉ်အတွက် ရှာဖွေရမည့် ပါဝင်ပစ္စည်းပင် ဖြစ်သည်။ပုဖန်က သူ ထိုအကြောင်းကို တွေးမိပြီးသည်နှင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ပုဖန်က ငါးပူတင်းကို စိတ်ကျေနပ်စွာဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။
ထိုငါးပူတင်း၏ အရသာက မယုံနိုင်စရာကောင်းအောင် အရသာရှိလှပေသည်။ထိုငါးကို ပြင်းထန်လှသည့် အစိတ်အပိုင်းကို ဖယ်၍ ကျန်ရှိသည့် အသားကိုသာ စားရပေသည်။သို့သော်လည်း ထိုကျန်ရှိသည့် အသားကပင် အလွန်တရာအရသာကောင်းမွန်လှပေသည်။
လမိုက်ဆူး ငါးပူတင်းက အဆင်မြင့် သားရဲမဟုတ်သော်လည်း ပုဖန်က တခြားအဆင့်မြင့် သားရဲအရသာထက်ပင် ပို၍စိတ်လှုပ်ရှားနေမိသည်။ပုဖန်က သူ့၏ သိုလှောင်နယ်မြေထဲမှ ကြွေခရားတစ်ခူကို ထုတ်ယူလိုက်ပြီးနောက် သူ့၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ထို့နောက် ငါးပူတင်းကို မြဲမြဲဆုပ်ကိုင်လိုက်ပြီး ဓားဖြင့် သူ့၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။
ပုဖန်၏ လက်ထဲမှ ငါးပူတင်းက တဖြတ်ဖြတ် လှုပ်ရှားရုန်းကန်လာပြီးနောက် လည်ပင်းပြတ်ရှရာမှနေ၍ အနက်ရောင်သွေးများ စီးထွက်လာပြီး ပုဖန် လက်ထဲမှ ခရားထဲသို့ စီးဝင်သွားသည်။
သွေးများကို စုဆောင်းပြီးသည်နှင့် ငါးကိုနွေဦးစွမ်းရည်ဖြင့် ဆေးကြောလိုက်သည်။ထို့နောက် လမိုက်ဆူးငါးပူးတင်၏ အနက်ရောင်သွေးများဖြင့် ပြည့်နေသော ခရားကို သေချာစွာ ပြန်သိမ်းထားလိုက်သည်။
လမိုက်ဆူးငါးပူတင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အဆိပ်များအတိ ပြည့်နေသည်။သူ့၏ သွေးနှင့် ကိုယ်တွင်း ကလီစာများပင် အဆိပ်များပင် ဖြစ်သည်။ထို့ကြောင့် ပုဖန်က ထိုငါးကိုသေချာစွာ ကိုင်တွယ်ရပေမည်။
နဂါးမြို့ဟောင်း တိုက်ကြီး၌ ရှိနေသော လမိုက်ဆူးငါးပူတင်းက ကမ္ဘာပေါ်တွင် တွေ့ရသော ငါးပူတင်းထက် အလွန်ပို၍ အဆိပ်ပြင်းထန်သည်။ထိုအဆိပ်က တန်ခိုးရှင်အဆင့်ကိုပင် သေဆုံးနိုင်သည်ဟု ကြားလိုက်ရကတည်းက ပုဖန် ထိုငါးကို လက်လွတ်စပယ် မထိရဲတော့ပေ။
ပုဖန်က ငါးပူတင်းကိုသေချာ သန့်စင်စွာ ဆေးကြောပြီးနောက် သိုလှောင်နယ်မြေထဲ၌ သိမ်းဆည်းလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် လက်ခုပ်တချစ်တီး လိုက်သည်။ယခုအချိန်က ထိုငါးကိုချက်ပြုတ်ဖို့ အခ်ျိန်ကောင်း မဟုတ်သေးပေ။ပုဖန်က အရင်ဦးဆုံး ရှေးဟောင်းမြွေလူသားမြို့တော်သို့ ပြန်သည်က ပို၍ ကောင်းပေသည်။
ခရက်ရှ်......
သူနှင့် မလှမ်းမကန်းတွင် ယက်ကန်ယက်ကန်နှင့် ဖြစ်နေသော ကျိုင်းပုစွန်က နောက်ဆုံး၌ သူ့၏ ခန္ဓာကိုယ်ကို ပြန်လည် လှည့်နိုင်သွားပြီး မတ်တပ်ရပ်နိုင်သွားပေပြီ။
သူ့၏ အခွံက ချိုင့်ဝင်နေကာ သူ့ပုံစံက အလွန်ပင် သနားစရာကောင်းလှပေသည်။သူ့ထုတ်လွင့်နေသည့် အော်ရာများကလည်း အားနည်းနေပေ၏။ချက်ချင်းထွက်ခွာရန် ပြင်ဆင်နေသည့် ပုဖန်က သူ့၏ နေရာ၌ပင် ရပ်တန့်လိုက်သည်။ထို့နောက် သူထိပ်တန်း ကျိုင်းပုစွန်ကို အခ်ျိန်ခဏမျှကြာအောင် စိုက်ကြည့်လိုက်သည်။
ပုဖန်က သဘောထားကြီးသည့် လူတစ်ယောက်မဟုတ်ပေ။ထိုသတ္တဝါတစ်ကောင်က သူ့ကို အချိန်ကြာကြာပင် လိုက်လံဖမ်းဆီးနေခဲ့ရာ ထိုအချင်းအရာကို သူခွင့်လွှတ်မပေးနိုင်ပေ။ထို့အပြင် ထိုမျှကောင်းမွန်သော ပါဝင်ပစ္စည်းကို လက်လွှတ်လိုက်လျှင် အလွန်နှမြောစရာကောင်းပေလိမ့်မည်။
ထိပ်တန်းကျိုင်းပုစွန်၏ မျက်နာ၌ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။သူကိုယ့်သူ ရှုပ်ထွေးမှုများမှ လွှတ်မြောက်အောင် မလုပ်နိုင်သေးခင်မှာပင်သူ့၏ ပတ်ဝန်းကျင်တစ်ခွင်က မှောင်မိုက်သွားပြီး သူ့၏ မျက်ဝန်းများက ပြူးကျယ်သွားလေသည်။
ဘန်း ......
ကျယ်လောင်လှသော အသံက ဥမင်လှိုဏ်ခေါင်းကိုပင် တုန်ခါသွားစေသည်။ပုဖန်က ယခုလက်ရှိအခ်ျိန်၌ အလွန်တရာကြီးမားနေသော မဟူရာလိပ်ခုံးဒယ်အိုးကို သာသာလေးပုတ်လိုက်ပြီး အပျက်အစီးပုံများကြားထဲမှ ပြန်လည်ဆွဲယူလိုက်သည်။
သူဒယ်အိုးကို မယူလိုက်သည်နှင့် ဒယ်အိုးအောက်၌ သူ့၏ ရိုက်ခတ်မှုကြောင့် အခွံများ ကျိုးကြေနေသည့် ထိပ်တန်း ကျိုင်းပုစွန်ကို တွေ့လိုက်ရသည်။ထိုကျိုင်းပုစွန်က သူ့၏ က်တံရှည်ကို အသာလေးပင့်မြှောက်၍ မျက်လုံးကလည်ကလည်ဖြင့် ပုဖန်ကို ကြည့်နေလေသည်။
ဘန်း.......
ပုဖန်က တစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီး ဒယ်အိုးဖြင့် အညှာတာမဲ့စွာ လွှဲရိုက်ချလိုက်ပြန်သည်။သူ့၏ ရိုက်ခတ်မှုကြောင့် မြေပြင်၌ပင် ပတ်ကြားအက်များ ဖြစ်ပေါ်လာသည်။
"မင်းက ပါဝင်ပစ္စည်း ဟင်းအမယ်တစ်မျိုးဖြစ်ချင်နေတာမဟုတ်လား.....ဒါများ ငါ့ကို စောစောကမပြောဘူး.....ငါ့ကို လိုက်ဖမ်းပြီးတော့ နေ့တစ်ဝက်တောင်မှပဲ ကုန်ဆုံးလိုက်စေတယ်လေ......"
ဘန်း.......
ပုဖန်က ဒယ်အိုးကို ပြန်လည် ယူလိုက်ပြီးနောက် မဲ့ပြုံးနှင့်အတူ တတွတ်တွတ်ရေရွတ်လိုက်သည်။ဒယ်အိုးအောက်မှ ကျိုင်းပုစွန်က နောက်ဆုံးထွက်သက် တဲတဲလေးန်ှိတော့သည်။ပုဖန်က ကျိုင်းပုစွန်ကို ကောက်ယူ၍ စနစ်၏ သိုလှောင်နယ်မြေထဲ၌ ထည့်သိမ်းထားလိုက်သည်။
သူ့၏ မျက်နာပေါ်၌လည်း စိတ်ကျေနပ်မှုအမူအရာက အထင်းသားပေါ်လွင်နေသည်။သူ ဒီခရီးစဉ်၌ မည်သည့် အဆင့်မြင့် ပါဝင်ပစ္စည်းမှ မရဟု တွေးထင်နေမိသည်။သို့သော်လည်း ထိုထိပ်တန်း ကျိုင်းပုစွန်က သူ့ကိုယ်သူ ပုဖန်လက်ထဲသို့ အရောက်ပို့ပေးလိုက်မည်ဟု သူလုံးဝမထင်ထားခဲ့မိပေ။
ပုဖန်က သူဘာမှမရခဲ့ ဟု သူမခံစားရတေံပေ။သူ့၏ ပုခုံးပေါ်၌ ခွေနေသော ရွှေရောင်ကျိုင်းပုစွန်က ခန္ဓာကိုယ်ကို အနည်းငယ်ဆန့်လိုက်ပြီးနောက် တစ်ဖန် ပြန်လည်၍ အိပ်ပျော်နေလေသည်။
ပုဖန်က ထိုပိစိကွေးလေးကို မျက်နာသေဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဘလက်ကီကိုတစ်ချက် ကြည့်လိုက်သည်။ထ်ိုခွေးငပျင်းက တကယ့်ကို အိပ်မောကျနေပေသည်။ပုဖန်လည်း မတက်နိုင်စွာဖြင့်ပင် ဘလက်ကီကို သယ်၍ ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် သူ ဒယ်အိုးကို လက်တစ်ဖက်ဖြင့် သယ်ဆောင်သွားလိုက်၏။ထိုနေရာက ခွေးဘုရင် အိပ်နိုင်ဖို့တွက် သူစဉ်းစားပေးနိုင်သည့် နေရာတစ်ခုပင် ဖြစ်သည်။
သူက ပတ်ပတ်လည်ကို တစ်ချက်အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် သူပြုတ်ကျလာရာနေရာသို့ လျှောက်လာလိုက်သည်။သူမြောက်များလှစွာသော သလင်းကျောက်များဖြင့် ပြည့်နေသည့် အမိုးခုံးကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး ပြုတ်ကျလာခဲ့သည့် အပေါက်ထဲသို့ တိုက်ရိုက် တိုးဝင်လိုက်သည်။သူထွက်ခွာသွားသည့် အချိန်၌ လှိုဏ်ခေါင်းအတွင်းဆူညံသံများ ထွက်ပေါ်လာသည်။
ကျောက်တုံးများ လွင့်စင်ထွက်သွားပြီး သွေးများစိုနစ်နေသည့် ပုံရိပ်တစ်ခုပေါ်လာသည်။ထိုပုံရိပ်က သနားစရာကောင်းလှသည့် ပုံစံဖြစ်နေသော အဏ္ဏဝါမျိုးစိတ်ပညာရှင်ပင် ဖြစ်သည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေကာ အပြာရောင်အသားအရေပင် မွဲခြောက်ခြောက်ဖြစ်နေပေပြီ။
"သေသင့်တဲ့ လူသားနဲ့ သေသင့်တဲ့ ခွေးနက်ကြီး......ငါတို့ရဲ့ နတ်ဆရာက သေသေချာချာပြောလိုက်တယ် ပုစွန်ဘိုးဘေးကြီးက သလင်းကျောက်သုံးခုထဲက တစ်ခုမှာ ကျိန်းသေပေါက် ရှိနေရမယ်.....အဲ့ဒီခွေးနက်ကြီးက သူ့ကို တစ်နေရာရာမှာ ဖွက်ထားတာပဲ ဖြစ်ရမယ်....ပုစွန်ဘိုးဘေးကြီးကငါတို့ မျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ.....သူမရှိပဲနဲ့ ငါတို့ ဘယ်လိုမှ အဆင့်မြင့်မလာနိုင်ဘူး. ...သူကိုသေချာပေါက် ငါတို့ရှာရမယ်......"
သူရေရွတ်လိုက်တိုင်း သူ့၏ပါးစပ်မှ သွေးများက မြေပြင်ပေါ်သို့ စီးကျနေပေသည်။သို့သော်လည်း အဏ္ဏဝါမျိုးစိတ်ပညာရှင်က အရူးတစ်ယောက်မဟုတ်ပေ။ထိုခွေးနက်ကြီးက မဟာဂိုဏ်းမှ မသေမျိုးခန္ဓာအဆင့် ကျွမ်းကျင်ပညာရှင်ကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့ကြောင်းကို သူမျက်မြင်တွေ့ခဲ့ရပေသည်။
ထိုခွေးနက်ကြီးက အထွဋ်အထိပ်အတားအဆီးကို တစ်ကြိမ်ထက်မက ချိုးဖောက်ပြီးသူ ဖြစ်နိုင်ပေသည်။ရှင်းရှင်းလင်းလင်းပြောရမည်ဆိုလျှင် ထိုခွေး၏ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်ပင် သူပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပေသည်။
သူက ခွေးနက်ကြီး၏ ပြိုင်ဘက်မဟုတ်ပေ။သူမျိုးနွယ်စု ရှိရာဆီသို့ ပြန်၍ ပို၍ သန်မာသည့် သူတစ်ယောက်ကို ရှာဖွေရမည်မှန်း ကောင်းကောင်းသိပေသည်။
အဟွတ်.....အဟွတ်.....
သူအနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် သွေးတစ်လုတ်အန်ထုတ်လိုက်ရပြန်သည်။သူ့၏ ခန္ဓာကိုယ်မှ အော်ရာများကလည်း ပို၍ မှိန်ဖျော့လာသည်။ထို့နောက် သူလှိုဏ်ခေါင်းအတွင်းမှ တဖြေးဖြေးချင်း ကြိုးစား၍ ထွက်လာလိုက်သည်။
............
ကျောက်တွင်း၏ အပြင်ဘက်၌ ...
အဖွဲ့တစ်ချို့က တစ်ဖက်တစ်ချပ်ဆီ၌ ရပ်နေကြလေသည်။
လေထဲ၌ မျောနေသည့် အေးစက်လှသော သံမဏိစစ်သဘောင်္ကြီးဆီမှ အလွန်ဖိအားပြင်းလှသော အော်ရာများကို ထုတ်လွင့်နေပေသည်။
ထိုအော်ရာများက အဏ္ဏဝါမျိုးစိတ်ပညာရှင်များ ဝူမူနှင့် အခြားသူများအားလုံးကို ဖိနှိမ့်ထားပေ၏။သူတို့ တစ်ယောက်ချင်းစီက ကျောက်တွင်းထဲသို့ အလျှင်စလိုပင် ဝင်လိုကြသည်။သို့သော်လည်း ထိုအရာက အလွန်ပင် အန္တရာယ်များကြောင်းကိုလည်း သိကြပေသည်။
ကျောက်တွင်းထဲ၌ ရောက်နေသော မသေမျိုး ခန္ဓာအဆင့် ကျွမ်းကျင်သူ နှစ်ယောက်ကို ထည့်မပြောလျှင်ပင် သူတို့အနေဖြင့် ကျောက်တွင်းထဲမှ တန်ဖိုးရှိသည့် မည်သည့်အရာကိုမှ မရနိုင်သည်ကို သိပေသည်။ထို့ကြောင့်ပင် ဝူမူနှင့် မြွေမျိုးနွယ် အာဏာပိုင်က လှုပ်ရှားမှုမရှိပဲ သူတို့နေရာ၌သာ ရပ်နေသည်။သူတို့က စစ်သင်္ဘောကြီးနှင့် တစ်ခြားသူများကို မျက်နာချင်းဆိုင်၍ ရပ်နေကြသည်။
ရုတ်တရက် ကျောက်တွင်း၏ ဝင်ပေါက်ဆီမှ ခြေသံ တစ်ချို့ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ထိုခြေသံက အားပါးပြီး ပြင်းထန်လှသည်။လူတိုင်း၏ အကြည့်များက ကျောက်တွင်း၏ ဝင်ပေါက်ဆီသို့ ရောက်သွားသည်။
အထူးသဖြင့် ထိုလူက အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင်ပညာရှင်နှင့်မဟာဂိုဏ်းမှ ခေါင်းဆောင်ဖန်းဖြစ်နိုင်ပေသည်။
"ထွက်လာတာ ဘယ်သူများဖြစ်မလဲ.....ရတနာတွေကို ဘယ်သူများ ရသွားပါလိမ့်......"
လူတိုင်းက သိချင်စိတ် ပြင်းပြနေကြသည်။သူတို့က နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များကိုသာ မျှော်လင့်ချက်ကြီးကြီး ထားပေသည်။ထွက်ပေါ်လာသည့် လူက သူတော်စင်အဆင့် ပုရွတ်ဆိတ်လေး မဖြစ်နိုင်ပေ။
သူတော်စင်အဆင့်လေးက ထိပ်တန်း ကျိုင်းပုစွန် လိုက်ဖမ်းဆီးခြင်းခံရသည့်အတွက် ကျောက်တွင်းထဲသို့ ဝင်ပြေးသွားခဲ့ခြင်း ဖြစ်သည်။လူတိုင်းက ထိုသူတော်စင် အဆင့်လေးအကြောင်းကို တွေးလိုက်မိသည်နှင့် မထိန်းနိုင်ပဲ ရယ်မောလိုက်မိကြသည်။
"သူထွက်လာပြီ....."
တစ်စုံတစ်ဟောက်က အော်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက ကျောက်တွင်းဝဆီမှ ထွက်ပေါ်လာသော ပုံရိပ်လေးကို စူးစိုက်ကြည့်လိုက်ကြသည်။အရပ်ရှည်ပြီး ပိန်သွယ်လှသော ပုံရိပ်တစ်ခုက ကျောက်တွင်းထဲမှနေ၍ အေးဆေးစွာ ထွက်လာလေသည်။